Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကွန်ဒုံးဖြင့် ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးမိ


တမူး၊ မဇ္ဈိမ။ ။ ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့်များကို အမျိုးသမီးတစ်ဦးက ကွန်ဒုံးဖြင့်ထုတ်၍ ၎င်း၏ လိင်အင်္ဂါအတွင်း ထည့်သွင်းသယ်ဆောင်လာသည်ကို စစ်ကိုင်းတိုင်း၊ မတူး-ကလေး အဝေးပြေးလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စုက မတ် ၁၈ တွင် ဖမ်းဆီးလိုက်သည်။
တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာအနီးရှိ အဝေးပြေးလမ်းမပေါ်တွင် တမူးမှ ကလေးသို့ မောင်းနှင်လာသည့် ခရီးသည်ယဉ် တစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှ အဆိုပါ အမျိုးသမီးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးမြို့နယ်၊ တင်သားကျေးရွာနေ အသက်(၃၃)နှစ်အရွယ် မမို့မို့ ဆိုသူမှာ အလေးချိန်(၉)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်များကို ကော်ဗူးတစ်ခုထဲသို့ ထည့်ကာ ကွန်ဒုံးဖြင့် ထုပ်ပိုးထားပြီး သူမက ၎င်း၏တန်ဆာအတွင်းသို့ ထိုးသွင်းလျှို့ဝှက်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါကားပေါ်ရှိ ကျန်ခရီးသည်များကို ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ တစ်ရွာ်တည်းနေ မမြင့်မြင့်ခိုင်ဆိုသူ၏ ခရမ်းရောင်ဖျော့ အောက်ခံဘောင်းဘီအတွင်းမှ အလေးချိန်(၁၁)ဂရမ်၊ တစ်ရွာတည်းနေ မကြည်ကြည်မာဆိုသူ၏ ဘောင်းဘီအတွင်းမှ အလေးချိန်(၁၂)ဂရမ်ကိုတစ်ဆက်တည်း ရှာဖွေသိမ်းဆီးရရှိခဲ့သည်ဟု ခမ်းပတ်နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။
ထို့ကြောင့် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါ အမျိုးသမီးများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ခမ်းပတ်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက မူးယစ်(ပ) ၉/၂ဝ၁၄၊ ၁ဝ/၂ဝ၁၄၊ ၁၁/၂ဝ၁၄ မူးယစ်ပုဒ်မ ၁၅/ ၁၉(က)အရ အမှုဖွင့် အရေးယူခဲ့သည်။

ကိုတိုးကြီး/မဇ္ဈိမ

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB