Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကော့မှူးကြံ့ခိုင်ရေး ပါတီဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ တွေ့ဆုံ

                                                           ပြည်ထောင်စု လွှတ်တော်ကို မတ်လ ၁၉ ရက်နေ့က လာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် 
                                                                               ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံစကားပြောစဉ်
                                                                                                           photo: Myo Thant Khaing/RFA


NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာတဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွေမှာ ကိုယ့်ပါတီအနိုင်ရအောင် ကြိုးပမ်းရာမှာလဲ ဂုဏ်သိက္ခာရှိစွာ ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် တိုင်းပြည်ကို ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောတရားတွေကို နားလည်ကြဖို့ လိုအပ်ကြောင်း ပြောခဲ့သလို ဒီမိုကရေစီနိုင်ငံတွေ မှာ ပြည်သူပြည်သားတွေက ကိုယ့်နိုင်ငံတိုးတက်ရေး အတွက် နိုင်ငံသားတိုင်းက ကိုယ်တိုင်တာဝန်ယူကြ တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေကို အခုလိုလက်ခံတွေ့ဆုံတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

rfa.org/burmese/news

၂၀၁၅ ရွေးကောက်ပွဲ ၀င်၊ မ၀င် ရှေ့သီတင်းပတ်အတွင်း SNLD ဆုံးဖြတ်မည်

လာမယ့်မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ နှစ်ပတ်လည်ညီလာခံကနေ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်၊ မပြိုင် ဆုံးဖြတ်မယ်လို့ SNLD ပါတီက ဒီကနေ့ ပြောလိုက်ပါတယ်။
၃ ရက်ကြာကျင်းပမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။
"လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင် မဝင်၊ နိုင်ငံရေးအကျဉ်းသားများမှာလည်း အဖွဲ့ဝင်အနေနဲ့ ပါထားတဲ့အတွက်ကြောင့်မို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့အတွက်ကို ကြိုးပမ်းသွားဖို့လိုတယ်၊ နောက်ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပါတီဝင်တွေအနေနဲ့ ဘယ်လောက်အထိ ပိုပြီးတော့မှ ပါဝင်နိုင်မလဲဆိုတဲ့အချက်တွေကို အဓိကထားပြီးတော့မှ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်"

မွတ်ဆလင်တွေ ကိုယ့်လူမျိုး အမှန် ထည့်ဖို့ ဘာသာရေး အဖွဲ့က တိုက်တွန်း

သန်းခေါင် စာရင်းမှာ ရိုဟင်ဂျာလို့ ရေးမှာကို ရခိုင်တိုင်းရင်းသားတွေ လက်မခံ

မြန်မာ မွတ်ဆလင် ဆိုတာ မြန်မာနိုင်ငံ အတွင်း မှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင် အားလုံးကို ဆိုလိုတာဖြစ်လို့ သန်းခေါင် စာရင်းမှာ ဘာသာနဲ့ လူမျိုး ထည့်သွင်းတဲ့ အခါ ကိုယ့်လူမျိုး အမည်မှန် ထည့်ပါလို့ အစ္စလာမ် ဘာသာရေး အဖွဲ့က တိုက်တွန်းလိုက် ပါတယ်။

ဒါပေမဲ့ ထည့်သွင်းတဲ့ လူမျိုး နာမည်ဟာ သမိုင်း အထောက် အထား အရရော အရင် အစိုးရ လက်ထက်တွေ တုန်းကပါ ရှိနှင့်ပြီးသား အမည်နာမ ဖြစ်သင့်တယ်၊ အခုမှ ထွင်ထားတဲ့ စကားလုံး မဖြစ်သင့်ဘူးလို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဟာဂျီ ဦးကျော်ခင်က ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ KIO ခွင့်မပြု

မြန်မာ နိုင်ငံ တဝန်းလုံးမှာ သန်းခေါင် စာရင်း ကောက်ယူဖို့ အစိုးရက ပြင်ဆင် နေချိန်မှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေ အတွင်း သန်းခေါင် စာရင်း ကောက်ခံခွင့် မပြုဘူးလို့ ကေအိုင်အေက ပြောပါတယ်။

ဒီအကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မှာပဲ အကြောင်း ပြန်ခဲ့ ပြီးပြီလို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ လုံခြုံရေး စိတ်မချရတဲ့ အတွက် လက်မခံတာလို့ ကေအိုင်အို ဘက်က ပြောကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း စစ်ပြေး စစ်ရှောင် အရေ အတွက်က ရှစ်သောင်း ကနေ တစ်သိန်း လောက် အထိ ရှိနေတဲ့ အတွက် ကျန်တဲ့ ဒေသခံတွေနဲ့ ပါဆိုရင် လူဦးရေ နှစ်သိန်းကျော်လောက် ရှိနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

၃သိန်းကျော် လာဘ်ပေးလာဘ်ယူ သတ်မှတ်မှု ဝေဖန်သံထွက် (ရုပ်/သံ)

ငွေကျပ် သုံးသိန်းကျော် လက်ဆောင်လက်ခံရင် လာဘ်ပေးလာဘ်ယူ သတ်မှတ်မှုနဲ့ ပက်သက်ပြီး စီးပွားရေးလောကမှာ ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ဦးညီငယ်က သတင်းပေးပို့ထားပါတယ်။

 DVB TV

လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်း လွှတ်တော်အတည်ပြု


သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုပေးပို့ထားတဲ့ လျှပ်စစ်မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အခုလို လွှတ်တော်က အတည်ပြုလိုက်ပြီအတွက် လာမယ့် ဧပြီလ ၁ ရက်နေ့ကနေစပြီး လျှပ်စစ်ဓာတ်အားသုံးစွဲခတွေကို တိုးမြင့်ထားတဲ့နှုန်းထားအသစ်နဲ့ ကောက်ခံသွားမှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်မှာ အခုလိုပြောခဲ့ပါတယ်။

"မီတာခနှုန်းထားကို ဧပြီ ၁ ရက်နေ့ကစပြီး တိုးမြင့်ကောက်ပါမယ်၊ ကျန်တာတွေကတော့ နောက်မှပဲကျနော်ဖြေတော့မယ်၊ အဲဒါက အချက်အလက်နဲ့ ရှင်းရမယ်ဆိုတော့လေ၊ သူက သူ့အမြင်ကပြောတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့အမြင်က ဘာကြောင့်လဲဆိုတာ ပြန်ရှင်းပေးမယ်နော်"

ပျောက်ဆုံးလေယာဉ်ပါ တရုတ်ခရီးသည်တွေရဲ့ မိသားစုတွေဆန္ဒပြ


ပျောက်နေတဲ့ မလေးရှား လေကြောင်းလိုင်းနဲ့ ပတ်သက်လို့ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် စိတ်မရှည်နိုင် ဖြစ်နေကြတဲ့ တရုတ်ခရီးသည်တွေရဲ့  မိသားစုတွေက နေ့စဉ် သတင်းစာရှင်းပွဲမှာ မလေးရှား တာဝန်ရှိသူတွေကို အော်ဟစ် ရန်တွေ့ခဲ့ကြပါတယ်။

ပူဆွေးနေကြတဲ့ မိသားစုတွေက သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အခန်းထဲကို အော်ဟစ် အတင်း ဝင်ရောက်လာခဲ့ကြတာပါ။ အမှန်ကို ပြောပါလို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြတဲ့ မိသားစုတွေက မတ်လ ၈ ရက်နေ့ထဲက ပျောက်ဆုံးနေတဲ့ လေယာဉ် ဘာဖြစ်သွားသလဲဆိုတာ အမှန်ပြောပါလို့ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသမီးတယောက်ကဆိုရင် မလေးရှားလေကြောင်းလိုင်း တာဝန်ရှိသူတယောက်ကို တိုက်ရိုက် ရန်တွေ့ခဲ့ပါတယ်။ ခရီးသည်ပေါင်း ၂၂၇ ယောက်ပါသွားတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ၃ ပုံ ၂ ပုံက တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။

စွန့်ပစ်ကလေးများလွန်းတာကြောင့် တရုတ်က ကလေးစွန့်ပစ်တဲ့နေရာ ခေတ္တ ပိတ်ထားရ


တရုတ်နိုင်ငံမှာ ဖွင့်ထားပေးတဲ့ ကလေးငယ်တွေ စွန့်ပစ်တဲ့နေရာတွေမှာ မွေးကင်းစကလေးငယ် လက်ခံရရှိမှု အရေအတွက်ဟာ များပြားလွန်းတာကြောင့် အဲဒီ ကလေးငယ် စွန့်ပစ်နေရာတွေကို ခေတ္တ ပိတ်ချလိုက်ရတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ တောင်ဘက်ပိုင်း Guangzhou ဂွန်ကျောင်း မြို့မှာရှိတဲ့ ကလေးငယ် စွန့်ပစ်နေရာမှာဆိုရင် ဇန်န၀ါရီလကုန်ပိုင်းကစပြီးတော့ ကလေးငယ်ပေါင်း ၂၆၂ ယောက်ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကလေးငယ် စွန့်ပစ်နေရာက တာဝန်ရှိသူတွေက သူတို့အနေနဲ့ ကလေးငယ်တွေကို ဒီထက်ပိုပြီး လက်ခံလို့ မရနိုင်တော့ဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံတ၀ှမ်းမှာ ကလေးငယ်တွေကို စွန့်ပစ်လို့ရတဲ့နေရာ ၂၅ နေရာ ဖွင့်ထားပေးတယ်လို့ သိရပါတယ်။

ABC Radio Australia - မြန်မာပိုင်း

မော်လဒိုက် ကျွန်းပေါ်က ပျံသွားတာ MH 370 မလေးရှား လေယာဉ်ဖြစ်နိုင်

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MG 370

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက်
ကျော် ကြာလာဖြစ်သည်။

မတ်လ ၈ ရက်နေ့က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန် မိနစ်အနည်းငယ် အကြာတွင် အမျိုးအမည်မသိ လေယာဉ်တစီး ရေဒါတွင် တွေ့ရှိခဲ့ကြောင်း ထိုင်း တော်ဝင်လေတပ်က မတ်လ ၁၉ ရက်
နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက စောစီးစွာ သတင်းမထုတ်ပြန်ခဲ့ခြင်းမှာ လေကြောင်း ခြိမ်းခြောက်မှု တခုဟု မယူဆခဲ့ကြ၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သိရှိလာရခြင်းမှာလည်း မလေးရှားအစိုးရ၏ မေတ္တာ ရပ်ခံချက် အရ မတ်လ ၁၇ ရက်နေ့က ရေဒါမှတ်တမ်း များကို ပြန်လည်စစ်ဆေးရင်း တွေ့ရှိရခြင်း
ဖြစ်ကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က AFP သတင်းဌာနသို့ ပြောသည်။

သင်္ကြန် မှာ စည်းကမ်း တင်းကျပ် မယ်

Photo: သင်္ကြန် မှာ စည်းကမ်း တင်းကျပ် မယ် 

ယခု နှစ် မြန်မာ့ ရိုးရာ နှစ်သစ် ကူးပွဲ ကာလ ဖြစ်တဲ့ အတာ သင်္ကြန် ရေသဘင် ပွဲ တော် အခါ သမယ မှာ မြန်မာ့ ရိုးရာ ယဉ် ကျေးမှု နဲ့  ရော ၊ ဘာသာ ရေး ၊ လူမှုရေး စတာ တွေ နဲ့  မသင့် လျှော်တဲ့ ၀တ်စား
ဆင်ယဉ် မှု တွေ ၊ ပြောဆို မှု ဆင်ယဉ် မှု တွေ မလုပ် ရဘူး လို့  မကြာခင် ဆိုင်ရာ က အမိန့်  ထုတ် တော့ မှာ ဖြစ် ကြောင်း ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ရုံး က တာဝန် ရှိ သူ တစ်ဦး က အပိုလို သတင်း အုပ်စု ကို ပြော ပါတယ်။

မန္တလေးမှာဆိုရင် ဆိုင်ရာ က စောင့်ကြည့် အရေးယူမှာ ပြု မှာ ဖြစ်တဲ့ အပြင် မဘသ အဖွဲ့  နဲ့  ထင်ရှား တဲ့ ဆရာတော် ဦးဝီရသူ ကိုယ် တိုင် စောင့်ကြည့် ထိမ်းကွပ် သွားမယ်လို့  ဆို ပါတယ်။ 

ဒီအကြောင်း နဲ့  ပတ်သက် ပြီး ဆရာတော် ဦးဝိရသူ က ဦးဇင်းမှာ တော့ အရေးယူဖို့  အာဏာ မရှိ ပါဘူး ၊ ဒါပေမယ့် အမြင် မတော် တာ တွေ့ ရင် ဒကာ ဒါမှ မဟုတ် ဒကာမ ဒီလိုတော့ မနေ သင့် ဘူး ၊ ဒီလို တော့ မ၀တ် သင့် ဘူး စသည် ဖြင့် သွန်သင် မှာ ပါ၊ အရေးယူတာ ၊ မယူတာ က တော့ ဆိုင်ရာ ရဲ့  တာဝန်ပါ လို့  ပြော ပါတယ်။ 

အပိုလို သတင်းဌာန က နေ ဆရာတော် ဦးဝီရသူ ကို ဆရာတော်ဘုရား " ဒီလို ပွဲတော် ကာလမှ အခု လို မျိုး ကြပ် မတ် အရေးယူရင် ဘာသာရေး တင်းကြပ် မှု ကြောင့် လူ့ အဖွဲ့  အစည်း ထွက် ပေါက် ပိတ် နေတဲ့ အာဖဂန် နစ္စတန် ၊ ဆော် ဒီ အာရေဗီးယား တို့  လို့  ဖြစ်မနေ ဘူးလား လို့  လျှောက်ထား တဲ့ အခါ ဦးဝိရသူ က " ဒီမယ် ဒကာ တူတာ ၊ မတူတာ နောက် ထား ၊ အမျိုး ၊ ဘာသာ ၊ သာသနာ မကွယ် ဖို့  အရေးည ကြီးတယ် " မိန့် ပါတယ်။ 

၂၀၁၂ ခုနှစ် မဟာ သင်္ကြန် ကာ လ မှာ တုန်း က တော့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ရေကစားတဲ့ ဓာတ်ပုံ ကို FNG က ဖော် ပြတဲ့ အခါ သူမ ရဲ့  ၀တ်စား ဆင်ယဉ် မှု နဲ့  ပတ်သက်ပြီး ဝေဖန် ခဲ့ ကြ ပါတယ်။ 

ဒီနှစ် သင်္ကြန် ကာလ မှာ အရက် နဲ့  စီးကရက် ကို အရောင်းမြှင့် တဲ့ အနေနဲ့  အခမဲ့ ဝေငှ တာ မလုပ် ရဘူး လို့  တားမြစ်ထား ပြီး မဏ္ဍပ် တွေ မှာ လည်း  သီးသန်း နားနေတဲ့ အခန်းငယ် တွေ ဆောက်လုပ် တာ မျိုး မလုပ် ရဘူးလို့  သက်ဆိုင်ရာ က ညွန်ကြားထား ပါတယ်။ 

Photo - FNG
မပေါ်တပေါ်ဝတ်ထားတဲ့ မြန်မာမများ
ယခု နှစ် မြန်မာ့ ရိုးရာ နှစ်သစ် ကူးပွဲ ကာလ ဖြစ်တဲ့ အတာ သင်္ကြန် ရေသဘင် ပွဲ တော် အခါ သမယ မှာ မြန်မာ့ ရိုးရာ ယဉ် ကျေးမှု နဲ့  ရော ၊ ဘာသာ ရေး ၊ လူမှုရေး စတာ တွေ နဲ့  မသင့် လျှော်တဲ့ ၀တ်စား
ဆင်ယဉ် မှု တွေ ၊ ပြောဆို မှု ဆင်ယဉ် မှု တွေ မလုပ် ရဘူး လို့  မကြာခင် ဆိုင်ရာ က အမိန့်  ထုတ် တော့ မှာ ဖြစ် ကြောင်း ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ရုံး က တာဝန် ရှိ သူ တစ်ဦး က အပိုလို သတင်း အုပ်စု ကို ပြော ပါတယ်။

မန္တလေးမှာဆိုရင် ဆိုင်ရာ က စောင့်ကြည့် အရေးယူမှာ ပြု မှာ ဖြစ်တဲ့ အပြင် မဘသ အဖွဲ့  နဲ့  ထင်ရှား တဲ့ ဆရာတော် ဦးဝီရသူ ကိုယ် တိုင် စောင့်ကြည့် ထိမ်းကွပ် သွားမယ်လို့  ဆို ပါတယ်။

ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်လိုလျှင် ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည်တွင် နေချင်လျှင် ဒီမိုကရေစီ၏အခြေခံသဘောတရားကို နားလည်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည် ကို အုပ်ချုပ်လိုလျှင်ဒီမိုကရေစီနည်းကျကျ တိုင်းပြည်တစ်ပြည်တွင် နေချင် လျှင်ဒီမိုကရေစီ ၏အခြေခံသဘောတရားကိုနားလည်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ကော့မူးမြို့နယ်နှင့်ကွမ်းခြံကုန်းမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့လွှတ်တော်ရပ်နားစဉ်တွေ့ဆုံခိုက်တွင် ၄င်းကထို့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခြေခံသဘောတရားကရှင်းရှင်းလေးပဲလူတိုင်းလူတိုင်းဟာ ကိုယ့်သဘောနဲ့ကိုယ်ရှိပြီးတစ်သဘောတည်းမဟုတ်ဘူး တစ်သဘောတည်းမဟုတ်တဲ့ အထဲကကို အဆင်ပြေအောင်လို့နေနိုင်ရမယ် ။အဆင်ပြေအောင်လို့တစ်ယောက်နဲ့တစ်ယောက်ညှိုနှိုင်းနိုင်ရမယ်”ဟု၎င်းကထပ်မံ၍ ဒီမိုကရေစီသဘောကိုရှင်းပြသည်။ဒီမိုကရေစီစနစ်တွင် ကိုယ့်စည်းကိုယ်မစောင့်ထိန်းနိုင်ပါက ဒီမိုကရေစီမရပ်တည်နိုင်ကြောင်း အာဏရှင်စနစ်နှင့် ဒီမိုကရေစီစနစ်၏

သန်းခေါင်စာရင်းတွင် မြန်မာ/ဗမာ မွတ်ဆလင်ဟု မထည့်ရန် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ကြေညာ



ရန်ကုန်၊ မတ် ၁၈

သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာသို့မဟုတ် ဗမာမွတ်ဆလင်ဟု ထည့်သွင်းခြင်း မပြုလုပ်ဘဲ ဘာသာနေရာတွင် အစ္စလာမ်နှင့် လူမျိုးနေရာတွင် မိမိ၏ လူမျိုးစု အမည်မှန်ကို ထည့်သွင်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

မြန်မာ/ဗမာတို့မှာ လူမျိုးကို ကိုယ်စားပြုပြီး မွတ်ဆလင် ဆိုသည်မှာ ဘာသာကို ကိုယ်စားပြုသဖြင့် လူမျိုးနှင့် ဘာသာကို ပေါင်းစပ်ထားသည့် စကားလုံးကို ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထည့်သွင်းခွင့် မပြုသဖြင့် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာမွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) အတွင်းရေးမှူးချုပ် ဟာဂျီကျော်ခင်က ပြောကြားသည်။
“မြန်မာသမိုင်း တစ်လျှောက်မှာ ရှိခဲ့တဲ့ စကားလုံး ဖြစ်ရမယ်။ ထွင်ထားတဲ့ စကားလုံး မဟုတ်ရဘူး။ အရင်အစိုးရလက်ထက်က သန်းခေါင်စာရင်း ကောက်ခဲ့တဲ့ အခါမှာလည်း တရားဝင် ကြေညာခဲ့တဲ့ အမည်နာမ ဖြစ်ရမယ်” ဟု ၎င်းကဆိုသည်။

ယနေ့ည ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွင် "သေကာမှ သေရော အနိုင်ရအောင် ကြိုးစားသွားမည်" ဟုဆိုလိုက်သည့် မန်ယူနည်းပြ ဒေးဗစ်မိုယက်



ယခုနှစ် ဘောလုံးရာသီတွင် အဘက်ဘက်မှ အခြေအနေ မလှဖြစ်နေသည့် မန်ချက်စတာ ယူနိုက်တက်သည် လာမည့် (20) ရက်နေ့တွင် ချန်ပီယံလိဒ် ပွဲစဉ်အဖြစ် ပထမအကျော့အား (2-0) ဖြင့် အဝေးကွင်းတွင် ရှုံးနိမ့်ထားသည့် ဂရိကလပ် အား ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ထိုပွဲစဉ်အား အောင်မြင်စွာကျော်ဖြတ်ပြီး ဒေးဗစ် မိုယက်စ် အနေဖြင့် အသင်းသားများ၏ စိတ်ဓါတ် ခွန်အား ပြန်လည်ရယူရန် ဆန္ဒရှိနေသည်။

မိုရက်စ်က Official Website မှ ပြောကြားခဲ့ရာမှာ “ကျွန်တော့် ကစားသမားတွေ အားလုံးမှာ တကျော့ပြန် အနိုင်ယူ နိုင်တဲ့ အစွမ်း ရှိကြပါတယ်။ ပွဲကြည့်စဉ် ပေါ်ကနေ အော်ဟစ် အားပေး နေကြမယ့် ပရိတ်သတ်တွေ အတွက် ကျွန်တော်တို့ အားလုံး ပြင်းပြင်းထန်ထန် ကြိုးစား ကစားမှာပါ”

“သူတို့အတွက် ထိုက်တန်မှု့ကို ပြီးခဲ့တဲ့ပွဲမှာ (လီဗာပူလ်းနှင့်ပွဲ) ဘာတခုမှ ကျွန်တော်တို့ဘက်က မပေး နိုင်ခဲ့ ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂရိမြေမှာ အိုလံပီယာကောစ့်နဲ့ ယှဉ်ပြိုင်ဖို့ သွားတော့ သူတို့ ပရိတ်သတ်တွေဟာ သူတို့ ကစားသမားတွေ ဘက်ကို တာဝန် ကျေခဲ့ကြသလို အိုးထရတ်ဖိုဒ့်မှာ ကစားရမယ့် ပွဲအတွက် ကျွန်တော်တို့ ပရိတ်သတ်တွေဆီက အားပေးမှု့ကို မျှော်လင့်ပါတယ်”

အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခွေးတစ်ကောင်နှင့် လက်ထပ်

 


အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ဗြိတိန်အမျိုးသမီးတစ်ဦးက ခွေးတစ်ကောင်နဲ့ လက်ထပ်ခဲ့ပါတယ်။
အဆိုပါခွေးက သူ့ကို အမြဲရယ်အောင်လုပ်နိုင်ပြီး စိတ်ဓာတ်ကျနေချိန်မှာလည်း နှစ်သိမ့်ပေးနိုင်လို့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်မြန်မာ

အသက် ၆ နှစ်အရွယ် ကိုယ့်တူရဲ့ နားရွက်ကို ကိုက်ဖြတ်ပစ်ပြီး လွှင့်ပစ်ခဲ့တဲ့ အဒေါ်

မိသားစု တွင်း ပြဿနာ ကြောင့် အသက် ခြောက်နှစ် အရွယ် တူဖြစ် သူရဲ့နားရွက်ကို အ ဒေါ်ဖြစ်သူက ဖြတ်ပစ် ခဲ့တဲ့ ဖြစ်ရပ် တရုတ် နိုင်ငံမှာ ဖြစ်ပွား ခဲ့ကြောင်း သိရ ပါတယ်။ ယောက်ျား ဖြစ်သူရဲ့ အစ်ကို ဘက် က သား ကို အဒေါ်ဖြစ် သူက စိတ်ဆိုး ဒေါသ ထွက်ပြီး နားရွက်ဖြတ် ပစ်ခဲ့ခြင်း ဖြစ် ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ် နိုင်ငံ Hubei ဒေသမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀မ်းယူဖန်ရဲ့ အဒေါ်ဟာ နားရွက်ကို ဖြတ်ပြီး လွှင့်ပစ် မှုပြု လုပ်ခဲ့ တယ် လို့ သိရပါတယ်။ ပတ် ၀န်းကျင်က လူတွေဟာ ကလေး ငိုသံကြားပြီး တဲ့နောက် ဒီဖြစ်ရပ်ကို သိရှိခဲ့ရတာ ဖြစ်ပြီး ရဲ စခန်းကို ချက်ချင်းဖုန်းဆက်တိုင်ကြားခဲ့ပါ တယ်။ ဒီနောက် ဖြတ်ခံရတဲ့ ညာဘက်နား ရွက်ကို ဆေးရုံး ကို ပြန်လည်ယူဆောင်ပြီး အောင်မြင်စွာ ပြန်ဆက် နိုင်ခဲ့တယ် လို့ သိရပါ တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက လည်း Shanxi ဒေသမှာ အသက်ခြောက်နှစ်အရွယ်ကောင်လေး ရဲ့ မျက်လုံးကို အဒေါ်ဖြစ်သူက ဖောက်ထုတ် ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

The Messenger

ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ


ထက်ဖြိုးပိုင် ၊ သထုံ၊ မတ် ၁၅

ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

''ဒီကျောက်ဖားကို ဆွံ့အ နား မကြားလူငယ်တစ်ယောက်က ကရင်ပြည် နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရွာချောင်း ထဲကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရရှိခဲ့တယ်လို့ ပြောတယ်။ ကျောက်ဖားအ ပြင် ဥတွေပါ တွေ့ရတယ်ဆိုတော့ တော် တော်ထူးဆန်းတယ်လို့ ဆိုရမယ်။ ပြီးတော့ ကျောက်ဖားသာပြောတယ် တကယ့်ဖား အစစ်အတိုင်း ခုန်ထွက်တော့မယ့်ဟန် ဖြစ်နေတယ်''ဟု အဘယသုခကျောင်း တိုက်မှ ဦးဇင်းတစ်ပါးက မိန့်သည်။

မကောင်းဆိုးဝါး ပူးကပ်နေသည်ဟုဆိုကာ ခင်ပွန်းသည်ကို ဓားဖြင့်ထိုး


သည် ဟာဖင်တန်ပို့စ်

အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်ရှိ အမျိုးသမီး တစ်ဦးသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု၏ တံခါးများကို ကားဖြင့် တိုက်ခဲ့ပြီး ခန္ဓာကိုယ်တွင် မကောင်းဆိုးဝါး ဝင်ရောက် ပူးကပ်နေသောကြောင့်ဟု ဆိုကာ ခင်ပွန်းဖြစ်သူ ရင်ညွှန့်ကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။

စတီဖနီဟမ်မန်း (၂၃) နှစ်ကို မတ် ၁၆ ရက် တနင်္ဂနွေနေ့က လူသတ်ရန် ကြိုးစားမှု၊ ဘုရားရှိခိုးကျောင်းကို အကြီးအကျယ် ပျက်စီးစေမှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု WTHL သတင်းဌာနက ပြောသည်။

ဓားဖြင့် အထိုးခံရသော ဟမ်မန်း၏ ခင်ပွန်းဖြစ်သူ စတီဗင်က အာဏာပိုင်များကို ပြောကြားရာတွင် အခင်းမဖြစ်ပွားမီ အချိန်က ဟမ်မန်းက သူ့ကို ဘုရားကျောင်းသို့ လာရောက်ရ

သံတွဲမြို့ တွင် ဆရာတော် ဦးဝီရသူ မီဒီယာ သင်တန်း ပို့ချ

ပြည်ပမီဒီယာ များကို တုံ့ပြန် နိုင်ရန် ရခိုင်ပြည်နယ် သံတွဲ မြို့ရှိ သိမ်ကုန်း ကျောင်းတိုက် ၌ မြို့သူ မြို့ သား များအား မီဒီယာ သင်တန်း ပို့ချ သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ က The Messenger သ တင်းစာသို့ မိန့်ကြား သည်။ မနက် ၈ နာရီ မှာ သိမ်ကုန်း ကျောင်း တိုက်မှာ ပို့ချ မှာပါ၊ ပါဝင် မှာတော့ ကတော့၊ ကင်မရာ သုံးစွဲ နည်း၊ ဖေ့စ်ဘုတ်စ် သုံးစွဲ နည်း၊ ဆရာတော် နှစ်ပါး ရယ်၊ ကင်မရာ ဆရာ နှစ်ယောက် ရယ်ပါ မယ်””ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြား သည်။ ထို ကဲ့သို့ မီဒီယာ သင်တန်း ပို့ချ မှုကြောင့် နိုင်ငံ တကာ ၀က်ဘ်ဆိုက် များ၊ BBC/VOA စသော အသံလွှင့် ဌာန များ ၏ မဟုတ် မမှန် ထုတ်လွှင့်မှု များမှ လွတ်မြောက် မည်ဖြစ် ကြောင်း၊ နိုင်ငံ တကာ မီဒီယာများ က လက် နက်ကြီး များဖြင့် ပစ်ခတ် နေချိန် တွင် မိမိ တို့ အနေဖြင့် ခြောက်လုံးပြူး လောက် အဆင့် ကိုကိုင် ဆွဲထား ရမည် ဖြစ်ကြောင်း၊ မြန်မာ ပြည်သူ များ ဖေ့စ်ဘုတ် ကို တွင် တွင် ကျယ် ကျယ် သုံးပြီး၊ ပြည်ပ မီဒီယာ များ ၏ မဟုတ် မမှန် ထုတ်လွှင့် မှု များကို တုံ့ပြန်ရန် ရည်ရွယ် ကြောင်း ဦးဝီရသူ က ဆက်လက် မိန့်ကြား သည်။

လေယာဉ်မှူးတစ်ဦးဦး အဆုံးစီရင်မှုကြောင့် ပျောက်ဆုံးခဲ့ခြင်းဟုဆို

ရိုက်တာ

ကွာလာလမ်ပူ၊ မတ် ၁၈

လေယာဉ်ပျောက်ဆုံးရခြင်း၏ ဖြစ်နိုင်ခြေ အကြောင်းရင်းများအနက် လေယာဉ်မှူးသို့မဟုတ် တွဲဖက် လေ ယာဉ်မှူး၏ မိမိကိုယ်မိမိ အဆုံးစီရင်မှုလည်း ပါဝင်ကြောင်း စုံစမ်းစစ်ဆေးရေးသမားများက ထည့်သွင်း စဉ်း စားထားကြသည်ဟု မတ်လ ၁၈ ရက် က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပျောက်ဆုံးလျက်ရှိသော မလေးရှား ခရီးသည်တင်ဂျက်လေယာဉ် မပျောက်ကွယ်မီတွင် ထိုလေယာဉ်၏ လေယာဉ်မှူး အခန်းမှကြားခဲ့ရသော နောက်ဆုံးစကားများကို ပြောဆိုခဲ့သူမှာ တွဲဖက်လေယာဉ်မှူး ဖြစ် ကြောင်း ထိုလေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ်က ပြောခဲ့သည်။

မတ်လ ၈ ရက်ကတည်းက ပျောက်ဆုံးလျက်ရှိသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 အား ယခုအထိ ခြေရာခံနိုင်ခြင်း မရှိသေးပေ။ ထိုပျောက်ဆုံးလေယာဉ်ပေါ်တွင် လူစုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြသည်။

သံသယဖြစ်ဖွယ် လေယာဉ်မောင်း၏ နေအိမ်ကို ရဲများဝင်ရောက်ရှာဖွေခဲ့



ပျောက်ဆုံးလျက်ရှိသော လေယာဉ်အမှတ် MH370 ၏ လေယာဉ်မှူးနှစ်ဦး အနက်မှတစ်ဦးဖြစ်သူ ဇာဟာရီ ဆတ်ခ်ျ၏ နေအိမ်တွင် သိမ်းဆည်းရမိခဲ့သည့် လေယာဉ်မောင်းလေ့ကျင့်ရန် စက်ကိရိယာအား စစ်ဆေးမှု များ ပြုလုပ်ခဲ့ရာတွင် အိန္ဒိယ သမုဒ္ဒရာတစ်ဝိုက်ရှိ လေယာဉ်ပြေးလမ်း ငါးခုအတွက် ဆော့ဝဲထည့်သွင်းထား သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားသတင်းစာ ဘာရီတာဟာရီယန်တွင် ဖော်ပြထားသည်။

“စစ်ဆေးတွေ့ရှိတာကတော့၊ မော်ဒိုက်က မေးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အိန္ဒိယနဲ့ သီရိလင်္ကာက လေဆိပ်သုံးခုနဲ့ ဒီယာကို ဂါစီယာမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းနဲ့ သက်ဆိုင်တဲ့ လေဆိပ်တစ်ခု အတွက် ဆော့ဝဲသွင်းထားတာတွေ့ရပါတယ်” ဟု အရာရှိတစ်ဦးက မလေးရှားနေ့စဉ် သတင်းစာသို့ ပြော သည်။

စင်္ကာပူအတွက် အခွင့်အလမ်း သစ်တွေ ရှိနေကြောင်း မြန်မာ ဝန်ကြီးချုပ်များ ပြောဆို



မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့ လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့ လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေး စတဲ့လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ဒုတိယမြို့တော် မန္တလေးတိုင်းမှာဆိုရင်လည်း တရုတ်၊ အိန္ဒိယတို့နဲ့ ပို့ကုန်အခြေပြု လုပ်ငန်းသစ်တွေ ရှိနေကြောင်း မြန်မာဝန်ကြီးချုပ်သုံးဦးက အလေးပေးပြောဆို ခဲ့ကြတယ်လို့ Channel News Asia သတင်းက ဖေါ်ပြပါတယ်။

ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ


ကိယက်၊ မတ် ၁၈

ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်းတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှားပိုင် နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြသည်။

ရုရှားအနေနှင့် ယူကရိန်း၏ ကရိုင်းမီးယားဒေသကို သိမ်းပိုက် ရယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် ထုတ်ဖော် ကြေညာသည်။

အမေရိကန်ကို “ပြာမှုန့်” ဖြစ်အောင် ရုရှလုပ်နိုင်ဟု နိုင်ငံပိုင်ရုပ်သံ ဆို

photo-internet

အေအက်ဖ်ပီ

ကရိုင်းမီးယားဒေသနှင့် သက်ဆိုင်သော တင်းမာမှုများ မြင့်တက်နေသည့် အချိန်နှင့် တစ်ပြိုင်နက်တည်း၌ ရုရှနိုင်ငံပိုင် ရုပ်သံဌာနမှ အမေရိကန်နိုင်ငံကို “ပြာအဖြစ် ပြောင်းလဲသွားစေရန် ရုရှနိုင်ငံသာလျှင် ပြုလုပ်နိုင် သည်” ဟု ရုရှရုပ်သံမှ မတ်လ ၁၆ ရက်က ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“အမေရိကန်နိုင်ငံကို ရေဒီယိုသတ္ထုကြွ ပြာမှုန်ဖြစ်သွားအောင် အမှန်တကယ် ပြုလုပ်နိုင်တဲ့ နိုင်ငံဟာ ဒီကမ္ဘာ ပေါ်မှာ ရုရှ တစ်နိုင်ငံတည်းပဲ ရှိပါသေးတယ်” ဟု ရုပ်သံကြေညာသူ ဒီမီထရီကစ်(စ်)လုပ်က နိုင်ငံပိုင်ရုပ်သံ Rossiya 1 ၏ အပတ်စဉ်ကဏ္ဍတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လစ်ဗျားသူပုန်များ ရေနံတင်ပို့သည့် သင်္ဘောကို အမေရိကန်ကွန်မန်ဒိုများ စီးနင်း

လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များထံမှ တင်ပို့လိုက်သည့်
ရေနံများ သယ်ဆောင်လာသော သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် အထူးကွန်မန်ဒိုများက စီးနင်းလိုက်ကြောင်း သိရသည်။
ဆိုက်ပရပ်စ်တောင်ပိုင်း နိုင်ငံတကာ ရေပိုင်နက်တွင် Morning Gloryကို တားဆီးထိန်းချုပ်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။ Morning Gloryသင်္ဘောသည် လစ်ဗျားသူပုန်များ သိမ်းပိုက်ထားသည့် နိုင်ငံအရှေ့ပိုင်း ဆီဒရာ ဆိပ်ကမ်းမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။
သင်္ဘောကို ကြားဖြတ်စီးနင်းမှုတွင် ထိခိုက်သေကြေမှု လုံးဝမရှိဘဲ အောင်မြင်ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ “Morning Gloryဟာလစ်ဗျားအစိုးရရဲ့ အမျိုးသားရေနံ ကုမ္ပဏီပိုင် ရေနံတွေကို သယ်ယူလာတာ ဖြစ်ပါတယ်။

ပျောက်ဆုံးလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်ကို ထိုင်းရေဒါမှာ ခြေရာခံမိ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်တစင်းကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ လေတပ်စခန်းရဲ့ ရေဒါမှာ ခြေရာခံမိထားတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဂျင်းက ပြောတာကို ကိုးကားပြီး နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ရေဒါ အချက်အလက်အရ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ထွက်ခွာတဲ့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး မလေးရှားနိုင်ငံ ဘူတာဝက်သ်ဆိပ်ကမ်းဘက်ကို ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ မလက္ကာရေလက်ကြားဘက်ကို ဆက်လက် ဦးတည်ပျံသန်းသွား ခဲ့တယ်လို့ ဆိုပါတယ်။

mh370-777ထိုင်းလေတပ်ရေဒါက ခြေရာခံမိတဲ့ လေယာဉ်လမ်းကြောင်းကို ကြည့်မယ်ဆိုရင် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အချက်အလက်တွေကို ထပ်လောင်းအတည်ပြုလိုက်သလိုဖြစ်နေတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ်က ပြောပါတယ်။

မလေးရှား လေယာဉ်သတင်း တိကျစွာ မထုတ်ပြန်ပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု ခြိမ်းခြောက်

ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်MH-370 နှင့် ပတ်သက်သည့် သတင်းများကို မလေးရှား အာဏာပိုင်များက တိကျစွာ မထုတ်ပြန်ပေးပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု လေယာဉ်ပေါ်တွင် ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေမျိုးများက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှား လေကြောင်းလိုင်းနှင့် တရုတ် မိသားစုဝင်များ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံရာတွင် ဆွေမျိုးများက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လေယာဉ်အမှတ် MH-370 ပေါ်တွင် လူပေါင်း ၂၃၀ ဦး လိုက်ပါသွားပြီး မတ်လ ၈ ရက်နေ့မှ စတင်ပျောက်ဆုံးသွားခြင်း ဖြစ်ကာ ၂ ဒသမ ၂၄ သန်း စတုရန်းရေမိုင် ကျယ်ဝန်းသည့် ဧရိယာ တစ်ခုလုံးတွင် ရှာဖွေနေကြသည်။

လေယာဉ်ပျောက်ရှာဖွေရေးလုပ်ငန်း ကမ္ဘာ့ပြည်သူ သုံးသန်းကျော်ပါဝင်


လောင်းမွန်၊ မတ်-၁၈

ဒစ်ဂျစ်တယ်ဂလုပ်အမည်ရှိ ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီတစ်ခုက ဦးဆောင်သည့် ပျောက်ဆုံးမလေးရှားလေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်၌ ကမ္ဘာ့ပြည်သူပေါင်း သုံးသန်းကျော်ပါဝင်ခဲ့ကြရာလူအများဆုံးပါဝင်သော
လေယာဉ်ပျောက် ရှာဖွေရေးလုပ်ငန်းအဖြစ် သတ်မှတ်နိုင်ဖွယ်ရှိကြောင်း မတ် ၁၇ ရက်သတင်းများတွင် ဖော်ပြသည်။

ဒစ်ဂျစ်တယ်ဂလုပ်ဂြိုဟ်တုကုမ္ပဏီ၏ ရှာဖွေရေးဧရိယာသည် စတုရန်းမိုင် ၉၀၀၀ ကျယ်ဝန်းပြီး ရှာဖွေရေးလုပ်ငန်းတွင်ပါဝင်သူများထံ ကုမ္ပဏီပိုင် ဂြိုဟ်တုများက ရိုက်ကူးပေးသည့်ဓာတ်ပုံ များအား နေ့စဉ်ပေးပို့ခဲ့ကြောင်း သိရသည်။

တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်


(ဘဲလားလေဘာတီ)

ခရီးသည် ၂၃၉ ဦးပါတဲ့ လေယာဉ် MH 370 အစအန ပျောက်ဆုံးနေခဲ့တာ ဒုတိယပတ်ထဲကို ရောက်နေပါပြီ။ ပျောက်တဲ့နေ့ကစပြီး ယနေ့အထိ နိုင်ငံပေါင်း၂၀ ကျော်တို့က တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ခွင်ကို ပြဲပြဲစင်အောင် ရှာဖွေနေကြဆဲပါ။ ပထမတော့ လေယာဉ်ဟာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားခဲ့ပြီး လေယာဉ် ပျက်ကျသွားပြီလို့ အတည်ပြုလို့ အထက်ပါတိုင်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတစ်ခွင် ပြဲပြဲစင်အောင် ရှာဖွေနေခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့ မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ဟာ ခုနစ်နာရီခရီးကို ဆက်လက် ပျံသန်းနေခဲ့တယ်လို့လည်း ဆိုပြန်ပါတယ်။ လေကြောင်း ဌာနကလည်း MH 370 မှာ ခုနစ်နာရီ ပျံသန်းဖို့လောက်ပဲ ဆီတွေ ရှိနေတယ်လို့လည်း ဆိုလာပါတယ်။

မလေးလေယာဉ်ပျောက်ဆုံးမှု ပဟေဠိဖြစ်နေ

ပျောက်ဆုံးမလေးရှားလေယာဉ်ကို သြစတြေးလျတိုက် တခုစာလောက်ကျယ်တဲ့ ဧရိယာ အတွင်းမှာ နိုင်ငံတကာ မြေပေါ် ပင်လယ်ထဲ ပိုက်စိပ်တိုက် ရှာနေပေမယ့် မတ်လ ၁၉ ရက်နေ့ထိ မတွေ့သေးတာကြောင့် ပဟေဠိဖြစ်နေတယ်လို့ မလေးရှား ဒေသခံတွေက ပြောပါတယ်။

တကမ္ဘာလုံးနဲ့ အမေရိကန်မှာ အဆင့်မြင့် နည်းပညာတွေ ရှိလျက်နဲ့ လေယာဉ် ဆက်ပျောက်နေတာ မရှာနိုင်တာဟာ အတော် ရှုပ်ထွေးတဲ့ ကိစ္စပဲလို့ မလေးရှားဒေသခံ တယောက်က ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ ပေကျင်းလေဆိပ်ကို ပျံသန်းဖို့ သတ်မှတ်လမ်းကြောင်းကနေ မိုင်ထောင်ချီ ကွာအောင် မောင်းနှင် ပျောက်ဆုံးနေခဲ့တဲ့ MH370 လေယာဉ်ကို ဘိုးရင်း ၇၇၇ မောင်းနှင်မှုနဲ့ ခရီးသွားလမ်းကြောင်းရှာမှုမှာ နက်နက်နဲနဲ ဗဟုသုတရှိသူ တယောက်ယောက်က တမင်သက်သက် လမ်းကြောင်း ပြောင်းခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

အေ၀မ်း အထည်ချုပ် စက်ရုံ ကြိုပို့ ယာဉ် နှင့် ယာဉ်တစ်စီး တိုက်မိ (၁) ဦးသေ၊ (၈) ဦး ဒဏ်ရာရ

မင်္ဂလာဒုံ မြို့နယ်၊ သင်္ဃန်းကျွန်း ကြီး ကျေးရွာ၊ အောင်စည်း ခုံလမ်းထိပ် တွင် မတ်လ (၁၇) ရက် နေ့ ၊ ညနေ (၆) နာရီ (၁၀) မိနစ် အချိန်ခန့် က အေ၀မ်း အထည်ချုပ် စက်ရုံ ကြိုပို့ ယာဉ် နှင့် အငှား ယာဉ် တစ်စီး တို့ တိုက်မိ ခဲ့သော ကြောင့် အသက် (၂၅) နှစ် အရွယ် စက်ရုံ ၀န်ထမ်း အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ ပြီး၊ လူ(၈)ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

အဖြူရောင် အငှားယာဉ်သည် အောင် စည်းခုံလမ်းထိပ်အရောက် ၀ဲဘက်သို့ ချိုးကွေ့ စဉ် မျက်နှာ ချင်း ဆိုင်မှ မောင်းနှင်လာသော အေ၀မ်းအထည်ချုပ်စက်ရုံ ကြိုပို့ယာဉ်ကို ၀င် တိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ယာဉ်တိုက်မှု အ ရှိန်ကြောင့် စက်ရုံကြိုပို့ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ညာ ဘက်လမ်းအစပ်ရှိ ဈေးဆိုင်နှင့် ရပ်ထားသော စက်ဘီး တို့ အား ထပ်မံဝင်တိုက်ခဲ့ကြောင်း ရဲ မှတ်တမ်းအရ သိရသည်။ ယင်းဖြစ်စဉ်ကြောင့်

အလုပ်ရမည်ဟုခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူကို အရေးယူပေးရန် တိုင်တန်း

ရွှေပြည်သာမြို့နယ်နေ ဒေါ်--- မှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ၎င်းနှင့် သမီးဖြစ်သူ မ--- တို့ထံသို့ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မစိုးစိုး (စိစစ်ဆဲ) ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ယူနီဆက်ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုနေကြောင်းနှင့် တစ်လလျင် လစာ (၁)သိန်းခွဲ၊ (၂)သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့မှ လုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ ၇.၁၁.၂၀၁၂ရက်နေ့ ၁၄၀၀အချိန်ခန့်တွင် မစိုးစိုးမှ သမီးဖြစ်သူကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရရှိတော့ကြောင်း၊ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ဒေါ်----၏ဖုန်းသို့ သမီးဖြစ်သူမှ ဆက်သွယ်လာပြီး မစိုးစိုးမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ

အိမ်ရှင်မှရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိခဲ့သူအိမ်အကူမှ အရေးယူပေးရန် တိုင်တန်း

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ မသီတာဝင်း(၂၅)နှစ် သည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှစ၍ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်ရှိ
ဒေါ်စီစီလျာ(ခ)ဒေါ်ခါးခါး၏ နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့
ကြောင်း၊ ၁၀.၃.၂၀၁၄ရက်နေ့တွင် ဒေါ်စီစီလျာ(ခ)ဒေါ်ခါးခါးမှ အလုပ်
လုပ်ကိုင်သည်ကိုမကျေနပ်ဟုဆိုကာ ဆဲဆိုပြီး၊ မီးပူဖြင့်ထိုး၊ ရေနွေးဖြင့်
လောင်း၊ လက်သီးဖြင့်ထိုး၊ သံတုတ်ဖြင့်ရိုက်ခဲ့သောကြောင့် ၎င်းတွင် နဖူးဝဲဘက် ဖူးရောင်၊ ၀ဲမျက်လုံးဖူးရောင်ညိုမဲ၊ ၀ဲပါးဖူးရောင်ပွန်းပဲ့၊ ၀ဲလက်မောင်းနောက်ပေါက်ပြဲ၊ ၀ဲပေါင်ညိုမဲ၊ ၀ဲခြေသလုံးညိုမဲဒဏ်ရာတို့
ရရှိခဲ့ကြောင်း၊ ၎င်းအား နေအိမ်အတွင်းသော့ခတ်ပိတ်ထားခဲ့ရာမှ ၁၈.၃.၂၀၁၄ ရက်နေ့ ၀၉၃၀အချိန်ခန့်တွင် ဆပ်ပြာဝယ်ခိုင်းသဖြင့်

တိုက်ကြီးမြို့နယ်၌ လူသတ်

၁၉.၃.၂၀၁၄ ရက်နေ့ ၁၀၀၀အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်
နေ ဦးမောင်မောင်လွင်သည် တိုက်ကြီးမြို့နယ်၊ စဥ့်ကူးကျေးရွာနေ
ညီဖြစ်သူ ဦးအေးကို၊(၄၃)နှစ်၊ (ဘ)ဦးရွှေမှာဓါးထိုးခံရပြီး တိုက်ကြီးဆေးရုံ
သို့ရောက်ရှိနေကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ ညီဖြစ်သူတွင် ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ၀ဲလက်မောင်းပြတ်ရှ
ဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

၁၈.၃.၂၀၁၄ ရက်နေ့ ၁၄၃၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာဆေးရုံသို အမျိုးသားတစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးရာ  သေဆုံးသူမှာ့ ပြည့်ဖြိုးကျော်၊ (၁၈)နှစ်၊ ၀ရိန်လုပ်သား၊ (ဘ)ဦးသိန်းရွှေ၊ (၄)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ယာလက်ညှိုးပွန်းဒဏ်ရာ
(၁)ချက်၊ ၀ဲခြေသလုံးပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို စစ်ဆေး
တွေ့ရှိရပါသည်။

တောင်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုဖြစ်


ရန်ကုန်၊ မတ် ၁၉

၁၉.၃.၂၀၁၄ ရက်နေ့ ၁၄၅၈ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ မြတ်လေးလမ်းနေ ဒေါ်မိမိခိုင်၊ (ဘ)ဦးသောင်းကြည်၏ နေအိမ်အပေါ်ထပ်ရှိ မီးပလပ်ခုံမှ အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်း
ခဲ့ရာ မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၅၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့်နေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးနေအိမ်(၁)လုံးမှာ တစ်ဝက်ခန့်မီးလောင်ကျွမ်း ခြင်းခံခဲ့ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်ဒေါ်မိမိခိုင်အား တောင်ဥက္ကလာပ မြို့မရဲစခန်း(ပ)၁၁၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police

ကွန်ဒုံးဖြင့် ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးမိ


တမူး၊ မဇ္ဈိမ။ ။ ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့်များကို အမျိုးသမီးတစ်ဦးက ကွန်ဒုံးဖြင့်ထုတ်၍ ၎င်း၏ လိင်အင်္ဂါအတွင်း ထည့်သွင်းသယ်ဆောင်လာသည်ကို စစ်ကိုင်းတိုင်း၊ မတူး-ကလေး အဝေးပြေးလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စုက မတ် ၁၈ တွင် ဖမ်းဆီးလိုက်သည်။
တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာအနီးရှိ အဝေးပြေးလမ်းမပေါ်တွင် တမူးမှ ကလေးသို့ မောင်းနှင်လာသည့် ခရီးသည်ယဉ် တစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှ အဆိုပါ အမျိုးသမီးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးမြို့နယ်၊ တင်သားကျေးရွာနေ အသက်(၃၃)နှစ်အရွယ် မမို့မို့ ဆိုသူမှာ အလေးချိန်(၉)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်များကို ကော်ဗူးတစ်ခုထဲသို့ ထည့်ကာ ကွန်ဒုံးဖြင့် ထုပ်ပိုးထားပြီး သူမက ၎င်း၏တန်ဆာအတွင်းသို့ ထိုးသွင်းလျှို့ဝှက်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးရှိ ချောင်းဘေးသို့ အိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျမှု ဖြစ်ပွား


ခုနစ်ပင်လိမ်ချောင်းဘေးသို့ ထိုးကျခဲ့သည့် အိမ်စီးကားကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးရှိ ချောင်းဘေးသို့ မတ် ၁၈ ရက် နံနက် ၁၁ နာရီခွဲတွင် အိမ်စီးကားတစ်စီး အရှိန်လွန်၍ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အရှိန်လွန်ထိုးကျမှု ဖြစ်ပွားခဲ့သည့် ကားအမျိုးအစားမှာ ipsum အဖြူရောင် အိမ်စီးကားဖြစ်ပြီး ကားပေါ်တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါကားကို မောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသားမှာ နှုတ်ခမ်းကွဲခြင်းနှင့် နှာခေါင်းရိုးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများထံမှ သိရသည်။

မြန်မာနယ်စပ်အနီး မူးယစ်မှောင်ခိုအဖွဲ့နှင့် ပစ်ခတ်မူဖြစ်၍ ဘင်္ဂလာရဲတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရ

                                                                                                  Bangladesh police


မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ်တွင် မြန်မာဘက်က စိတ်ကြွ ဆေးပြားများ တင်သွင်းလာသော မှောင်ခိုသမားများနှင့် ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲအရာရှိ နှစ်ဦးအပါ အ၀င်ရဲတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်း ရရှိသည်။

ပစ်ခတ်မှုမှာ ယမန်နေ့ ( မတ်လ ၁၇ ရက်) ညနေ ၉ နာရီခန့်တွင် မောင်တောမြို့နှင့် မျက်နာချင်းဆိုင်  တက်ကနက်မြို့နယ်မှ ဟာရီယာခါးလီဒေသတွင် ဖြစ်ပွားခဲ့သည်။

မြန်မာဘက်က စိတ်ကြွဆေးပြားတင် သွင်းလာမည်ဟု သတင်းရသဖြင့်  ရဲတပ်ဖွဲ့ဝင်များ စောင့်နေစဉ်  ဆေးပြားများ သယ်လာသူ မှောင်ခိုင်သမား ၇ ဦးနှင့် တွေ့ဆုံ ပစ်ခတ်မူများ အပြန်အလှန် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍(၁)ဦးသေ၊(၂)ဦး ဒဏ်ရာရခဲ့သည့် အမှုမှ ကျန်ရှိ နေသော ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့်သူငယ်ချင်း (၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူအရက်သောက်ခဲ့ကြပြီးပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသောအမျိုးသားတစ်ဦး
နှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကိုဆဲသည်ဟုထင်ကာ နှစ်ဖက်အုပ်စု စကားများခဲ့ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် (၁)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာရခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/ ၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက် လျက် ရှိသည့်အပြင် YangonPolice လူမှုကွန်ယက်စာမျက်နှာမှ ပြစ်မှု
ကျူးလွန်သူများနှင့်ပတ်သက်ပြီး သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်

ကျွဲများအား စက်လှေဖြင့် တရားမ၀င်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိ


၁၆.၃.၂၀၁၄ ရက်နေ့တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆)စစ်ရေယာဉ်စုလက်အောက်ခံ ထောက်ပံ့ရေးရေယာဉ်(၆၂၃)တွင်လိုက်ပါသော ဗိုလ်တထောင်မြို့နယ်၊သန်လျက်စွန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်ကြီး အောင်ဝင်းလှိုင်နှင့်အဖွဲ့သည် မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း စစ်ဆင်ရေးတာဝန်
ဆောင်ရွက်နေစဉ် ဖျာပုံဘက်မှကျိုက္ခမီဘက်သို့ ခုတ်မောင်းနေသော စက်တပ်လှေတစ်စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန်တားမြစ်ခဲ့သည်ကို ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ပင်လယ်ဝ၏တောင်ဘက် ရေမိုင်(၇)မိုင်ခန့်အကွာတွင် ဖမ်းဆီးရမိခဲ့
ပါသည်။

ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် ထွန်းအိန္ဒြာဗို

လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘစ်စဘိန်းနဲ့ ပက်(ခ်)မြို့ ၄ မြို့မှာ အောင်မြင်စွာ ဖျော်ဖြေခဲ့ပြီး မတ်လ ၁ဝရက်နေ့က ပြန် လည် ရောက်ရှိလာတဲ့ ထွန်းအိâန္ဒာဗိုက သြစတြေးလျဖျော်ဖြေရေးနဲ့ပတ်သက်ပြီး ” သြစတြေးလျဖျော်ဖြေရေး ခရီးစဉ်က အရင်တစ်ခါပွဲလုပ်တုန်းက ခင်နေတဲ့ အစ် မ တွေ နဲ့ စကားပြော ဖြစ်တယ်။  NLD အတွက် ရန်ပုံငွေပွဲတွေ လုပ်ချင်တယ်တဲ့။ အနုပညာကြေးဘယ်လိုယူလဲလို့မေးတယ်။  NLD အတွက် ရန်ပုံငွေပွဲဆို ရင် အနုပညာကြေး မယူဘူးဆိုပြီးတော့ ကျွန်မကစီစဉ်လိုက်တာပါ။ Main Sponsor က ဆစ်ဒနီက ဒေါက်တာမြင့်ထွန်းနဲ့ မမီးမီး။ နောက်ထပ်လည်း အမေ့ကို ဝိုင်းရံမယ့်သူ၊ စိတ်လည်း ရှိမယ့် သူ၊ ကျွန်မလည်း အဖော်ရအောင် လင်းလင်းတို့နှစ်ယောက်ကို  recomend လုပ်ပြီး ခေါ်သွားတာ။ သူတို့ကိုလဲ ပြောထားတယ်။

ဆရာတော် အရှင်ဆေကိန္ဒနဲ့အတူ အနုပညာရှင်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို စိတ်ဓာတ်ခွန်အား ပေးခဲ့ကြ

ဝိတိုရိယဆေးရုံ (Victoria Hospital) နှင့် အမေရိကန်နိုင်ငံ Alliance For Smiles Organization တို့ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို မတ်လ ၁ဝ ရက်မှ ၂ဝ ရက်အထိ အခမဲ့ စစ်ဆေးခွဲစိတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ မတ်လ ၁ဝ ရက်တွင် အမေရိကန်မှ မေ့ဆေးဆရာဝန်ကြီးများ၊ Plastic Surgery ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဝိတိုရိယ ဆေးရုံကြီးမှ ဆရာဝန်များပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာဦး ရေ ၁၂ဝ ခန့်ကို မနက် ၈ နာရီမှ စ၍ စမ်းသပ်စစ်ဆေးခြင်းကို လုပ် ဆောင်ခဲ့ပါတယ်။ လာရောက်စမ်း သပ်စစ်ဆေးကြသော လူနာများမှာ ရန်ကုန်တိုင်းမှသာမက မြန်မာတစ် ပြည်လုံး သဲကုန်း၊ တောင်ကြီး၊ ဧရာ ဝတီတိုင်း၊ မကွေးတိုင်း၊ ပုသိမ်၊ ရခိုင် ပြည်နယ်၊ လွိုင်ကော်၊ တောင်ငူ၊ မုဒုံ၊ ပျော်ဘွယ်၊ ကျိုက်ထို၊ အင်္ဂပူ၊ မွန် ပြည်နယ်၊ မြစ်ကြီးနား၊ စစ်တွေ၊ မုံရွာ၊ အင်းတော်၊ ကသာ၊ ဗန်းမော်၊ ဝေါ၊ ညောင်ဦး၊ ကယား၊ ကျောက်ဆောက်၊ ပွင့်ဖြူ၊ ပင်းတယ၊ သန်လျင်၊ မှော်ဘီ၊ ဆီဆိုင် (ရှမ်းပြည်)၊ ဆားလင်းကြီး၊ ပငမြို့နယ်တို့မှ လာရောက်ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

အမေရိက မြို့ခြောက်မြို့ မှာ အငြိမ့်ကသွား ရင်း ခရီးသွား ပရိုဂရမ်၊ ကြော်ငြာတွေပါ ရိုက်ခဲ့မယ့် နေတိုး

အမေရိကန်က မြို့ကြီး ၆ မြို့မှာ “We Love Rose” ခေါင်းစဉ်နဲ့ သွားရောက် ဖျော်ဖြေပေးဖို့အတွက် နှင်းဆီအဖွဲ့သားတွေ အခု မတ်လထဲမှာ ရန်ကုန် ကနေပြီး ထွက် ခွာတော့မှာဖြစ်ပါတယ်။ နေတိုး ကိုအမေရိကန်သွားဖို့ အတွက် ဘာတွေပြင်ဆင် ထားနေပြီလဲလို့ မေးတော့ “တကယ်တမ်း ဆိုရင်တော့ ခရီးက တအားဝေးတယ်။ “ဖန်ဆင်းရှင်” အခွေကို မလောက်မငတော့ ယူသွားတာမျိုး မဖြစ်ချင်တော့ ကြိုတင်ပြီး ပို့ထားတာမျိုး ရှိတယ်။ အခွေ ၈ဝဝ လောက်ကိုတော့ ယူသွားဖို့ လုပ်ထားတယ်။ “ဖန်ဆင်းရှင်” အခွေနဲ့ ပတ်သက်ပြီးတော့ အမေရိကမှာ ရှိတဲ့ ပရိသတ်က ကိုယ်တိုင် လက်မှတ် ထိုးပြီး ဝယ်ချင်တဲ့ ဆန္ဒတွေ ရှိတာကိုလည်း အဆင်ပြေအောင် ကျွန်တော် ကြိုး စားပေးသွားပါမယ်” လို့ ပြောပြပါတယ်။
ဒီတစ်ခေါက် ခရီးစဉ်မှာ လုပ်ဆောင် သွားမယ့် အလုပ်တွေ နဲ့ ပတ်သက်ပြီး နေတိုးက “ကျွန်တော်တို့ အခုသွားမယ့် ခရီးစဉ်မှာ ခရီးသွား ပရိုဂရမ် ရှိပါ တယ်။ ကြော်ငြာလေးတွေ ရှိတယ်။

သင်္ကြန်ဆိုရင် အပြင် ထွက်လည်ရမှာ ကြောက်တဲ့ ခင်ဝင့်ဝါ

လတ်တလောမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ်ကလေးကို ကျွန်တော်ပြန် မပေးပါ” ရိုက်ကွင်းပေါ်မှာ တွေ့ရတဲ့ ခင်ဝင့်ဝါက ဒီဇာတ်လမ်းလေး က ထူးဆန်းပြီး ပရိသတ်တွေ မထင်ထားတာ မျိုးတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လည်း အကောင်းဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ လည်း ဆက်တိုက်ရိုက်ကူးဖို့ရှိသလို ကြော်ငြာတွေလည်း ရိုက်ကူးဖို့ ရှိကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။
သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင် သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ်ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့ သိရပါတယ်။ သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက “အနုပညာသမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့ ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင် လျှောက်လည်တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။

ဒီနှစ်သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်မယ်လို့ဆိုတဲ့ နန်းစန္ဒီလှထွန်း

ပြိုင်ပွဲတွေကတစ်ဆင့် အနုပညာလောကထဲကို ဖြေးဖြေးနဲ့မှန်မှန်ဝင်ရောက်လာသူလေးကတော့ နန်းစန္ဒီလှထွန်းပဲဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်နေတယ်လို့ သိရတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် သင်္ကြန်နဲ့ ပတ်သတ်တဲ့ခံစားမှုတွေကို မေးမြန်းဖြစ်တဲ့အခါ ‘ခုဆို သင်္ကြန်နဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတွေရိုက်ဖြစ်တာများတယ်။ မြန်မာဝတ်စုံတွေနဲ့ရော၊ သင်္ကြန်လည်တဲ့ ပုံတွေအနေနဲ့ရော၊ အစုံပဲရိုက်ဖြစ်တယ်။ ဒီနှစ်သင်္ကြန်မှာ ဘာမှ ထွေထွေထူးထူး မရှိသေးဘူး။ သူငယ်ချင်းတွေနဲ့မဏ္ဍပ်ထိုင်ဖို့ရှိတယ်။ မထိုင်ဖြစ်ရင်တော့ တောင်ကြီးပြန်ပြီး အမေတို့နဲ့နေမလားလို့စဉ်းစားနေတယ်။ သင်္ကြန်မရောက်ခင်အချိန်မှာ သင်္ကြန်နဲ့ပတ်သတ်ပြီး ဓာတ်ပုံတွေရိုက်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ တကယ့် သင်္ကြန်အတိုင်းပဲ ခံစားရတယ။် သင်္ကြန်ကို တကယ်ရောက်သွားသလိုပါပဲ။ ငယ်ငယ်တုန်းကတော့ မေမေက အပြင်မလွှတ်တော့ အိမ်မှာပဲ။

သင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူတူရှိချင်တယ်လို့ ဆိုတဲ့ ကောင်းပြည့်

ဒီနှစ်သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ဘယ်မဏ္ဍပ်မှာရှိမယ်ဆိုပြီး သိချင်ကြတဲ့ ပရိသတ်တွေအတွက် ကောင်းပြည့်ရဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တွေနဲ့အတူ သူဘယ်မှာရှိမယ်ဆိုတာ မေးမြန်းကြည့်တဲ့အခါ ကောင်းပြည့်က ‘ခုဒီနှစ်သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိဖို့များပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့တော့ သင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူတူရှိနေချင်တယ်။ အခုထိတော့ ကမ်းလှမ်းထားတာမျိုး မရှိသေးဘူး။ ကမ်းလှမ်းမယ်ဆိုရင်တော့ ကျွန်တော်ပရိသတ်တွေနဲ့ပဲ တူတူဖြတ်သန်းချင်ပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆို အပြင်မထွက်ဖြစ်ဘူး။ အိမ်မှာပဲ နေတာများတယ်။ အိမ်မှာ မိသားစုနဲ့ မောင်နှမတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာများတယ်။ သင်္ကြန်ထွက်တာက နေပူတော့ အသားအရေလဲပျက်စီးတယ်။ ပြီးတော့ နေအရမ်းပူတဲ့ခါကျတော့ အပြင်သိပ်မထွက်ချင်တာနဲ့အိမ်မှာပဲ ဖြတ်သန်းခဲ့တဲ့နှစ်က ပိုများတယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB