Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

Feb172014

ပြည်လမ်းတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေ


                                            အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ်



လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ IBC အနီးတွင် ပြိုင်ကားငါးစီးက အငှားယာဉ်တစ်စီးအား ရှေ့နောက်ပိတ်ဆို့ကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အား CCTV မှတ်တမ်းများမှတစ်ဆင့် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းရှာဖွေနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်ကThe Daily Elevenသတင်းစာသို့ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။
 

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ အငှားယာဉ်မောင်း သက်ဇင်ဝင်းမှာ ယာဉ်အမှတ် ၈က/..... စူပါရုဗင် အငှားယာဉ်ဖြင့် ခရီးသည် အမျိုးသားသုံးဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်းအတိုင်း မောင်းနှင်လာကြောင်း သိရသည်။
Feb172014

Clomid 50 mg မျိုးဥကြွေဆေး

 ဆရာရှင့် Gmail မှာမေးထားပါသေးတယ်။ ပြန်စာမရပါ။ မ မျိုးဥ ဘယ်လောက်ကျန်သေးလဲ ဆိုတာ စမ်းသပ်လို့ ရနိုင်ပါသလား။ မမျိုးဥ ၂ ဥကြွေအောင် သဘာဝနည်းနဲ့ လုပ်လို့ ရနိုင်ပါလားဆရာ။ အမွှာရချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

မျိုးဥ ကြွေ-မကြွေသာ စမ်းလို့ရတယ်။ မကြွေတာကို ကြွေအောင်ဆေးပေးတယ်။ အမွှာကို အာမမခံပါ။ မနက်ကတည်းက ဒီအကြောင်းရေးနေတာ။ ပြီးပါပြီ။ ဖေ့စ်ဘွတ်မှာ တင်သင့်-မတင်သင့် စဉ်းစားနေလို့။

• (Clomid) Fertomid 50mg ဆေးကို အမျိုးသမီးတွေ ကလေးမရနိုင်သေးတာအတွက် သုံးတယ်။
• တိတိကျကျ ပြောရရင် မျိုးဥမထွက်သူတွေအတွက်သုံးတာ ဖြစ်ပါတယ်။
Feb172014

မြောက်ကိုရီးယား လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်


                                                  မြောက်ကိုရီးယားခေါင်းဆောင်
မြောက်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံသားတွေအပေါ်မှာ ပြောပြလို့မရအောင် ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းမှု အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။

မြောက်ကိုရီးယားအစိုးရ အမြင့်ဆုံးအဆင့်နဲ့ မူဘောင်ချမှတ်ထားတဲ့မူဝါဒဟာ မျက်မှောက်ခေတ်မှာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ပုံစံမျိုးနဲ့ လူသားမျိုးနွယ်အပေါ်မှာ ပြစ်မှုတွေကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှ ဖော်ပြထားတာပါ။

မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့နိုင်ငံသားတွေကို စနစ်တကျ သတ်ဖြတ်နှိပ်စက်၊ ကျွန်ပြုခိုင်းစေတဲ့အပြင် အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းတာ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ကျား-မ ဒီလို လိင်အမျိုးအစားတွေကို လိုက်ပြီးတော့ အရေးယူနှိပ်ကွပ်တာတွေလုပ်တယ်လို့ ဂျနီဗာမှာထုတ်ပြန်တဲ့ စာမျက်နှာ ၄၀၀ ပါ အစီရင်ခံစာမှ တင်ပြထားပါတယ်။
Feb172014

တရုတ်အမျိုးသားတဦး သူ့ကိုယ်သူ ကျားစာကျွေးဖို့ ကြိုးစား

 စိတ်ဓာတ်ကျနေတဲ့ အသက် ၂၇ နှစ်ရှိတဲ့ တရုတ် အမျိုးသား တဦးဟာ သူ့ကိုယ်သူ ကျားစာ   
 အဖြစ် ကျွေးဖို့ တိရိစ္ဆာန်ရုံထဲက ကျား ရုံ ထဲ ရောက်ပြီး ဘင်္ဂလား ကျားဖြူတကောင်က ဆွဲသွားတဲ့ ဖြစ်ရပ်ဟာ တိရိစ္ဆာန်ရုံ ကို အလည်အပတ်လာကြသူတွေ မျက်လုံးပြူးကုန်ရပါတယ်။တရုတ်နိုင်ငံ အနောက်တောင်ဘက်က စီချွမ်ပြည်နယ်က ချန်ဂျူ (Chengdu) တိရိစ္ဆာန်ရုံမှာ မနေ့က အဲဒီ အဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ 

စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ ယန်ဇင်ဟိုင်ဟာ သူ့အနေနဲ့ လက်ရှိဘဝကို အဆုံးသတ်ပြီး အစစ အရာရာ ဘဝသစ်ကို ပြန်စ မယ် ဆိုတဲ့ သတင်းစကားတွေကို အွန်လိုင်းမှာ အကြိမ်ကြိမ် တင်ခဲ့ပါတယ်။ 

တဖက်ကလည်း အလုပ်လက်မဲ့ဖြစ်နေချိန် သူ ဟာ စိတ်ဓာတ်ကျဝေဒနာကို ခံစားနေရပုံလည်း ရပါတယ်။ အလုပ်လျှောက်ထားခဲ့ပေမယ့် စိတ်ပျက်ငြီးငွေ့ဖွယ် အလုပ်ကိုသာရခဲ့တာကြောင့် အလုပ်ပြန်ထွက်ပြီး
နောက် အခုလို ကိုယ့်ကိုယ်ကို ကျားစာကျွေးပစ်ဖို့ထိ ဖြစ်လာခဲ့တာပါ။ 

Feb172014

တောင်ကိုရီးယား အဆောက်အဦးပြိုကျမှု ၉ ဦးသေ


             တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး။ (၀၂/၁၇/၂၀၁၄)

 တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ အဆောက်အဦးတခု ပြိုကျရာက လူ ၉ ဦးထက် မနည်း သေဆုံးပြီး နောက်ထပ် ဒါဇင်နဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
ကျောင်းသားသစ်တွေကို မိတ်ဆက်တဲ့ အခန်းအနားအတွက် နိုင်ငံခြား ဘာသာစကားသင် ကျောင်းသား ၅၀၀ ကျော်လောက် စုဝေးရောက်ရှိနေတဲ့ တနင်္လာနေ့နှောင်းပိုင်းမှာ အဆောက်အဦး ပြိုကျခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ကျောင်းသား အများအပြား ဘေးလွတ်ရာ ထွက်ပြေးနိုင်ခဲ့ကြပေမဲ့ ဒဏ်ရာတွေရခဲ့ကြတဲ့ ၇၀ လောက် ကိုတော့ ဆေးရုံကို ပို့လိုက်ရကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေကတော့ ပိတ်မိသူတွေ ရှိမရှိ ဆက်လက်ရှာဖွေ နေကြပါတယ်။

Feb172014

ပိုတိုရှော့အတွက် ဦးထုပ်၊ပန်း၊ဆံပင်များ (1.96MB)


 ပိုတိုရှော့ကိုစိတ်ဝင်စားသူများအတွက် ပိုတိုရှော့အတွက် ဆံပင်၊မျက်မှန်၊ပန်း၊ဦးထုပ်လေးတွေကိုတင်ပေးလိုက်ပါတယ် ပိုတိုရှော့ပုံများကိုရယူချင်တယ်ဆိုရင်တော့ ဒီမှာLIKE နှိပ်ထားခဲ့လိုက်ပါနော် ပိုတိုရှော့အတွက် ဆံပင်၊မျက်မှန်၊ပန်း၊ဦးထုပ်လေးတွေကိုလိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလုပ်နှစ်ခုပေးထားပါတယ် ကြိုက်ရာကဒေါင်းယူသွားနိုင်ပါတယ်
                                               
  DOWNLOAD LINK 1                    
                                                DOWNLOAD LINK 2 

Feb172014

Photoshop For Wedding PSD (7.30MB)


 အနောက်တိုင်းမင်္ဂလာဆောင်းပုံလေးကိုတင်ပေးလိုက်ပါတယ်                    ကျွန်တော်လည်းပုံတွေများလွန်းလို့ဘယ်ဟာကိုတင်ပေးရမှန်းမသိလောက်ပါပဲ တစ်နေ့ကို၃ပုံလောက်ပဲတင်ပေးသွားပါမယ် ပုံရေ ၆၀၀၀ လောက်ရှိပါတယ်ပိုတိုရှော့ပုံတွေ ဆိုင်ကနေဝယ်ပြီးသုံးနေသူတစ်ယောက်ပါ သူငယ်ချင်းတို့အတွက်  အခမဲ့မျှဝေပေးလိုက်ပါတယ် အောက်မှာဒေါင်းယူသွားနိုင်ပါတယ်                        
                                                  DOWNLOAD   
             
                                                  DOWNLOAD
        

Feb172014

ပိုတိုရှော့အတွက်အသင့်လုပ်ပြီး မင်္ဂလာဆောင်ဝတ်စုံ Psd (16.1MB)

မင်္ဂလာပါ မင်္ဂလာဆောင်ဖိတ်စာရိုက်ချင်လို့ မင်္ဂလာဆောင်ဝတ်စုံလေးရှိရင်တင်ပေးပါအုံး ညီဆိုလို့ မင်္ဂလာဆောင်ဝတ်စုံတစ်ပုံကိုတင်ပေးလိုက်ပါတယ် သူငယ်ချင်းများမင်္ဂလာဆောင်က်စုံလေးကိုကြိုက်သွားရင်တော့အောက်မှာဒေါင်းလုပ်နှစ်ခုပေးထားပါတယ်
ကြိုက်ရာကဒေါင်းသွားနိုင်ပါတယ်
                                              DOWNLOAD LINK 1
                                              DOWNLOAD LINK 2                                             
         အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော်
                                     အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော်
       ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  ဒီမှာFB LIKE နှိပ်လိုက်ပါနော်
                                      ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။

Feb172014

ကင်တားနားနဲ့ တွေ့ရချိန်နည်းလို့ ဒေသခံတွေ အားမရ


မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ကုလ သမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက ကြေးနီစီမံကိန်းရှိရာ လက်ပံတောင်းတောင် ဒေသကို သွားရောက်ပြီး တရုတ် ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဒါ့အပြင် စပယ်တောင်နဲ့ ကြေးနီတောင် တို့ကိုလည်း သူသွားရောက် ခဲ့တယ်လို့ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ် ခရီးစဉ်က အပြန် မုံရွာမြို့ကို ရောက်လာရာမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာ ဝန်ကြီး၊ သစ်တောနဲ့ စွမ်းအင် ဝန်ကြီး အပါအဝင် အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒေသခံတွေကတော့ မစ္စတာ ကင်တားနားကို နာရီဝက်သာ တွေ့ခွင့် ရတဲ့ အချိန် နည်းလွန်းတယ်လို့ ပြောပါတယ်။

Feb172014

Zombies! Zombies! Zombies!

ရုပ်ရှင်ကြည့်ရန်
Feb172014

Emergency Couple

ရုပ်ရှင်ကြည့်ရန်

Feb172014

Who Are You (2013)

ရုပ်ရှင်ကြည့်ရန်

Feb172014

18+Game ယောက်ကျားလေးများသီးသန့် - My Virtual Girlfriend Apk v2.1 +Mod Unlimited Money & Full Unlocked

တင်ပေးလိုက်ပြန်ပါပြီဗျာ 18+ Game ယောက်ကျားလေးများသာသီးသန့်ကစားဖို့ဖြစ်ပါတယ်။ ဒီ Game လေး ထဲမှာ မိန်းမလှလေးများနဲ့ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါစေလို့ဘဲဆုတောင်းပေးလိုက်ပါတယ်။ Unlimited Game လေးဖြစ်တဲ့အတွက် ထုံးစံအတိုင်း စိတ်ကြိုက်ကစားနိုင်ပါတယ်ဗျာ။ Screen Shot တွေတော့ မတင်ပေး လိုက်တော့ဘူးနော်။ ဟဲဟဲ မတင်ရဲလို့ပါ။ ဒီGame အကြောင်းကိုတော့ သိချင်ရင် ကိုယ်တိုင်သာကစားကြည့် ကြပါဗျာ။ ကျွန်တော် တင်မပေး ချင်ပေမယ့် အတင်းတောင်းနေတဲ့ သူသုံးယောက် ရှိလို့တင်ပေးလိုက်တာပါ။ သူတို့ကတော့ အိုင်တီမုဆိုးကိုမောင်မောင်လေး ကောင်းခန့် တို့ အိမ်ထောင် သည်သုံးယောက်က 18+ Game ကောင်းကောင်းလေး တင်ပါဆိုပြီး အတင်းပြောလွန်းလို့ပါ။ ဒီGame လေး က အသက် 18နှစ်အထက်ယောက်ကျားလေးများသာ
Feb172014

ဂိမ်းဝါသနာပါသူများအတွက် သရဲတွေကို တိုက်ခိုက်ရတဲ့ဂိမ်း 448.54MB)

ဂိမ်းတွေကိုဆော့ကစားရတာ အရမ်းဝါသနာပါတဲ့သူတွေအတွက် သရဲတွေကိုနိုင်အောင်ပစ်ခတ်ရတဲ့ ဂိမ်းလေးပါပဲ ကျွန်တော်နေ့တိုင်းကစားတာ ဘယ်တော့မှပန်းတိုင်းကိုမရောက်ခဲ့ပါဘူး :P သူတို့ကအဖွဲ့လာတာ ကိုယ့်တစ်ယောက်ထဲ ပစ်ခတ်ရတာပါနောက်ပြီး လူတွေကိုအန္တရယ် ဘေးကနေကယ်ဆယ်နိုင်ရင် သွားရတာလမ်းကြောင်းလွယ်ပါတယ် အခက်အခဲလည်းသိပ်မရှိပါဘူးကဲသူငယ်ချင်းတို့ဂိမ်းကစားကြည့်ချင်တယ်
ဆိုရင်တော့အောက်မှာဒေါင်းယူသွားလိုက်ပါ 
ဂိမ်းပုံများ>>>>>>>>
Feb172014

လူစားလွန်း၍ ခွေးကို လူအစားကျွေးလိုက်ရတဲ့ ထိတ်လန့်ဖွယ် လူစားတဲ့ ဘီလူးမတံတား (ဖြစ်ရပ်မှန်)

 ကြောက်တတ်သူများ မဖတ်ရ

 ရခိုင်ပြည်နယ်၊စစ်တွေမြို့က "ဘီးလူးမတံတား"အကြောင်းလေးပါ.။

ဘီလူးမတံတားဆိုတာက တံတားအတိုလေးပါ ပဲ..။
ဒါပဲမဲ့ ဘီးလူးမတံတားဆိုတဲနာမည်အတိုင်း လူစားပါတယ်..။
တစ်နှစ်မှာလူနှစ်ယောက်ကအနည်းဆုံးကားတိုက်ပြီးသေကြတယ်။တံတားက ၄လမ်းသွားပါ။ဒါပဲမဲ့ ရန်ကုန်လိုအသွားတစ်ဖက်၊အပြန်တစ်ဖက်မဟုတ်ဘူး..၊

ကြိုက်သလိုသွားလိုရတယ် မခွဲထားဘူးပေါ့။ကားတိုက်မှုဖြစ်တော့မယ်ဆိုရင် ညရောက်ရင်
တံတားဖက်ကအသံနက်ကြီး နဲ့

"ဟေး.....ဟေး..... "

ဆိုပြီးဝမ်းသာသံလိုတစ်ခါ တစ်ခါ...

"ဟီးးးးးးးးးးးး.......အီးးးးးးးးးးးးး...အားးးးး"

ဆိုပြီးညည်းသံလိုလို တစ်မျိုး အော်သံတွေကြားရတယ်။
တံတားဖက်ကအော်သံတွေကြားရရင် မကြာဘူး လူသေတာပဲ။

Feb172014

ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ”ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း”ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

”တကယ့် ဒီမိုကရေစီနိုင်ငံတစ်ခု မှာဆိုရင် အဖွဲ့အစည်းအမျိုးမျိုးက မိမိတို့ သန်ရာကို လုပ်ပိုင်ခွင့် ရှိရမည်ဖြစ်သော် လည်း တစ်ယောက်တစ်ပေါက် လုပ်နေမယ် ဆိုလို့ရှိရင် အဲဒီဟာက ထိရောက်ချင်မှ ထိ ရောက်မှာ။ ကျွန်မတို့ တစ်ယောက်နဲ့တစ် ယောက်ဆက်သွယ်ပြီး ဘယ်လိုအတူလုပ် ကြမလဲဆိုတာ စဉ်းစားဖို့ပါပဲ။ အားလုံးက တစ်နေရာတည်းကို ကိုင်ထားလို့ မဖြစ်ပါ ဘူး။
Feb172014

စိတ်ထိခိုက်ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်

ဖြစ်ရပ်မှန်လေးပါ

ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ညားခါစ လင်မယားရဲ့ အမျိုးသားဟာ စစ်ပွဲထဲကို လိုက်သွားရပါတယ်။ မကြာပါဘူး ကောင်မလေးဟာ သူ့ယောက်ျားသေဆုံးသွားပြီဆိုတဲ့ စာကိုလက်ခံရရှိပါတယ်။ ပြီးတော့ စစ်ပွဲအတွင်းမှာပဲ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ကောင်မလေးဟာ အရွယ်ငယ်တဲ့အတွက် သူ့ကို နောက်အိမ်ထောင်ပြုဖို့တိုက်

တွန်းကြသလို နောက်အိမ်ထောင်ပြုမယ့် သူတွေရှိတာတောင်မှ မယူဘဲ ကလေးကို လုပ်ကျွေးပါတယ်။ စစ်ပွဲကာလအတွင်းမှာဆိုတော့ အစားအစာကလဲ ရှားပါးပြီးတော့ တစ်ခါတလေ သုံးရက်လောက် ထမင်းမစားရတာတွေလဲရှိပါတယ်။

Feb172014

မြန်မာပြည်က ရှားရှားပါးပါး လောင်းကစားကင်းမဲ့တဲ့မြို့

ကသာခရိုင်၊ကသာမြို့နယ်၊ ပြည်သာယာ ကျေးရွာအုပ်စုတွင် ပြည်သာယာကျေးရွာနှင့် အောင်ပုံကျေးရွာ (၂) ရွာရှိပါသည်။ အိမ်ထောင်စု (၅၇၂)စု နှင့်ကျား (၁၂၉၄) ဦး၊ မ(၁၄၈၉)ဦး စုစုပေါင်း (၂၇၈၃)ဦး နေထိုင်ကြသည်။ ဗမာ နှင့် ကချင်တိုင်းရင်းသား အများစု နေထိုင်ကြသည်။ တောင်သူလုပ်ငန်း အများစုလုပ်ကိုင်ပြီး အေးချမ်းစွာ နေထိုင်ကြသည်။ လောင်းကစား အနည်းပါးဆုံး၊ ကျေးရွာအုပ်စု ဖြစ်သည်။

ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ကျော်အောင်မြင့်က “ ပြည်သာယာကျေးရွာ အုပ်စုစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်တင့်သည် လူငယ်ဖြစ်သော်လည်း၊ ကော်မတီဝင်များ၏ ပါဝင် ကူညီမှု၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏ ကူညီမှုများကြောင့် ဒီကျေးရွာအုပ်စုဟာ လောင်းကစားနည်းပါးဆုံး ဖြစ်ကြောင်း၊ ဒါကြောင့်လည်း ဒီကျေးရွာအုပ်စုကို လောင်းကစားကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားပြီး လောင်းကစားကင်းမဲ့ဇုန် ဆိုင်းဘုတ်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စိုက်ထူခဲ့သည်။

Feb172014

ကြယ်စင်မော်ကွန်းမှ ဘုန်းကြီး လူထွက် ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ လူမင်း

ဗမာ့ တပ်မတော်ရဲ့ ဖြစ်တည် လာပုံနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ပုံရိပ်များကို ပုံဖော် ရိုက်ကူးထားတဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကားကြီးကို ရုံတင်ပြသရာ ပရိသတ်တွေ ရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကား မှာတော့ လူမင်းက ဘုန်းကြီး ဝတ်ဘဝ ကနေ မျိုးချစ်စိတ်ကြောင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA စတင်ဖွဲ့စည်းတာ ကိုသိရှိခဲ့ပြီး နောက် လူဝတ်လဲ ခဲ့ပြီး BIA တပ်မတော်ထဲ ကို ဝင်ရောက်ခဲ့ပါတယ်။ ဒီ့နောက် BIA ဖျက်သိမ်းပြီး BDA ပေါ်လာချိန် မှာပဲ BDA တပ်မတော်မှာ ထပ်မံ တာဝန်ထမ်း ဆောင်ခဲ့ပြန်ပါတယ်။
ဒီဇာတ်ကားမှာ ဘုန်းကြီး လူထွက်ပြီး နိုင်ငံအတွက် တာဝန် ထမ်းဆောင်သူ တစ်ယောက်အဖြစ် သရုပ်ဆောင်မှုကို ပရိသတ်တွေ ကြိုက်နှစ်သက် ခဲ့တာကြောင့် ရိုက်ကူး ခဲ့ပုံ နဲ့ပတ်သက်ပြီး လူမင်း ကိုမေးကြည့်ရာ ” အဲဒီ ဇာတ်ကောင် ကာရိုက်တာကိုက ကြိုက်တာ။
Feb172014

ယဉ်ကျေးမှုအခြေပြု ရုပ်သံဇာတ်လမ်းတွဲများအနုပညာဖန်တီးရိုက်ကူးခြင်းအပေါ် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်တို့အမြင်စကားသံများ

တစ်ချိန်က ဂျပန်နှင့်တရုတ် ရုပ်သံဇာတ်လမ်းတွဲများကြည့်ရှု၍ ယဉ်ကျေးမှုပေါင်းကူးမှုပြုလုပ်ခဲ့ကြသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲကြည့် ပရိသတ်များအား ယခုအခါ ကိုရီး ယားရုပ်သံဇာတ်လမ်းတွဲများအပေါ် ရူးသွပ်စွဲမက်စွာ အားပေးကြည့်ရှုကြပြီး ကိုရီးယားယဉ်ကျေးမှုအပေါ်မှာ တိမ်းညွတ်ပေါင်းကူးလာကြတာ တွေ့ရ သည်။ ထိုကဲ့သို့ ကိုရီးယားဇာတ်လမ်းတွဲများကိုသာ တစိုက်မတ်မတ်အားပေးကြည့်ရှုနေကြချိန်မှာ မြန်မာပရိသတ်များအတွက် အနုပညာခံစားမှုအလှည့်အပြောင်း ဖြစ်စေခဲ့သည်က The Sign of love ၊ ပန်းနုသွေး၊ ထာဝရမန္တလေး စသည့်မြန်မာရုပ်သံဇာတ်လမ်းတွဲများ ဖန်တီးရိုက်ကူးထုတ်လွှင့်ပြသမှုများရှိလာခြင်းနှင့်  ပရိသတ်အားပေး မှုတစ်ခဲနက်ရ ရှိပြီး အောင်မြင်မှုရရှိနေခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးမှုအပေါ် အနုပညာရှင်များ၏ အမြင် များကို မေးမြန်းဖြစ်ခဲ့ပါသည်။
►မေသန်းနု-
Feb172014

ဇာတ်လမ်းအတတ်ပညာ ဖန်တီးရိုက်ကူးပုံဖော်မှုအနုပညာနှင့် ဇာတ်လမ်းတွဲများ၏အနှစ်သာရ

ယခုအခါ မြန်မာပြည်မှာ မြန်မာရုပ်သံဇာတ်လမ်းတွဲများရိုက်ကူးမှုများပြားလာသလို ရုပ်သံများ ကနေ ထုတ်လွှင့်ပြသမှုများတည်ရှိလာခဲ့ပြီး မြန်မာပရိသတ်တို့၏ တစ်ခဲ နက်နှစ်ခြိုက်အားပေးကြည့်ရှု မှုခံရကာ အောင်မြင်မှုရရှိနေတာ တွေ့ရှိရသည်။ ဇာတ်လမ်းအတတ်ပညာ၊ ဖန်တီးမှုအနုပညာအား ကောင်း၍ စွဲဆောင်မှုရှိလှသည့် ဇာတ် အိမ်တို့ကြောင့် တရုတ်၊ ဂျပန်၊ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ ကို လည်း မြန်မာပရိသတ်တို့က အရူးအမူးစွဲလန်းနှစ်ခြိုက်စွာ အားပေးကြည့်ရှုခဲ့ကြတာ တွေ့ရသည်။ ထို့ ကြောင့် ရုပ်သံဇာတ်လမ်းတွဲများ၏ ဇာတ်လမ်းအတတ်ပညာ၊ အနုပညာအရည်အသွေးနှင့် စွဲဆောင်မှု ရှိလှသော အနုပညာဖန်တီးရိုက်ကူးမှုတို့အပေါ် အနုပညာရှင်တို့ အမြင်သဘောထားများကို မေးမြန်း ဖြစ်ခဲ့ပါသည်။
►နေတိုး-
“ဇာတ်လမ်းတွဲတွေ ခေတ်စား လာတာက ပြောင်းလဲနေတဲ့အရာထဲက တစ်ခုပေါ့။ ဇာတ် လမ်းတွဲပဲရိုက် ရိုက်၊ တစ်ကားချင်းပဲရိုက်ရိုက် အဓိကက ပရိသတ်ကို အကောင်း ဆုံး ဖျော်ဖြေ တင်ဆက်နိုင်ဖို့။ ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ အနုပညာတစ်ရပ် ဖန်တီးနိုင်ဖို့ပဲ။
Feb172014

ဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင်ပဲ စီစဉ်ဖြစ်တယ်လို့ ပြောတဲ့ မိစန္ဒီ

ဗီစီဒီထဲမှာရော၊ ပွဲတက်ဖက်ရှင်တွေမှာပါ အလန်းစား တွေ့လာရတဲ့ မိစန္ဒီကို သူမရဲ့ဖက်ရှင်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ‘ဖက်ရှင်က ပေါ့ပေါ့ပါးပါးပဲ များပါတယ်။ တီရှပ်နဲ့ရှပ်အကျီင်္လေးတွေ ၀တ်ဖြစ်မယ်။ မိစန္ဒီ နောက်ပိုင်း အကွက်လေးတွေ ပိုဝတ်ဖြစ်မယ်။ ကာလာကတော့ အပူသက်သာတဲ့ဟာမျိုးပေါ့။ မိစန္ဒီက အသားရောင်တို့၊ အနီရောင်တို့ကို ပိုကြိုက်တယ်။ အဲဒါလေးတွေ ပိုဝတ်ဖြစ်မှာပါ။ အင်တာနက်ကနေ ဖက်ရှင်နဲ့ ပတ်သက်တာတွေ လေ့လာတယ်။ ဖေ့စ်ဘွခ်မှာလဲ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေ၊ ကိုယ်ကြိုက်တဲ့ စာမျက်နှာတွေကို LIKE လုပ်ထားတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာလဲ လေ့လာတယ်။ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အရင်ကလို ခေတ်နောက်မကျကြတော့ဘူး။ နေရာတိုင်းမှာ လေ့လာလို့ရနေပြီလေ။ ပွင့်လင်းလာတဲ့ ခေတ်ဆိုတော့လေ။ ဒီနိုင်ငံက မဂ္ဂဇင်းတွေတောင် အရမ်းခေတ်မီလာပြီလေ။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင် စီစဉ်တာများတယ်။ အမေတို့အစ်မတို့လဲ အကြံပေးတယ်။ မြန်မာအကျီ်နဲ့ ပတ်သတ်ရင် ဘာမှနားမလည်လို့အမေတို့ညီမတို့ စီစဉ်ပေးတာများတယ်။ ၀ယ်ဖြစ်တဲ့ဆိုင်တွေက QUEEN COLLECTION ၊ TOO COOL ၊ SISTERတို့မှာဝယ်ဖြစ်တယ်။ ဒီဇိုင်နာက မပုံ့တို့၊ မဂျိုကာတို့နဲ့ချုပ်ဖြစ်တယ်။

ခင်ဆွေသက်/ By Trend Myanmar
Feb172014

အသီးအရွက်များများစားပြီး ရေများများသောက်ရင် နေပူတဲ့ဒဏ်ကို ခံနိုင်တယ်လို့ဆိုတဲ့ အိချောပို

အနုပညာခြေလှမ်းတွေ စိပ်နေတဲ့ သရုပ်ဆောင် အိချောပိုကတော့ နွေရာသီရောက်တော့မှာမို့ သူမရဲ့ နွေရာသီနဲ့ ပတ်သက်တဲ့ ဖီလင်တစ်ချို့နဲ့ အသားအရေ ထိန်းသိမ်းမှုအကြောင်းကို ခုလို ဖွင့်ဟပါတယ်။ ‘အသားအရေထိန်းသိမ်းမှုအပိုင်းကို ပြောရမယ်ဆိုရင် ချောတို့က နေပူနဲ့အမြဲထိတွေ့နေရတာဆိုတော့ Scrubတို့၊ BodySpaတို့ အမြဲတမ်း သွားလုပ်ဖြစ်တယ်။ အမြဲတမ်းလည်း နေကိုထိနေရတော့ တစ်ခါတစ်လေဆိုလည်း အသားအရေ မည်းသွားတာလည်း မြန်တယ်။ အဲဒီတော့ အတတ်နိုင်ဆုံးတော့ အသားအရေကိုဂရုစိုက်တယ်။ ရေများများသောက်တယ်။ အသီးအနှံများများ စားတယ်။ ရေသောက်ရင် အသားအရေကြည်တာပေါ့။ နောက်ပြီးတော့ အသီးအရွက်များများစား၊ ရေများများသောက်ရင် ဒီနေပူတဲ့ဒဏ်ကိုလည်း ခံနိုင်တာပေါ့။ နွေရာသီနဲ့ ပတ်သက်ပြီး အမှတ်တရ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ နွေရာသီကျောင်းပိတ်ရင် ခရီးတွေသွားကြတာပေါ့။ အဲဒီလိုမျိုး ပျော်ဖို့ကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ နွေရာသီရောက်ပေမယ့်လို့ ခရီးသွားဖြစ်တာတွေ မရှိတော့ပါဘူး။ အနုပညာအလုပ်တွေပဲလုပ်ဖြစ်နေပါတယ်’လို့ သူမက ဖွင့်ဟသွားခဲ့ပါတယ်။    

စန္ဒီ /      By Trend Myanmar                               
Feb172014

ပူးတွဲလေယာဉ်မှူး Ethiopia လေယာဉ် အပိုင်စီး

Italy နိုင်ငံ ရောမမြို့ကို ဦးတည်ပျံသန်းလာတဲ့ Ethiopian လေကြောင်း ပိုင် လေယာဉ်ကို ပြန်ပေးဆွဲလာတဲ့ ပူးတွဲ လေယာဉ်မှူးဟာ Geneva မြို့မှာ လေယာဉ်ကို ချောချောမောမော ဆင်းပေးလိုက်ပြီး သူ့ကိုတော့ အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ အသက် ၃၀ ဝန်းကျင် ပူးတွဲ လေယာဉ်မှူးဟာ လေယာဉ်မှူး အိမ်သာဝင်နေတုံး လေယာဉ် ဦးခန်းကို အတွင်းကသော့ပိတ်ထားလိုက်ပြီး Boeing 767 လေယာဉ်ကို ထိန်းချုပ်ထားလိုက်တာပါ။

Geneva မြို့မှာ လေယာဉ်ဆိုက်ရောက်တော့ အဲဒီ ပူးတွဲလေယာဉ်မှူး ဟာ ခေါင်းခန်းထဲကနေ ကြိုးနဲ့တွယ်ဆင်းပြီး အာဏာပိုင်တွေဆီမှာ အဖမ်းခံလိုက်ပြီး သူဟာအရင်က ပင်လယ်ဓားပြဖြစ်လို့ သူ့နိုင်ငံမှာ အရေးယူခံရမယ့်ကိန်း ရှိတာကြောင့် Switzerland နိုင်ငံမှာ ခိုလှုံခွင့်တောင်းပါတယ်လို့ ပြောကြောင်း swiss အရာရှိတွေက ဆိုပါတယ်။ သူ့ကို ဘယ်လိုအရေးယူမလဲဆိုတာတော့ ချက်ချင်း သေချာမသိရသေးပါဘူး။
Feb172014

နိုင်ဂျီးရီးယား မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သတ်မှုဖြစ်

နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက် ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။

စုစုပေါင်း ၁၀၆ယောက်သေတယ်လို့ လွှတ်တော်အမတ် Mohammad Ali Ndume ကဘီဘီစီ ကိုပြော ပါတယ်။
လွန်ခဲ့တဲ့ ၄ရက်ကလည်း ဘိုကို ဟာရမ်တွေရဲ့ လက်ချက်နဲ့ အခြားတိုက်ခိုက်မှုမှာ လူပေါင်း၃၉ယောက် သေ ဆုံးခဲ့ ပါတယ်။
နိုင်ဂျီးရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အစိုးရ စစ်တပ်က နေရာတကာ မရောက်နိုင်ဘဲ အစ္စလမ် လက်နက်ကိုင်တွေကတော့ တနေရာနဲ့တနေလျာ ရွှေ့ပြောင်းနေတာလို့ ဘီဘီစီကို ပြောပါတယ်။ စစ်သွေးကြွတွေရဲ့ စခန်းတွေ ဖျက်ဆီးခံလိုက်ရလို့ သူတို့ဖက်က အခြေအနေ အတော်ဆိုးနေတာလို့လည်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
Feb172014

နီပေါတွင် လူ ၁၈ ဦးပါ ခရီးသည်တင် လေယာဉ် တစ်စီး ထွက်ခွာပြီး ၁၅ မိနစ် အကြာတွင် ပျောက်ဆုံး

ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄ ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော ဒေသတစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့် အကွာတွင် တည်ရှိသည်။
Feb172014

ထိုင်း လယ်သမားတွေ ဝန်ကြီးချုပ်ရုံးကို ပိတ်ဆို့

ထိုင်းနိုင်ငံမှာ အစဉ်အလာ အားဖြင့် အစိုးရကို ထောက်ခံ ခဲ့ကြတဲ့ ရာနဲ့ချီတဲ့ လယ်သမား တွေဟာ အစိုးရကို ဖိအား ပိုတိုးပေးတဲ့ အနေနဲ့ ယာယီ ဝန်ကြီးချုပ်ရုံး ဝန်းကျင်က အတား အဆီး တွေကို ဖယ်ရှားပြီး အဆောက်အဦကို ဝိုင်းရံ ပိတ်ဆို့ ထားကြပါတယ်။

မနှစ်က လယ်သမားတွေဆီက အစိုးရက ဝယ်ယူခဲ့တဲ့ စပါးဖိုး ကြွေးတွေ ပြန်ပေးဖို့ နှောင့်နှေး နေတဲ့ အတွက် လယ်သမားတွေ ဒေါသထွက် နေကြတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက နိုင်ငံ အရှေ့မြောက်ပိုင်းမှာ စပါးတွေကို ဈေးကွက် ပေါက်ဈေးထက် ပိုပေးပြီး ဝယ်ယူမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ကျေးလက်ဒေသက လူတွေရဲ့ ထောက်ခံမှု အခိုင်အမာ ရရှိအောင် ကြိုးပမ်းခဲ့တာ ဖြစ် ပါတယ်။

Feb172014

သမီးလေးရွာခံများကို တပ်သားစုဆောင်းလို၍ ခေါ်ယူခြင်းမဟုတ်ဟု DKBA တုံ့ပြန်

ပဲခူးတိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ ဒေသခံများကို DKBA ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ခြင်းမှာ လူသားချင်းစာနာစိတ်သက်သက်ဖြင့် ကူညီခြင်းသာဖြစ်ပြီး တပ်သားစုဆောင်းခြင်းမဟုတ်ဟု လွတ်လပ်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်(DKBA)မှ ဗိုလ်ကြီး စောစိုးမြင့်က ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြား လိုက်သည်။

အဆိုပါ သမီးကလေးကျေးရွာ ဒုက္ခသည်ဒေသခံများအား ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ပဲခူးတိုင်းအတွင်းမှ ထွက်ခွာပေးရန် သက်ဆိုင်ရာက ထုတ်ပြန်ထားပြီး ထို့သို့ ထွက်ခွာပေးရ၍ နေရာထိုင်းခင်း အဆင်မပြေပါက ကရင်ပြည်နယ် အတွင်းရှိ ၎င်းတို့၏ ထိမ်းချုပ်နယ်မြေများ၌ လာရောက်နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဟု DKBA တပ်ဖွဲ့ဗျူဟာမှူး ဗိုလ်မှူး စောဆန်းအောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြေကြားခဲ့ပြီးနောက် DKBAက တပ်သားသစ်စုဆောင်းလို၍ ခေါ်ဆောင်ခြင်း ဖြစ်သည်ဟု ဝေဖန်သံများလည်းကြားလာရသည်။
Feb172014

စေတန်ဘာသာ ယုံကြည်သက်ဝင်ပြီး ၁၃နှစ်ကတည်းက လူသတ်လာတဲ့ မိန်းကလေး

အင်တာနက်ကတဆင့် လူသတ်တယ်လို့ စွပ်စွဲခံရသူ၊ ၁၉နှစ်အရွယ် မိန်းကလေးဟာ လူသတ်မှု ၂၂ခု ပြုလုပ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒါဟာ ရူးဖွယ်ဖြစ်ပြီး ကြောက်စရာပါ။  ဖြစ်လည်းဖြစ် နိုင်ပါတယ်။  ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ကိုအွန်လိုင်းကတဆင့် လိင်ကိစ္စအတွက်ငှားရမ်းခဲ့သူ လူကြီးကို သတ်ခဲ့တဲ့ အပြင် နောက်ထပ် လူတော်တော်များများကို သတ်ခဲ့တယ်။ သူမပြောပုံက “လူသတ်တာ ၂၂ယောက်ပြည့်တော့ နောက်ထပ် မှတ်မထားတော့ဘူး။” တဲ့။ သူမဟာ အသက် ၁၃နှစ်ကစ စေတန်ဘာသာကို ယုံကြည်သက်ဝင်ခဲ့ပြီး လူတွေ စသတ်ခဲ့တာဖြစ်ပါတယ်။

သူမအမည်ကတော့ Miranda Barbourပါ။ Pennsylvania ပြည်နယ်အကျဉ်းထောင်မှာ လောလောဆယ် သူမရှိပါတယ်။ Troy LaFerrara ဆိုတဲ့ လူကြီးကို ဓားနဲ့ အချက်၂၀ ထိုးသတ်ခဲ့တဲ့ အမှုအတွက် အမိန့်ချမှုကို စောင့်ဆိုင်းနေပါတယ်။ သူမက ၁၆နှစ်ပဲရှိသေးတယ်ဆိုပြီး စမ်းသပ်လိုက်တော့ အဲ့ဒီ့လူက အလျှော့မပေးဘဲ လိင်အကြမ်းဖက်တဲ့အတွက် သတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Feb172014

ထန်းဂွမြောက်ရွာမှ ခိုးယူခံခဲ့ရသည့် ဗုဒ္ဓရုပ်ပွားတော် ထူးခြားအံ့သြဖွယ် ဖြစ်စဉ်များဖြင့် ပြန်လည်ပင့် ဆောင်နိုင်

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ထန်းဂွမြောက်ရွာ အလယ်ကျောင်းတွင် ကိုးကွယ်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူသည် မသမာသူများ ခိုးယူသွားခဲ့သော်လည်း အံ့သြဖွယ် ဖြစ်စဉ်၊ ဖြစ်ရပ်များနှင့် မူလကိုးကွယ်ရာ ထန်းဂွမြောက်ရွာအလယ် ကျောင်းတိုက် သို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ကြောင်း ထန်းဂွမြောက်ရွာ အလယ်ကျောင်းတိုက် ဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ကိုးကွယ် ထားသည်မှာ နှစ်ပေါင်း နှစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ထန်းဂွရွာသူ၊ ရွာသားများက ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မှ လက်ညှိုးတော်အား ဖြတ်တောက် ခိုးယူခြင်း ခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်ည လေကြီးမိုးကြီး တိုက်ခတ်နေချိန်တွင် မသမာသူများက ဗုဒ္ဓရုပ်ပွားတော် ၏ ခြေထောက်အောက်ခြေမှ ဖြတ်တောက် ခိုးယူခဲ့ကြသည်။ ထိုသို့ခိုးယူ ခံခဲ့ရပြီး လေးလကျော်အကြာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က ထန်းဂွမြောက်ရွာ အလယ်ကျောင်း ဆရာတော်နှင့် ရွာသူ၊ ရွာသားများက မွန်ပြည်နယ် ကော့ကရိတ်မြို့မှ ပြန်လည် ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Feb172014

ပင်နယ်တီနှစ်လုံးပေးရပြီး ဇွဲကပင်အသင်းပိုင်ရှင် ကွင်းလယ်ဒိုင်အား ကွင်းထဲဆင်းပြီး ပါးရိုက်

၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် -၃ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်မြို့၊ အောင်ဆန်း ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်နှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ဇွဲကပင်အသင်း က ပင်နယ်တီနှစ်ဂိုး ပေးရကာ ရတနာပုံအသင်း အား ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအား မကျေနပ် ၍ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပွဲအပြီးတွင် ပါးရိုက် ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ၍ ဒိုင်ကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးသို့ စာတင်သွားမည်ဖြစ်ပြီး ဒိုင်လူကြီး၏ ဆုံးဖြတ် ချက်မှာ မှန်ကန်ကြောင်း ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားသွားခဲ့သည်။ ထို့ နောက် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ကလည်း ယင်းဖြစ်ရပ်မှာ မကြုံဘူးကြောင်းနှင့် စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ချမှတ်ရာတွင် လည်း ယင်းကဲ့သို့ ဥပဒေမရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။
Feb172014

နံပါတ်ပြားတွင် အမည်တပ်စီးနင်းသည့် စည်းကမ်းမဲ့ယာဉ်ကို အရေးယူမည်

ရန်ကုန်မြို့တွင် ယာဉ်နံပါတ်ပြား၌ သတ်မှတ်နံပါတ် မပါရှိဘဲ လူတစ်ဦး၏ အမည်ကို တပ်ဆင်စီးနင်းနေသည့် စည်းကမ်းမဲ့ မော်တော်ယာဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ အကြောင်းကြား အရေးယူစေမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဗဟန်းမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ချက်ထရီယမ် ဟိုတယ်အနီး ဖွင့်လှစ်ထားသော Café Liberal ဆိုင်ရှေ့တွင် ရပ်နားထားသည့် အဆိုပါ စည်းကမ်းမဲ့ ယာဉ်၏ ဓာတ်ပုံကို ‘စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ’ ဆိုသည့် Facebook စာမျက်နှာတွင် ဖော်ပြထားရာက တစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်နှင့် နိုင်ငံတော်သမ္မတရုံးတို့ထံ ရောက်ရှိပြီး ယင်းသို့အရေးယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုခြင်း ဖြစ်သည်။

Feb172014

မော်လမြိုင် - သံဖြူဇရပ်လမ်း ကားနှင့်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ နှစ်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက် တိုက်နယ်၊ ကလော့သော့ ကျေးရွာနှင့် ဖယ်ဒိုကျေးရွာ အကြားရှိ မော်လမြိုင် သံဖြူဇရပ် လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က ဘုရားဖူး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် နှစ်စီးတို့ မျက်နှာချင်း ဆိုင်တိုက်မိမှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဆေးရုံတင်ထားရကြောင်း ကမာဝက် တိုက်နယ်ရဲစခန်း စခန်းမှူးရဲအုပ် စိုးမင်းလတ်က ပြောကြားသည်။

သံဖြူဇရပ် ဘက်မှလာသည့် ဘုရားဖူး မော်တော်ယာဉ် လိုက်ထရပ်ကား အဖြူရောင်နှင့် (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို လှည့်လည်ကြည့်ရှုရန် မုဒုံဘက်မှလာသည့် ဆိုင်ကယ်နှစ်စီးတို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ရာ Wave-X 125 ဆိုင်ကယ်မှ အသက် ၁၅ နှစ်အရွယ် အောင်သိုက်နှင့် အသက် ၁၃ နှစ်အရွယ် အောင်ချမ်းတို့ ညီအစ်ကိုနှစ်ဦး မုဒုံဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
Feb172014

အမျိုးသမီးနှစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ထပ်မံဖြစ်ပွား

ရန်ကုန်၊ မဇ္ဈိမ။  ။ အမျိုးသမီး တစ်ဦး ခေတ္တကွဲနေသည့် ခင်းပွန်း ဖြစ်သူထံ ကလေး သွားရောက် ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံ လိုက်ရသည့် ဖြစ်စဉ်နည်းတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက် ခေါ်ဆောင်သည့် အမျိုးသမီးနှင့် သူငယ်ချင်း တစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် လိုက်သည်။

ဖြစ်စဉ်တွင် မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေ မခင်မြတ်မွန်သည် သူငယ်ချင်းဖြစ်သူ မခင်ဝေဝေလွင်နှင့်အတူ ခင်ပွန်း ဖြစ်သူထံ ကလေးသွားရောက်ခေါ်ယူစဉ် မခင်မြတ်မွန်၏ ခင်ပွန်းက အက်ဆစ်ဖြင့် ပက်လိုက်ခြင်းဖြစ်သည်။

မခင်မြတ်မွန်သည် ခင်ပွန်းဖြစ်သူ ဝဏ္ဏထွန်း (စုံစမ်းဆဲ)က ကလေးပေးမည်ဟု ပြောဆိုသဖြင့် လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်ရှိ ခင်ပွန်းဖြစ်သူ နေအိမ်သို့ သွားရောက်စဉ် အက်စစ်ဖြင့် အပတ်ခံလိုက်ရသည်ဟုလည်း ရဲစခန်းတွင် အမှုဖွင့်ရာ၌ ထွက်ဆိုထားကြသည်။
Feb172014

မှော်ဘီ လက်နက်တိုက် ဖောက်ထွင်းမှု သံသယရှိသူကို ဖမ်းမိ

မှော်ဘီမြို့နယ်၊ အမှတ် (၅၀၁၀) တင့်ကားတပ်ရှိ လက်နက်တိုက် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဖမ်းမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မှော်ဘီမြို့မ ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တင့်ကားတပ်တွင်းရှိ ဌာနချုပ် တပ်ခွဲလက်နက်တိုက်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ဖောက်ထွင်း ခံရမှုကြောင့် MA-13၊ M1 အမျိုးအစား သေနတ်နှစ်လက် (သေနတ်နံပါတ် ဂျီ-၁၃၁၃၉ နှင့် ဂျီ-၀၂၈၅၀)၊ ကျည် ၉ မမ ယမ်းအပြင်း ကျည်တောင့် ၅၀၀ နှင့် MA-13 ကျည်ကတ်ငါးခုတို့ ပျောက်ဆုံးခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
Feb172014

မှော်ဘီတွင် အမျိုးသားတစ်ဦး နွားလှည်းကြိတ်မိ၍ သေဆုံး

ရန်ကုန်၊ မဇ္ဈိမ။ ။ မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး နွားလှည်းကြိတ်မိပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က
ဖြစ်ပွားသဖြင့် မှော်ဘီမြို့နယ် မြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေသည်။
လူတစ်ဦး နွားလှည်းကြိတ်မိ၍ ဆေးရုံသို့ သေဆုံးရောက်ရှိနေသည်ကို ညနေ ၅နာရီ ၂၀ မိနစ်အချိန် သတင်းအရ မြို့နယ်စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဆေးရုံတွင် ကျောကုန်း၊ ရင်ဘက်တို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိသေဆုံးနေသူမှာ နှောကန်းကျေးရွာအုပ်စု၊ စွယ်တော်ကုန်းကျေးရွာနေ ဦးတင်ငွေ (၃၅)နှစ်ဖြစ်သည်ဟု အတည်ပြုထားသည်။
သေဆုံးသူသည် မွန်းလွန် ၃နာရီက စပါး (၁၈)တင်း တင်ဆောင်ထားသည့် နွားလှည်းနှင့်အတူ ကိုယ်တိုင်မောင်းနှင်ပြီး စပါးကြိတ်ရန် ဦးကျော်အောင် ဆန်စက်သို့ သွားရောက်ခဲ့သည်ဟု ကနဦးအရ သိရှိထားသည်။
Feb172014

ဘုရားပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်သောက် သေကြောင်းကြံ

ရန်ကုန်၊ မဇ္ဈိမ။                     ။ တွံတေးမြို့နယ်ရှိ ဘုရားကြီးစေတီ၊ ရင်ပြင်ပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ဘာမီတွန်ဆေးပြား ၄ဝ သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။
ယင်းနေ့ ည ၉နာရီက တွံတေးရဲစခန်းက တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်ဆေးပြားများသောက်၍ ကော့မှူး ဆေးရုံသို့ ရောက်ရှိနေစဉ် သွားရောက်စစ်ဆေးခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် သေကြောင်းကြံစည်သူမှာ ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု၊ ဘောလုံကွင်းကျေးရွာနေသည့် မဇင်နွယ်ဝင်း (၂ဝ)နှစ်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB