Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မြောက်ကိုရီးယား-မြန်မာ စစ်ရေးဆက်ဆံမှု ကုလသံသယရှိ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားပြီး မြောက်ကိုရီးယားဟာ ကမ္ဘာတလွှား လက်နက် တင်ပို့မှုတွေ လုပ်ဆောင်နေရာမှာ မြန်မာနိုင်ငံလည်း ပါဝင်နိုင်တယ်လို့ ယူဆရတဲ့အကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

ရှုပ်ထွေးပြီး၊ အဆင့်မြင့်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး လက်နက်တွေ ပြည်ပကို တရားမ၀င် တင်ပို့နေတာ တွေ့ရတဲ့အကြောင်း အဖွဲ့ဝင် ၈ ဦးပါ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက လုံခြုံရေးကောင်စီကို အင်္ဂါနေ့က တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေ၊ ဟန်ပြကုမ္ပဏီတွေကတဆင့် ဂျက်တိုက်လေယာဉ်တွေ၊ မစ်ဇိုင်းဒုံးပျံ အစိတ်အပိုင်းတွေအထိ လက်နက်တွေကို ရောင်းချနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာ အဆက်အဆံတွေ ရှိနေဆဲပဲလို့ သံသယရှိနေတဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူ ၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလတွေမှာ အမေရိကန် ပြည်ထောင်စုက အရေးယူခဲ့တာကိုလည်း အစီရင်ခံစာက ထောက်ပြခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်း ကလေးငယ်များအတွက် ပညာရည်ချွန်ဆုပေးအပ်နေသည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး

                               
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အခြေခံ အလွှာများဖြစ်သောထုတ်လုပ်သူအလွှာ၊ စက်မှုအ လွှာ၊ ဗီဒီယိုအလွှာ၊ ဇာတ်ပို့၊ဇာတ်ရံအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ ဒါရိုက်တာအလွှာ၊ တည်းဖြတ်၊ မှတ်တမ်းအလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အလွှာ၊ ပြဇာတ်နှင့် ရုပ်ရှင်နောက်ခံ တေးဂီတအလွှာစသည့် အလွှာများမှ အနုပညာရှင်၊ အတတ် ပညာရှင်တို့ ၏ သားသမီးများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ နှစ်စဉ်နှစ်တိုင်း ပညာရည်ချွန်ဆုပေး အပ်လျက်ရှိသည်။
ပညာရည်ချွန်ဆုပေးရာတွင် ဘာသာရပ်အလိုက်၊ ဂုဏ်ထူးအလိုက် မည် သည့်အလွှာမှ သားသမီးဖြစ်စေ၊ ခွဲ ခြားမှုမရှိဘဲ မျှမျှတတဖြစ်စေရေးအတွက်လည်း နာယကကြီး များ၊ အဖွဲ့ဝင်များက သေချာကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ပညာရည်ချွန်ဆုပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဒုဥက္ကဋ္ဌဦးအေးကြူလေး က ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ အလွှာအသီးသီး မှာရှိတဲ့ အနုပညာရှင်တွေရဲ့ ထူးထူးချွန်ချွန်နဲ့ ဆယ်တန်းအောင်မြင်တဲ့ သားသမီးတွေကို ဆုအဖြစ် ပေးအပ် တာပေါ့နော်။အခမ်းအနားနဲ့တကွ သေသေချာချာပြင်ဆင်ပြီးတော့ကိုပေးတယ်။

ရုပ်ရှင်မှာ ဟာသကား မရိုက်ဘူးလို့ ဆိုလာသူ ဒါရိုက်တာ ဝင်းထွန်းထွန်း

ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက် ဖို့ ရုပ်ရှင် ဥပဒေရေးဆွဲတဲ့ နေရာမှာ ကိုယ်တိုင် ပါဝင်နေသလို၊ မြန်မာ့ အားကစား တိုးတက်ရေး အစီအစဉ်တွေ မှာလည်း တတ်စွမ်း သရွေ့ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ “စုန်းပြူး” ကို မကြာခင်မှာ ရုံတင်တော့ မှာဖြစ် ကြောင်း အဲဒီ ကားအတွက် လည်း အကောင်းဆုံး ရိုက်ပြထားတာမို့ ပရိသတ် ကျေနပ်နှစ်သက်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီး ဒါရိုက် တာ ဝင်းထွန်းထွန်းက..
“အစ်ကို့ရဲ့ ပထမဆုံး ရုပ်ရှင် ကားဖြစ်တဲ့ “စုန်းပြူး” ရုပ်ရှင်ကားကို နိုဝင်ဘာမှာ ဖြစ်အောင် ရုံတင်မယ်။ အဲဒီအတွက်လည်း အဲဒီလမှာ ရုံတင် နိုင်အောင် ပြင်ဆင်နေ ရတာပေါ့။ ကျန်တဲ့ ကားရိုက်တာတွေနဲ့၊ ရုပ်ရှင် ဥပဒေ တစ်ဖက်၊ အားကစား တစ်ဖက်၊ မိသားစုတစ်ဖက် ဆိုတော့ သိပ်မအား ဘူး။

ပါတော်မူဇာတ်ထုပ် ကြီး ကပြဖို့ စီစဉ်နေ ကြောင်း ပတ္တမြား ကေခိုင်ပြောကြား

ဂရိတ် ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့် ပွဲကြီး စီစဉ်ပြီးတဲ့ နောက်ပိုင်းမှာ ပါတော်မူ ဇာတ်တော်ကြီးကိုလည်း ခမ်းနားစွာနဲ့ တင်ဆက် ကပြနိုင်ရန် စီစဉ်နေကြောင်း ပတ္တမြားကေခိုင် က ပြောပါတယ်။ ပွဲကိုတော့ ဇူလိုင်နဲ့ သြဂုတ်လထဲမှာ ပြုလုပ်သွားဖို့ စီစဉ် ထားပြီး ပါတော်မူ ဇာတ်တော်ကြီး နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုလည်း စုဆောင်းနေကြောင်း ပြောပြလာတဲ့ ပတ္တမြားကေခိုင် က “ဖေဖေတို့ သွင်းခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းခွေတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ဇာတ် ညွှန်းတွေပြန် ထုတ်ထားတယ်။ မင်းသားတွေ ပြောထားတာ တော့ သူတို့ကလည်း လုပ်ပေး မယ်ပေါ့။ ဒီတစ်ခေါက် ကတော့ ကောက်နုတ် ချက်တွေပဲ မဟုတ်တော့ဘူး။ တကယ့် ဒရာမာ ပဲဖြစ်လိမ့်မယ်။ ပွဲလုပ်ဖြစ်ခဲ့ရင် အစ်မတို့ စိတ်ကူး ထားတာကတော့ နှစ်ပါးသွားနဲ့ သိမ်း တာမျိုး မဟုတ်ဘဲနဲ့ ဖေဖေ တို့တုန်းက ဇာတ်ကခဲ့တဲ့ ပုံစံမျိုးနဲ့ သိမ်း မယ်။ နှစ်ပါးသွားကို ရှေ့မှာထွက်ပေးမယ်။ ပါတော်မူ နဲ့ပဲ သိမ်းလိုက်မယ်။၂ ရက် ကပြမှ ဇာတ်ထုတ်ပြည့်စုံမယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပါတော် မူထဲမှာ ပါတဲ့သူတွေ ကရနောင် မောင်မောင်တုတ်တို့၊ မောင်ဖေငယ် တို့ဆိုရင် သူတို့ ဇာတ်လမ်းတွေ နဲ့သူ တို့ရှိတယ်။

ပညာမတတ်ရင် လူရော၊ အနုပညာပါ အနှိမ်ခံရတယ်လို့ဆိုလာတဲ့ တင်မောင်ဆန်းမင်းဝင်း

                                                                 

ဇာတ်အဖွဲ့မှမိသားစုဝင် တွေရဲ့ကျောင်းနေအရွယ် ကလေးငယ်တွေကိုကျောင်း ထားပေးနိုင်မှုနဲ့ပတ်သက်ပြီး နှစ်စဉ်ကူညီထောက်ပံ့ပေး မှုတွေကိုလုပ်ဆောင်ပေးနေ တယ် လို့ ရွှေမန်းသဘင်က တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ ကလေးငယ်တွေ ပညာသင်ကြားနိုင်မှုကိုတော့ အလေးထားပြီးကူညီ ထောက်ပံ့ ပေးလာခဲ့တာရွှေမန်း သဘင် အဆက်ဆက်ပဲဖြစ်ကြောင်း၊ ဇာတ်အဖွဲ့သားတွေရဲ့ မိုးတွင်း ကာလအတွက်စားဝတ် နေရေး ကိုလည်း ထောက်ပံ့ပေး လျက်ရှိ နေကြောင်းပြောပြလာတဲ့ တင်မောင် ဆန်းမင်းဝင်းက ” ကျောင်းမတက်သေးတဲ့ ကလေးတွေကျတော့လည်း ဇာတ်နဲ့လိုက်လာတာမျိုးတွေရှိတယ်။ဒါကလည်း သူတို့အဖေ၊ အမေတွေ ကခေါ်ချင် တယ်ဆို လို့ပါ။ကျောင်းတက် ရမယ့်အ ရွယ် ၄နှစ်၊၅နှစ်ရောက်ပြီ ဆိုရင် လှည်းကူးမှာ ခြံဝယ်ထား တယ်။ အဲဒီလှည်းကူးခြံမှာထားပြီး ကျောင်း ထားပေး တယ်။ တာဝန် ထမ်းဆောင် တဲ့ အနုပညာရှင် တွေအကုန်လုံးရဲ့သား၊သမီး တွေကို လုပ်ပေးတာပါ။ဒါက ကုသိုလ်ရတယ်လေ။ကျောင်း နေအရွယ်မှာ ဇာတ်နောက်ကို လည်း မလိုက် ခိုင်းစေချင်ဘူး။

သမီးဖြစ်သူကို ပညာရေးပိုင်းမှာထူးချွန်စေချင်တဲ့ အိန္ဒြာကျော်ဇင်

                                   
ပြေတီဦးပညာရေး ဖောင် ဒေးရှင်းရန်ပုံငွေပဒေသာကပွဲ ကို မန္တလေးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုအထူးရရှိခဲ့တဲ့ အပေါ်ဝမ်းသာပီ တိဖြစ် ရကြောင်း အိâန္ဒာကျော်ဇင်ကပြောပါတယ်။
” ဒီပွဲကို အစအဆုံးပြေတီဦး ကိုယ်တိုင်စီစဉ်တာဖြစ်ပြီး အဲဒီရက်ပိုင်းအတွင်းတအားပင်ပန်းပေမယ့် ပွဲကြီးကျင်းပတဲ့အချိန်မှာရုံပြည့်ရုံလျှံ အားပေးကြသလို၊လက်မှတ်မရ လို့အပေါ်တက်ကြည့်ချင်တဲ့ သူတွေကလည်း ပြည့်ကျပ်နေတာကို မြင်တွေ့ရတာကြောင့်ပင်ပန်းရကျိုးနပ်တယ်” လို့ ပြောပါတယ်။ ဒီပဒေသာကပွဲမှာ အိâန္ဒာကျော်ဇင်က ရာဇာနေဝင်း၊ ဟေမာနေဝင်းတို့နဲ့အတူ သီချင်းသီဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်တွေကို စင်ပေါ်တက်ပြီး သီချင်းမဖျော်ဖြေခင်မှာ ကြောက် စိတ်တွေဖြစ်ပေါ်နေ ကြောင်း ကိုအိန္ဒြာကျော်ဇင်က ” ဒီပွဲမှာ သီချင်းအစီအစဉ်လေးမှာထည့်ထားတာ တစ်ယောက်တည်းလည်း မဆိုရဲဘူး။ မောင်နှမ ၃ ယောက်ဆိုတော့အားလည်း ရှိတယ်။ မောင်နှမ ၃ယောက်ဆိုတဲ့ အစီအစဉ်လေးက မဟေမာ အခွေတုန်းကတစ်ခါပဲဆိုထားတယ်။ အဲဒီတုန်းကလည်း ပရိသတ်က ကြိုက်ထားတော့ အဲဒီအစီ အစဉ်လေးကို ထပ် ထည့် ဖြစ်တာပါ။ စင်ပေါ်ကိုမတက်ခင်တော့ တအားကြောက်တယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့် ရွှေမှုံရတီ ရဲ့ အိမ်သစ်တက် အလှူမင်္ဂလာ

                                   

ရွှေမှုံရတီက အိမ်သစ်တက် အလှူ အဖြစ် မတ်လ ၇ရက်နေ့ မနက်၁ဝ နာရီက အိမ်သစ် တည်ရှိရာ သာကေတ မြို့နယ် ရတနာပုံ ၇ လမ်းထိပ်ခြံ အမှတ် 10(A) မှာ ပြု လုပ်ခဲ့ ပါတယ်။ ဇွဲဇုံကျောင်း ဆရာတော်နဲ့ သံဃာတော်၂၁ပါးကို နေ့ဆွမ်း နဲ့ လှူဖွယ် ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။
“ဒီနေ့က အိမ်သစ်တက် အလှူလေး လုပ်ဖြစ်တာပါ။ တအားပွဲ အကြီးကြီး လုပ်တာ မဟုတ်တော့ မဖိတ်မိတဲ့ သူတွေလည်း ရှိတယ်။ အချိန် ကလည်း ကန့်လန့် ကြီးဖြစ်နေတော့ ဖိတ် ရမှာလည်း အားနာလို့ပါ။ ဘုရားအနေကဇာ တင်ရင်း နဲ့ အိမ်သစ်တက် အလှူပေါ့”လို့ ပြောပြပါတယ်။
 ရွှေမှုံရတီ က ဖေဖော်ဝါရီ ၂၈ ရက်နေ့ည က အမျိုးသား ကဇာတ်ရုံ မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေ ပွဲမှာ သီချင်းဆို ဖျော်ဖြေခဲ့ပြီး အပြန်မှာ နှလုံးရောဂါ အမောဖောက် လာ တာကြောင့် SSC ဆေးရုံကို တက် ရောက် ကုသခဲ့ရတယ် လို့ သိရပါတယ်။ ဆယ်တန်း စာမေးပွဲ အတွက်လည်း စာတွေဘက် ကို အား စိုက်လုပ်ရင်း ဇာတ်ကား ရိုက်ကူး မှု ကို တစ်လ နားခဲ့တယ်လို့ ပြောပြတာကြောင့်

နွေရာသီကျောင်းပိတ် ရက်မှာ စစ်လွန်းဝတီ ထက် ကြော်ငြာများ ရိုက်ကူးဖို့ရှိကြောင်း ဖခင်ဇူးမြတ်ထက်ပြော

                                
ဇူးမြတ်ထက်နဲ့ ထက်ထက်မိုးဦးတို့ရဲ့ တစ်ဦးတည်းသော သမီးစစ်လွန်းဝတီထက်က မိဘများရဲ့ အနုပညာသွေးအပြည့်ပါသူ တစ်ဦးဖြစ်ပါတယ်။ သုံးနှစ်အရွယ်သာရှိတဲ့ စစ်လွန်းဝတီထက် ဟာ ပြက္ခဒိန်များ၊ ကြော်ငြာများမှာ ဓာတ်ပုံများရိုက်ကူးနေသလို၊ MISY ကျောင်းမှာလည်း ပညာသင် ကြားနေပါတယ်။ သမီးဖြစ်သူ စစ်လွန်းဝတီထက်က အနုပညာကို ဝါသနာပါ တာနဲ့ပတ်သက်ပြီး ဖခင်ဇူးမြတ်ထက် က “သမီးက အနုပညာနဲ့ပတ် သက် လာရင် တအားဝါသနာလည်းပါ တယ်။ အဲဒီအတွက် ကိုတော့ သူ့အမေကအစအဆုံးကိုစီစဉ်ပေးတာ အခု မထက်က သူ့ကျောင်းကြို၊ ကျောင်း ပို့လုပ်တယ်။ မိခင် ဆိုတော့ တခြားလူထက် စိတ်ချရတယ်။ သူက ကင်မ ရာရှေ့ရောက်ရင် အိုက်တင်အမျိုးမျိုးလုပ်တယ်” လို့ ပြော ပါတယ်။ဖခင်ရှု တင်သွားတိုင်း စိတ်ဝင်တစားနဲ့ မေး မြန်းတတ်တဲ့သမီးလေးရဲ့ ချစ်စရာအမူအရာကို ဇူး မြတ်ထက်က

ပျောက်ဆုံးလေယာဉ် မူလလမ်းကြောင်း ကျော်လွန်ပျံသန်းခဲ့ဖွယ်ရှိ

စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား ပုံမှန်လမ်းကြောင်းကနေ တော်တော်ကွာဝေးတဲ့ နေရာအထိ သွေဖီသွားခဲ့တယ်လို့ မလေးရှား စစ်ဖက်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ နေရာဟာ မလေးရှားအရှေ့ဖက် ကမ်းရိုးတမ်းရဲ့ အနောက်ဖက် ကီလိုမီတာ ရာနဲ့ချီပြီးတော့ဝေးတဲ့ မလက္ကာ ရေလက်ကြားပေါ်မှာ တွေ့ခဲ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

အဲဒီဒေသဟာ ကမ္ဘာပေါ်မှာ ကုန်သွယ်ရေကြောင်းသွားလာမှုဆိုင်ရာ အရှုပ်ထွေးဆုံး ဒေသဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းနဲ့ မလေးရှားရဲ့ အနောက်ဖက် ကမ်းရိုးတန်းတို့ ဆုံစည်းရာအရပ် ဖြစ်ပါတယ်။ လူပေါင်း ၂၃၉ ယောက် လိုက်ပါသွားတဲ့ Boeing 777 လေယာဉ် ဘယ်နေရာမှာ ရှိနေသလဲဆိုတာဟာ  တစထက်တစ ပိုပြီးစဉ်းစားရ ကြပ်စရာ ကိစ္စတခု ဖြစ်လာရပါတယ်။

တရားရုံးတွင်ကွာရှင်းရန်ရှောက်ထားစဉ်သားမယားအဖြင့်ပြုလုပ်သဖြင့်မုဒိန်းမှုဖြစ်

ပဲခူးမြို့မရဲစခန်းအပိုင် ဟံသာဝတီ ရပ်ကွက်၊ထပ်ဆင့်အသံလွှင့်ရုံဝင်အတွင်း
ရှိ ကြက်မွေးမြူရေးခြံတွင်(၁၀.၃.၂၀၁၄)နေ့ ည(၇း၀၀)အချိန်ခန့်က မုဒိန်းမှုတစ်ခု
ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ မ----၊(၂၆)နှစ်၊(ဘ)ဦးကျော်ဝင်း၊ဗမာ/ဗုဒ္ဓ၊ဈေးရောင်း၊
မှော်ကန်(--)လမ်း၊လိပ်ပြာကန်ရပ်ကွက်နှင့်ကိုအောင်မင်းငြိမ်း၊(၃၅)နှစ်၊(ဘ)ဦးမြင့်ဦး၊
ဗမာ/ဗုဒ္ဓကျဘမ်း၊မ/၈၅၉၊ဆိုရှယ်လစ်(၂)လမ်း၊လိပ်ပြာကန်ရပ်ကွက်နေသူတို့သည်
၂၀၁၃ ခုနှစ်ခန့်က အကြင်လင်မယား အဖြစ်ပေါင်းသင်းနေထိုင်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား ခြင်းမတိုက်ဆိုင်၍ ပဲခူးမြို့နယ် တရားရုံးတွင် တရားရင်ဆိုင် နေစဉ်အတွင်းကိုအောင်မင်းငြိမ်းကတရားရုံးမှအပြန်တွင်ရှင်းပြစရာရှိကြောင်းပြောကာဆိုင်ကယ်ဖြင့်တင်ဆောင်ပြီး ဟံသာဝတီရပ်ကွက် ရှိ ထပ်ဆင့်အသံလွှင့်ရုံးဝင်းအတွင်းရှိ ကြက်မွေးမြူရေးခြံတွင် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့်မ----မှ တရာလိုပြု တိုင်တန်းခဲ့ရာပဲခူးမြို့မ ရဲစခန်းမှ(ပ)၁၇၉/၂၀၁၄ပြစ်မှုဆိုင်ဥပဒေပုဒ်မ၃၇၆ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
သန့်ဇင်

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

 myanmarcnn

ဓါတုဗေဒDay ကျောင်းသားတစ်ဦး သုံးဘီး(တုတ်တုတ်)ဖြင့် တိုက်မိ၍သေဆုံး (သွေးကြောက်သူများ မကြည့်ပါနှင့်)

ဓာတ်ပုံမူရင်းသန့်ဇင်

ပဲခူးမြို့၊အမှတ်(၂)ရဲစခန်းအပိုင်မဇင်းရပ်ကွက်၊ရွှေသာလျောင်းဘုရားလမ်း၊ဓမ္မိကာရာ
မ ဘုန်းကြီးကျောင်းရှေ့တွင် (၁၁.၃.၂၀၁၄)နေ့ နေ့လည်(၁၂း၁၅)အချိန်ခန့် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရွှေသာလျောင်ဘုရားဘက်မှ မဇင်း(၁)လမ်း ဘက်သို့ ယာဉ်မောင်း သူရလှိုင်(၁၉)နှစ်၊(ဘ)ဦးအေးငွေ၊ဗမာ/ဗုဒ္ဓ
တတိယနှစ်(ဓါတု Day ကျောင်းသား)၊မြသပိတ်လမ်း၊ကလျာဏီရပ်ကွက်၊ပဲခူးမြို့နေသူ မောင်းနှင်ပြီး ဆိုင်ကယ်နောက်ထိုင်ခုံတွင် အောင်ဇော်မြင့် (၉)နှစ်၊(ဘ)ဦးဝင်းဇော်၊ဗာမာ/ဗုဒ္ဓ
အောင်ပင်လယ်(၁၈)ရပ်ကွက်၊မန္တလေးတိုင်းဒေသကြီးနေသူ စီးနင်းလာသည့်
၂၅ယ/၉၁၁၇၃၊KENBO 125 အမျိုးအစား၊နီ/နက်ကြားရောင်(လိုင်စင်စီစစ်ဆဲ)၊
ဆိုင်ကယ်နှင့် မဇင်း(၁)လမ်းဘက်မှ ရွှေသာလျောင်းဘက်သို့ကျော်ကျော်ဌေး(ခ)
မိုဟာမက်ဟာရှစ်(၄၈)နှစ်၊ (ဘ)ဦးအဘူဘာကယ်၊မွတ်စလင်/အစ္စလာမ်၊ယာဉ်မောင်း
လိုင်စင်မရှိ၊ မ/၁၀၈၊ပုလဲလမ်း၊ဇိုင်းတောင်ရပ်ကွက်၊ပဲခူးမြို့နေသူမောင်းနှင်လာသည့်
၃ဟ/xxxx(လိုင်စင်ရှိ)အပြာရောင်သုံးဆိုင်ကယ်နှင့်မျက်နှာချင်ဆိုင်ဝင်ရောက်တိုက်မိ
ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ကျော်ကျော်ဌေး(ခ) မိုဟာမက်ဟာရှစ် တွင် ဒဏ်ရာမရရှိသော်လည်းသူရလှိုင်တွင်(၀ဲ)နဖူး(၄)လက်မခန့် ပေါက်ပြဲဒါဏ်ရာ
၊အောက်နှုတ်ခမ်း(၂)လက်မခန့်ကွဲဒါဏ်ရာ၊(၀ဲ)မေးရိုးကျိုးဒါဏ်ရာ၊အောင်ဇော်မြင့်တွင် (၀ဲ)နဖူးဖူးရောင်ညိုမဲဒါဏ်ရာများရရှိခဲ့ပြီးရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး သူရလှိုင် အတွင်းလူနာ(စိုးရိမ်ရ)၊အောင်ဇော်မြင့် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ဆေးကုသမှုခံယူလျှက်ရှိပြီးသုံးဘီးဆိုင်ကယ်တွင်(၀ဲ)ဘက်ရှေ့ခြမ်းပိန်ချိုင့်၊တန်ဖိုး(၃၀၀၀၀ိ/)ကျပ်ခန့်ဆိုင်ကယ်တွင်ရှေ့မီးခွက်ကွဲကြေ၊ရှေ့နှုတ်သီးကွဲကြေ၊(၀ဲ)ယာဒူးကာကွဲကြေတန်ဖိုး(၂၀၀၀၀ိ/-)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး

အရှိန်လွန်ကာယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၁၃)ဦးဒဏ်ရာရ

၁၁.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မှော်ဘီမြို့၊ ဆပ်သွားတော
ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၈/၀)အနီးတွင် ရန်ကုန်ဘက်မှ မှော်ဘီဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်
လာသော S---- ဟိုင်းလတ်အဖြူရောင် အောင်တံခွန်ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာထွက်ပြေး
တိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံတွင် ကျား(၁)ဦး၊မ(၇)ဦးနှင့် ရန်ကုန်ဆေးရုံကြီး တွင် မ(၅)ဦး၊ စုစုပေါင်း(၁၃)ဦးတို့ တက်ရောက်ဆေးကုသမှုခံယူလျက် ရှိပါသည်။

သူငယ်ချင်း(၂)ဦးအရက် အတူထိုင်သောက်ရာမှ ဓါးခုတ်မှုဖြစ်

ပဲခူးမြို့မရဲစခန်းအပိုင်အ၀ိုင်းကျေးရွာ၊အေးချမ်းသာယာပိုင်းတွင်(၁၀.၃.၂၀၁၄)နေ့ည
(၈း၀၀)အချိန်ခန့် ကဓါးခုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ဇော်ဝင်းထွဋ် (၁၉)နှစ်၊(ဘ)ဦးခင်ရီ၊ဗမာ/ဗုဒ္ဓ၊အ၀ိုင်းကျေးရွာ၊ အေးချမ်းသာယာပိုင်နေသူသည်နေအိမ်တွင်အိပ်ပျော်နေစဉ်ခွေးဟောင်သံကြား၍ထကြည့်ရာ(အတူနေ)အကိုဖြစ်
သူမျိုးမင်းထွန်း(၂၇)နှစ်(ဘ)ဦးခင်ရီ၊ဗမာ/ဗုဒ္ဓ၊မျိုးမင်းထွန်း၏မျက်နှာတွ
င်သွေးများထွက်နေသည်ကိုတွေရှိ ရ၍မေးမြန်းရာ ဖိုးဆန်း အရက်ဆိုင်တွင်တစ်ရွာထဲနေသူကြည်ထွေး(၃၈)နှစ်(ဘ)ဦးသောင်းငွေ၊ဗမာ/ဗုဒ္ဓနှင့်အရက်သောက်အတူသောက်ကြပြီး တစ်ဦးနှင့်တစ်ဦးစကား များကြရာကြည်ထွေးမှ မျိုးမင်းထွန်းအား အရှည်(၁)တောင်ခန့်ရှိဓါးဖြင့် ခုတ်သဖြင့် မျိုးမင်းထွန်း တွင် ၀ဲဘက်ခြမ်း နဖူးမှ နှာခေါင်းအထိ ကန့်လန့်ဖြတ် ပြတ်ရှ ဒါဏ်ရာ
(၁)ချက်ရရှိခဲ့ကြောင်းသိရှိရပြီး ဓါးဖြင့်ခုတ်သူ ကြည်ထွေးအား အရေးယူပေးပါရန် ဇော်ဝင်းထွဋ်မှ တရာလိုပြုတိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်းမှ (ပ)၁၈၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆(ချွန်ထက်သောလက်နက်ဖြင့် လူအား အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း)အရ အရေးယူထားပြီးဒဏ်ရာရရှိသူ မျိုးမင်းထွန်းအား ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ပိုဆောင်ခဲ့ကြောင်းသတင်းရရှိသည်။
သန့်ဇင်
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

 myanmarcnn

မိန်းမဖြစ်သူကို မသေမချင်း ဓားနဲ့ ထိုးသတ်ပြီး ထွက်ပြေးသူကို နည်းပညာဖြင့် ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၂) ရပ်ကွက်၊ရန်အောင် မြေ ၂ လမ်း အတွင်း ၂၀၁၄ မတ် လ ၅ ရက်နံနက် ၆ နာရီခန့်အချိန် မိမိဇနီးကို ဓားဖြင့်ထိုးပြီး မသေမချင်းသတ်ဖြတ်ထွက်ပြေး တိမ်း ရှောင်သွားသူကိုပြည်နယ်ရဲတပ် ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

မတ်လ ၅ ရက် နံနက် ၈ နာရီအချိန်အခင်းဖြစ်ပွားသည့်အိမ်ရှိမဇာဇာခိုင်သည် အိမ်သန့် ရှင်းရေးပြုလုပ်နေစဉ်အစ်မ (အရင်း) ဖြစ်သူ မချောချောခက်အိပ်သည့်အိပ်ခန်းတံခါး
ပွင့်နေ၍ဖွင့်ကြည့်ရာအစ်ဖြစ်သူမှာ ခုတင် ပေါ်တွင်မှောက်လျက်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေပြီးအစ်မဖြစ်သူ၏ ရွှေလက်ကောက် (၁) ကွင်း၊ ရွှေဆွဲကြိုး(၁) ကျပ် သားတစ်ကုံး၊ စိန်လော့ကက်သီး တစ်ခု၊ စိန်လက်စွပ်တစ်ကွင်းနှင့် ငွေသား (၃) သိန်းခန့်ပါပျောက် ဆုံးနေကြောင်း ဘားအံမြို့မရဲစခန်း သို့တိုင်ကြားခဲ့သည်ဟုဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်း အကူဌာနစု၊ ဒုရဲမှူးအောင်ထူး၊ ဒုရဲအုပ်ဘရှိန်၊ ရဲအရာခံစိန်မင်း၊ တကကသန်းလှိုင်ဝင်းတို့သွားရောက်စစ်ဆေးခဲ့ရာ မချောချော ခက် (၃၅) နှစ်ကိုသတ်ပြီး ပစ္စည်းများယူဆောင်ထွက်ပြေးသွား သူမှာ သေဆုံးသူ၏ခင်ပွန်းအောင် ကျော်ကျော်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး နံနက် ၉ နာရီအချိန်တွင် ၎င်းကိုင်ဆောင်သည့်လက်ကိုင်ဖုန်း ဖြင့်ခယ်မဖြစ်
သူမဇာဇာခိုင်ထံဆက် သွယ်လာကြောင်း သိရသည်။

စောင်ထဲက ပိုင်ရှင်မဲ့ ဘိန်းမည်းများ သိန်း ၂၀၀ ကျော်ဖိုးဖမ်းမိ

မိတ်္ထီလာ မြို့၊ ကားကြီးဝင်း တွင် မတ်လ (၈) ရက်နေ့၊ ညနေ (၆း၃၀) အချိန် က တောင်ကြီး မြို့မှ မိတ်္ထီလာ မြို့သို့ ယာဉ်မောင်း ဦးကျော်ရွှေ မောင်း နှင် လာသော “မင်းရာဇာ” ခရီးသည် တင် ဟိုင်းလတ် အဖြူ ရောင်၊ ယာဉ် အမှတ် ၂က/၉၉၈၀ ကား သည် မိတ်္ထီလာ မြို့ ဂိတ်ဆုံး သို့ရောက် ၍ ခရီးသည် များ ဆင်းသွား ရာ ကားခေါင်မိုး ပေါ်တွင် ပိုင်ရှင်မဲ့ ခရီးသွား အိတ် တစ်အိတ် နှင့် အဖြူရောင် ဆာလာ အိတ် ဖြင့် ထုတ်လျက် အ ထုပ် ကြီးတစ်ထုပ် ကျန်ခဲ့၍ ယာဉ်မောင်းမှ ယာဉ်လုပ်ငန်းကြီးများ ကြီး ကြပ်မှု ကော်မတီ သို့ သတင်းပေး ပို့ခဲ့ သည်။ ယာဉ်လိုင်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် အမှတ် (၂)ရဲစခန်းသို့ သတင်းပေးပို့သဖြင့် စခန်းမှူး ရဲအုပ် မြင့်သန်းနှင့်အဖွဲ့ သွားရောက် စစ်ဆေးခဲ့သည်။

စခန်း မှူး ရဲအုပ်မြင့်သန်း နှင့် အဖွဲ့သည် အသိသက်သေ များရှေ့တွင် အထုပ်နှစ်ထုပ် အား စစ်ဆေးရာ အ၀တ် အစား ထည့်သည့် အိတ်မှာ သော့ခတ်ထားခြင်း မရှိ သဖြင့် ဇစ် အား ဖွင့်ကြည့်ရာ အတွင်း၌ ဂွမ်းစောင် ဖြင့် ရစ် ပတ်ထုပ်ပိုးလျက် အိတ်အ၀ါဖြင့် ထုပ်ပိုးထား သည့် ဘိန်းစိမ်း ဟုယူဆရသော ပစ္စည်းခြောက် ထုပ်အား တွေ့ရသည်။

ဆိုင်ကယ်(၁)စီးကို ခိုးယူလာစဉ် ဖမ်းဆီးရမိပြီးစစ်ဆေးရာမှ ဆိုင်ကယ်(၁၄)စီးခိုးယူခဲ့မှု ထပ်မံပေါ်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂.၃.၂၀၁၄ ရက်နေ့၁၄၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ပလရရပ်ကွက်၊ (၂)လမ်းပေါ်၌ မြောက်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်နေ ကိုထွဋ်(ခ)သိန်းလှမော်(ဘ)ဦးသိန်းအောင်၊ (၁၂)ရပ်ကွက်နေ ပုံပုံချစ်(ခ)မင်းခန့်ကို (ဘ)ဦးရွှေဌေးနှင့် လှိုင်မိုး(ဘ) ဦးကြည်ညွန့်တို့(၃)ဦးမှ JLM 110 အနက်ရောင်ဆိုင်ကယ်
(၁)စီးကို ခိုးယူလာကြစဉ်တွေ့ရှိဖမ်းဆီးရမိသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၀၆/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

၎င်းတို့အား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေး
ခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ လေဆိပ်လမ်းမကြီးတွင်ရပ်ထားသည့် Follow Me125 ရုပ်ဆိုးခဲရောင်ဆိုင်ကယ်(၁)စီးအားခိုးယူရောင်းချထားကြောင်းပေါ်ပေါက်
ခဲ့ပါသည်။

လယ်တီသိမ်ရွှေ့ဖို့ အနီးက စေတီနှစ်ဆူစဖြို

လက်ပံတောင်း ကြေးနီ စီမံကိန်း အတွင်းရှိ လယ်တီသိမ် ကို စတင်ရွှေ့ဖို့ အတွက် အစီရင်ခံစာ အကောင်အထည် ဖေါ်ရေး ကော်မတီက ဆုံးဖြတ်ပြီး လယ်တီသိမ် ဘေးနားရှိ စေတီ နှစ်ဆူ ကို စတင်ဖျက်နေတဲ့ အကြောင်း ဒေသခံ တွေ က ပြောပါတယ်။

ဒေသခံတွေ ရဲ့ ဆန္ဒသဘောထား နဲ့ အညီ ဆောင်ရွက်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ ရဲ့ အစီရင်ခံစာ မှာ အတိအလင်း ပါပေမဲ့၊ အကောင်အထည် ဖေါ်ရေး ကော်မတီ ဘက်ကတော့ ဒေသခံတွေရဲ့ ဆန္ဒ ရယူတာမျိုး မရှိပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီပါတီ ရဲ့ ပုလဲလွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် က ဒီကိစ္စ နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရဲ့ အစီရင်ခံစာကို အကောင်အထည် ဖေါ်တဲ့ ကော်မတီ ဥက္ကဌ နဲ့ သတ္တုတွင်း ဝန်ကြီး ထံ၊ စာတွေ ပို့ထားပြီး တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြောထားပေမဲ့၊ အခုထိ အကြောင်း မပြန်သေးကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ရာသီဥတုမူဝါဒ မရှိရင် ရေရှားမှုဒဏ်ခံရနိုင်

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ အခြေစိုက် East West Center က ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံ မှာ ပြောကြားခဲ့ကြတာပါ။

၂၄ ကြိမ်မြောက် Annual Condé Nast Traveler Environmental Award ဆုရရှိခဲ့သူ ဦးမြင့်ဇော် က မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း နှစ်စဉ် မုတ်သုန်ကာလ ရက်ပေါင်း ၄ဝ ဆုံးရှူံးခဲ့ တာကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးသွားမယ့် အခြေအနေမှာ ရှိနေပါတယ်၊ တစ်နှစ်မှာ မိုးရွာရင် ၁၄၅ ရက်ကနေ ၁ဝ၅ ရက်သာ ရှိတော့တဲ့အတွက် ပေါ်ပေါက်လာမယ့် အကျိုးဆက်တွေကို မိုးရေ အမှီပြုနေရတဲ့ နိုင်ငံ့လူဦးရေ ၇ဝ ရာနှုန်းခံစား ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို သတင်းမီဒီယာကရော၊ အစိုးရကပါ စိတ်ဝင်စားမှု နည်းပါးနေပါတယ်လို့ ပြောကြား ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး WarrenBuffett ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကိုရက်ရက်ရောရောလှူဒါန်း

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။
တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်…..

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

(၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)

(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

ဆရာတော် ဦးဝီရသူ ပေါက်တောဒေသခံတွေ နဲ့ တွေ့ဆုံ

မန္တလေးမြို့  မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေး အတွက် အကူအညီပေးနိုင်ဖို့  ဒေသခံတွေရဲ့ အခက်အခဲတွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ အတွက် ဘာတွေကူညီပေးရမလဲသိချင်လို့ ကြွှရောက် တာဖြစ်တယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။

"ရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စပါ၊ ပေါက်တောမြို့ ဖွံ့ဖြိုးရေးအတွက် အဓိက ဘာတွေလိုအပ်မလဲ၊ ဘာတွေလုပ်ပေးရမလဲပေါ့ လာပြီးတော့ ကူညီပေးတာ၊ ဒုက္ခသည်တွေကို ကူညီဖို့ပေါ့၊ ဒုက္ခသည်တွေက နှစ်မျိုးပေါ့၊ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဒုက္ခသည်တွေ၊ ပြည်ပကနေပြီးတော့ နေလို့ထိုင်လို့မရလို့ ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေပေါ့"

ဆရာတော်ရဲ့ အခု ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ရက်သတ္တ တစ်ပတ်နီးပါးလောက်ကြာမြင့်မှာဖြစ်ပြီး မြောက်ဦး၊ မြေပုံ စတဲ့ မြို့နယ်တွေက အခြေအနေတွေကိုလည်း ကြွရောက်လေ့လာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမ်းသဘာဝဓာတ်ငွေ့ ကြားစခန်း မြန်မာအလုပ်သမားတွေကို ရုံးတင်စစ်ဆေး

ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ၂၂ မိုင်ခန့်ကွာဝေးတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ၂ ထပ် အဆောင်တခု မီးရှို့မှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား ၁၇ ဦးကို မီးရှို့မှုအပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး မတ်လ ၁၀ ရက်နေ့က ရုံးတင်စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ၂၂ မိုင်ခန့် ကွာဝေးပြီး အမ်းတောင်အုပ်စု တောင်စောက်ရွာက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ပွားမှုမှာ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း ဦးစီးအရာရှိတဦးက တရားလိုလုပ်ပြီး သိန်း ၁ ထောင့် ၆ ရာကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအလုပ်သမားတွေကို ပုဒ်မ ၃ ခုနဲ့ တရားစွဲခဲ့ပါတယ်။

MSF နဲ့ ကုလ စွပ်စွဲချက် ဒုချီယားတန်းကော်မရှင် ပယ်ချ

ဇန်န၀ါရီလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် ဒုချီယားတန်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံ မရှိဘူးလို့ ဒုချီယားတန်းကိစ္စ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

ဒုချီယားတန်းအရေး စုံစမ်းရေးကော်မရှင် တွေ့ရှိချက် အစီရင်ခံစာကို ဒီကနေ့ အများပြည်သူကို ထုတ်ပြန်လိုက်ရာမှာ၊ ဒုချီယားတန်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ရေးသားပြောဆိုခဲ့တာ အတော်များများကို မဟုတ်မမှန်တဲ့အကြောင်း ငြင်းဆန်ထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒုချီယားတန်းကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာ အပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြရေးသားချက်တွေကို အခြေခံပြီး၊ မှန် မမှန် ကွင်းဆင်းလေ့လာ တွေ့ဆုံမေးမြန်းမှုတွေလုပ်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အစီရင်ခံစာ ရေးသားသူတွေက ပြောပါတယ်။

ခွေးတစ်ကောင်ကြောင့် တစ်မိသားစုလုံး မီးဘေးကလွတ်

အမေရိကန်နိုင်ငံ အိုကလာဟိုးမား ပြည်နယ်၊ဝင်စ တန်မြို့ နေအိမ်တစ်အိမ်တွင်
အဝတ်ခြောက်စက် မှ တစ်ဆင့်မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ်တွင် မွေးမြူ ထားသော ၁၀ နှစ်သားအရွယ် ခွေးတစ်ကောင် ကြောင့်တစ်မိသားစု လုံးမီးဘေး အန္တရာယ်မှ လွတ် မြောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ဘေဘီအမည်ရှိ၎င်းခွေးသည် မီးလောင်ကျွမ်းမှုစတင် ဖြစ်ပွားပွားချင်း
အိပ်ပျော်နေသော မိသားစုဝင်များကို နှိုးယူခဲ့သောကြောင်း မိသားစုဝင်များ အိမ်အတွင်းမှ အချိန်မီ ထွက်ခွာနိုင်ခဲ့သည့်အပြင် အိမ်အတွင်း မွေးမြူထားသော ခွေးသားပေါက် အချို့ကိုလဲ ယင်းခွေးကပင် ကိုက်ချီပြီး မီးလွတ်ရာနေရာကို သယ်ဆောင်ပေးခဲ.သည်။
 

ရိုးရာလေး

ပျော်ရွင်မှု အစစ်အမှန်

ပျော်ရွင်မှု အစစ်အမှန်
လူအယောက် ၅၀ လောက်ရှိတဲ့ Seminar တစ်ခုမှာပေါ့။
ဟောပြောတဲ့သူက သူပြောနေတာကို ချက်ချင်းရပ်လိုက်ပြီး အဖွဲ့ လိုက်
Activity ဂိမ်းလေး တစ်ခု လုပ်ဖို့ စတင်လိုက်တယ်။
နားထောင်တဲ့ သူ တစ်ယောက်စီတိုင်းကို ပူပေါင်းတစ်လုံးစီဝေလိုက်ပြီး လူတိုင်းကို အဲ့ဒီ ပူပေါင်းမှာ သူတို့ နာမည်ကို ဆော့ပန်နဲ့ ရေးခိုင်းတယ်။ ပြီးတော့ အားလုံးရဲ့  ပူပေါင်းတွေကို အခန်း တစ်ခုမှာ စုထည့် ခိုင်းလိုက်ပါတယ်။

အချိန်ငါးမိနစ် ပေးတယ်။ ဒီအခန်းထဲမှာ ရှိတဲ့ ပူပေါင်းတွေထဲမှာ ကိုယ့်နာမည်ပါတဲ့ ပူးပေါင်းကို ရှာဖို့ ပေါ့။ လူတိုင်းက သူတို့ နာမည်ပါတဲ့ ပူပေါင်းကို အပြေးအလွားနဲ့  အရူးတွေလို မွေနှောက်ရှာတယ်။ တစ်ယောက်ကို တစ်ယောက် တွန်းထုတ်ကြ ၊ တိုက်မိကြရင်း အလဲလဲ အကွဲကွဲနဲ့ ရှာရတာလည်း တော်တော် ခက်ခက်ခဲခဲ ဖြစ်နေကြတယ်။
နောက်ဆုံး ငါးမိနစ် ပြည့်သွားတဲ့ အခါမှာ တစ်ယောက်မှ ဒီအခန်းထဲ သူတို့ နာမည်ရေးထားတဲ့ ပူပေါင်းကို ရှာမတွေ့  ကြဘူး။ ဒါနဲ့  ကစားနည်းကို
တစ်မျိုး ပြောင်းလိုက်တယ်။ ဒီထဲမှာ ရှိတဲ့ လူတိုင်း ပူပေါင်းရှာတဲ့ အခါ မိမိ
တွေ့ တဲ့ ပူပေါင်းမှာ ရေးထားတဲ့ နာမည်အတိုင်း အဲ့သည် လူကို ပေးဖို့ ပါ့။

အရူးနဲ့ ဘုရင်

အရူးနဲ့ ဘုရင်
တစ်ခါတုန်းကတော့ အရူးတစ်ယောက်ဟာ မြို့ထဲဝင်လာသတဲ့။ တကယ်တော့ သူဟာအရူးတစ်ယောက်မဟုတ်ဘူး ။ ပညာရှိလေလွှင့်တစ်ယောက်ဖြစ်တယ်။ သူဟာ ဘုရင့်ဆီသွားဖို့ လမ်းမေးတယ်။ လူတွေအားလုံးကလဲ မေးတယ်။ ဘာသွားလုပ်မလို့လဲပေါ့။ အဲဒီအခါအရူးက " ငါက ဒိနိုင်ငံက ဘုရင်ကို သင်ကြားပေးဖို့ လာတဲ့ ဆရာဖြစ်ပေတယ် " လို့ပြောတယ်။
လူတွေအကုန်ဝိုင်း၇ယ်ကြတယ်။နောက်ဆုံးတော့ သူဘုရင်ဆီရောက်သွားတယ်။ ဘုရင်ကလဲ အရမ်းအော်ရယ်တယ်။
" နင်ကများ ရာရာစစ ငါ့ကို ဆရာလုပ်မယ်တဲ့လား ဟား ဟား"
အရူးကတော့ ဘာမှမပြောဘူး။

ဘုရင်ကြီးကပဲ " ဒါနဲ့နေပါဦး မင်းက ငါ့ကို ဘာပညာတွေ သင်ပေးမှာလဲ"
အရူးကတော့ " အရူးပညာတွေ သင်ပေးမှာပေါ့ "
ဘုရင်ကြီးထပ်ရယ်ပြန်တယ်။
အဲဒီအချိန်မှာပဲ အရူးက " ဘုရင်ကြီး ရူးနေတာမဟုတ်လား" လို့မေးတယ်။
ဘုရင်က ဒေါသထွက်တယ်။သူ့ကို ပြောရကောင်းလားပေါ့။
အရူးကတော့ " လောကမှာ အရူးဆိုတာ ကိုယ်ရူးနေတာကို ကိုယ်လက်မခံတတ်တဲ့ လူစားမျိုး ကျွန်တော်မျိုးလို ဆရာက ရူးနေရင် အကြောင်းမရှိပါ အရှင်မင်းတို့လို တိုင်းပြည်အုပ်ချုပ်တဲ့လူ ရူးရင် ပိုမိုဆိုးရွားလွန်းပါသည် ကိုယ့်ကိုကိုယ် မရူးပါနဲ့ သတိထားအုပ်ချုပ်ပါ"
ပြောပြီးတော့ အရူးလဲ နန်းတော်ထဲကထွက်သွားလေသည်။ ဘုရင်ကြီးကလဲ ဒီအရူးဟာ ငါ့ဆရာတစ်ယောက်ဖြစ်ပေသည်ဟု အော်ဟစ်ပြောလိုက်လေသတည်း
 
မောင်စိုင်း
 
Myawady News

ဘ၀အတွက်အဟာရစကားများ(၂၃)ခွန်း

(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀တိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။

(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။

(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။

(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။

(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။

(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။

(၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။

(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။

အမျိုးဘာသာကာကွယ်ဖို့ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်

အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးအတွက် ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးလိမ္မာသင်တန်းကို ဆရာ တော်ဦးခေမာစာရ (ရေတံခွန်တောင် သစ္စာဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာ)နှင့် ဆရာတော် ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ) မစိုးရိမ်တိုက်သစ်တို့က ဦးဆောင်၍ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

“သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးဘာသာ၊ သာသနာကို လေးစားပြီး ကာကွယ်စောင့် ရှောက်တတ်ဖို့ရယ်။ သာသနာတော်ကို ကြည်ညိုတတ်ဖို့ရယ်ပါ။ ပြီးတော့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာ သိဖို့ပါ။ ဒီဘက်ခေတ်ကလေးတွေက ဘာသာရေးဘက်မှာ အားနည်းနေတယ်။ မိဘ အတော်များများက လည်း စားဝတ်နေရေးနဲ့ ပညာသင်ပေးနိုင်ရေးအတွက် ရုန်းကန်နေကြရတော့ ကိုယ့်သားသမီး ဦးသုံး ကြိမ်ချရင်ကို ကျေနပ်နေရတယ်”ဟု သင်တန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဦးသိန်း ထွန်း (နန်းသီရိတိုင်းရင်းဆေး)က ပြောသည်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB