သင်္ကြန် ကိုတော့ ခရီးသွားဖြစ်ချင်
သွားဖြစ်မှာဖြစ်ပြီး မသွားဖြစ်ရင်တော့ ရန်ကုန်မှာပဲ ရိပ်သာ ဝင်ဖြစ်မယ်လို့
သိရပါတယ်။ သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက် ကိုမေးတော့ ခင်ဝင့်ဝါက
“အနုပညာသမား မဖြစ်ခင်က သင်္ကြန်ဆိုရင် အိမ်မှာ ပဲနေတယ်။ ကလေးဘဝ တုန်းကတော့
ရေကစားဖူးတယ်။ ရှစ်တန်း၊ ကိုးတန်းလောက် တုန်း ကတော့ သင်္ကြန် ဆိုရင်
လျှောက်လည်တယ်။ အဒေါ်တွေနဲ့ မုန့်တွေ လုပ်တယ်။
စတုဒိသာကျွေးတယ်။ ဆယ်တန်း
ဖြေပြီးပြီးချင်းမှာ မယ်သီလရှင် ဝတ်တယ်။ အဲ ဒီနောက်ပိုင်း သင်္ကြန်နဲ့
ထိတွေ့တာ နည်း လာတယ်။ သင်္ကြန်ဆိုရင် အိမ်မှာနေတာ များ တယ်။ အပြင်
သိပ်မထွက်ဖြစ်ဘူး။ နောက်ပိုင်းတော့ သင်္ကြန် ဆိုတာ ဒီအတိုင်းပဲ။ ခါတိုင်း
ရက်တွေလိုပဲ ဖြစ်လာတယ်။ သင်္ကြန်မှာ ရေပက်တာတော့ ကြိုက်ပါတယ်။ အိမ်မှာနေတဲ့
အခါကျရင် Sky Net ကနေ Live တွေ လာတယ်။ အဲဒါတွေ ကြည့်ပြီး ကိုယ်လည်း
ရေစိုချင်တယ်။ အပြင် ထွက်ရမှာလည်း ကြောက်တယ်။ သင်္ကြန် ကတော့ ပျော်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ ဆယ့်နှစ်လ ရာသီပွဲထဲက တစ်ပွဲပဲလေ။ ဒါပေမဲ့ သင်္ကြန်က
ညီမ အတွက် သိပ်ပြီး မထူးဆန်းဘူး” လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊/popularmyanmar

No comments:
Post a Comment