Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား၊ ကျောက်ဖြူ-ကူမင်း အမြန် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း အပါအ၀င် တရုတ်၏ မဟာဗျူဟာ လမ်းကြောင်းများကြောင့် မြန်မာနိုင်ငံ ၏ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာဖြစ်လာ

                                        မြန်မာနိုင်ငံ၏ ခါးလယ်ပိုင်းအားဖြတ်၍ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်နေ ရာပြမြေပုံ

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း လုံခြုံရေးအတွက် ‘၀’ တပ်သားများကို တာဝန်ပေးရန် အဆိုတစ်ရပ်အား တရုတ်အာဏာပိုင်များက မြန်မာအစိုးရ တာဝန်ရှိသူများအား အဆိုပြုသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ် သတင်း ရင်းမြစ်များထံမှ ရရှိခဲ့သော ထိုသတင်းအတွက် သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။ တရုတ်အာဏာပိုင်များ၏ အဆိုပြုချက်ကို မြန်မာအစိုးရ တာဝန်ရှိသူများက ငြင်းပယ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

မြန်မာနိုင်ငံ၏ ခါးလယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ အလားအလာမှာ တည်ငြိမ်မှုရှိပြီဟု မဆိုနိုင်ပေ။ ဒေသခံများ ကန့်ကွက်နေ သည့် ကြားမှပင် အကောင်အထည် ဖော်နိုင်ခဲ့သည့် ထိုပိုက်လိုင်းနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ မကျေနပ်မှုများမှာ အားကောင်းနေဆဲဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း  ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင်လည်း ပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြုပြီး စစ်အင်အား တိုးချဲ့ ရာမှ တိုက်ပွဲများဖြစ်ပွားနေသည်။

ရွှေစက်တော်ပွဲတော်မှ ဘုရားဖူးပြန်လာသည့် ကားတစ်စီးမှောက်၍ လူသုံးဦးသေ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပလျက်ရှိသည့် ရွှေစက်တော် ဘုရား ပွဲတော်မှ ဘုရားဖူးပြန်လာသည့် ကားတစ်စီး မင်းဘူး-ငဖဲကားလမ်း ဇီးအိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁/၄ ၌ မတ် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က တိမ်းမှောက်၍ လူသုံးဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေးပင်ကျေးရွာ နယ်မြေရဲစခန်းမှ အတည်ပြုပြောကြားသည်။

တောင်တွင်းကြီးမြို့နယ် ကနီကျေးရွာမှ ရွှေစက်တော်သို့ လာရောက်၍ အပြန်ခရီးတွင် ယာဉ်မောင်းဦးစန်းယု အသက် ၃၁ နှစ် မောင်းနှင်လာသော ဖောကားအပြာရောင်မှာ မင်းဘူး-ငဖဲကားလမ်း မိုင်တိုင်အမှတ် ၁၁/၄ အနီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသည့်ကားအား တိမ်းရှောင်စဉ် လမ်းဝဲဘက်သို့ တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း လေးပင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားလေယာဉ် ပျောက်ဆုံးမှုတွင် အမေရိကန်ထောက်လှမ်းရေးက လေယာဉ်မှူးများကို ပစ်မှတ်ထားစုံစမ်းနေ

                                                      ရဲများက ၀င်ရောက်ရှာဖွေခဲ့သည့် လေယာဉ်မှူးဇာဟာရီ၏ ကွာလာ လမ်ပူမြို့ပြင် ရှိ နေအိမ်အား မတ် ၁၅ ရက်က တွေ့ရစဉ်


မလေးရှားလေကြောင်းလိုင်း၏ ဘိုးရင်း ၇၇၇ ခရီးသည်တင်လေယာဉ် ပျောက်ဆုံးနေမှုတွင် အမေရိကန် ထောက်လှမ်းရေးအဖွဲ့က လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ကို အဓိကပစ်မှတ်ထား စုံစမ်းနေကြောင်း အမေရိကန်အောက်လွှတ်တော် ပြည်တွင်းလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ မိုက်ကယ်မက်ကောက မတ် ၁၆ ရက်တွင် ပြောကြားလိုက်သည်။

“ဒီဖြစ်စဉ်ဟာ မတော်တဆမှုတစ်ခု မဟုတ်ပါဘူး။ တမင်ကြံရွယ် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နောက်ကွယ် မှာ ဘယ်သူတွေရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” ဟု မက်ကောက ပြောကြားသည်။
ခရီးသည် ၂၃၉ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်အား တစ်နေရာရာတွင် ဆင်းသက်ကာ နောက်ပိုင်း တွင် လက်နက်တစ်ခုအဖြစ် အသုံးချလာမည်ကို စိုးရိမ်ရကြောင်း မက်ကောက ပြောကြားသည်။

လေယာဉ်ပျောက်မှုအတွက် ပိုင်းလော့တွေအပေါ် ဆက်လက်စုံစမ်း

                            ပျောက်ဆုံးနေတဲ့ ခရီးစဉ် MH370 ပေါ်ပါသွားတဲ့ခရီးသည်တွေအတွက် ဆုတောင်းစာကို ရေးသားခဲ့သော အမျိုးသမီးတဦး (မတ်လ ၁၆၊ ၂၀၁၄)

 ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ဂျက်လေယာဉ်ပေါ်က အချက်ပြစနစ်ဟာ လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေး ဆက်သွယ်မှု မလုပ်ခင်ကတည်းက အပြည့်အဝ အလုပ်မလုပ်တော့သလို ပြဿနာတစုံတရာရှိတယ်ဆိုတာကို အရိပ်အမြွက်တောင် မပြောခဲ့ဘူးလို့ မလေးရှား အစိုးရထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

လေယာဉ်ရဲ့ ဆက်သွယ်ရေးစနစ် တစိတ်တပိုင်းရပ်သွားခဲ့ပြီးတဲ့နောက် လေယာဉ်စက်ခန်းကနေ မလေးရှား လေကြောင်းထိန်းသိမ်းရေးကို နောက်ဆုံး ပြောကြားခဲ့တာတွေကို မလေးရှားကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးတွေဟာ လေယာဉ်ပေါ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ဘာမှ မပြောခဲ့ပါဘူး။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူရန် လိုအပ်ဟု (၂၆) နှစ်မြောက် ‘တံတားနီနေ့’ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ပါရှိ

                         မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု ‘တံတားနီနေ့’ 
                                                                             (၂၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တွေ့ရစဉ်
 
 
ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု “တံတားနီနေ့” (၂၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကို ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ရာ တံတားနီနေ့ ကျောင်းသားလှုပ်ရှားမှု တွင် ပါဝင်ခဲ့သူများ အပါအ၀င် အားလုံးသည် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူကြဖို့ လိုအပ်နေပြီဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။

“တံတားနီနေ့ အပါအ၀င် အထိမ်းအမှတ်နေ့တွေဟာ သမိုင်းရေးရာ တန်ဖိုးနဲ့ အချက်အလက်တွေကို မမေ့လျော့စေဖို့ အပြင် ဒီနေ့ခေတ်ရဲ့ သမိုင်းတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့၊ ကျေပွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လည်း ပါရှိမယ်လို့ ယုံကြည်ရင်း ဒီသ၀ဏ်လွှာကို ပေးပို့လိုက်ရပါတယ်” ဟု အဆိုပါသ၀ဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို ဖော်ပြထားသည်။

ရုရှားနဲ့ပူးပေါင်းဖို့ခရိုင်းမီးယား ပြည်သူ အများစု ထောက်ခံ

                                                                         ခရိုင်းမီးယား ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ရုရှားနဲ့ပူးပေါင်းဖို့ ထောက်ခံခဲ့ကြ (Credit: AFP) 

 ယူကရိန်းနိုင်ငံ ​ခရိုင်းမီးယားဒေသ ​ပိုင်ဆိုင်မှုအရေးနဲ့ ​ပတ်သက်တဲ့ ​အငြင်းပွားစရာ ​ဖြစ်နေတဲ့ ​လူထုဆန္ဒ ​ခံယူပွဲ ​တရပ်ကို ​မနေ့ကပဲ ​ကျင်းပပြီးစီးခဲ့ပါတယ်။

လူထုဆန္ဒခံယူပွဲက ​ရရှိတဲ့ရလဒ်တွေအရ ​ခရိုင်းမီးယား ​ဒေသကို ​ယူကရိန်း ​နိုင်ငံ ​ထဲကနေ ​ခွဲထွက်ပြီး ​ရုရှား ​နိုင်ငံနဲ့ ​ပူးပေါင်းဖို့ ​အများစုက ​မဲပေး ​ထောက်ခံ ​ခဲ့ကြတယ်လို့ ​ရုရှား ​အစိုးရ ​သတင်း ​မီဒီယာ ​တွေက ​ဆိုပါတယ်။

ဆန္ဒခံယူပွဲကို ​ဒေသခံ ​ပြည်သူ ​၁.၅သန်းက ​လာရောက် ​မဲပေးကြပြီး ​အဲဒီထဲက ​၉၀ ​ရာခိုင်နှုန်းကျော် ​က ​ရုရှားနဲ့ ​ပူးပေါင်းဖို့ ​လိုလား ​ကြတာဖြစ်ပါတယ်။

ခရိုင်းမီးယား ဆန္ဒခံယူပွဲအတွက် အမေရိကန်နဲ့ဥရောပ ရုရှားကိုအရေးယူမည်

                                                                    ခရိုင်းမီးယားဒေသကို ရုရှားနဲ့ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲက မဲရုံဝန်ထမ်းများ
 ယူကရိန်းကနေ ခရိုင်းမီးယား ကျွန်းဆွယ်ခွဲထက်ဖို့ ဆန္ဒမဲခံယူတာကို ရုရှားက ကျောထောက်နောက်ခံ အားပေးခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တကွ  ဥရောပ မိတ်ဆွေတွေက ရုရှားအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့ပြင်ဆင်နေပြီလို့ သမ္မတ  ဘာရက် အိုဘားမားက  ရုရှားသမ္မတ Vladimir Putin ကို တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့ ခရိုင်းမီးယား ဆန္ဒမဲခံယူတာဟာ ယူကရိန်းဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုချိုးဖေါက်နေတာမို့  တရားမဝင်ဘူးလို့ သမ္မတအိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီမဲပေးမှုကို အမေရိကန်ပြည်ထောင်စု ကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဘယ်တော့မှ အသိမှတ်ပြုမှာ မဟုတ်ဖူးလို့လည်း ဖေါ်ပြထားပါတယ်။

ရန်ကင်းမြို့နယ်တွင် လူသတ်မှုဖြစ်ပွား

၁၅.၃.၂၀၁၄ရက်နေ့ ၂၂၄၅အချိန် ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်နေ
ဒေါ်နီနီသည် နေအိမ်တွင်ရှိနေစဉ် အတူနေသားမက်ဖြစ်သူ မင်းမင်းဦး၊ (ဘ)ဦးအောင်ကြည်မှာ ဒဏ်ရာများဖြင့် (၁၂)ရပ်ကွက်၊ မေတ္တာရိပ်သာ
လမ်းဘေးတွင် လဲကျနေကြောင်း ကြားသိရသဖြင့် ၎င်း၏သမီး
(မင်းမင်းဦး၏ဇနီးဖြစ်သူ)မတင်နွယ်ဝင်းအား သွားရောက်ကြည့်ရှုစေခဲ့ရာ မင်းမင်းဦးတွင် လည်းပင်ပြတ်ရှဒဏ်ရာ (၁)ချက်၊ နောက်စေ့ပြတ်ရှ
ဒဏ်ရာ(၂)ချက်၊ ယာလက်ပြင်ပြတ်ရှဒဏ်ရာ (၃)ချက်၊
ဝဲလက်မောင်းပြတ်ရှဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို
တွေ့ရပြီး မင်းမင်းဦးနှင့် ချစ်ပို(စုံစမ်းဆဲ)တို့စကားများရန်ဖြစ်စဉ် ချစ်ပိုမှ ဓါးဖြင့်ခုတ်၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ချစ်ပိုအား အရေးယူပေးရန် ဒေါ်နီနီမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရန်ကင်းမြို့မရဲစခန်း(ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ထိုင်းလူမျိုးအသတ်ခံရမှုကြောင့် ဖူးခက်ရောက် မြန်မာလုပ်သားများ ညမထွက်ရအမိန့်နှင့် ရင်ဆိုင်ရ

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဖူးခက်ပြည်နယ် ပါတုံးကမ်းခြေမြို့ရှိ မြန်မာအလုပ်သမားများမှာ ထိုင်းလူမျိုးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခံထားရကြောင်း မတ် ၁၄ ရက် သတင်းများတွင် ဖော်ပြသည်။

ပါတုံးမြို့တွင်း၌ မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံသား အုပ်စုတစ်စုက ထိုင်း အမျိုးသားတစ်ဦးကို ရန်ပြုတိုက်ခိုက်ခဲ့ပြီး နောက်ပါတုံးမြို့တွင်းရှိ
မြန်မာအလုပ်သမားများ ည ၁၀ နာရီနောက်ပိုင်း၎င်းတို့ နေထိုင်ရာ စခန်းပြင်ပသို့ ထွက်ပါက အဖမ်းခံရမည်ဖြစ်ကြောင်း ပါတုံးရဲတပ်ဖွဲ့ က ကြေညာထားသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ထုံးစံအားဖြင့်အလုပ်သမားများ၏
နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းထားတတ်ကြောင်း၊ သို့ဖြစ်ရာ ပါတုံးမြို့နေ မြန်မာအလုပ်သမားများ ည ၁၀ နာရီ နောက်ပိုင်း ၎င်းတို့၏ စခန်းပြင်ပသို့ ထွက်ခွာပါက နိုင်ငံကူးလက်မှတ်လက်ဝယ် မထားရှိမှုနှင့် ဖမ်းဆီးနိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နိုင်ကြောင်း ပါတုံးမြို့
ရဲတပ်ဖွဲ့ က ပြောကြားသည်။

ရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းအား လည်ပင်းညှစ်သတ်

လင်မယားအချင်းချင်းရန်ဖြစ်ပြီး နပန်းလုံးသတ်ပုတ်ရာမှဇနီး ဖြစ်သူကလင်ယောက်ျားဖြစ်သူအားလည်ပင်းညှစ်ခဲ့သဖြင့်လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့မှု ယခုလ ၁၃ ရက် ည ၈ နာရီတွင် မြိတ်မြို့၌ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးကမ်းရပ်အောင် ဇမ္ဗူ(၄)လမ်းတွင်နေထိုင်သူ မမိုးမိုးအေး (ခ)တင်တင်မိုး(၃၇နှစ်)နှင့် ၄င်း၏ခင်ပွန်းဖြစ်သူ မှတ်ကြီး(ခ)ကျော်နိုင်(၃၄နှစ်) ကျပန်းလုပ်ကိုင် သူတို့သည် စကားများရန်ဖြစ်ကြပြီး နပန်းလုံးသတ်ပုတ်ကြရာ မမိုးမိုးအေး (ခ)တင်တင်မိုးက ခင်ပွန်းဖြစ်သူမှတ်ကြီး(ခ) ကျော်နိုင်၏ လည်ပင်းကိုညှစ်ခဲ့သဖြင့် ကျော်နိုင်မှာသတိမေ့သွားပြီး မြိတ်ဆေးရုံ ကြီးသို့ တင်ပို့ကုသစဉ်ရရှိသောဒဏ်ရာများကြောင့် ည ၉ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်။

အိမ်ထောင်ရေး ဖောက်ပြန် သော ခင်ပွန်းက ရိုက်နှက် သော ဇနီးကို ဓားဖြင့် ထိုးသတ်

ခင်ပွန်း ဖြစ်သူ အိမ်ထောင်ရေး ဖောက် ပြန်သော ကြောင့် ဆဲဆို ရိုက်နှက် သည့် ဇနီး ကို ခင်ပွန်းဖြစ် သူ က ဓားဖြင့် ထိုးသတ်မှု တစ်ခု မတ်လ (၁၄) ရက်နေ့ ည က ဖြစ်ပွား ခဲ့ကြောင်း တောင်ဒဂုံ မြို့မ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး က The Messenger သတင်းစာ သို့ ပြောသည်။

ယောက်ျား လုပ်တဲ့သူ နောက် ကောင် မလေးတစ်ယောက်နဲ့တွဲနေတာမြင်ရတော့ မိန်းမက ဆဲဆို ရိုက် နှက်တယ်။ အဲဒါကို ယောက်ျားဖြစ်သူက အရက်မူးပြီး သွေးဆူ နေတဲ့အချိန်ဆိုတော့ ဒေါသ ထွက်ပြီး ဓားနဲ့ ထိုး လိုက်တာပါ ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ သေဆုံးသူမ.....၊(၄၀) နှစ်မှာ တောင်ဒဂုံ မြို့နယ် ( ) ရပ် ကွက် အတွင်းနေထိုင်သူဖြစ် ပြီး ခင်ပွန်းဖြစ်သူက အရိုးအသွား ရှစ်လက်မ ခန့်ရှိ မီးဖိုချောင်သုံးဓားဖြင့် ထိုးခဲ့ခြင်း ဖြစ် ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ သိရသည်။

ပုခုံးချင်း တိုက်မိရာက စကားများရန်ဖြစ်ပြီး လည်ပင်းကို ဓါးဖြင့် ခုတ်သတ်

ရန်ကုန်၊၊ မဇ္ဈိမ။            ။ ရန်ကင်းမြို့ အမျိုးသားတစ်ဦး ဓါးဖြင့် ခုတ်သတ်ခံရမှုတစ်ခု မတ်လ ၁၅ ရက် ညက ဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက်၊ လူငယ်မေတ္တာလမ်း၊ အမှတ် (၃၂၅)နေ အသတ်ခံရသူ၏ ယောက်က္ခမတော်စပ်သူ ဒေါ်နီနီ (၅၁)နှစ်က အမှုဖွင့် တိုင်တန်းထားသည်။

ယင်းနေ့ ည ၁ဝနာရီ ၄၅ မိနစ်အချိန်က အတူနေ သားမတ်ဖြစ်သူ မင်းမင်းဦး (၂၅)နှစ်မှာ ဓါးခုတ်ခံရသဖြင့် မေတ္တာရိပ်သာ လမ်းဘေးတွင် လဲနေကြောင်း တူမဖြစ်သူက လာရောက် ပြောပြသဖြင့် တရားလိုက သမီးဖြစ်သူ မတင်နွယ်ဝင်းကို သွားရောက် ကြည့်ရှုစေခဲ့သည်ဟု ဆိုထားသည်။

ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ယာဉ်တိမ်းမှောက်

၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန်္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၁၇/၄)အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ မော်လမြိုင်မြို့နယ်၊ သိမ်ကုန်းဘိုးကုန်းရပ်ကွက်နေ စိုင်းတင့်အောင်နိုင်(၃၇)နှစ် မောင်းနှင်သော ၈ဇ/xxxx လိုက်ထရပ်အ၀ါရောင်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေး ဘာရီယာတုံးများအားတိုက်မိ၍ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ ရပ်တန့်သွားကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါရှိသူ(၂)ဦးအနက်

အရှိန်မထိန်းဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများဝင်တိုက်

၂၀၁၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၆/၅-၆)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာနေ ကျော်သူ(၂၅)နှစ် မောင်းနှင်လာသော ၁င/xxxx တိုယိုတာကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများအားဝင်ရောက်တိုက်မိပြီး လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း

သာကေတ ဓါးထိုးမှု (၄)ဦးကို မိဘများက ရဲစခန်းသို့ အပ်နှံ

                                                                   သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊
           (၂)ဦးဒဏ်ရာ ရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေသူများအနက် (၄)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ

 ၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့် သူငယ်ချင်း(၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူ အရက်သောက်ခဲ့ကြပြီး ပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကိုဆဲသည်ဟု ထင်ကာ နှစ်ဖက်စကားများခဲ့ကြကြောင်း၊ ထိုစဉ် အနီးရှိအမျိုးသား(၂)ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်း ဖြစ်သူ ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာရရှိကာ  သေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့တွင်လည်း ဓါးဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို စုံစမ်း အရေးယူပေးပါရန် ကိုကျော်ထင်ဦးမှ တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

လေယာဉ်ပျောက်ရှာပုံတော် မြန်မာရေတပ်ပါ ပါလာ

                                                                ရေဒါနဲ့ဂြိုလ်တု အချက်အလက်တွေ ပိုပံ့ပိုးကြဖို့ မလေးရှား ဝန်ကြီးပန်ကြား

 ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်ကတည်းက ပျောက်နေတဲ့ မလေးရှား လေယာဉ်ကို ခြေရာခံနိုင်အောင် ရေဒါနဲ့ ဂြိုလ်တု သတင်းအချက်အလက်တွေကို ပိုပံ့ပိုးကူညီကြဖို့ နိုင်ငံအတော်များများကို မလေးရှား အစိုးရက ပန်ကြားလိုက်ပါတယ်။

အခု ရှာ ဖွေရေးလုပ်ငန်းတွေမှာ မြန်မာ တရုတ် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံက ပါဝင်ဆောင်ရွက်နေတယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းထဲမှာတော့ မြန်မာရေပိုင်နက်မှာ မြန်မာရေတပ်ကသင်္ဘ࿿ော ၃ စင်း စနေနေ့ကစလို့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေ လုပ်နေကြတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာရေတပ်သင်္ဘာတွေဟာ မလေးရှား နဲ့ အိန္ဒိယ ရေတပ်သင်္ဘာတွေနဲ့ ပူးပေါင်းပြီး မုတ္တမ ပင်လယ်ကွေ့ နဲ့ ဘင်္ဂ္လားပင်လယ်အော်တွေမှာ ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

လယ်မြေပြဿနာ မရှင်းပေးလို့ ဆက်ပြီး ထွန်ယက်စိုက်ပျိုးမည်

                                                                   လယ်သမားတဦး ကျွဲတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

 မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်စရစ် နဲ့ ရေနံ့သာရွာတွေမှာ အသိမ်းခံထားရတဲ့ လယ်မြေတွေထဲမှာ ထွန်ယက်စိုက်ပျိုးတာကြောင့် တရားစွဲခံထားရတဲ့ လယ်သမား ၁၉ ဦးရှိနေပေမယ့် ဆက်လက် ထွန်ယက်စိုက်ပျိုးသွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။

၁၉၈၆ ခုနှစ်ကတည်းက သမဝါယမ ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တင်ပြခဲ့သလို ဒီနှစ် ဇန်န၀ါရီလကုန်ပိုင်းကလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် ဖြေရှင်းပေးမှု မရှိတာကြောင့် ဆက်လက် ထွန်ယက်စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း တရားစွဲခံထား ရတဲ့ ကျောက်စရစ်ရွာသား ကိုရဲရင့်အောင် က ပြောပါတယ်။

"သမဝါယမစီမံကိန်းအတွက်ဆိုပြီး သိမ်းတယ်၊ အခုအထိဆို လယ်စိုက်ပျိုးခွင့်မရခဲ့တာ၂၈ နှစ်ရှိခဲ့ပြီ ၊ ၂ဝ၁၄ ၁ လပိုင်းမှာ တရားဝင်ဆန္ဒဖော်ထုတ် ခဲ့တယ်၊ အကျိုးအကြောင်း တစုံတရာဖြေရှင်းပေးခြင်း မရှိတဲ့အတွက် ကျနော်တို့ ထွန်တုံးတိုက်ပွဲဝင် ရခြင်းဖြစ်ပါတယ်၊ ကျနော်တို့ လယ်ယာမြေတွေဖြစ်တဲ့အတွက် ဆက်ပြီးလုပ်သွားပါမယ်"

တက္ကဆက် ဂီတပွဲတော်ရောက် မြန်မာရော့ခ်အဖွဲ့

မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံလာရာက အနုပညာ အသိုင်းအဝိုင်းအတွက်လည်း လမ်းပွင့်လာရာမှာ အခုဆိုရင် အမေရိကန် ပြည်ထောင်စုက နိုင်ငံတကာ အနုပညာပွဲတော် တခုမှာ မြန်မာနိုင်ငံက ရော့ခ်ဂီတအဖွဲ့ ပါဝင်ဆင်နွှဲခွင့် ရလာတဲ့အထိ ဖြစ်ပါတယ်။ တက္ကဆက် ပြည်နယ်က နာမည်ကျော် South By Southwest ပွဲတော်မှာ မြန်မာရော့ခ်ဂီတအဖွဲ့ Side Effect ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖျော်ဖြေခွင့် ရခဲ့တာပါ။ မြန်မာနိုင်ငံက ခေတ်ပေါ် ရော့ခ်ဂီတအဖွဲ့ရဲ့ အမေရိကန် ဂီတပွဲတော် အတွေ့အကြုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ South by Southwest အနုပညာပွဲတော်မှာ မြန်မာနိုင်ငံက Side Effect အဖွဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပါဝင်ဆင်နွှဲနိုင်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ နိုင်ငံရေးအရ အထီးကျန်ဖြစ်နေတဲ့ တိုင်းပြည် အခြေအနေအရ အခွင့်မသာခဲ့ပါဘူး။

ငွေစာရင်းကိစ္စ မုံရွာတက္ကသိုလ် ဝန်ထမ်းများ ရန်ပွဲဖြစ်မှု ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဟုဆို

                                                                                                  မုံရွာနာရီစင်

 မုံရွာ၊ မဇ္ဈိမ။            ။ စစ်ကိုင်းတိုင်၊ မုံရွာမြို့၊ မုံရွာ တက္ကသိုလ်ကျောင်းဝင်းအတွင်း တက္ကသိုလ်၏ စီမံ/ဘဏ္ဍာဌာနရှိ ရုံးခန်းမတွင် ယခုလ ၁၂ ရက် နံနက် ၁၁ နာရီခွဲအချိန်က ဌာနဆိုင်ရာ ငွေစာရင်းများ ရှင်းရာမှ ဝန်ထမ်းများ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းကို တက္ကသိုလ်က ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟု မုံရွာမြို့နယ်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတ်လ ၁၅ ရက်တွင် ပြောသည်။

ဖြစ်စဉ်မှာ မုံရွာ တက္ကသိုလ် စီမံ/ ဘဏ္ဍာဌာနတွင် ရုံးလုပ်ငန်းများဆောင်ရွက်နေကြသည့် စီမံ /ဘဏ္ဍာ ဌာနမှူး(ဌာနခွဲ မှူး)နှင့် လက်ထောက် ဌာနစုမှူး တို့သည် ဌာနဆိုင်ရာ ငွေစာရင်းများ ပြုစုကြရာမှ စကားများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တက္ကသိုလ်မှ မျက်မြင်ဖြစ်သူ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းဆန္ဒထုတ်ဖော်ပွဲတွင် ဦးဝီရသူ ပါဝင်ဆန္ဒပြ

                  မတ်လ ၁၆ရက်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် ပြုလုပ်သော ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် မထည့်ရှိရေး ဆန္ဒထုတ်ဖော်ပွဲတွင် 
                                                                 ပါဝင်ဆန္ဒပြနေသည့် ဆရာတော်ဦးဝီရသူကို တွေ့ရစဉ်။ (ကိုအေးမင်း(မြေပုံ))


ရန်ကုန်၊ မဇ္ဈိမ။            ။ အမျိုးဘာသာစောင့်ရှောက်ရေး တရားများ ဟောကြားရန်ဟုဆိုကာ ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ဦးဝီရသူက မတ် ၁၆ ရက်က ရခိုင်ပြည်နယ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်မထည့်ရှိရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဦးဝီရသူက မဇ္ဈိမကိုမိန့်သည်။

ရခိုင်ပြည်နယ်မြို့နယ် အများစုတွင်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာတွင် ဦးဝီရသူက မြေပုံမြို့ရှိ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်လူထု ဆန္ဒထုတ်ဖော်ပွဲမှာ ဝင်ရောက်အားဖြည့်ပြီး ထိန်းသိမ်းပေးတဲ့ သဘောပါ”ဟု ဦးဝီရသူက မိန့်သည်။

အမေရိကန်နဲ့အိန္ဒိယလေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ မလေးရှားလေယာဉ်ရှာဖွေ

                                  This screengrab from flightradar24.com shows the last reported position of Malaysian Airlines flight MH370 
                                                       မလေးရှားလေကြောင်းလိုင်း ပျံသန်းရာလမ်းကြောင်းနဲ့ ရေဒါက ပျောက်သွားတဲ့ နောက်ဆုံးနေရာ။

 မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံးသွားတဲ့ မလေးရှားခရီးသည်တင် လေယာဉ် ကို မြန်မာနိုင်ငံ လေပိုင်နက်ထဲထိပါ ဝင်ရောက်ရှာဖွေမှုတွေ နိုင်ငံတကာက စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း ၁ ပတ် ကျော်သွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ အမေရိကန် လေယာဉ်တွေကနေ မြန်မာလေပိုင်နက်ထဲ ဝင်ရောက်ရှာဖွေမှုတွေကို စနေနေ့က စတင်ခဲ့တာဖြစ်တယ်လို့ မြန်မာလေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ပြောဆိုပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။

ဤသတင်း အတိုင်းဆို မလေးစစ်တပ်မှာ တာဝန်မကင်း ဖြစ်မည်


လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက မလေးရှားကနေ တရုတ်ကို ထွက်ခွာသွားတဲ့ မလေးရှား လေကြောင်းမှ MH370 ဟာ ယနေ့အထိ ပျောက်ဆုံးနေလျက်ပါ။ ပျောက်တဲ့နေ့က စပြီး ယနေ့အထိ ဂမ္ဘီရဆန်နေပြီး သဲလွန်စ ဘာမှမရဘဲ ဖြစ်နေကြဆဲ။ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ် တစ်စင်းလုံး ပျောက်သွားပြီး အမေရိကန် အပါအဝင် နိုင်ငံပေါင်း များစွာက ရေကြောင်း လေကြောင်းကနေ ရှာပုံတော် ဖွင့်နေကြဆဲပါ။

ဗေဒင် ဆရာတွေကလည်း တစ်ဖုံ၊ ပညာရှင်တွေကလည်း တစ်သွယ် မိမိတို့ရဲ့ထင်မြင် ယူဆချက်တွေကို ရှေ့တန်းတင် လာကြရာမှာ ပထမဆုံး အားလုံးက Passport အတုနဲ့ နှစ်ယောက် ပါသွားတယ် ဆိုတာကို အခြေခံပြီး လေယာဉ်တော့ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားပြီလို့ ထင်မြင်ခဲ့ကြသလို ပေါက်ကွဲသွားပြီလို့ ဆိုလာကြပြန်တော့လည်း အကြမ်းဖက်သမားတွေ လက်ချက်ပဲလို့ ထင်ကြေး ပေးလာခဲ့ကြ ပါတယ်။
ဒီတော့ MH370 ရဲ့ ကံကြမ္မာဟာ ပြန်ပေးဆွဲ ခံရတာနဲ့ ပေါက်ကွဲသွားပြီ ဆိုတဲ့ မျဉ်းပြိုင်ပေါ်မှာပဲ ရှိနေခဲ့ရာမှာ လွန်ခဲ့တဲ့ ရက်တွေက တရုတ် Satellite ကနေ ရိုက်ယူပေးတဲ့ ပင်လယ်ရေပြင်က အပိုင်းအစတွေက ပေါက်ကွဲ သွားပြီဆိုတဲ့ သက်သေ၊ သဲလွန်စလို့ လက်ခံရမယ့် အခြေအနေမှာပဲ မလေးဝန်ကြီးက ဒါ MH370 နဲ့ ဘာမှ မပတ်သက်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

သေနတ်ဒဏ်ရာကို ၁၅ စက္ကန့်အတွင်း သွေးတိတ်စေမည့် XStat ဆေးထိုးအပ်


သေနတ်ဒဏ်ရာ များကို ၁၅ စက္ကန့် အတွင်း သွေးတိတ် စေမည့် အိတ်ဆောင် ဆေးထိုးအပ် XStat ကို အမေရိကန် ပြည်ထောင်စု အိုရီဂွန် ပြည်နယ် အခြေစိုက် Rev Medx ကုမ္ပဏီက ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။စစ်မြေပြင်တွင် စစ်သားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ သွားလျှင် အဆိုပါ ဒဏ်ရာကို သွေးအမြန်ဆုံး တိတ်စေရန် ဆောင်ရွက် နိုင်ရေးမှာ အလွန် အရေးကြီးသည်။ သို့သော် စစ်ပွဲ အခြေအနေ၊ ဆေးမှူးနှင့် အလှမ်း ကွာဝေးမှု၊ ဒဏ်ရာရရှိ ထားသော နေရာတို့ အပေါ် မူတည်ပြီး ရံဖန်ရံခါ သေနတ် ဒဏ်ရာကို သွေးတိတ်အောင် ပြုလုပ်ရန် လွန်စွာမှပင် ခက်ခဲ ကြာမြင့် တတ်သည်။
XStat ဆေးထိုးအပ်တွင် လိုအပ်သော ဆေးဝါးများ ပါရှိသည့် ရေမြှုပ်ငယ်များ
ပါဝင်သည်။ အဆိုပါ ရေမြှုပ်ငယ် များကို ဒဏ်ရာထဲ ထိုးသွင်းပေး လိုက်လျှင် ချက်ချင်း ပျံ့ထွက်လာ မည်ဖြစ်ပြီး သေနတ် ဒဏ်ရာကို ပိတ်ပေး လိုက်မည် ဖြစ်သည်။ တစ်ပါတည်း ပါရှိသော ဆေးဝါးများက နာကျင်မှုကို သက်သာ စေခြင်း၊ ပိုးသတ် ပေးခြင်း တို့ကိုပြုလုပ် ပေးမည်ဖြစ်ပြီး ဤဖြစ်စဉ် တစ်ခုလုံး အတွက် ၁၅ စက္ကန့်သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဆီးရီးယား သူပုန်တပ်ဖွဲ့တစ်ခုက အချင်းချင်းလူမှားပြီး ခေါင်းဖြတ်သတ်


ဆီးရီးယားနိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့ တစ်ခုသည် မိမိတို့ဘက်သားကို မှားယွင်း ခေါင်းဖြတ်မိခဲ့ကြောင်း ဝန်ခံသွားသည်။ ဆီးရီးယား အစိုးရ ဘာရှာအာဆက်ဒ်ကို ဆန့်ကျင်နေသည့် သူပုန်အဖွဲ့ အများအပြားအနက် အယ်လ်ကေးဒါး အကြမ်းဖက်သမားများနှင့် ဆန့်ကျင်နေသည့် အဖွဲ့အစည်းများလည်း ပါဝင်နေသည်။ ယင်းတို့အနက် တစ်ဖွဲ့က သူပုန်စစ်သည် တစ်ဦးကို အာဆက်ဒ် ထောက်ခံသူဟု အထင်မှားကာ ခေါင်းဖြတ်ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် မှားယွင်းမိကြောင်း အဆိုပါအဖွဲ့က အင်တာနက်တွင် ကြေညာချက် ထုတ်ပြန်ကာ ပြန်လည် တောင်းပန်ခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက သူပုန်တပ်များသည် ခေါင်းပြတ်တစ်ခုကို ကိုင်ဆောင်ထားသည့် ဗီဒီယိုကို ပြသခဲ့ကြသည်။

အိုင်စလန်ကျွန်းမှ သဘာဝ ရေပန်း (ရေပွက်)

                          အိုင်စလန်ကျွန်းစုနိုင်ငံမှာ နာမည်ကြီးတဲ့ သဘာဝနေရာတစ်ခုကတော့ Strokkur အမည်ရတဲ့ ရေပွက် (Geyser) ဖြစ်ပါတယ်။
အလိုအလျောက်ရေများ ပန်းထွက်နေပြီး သဘာဝရေပန်းလို့တောင် တင်စား ပါတယ်။ ၄ မိနစ် နဲ့ ၈ မိနစ်ကြားမှာ တစ်ခါပန်းထွက်ပြီး ရေတစ်ခါ တက်ရင် ၁၅ မီတာနဲ့ မီတာ ၂၀ ကြားမှာ ဖြစ်ပါတယ်။ တစ်ခါခါကျရင် မီတာ ၄၀ အထိတောင် မြင့်တက်ပါတယ်။

ယင်းသို့ သဘာဝအရောက် ရေပန်းထွက်လာမှုက ၁၇၈၉ ခုနှစ် စတင်တာ ဖြစ်ပြီး ကြီးမားတဲ့ မြေငလျင် လှုပ်ခပ်မှုကြောင့် ပြန်လည် ပွင့်ထွက်လာတဲ့ အပေါက်ဖြစ်ပါတယ်။ ၁၈ ရာစု ကတည်းက ရှိခဲ့တဲ့ ရေပေါက်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာ တွေ့ရှိချက်အရ ယင်း ရေပွက်အောက်ခြေ ပေ ၆၆၀၀ က ရေလမ်းကြောင်းဟာ မီးရေ (ချော်ရေ) လမ်းကြောင်းပေါ် ရှိနေတဲ့အတွက်

နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလွန်းကျင်းအား ဗြိတိန်စစ်သင်္ဘော တော်ပီဒိုဖြင့် မတော်တဆပစ်ခတ်မိ


ပလိုင်းမောက်၊ မတ်-၁၅

အင်္ဂလန်နိုင်ငံတောင်ပိုင်း၌ မတ် ၁၂ရက်ကပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်
မှုတစ်ရပ်အတွင်း ဗြိတိန်ရေတပ် စစ်သင်္ဘောတစ်စင်းသည် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောများ အသုံးပြုသည့်လွန်းကျင်းကို တော်ပီဒိုဖြင့် မတော်တဆပစ်ခတ်မိခဲ့ကြောင်း မတ် ၁၅ရက်သတင်းများတွင် ဖော်ပြ
သည်။

ပလိုင်းမောက်မြို့ ဒီဗွန်ပတ်ရေတပ်ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော
အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့်
စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အိတ်ခ်ျအမ်အက်စ် အာဂါးလ် အမည်ရှိ ရေတပ်သင်္ဘောသည်လေ့ကျင့်မှုတစ်ရပ်အတွင်း အရှည်ကိုး
ပေရှိ သက်မဲ့တော်ပီဒိုတစ်စင်းကို ရေငုပ်သင်္ဘောလွန်းကျင်းဆီသို့ မတော်တဆပစ်ခတ်မိခဲ့ရာ လွန်းကျင်းလုံခြုံရေး စည်းရိုးအား ထိမှန် ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ကိုယ်ဝန်ဆောင် မျောက်ဝံ တစ်ကောင် ကို လူသားတစ်ဦးလို မွေးဖွားပေးခဲ့

အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂို မှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ခုမှာ ကိုယ်ဝန် ဆောင် မျောက်ဝံ တစ်ကောက် ဟာ ကလေး မွေးဖွားဖို့ အခက် အခဲရှိ နေတာမို့ လူသား တစ်ဦးလို မွေးဖွား ပေး ခဲ့တယ် လို့ သိရပါတယ်။ အ သက် (၁၈)နှစ် အရွယ်ရှိ လာမာနီ အမည်ရ မျောက်ဝံမကြီး ဟာ မွေးဖွားရာ မှာ အခက် အခဲရှိခဲ့လို့ အရေး ပေါ် ခွဲစိတ်ကုသမှုတွေ ပေးနိုင် ဖို့ သားဖွား မီး ယပ် ဆရာဝန်တွေရဲ့ အကူ အညီကို ရယူ ခဲ့ပါ တယ်။ လာမာနီ ကို တိရိစ္ဆာန် တွေ ကုသပေး တဲ့ ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပေမယ့် အသက် အန္တရာယ်မဖြစ်စေဖို့ တတ်ကျွမ်းတဲ့ ဆရာဝန် တွေကို အကူအညီ တောင်းခဲ့ရပါတယ်။ လာ မာနီရဲ့ ကလေးငယ်ဟာ (၄ ဒသမ ၆)ပေါင် ရှိပြီး နှစ်ဦး စလုံး အခြေအနေကောင်းတယ်လို့ သိရပါတယ်။ မျောက်ဝံတွေဟာ လူသားတွေ လို ကိုယ်ဝန် ဆောင်ပြီး (၈ ဒ သမ ၃)လကနေ ကိုးလအကြားမှာ မွေးဖွားလေ့ရှိပါတယ်။ လာ မာနီရဲ့ ကိုယ်အလေးချိန် ဟာ ပေါင် (၂၀၀) ကျော်ရှိတာမို့ မွေးဖွားရာမှာ အခက်အခဲ သိပ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ မွေးဖွားတဲ့အခါ အန္တရာယ် မဖြစ်စေဖို့ ဆန်ဒီ ယေဂိုမြို့ ဆေးရုံးက ဆရာဝန် တွေကို အကူအညီတောင်းခံရခြင်း ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ လာမာနီနဲ့ ကလေး ငယ်ကို အထူးကြပ်မတ်ဆောင်မှာ ထားရှိ ထားပါတယ်။

Messenger News Journal

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇဲခ်က တပတ်ကျော်ကြာပျောက်ဆုံးနေခဲ့တဲ့ လေယာဉ်ဟာ အစီအစဉ်ရှိရှိ လမ်းကြောင်းပြောင်းတာ ခံခဲ့ရတယ်လို့ မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့အပြီး ခုလိုတရုတ်အစိုးရက တောင်းဆို လိုက်တာပါ။လေယာဉ်ပေါ်မှာတော့ တရုတ် ခရီးသည် ၁၅၄ယောက် တင်ဆောင်ထားပါတယ်။ စုစုပေါင်းလူ ၂၃၉ ယောက်ကိုတင်ဆောင်ထားရင်း ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေတာ ဒုတိယရက်သတ်တပတ်ကို ရောက်လာပါပြီ။

မလေးရှားအရှေ့ပိုင်းကစီစဉ်ထားတဲ့ လေကြောင်းလမ်းအတိုင်း လေယာဉ်အပျက်အစီးကို ရှာဖွေမှုကို ရပ်ပြီး တခြားနေရာတွေကို ပြောင်းရွှေ့ရှာဖွေနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်တွင် လိင်တူဆက်ဆံသည့် အမျိုးသမီး အချင်းချင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု တစ်ခု သံသယ ဖြစ် ဖွယ် တွေ့ရှိ

အမေရိကန် ကျန်းမာရေး အာဏာပိုင် များသည် အမျိုးသမီး အချင်းချင်း ကြား ရှား ရှားပါးပါး အိပ်ခ်ျ အိုင်ဗွီ ကူးစက်မှု တစ်ခုကို သံသယ ဖြစ်ဖွယ် တွေ့ရှိ ခဲ့ရကြောင်း သိရ သည် ။

အမေရိကန်အစိုးရ၏ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟို ဌာန က အသက် ၄၆နှစ် အ ရွယ် ရှိ အမျိုးသမီးတစ်ဦး သည် တက္ကဆတ်မှ အိပ်ခ်ျအိုင်ဗွီပိုးရှိနေသူ အမျိုးသမီးတစ်ဦးနှင့် လိင်တူဆက်ဆံမှု ပြု လုပ်ခဲ့ပြီးနောက် ကူးစက်ခံခဲ့ရဖွယ်ရှိကြောင်း ဆိုသည်။ အမည်ထုတ်ပြန်ထားခြင်း မရှိသည့် ယင်း အမျိုးသမီးမှာ အတိတ်ကာလကလည်း လိင်တူ နေထိုင်ဆက်ဆံမှုများရှိခဲ့သော်လည်း ပြီးခဲ့သည့်ဆယ်နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီ ကူး စက်မှုများ မရှိခဲ့ကြောင်း သိရသည်။ သူမ၏ လိင် ဆက်ဆံဖက် ၄၃ နှစ်အရွယ်အမျိုးသမီး မှာ မူ ၂၀၀၈ တွင် အိပ်ခ်ျအိုင်ဗွီဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီး ၎င်း မှာ တစ်ဦးထဲသော လိင် ဆက်ဆံဖက်ဖြစ်ကြောင်းဆိုသည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB