Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

Apr032014

ရုရှား ဘာဘီမ အစားမစာပဲ နေလို့ အသက်ရှင်နိုင်ကြောင်း သက်သေပြ


လူသား ဘာဘီမလေး (Human Barbie) လို့ တင်စား ခေါ်ဝေါ်တဲ့ Valeria Lukyanova ဆိုတဲ့ ယူကရိန်းက အမျိုးသမီးကို သိကြမှာပါ။ ယခု သူဟာ အစားမစာပဲ အသက်ရှင်နိုင်ကြောင်း သက်သေပြမလို့ ပြုလုပ် နေပါတယ်။

အစားအစာနဲ့ ရေ ဟာ လူသားတွေ အသက်ရှင်ဖို့ အတွက် မလိုအပ် ကြောင်း သက်သေ ပြဖို့ အတွက် သူမဟာ လေပဲ ရှူမှာ ဖြစ်ပါတယ်။ လေရှူပြီး အလင်းရောင် အောက်မှာ နေရုံနဲ့ အသက်ရှင်တယ်လို့ ဆိုပြီး ယင်း ကျင့်စဉ်ကို စတင် ပြလုပ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ပရော်ဖက်ရှင် နယ် မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလို ကျင့်စဉ်နဲ့ သက်သေ ပြရန် ပြုလုပ်မှုကိုတော့ အများက ကန့်ကွက် ဝေဖန် ရှုံ့ချ ထားပါတယ်။
Apr032014

သူငယ်ချင်းကို စတီးဂီတာကြိုးနဲ့ ခေါင်းဖြတ်သတ်ပြီး ခေါင်းပြတ်ကို အိတ်ထဲသိမ်းထားခဲ့သူ


ဂျိမ်းပေါစ်ဟဲရစ်ဆိုသူဟာ သူငယ်ချင်းဖြစ်သူ ဂျိမ်းစ်ဂရယ်တီကို ခေါင်းဖြတ်သတ်ခဲ့မှုနဲ့  တရားစွဲဆိုခံထားရပါတယ်။

စတီးဂီတာကြိုးသုံးပြီး သူငယ်ချင်းဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့ရုံမက သူနဲ့ စကားပြောဆိုဖို့ အတွက် ခေါင်းကို အိတ်ထဲ ထည့်သိမ်းထားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ပေါလ်ဟဲရစ်ကတော့ ဒီကိစ္စကို ငြင်းဆန် ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂျိမ်းပေါလ်ဟဲရစ် ကို ၂၀၁၁ ခုနှစ်က အီလီနွိုက်စ်ပြည်နယ်၊ အိုဆေ့ဂ်ျကောင်တီမှာ ဂျိမ်းစ်ဂရယ်တီကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲထားပါတယ်။

အသက် ၄၉ နှစ်အရွယ် မစ္စတာဂရယ်တီဟာ ဟဲရစ်စ်နဲ့ အတူနေဖို့ စီစဉ်နေခဲ့ရာကနေ ရုတ်ချည်းဆိုသလို သူ့ ရဲ့ ဘဏ်တိုးတွေကို လာမထုတ်တော့ဘူးလို့ လူမှုဝန်ထမ်းလုပ်သားတစ်ယောက်က ထွက်ဆိုခဲ့ပါတယ်။ သူဟာ ၂၀၁၁ မတ်လမှာ ရဲတွေကို အကြောင်းကြားခဲ့တာပါ။
Apr032014

MH 370 လေယာဉ် အပျက်အစီးများ ရှာဖွေနေစဉ် အတွင်း လေယာဉ် အချက်ပြမီး တစ်ခုကို တရုတ်သင်္ဘောနှစ်စင်း ဆယ်ယူနိုင်ခဲ့


ကျင်းကန်းရှန် ၊ ၃-၄-၂၀၁၄

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။

အဆိုပါ အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော် အတည်ပြုချက် ရယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း Jinggangshan သင်္ဘော နှင့် Donghaijiu 101 သင်္ဘောတွင် လိုက်ပါ ခဲ့သည့် သင်္ဘောအမှုထမ်း များက Xinhua သတင်းဌာန သို့ ပြောကြား ခဲ့သည်။
Apr032014

အနှစ်နှစ်ဆယ်ကြာ အုတ်ခဲ၊ကျောက်စရစ်နဲ့ ရွှံ့ ခဲတွေစားပြီး အသက်ရှင်လာသူ


အိန္ဒိယနိုင်ငံသား Pakkirappa Hunagundi ဆိုသူဟာ အုတ်၊ကျောက်နဲ့ ရွှံ့ ခဲတွေ စားရတာကို စွဲလမ်း နှစ်သက်နေသူပါ။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသက် ၁၀ နှစ်သားကတည်းကစပြီး အခုလို စားမကောင်းတဲ့အရာ တွေကို ၀ါးစားရတဲ့ အရသာကို စတင်စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။

အနှစ်နှစ်ဆယ်အတွင်းမှာ သူဟာ တစ်နေ့ ကို အုတ်ကျိုးအုတ်ပဲ့၊အပျက်အစီး သုံးကီလိုလောက် စားရမှ အာသာပြေတယ်လို့ ပါတယ်။ သူဟာ Karnataka ပြည်နယ်က သူ တို့ ရွာထဲမှာ အုတ်၊ရွှံ့ နဲ့ ကျောက်စရစ်ခဲ တွေကို လိုက်ရှာပြီး စားသောက်လေ့ရှိပါတယ်။
Apr032014

DKBA ပြောက်ကျားဝတ်စုံဝတ် မွတ်စလင် လူတစ်စု ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် ပြည်သူအပေါ် လက်နက်များဖြင့် ရမ်းကား

ဧပြီလ(၁)ရက်နေ့ မွန်းလွဲ(၃းဝ၀)နာရီအချိန်က မွတ်စလင် ဘာသာခြား(၆)ဦးသည် မဲဆောက်သို့ သွားရန် မြဝတီမြို့ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် နိုင်ငံကူးလက်မှတ်များ ပြုလုပ်နေစဉ် တဖက်နိုင်ငံ သို့ ခရီးသည်များ ပို့ဆောင်ပေးနေသော
ရွှေမြန်မာမော်တော်ယာဉ်လိုင်းမှ စာရေးဝန်ထမ်းတစ်ဦးသည် ဆိုင်ကယ်ရပ်ရန် ဘေးသို့ အနည်းငယ် ဖယ်ခိုင်းစဉ် မွတ်စလင်တစ်ဦးနှင့် အခြေအတင် စကားများခဲ့ကြသည်။

ထိုသို့ စကားများခဲ့ကြပြီး မွတ်စလင်တစ်ဦးသည် မြဝတီမြို့တွင်း ပြန်သွားကာ DKBA တပ်ဖွဲ့ဝင်တစ်ချို့အား ကား(၁)စီးဖြင့် ခေါ်ဆောင်လာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း DKBA ပြောက်ကျားဝတ်စုံကိုဝတ်ဆင်လာခဲ့ကာ အထက်ပါစကားများခဲ့သည့်ကိစ္စကို မကျေနပ်၍ ရွှေမြန်မာယာဉ်လိုင်း စာရေးဝန်ထမ်းအား လက်သီးနှင့်ထိုးရာ စာရေးဝန်ထမ်းက ပြန်လည်ထိုးကြိတ်သဖြင့်
Apr032014

အဓမ္မစစ်မှုထမ်းခိုင်း၍ ပလောင်ဒေသရှိ လီဆူးတိုင်းရင်းသားများ ရွာလုံးကျွတ် ထွက်ပြေး

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စု တာလတ်ကျေးရွာတွင် ပလောင် စကားပြော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က အဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းရန် ငြင်းဆန်သူများကို သတ်ပစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကာယကံရှင် လီဆူး တိုင်းရင်းသားများထံမှ သိရှိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ တာလတ်ကျေးရွာက အိမ်တစ်အိမ်လျှင် လူတစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရမည်ဟု ဆင့်ခေါ်ခဲ့ပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ပေးရန် သွားရောက် တောင်းပန်သည့် ရွာလူကြီး ဦးမောင်စိန်နှင့် ၎င်း၏ တူတော်စပ်သူ ဦးစိုင်းမြင့်အောင်တို့ကို လက်နက်ကိုင်များက သတ်ဖြတ်ခဲ့ကြောင်း တိမ်းရှောင်လာသူတစ်ဦးက ပြောကြားသည်။

Apr032014

မြေသိမ်းခံရတဲ့ မရမ်းကုန်း ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

မြေသိမ်းခံ မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့မှာ သွားရောက်တွေ့ဆုံ။ ဓာတ်ပုံ - ကောင်းထက်ကျော် DVB TV News
ဧပြီ ၃ ရက်နေ့မှာ မြေသိမ်းခံရတဲ့ မရမ်းကုန်း ၆ ရပ်ကွက်နေ ပြည်သူတွေက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့မှာ သွားရောက်တွေ့ဆုံ အကူညီတောင်းခံကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေပြောတာတွေကို လက်ခံနားထောင်ပြီး “လုပ်ပေးမယ်လို့ ကတိမပေးနိုင်ပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ကြိုးစားပေးမယ်”လို့ ပြန်လည်အားပေးပါတယ်။

By ဒီဗွီဘီ
Apr032014

စစ်တွေအကြမ်းဖက်မှု သံသယရှိသူများ စစ်ဆေးရာတွင် ရခိုင်ပါတီ ဗဟိုကော်မတီဝင်တစ်ဦး အစစ်ခံနေရ

စစ်တွေမြို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု၌ ပါဝင် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးစစ်ဆေးနေသူများတွင် ရခိုင် အမျိုးသားပါတီမှ ဗဟိုကော်မတီ ဝင်တစ်ဦး ပါဝင်နေကြောင်း သ တင်းရရှိသည်။

မကြာသေးမီ ရက်ပိုင်းက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ကုလအပါအဝင် အိုင်အင်န်ဂျီအို အဖွဲ့များ၏ နေအိမ်၊ ရုံး၊ ဂိုဒေါင်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုး သားခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦးကို ရဲတပ်ဖွဲ့မှ ဧပြီ ၁ ရက် နံနက်အစောပိုင်းက ဖမ်းဆီး ခဲ့သည်။

ယင်းအထဲတွင် ရခိုင် အမျိုးသားပါတီ (ANP)နှင့် ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် (CC) ဦးမောင်သိန်း၊ဓညဝတီရပ်ကွက်မှ အသက်(၇၀) ကျော်အရွယ် ဒေါ်မအေးတို့လည်း ထိန်းသိမ်းခံခဲ့ရကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။
Apr032014

သန်းခေါင်စာရင်း အချက်အလက် မှားယွင်းပါက စာရင်းကောက် ကာလအတွင်း ပြန်ပြင်နိုင်

သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှားယွင်း ထည့်သွင်း ကောက်ယူခြင်း ခံရပါက သန်းခေါင်စာရင်း ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ စာရင်းကောက် ဆရာမထံတွင် သွားရောက် ပြင်ဆင်နိုင်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာရင်းကောက် ကောက်ယူသည့် သန်းခေါင်စာရင်းကို စာရင်းစစ်က စိစစ်ရပြီး မှားယွင်းမှုများ တွေ့ရှိပါက ပြန်ပြင်ခိုင်းမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းတွင် လူမျိုးသင်္ကေတ တစ်ခုတည်း ထည့်သွင်းခြင်း မဟုတ်ဘဲ သင်္ကေတဘေးတွင် လူမျိုးအမည်ကို စာဖြင့် ရေးသားထားသဖြင့် သင်္ကေတ မှားယွင်း ထည့်သွင်းလာပါက စာရင်းစစ်က စစ်ဆေး၍ ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Apr032014

NGO တွေတိုက်ခိုက်မှု အရေးပေါ်အကူအညီထိခိုက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ ရှိကြတဲ့ ကုလသမဂ္ဂနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် မကြာသေးခင်တုန်းက တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် အကူအညီပေးရေး အစီအစဉ်တွေမှာ အကြီးအကျယ် ထိခိုက်နေရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (OCHA) က သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ၊ အလှမ်းဝေးတဲ့ ကျေးရွာတွေနဲ့ လူမှုအသိုင်းအ၀ိုင်းတွေအတွက် အသက်တွေကို ကယ်တင်နိုင်မယ့် အကူအညီတွေ မပေးနိုင်ဘဲ ဖြစ်နေရတဲ့အကြောင်း ဗုဒ္ဓဟူးနေ့ကပဲ OCHA က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB