Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သင်္ကြန် song

No Title Singer Listen/Download Size
1 ရှာပုံတော်မင်းသားကြီး ဇော်ဝမ်း Click Here !! 2.00 MB
2 မမကိုယ်တိုင်က ဇော်ဝမ်း Click Here !! 2.00 MB
3 ရယူလိုသောဆု ဇော်ဝမ်း Click Here !! 2.00 MB
4 မိုးမင်းသင်္ကြန် ဇော်ဝမ်း Click Here !! 2.00 MB
5 နံ့သာရေဖျန်းကွယ် ဇော်ဝမ်း Click Here !! 2.00 MB
6 ဖြူပြာမူယာ ဇော်ဝမ်း Click Here !! 2.00 MB
7 တစ်ခိုင်လုံး ရွှေ ဇော်ဝမ်း Click Here !! 2.00 MB
8 မြို့မမောင်လာပေါ ဇော်ဝမ်း Click Here !! 2.00 MB
9 ယဉ်ယဉ်ယဉ် ဇော်ဝမ်း Click Here !! 2.00 MB
10 ရေလောင်းရေပက် ဇော်ဝမ်း Click Here !! 2.00 MB
11 ပျို့သစ်လွင် ဇော်ဝမ်း Click Here !! 2.00 MB
12 အိပ်မက်စေတမန် ဇော်ဝမ်း Click Here !! 2.00 MB
13 ရေနန်းသူဇာ ဇော်ဝမ်း Click Here !! 2.00 MB
14 နှုတ်ခွန်းဆက် ဇော်ဝမ်း Click Here !! 2.00 MB
15 တီးလုံး ဇော်ဝမ်း Click Here !! 2.00 MB

ရီးစားကိုဓါးဖြင့်ထိုးသတ်ပြီးနောက် လမ်းဘေးေ ကြာ်ငြာ ဆိုင်းဘုတ်ကြီးမှ ခုန်ချသေဆုံး

ထိုင်းနိုင်ငံချင်းမိုင်မြို့နယ် ချန့်မွဲ့လမ်းရှိ စနူကာဆိုင်တွင်အလုပ်လုပ်နေသော ချစ်သူအား သဝန်တိုမှုဖြင့် စကားများရာမှ ဓါးဖြင့်ထိုးသတ်ခဲ့သည့်အမှု ယမန်နေ့ကဖြစ်ပွါးခဲ့ပါသည်။

ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် သျှမ်းလူမျိုးအများစု နေထိုင်သော ပိန်းလုံအုပ်စုမှ ချင်းမိုင်မြို့တက်အလုပ်လုပ်သည့် အသက် ၁၆ နှစ်အရွယ် နန်းဂျန်တစ်အား ရည်းစားဖြစ်သူ စိုင်းခမ်းလိုင် က ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီက ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုင်းခမ်းလိုင်က ၎င်း၏ ချစ်သူကို တခြားအမျိုးသားများနှင့်သဝန်တိုသဖြင့် ခွန်းကြီးခွန်းငယ် စကားများရာမှ ထိုးသတ်ခြင်းဖြစ်သည်ဟု သေဆုံးသူ (မိန်းခလေး) မိသားစုနှင့် နီးစပ်သည့် စိုင်းကမ်က ပြောသည်။

သေဆုံးသူတွင် ရင်ဘတ်၌ ဓါးထိုးထားသည့်ဒဏ်ရာ ၅ ချက်ရှိပြီး ၎င်းအလုပ်လုပ်ရာဆိုင်အနောက်ဘက် ရေမြောင်းထဲသို့ တရားခံမှ ဆွဲ၍သွားပစ်ချထားကြောင်း ချင်းမိုင်မြို့ cm 108 ဝက်ပ်ဆိုက်တွင် ရေးသားဖော်ပြထားပါသည်။

နိုင်ငံ ရေး အတွက် လက်တွဲ လုပ်ဆောင် ကြ ရမည့် အချိန် တွင် ပြက်လုံး များသာ ပြောဆို နေကြ ကြောင်း ဟံသာဝတီ ဦးဝင်းတင် ဝေဖန်

ဒေါ်အောင် ဆန်းစုကြည် ကို မြက် တစ်ပင် တောင် မစိုက်ဖူး   သူဟု  ပြောဆို ခဲ့မှု နှင့် ပတ်သက်၍ မြန်မာ နိုင် ငံ အနာဂတ် အတွက် လက်တွဲ ပူးပေါင်း အလုပ်လုပ် ကြ ရမည့် အချိန်   တွင် နိုင်ငံ  ရေး ပျက်လုံး များ သာ အများဆုံး ပြောဆို နေကြ ကြောင်း မန္တလေး ၁၃၀၀ ပြည့် အရေး တော်ပုံ အခမ်း အနား တွင် အမျိုးသား ဒီမို က ရေစီ အဖွဲ့ ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင် က ဝေဖန် ပြောဆို လိုက် သည်။  ဗိုလ်ချုပ် အောင်ဆန်း ကို ချစ် သော် လည်း ဒေါ်အောင် ဆန်းစုကြည် ကိုတော့ မဲပေး ဖို့မလို ကြောင်း၊   ဒေါ်အောင်ဆန်း စုကြည် သည် မြန်မာ နိုင်ငံ အတွက် မြက်တစ်ပင် တောင် စိုက်ခဲ့ သူမ ဟုတ် ကြောင်း စသည် ဖြင့်  ပြည်ထောင်စု  ကြံ့ခိုင် ရေးနှင့် ဖွံ့  ဖြိုးရေး ပါတီ ဒု ဥက္ကဌ သူရ ဦးအေးမြင့် ၏ ပြောဆို မှုနှင့် ပတ်သက် ၍ ယင်း ကဲ့သို့ ဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ် သည်။  သူတို့ ဒီ စကား တွေ  မပြော ခင် ကျွန် တော်  စကားဦး များ  သန်းမိ သလား တောင် မသိ ပါဘူး။ နိုင်ငံ ရေး ပြက်လုံး တွေ အများကြီး ပြောနေ ကြ တယ်လို့။ နိုင်ငံရေး  ပြက်လုံး  တွေ လုပ်ဖို့ ထက် အလုပ် လုပ်ဖို့ စဉ်း စား ကြဖို့၊ လက် တွဲပြီး တော့ ပူးပေါင်း ဖို့ ဦးဆောင် ပြီး လုပ်ကြ ရ မယ့် အဲဒီ အချိန် မှာ နိုင်ငံ ရေး ပြက်လုံး တွေ ပြောရင်း ပြောရင်း နဲ့ ခင်ဗျား တို့လည်း ကြားဖူး ကြ မှာပါ။

သမီကလေး ကျေးရွာသားတွေကို အစိုးရ နေရာချထားပေးမည်

           
တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာက အိမ်ထောင်စု ၁၅၀ ကျော်ကို နေပြည်တော် အမြန်လမ်းမနားမှာ နေရာချထားပေးမယ်လို့ သက်ဆိုင်ရာက စီစဉ်တဲ့အကြောင်း ဒုက္ခသည်တွေ ယာယီခိုလှုံနေတဲ့ အလံနီကျေးရွာ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဒီနေ့ မိန့်ကြားပါတယ်။

ဘုန်းတော်ကြီးကျောင်းဝင်းမှာ ခိုလှုံနေသူတွေအတွက် မြေ ၉ ဧကမှာ နေရာချထားပေးမှာလို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

"ဒီနေ့နေ့လည် ၂ နာရီခွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း ကိုယ်တိုင်လာပြီးတော့ ကြေညာသွားပါတယ်၊ ဒီသမီးလေးကျေးရွာ ဖျက်ခံထားတဲ့ အိမ်ထောင်စုပေါ့နော်၊ အိမ်ထောင်စု အကုန်လုံးတော့ မဟုတ်ဘူး၊ ဦးဇင်းကျောင်းမှာရှိနေတဲ့ အိမ်ထောင်စု ၁၅၇ အတွက်ကိုတဲ့ လှည်းကူးမြို့နယ် ဖောင်ကြီး မင်းကုန်ပေါ့၊ အဲဒီ မင်းကုန်းနားက ရွာဘေးနားမှာ မြေဧက ၉ ဧကပေါ်မှာ အားလုံးပဲ ရွာသားတွေကို မြေနေရာပြန်ချပေးပါမယ်ဆိုတဲ့ တရားဝင် ကြေညာသွားပါတယ်၊ ပေ ၄ဝ ပေ ၆ဝ လမ်းတွေရောပါမယ်၊ ဆေးရုံဆေးခန်းနဲ့လည်း နီးတယ်တဲ့၊ အထက်တန်းကျောင်းတွေနဲ့ နီးတယ်လို့ပြောတယ်၊ နေပြည်တော် အမြန်လမ်းမကြီးဘေးနားမှာ"

လေလွင့်မိန်းကလေးငယ်လေးများ ခိုနားရာ

“ပညာသင်ချိန်၊ အတတ်ပညာရှာမှီးမယ့် အရွယ်လေးတွေမှာ လမ်းပေါ်ရောက်နေရတဲ့ ကလေးတွေက သူတို့ကိုယ်တိုင် နှစ်သက်စွာ ရွေးချယ်ခဲ့တဲ့ ဘ၀တွေလား”အခြေအနေမဲ့ လေလွင့်နေကြတဲ့ ကလေးငယ် တွေကို လမ်းပျော် ကလေးများလို့တောင် တချို့က သုံးနှုန်းနေကြဆဲပါ။ တွေးကြည့်ပါ။ ဘယ်ကလေးက အမိုးအကာမဲ့၊ နွေးထွေးချစ်ခင်သူမဲ့၊ အနာဂတ်မဲ့နေတဲ့ သူတို့ဘ၀မှာ နေပျော်ကြမှာလဲ။ဒီလိုလေလွင့်နေတဲ့ ကလေးတွေထဲက မိန်းကလေးငယ်လေးတွေဟာ အန္တရာယ်ကို လက်ယပ်ခေါ်နေကြမှန်းမသိဘဲ ဖိတ် ခေါ်နေသူတွေပါ။ အဲဒီလို မမြင်နိုင်တဲ့အန္တရာယ်တွေက အရွယ်ရောက်သူတွေပဲ ကြုံတွေ့နိုင်တယ်ဆိုတာ ၂၁ ရာစု နောက်ပိုင်းမှာ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။

ဒါကြောင့် အခြေအနေမဲ့ လေလွင့်နေကြပြီး အုပ်ထိန်းသူမဲ့နေကြတဲ့ လမ်းပေါ်ကလေးတွေ (Street Children) ထဲက မိန်းကလေးငယ်လေးတွေ အရွယ်ရောက်လာတဲ့အခါမှာ လူ့ဘောင်အဖွဲ့အစည်းအတွင်း ကို ပတ်ဝန်းကျင်က ထောက်ပံ့မှု မယူရဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဘ၀ရပ်တည်နိုင်ဖို့ ပြုစုပျိုးထောင်လေ့ ကျင့်ပေးမယ့် ရည်ရွယ်ချက်တွေနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်၊ ရန်ကုန်-ပြည်လမ်းမကြီးဘေးက အမှတ် ၄၅ မှာ ဖွင့်လှစ်ထားတယ်လို့ သိရတဲ့အတွက် အဲဒီအမျိုးသမီးကလေးများ သင်တန်းကျောင်း တည်ရှိရာကို မဇ္ဈိမအမျိုးသမီး ကဏ္ဍအဖွဲ့က သွားရောက် ခဲ့ပါတယ်။

RE-VOLT Classic Premium - 3D Mod For Android (138 MB) + OBB

Cover art
Racing Crazy တွေအတွက် ကောင်းမယ်ထင်တဲ့ Racing Game လေးတစ်ခုတင်ပေးလိုက်ပါတယ်..၊ 
                            Play Store မှာ W 5600 နဲ့ရောင်းထားတာပါ..၊ 
             Androd version 2.3 နဲ့အထက်မှာ အဆင်ပြေပြေဆော့နိုင်မှာပါ..၊

EPIC v1.3.0 For Android [Mod Unlimited Aura + Seed] + DATA



                    

Epic Cartoon ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်..၊ အခု Android အတွက် Epic   
           Game လာပါပြီ..၊ ရုပ်ထွက်လည်းကောင်းပါတယ်..၊ Android 2.3 နဲ့အထက်မှာ
                                    အဆင်ပြေပြေဆော့နိုင်မှာပါခင်ဗျာ...၊
APK(26.4 MB)            +            DATA(87.6 MB)               =               114 MB
[Download Apk]         |         [Download OBB]               <--  Download From Zippyshare
[Download Apk]         |         [Download OBB]               <--  Download From One2Up

||Game: EPIC Battle for Moonhaven APK ||
||Version: 1.3.0 ||
||Size: 114 MB ||
||Required android: 2.3 and up||
||Market Link: play.google.com/ ||
||Mod: Aura + Seed ||
Install apk
Put Obb on Sdcard\android\data\here

Facebook v7.0 For iOS [36.79 MB]

                                      

မနေ့ (Feb 21, 2014) က  Update ပေးထားတဲ့ နောက်ဆုံး Version ပါ.... Apple Store ကနေဒေါင်းဖို့ 
        အဆင်မပြေတဲ့ ဘော်ဒါတွေအတွက် Crack ပြီးသားလေး Share ပေးလိုက်ပါတယ်..၊

                                                [Miloshare]
                                               [Zippyshare]

Black Magic

Facebook v8.0.0.0.3 For Android


                                   

           လောလောဆယ်တော့ နောက်ဆုံးထွက်ထားတဲ့ Version လေးပါ..၊
  Play Store ကနေ Upgrade လုပ်ဖို့ အဆင်မပြေတဲ့ ဘော်ဒါတွေ အောက်က Link           
                                ကနေဒေါင်းနိုင်ပါပြီခင်ဗျာ..။

                                       [My Cloud App]
                                        [Google Drive] 

                             

Black Magic

Master Thingyan မာစတာသင်္ကြန် 2014 Album


No Title Singer Listen/Download Size
1 နှစ်သစ်ကူးတော့မယ် Nine One & မိစန္ဒီ Click Here !! 2.00 MB
2 အများနဲ့မသက်ဆိုင်တဲ့ငါ လွှမ်းပိုင်& Bobby Soxer Click Here !! 2.00 MB
3 ရင်ခံတယ် အေသင်ချိုဆွေ Click Here !! 2.00 MB
4 သင်္ကြန် Barble ရုပ် ဂျောက်ဂျက် Click Here !! 2.00 MB
5 ဒါမျိုးကြတတ်တယ် ထွန်းရတီ Click Here !! 2.00 MB
6 ဓာတ်လိုက်သည် သားကြီး Click Here !! 2.00 MB
7 တစ်ကြိမ်သာရသော အိမ့်ချစ် Click Here !! 2.00 MB
8 ဖိန့်ဖိန့်တုန် ဆန်းသစ်လ Click Here !! 2.00 MB
9 တစ်ယောက်ဆိုတစ်ယောက် ပူစူး Click Here !! 2.00 MB
10 သုံးရက်ထဲပါ မေသူ Click Here !! 2.00 MB
11 ဖြူပြာနီဝါ ဇော်ဝင်းထွဋ်၊ သား​စိုး Click Here !! 2.00 MB

ဓါတ်ပုံရိုက် / ဓါတ်ပုံပြင် ၀ါသနာပါသူတွေအတွက် Feature တွေစုံလင်တဲ့ - Camera 2 v2.5.0 APK

ပုံတွေကိုမြင်လိုက်တာနဲ့တင် ကျွန်တော်တင်ပေးလိုက်တဲ့ Application လေးအကြောင်းကိုသိလောက်ပြီလို့ ထင်ပါတယ်ဗျာ။ Android Device တွေမှာ ဓါတ်ပုံရိုက်ပြီး စိတ်ကြိုက်ပြုပြင်နိုင်တဲ့ Application လေးတစ်ခုပါ။ ရိုက်ထားပြီးသား ပုံများကိုလည်းပြုပြင်နိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ယခုမိမိရိုက်လိုက်တဲ့ ပုံကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာရှေးရှေးတုန်းက ရိုက်ထားခဲ့တဲ့ပုံမျိုးဖြစ်အောင် ဖန်တီးနိုင်တဲ့ Effect ကိုပိုပြီးတော့ သဘောကျပါတယ်ဗျာ။ ပြုပြင်ပေးနိုင်တဲ့ Effects တွေကလည်းအများကြီးပါဝင်ပါ တယ်ဗျာ။ Effect တွေက 360 Camera ထက် ပိုပြီးစုံလင်ပါတယ်ပါတယ်။ ပါဝင်တဲ့ Feature တွေ ပိုများလို့ပါ။ နမူနာကြည့်နိုင်ဖို့ အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 4.0.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။

ဖောက်ပြန်ချင်နေသေယောက်ကျား များအားဆုံးမရန် (မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ်)

မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား

မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ

မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။

မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

မယားငယ် - သူမကွာရှင်းဘဲနဲ့ ကျွန်မက သူနဲ့ ဘယ်လိုလက်ထပ်လို့ရမှာလဲ

မိန်းမ - Sorry. အဲဒါသူ့ကိစ္စပါ

မယားငယ် - သူကရှင့်ကိုတောင် မချစ်တော့တဲ့ဟာ ရှင်မကွာပေးဘူးလား။ ရှင့်နေရာမှာ ကျွန်မသာဆို အစောတည်းက ကွာပေးလိုက်ပီ

မိန်းမ - သြော်ဟုတ်လား။ ကွာတာမကွာတာ ကျွန်မကိစ္စပါ

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့ရန် သမ္မတ အဆိုပြု

မြန်မာနိုင်ငံတွင်းက  အကျင့်ပျက်ချစားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူမယ့်   လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို အငြိမ်းစားဗိုလ်ချုပ် မြ၀င်း ခေါင်းဆောင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့လိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်နေပြီဖြစ်တဲ့အတွက် ဒီဥပဒေအရ ခုလို ကော်မရှင်ဖွဲ့စည်းဖို့ သမ္မတက ဖေဖော်ဝါရီ ၂၀ နေ့စွဲနဲ့  လွှတ်တော်အကြီးအကဲထံ  ကော်မရှင်အဖွဲ့ဝင်တွေရဲ့  အမည်စာရင်း ပေးပို့လိုက်တာပါ။
ဒီကော်မရှင်မှာ သမ္မတက ရွေးချယ်ပေးသူ ၅ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ဦးစီနဲ့ စုစုပေါင်း ၁၅ ဦး ပါဝင်ပြီး  ကော်မရှင် ဥက္ကဋ္ဌအဖြစ် အငြိမ်းစား စစ်ဗိုလ်ချုပ်မြ၀င်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်စားသံအမတ်ကြီး ဦးတင်ဦးတို့ကို တာဝန်ပေးဖို့ လျာထားပါတယ်။

သင်ဇာဝင့်ကျော်ပြောတဲ့ သူမရဲ့အလှအပရေးရာ

အနုပညာရှင်တွေထဲမှာ အပြောင်းအလဲတွေ လုပ်ရတာ နှစ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကို ရရှိထားတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့အလှအပိုင်းဆိုင်ရာ၊ ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး ခုလိုဖွင့်ဟသွားပါတယ်။ ‘ဆံပင်ကတော့ ခု အရှည်ထားဖို့ ပြန်မွေးနေတယ်။ ဒါပေမဲ့ အတိုလေးလဲ ပြန်ထားချင်နေတယ်။ ဆံပင်ကို စမ်းချောင်းက Heart Ease မှာလုပ်ဖြစ်တယ်။ ခြေဆုံးခေါင်းဆုံးပေါ့။ လုပ်ဖြစ်တယ်။ အသားအရေကတော့ UVပါတဲ့ Sun Cream လိမ်းတယ်။ နေပူထဲ ထွက်ရတော့မယ်ဆိုရင် အိမ်မှာရိုးရိုး Body Lotion လိမ်းပြီး နေပူထဲမထွက်ခင် UVပါတဲ့ဟာကို ထပ်လိမ်းတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါလေးပါတော့ အောက်ကအရေပြားကို သိပ်မထိခိုက်တော့ဘူးပေါ့။ နည်းနည်းသက်သာတာပေါ့။ သင်ဇာက Skin Care Missha ၊Make Up Channel  Two Way MAC သုံးဖြစ်နေတယ်။ နေပူထဲသွားမယ်ဆိုရင် မပါမဖြစ်ကတော့ UVပါတဲ့ဟာ၊ မျက်မှန်၊ ဦးထုပ်ပေါ့။ နွေရာသီ ရောက်တော့မယ်ဆိုရင် သင်္ကြန်ရောက်တော့မယ်ပေါ့။ ပျော်ပါတယ်။ ဒီနှစ်သင်္ကြန်က သင်ဇာရန်ကုန်မှာမရှိဘူး။ ဂျပန်ကို မိသားစုနဲ့သွားမယ်။ အပျော်ခရီးပါပဲ’ လို့ ဆိုသွားပါတယ်။

ခင်ဆွေသက်/ By Trend Myanmar

သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ဖြစ်ချင်တာပါလို့ ဆိုလိုက်တဲ့ ဟိန်းရတု

အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ ခြေချခဲ့ပြီး မာန်ထက်ချီဗီဒီယို ထုတ်လုပ်ရေးကလုပ်တဲ့ သရုပ်ဆောင်သစ်ရွေးပွဲမှာ ဝင်ပြိုင်ရင်းနဲ့ ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ် အရွေးခံခဲ့ရတဲ့ ဟိန်းရတုကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ အတူ တိုက်ပိုင်ရှိတဲ့ မင်းသားတစ်ယောက်နဲ့ တိုက်ပိုင်မရှိတဲ့ မင်းသားတစ်ယောက်ရဲ့ ကွာခြားချက် က ဘာတွေဖြစ်မလဲဆိုတဲ့အကြောင်းတွေ မေးမြန်းကြည့်လိုက်တဲ့အခါ ‘ကျွန်တော် အခုရိုက်နေတဲ့ ဇာတ်ကားလေးကတော့ နှလုံးသားကန်နွန် လို့ခေါ်ပါတယ်။ ကိုဟိန်းဝေယံ၊ မအူဝဲတို့နဲ့ပါ။ ဒီဇာတ်ကားမှာ ကျွန်တော်က ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မအူဝဲ(အိန္ဒြာကျော်ဇင်)ကို တဖက်သတ်ကြိုက်နေတဲ့သူပေါ့။ အချစ်ကြောင့် မလုပ်သင့်တဲ့ မမှားသင့်တဲ့ အမှားမျိုးကို ကျူးလွန်ခဲ့တဲ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သုံးလပိုင်းလောက်မှာ ကျွန်တော်ကိုယ်တိုင် ခေါင်းဆောင်မင်းသားအဖြစ်နဲ့ မာန်ထက်ချီကနေ ဇာတ်ကားတွေ ရိုက်သွားဖို့ရှိပါမယ်။ အခုလည်း မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးနဲ့ပဲ ဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။

ဓာတ်ရှင်ရိုက်သူများ ဇာတ်ကားကြီးဟာ ထူးထူးခြားခြား မျှော်လင့်နေကြသူတွေအတွက် ထူးခြားမှုတွေ ယူဆောင်လာလိမ့်မယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်


ပရိသတ်တွေအတွက် လျှို့ဝှက်မှုနဲ့ အံ့သြဆန်းကြယ်မှုတွေကို ယူဆောင်လာမယ့် ဓာတ်ရှင်ရိုက်သူများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတွေးအခေါ်အယူအဆ ထူးခြားလှပါတယ်ဆိုတဲ့ ဒါရိုက်တာညိုမင်းလွင်က ပုံဖော်ရိုက်ကူးနေပြီး ဇာတ်ကားအရေအတွက် အထွက်ကြဲပေမဲ့ ရိုက်သမျှဇာက်ကားတိုင်းကလဲ ပရိသတ်ရင်ထဲ ထင်မှတ်ကျန်နေစေခဲ့တဲ့ ကားတွေကိုသာ ရွေးချယ်ရိုက်ကူးတတ်တဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်စိုင်းစိုင်းခမ်းလှိုင်အပြင် မကြာသေးခင်ကမှ ပူပူနွေးနွေး အကယ်ဒမီရရှိထားတဲ့ ဖွေးဖွေးနဲ့ ဒီဇာတ်ကားကြီး အတွက် ပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ ဖန်တီးမှုသဘောတရားတွေဟာ ပရိသတ်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲ ဆိုတဲ့အကြောင်း စိုင်းစိုင်းကို မေးကြည့်ဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက ဓာတ်ရှင်ရိုက်သူများတဲ့။ ဒါရိုက်တာ ကိုညိုမင်းလွင်၊ မင်းသမီးကဖွေးဖွေးပါ။ ဒီဇာတ်ကားကြီးကို ရိုက်ရတဲ့စိတ်ခံစားချက်က ကျွန်တော်ရုပ်ရှင်ရိုက်ရတာကြိုက်တယ်။ ရုပ်ရှင်ရိုက်ရတာ ပျော်တယ်။ြ

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ

ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံ ခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံး တစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲ က နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရ မှာ ဖြစ်ပါတယ်။
သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့ တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာ အရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန် တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

၂၀.၂.၂၀၁၄ရက်နေ့ ၁၆၄၀အချိန် သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း သာကေတဘက်မှ သန်လျင် ဘက်သို့ ယာဉ်မောင်း စိုးရန်နောင်(ဘ)ဦးလှညွန့်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-----တိုယိုတာပရာဒို ခဲရောင်ယာဉ်သည် မြင်တော်သာလမ်းထိပ် ဂိတ်ဟောင်းမှတ်တိုင် အနီး အရောက် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် ကိုငယ်လေးချို (ဘ)ဦးသိန်းမောင်၊ သာကေတမြို့နယ်နေ သူ စီးနင်းလာသော ဆိုက္ကားနှင့် ကိုကြည်ဝင်း (ဘ)ဦးအေးလွင် သာကေတမြို့နယ်နေသူ စီးနင်းလာသော စက်ဘီးတို့အားတိုက်မိခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ကိုငယ်လေးချိုနှင့် ဆိုက္ကားပေါ်ပါ ဒေါ်ရီရီထွန်း၊ ဒေါပုံမြို့နယ်နေသူ တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးဆိုက္ကားပေ
ါ်ပါ မနွေးယွန်းဖြူ (ဒေါ်ရီရီထွန်း၏ သမီး)နှင့် စက်ဘီးစီးနင်းလာသူ ကိုကြည်ဝင်းတို့တွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီး တွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင် အား သာကေတမြို့မရဲစခန်းယာဉ်(ပ) ၁၀/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် ကျောက်တင်ကား တိမ်းမှောက်

ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီး နာရီစင်အနီးတွင် တန်လေးထောင် ဘိလပ်မြေစက်ရုံ သို့ ဂေါဒန်တင်ပို့နေသော တန်ပိုတင် ကျောက်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။
အမှုဖြစ်စဉ်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ဘက်မှ ဘားအံတန်လေးထောင် ဘိလပ်မြေစက်ရုံ သို့ ဂေါ ဒန်ကျောက် များ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိသော ယာဉ်အမှတ် ၉ခ/---- နီဆန်း ယူဒီ ၁၀ ဘီး ကျောက်တင်ယာဉ်သည် ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ နာရီစင်အနီးညအိပ် ရပ်နားထားသော မော်တော်ယာဉ်နှစ်စီး ကို ကျောက် တုံးကြီးများ လွင့်စဉ် ထိမှန်ပိပြားခဲ့ပြီး ညအိပ်ယာဉ်ငယ် ၉င/--- GAIA ပေါ်တွင် အိပ်စက်နေသော ကော့ ကရိတ်မြို့နယ် သင်္ဃန်းညီနောင်နေ ကိုကျော်မှာ ညာခြေကျင်းဝတ် ကျိုးကြေဒဏ်ရာနှင့် YGN 5E-...... GAIA အမျိုးအစား (ဆလွန်း) ယာဉ်ပေါ်အိပ်စက်နေသော ကိုယ်ဝန်ခုနစ်လရှိ မခိုင်မာဝင်းမှာ ကျောက်တုံး ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး

ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့် ဒဏ်ရာများ ရရှိခဲ့သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးသောင်းဒန်၊ ကိုယ်ပိုင် အမှတ် -လ/၁၉၇၇၅၄ က ဗီဒီယို သရုပ်ဆောင် နေသူရိန်ကို အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မြန်မာသံတော်ဆင့် သတင်းဌာနသို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က လာရောက် ပြောကြားသည်။

ကျွန်တော် တပ်ကြပ်ကြီး သောင်းဒန် ကိုယ်ပိုင်အမှတ်-လ/ ၁၉၇၇၅၄ မှ ရင်ဖွင့်လိုက်ပါသည်။ ဖြစ်စဉ်က ဒီလိုပါ ကျွန်တော် တာဝန်ကျနေသည့် ကန်တော်ကြီးပတ်လမ်း မီးပွိုင့်တွင် ၉-၂-၂၀၁၄ (၁၁း၃၀)  နာရီအချိန်ခန့် မီးပွိုင့်ပြင်တဲ့အဖွဲ့ မီးပြန်ချိန်ရန် ပြုပြင်နေစဉ် မီးပွိုင့်မီးဖြတ် လိုက်တယ်။ တာဝန်အရ ကျွန်တော် ကားတွေကို ထိန်းရတယ်၊ လက်ထွက်ပြရတယ်၊ အဲဒီမှာ ၇ဃ/၇၇၇၄ ကားက ဖရီးကြောက တည့်ထွက်လာတယ်၊ ထွက်လာတဲ့ကားကို လက်ပြပြီး တားထားတယ်၊ ဒီကားကမရပ်ဘူး။

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်းဝတ်ထားသူတစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေးဆောင်ရွက်နေသည့် သင်္ဃန်းကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်

အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ဒုတိယနှစ် ကျောင်းသူကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ လူငယ် တစ်ဦးက မိဘများ သဘောမတူဘဲ ခိုးယူ ပေါင်းသင်းခဲ့သောကြောင့် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်လျက် ရှိရာ ခိုးယူ ပေါင်းသင်းချိန်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ကျောင်းသူကို ထပ်မံ ခိုးယူကာ ထိမ်းမြားခဲ့ပြီးနောက် ဓာတ်ပုံများ ဆက်လက် ဖော်ပြနေသောကြောင့် ကောလိပ် ကျောင်းသူ၏ အုပ်ထိန်းသူ မိဘများက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB