Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တရားမ၀င်သယ်ဆောင်လာသည့်ရွှေတုံးများ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ဖမ်းမိ


နေပြည်တော်၊ မတ် ၃၁

၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ်စဉ် MH-၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့် အိနိ္ဒယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရေးအဖွဲ့မှ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ်

အိတ်အတွင်းမှ တိပ်အနက်ရောင်ဖြင့်ပိတ်၍ ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ပိတ်ထားသော (၁)တုံးလျှင်(၁၀)ကျပ်သားခန့်စီရှိ ရွှေတုံး(၂၀)တုံး၊ အလေးချိန်(၂၀၀)ကျပ်သားခန့်၊

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူအား ခရီးသည်မှ ၀က်အူလှည့်ဖြင့်ထိုးခဲ့၍ ဒဏ်ရာရ

၃၀.၃.၂၀၁၄ ရက်နေ့ ၁၉၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ ပြည်တော်သာ
ရပ်ကွက်နေ ဦးထွန်းတင်အောင်သည် လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာ
ရပ်ကွက်၊ သီတာအေးတိုးချဲ့၊ ငြိမ်းချမ်းဖြိုး လမ်းကြားတွင် တူဖြစ်သူ ဆိုင်ကယ်ကယ်ရီမောင်း သက်ပိုင်ဦး ကို ခရီးသည်မှ ၀က်အူလှည့်ဖြင့် ထိုးသွားကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ သက်ပိုင်ဦးတွင် ယာနံရိုးဘေးထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲ/ယာလက်မောင်းများ၌ ထိုးသွင်း
ဒဏ်ရာ(၁)ချက်စီတို့ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူခဲ့ရ
ပါသည်။

ဖြစ်စဉ်အားမေးမြန်းရာ တူဖြစ်သူ သက်ပိုင်ဦးသည် လှည်းကူးတာဆုံရှိ
ကယ်ရီဂိတ်တွင်ရှိနေစဉ် ၎င်း၏ဆိုင်ကယ်ကို အမျိုးသားတစ်ဦးမှ
အောင်မင်္ဂလာရပ်ကွက်၊ သီတာအေးတိုးချဲ့၊ ငြိမ်းချမ်းဖြိုး လမ်းကြားသို့
ငှားရမ်းသဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ အဆိုပါလမ်းကြားအရောက် လူပြတ်

ပြည်သူ့ရင်ပြင်အတွင်း၌ ရိုက်နှက်ကာ ဆွဲကြိုးလုယူသွားသူကို ဖေါ်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၃၁

၃၀.၃.၂၀၁၄ရက်နေ့ ၂၀၃၀အချိန် မရမ်းကုန်းမြို့နယ်နေ ဦးသန်းဦးသည် ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ ငါးမွေးမြူ ရေး
ကန်အနီး၌ ၎င်းဖွင့်ထားသော ငါးစာဆိုင်ရှေ့၌ ရှိနေစဉ် အမျိုးသား(၁)ဦး
ရောက်ရှိလာပြီး ၎င်းအားတုတ်ဖြင့် (၇)ချက်ခန့်ရိုက်နှက်ခဲ့၍ လဲကျသွားခဲ့
ကြောင်း၊ ထိုသို့လဲကျစဉ် ၎င်း၏လည်ပင်းတွင်ဆွဲထားသော အလေးချိန်
(၁)ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုး (၁)ကုံး၊ ကာလတန်ဘိုးငွေကျပ်(၁၀)သိန်း
ခန့်ကို ၎င်းအမျိုးသားမှ ဖြုတ်ယူထွက်ပြေးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသဖြင့် ၎င်း၌ ဦးခေါင်းဝဲဘက်ချိုစောင်းနှင့် နဖူးထိပ်
တို့တွင် ပေါက်ပြဲသွေးထွက်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး
တွင်ဆေးဝါးကုသမှုခံယူခဲ့ရကြောင်းနှင့် ယင်းသို့ ပြစ်မှုကျူးလွန်သူကို စုံစမ်းအရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ယူကရိန်းနယ်စပ်က ရုရှားတပ်တချို့ပြန်ရုပ်

                                                                                   ခရိုင်းမီးယားဒေသအတွင်း ရုရှားနိုင်ငံတော်အလံနဲ့ ရုရှားစစ်သား

 ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနယ်စပ်က တပ်တချို့ကို တနင်္လာနေ့မှ စပြီးပြန်ဆုတ်နေပါတယ်။ ရုရှားအနေနဲ့ မကြာခင်က သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသကို ဝန်ကြီးချုပ်စေလွှတ်ပြီး ကျယ်ပြန့်တဲ့စီးပွားရေးချောင်လည်မှု ကတိတွေသွားပေးချိန်မှာ ခုလိုတပ်တချို့ ရုပ်သိမ်းခဲ့တာပါ။

ဒီတပ်ဆုတ်မှု အသေးစိတ် ရှင်းရှင်းလင်းလင်း မဖြစ်သေးပေမဲ့ ရုရှားနဲ့ယူကရိန်း နှစ်ဘက်လုံးက အရာရှိတွေကတော့ တင်းမာတဲ့နယ်စပ်နေရာတွေကနေ တပ်တချို့ ပြန်ရုပ်ခဲ့တာကိုတော့ အတည်ပြုပေးခဲ့ကြပါတယ်။

ရုရှားဘက်ကတော့ ဒီတပ်ဆုတ်မှုမှာ အင်အား ၅၀၀ ကနေ ၇၀၀ အထိရှိတဲ့ တပ်ရင်းတခုကို ဆုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ ရုရှားအနေနဲ့ တပ်အင်အား စုစုပေါင်း ၄ သောာင်း

KIO ထိန်းချုပ်မြေမှာ သူတို့ခွင့်ပြုမှ သန်းခေါင်စာရင်းကောက်မည်

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကေအိုင်အို ထိန်းချုပ်နယ်မြေက ကျေးရွာတွေမှာ ကေအိုင်အိုက ခွင့်ပြုမှသာ ကောက်ခံဖို့ သန်းခေါင်စာရင်း ၀န်ထမ်းတွေကို ညွှန်ကြား ထားကြောင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ပြောပါတယ်။

ကေအိုင်အို အဖွဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ ကျေးရွာတွေ သန်းခေါင်စာရင်း ကောက်ခံမှု အခြေအနေနဲ့ ပတ်သက်ပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက အခုလို ပြောပါတယ်။

"ကချင်ပြည်နယ်ဘက်မှာ ကောက်လို့ရတဲ့ အတိုင်းအတာအထိ ကောက်ပါတယ်၊ ကေအိုင်အေ ထိန်းချုပ်နယ်မြေ ကနေပြီးတော့ မကောက်ပါနဲ့လို့ သူတို့ဟန့်တား လာတယ်ဆိုရင်တော့ ကျမတို့ဘက်က ဆရာမတွေက အခြေအနေ အတိုင်းအတာတစ်ခုအထိ စောင့်ပြီးတော့ ကြည့်နေပါတယ်၊

ဘူးသီးတောင်-မောင်တော သန်းခေါင်စာရင်း ကောက်ယူမှု အခက်အခဲရှိ

                                   ရခိုင်ပြည်နယ်။ စစ်တွေမြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူစဉ် လိုအပ်တဲ့အချက်အလက်များကို မေးမြန်းပြီး သတ်မှတ်ထားတဲ့ 
                                                                                        ပုံစံစာရွက်အတွင်း ဖြည့်သွင်းနေစဉ်။ (မတ် ၃၀၊ ၂၀၁၄)

 ရခိုင်ပြည်နယ်အတွင်း  သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့် မပြုတာကြောင့် ဘူးသီးတောင်၊ မောင်တောဒေသ အတွင်းက ကျေးရွာအများစုမှာ သန်းခေါင်စာရင်း ကောက်ယူ လို့မရ ဖြစ်နေပါတယ်။ သန်းခေါင်စာရင်း ကောက်ယူတာကို ဒီလို ငြင်းဆန်တာတွေရှိပေမဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ မောင်တောခရိုင်ရဲမှူးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နှစ် ၃၀ ကာလမှာ ပထမဆုံး အကြိမ်အဖြစ် သန်းခေါင်စာရင်း ပြန်လည် ကောက်ယူတာတွေကို ဒီလ ၃၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းကောက်ယူခွင့်မပြုကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူ

ကယားပြည်နယ်အစိုးရက ထိုင်း-မြန်မာနယ်စပ် ကရင်နီစစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် အဲဒီ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ခံဖို့ မဖြစ်နိုင်သေးဘူးလို့ KNPP ဒုတိယဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။

ရာသီဥတု အပြောင်းအလဲကြောင့် ဆိုးကျိုးတွေ ကြုံနေ

                                                                           ကာဘွန်ထုတ်လုပ်မှုကို အမြန်ဆုံး လျှော့ချဖို့ လိုအပ်  

လူသားတွေဟာ ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေရကြောင်း အထောက်အထားတွေ အများကြီး တွေ့ရတယ်လို့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို အရေးတကြီး သဘောထား၊ မကိုင်တွယ်ဘူး ဆိုရင် ပိုမို ဆိုးရွားလာဖို့ ရှိတယ် လို့လည်း အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းကြဖို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ IPPC ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့က ဒီ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပဋိပက္ခ ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန် တယ်လီဖုန်းနဲ့ ဆွေးနွေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

ဦးဝင်းတင် ကျန်းမာရေး တိုးတက်ပေမယ့် စိုးရိမ်ရဆဲ

                                                                          ဦးဝင်းတင် ကျန်းမာရေး ကောင်းလာ စေဖို့ လူအများ ဆုတောင်းနေ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် နာယက ဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေနေ တိုးတက်လာပေမယ့် စိတ်ချရပြီလို့ မပြောနိုင်သေးဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက် နေ့ကတည်းက စတင် ဆေးရုံတက်ပြီး ဆေးကုသမှု ခံနေရတာ ဖြစ်ပြီး အခုဆို အရက် ၂၀ ရှိပါပြီ။

ဆရာကြီး ဦးဝင်းတင်ကို လွန်ခဲ့တဲ့ သုံးရက် လောက်က ဝိတိုရိယဆေးရုံကနေ ရန်ကုန် ဆေးရုံကြီး နှလုံးရောဂါ အထူးကြပ်မတ် ကုသဆောင်မှာပြောင်းရွှေ့ ကုသ ပေးနေတာဖြစ်ပါတယ်။

မြန်မာ သမားတော် ကြီး ၁၁ ယောက်ပါတဲ့ အနီးကပ် ကြပ်မတ် ကုသပေး နေတဲ့ အဖွဲ့က မတ်လ ၃၁ ရက်နေ့က ဆွေးနွေးခဲ့ကြ အပြီး မိသားစု ဆရာဝန် ဒေါက်တာမြင့်သိန်းက ဆရာကြီး ဦးဝင်းတင်ရဲ့ အခြေ အနေ တိုးတက် လာပေမဲ့ စိတ် မချရသေးဘူးပြောပါ တယ်။

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်

                                                                             နယ်စည်းအနီး အခုလို ဖြစ်ရပ် မကြာခဏ ဖြစ်ပေါ်
 တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။

သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့

အိန္ဒိယသမုဒ္ဒရာ MH370 အပိုင်းအစများတွေ့သည် အနီးအနားတွင် ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံး


အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း အန္ထာတိကတိုက်နားမှာ ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံးနေတဲ့ အတွက် သင်္ဘောအမှုထမ်းတွေအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ငါးဖမ်းလှေ ပျောက်ဆုံးသွားတဲ့ နေရာဟာ မလေးရှားလေယာဉ်အပိုင်းအစတွေ တွေ့ရှိထားတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့အတွက် ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အပိုင်းအစကို ရှာဖွေနေတဲ့ သြစတြေးလျ ရှာဖွေရေး လေယာဉ်က အဲဒီငါးဖမ်းသင်္ဘောကို ရှာဖွေမှု လုပ်ခဲ့ရပါတယ်။
Tanzania အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောရဲ့ အပိုင်းအစကို တွေ့ရှိခဲ့ပေမယ့် သင်္ဘောပေါ်က အမှုထမ်းတွေကိုတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ မနေ့မနက်တုန်းက ဒုက္ခရောက်နေကြောင်း ပြောဆိုသံကို သြစတြေးလျ ရေတပ်က ကြားပြီးတဲ့နောက်

သားသတ်သမားကို ဒူးထောက် ငိုယိုတောင်းပန်တဲ့ နွားကြီး

မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့ ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။

မြန်မာအလုပ်သမား ၂၅ ဦးပါ ကားတစ်စီး မတော်တဆ ထိခိုက်မှုဖြစ် ၁ ဦး သေဆုံး

ဓာတ်ပုံ - khaosod.co.th

ထိုင်းနိုင်ငံတောင်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး သစ်ပင်နဲ့ ၀င်ဆောင့်မိတာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထပ်ဆကယ်မြို့နယ် အန်ထောင်းရပ်ကွက်ထဲမှာ မတ် ၃၁ ရက် ဒီနေ့မနက် ၆ နာရီလောက်က ယာဉ် မတော်တဆထိခိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေပါ အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့ တာဝန်ကျရဲမှူး ဖိုင်းရတ်ခ်ျ ဖားခယိုက သတင်းထောက်တွေကို ပြောပါတယ်။

ဆေးလိပ်မီးမှလောင်သောမီး ရွာလုံးကျွတ်ပြာကျ

ဓာတ်ပုံ - အင်တာနက်

မကွေးတိုင်း ဒေသကြီး မယ်ဇလီအုပ်စုတွင် မတ်လ ၂၈ ရက် ညနေက ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်ရာမှ တစ်ရွာလုံးရှိ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

 ညနေ ၄ နာရီခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး အသက်(၆၀)ကျော် အမျိုးသမီးကြီး တစ်ဦး နေအိမ်အတွင်း ဆေးလိပ်သောက်ရာမှ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတုန်းမြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရာသီဥတုပူပြင်းချိန်လေတိုက်နေသောကြောင့် မိနစ်၂၀ ဝန်းကျင်ခန့်၌ပင် တစ်ရွာလုံးရှိလူ နေအိမ် ၃၄ လုံးမီးလောင်ဆုံးရှုံးခဲ့ ခြင်းဖြစ်သည်။

နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ ကိုးသိန်း အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပုသိမ်မြို့တွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်၍လည်းကောင်း၊ ကာယကံရှင် မိဘများကသာ တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ လည်းကောင်း အမှုဖွင့်ပေးခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။

ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်

                                                 စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း 
                                                        စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ −  
                                                                                                           လင်းဘိုဘို/အီးပီအေ)

 ဒုသမ္မတ ရခိုင်လိုက်သွားပြီး ရိုဟင်ဂျာအသုံးအနှုန်း လက်မခံကြောင်း ထုတ်ပြန်မှ ရခိုင်တိုင်းရင်းသားများ သပိတ်လှန်၍ သန်းခေါင်စာရင်းကောက်ယူနိုင်

အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်း ကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းသည် မတ်လ ၃၀ ရက်တွင်  စစ်တွေမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်၌ အဖျက်အမှောင့်လုပ်လိုသူ အုပ်စုအချို့ သည် နိုင်ငံတော်အစိုးရ လက်မခံသည့် လူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲရန် လုပ်ဆောင်နေပြီး တရားမ၀င်လူမျိုးဖြစ်သည့်အတွက် လက်မခံပါကြောင်း ပြည်သူလူထုသို့ အသိပေးတင်ပြချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်လိုက်သဖြင့် လဝက်ခန့်ကြာ

မန္တလေးမြို့လယ်တွင် မူးယစ်တရားခံ ဖမ်းရာ၌ သေနတ်ပစ်ဖောက်ခြောက်လှန့်


မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက်က အောင်မြင်သာစံမြို့နယ် (၁၉) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားနေရာတွင် ညနေ ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက  ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် ဆေးပြားရောင်းချမည့် အမျိုးသားနှင့် သွားရောက်တွေ့ဆုံစဉ် ဆေးပြားရောင်းသူက ရိပ်မိခဲ့ပြီး ကားချင်းတိုက်မည့်အနေအထား ပြင်လိုက်သည့်အတွက်  အရပ်ဝတ်ရဲတာဝန်ရှိသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ ထိုသို့သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း

စီးကရက်ဗူးခွံမှာ ကျန်းမာရေးသတိပေးချက် ရုပ်ပုံတွေနဲ့ ဖော်ပြရမည်


လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းမှာ ဖြန့်ဖြူးမယ့် စီးကရက်ဗူးခွံတွေမှာ ကျန်းမာရေး ဆိုင်ရာ သတိပေးချက်ကို ရုပ်ပုံတွေနဲ့ ရာခိုင်နှုန်း ၃၀ ကနေ ၄၀ ၀န်းကျင် ဖော်ပြပေးမှ ရောင်းချ ခွင့်ပြုမယ့် နည်းဥပဒေတရပ် Tobacco Control Project က ရေးဆွဲနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ ပြည်တွင်း ဖြန့်ချိတဲ့ စီးကရက်ဗူးခွံတွေမှာ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတဲ့ စာသားလောက်ပဲပါပြီး နောက်ပိုင်း ဆေးလိပ်သောက်လို့ ဖြစ်ပွားလာတဲ့ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြသွားနိုင်ဖို့ ဓာတ်ပုံတွေ စုဆောင်းပြီး ၀န်ကြီးဌာနကို တင်ပြလာတာ ရှိတယ်လို့ သူက ဆိုပါတယ်။

ကွင်းလယ်ဒိုင်ကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်အသင်းမန်နေဂျာကို ထုတ်ပယ်

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သည့် ဟံသာဝတီ ယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာကို ထုတ်ပယ်လိုက်ကြောင်း ယင်းအသင်း အမှုဆောင် အရာရှိ ဦးရဲလှိုင်ဝင်းက ပြောကြားသည်။

ဟံသာဝတီယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ မတ်လ ၂၈ ရက်နေ့က ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယပိုင်း ပြီး၍ နာကျင်အချိန်ပိုတွင် ကွင်းလယ်ဒိုင်က ဟံသာဝတီယူနိုက်တက်ကို ပယ်နယ်တီ ပေးခဲ့သည့် အပြင် ကျန်ကစားချိန်၌ ရခိုင်ယူနိုက်တက် ကစားသမားတစ်ဦးကို အနီကတ်ပြ ထုတ်ပယ်ခဲ့ခြင်းကြောင့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာ ဦးဖြိုးညီညီစိုးက ကွင်းလယ်ဒိုင် ဦးဇော်ခိုင်၏ မျက်နှာကို ကွင်းအတွင်း၌ လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

တရားမဝင် ဟန်းဆက် တင်သွင်းလမ်းကြောင်း အခွန်ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီများ ပူးပေါင်း ဖော်ထုတ်မည်ဟုဆို

မန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဟန်းဆက် ဝင်ရောက်မှု များပြားနေခြင်းကြောင့် အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီကြီးများ ပူးပေါင်း၍ ဟန်းဆက် ဝင်ရောက်နေသည့် လမ်းကြောင်း များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ တရားမဝင် ဟန်းဆက် တင်သွင်းသည့် လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရန် ပြည်ပမှ ဟန်းဆက်များ တရားဝင် တင်သွင်းခွင့် ရထားသော ပြည်တွင်း မိုဘိုင်းလ်ကုမ္ပဏီကြီး ၁၀ ခုကို အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က မတ်လ ၃၁ ရက်နေ့ (ယနေ့) တွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

သာသနာ့အလံကိစ္စ အမေရိကန်သူနှင့်တွေ့၍ စုံစမ်းရေးကော်မရှင် အဖြေထုတ်မည်

                                                       စစ်တွေဒေသခံအချို့၏၀င်ရောက်ဖျက်ဆီးခံရသော INGO ရုံးတစ်ရုံး(ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)

 ရန်ကုန်− စစ်တွေအကြမ်းဖက်မှု ဖြစ်စဉ်တွင် သာသနာ့အလံကို မဖွယ်မရာပြုလုပ်သည်ဟု စွပ်စွဲခံ ထားရသော မာတီဆာအင်တာ နေရှင်နယ် အိုင်အင်န်ဂျီအိုအဖွဲ့မှ အမေရိကန်နိုင်ငံသူမစ္စက် yvonne Dunton ကို စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

‘‘သူ့ကို ထိန်းသိမ်းမထားပါ ဘူး။ သမ္မတကြီးဖွဲ့ထားပေးတဲ့ စုံစမ်းရေးအဖွဲ့က မေးမှာပါ။ ဒါမှ လည်း အဖြစ်မှန်ကိုဖော်ထုတ်နိုင် မှာပါ’’ဟု ၎င်းက ပြောသည်။
လတ်တလောတွင် အမေရိ ကန်နိုင်ငံသူနှင့် ၎င်း၏ ခင်ပွန်းဖြစ် သူတို့မှာ ရန်ကုန်မြို့တွင်ရှိနေပြီး ၎င်းတို့ကို မည်သူကမှ တိုင်ချက် ဖွင့်ထားခြင်းမရှိသေးကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြား သည်။

မတ်လ ၂၇ ရက်က မာတီ ဆာအဖွဲ့ ငှားရမ်းထားသော ဂို ဒေါင်တွင် အဆိုပါဂိုဒေါင်၏ပိုင် ရှင်က သာသနာ့အလံလွှင့်ထူ ထားခြင်းကို အမေရိကန်နိုင်ငံသူ က ဖြုတ်ယူပြီးနောက် ဘောင်းဘီ အိတ်အတွင်း ထည့်သွင်းသည်ဟု လည်းကောင်း၊ ခါးတွင်ထဘီကဲ့ သို့

ဧရာဝတီမြစ် အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်အား ဂျာမဏီနိုင်ငံ ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသ


မေခနှင့် မေလိခမြစ် အစပြုရာ မှ မော်တင်စွန်း အထိ စီးဆင်းသွား သော ဧရာဝတီမြစ် အကြောင်းကို ရိုက်ကူး ထားသည့် မှတ်တမ်း ရုပ်ရှင်ကို ဂျာမဏီနိုင်ငံ ရုပ်သံလိုင်းတွင် ယခုလ အတွင်း ထုတ်လွှင့် ပြသလျက် ရှိကြောင်း သိရသည်။
အဆိုပါ မှတ်တမ်း ရုပ်ရှင်ကို ထုတ်လွှင့် ပြသရာ၌ ဗန်းမော်မှ မန္တလေးအထိ မှတ်တမ်း ရိုက်ကူးမှု ကိုအပိုင်း(၁)၊ မန္တလေး မှ ဧရာဝတီ မြစ်ဝကျွန်းပေါ် ထိ ရိုက်ကူးမှုကို အပိုင်း(၂) အဖြစ် ပြသခြင်း ဖြစ်သည်။

''ကျွန်တော့်ကို ဂျာမဏီမှာ နေတဲ့ မိတ်ဆွေတစ်ဦး က သတင်းပေး လို့ သိရတာပါ။ ဧရာဝတီ မှတ်တမ်း ရုပ်ရှင်အပိုင်း(၂) နောက်ဆုံး အခန်းမှာ ကျွန်တော်တို့ အဖွဲ့ရဲ့ မြန်မာ့ရိုးရာ ရုပ်သေး တင်ဆက်မှု တွေကို ပေါင်းစပ် ဖန်တီး ထားပါတယ်။ ဒီမှတ်တမ်းမှာ မြန်မာ့ ကြိုးဆွဲရုပ်သေး တင်ဆက်မှုကို လက်စွမ်းပြ ထားတဲ့ ရုပ်သေး ဆရာကြီး ဦးမောင်ကြည် ကွယ်လွန်ပြီး ခြောက်လ အကြာမှာ

အင်အားတစ်သိန်းနီးပါးရှိ တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင်အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်မည်ဟုဆို

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင် သတိပြန်လည်လာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဆရာကြီးဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားရာကနေ သတိရလာပြီး လှုပ်ရှားနိုင်သလို သိရပါတယ်။
ပြီးခဲ့တဲ့ တပတ်တုန်းကတော့ ခါးနာဝေဒနာကြောင့် ဆေးရုံပြသခဲ့ရာကနေ အသက်ရှူရပ်သလို ဖြစ်ခဲ့တဲ့အတွက် ရန်ကုန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။
ဦးဝင်တင်ဆေးရုံတက်နေစဉ်အတွင်း နိုင်ငံရေးသမားတွေ၊ စာပေသမားတွေနဲ့ တခြားအနုပညာရှင်တွေလည်း သွားရောက်ကြည့်ရှုနေကြပါတယ်။
မနေ့က ထုတ်ပြန်တဲ့ အထူးကုဆရာဝန်များရဲ့ သုံးသပ်ချက်အရ လူနာရဲ့ အခြေအနေဟာ စိတ်ကျေနပ်လောက်တဲ့ အခြေအနေ မရှိသေးပေမယ့် တိုးတက်မှု ရှိလာတဲ့အကြောင်း၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ လေပြွန်က လေရှူထုတ်နိုင်မှုတွေ

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ


မန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှ စတင်
ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်း
နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု၏ လူဦး
ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင်၍
နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး

ဒီနှစ်သင်္ကြန် အိမ်မှာပဲ စာကျက်ရမယ်လို့ပြောတဲ့ ပိုင်ဖြိုးသု


ဗီဒီယိုဇာတ်ကားတွေမှာ ပိုပိုတွေ့လာရတဲ့ ပိုင်ဖြိုးသု ဆိုတဲ့ ကောင်မလေးကို အားလုံးသိပြီးဖြစ်မှာပါ။ ဆေးကျောင်းသူလေး ပိုင်ဖြိုးသုကို သင်္ကြန်နဲ့ပတ်သက်ပြီး ဘယ်မှာရှိမယ်၊ ဘာတွေလုပ်မယ်ဆိုတဲ့အကြောင်း သင်္ကြန်အမှတ်တရလေးတွေ မေးကြည့်တဲ့အခါ ‘သင်္ကြန်နဲ့ပတ်သတ်ပြီး ဒီနှစ်က သုစာကျက်ရမှာ။ ဘယ်မှမသွားရဘူး။ ဧပြီလကုန်မှာ သုစာမေးပွဲရှိတာ ဆိုတော့လေ။ ခုချိန်ထိ ကားရိုက်နေတာသာကြည့်။ အရင်နှစ်တွေတုန်းကတော့ သင်္ကြန်ဆို သုကို တစ်နှစ်ကို တစ်ရက်ထွက်ခွင့်ပေးတယ်။ မနှစ်က သင်္ကြန်ကတော့ နေ့တိုင်း ကိုစိုင်းတို့ရဲ့ Alpine မဏ္ဍပ်မှာရှိတယ်။ ဒီနှစ်ကတော့ စာပဲလုပ်ရတော့မှာဆိုတော့ မထွက်ဖြစ်တော့ဘူး။ သုက အရင်တုန်းကတည်းက မထွက်ရဘူး။ ခုနောက်ပိုင်း တက္ကသိုလ်စတက်တော့မှ တစ်ရက် ပေးထွက်တော့တာ။ သုက မဏ္ဍပ်ထိုင်တာများတယ်။ သင်္ကြန်ကို သူငယ်ချင်းတွေနဲ့တစ်နှစ် မှတ်မှတ်ရရ လည်ဖူးတယ်။

ကိုယ့်ရဲ့သရုပ်ဆောင်ပိုင်းကို စိတ်တိုင်းမကျသေးဘူးလို့ ဆိုတဲ့ ဆေးကျောင်းသူလေး ပိုင်ဖြိုးသု


ငယ်ငယ်ကတည်းက အနုပညာနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့  ပိုင်ဖြိုးသုဟာ ခုဆိုရင်ဖြင့် ကျောင်းတစ်ဖက်နှင့် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လာနေပြီဖြစ်ပါတယ်။ ကျောင်းတက်လိုက်၊ အနုပညာအလုပ်လုပ်လိုက်နဲ့ သူမရဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချနေတဲ့ ပိုင်ဖြိုးသုကို ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သိလိုရာတွေကို မေးမြန်းကြည့်လိုက်တော့ သူမက ‘ခုရိုက်နေတဲ့ ကားလေးက ရိုးမြေကျခေါင်းခါသည်တဲ့။ အန်ကယ်လေးနဲ့ပါ။ ညီမက အဖေနဲ့မိထွေးနဲ့နေရတယ်။ ပိုက်ဆံသိပ်မရှိဘူး။ ရပ်ကွက်ထဲမှာ ကရာတေးတွေ ဘာတွေသင်တယ်။ မိထွေးနဲ့နေရတော့ ဂျစ်ကျတာပေါ့။ ယောကျာ်းဆန်တဲ့ ကာရိုက်တာမျိုးလေးပေါ့။ အ၀တ်အစားကအစ ယောင်္ကျားဆန်ဆန် အကွက်လေးတွေနဲ့ဆံပင်ဆို စည်းလိုက်တယ်။ မိတ်ကပ်ကို ခပ်ဖျော့ဖျော့ပဲ တင်ထားပါတယ်’တဲ့။

ဧပြီ ၂၇ မှာ ထွက်ရှိမယ့် Reason ရဲ့ စီးရီးသစ်


Reason အဖွဲ့ရဲ့ ဒုတိယ အယ်လ်ဘမ် အသစ်ကို ဧပြီ ၂၇ ရက် နေ့မှာ ထွက်ရှိတော့ မှာ ဖြစ်တယ်လို့ Reason ရဲ့အဆိုတော် အောင်လ က ပြောပါတယ်။
 ”အစက ဒီလ ၂၇ ထွက်ဖို့။Billboard မရတာနဲ့၊ ပြီးတော့ သင်္ကြန်က လည်းခံသွားလို့ ဧပြီ ၂၇ လုပ်လိုက်တာ။ ကြားထဲမှာ ကြာနေတာက သီချင်းက ကြာ၊ Mixing က ကြာ၊ ဒီဇိုင်းက ကြာနဲ့ တစ်ခုချင်းစီ ကြာနေတာနဲ့ အခုမှ ထွက်ဖြစ်သွား တာ။ ဒီထဲမှာ ဖော်ကာနဲ့ တွတ်ပီနဲ့ အပုဒ် မပါတော့ဘူး။ ကိုမျိုးကြီးနဲ့ အပုဒ်ရယ်၊ ကိုကျားပေါက် နဲ့အပုဒ် ရယ်ပါမယ်။ သီချင်းတွေကတော့ အရင်လို တအား အေးတာတွေ သိပ်ပါမှာ မဟုတ်တော့ဘူးဓ လို့ သူတို့ရဲ့ စီးရီးသစ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ပင်လယ်ထဲ ကမြစ်များ လို့ပေးထားတဲ့ Reason ရဲ့ အခွေ သစ်ထဲ မှာတော့ သီချင်း ကြမ်းကြမ်းတွေ ပိုများ မှာဖြစ်ပြီး သီချင်း တအားနုတာ မျိုးတွေ သိပ်မပါတော့ဘူး

လင်းလင်း တို့စုံတွဲရဲ့ The Music ဆိုင် အကြောင်း


ပူပူနွေးနွေး အိမ်ထောင်ရှင် စုံတွဲဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့က အိမ်ထောင် မကျခင် ချစ်သူဘဝမှာ ကတည်းက ဒဂုံ တက္ကသိုလ် အတွင်းမှာ The Music ဆိုတဲ့ စားသောက် ဆိုင်လေး တစ်ဆိုင် ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ဝါသနာလည်း ပါတာမို့ စီးပွားရေး သဘောအနေ နဲ့ မဟုတ်ဘဲ ကျောင်းသား ကျောင်းသူတွေ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ The Music ဆိုင် လေးနဲ့ပတ်သက်လို့ လင်းလင်းက “ကျွန်တော်တို့ ချစ်သူ ဖြစ်ပြီး တစ်နှစ်လောက် အကြာမှာ ဖွင့်ဖြစ်တယ်။ ဆိုင်ဖွင့် ဖို့ စဉ်းစားတဲ့ အခါ စီးပွားရေးကြီး အနေနဲ့တော့ မဖွင့်ချင်ဘူး။ အဲဒီတော့ ဝါသနာအရ လည်းဖြစ်ရမယ်။ ပျော်ပျော် ပါးပါးလည်းဖြစ်ရမယ် ဆိုပြီးကျောင်း သားကျောင်းသူတွေ နဲ့ လည်းတွေ့ရမယ့် နေရာမျိုးမှာ ဖွင့်ကြမယ်ဆိုပြီး ဒဂုံ တက္ကသိုလ်ထဲမှာ The Musicဆို တဲ့ နာမည်နဲ့ ဆိုင်လေး ဖွင့်ဖြစ်တယ်။ ၃နှစ်ကျော် ၄နှစ် ဝန်းကျင် လောက်ရှိပြီ။ ဆိုင်လေးက အဆင်ပြေပါတယ်။

ရုပ်ရှင်အနုပညာရှင်တို့ သုံးသပ်တဲ့အသံအကြောင်း

အသံဆိုသည်မှာ အလွန်ပင်အရေး ကြီးလှပေသည်။ အဓိက ပင်ကိုအသံသည်ပင်လျှင်လူတစ်ယောက်နှင့် တစ်ယောက် မတူညီကြပေ။ အသံသည် အနု ပညာရှင်တို့ အ တွက် ပိုမိုလို့ပင် အရေးပါလို့နေ ပေသည်။ ဇာတ်ရုပ်အရ အသံကို အမျိုးမျိုးပြောဆို သရုပ်ဆောင်ရသည်ဖြစ်သည့်အတွက် အသံ၏အရေးပါမှုသည် အ လွန်အရေးကြီး လှ သည်။ ရိုက်ကွင်း ရိုက်ကူးမှုတွင်လည်းအသံဖမ်းခြင်းက အရေးပါလို့ နေပြန်သည်။ အပြင်သံများမပါရေးအတွက်အသံဖမ်းဆရာတို့သည်အထူး ဂရု စိုက်ဖမ်းကြရလေ သည်။ ထို့အ တွက်ကြောင့်လည်း အသံ၏အရေးပါမှု များနှင့်ပတ်သက်ပြီးသရုပ်ဆောင်၊ ဒါရိုက်တာတို့ရဲ့ အမြင်များကို ဖော်ပြပေး လိုက်ရပါသည်။
ဒါရိုက်တာကိုဇော် (အရုဏ်ဦး)

အသံတုကို လုပ်ဖြစ် ခြင်းသည်အနုပညာကို လေးစားစိတ်ကြောင့်ဟု နေတိုးဖွင့်ဟ


နှင်းဆီအငြိမ့်အဖွဲ့ထဲက အဖွဲ့သားတစ်ဦးဖြစ်တဲ့ အကယ် ဒမီနေတိုးက သူပါဝင်ကပြဖြစ်တဲ့ အငြိမ့်၊ ပြဇာတ်စတဲ့ ဟာသ ပြက်လုံးတွေနဲ့ အများပြည်သူ ပရိသတ်ကို ရယ်မောပျော်ရွှင် အောင် ဟာဒရရွှင်ဆေးတိုက် ကျွေးတဲ့အခါတိုင်း အသံတုနဲ့ ပြက်တဲ့ စကားလုံးတွေကို သုံး လေ့သုံးထရှိတဲ့ သူတစ်ဦးပါ။ အသံတုနဲ့ပြက်လုံးတွေကို ပြော ဆို၊ သီချင်းတွေ သီဆိုတာကို အပေါ်လွင်ဆုံးဖြစ်စေခဲ့တဲ့ (နှင်း ဆီအဖွဲ့သားတွေကပြခဲ့တဲ့ပွဲက တော့)ရတနာပုံ နှင်းဆီအငြိမ့် တုန်းကပါ။
အသံတုလုပ်ပြီး ပရိသတ် ကို ဖျော်ဖြေတင်ဆက်ပေးခဲ့ဖူးတာတို့နဲ့ပတ်သက်ပြီး အကယ်ဒမီနေတိုးက_

ဇာဂနာရဲ့ ပရိသတ် လူရွှင်တော် နန်းသူဇာ


မတ်လ ၃ဝ ရက်နေ့၊ ပြည်သူ့ရင်ပြင် မှာ ဖျော်ဖြေမယ့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အနုပညာပွဲ တော်မှာ လူရွှင်တော် အဖြစ် ဖျော်ဖြေမယ့် နန်းသူဇာက ပွဲမတိုင်မီ ပြက် လုံးတွေ ကြိုတင် တိုက်ရင်း၊ ရင်ခုန် စိတ်လှုပ်ရှား မိနေကြောင်းကို
“ပရော်ဖက်ရှင်နယ် လူရွှင် တော်ကြီးတွေ နဲ့ တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ လူစုံရင် ဆိုင်းတွေ ဘာတွေနဲ့ သေသေ ချာချာ တိုက်ရပါတယ်။ မှားမှာတော့ စိုးတာပေါ့။ စင်ပေါ်မှာ ရိုးရိုး သီချင်းဆိုရတာ မဟုတ်ဘဲ လူရွှင်တော် လုပ်ရမှာဆိုတော့ တာဝန် ကြီးတာပေါ့။ ပြီးတော့ SkyNet ကလည်း Live လွှင့်မှာဆို တော့ နည်းနည်းတော့ ရင်ခုန် မိပါတယ်”လို့ နန်းသူဇာက ပြောပါတယ်။

ကိုရီးယားမှာ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်

အမေရိကန်နိုင်ငံ ကို ၃ ပတ် အလည် သွားခဲ့ပြီး ကိုရီးယား မှာ ၁၁ ရက်လောက် ကြော်ငြာ များသွား ရောက် ရိုက်ကူးခဲ့တဲ့ မိုးစက်ဝိုင်က မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ကိုရောက်ရှိ လာခဲ့ပါတယ်။ အမေရိက ကို အလည် သွားဖြစ်ခဲ့ပုံနဲ့ ကိုရီးယား မှာ ကြော်ငြာ ရိုက်ကူးမှု အတွေ့အကြုံ များကို မိုးစက်ဝိုင်က..
 ”အမေရိကကို အလည် သွားပြီး ပြန်လာတော့ ဒီမှာ ၄ ရက်လောက် နေသေးတယ်။ ပြီးမှ ကိုရီးယားမှာ ကြော်ငြာ သွားရိုက်တယ်။ အမေရိက ကတော့ Personal ပဲ ဒီအတိုင်း သွား တာဆိုတော့ ဘာမှ ထွေထွေထူးထူး သိပ်မရှိဘူး။ ကိုရီးယား မှာတော့ ကြော်ငြာ သွားရိုက်တာပါ။ ကိုရီးယား က 

ဒါရိုက်တာ နဲ့သူ့အဖွဲ့တွေ နဲ့ ရိုက် ခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံနဲ့ ပထမဦးဆုံး အလုပ်လုပ် ရတာဆို တော့ တအား Excited ဖြစ်ကြ တယ်။ တအား ကြိုးစားကြတယ်။ မနက် ၆ နာရီ တည်းက မိတ်ကပ်တွေ စပြီးပြင်

ဒီနှစ်က သူ့အတွက် မင်္ဂလာ ရှိတဲ့နှစ်ပါပဲလို့ ဖွင့်ဟလာတဲ့ ဆုပန်ထွာ

လတ်တလော မှာတော့ ဆုပန် ထွာက ဇာတ်လမ်းတို ရိုက်ကူးဖြစ်နေ ပြီး အချိန်ရရင် ရသလို တခြား အနု ပညာ လှုပ်ရှားမှုတွေကို လုပ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒီနှစ် ထဲမှာ တော့ မောင်ဖြစ်သူရဲ့ မင်္ဂလာဆောင် ရှိတဲ့ အတွက် ကိုယ်တိုင်ကတော့ မင်္ဂလာ သတင်း ကြားရဖို့တော့ လုံးဝ မဖြစ်နိုင်သေးပါဘူး လို့ ဆုပန်ထွာ က ပြောပါတယ်။

“ဒီနှစ်ထဲမှာ မပန်ရဲ့ မင်္ဂလာ သတင်းတော့ မရှိသေးပါဘူး။ သေချာရင်တော့ ပရိသတ်ကို အသိ ပေးမှာပါ။ အိမ်ထောင်ပြု ဖြစ်တယ်ဆို ရင်တော့ အသိပေးမှာပါ။ ဒီနှစ်ထဲ မှာ တော့ မယူဖြစ်သေးပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ မပန်ရဲ့ မောင်လေးက ဧပြီလ၂ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ ရှိတယ်။ သူ့မင်္ဂလာဆောင်လေး ရှိနေ တော့ မပန် အနေ နဲ့ ဒီနှစ်ထဲတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်က မိန်းကလေး ဆိုတော့ ကိုယ့်ကို ယူချင် တဲ့သူရှိမှ ယူလို့ရမှာပေါ့။ မပန်တို့ မောင်နှမတွေ အားလုံးက အိမ်ထောင် ကိုယ်စီ ကျကုန်ကြပြီ။

ကမ္ဘာ့ဖလားအကြို ဘရာဇီးမှာ ဆင်းရဲသားရပ်ကွက်တွေ ဖယ်ရှားခံရ

                                                         မူးယစ်ဆေးရောင်းဝယ်မှု နာမည်ဆိုးထွက်တဲ့ shantytown ဆင်းရဲသားရပ်ကွက်ကို မူးယစ်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့က 
                                                                                    ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေပုံ။ (မတ်လ ၂၁၊ ၂၀၁၄)

ဘရာဇီးစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁ ထောင်လောက်ဟာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်ကားတွေနဲ့ အတူ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့လေဆိပ်နားက ဆင်းရဲသားရပ်ကွက်ကြီးထဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

Mare Favela ဆိုတဲ့ အဲဒီဆင်းရဲသားရပ်ကွက်ကြီးကို တနင်္ဂနွေနေ့က ဝင်ရောက်စီးနင်းမှုဟာ အခုနှစ်ကျင်းပမယ့် ကမ္ဘာ့ဖလားနဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ရီယိုမြို့မှာ ထကြွသောင်းကျန်းမှုတွေမရှိအောင် နှိမ်နှင်းတဲ့ အစိုးရရဲ့ နောက်ဆုံး နှိမ်နှင်းမှုဖြစ်ပါတယ်။

အဲဒီရပ်ကွက်ဟာ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုတွေ အကြီးအကျယ် လုပ်တဲ့နေရာဖြစ်ပြီး ရီယိုမြို့ရဲ့ အန္တရာယ်အများဆုံး နေရာ တနေရာလည်း ဖြစ်ပါတယ်။

သပိတ်စခန်း ဖျက်ဆီးမှု ဖြေရှင်းပေးဖို့ တင်ပြ

ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း မနေ့ညက ဖျက်ဆီးခံရတဲ့ ကိစ္စအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ ဒဂုံဆိပ်ကမ်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဒီနေ့ ပြောပါ တယ်။

အဲ့ဒီ သပိတ်စခန်းကို ဒီနေ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က သပိတ်စခန်းဖွင့်ထားသူတွေကို အခုလို ပြောခဲ့တာပါ။

"သူတို့ဘက်က ကိုင်ရတွယ်ရခတ်နေတယ်၊ အခတ်အခဲရှိနေတယ်ဆိုရင် ဆရာက ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြည်သူဘက်က ပဲဖြစ်ဖြစ် အခုလည်း အဲ့ကိစ္စဆောင်ရွက်ဖို့အတွက် လွှတ်တော်ကိုလည်း တင်ပြထားတယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုလည်း တင်ပြထားတယ်"

မိကျောင်းကန် သပိတ်စခန်း နံနက်လင်းအားကြီး အချိန်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲ

သိမ်းဆည်းခံမြေများပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့တော်ခန်းမအနီး ဗန္ဓုလပန်းခြံဘေးတွင် ဆန္ဒ ထုတ်ဖော်နေသော မိချောင်း ကန်သပိတ်စခန်း ကို မတ်လ၃၁ရက်နေ့ နံနက် ၃ နာရီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ က ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲလိုက်ကြောင်း သပိတ်စခန်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများ ကပြောကြားသည်။

အဆိုပါ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ဖြိုခွဲခဲ့သော် လည်း သပိတ်စခန်းကို ဆက်ဖွင့်ထားသောကြောင့် အင်အားသုံး ပြီး ထပ်မံဖြိုခွဲခြင်း ဖြစ်ကြောင်း ၎င်းတို့ ကဆိုသည်။

သရက်မြို့မှ လက်ဝှေ့ပြိုင်ပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

                                                                                          သတ္တဌာနဘုရား

 သရက်မြို့ သတ္တဌာန ဘုရားဝင်းအတွင်း ကျင်းပသည့် လက်ဝှေ့ပြိုင်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍  သရက်မြို့မှ ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသိုင်းအဖွဲ့များက သရက်မြို့ပေါ်ရှိ သိုင်းဆရာများ နှင့် ပူးပေါင်း၍ မတ်လ ၂၇ ရက်ည အချိန်က လက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်တစ်ခုတွင် လက်ဝှေ့ သမားတစ်ဦး လဲကျနေစဉ် ပြိုင် ဘက်ဖြစ်သူ  တိုင်းအဆင့်ရှိ သရက်မြို့သားလက်ဝှေ့သမားက ခြေ ထောက်ဖြင့် ကန်သည်ဟုဆိုသည်။ ခြေဖြင့် ကန်သူကို ကြိုးဝိုင်းဒိုင်က ၀င်ဆွဲရာ ဒိုင်ကိုပါ ဆွဲလှဲချလိုက်သည်။ ထိုဖြစ်စဉ်ကို ပြည်မြို့သားတစ်ဦးက အောက်မှ အော်ဟစ်ကန့်ကွက်ရာ လက်ဝှေ့ပွဲသို့လာရောက်ကြည့်နေ သည့်သရက်မြို့ခံမိန်းမများနှင့် ယောက်ျားများက ၎င်းအား ၀ိုင်းဝန်းထိုးကြိတ်ကြကြောင်း ပြိုင်ပွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟိုတယ်ရှေ့ ဗျောက်အိုးဖေါက် ဆန္ဒပြသူ အဖမ်းခံရ

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲ ခံရမှု ၁၆ လပြည့် အနေနဲ့ ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်ရှေ့မှာ ဒီကနေ့နေ့လည်ပိုင်း က ဗျောက်အိုးပစ်ဖေါက်ဆန္ဒပြခဲ့သူ ကိုအောင်ကိုဦး ကို ကျောက်တံတား ရဲစခန်းက အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အခုလို ဗျောက်အိုးပစ်ဖေါက်ခဲ့ရတာနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်နေချိန်မှာ ကိုအောင်ကိုဦး က သတင်းမီဒီယာတွေကို အခုလိုပြောခဲ့ပါတယ်။

"ကျနော်တို့ ဒီနေ့ဆိုရင် လယ်တ်ီသိမ်ကြီးကို ဖျက်ဆီးတော့မယ်ဗျ ၊ဖျက်ဆီးမှာကို မကျေနပ်တဲ့ အတွက် ကျနော်ခုလို ဗျောက်အိုးဖေါက်ရတာ ပါ၊လက်ပံတောင်းမှာရှိနေတဲ့ လယ်တီ သိမ်ကို ဖျက်ဆီး ဖို့ကြိုးစားနေတယ်ဗျ၊ အဲ့ဒါကို မကျေနပ်လို့ပါဗျ"

လက်ပန်းတောင်း လယ်တီသိမ် ဖျက်သိမ်းရေးစတင်

                                                                           လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။ 

 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်ပြီး ဆောင်ရွက် နိုင်ဖို့ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ မတ်လ ၃၀ ရက်နေ့မှာ သံဃာအပါး ၃၀ နဲ့ သိမ်နုတ်တာကို စတင် ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ရန်ကုန်မြို့မှာ လယ်တီသိမ်ဖျက်တာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကထဲက တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းကို ဆက်လက်

အမေရိကန်အဆင့်မြင့် နည်းပညာသုံး ကိရိယာနဲ့ မလေးလေယာဉ်ပျောက်ရှာဖွေ

                                                                            မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ။

 လယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ  black box  ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။

Miss Asia Pacific World Super Talent Myanmar မေမြတ်နိုး

Myanmar Beautiful New Face Model : May Myat Noe

ရည်းစားမထားခင် သိထားသင့်၊ ကန့်သတ်ထားသင့်တဲ့ အရာများ

မေသော် on 2014-03-29 11:45
ကိုယ့်ကို ချစ်ကြိုက်နေတဲ့ ကောင်လေး၊ လိုက်နေတဲ့ ကောင်လေးရှိတယ် ဆိုပါစို့။ သူ့ကိုလည်း ကိုယ်က ပြန်စိတ်ဝင်စားနေပြီ။ ဒါပေမယ့် သူ့ကိုတန်းပြီးတော့ အဖြေမပေးချင်သေးဘူး။ အနည်းဆုံး သူနဲ့ ဒိတ်ကြည့်ဦးမယ်။ ပြီးတော့မှ အဖြေပေးမယ်လို့ စဉ်းစားထားတဲ့ ပျိုမေတွေအတွက် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်တဲ့အရာတွေ ရှိနေပါတယ်။ စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ကိုယ်တိုင်ချမှတ်ထား မှသာ နောက်ပိုင်းအတွက် အဆင်ပြေမှာပေါ့။
၁။ပထမဆုံး ဒိတ်တဲ့နေ့မှာ မနမ်းမိပါစေနဲ့။

အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်

Photo: အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်

          ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။

          တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁)     သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

          သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေအမြင်မှာတော့ တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့ ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲ ထားပြီး ပြန်လည်မတူးဆွပါနဲ့တော့။

(၂)     သူမရဲ့ အလေးချိန်

          အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက်ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရတာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။

(၃)     သူမရဲ့ ရပ်တည်မှု

          အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာဟာ တကယ်တော့ ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိထားရမှာက သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက် မရှိဘဲ မရပ်တည်နိုင်ပါဘူး။

(၄)     သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်

          အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ်မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။
ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။
တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁) သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

ယောင်္ကျားပီပီသသ ဗလတောင့်စေဖို

အားကစားရုံ (gym) သွားပြီး လေ့ကျင့်ဖို့ အချိန်မပေး နိုင်ဘူးလား။

အလေးမဖို့ ပစ္စည်းပစ္စယ အကုန်အကျ မခံချင်ဘူးလား၊ လက်မောင်း ကြွက်သားတွေ တောင့်တင်းအောင် အိမ်မှုကိစ္စ လေးတွေ ပြုလုပ်ရင်း လေ့ကျင့် နိုင်ပါတယ်။

(၁) ရေညှိသတ်ဆေးမသုံးပါနှင့်

ရေချိုးခန်းထဲ၊ မီးဖိုချောင်ရေက ပြင်ထဲမှာ ပေါက်လာတဲ့ ရေညှိတွေကို ဘရပ်ရှ်သုံးပြီး တစ်ပတ်တစ်ခါ ပွတ်တိုက် သန့်စင်ပါ။ အားသန်တဲ့ လက်တစ်ဖက်တည်း တောင့်တင်း မလာအောင် လက်နှစ်ဖက်လုံး သုံးပြီး တိုက်ချွတ်ပါ။

ကျားအင်္ဂါ ကြီးစေခြင်း(ကျန်းမာရေးအမြင်နှင့်သာ ဖတ်ပါရန်)


ယောက်ကျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင် ဘာလဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။

အမေးရှိလို့ ရေးရပြန်ပါပြီ။ “ကျားအင်္ဂါ ကြီးစေခြင်း” Penis enlargement ကြော်ညာတွေ ဘယ်လောက် ဆွဲဆောင်မှုရှိပါစေ မယုံပါနဲ့ဆိုတာ ပဌမဆုံး မှတ်သား စေချင်ပါတယ်။

ရှေးဟောင် ဂရိပန်းပုလက်ရာ Polyclitus, Marathon Youth, Hermes တွေကို ကြည့်ကြည့်၊ (ရီနေဆန်) ခေတ်က Michelangelo နဲ့ Donatello တို့ရဲ့ Statue of David ရုပ်ထုတွေကိုဘဲ ကြည့်ကြည့် ကျားလိင်အင်္ဂါကို ခပ်သေးသေးသာ ထုဆစ်ထားတာ တွေ့ရပါမယ်။ ဒီခေတ်မှာ ယောက်ျားတယောက်ဟာ ကိုယ့်အင်္ဂါကိုယ် ပြန်ကြည့်ရင် သူများတွေထက် သေးနေသလို ထင်မှတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အပေါ်ကနေ မိုးကြည့်ရတာကိုး။ စိုးရိမ်သူများ ဆရာဝန်ဆီ ရောက်လာလို့ သူတို့ကို စနစ်တကျ တိုင်းထွာတဲ့အခါမှာ ပုံမှန် အရွယ်အစား ဖြစ်နေကြတာ များတယ်လို့ တွေ့ရပါတယ်။

သေးနေတယ်ထင်တဲ့ ယောင်္ကျားလေးများ ဖတ်ရန်(+၁၈)


Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ကောင်းတာရော ဆိုးတာပါ ရှိတယ်။ လုံးပါတ် သိသိသာသာ တိုးလာမယ် မရှည်စေပါ။ ၉ ဆအထိ ကြီးစေနိုင်တယ်။ ဆေးထိုးလိုက်လို့ အနားက တစ်ရှူး (သွေးကြော၊ အာရုံကြော) တွေထိခိုက်နိုင်ပြီး ထုံလာတတ်တယ်။ အမာရွတ်လိုဖြစ်တတ်တယ်။ အဆင်မသင့်ရင် လိင်ဆက်ဆံတာမှာ ပြောင်းပြန် အကျိုး ဖြစ်စေနိုင်တယ်။ FDA ကအသိအမှတ် မပြုသေးဘူး။ လူ ၅၈ ယောက်ကို စစ်တမ်းထုတ်တော့ ဒီလိုတွေ့လာရတယ်။
• အရှည် Length = YES 276; NO 690
• အတုတ် Thickness = YES 483; NO 414
• အချိုးအစား Proportion = YES 328; NO 483
• ပုံသဏ္ဌာန် Asthetics = YES 172; NO 776
• အလုပ် Function = YES 621; NO 224

စိတ်ညစ်နေတဲ့ သင့်အတွက် ပျော်ရွှင်စေနည်း ၂၁ ချက်



လူတိုင်း စိတ်ချမ်းသာ ချင်ကြသည်။ ပျော်ရွှင်ချင် ကြသည်။ ပျော်ရွှင်မှု သာရမယ် ဆို ဘာပဲ ပေးရ ပေးရ ပေးပါရဲ့လို့ ပြောဖူးကြ သူချည်း ဖြစ်သည်။ သို့ဖြစ်သည် တိုင် ပျော်ရွှင်မှု ကို ပျက်ပြား စေသော အမူအကျင့် များကို ကျွန်ုပ်တို့ လုပ်နေမိ ကြဆဲဖြစ်သည်။ ပျော်ရွှင်မှု ဆောင် ကြဉ်းဖို့ အကောင်းဆုံး နည်းလမ်းမှာ မပျော်ရွှင် စေသည့် အမူ အကျင့်များကို ပျော်ရွှင်စေ သည့် အမူ အကျင့်များဖြင့် အစားထိုးဖို့ ဖြစ်သည်။ ပျော်ရွှင်မှု ရှိကြစေ ဖို့ရာ အောက်ပါ အချက်များကို ဆင်ခြင်ကြည့် ကြပါစို့လို့ တိုက်တွန်း ပါရစေ။

၁။ မရသေး တာများ အတွက် တဗျစ် တောက်တောက် လုပ်မနေ ပါနဲ့။ လက်ရှိ လုပ်စရာ ရှိတာကို အကောင်း ဆုံးလုပ်ခြင်း ဖြင့်သာ မရသေးတာ များ ရလာမည်ကို သတိရပါ။

စိတ်မနှံ့သူသား ကို မိခင်ဖြစ်သူက နှစ်ပေါင်း (၄၀)ကျော် လှောင်အိမ်ထဲ မှာ ပိတ်လှောင် ထား

စိတ်မနှံ့သူ တစ်ဦးကို လှောင်အိမ် ထဲမှာ နှစ်ပေါင်း (၄၀)ကျော်ကြာ အောင် ပိတ်လှောင် ထားခြင်းနဲ့ ပတ်သက်ပြီး ဝေဖန် မှတ်ချက် မျိုးစုံ ပေါ်ထွက် နေပေမယ့် အပေါင်း လက္ခဏာ ဆောင်တဲ့ အဖြေ တစ်ခုမှ ရရှိခဲ့ခြင်း မရှိဘူးလို့ သိရ ပါတယ်။ ဝေဖန်သူ တွေက ဒီလို နှစ်ပေါင်း (၄၀)ကျော်ကြာ အောင် ပိတ်လှောင် ထားခြင်း ဟာ မဖြစ်သင့် ကြောင်း ထောက်ပြ ခဲ့သလို အချို့ ကလည်း စိတ်မနှံ့ သူဖြစ် တာမို့ အကောင်း ဆုံးဖြစ် မယ့် နည်းလမ်း ကိုသာ ရွေးချယ် ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟီနန် အရပ် ဒေသမှာရှိတဲ့ အသက် (၄၈)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပန်ဂီတွင် ဟာ အသက် ခြောက်နှစ် အရွယ် ကတည်းက စိတ်ဝေဒနာ ခံစားနေရ တာဖြစ်ပြီး စိတ်ဖောက်ပြန် တဲ့အခါ ကိုယ့်ကိုယ် ကိုယ် ဒဏ်ရာ အနာတရ ဖြစ်အောင် ပြုလုပ် တတ်တာမို့ အသက် (၈၀)နှစ် အရွယ် ရှိပြီဖြစ် တဲ့ မိခင်ဖြစ်သူ ၀ီမီက စိုးရိမ်ပြီး လှောင် အိမ်ထဲမှာ ပိတ်လှောင် ထားခြင်း ဖြစ်ပါတယ်။ ပန်ဂီတွင် ဟာ ငယ်စဉ် ဘ၀မှာ အဖျား ရောဂါ ပြင်းထန်စွာ ခံစားရပြီးတဲ့ နောက် စိတ်မနှံ့တဲ့ ရောဂါ စွဲကပ် သွားခြင်း ဖြစ်တယ် လို့

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB