Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မပြောင်းလဲသေးတဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာ

နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နိုင်ငံတကာရဲ့ 
ချီးကျူး ပြောဆိုမှုတွေ ခံနေရတဲ့  မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ 
နေထိုင်တဲ့ တောင်တန်း ဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေ ကတော့ 
အရင်ကထက် ပိုဆိုးလာတဲ့ အကြောင်း ကုလသမဂ္ဂ အရာရှိတွေ ပြောလိုက်ပါတယ်။ 
ရှမ်းပြည်နယ်အတွင်းက နမ့်ဖတ်ကာ ကျေးရွာလေးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာဟာ 
အရင်ကလို ပုန်းလျှိုးဝှက်လျှိုး လုပ်ငန်းတခု မဟုတ်တော့ဘဲ ပေါ်ပေါ်တင်တင် 
ရောင်းဝယ်နေကြတဲ့ အကြောင်း ဒေသခံတွေက ပြောပါတယ်။ AP သတင်းတပုဒ်ကို 
အခြေခံပြီးတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။



တချိန်က စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး 
အပြောင်းအလဲတွေကြောင့် ပွင့်လင်းလာတာနဲ့ အမျှ အပြင်ပန်းမျက်နှာစာမှာ 
မျှော်လင့်ချက်တွေ အကောင်းမြင်စရာတွေရှိနေပြီး၊ ကမ္ဘာတဝှမ်းကလည်း 
ရင်းနှီးမြှုပ်နှံမှုတွေ အလျှင်အမြန် လုပ်လာနေပါတယ်။

စကားပြောကောင်းခြင်းဟာ အတတ်ပညာတစ်မျိုးပါ

စကားပြောကောင်းခြင်းဟာ အတတ်ပညာတစ်မျိုးပါ
++++++++++++++++++++++++++++++++
မိမိဟာ စကားတစ်ခွန်းကို အောင်မြင်စွာ ပြောချင်ရင်၊ အရေးပါ အရာရောက်ချင်ရင် မိမိရောက်နေတဲ့ ဒေသရဲ့ ယဉ်ကျေးမှုကို အရင်ဆုံး
လေ့လာသင်ယူရမယ်၊ မိမိရောက်နေတဲ့ အသိုင်းဝိုင်းဟာ ဘယ်လို အသိုင်းဝိုင်းမျိုးလည်းဆိုတာ လေ့လာထားဖို့ လိုအပ်တယ်။ ဒါမှသာ ထိ
ထိရောက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကောင်းခြင်းဟာလည်း အတတ်ပညာတစ်မျိုးဖြစ်ပါတယ်။

ကိုယ်ဘာပြောချင်တယ်ဆိုတာထက် သူတို့ ဘယ်လိုစကားတွေ နှစ်သက်တတ်လည်းဆိုတာ သိအောင် အရင်လုပ်ရမှာဖြစ်တယ်။ ပရိတ်
သတ်က နှလုံးသားနဲ့  နားထောင်လာနိုင်ဖို့  အတွက် ပရိတ်သတ်ရဲ့ နှလုံးသားဆိုတာကို ရအောင် အရင်ဦးဆုံးယူနိုင်ဖို့ တော့ လိုပါလိမ့်
မယ်။ လူတစ်ယောက်ရဲ့ နှလုံးသားကို ရလိုက်ခြင်းဟာ ဒီလူရဲ့ ဘ၀ကို ရလိုက်ခြင်းတစ်မျိုးပါ။

သားမယားအဖြစ်ပြုကျင့်ကာ ရိုက်နှက်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားသူကို ညောင်လေးပင်မြို့နယ်၊မင်းလမ်းသံဆိပ်နယ်မြေရဲစခန်းမှ ကူညီဖမ်းဆီးရမိ

၁၅.၃.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် ဦး---- သည် ၎င်းနေထိုင် အလုပ်လုပ်ကိုင်သော လှိုင်သာယာ မြို့နယ်ရှိ အိမ်ရာဆောက်လုပ်ရေးဝင်း အတွင်း၌ အမျိုးသမီးတစ်ဦးဒဏ်ရာများဖြင့် တွေ့ရကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ ဒဏ်ရာရရှိသူမှာ ၎င်း၏ဇနီးဖြစ်သူ မ---- ဖြစ်ပြီး နဖူး၊ နောက်စေ့၊ အပေါ်နှုတ်ခမ်း၊မေးရိုး၊၀ဲလက်တို့တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ယာလက်ကျိုးဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရသဖြင့် လှိုင်သာယာဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရ
ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူအားမေးမြန်းရာ ဆောက်လုပ်ရေးဝင်း အတွင်း အတူအလုပ်လုပ်ကိုင်သူ ငထိုက်(ခ)၀င်းမင်းထိုက်၊ (၂၄)နှစ်၊ (ဘ)ဦးအေးဟန်၊ ၀ိုင်ကျွန်းရွာ၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း
ဒေသကြီးနေသူက ငွေ(၆၀၀၀)ကျပ်တောင်းသည်ကို
မပေးသဖြင့် အလိုမတူဘဲ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ပြီး မည်သည့်အရာနှင့်ထုရိုက်ခဲ့သည်ကိုမသိရှိကြောင်း၊ ထိုသို့ထုရိုက်ခဲ့သဖြင့် ဇနီးဖြစ်သူတွင် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့ရပါသည်။

ကလေးမြို့နယ်တွင် လူပျောက်မှုဖြင့် တိုင်ကြားခံရသည့် ကလေးငယ်နှစ်ဦး သေဆုံးလျက် ပြန်လည်တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်အူကျေးရွာမှ ကလေးငယ်နှစ်ဦး ပျောက်ဆုံးလျက်ရှိရာ ယခုလ ၁၄ ရက်နေ့ ညနေ၄နာရီခွဲအချိန်က ပျောက်ဆုံးကလေးနှစ်ဦးမှာ  သေဆုံးနေလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း တောင်အူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ညွှန့်မှ ကလေးမြို့မရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်များအရ ခေတ္တရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းထွန်းနှင့်အဖွဲ့က ကလေးနှစ် ဦး၏ သေဆုံးနေသည့်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ကလေးမြို့နယ်၊ တောင်အူကျေးရွာနေ မောင်နိုင်လင်း ထွန်း အသက်(၁၁)နှစ် ဆိုသူနှင့် မောင်ဟိန်းထက်ပိုင် အသက်(၁၃)နှစ် တတိယတန်း ဆိုသူနှစ်ဦးတို့မှာ ကျေးရွာ ၏အရှေ့ဘက်ရှိ မြစ်သာမြစ်ကမ်းပါး သဲလိုဏ်ခေါင်းအတွင်း၌ သဲများဖုံးအုပ်လျက် နှစ်ဦးစလုံးသေဆုံးနေခြင်းဖြစ် ကြောင်း သိရသည်။

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်

မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိ ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ဒေါ်အောင် ဆန်းစုကြည်အပြင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်း ဦးနှင့် အခြား ဧည့်သည်တော်များကိုလည်း ဖိတ် ကြားသွားမည်ဟု သဘောတူထားသည်။
''ချင်းမိုင်မှာလုပ်တဲ့ ညှိနှိုင်းပွဲတွေ မှာတော့ လာမယ့်ဘားအံပွဲကို ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦး အပါအ ဝင် ဖိတ်ဖို့လူတွေကို အဆိုပြုတာ တွေ့ ရတယ်။ ဝန်ကြီးဦးအောင်မင်းက ဒါတွေ ကို ချက်ချင်းပဲ သဘောတူပါတယ်လို့ ပြောပြီးဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက တော့ ဖိတ်ကြားမှုအပေါ် မပြေလည်တာ မရှိဘူးထင်ပါတယ်''ဟု ဦးလှမောင်ရွှေ က ပြောသည်။

ဘိုးတော် ကရပွေး (ဗေဒင်၊နတ္ခ တွေကို အယုံအကြည်လွယ်သော မိန်းခလေးများ အထူးသတိထားစေလိုသည်)



အထက်ဆရာကြီးများ အမူးထား၍ ဓါတ်ရိုက်-ဓါတ်ဆင်-လဒ်လာဘရွှင် ချစ်ခင်သူပေါအောင်လ..စွန့် သွားတဲ့ မောင်တော်ကို ပင် သုံးရက် အတွင်းပြန် ခေါ် ပေးမကွဲ့။ မလှလို့ စိတ်မဆင်းရဲနဲ့  ကိုမန်ထောင် ငါ့နတ်ရုပ်နဲ့  ကြောရင် သတ်လိုက်မဟဲ့.ချစ်ခင်သူပေါလို့ ...စိန်တွေ-ရွှေတွေပေါများစေဗျား.........။

ထိုင်းနိုင်ငံကနာမည်ကျော် ဘိုးတော် ကရပွေး တပါးက အင်တာနက်ဆိုဒ်မှာ သူ့ ရဲ့ ထူးခြားတဲ့ ဓါတ်ခန်းကြော်ငြာတွေကြောင့် နာမည်ကြီးလာတဲ့သူ.ပါ
...၊ တပည့်တပန်းတွေနဲ့  နတ်ကနားတွေအကြီးအကျယ်လုပ်နေတဲ့ ပုံတွေ မကြာမကြာ သတင်းစာတွေမှာ ဖေါ်ပြရေးနေတာကိုတွေ့ ခဲ့ရတယ်...၊
16-03-2014 ဒီနေ့ သတင်းစာမှာတော့ သူပုံတွေခန်းခန်းနားနဲ့ ပါနေ တာတွေလို့  ကြညိ့မိလိုက်တော့....အမယ်မင်း..ဘိုတော်ကရပွေး လက်ထိတ်ကြီးနဲ့ အဖမ်းခံရတဲ့အကြောင်းပါလာတာကိုး....။

ယူနတီဂျာနယ် သတင်းထောက်များအမှု စတင်စစ်ဆေး

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ ဖမ်းဆီးအမှုဖွင့်ခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေပါတယ်။လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်းပါးရေး သားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းထောက် ၄ ဦးနဲ့  အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ စွဲဆိုထားတဲ့အမှုကို မကွေးတိုင်း ပခုက္ကူခရိုင်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။

တရားလို နှစ်ဦးအနက် တဦးသာစစ်ပြီး နောက်တဦးကို နက်ဖြန်မှာ ဆက်စစ်မယ်လို့ တရားစွဲဆိုခံရသူတွေရဲ့  ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
တရားခွင်ကိုတက်ရောက်နားထောင်ခဲ့တဲ့  သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီးသည် မလွင်လွင်မြင့်က ဒီကနေ့ တရားလို ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦးရဲ့ ထွက်ဆိုချက်ဟာ စွဲထားတဲ့ပုဒ်မနဲ့ လွဲနေတယ်လို့ ပြောပါတယ်။

လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ရေးအဆို ဒီလအတွင်း ဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပေးပို့လိုက်တဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲခတွေ တိုးမြင့်ကောက်ခံဖို့ အဆိုပြုချက်ကို လာမယ့် ဧပြီလမတိုင်ခင် နောက်ဆုံးထားဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ လျပ်စစ်ဓါတ်အားများ တိုးမြှင့်ကောက်ခံရန် အဆိုပြုချက်ကို လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

"လျှပ်စစ်ဓာတ်အားနှုန်းထားများ ပြင်ဆင်တိုးမြှင့်ကောက်ခံရန် နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်နဲ့ စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကျင်းပမယ့် ၁၉ ရက် ၃ လ ၂ဝ၁၄ မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်၊

ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် သတင်းစာမဖတ်နိုင်

မြန်မာနိုင်ငံမှာ သတင်းစာဖတ်နိုင်တဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ သတင်းစာဖတ်ခွင့် လုံးဝမရရှိဘဲ ဖြစ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

ပြည်သူအများစုဟာ ကျေးလက်ဒေသနဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်သူတွေဖြစ်တဲ့အပြင်၊ သတင်းစာ ၀ယ်မဖတ်နိုင်လောက်အောင် ဆင်းရဲနွမ်းပါးနေသူတွေ ပါဝင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်သူလွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်း တင်သွင်းချိန်မှာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ထည့်သွင်း ပြောကြားခဲ့တာပါ။

ကျပ် ၃ သိန်းကျော်ဖိုးထက် ကန်တော့ခံပါက လာဘ်စားမူဖြင့်အရေးယူမည်

ငွေကျပ် ၃သိန်းထက်ကျော်သော လက်ဆောင်ပစ္စည်းများ ရယူ ကန်တော့ခံသည့် အစိုးရဝန်ထမ်းများကို လာဘ်ပေးလာဘ်ယူမူဖြင့် အရေးယူသွားမည်ဟု နိုင်ငံတော်သမ္မတရုံးက သတိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သမ္မတရုံးပြည်ထောင်စုဝန်ကြီး တစ်ဦးက ပြောကြားသည်။

လာဘ်ပေးလာဘ်ယူမူ တိုက်ဖျက်ရေးစီမံချက်ကို ယခုနှစ်ပိုင်း ဦးသိန်းစိန်အစိုးရက စတင်အကောင်ဖော်နေချိန်တွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

"နှစ်တိုင်း လူကြီးတွေကို ကိုယ့်သူဌေး သွားကန်တော့တဲ့တန်ဖိုးက သိန်းရာဂဏန်းက အနည်းဆုံးပဲ"ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသူ အလတ်စားကုမ္ပဏီတစ်ခု၏ အထွေထွေမန်နေဂျာတစ်ဦးကဆိုသည်။

၂၀၁၄ အာဆီယံ လူငယ်ညီလာခံ စတင်ကျင်းပ

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မတ်လ ၁၇ ရက်နေ့ကကျင်းပတဲ့ ၂၀၁၄ အာဆီယံ လူငယ်ညီလာခံကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း 
                                                                   လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်(အလယ်) ကို တွေ့ရစဉ်photo: Kyaw Htoon Naing/RFA 


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေသ တွင်း နိုင်ငံတွေက လူငယ်တွေရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးနိုင်ဖို့အတွက်၂၀၁၄ အာဆီယံ လူငယ်ညီလာခံကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ ဒီကနေ့ ကျင်းပပါတယ်။
ညီလာခံဖွင့်ပွဲအခမ်းနားကို တက်ရောက်လာတဲ့ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က လူ့အခွင့်အရေး၊  ဒီမိုကရေစီအရေးနဲ့ ပညာကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်အောင် လူငယ်တွေ ကြိုးစားပေးကြဖို့  အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဟာ အာဆီယံနိုင်ငံတွေထဲက လူငယ်တွေအတွက် စုပေါင်းအားထုတ်ရမယ့်အရာလို့ ကျနော်နားလည်ပါတယ်၊ ကျနော်တို့ အာရှသားတွေ အထူးသဖြင့် အရှေ့တောင်အာရှ ၁ဝ နိုင်ငံမှာ ပညာကိုတန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လက်ရုံးရည်ထက် နှလုံးရည်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် အဲဒီမျိုးဆက်လူငယ်တွေ တစ်ညီတစ်ညွှတ်တည်း ရုန်းကန်ပေးကြပါ"

အိမ်ထောင်ပြုသွားတဲ့ ရီးစားကို FB ပေါ်တွင်တင်၍ ပြည့်တံဆာဟုကြေငြာသူအဖမ်းခံရ

မိမိချစ်သူ မိန်းခလေးဖြစ်သူ အိမ်ထောင်ပြုသွားသဖြင့် လွန်ခဲ့သောလေး နှစ်ခန့် က အချစ်မွန်နေကြစဉ် နှစ်ဦးသား ဘဘောတူကာ အမှတ်တယ ရိုက်ကူးထားသည့် ချစ်ပွဲမှတ်တမ်းအား အများသိအောင်ဖွင့်ပြကာ......
အဆိုပါမိန်းခလေးအား ပြည့်တံဆာဖြစ်သည်. .ခေါ်ချင်ပါက ဖုန်းဆက်ပါ ဟု မိမိချစ်သူဟောင်း၏ဖုန်းနံပါတ် ကိုထည့်ပေးလျှက် ကြော်ငြာထုတ်ခဲ့သူ အမျိုးသားတဦးအား ရန်ကုန်တိုင်းသံလျှင်မြို့ မရဲ စခန်းက အမှုဖွင့်ဖမ်းဆီး ခဲ့ကြောင်းသိရပါသည်။
အဆိုပါ မိန်းခလေးပုံများ အင်တာနက်တွင်ပြန့် နှံ့ ခဲ့ပြီးနောက် ..မိန်းခလေးဖြစ်သူမှ ရဲစခန်းသို့  ကိုယ်တိုင်အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

နတ်မောက်မြေပြိုမှု နှစ်ဦးသေဆုံး

လမ်းနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံး မြေနီများ ထုတ်ယူနေစဉ် မြေပြိုကျ၍ အလုပ်သမားနှစ်ဦး သေဆုံး ကာ တစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ အုပ်စုတွင် မတ်လ ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာမှ ဆယ်အိမ်စုမှူး ဦးဗိုလ်အုန်းက မဇ္ဈိမကို ပြော သည်။

နတ်မောက်ကျေးရွာ ကုက်္ကိုကုန်းရှိ မြေနီတောင်ကုန်းတွင် ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်က အလုပ်သ မားငါးဦးသည် မြေစာများ ကားပေါ်တင်နေစဉ် မြေတောင် ရုတ်တရက်ပြိုကျကာ မြေစာများကြောင့် သုံး ဦးပိမိပြီး နှစ်ဦး သေဆုံးသွားသည်ဟု ၎င်းက ပြောသည်။

“ဖြိုပြီးသားမြေသားတွေကို ကားပေါ်တင်နေတုန်း အပေါ်ကနေ ပြိုကျတာ။ ပြေးတော့ပြေးတာပဲ မလွတ် တာ။ ငါးယောက် အလုပ်ဆင်းတာကို နှစ်ယောက် လွတ်သွားတယ်။ ပိတဲ့သုံးယောက်မှာ နှစ်ယောက် သေတယ်၊ တစ်ယောက်က ပိတော့ပိတယ် သက်သာတာပေါ့”ဟု ဦးဗိုလ်အုန်းက ဆိုသည်။

ပုဂံအလိုတော်ပြည့် ဘုရားအနီးတွင် ဘယ်လ်ဂျီယန်နိုင်ငံသူ ကျောပိုးအိတ် အလုခံရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘီ ကျေးရွာအုပ်စုအနီးရှိ အလိုတော်ပြည့် ဘုရားအနီးတွင် မတ်လ ၁၅ ရက်နေ့က ဘယ်လ်ဂျီယန် နိုင်ငံသူတစ်ဦး စီးလာသည့် စက်ဘီးရှေ့ခြင်းထဲမှ ကျောပိုးအိတ်ကို ဆိုင်ကယ်ဖြင့် အမည်မသိ အမျိုးသားတစ်ဦးက လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာ အုပ်စု ပုဂံ-ညောင်ဦးသွား အနော်ရထာ လမ်းမကြီး အလိုတော်ပြည့် ဘုရားနှင့် ရွာဟောင်းကြီး ဘုရားအကြားတွင် မတ်လ ၁၅ ရက်နေ့ ညနေ ၄နာရီ ၁၅ မိနစ်ခန့်က ဘယ်လ်ဂျီယန်နိုင်ငံသူနှစ်ဦးသည် စက်ဘီးကိုယ်စီဖြင့် ပုဂံဒေသဘက်မှ ညောင်ဦးဘက် သို့ စီးနင်းလာစဉ် နိုင်ငံခြားသူတစ်ဦး၏ စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသော ကျောပိုးအိတ်ကို ဆွဲယူ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အငှားယာဉ်မောင်းထံမှ ငွေများလုယက်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိ

၁၆.၃.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ အငှားယာဉ်မောင်း ကိုစိုးဝင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်း အတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အမျိုးသား(၄)ဦးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်သို့ ငှားရမ်းခဲ့သဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း အရောက်တွင် အဆိုပါအမျိုးသားများမှ ထိုးကြိတ်ကာ ယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်တွင်တင်ထားသော ငွေကျပ်(၂၅၀၀၀)အား ယူဆောင် ထွက်ပြေးသွာခဲ့ကြသဖြင့် ကိုစိုးဝင်းတွင် နှုတ်ခမ်းဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုစိုးဝင်း၏ဇနီးဖြစ်သူ မသီတာဖြိုးမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း (ပ)၁၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

လျှပ်စစ်စီးဝင်နေသည့် ပြူတင်းပေါက်သံတိုင်များအား ကိုင်မိသဖြင့် ဓါတ်လိုက်သေဆုံး

၁၆.၃.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးပြီး ရောက်ရှိနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာနေ မြမြ မုန့်စက်ရုံ လုံခြုံရေး ၀န်ထမ်းဖြစ်သူ ဦးဝင်းနိုင်၊(၅၀)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ဦးဝင်းနိုင်သည် ၁၉၁၅ အချိန်ခန့်က ရေချိုးပြီး ကင်းတဲ၏ ပြူတင်းပေါက်သံတိုင်များအား လက်ဖြင့်ကိုင်စဉ် ဓါတ်လိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးကင်းတဲသို့သွယ်တန်းထားသော လျှပ်စစ်ဓါတ်ကြိုးမှာပေါက်နေပြီး ကင်းတဲအမိုးမှတစ်ဆင့် အဆိုပါ ပြူတင်းပေါက်သံတိုင်များသို့ လျှပ်စစ်စီးဝင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မြန်မာ့လေကြောင်း လက်ထောက် ကြီးကြပ်ရေးမှူးအိမ် ဖောက်ထွင်းခံရ

မြန်မာ့လေကြောင်းမှ လက်ထောက် ကြီးကြပ်ရေးမှူးအိမ် ဖောက်ထွင်းခံရမှု တစ်ခု မတ် ၁၅ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ရာ ရွှေထည်လက်ဝတ်ရတနာပစ္စည်း တန်ဖိုးပေါင်းကျပ်သိန်း ၃၀ ကျော်ပါဝင်သည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။
အမှုကို ဒဂုံတောင်မြို့နယ် (၂၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ် (၄၁၂)တွင် နေထိုင်သည့် မြန်မာ့လေကြောင်းမှ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းခေါင်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ် သည်။
ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်၊ ညနေ ၅နာရီက တရားလိုနှင့်မိသားစုသည် နေအိမ်တံခါးသော့ခတ်၍ ရွှေတိဂုံ စေတီသို့ သွားရောက် ဘုရားဖူးခဲ့သည်ဟု ဆိုထားသည်။

သင်္ဘောသား စာအုပ်အတုပြုလုပ်သူ အမျိုးသမီးကြီးတစ်ဦးကို စသုံးလုံး ဖမ်းဆီး

ရန်ကုန်၊ မဇ္ဈိမ။            ။သင်္ဘောသားအလုပ်အကိုင်ပွဲစား အမျိုးသမီးကြီးတစ်ဦးကို သင်္ဘောသားမှတ်ပုံတင် စာအုပ်အတုပြုလုပ်မှုဖြင့် အထူးစုံစမ်းစစ်ဆေးရး (စသုံးလုံး)က မတ်လ ၁၆ ရက်တွင် အမှုဖွင့် ဖမ်းဆီးလိုက်သည်။
သင်္ဘောသား မှတ်ပုံတင်စာအုပ်များ အတုပြုလုပ်နေကြောင်း သတင်းအရ ဗိုလ်တထောင်မြို့နယ် (၇) ရပ်ကွက်၊ (၄၂)လမ်းတွင် နေထိုင်သည့် သင်္ဘောသားအလုပ်အကိုင်ပွဲစားဖြစ်သူကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် အဆိုပါ အမျိုးသမီးထံမှ အမျိုးသား သုံဦးနာမည်များပါသည့် သင်္ဘောသားမှတ်ပုံတင်လက်မှတ် စာအုပ်အတု (၃)အုပ်ကို တွေ့ရှိသိမ်းဆည်း ရမိသည်ဟု ဆိုသည်။

မီးလောင်ရာတွင် လူသေဆုံးခဲ့သည်ကို ငါးရက်ခန့်ကြာမှ ရဲဌာနက သိရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ အမှတ်(၂) ရပ်ကွက်တွင် မတ်လ ၇ ရက် ည ၇ နာရီက မီးလောင်ခဲ့ရာ မီးငြှိမ်း သတ်သူတစ်ဦး သေဆုံးခဲ့သည်ကို ငါးရက်ခန့်အကြာမှ သိရှိခဲ့ရသည်ဟု မတ် ၁၃ ရက်က ထီးချိုင့်မြို့မ ရဲ စခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
မီးလောင်ကျွမ်းသည့် ပစ္စည်းများကို သန့်ရှင်းရေးလုပ်ပြီးနောက် ထီးချိုင့်မြို့ အမှတ်(၂) သုသာန်တွင် သွား ရောက်စွန့်ပစ်ခဲ့ရာ ၎င်းစွန့်ပစ်ပစ္စည်းများထဲတွင် လူအရိုးများဟု မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် မှုခင်းဆေး ပညာများအရ စိစစ်ဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒု-ရဲမှူး စောမောင်နှင့် အဖွဲ့က ထီးချိုင့်ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြသည်။
ထို့နောက် မှုခင်းဆရာဝန်ကြီးက အဆိုပါ အရိုးစုများကို မှုခင်းဆေးပညာများအရ စစ်ဆေးဆောင်ရွက်ခဲ့ရာ တွင် အမျိုးသား တစ်ဦး၏ အရိုးစုများဖြစ်သည်ဟု ရဲဌာနသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

မုံရွာ ချင်းတွင်းမြစ်ထဲတွင် လူသေအလောင်းတွေ့

မုံရွာ၊ မဇ္ဈိမ။            ။ မုံရွာမြို့၊ ချင်းတွင်းမြစ်ထဲတွင်  ဂျင်းဘောင်းဘီအရှည်၊ တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသားအလောင်းတစ်ခု မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီက တွေ့ရှိသည်ဟု မုံရွာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ ပြောဆိုခွင့်ရှိသူက ပြောသည်။
မုံရွာတောင်ရပ်ကွက်၊ အောင်ဇေယျုံ ဇက်ကူးတို့ဆိပ်၏ အောက်ဖက် ချင်းတွင်းမြစ်အတွင်း လူသေအလောင်းတွေ့ရှိသည်ကို မြို့မရဲစခန်းမှ တာဝန်မှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသူသည် မတ် ၁၃ ရက် နံနက် ၄ နာရီက မုံရွာမှ၊ ဟုမ္မလင်းသို့ ပြေးဆွဲသည့် ရွှေနဒီ ခရီးသည်သယ်ယူပို့ဆောင်ရေး အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ခရီးသည် ကိုပစ်ရှင်း(ခ) မိုးစက်ပစ်ရှင်း ဆိုသူ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် ရဲအရာရှိတစ်ဦးက ခန့်မှန်းပြောသည်။

ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျ ပျောက်ဆုံးနေ

မုံရွာမြို့အနီး ချင်းတွင်းမြစ်အတွင်း၌ ယခုလ ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်က မုံရွာမှ ဟုမ္မလင်းသို့သွား သည့် ခရီးသည်တင် ရေယာဉ်ပေါ်မှ လူတစ်ဦးပြုတ်ကျပြီး ပျောက်ဆုံးသွားသည်ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက မတ်လ ၁၅ ရက်တွင် ပြောသည်။
နံနက် ၄ နာရီအချိန်က ရုံးကြီးရပ်ကွက်၊ ရွှေနဒီရေယာဉ်ဆိပ်ကမ်းမှ ဟုမ္မလင်းသို့ မောင်းနှင်လာသည့် ဇေယျာဝင်း ခရီးသည်တင် အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ကိုပစ်ရှေ့(ခ) မိုးစက်ပစ် ရှေ့ ဆိုသူသည် ရေယာဉ်၏ နောက်ပိုင်းရှိ သန့်စင်ခန်းသို့ သွားရောက်ခဲ့ရာတွင် ရေယာဉ်ပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြုတ်ကျသည့်နေရာတွင် ရေငုတ်ကျွမ်းကျင် ကယ်ဆယ်ရေးသမားများ နှင့် ၎င်း၏ ဆွေမျိုးများက ၀ိုင်းဝန်းရှာဖွေမှုများ ပြုလုပ်နေသော်လည်း ယင်းနေ့မွန်းလွဲ ၁ နာရီ အချိန်ထိတိုင်အောင် ရှာဖွေနိုင်ခြင်း မရှိ သေးဟု ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က ဆိုသည်။
အဆိုပါ ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျပျောက်ဆုံးနေသည့်အတွက် မုံရွာမြို့မရဲစခန်းက (ပ) ၈၁/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၈၀ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

Written by  ကိုတိုးကြီး  /mizzimaburmese

လေယာဉ် ပျောက်ဆုံး မှု ကြာလာသည် နှင့် အမျှ မလေးရှား လေကြောင်း လိုင်း ဘဏ္ဍာရေး ထိခိုက်လာ


MH370 လေယာဉ် ပျောက်ဆုံး နေသည် မှာ တစ်ပတ် ကျော် သွားပြီ ဖြစ်ရာ အချိန်ကြာ လာသည် နှင့် အမျှ မလေးရှား လေကြောင်း လိုင်း (Malaysia Airlines) ၏ ဘဏ္ဍာရေး ကိုလည်း ထိုးနှက်ချက် ဖြစ် လာခဲ့ ကြောင်း သိရသည်။ မလေးရှား လေကြောင်း လိုင်း လေယာဉ် လက်မှတ် ၀ယ်ယူမှု များ လည်း ကျဆင်း လျက် ရှိကြောင်း သိရသည်။
ဒေသတွင်း ဘတ်ဂျတ်လေကြောင်း လိုင်းများ တိုးလာ ခြင်းကြောင့် ခရီးသည် ရရှိ ရေး အပြင်းအထန် ယှဉ်ပြိုင် နေရချိန်တွင် လေယာဉ်ပျောက်ဆုံးမှု ပြဿနာသည် မလေး ရှားလေကြောင်းလိုင်းကို ပို၍ ဘေးကျပ် နံ ကျပ်ဖြစ်စေလျက်ရှိသည်။ လူ ၂၃၉ ဦးပါ သောြံ၃၇၀ လေယာဉ်သည် ရေဒါ မြင်ကွင်း မှ ပျောက် ကွယ်သွားပြီး နောက် လမ်းကြောင်း ပြောင်းကာ နောက်ထပ် ၇ နာရီကြာအောင် ဆက်ပျံသန်းခဲ့သည်ဟု ကောက်ချက် ချထား ကြောင်းဖြင့် စနေနေ့ သတင်းစာရှင်းလင်းပွဲ တွင် မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ထုတ်ပြန် ပြောကြား သည်။ လေယာဉ် ပြန်ပေးဆွဲ

အချစ်အတွက်နဲ့ သေကြောင်းကြံခဲ့တဲ့ ဓာတ်ပုံတွေကို Instagram ပေါ်တင်ခဲ့တဲ့ ကောင်မလေး


အသက်ငယ်ငယ် တရုတ်မလေး တစ်ယောက်ဟာ အထပ်မြင့်တိုက် ပြူတင်းပေါက်ကနေ ခုန်ချပြီး သေကြောင်းမကြံခင် သူမရဲ့ ဘ၀နိဂုံးအခိုက်အတန့်တွေကို Instagram ပေါ်တင်ခဲ့တယ်လို့ ယူဆရပါတယ်။

‘ငါသေပြီးရင် နေ့ရောညပါ နင့်ကို လာခြောက်မယ်။’ လို့ ကောင်မလေးဟာ သူ့ ရည်စားဟောင်းကို ပြောပြီး Instagram မှာ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ သူမ ပိုင် ပစ္စည်းတွေမီးရှို့နေပုံ၊ အောက်မှာ ကားပါကင်တစ်ခုနဲ့ အထပ်ပေါင်းများစွာရှိတဲ့ တိုက်ပြူတင်းပေါက်မှာ ခြေထောက်တွဲလောင်းချထားပုံ တွေပါပဲ။

နောက်တော့ ဘာဆက်ဖြစ်သွားလဲ ဆိုတာတော့ မရှင်းပါဘူး။ ဒါပေမဲ့ တရုတ်ဖိုရမ် Mop က shared ထားတဲ့ ဓာတ်ပုံမှာတော့ ကားပါကင်က ရေအိုင်အလယ်မှာ အမျိုးသမီးအလောင်းတစ်ခုရှိနေတဲ့ မှုခင်းဖြစ်ပွားထားရာ နေရာရဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင်သူပုန်တို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်


မနီလာ၊ မတ် ၁၆

အာရှတိုက်၏ အရှည်ကြာဆုံးနှင့် သေဆုံးမှု အများဆုံး လက်နက်ကိုင် တော်လှန်မှု တစ်ရပ်ဖြစ်သော ဖိလစ်ပိုင် မွတ်ဆလင် သူပုန်များ လက်နက်ကိုင် တော်လှန်မှု ရပ်တန့်နိုင်ရန် မတ်လ ၂၇ ရက်နေ့တွင် ဖိလစ်ပိုင် အစိုးရနှင့် မွတ်ဆလင်သူပုန်များ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားမည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

သဘောတူညီချက်များကို ဇန်နဝါရီလအတွင်း စေ့စပ်ဆွေးနွေးခဲ့ပြီး မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး (MILF) လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကို ဖျက်သိမ်းပေးမည်ဖြစ်ကာ မွတ်ဆလင် အများစု နေထိုင်သည့် ဖိလစ်ပိုင် တောင်ပိုင်းဒေသတွင် အစိုးရအဖွဲ့နှင့် သူပုန်အဖွဲ့ အာဏာခွဲဝေ အုပ်ချုပ်သွားမည် ဖြစ်သည်။
“၁၇ နှစ်တာ ခက်ခက်ခဲခဲ ဆွေးနွေးပြီးနောက် နိုင်ငံရေး သဘောတူညီချက် ရရှိခဲ့ပါပြီ။ မင်ဒါနာအို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို ဆောင်ယူလာပါလိမ့်မယ်” ဟု ဖိလစ်ပိုင်သမ္မတ ငြိမ်းချမ်းရေး အကြံပေး ဒဲလတ်က ပြောကြားသည်။

ပါကစ္စတန် ကလေးငယ်တွေကို ကယ်တင်ပေးမယ့် ဆရာဝန်


ဒီနှစ်အစောပိုင်း ယူနီဆက်(ဖ်) အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံဟာ မွေးကင်းစကလေး သေနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

အသက် ၅ နှစ် မတိုင်မီ ကလေး ၁၀ ယောက်မှာ တယောက် သေဆုံးနေရပါတယ်။ ပါကစ္စတန် ဆရာဝန်မတယောက်ကတော့ ပိုမိုကောင်းမွန်တဲ့ မိခင်လောင်း စောင့်ရှောက်မှု စီစဉ်ပေးပြီး ဒါတွေအားလုံးကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။

ရှာဘနာကို ကလေးမီးဖွားနိုင်ဖို့ ဆေးရုံခေါ်သွားပါတယ်။ လူနာတင်ကား ဥသြဆွဲသံကို ကြားရတာ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ပဲလို့ လူနာတင်ကားနဲ့အတူ လိုက်ပါသွားတဲ့ ၀မ်းဆွဲသူနာပြု ဂူလ်နာ့ဇ် အာမဒ်က ပြောပါတယ်။

“လူနာတယောက်ကို လူနာတင်ယာဉ်နဲ့ ဆေးရုံခေါ်သွားတာကို မြင်ရတာ ဒါ ကျနော့် တသက် ပထမဦးဆုံးအကြိမ်ပါပဲ။ ဒါကလည်း အမျိုးသမီးတွေနဲ့ ကလေးတွေကို ကယ်တင်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ ဒေါက်တာအန်နီတာနဲ့ သူ့အဖွဲ့ကြောင့် ဒီလို ဖြစ်လာတာပါပဲ။

ပျောက်ဆုံးလေယာဉ်ပေါ်ပါ ခရီးသည်များ ဘေးကင်းမည်ဟု မျှော်လင့်ကြောင်း ပြော


မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားတဲ့ လေယာဉ် MH 370 ပေါ်ပါ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ဘေးကင်းမယ်လို့ မျှော်လင့်ကြောင်း မလေးရှားမြို့တော် ကွာလာလမ်ပူက လေကြောင်းခရီးစဉ်တွေကို စီးနင်းလိုက်ပါမယ့် ခရီးသည်တွေက ပြောပါတယ်။

လေယာဉ်ပျောက်ဆုံးခဲ့တာ ၁ ပတ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လေယာဉ်ပျောက် ရဲ့ ခြေရာ သဲလွန်စကို ခုထိ ရှာမတွေ့သေးပါဘူး။

လေယာဉ်နဲ့ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ လမ်းကြောင်းရှာမှုနဲ့ ပတ်သက်လို့ ဗဟုသုတရှိသူ တယောက်ယောက်က လေယာဉ်ကို တမင်သက်သက် လမ်းကြောင်း လွှဲခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။

အစိုးရနဲ့ တခြားအခြေအနေတွေကြားမှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနေပေမယ့် လေယာဉ်ပေါ်ပါတဲ့လူတွေ ဘေးကင်းပါစေလို့ ဆုတောင်းတယ်လို့ ပြောပါတယ်။

မလေးရှားလေယာဉ် ရှာဖွေရေးနယ်ပယ်တိုးချဲ့

                                                         မလေးရှားလေကြောင်းလိုင်းမှာ ပါသွားတဲ့ခရီးသည်တွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက မလေးရှားအစိုးရကို       
                                                                       တိုက်ရိုက်ဆက်သွယ်စကားပြောဖို့ ကိုယ်စားလှယ်ရွေးချယ်နေစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် တမင်တကာ လမ်းကြောင်းပြောင်းသွားတယ်လို့ ယူဆရတဲ့ တောင်နဲ့မြောက် လမ်းကြောင်းတလျှောက် ရှာဖွေရေးတွေ စတင်လုပ်ဆောင်နေပြီလို့ မလေးရှားအစိုးရက ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောသွားပါတယ်။ ဒီရှာဖွေရေးမှာ ရေပြင်နဲ့ နိုင်ငံ ၁၁ နိုင်ငံက ကုန်းမြေပါ ထည့်သွင်းပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံက ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hisha mmuddin Hussein က ပြောပါတယ်။

ရှာဖွေနယ်မြေက စတုရန်းမိုင်သန်းပေါင်းများစွာကျယ်ဝန်းတာပါ။ မတ်လ ၈ ရက်နေ့မှာ ရေဒါကနေ ပျောက်ဆုံးသွားပြီးတဲ့နောက် Boeing 777 လေယာဉ်ဟာ မြောက်ဖက်ကို ဦးတည်ပြီး အာရှတိုက် အလယ်ပိုင်းဘက် ဒါမှမဟုတ် ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာဘက် - တောင်ဘက်အရပ်ကို ပျံသန်းသွားတယ်လို့ စုံစမ်းရေးမှူးတွေက ယူဆပါတယ်။

ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားသွားမယိုတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်

Melody World ကနေတစ်ဆင့် အနုပညာလောကထဲကို ၀င်ရောက်လာခဲ့ပြီး နှလုံးသားအရင်းအနှီး ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် ကို လတ်တလော အနုပညာလူပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ ‘အိုင်းရင်းအခု လတ်တလောမှာတော့ ရှိုးပွဲတွေပဲ ဆက်တိုက်ဆိုဖြစ်နေပါတယ်။ ခရီးသွားနေရတာ များပါတယ်။ သံဖြူဇရပ်၊ မန္တလေး၊ လမိုင်းတို့ သွားဖို့ရှိပါတယ်။ ဖျော်ဖြေရေး သက်သက်နဲ့ပဲသွားမှာပါ။ အိုင်းရင်းရဲ့ ယိမ်းလိုက်အခွေ ထွက်ပြီးသွားတဲ့နောက် ဒုတိယမြောက်တစ်ကိုယ်တော် အခွေကိုလည်း ဒီနှစ်ထဲမှာပဲ ထွက်ဖြစ် နိုင်အောင်လို့ ကြိုးစားသွားမယ်။ လောလောဆယ်မှာ ဒုတိယအခွေအတွက် အချိန် မပေးနိုင်သေးပဲ ရှိုးပွဲတွေကိုပဲ ဦးစားပေးပြီးဖျော်ဖြေဖြစ်နေလို့ပါ။ အိုင်းရင်းရဲ့ ဒုတိယအခွေမှာ ဘယ်လို ဂီတအမျိုးအစားပုံစံ တွေပါမယ်ဆိုတာတော့ ကြိုမပြောချင်သေးပါဘူး။ အခွေထွက်လာမှပဲ နားထောင်ကြည့်စေချင်ပါတယ်။’လို့ သူမက ပြောပါတယ်။

စန္ဒီ/ Trend Myanmar

FOX ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ရှိတယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မာရီနာ

ညှို့ချက်ပြင်းတဲ့ သူမရဲ့အကြည့်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားတဲ့ မာရီနာဟာ အခုတစ်ခါမှာလည်း သူမရဲ့ The Chatroom ဆိုတဲ့ ဇာတ်ကားထဲက ဆွဲဆောင်နိုင်လှတဲ့ သရုပ်ဆောင်ဟန်ပန်တွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ထပ်မံရရှိခဲ့ပြန်ပါပြီ။ ဒါကြောင့် နာဂတိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ မာရီနာရဲ့ လတ်တလောမှာ အနုပညာလှုပ်ရှားမှု အကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘လတ်တလောမှာတော့ မာရီနာရဲ့ သီချင်းတစ်ပုဒ် MTV အတွက် ပြင်ဆင်နေပါတယ်။ ခပ်မိုက်မိုက်နဲ့ အကောင်းဆုံး ပြသနိုင်ဖို့အတွက် ရိုက်ကူးနေပါတယ်။ တေးစီးရီးအခွေတွေမှာလည်း သီချင်းဆိုဖြစ်နေပါတယ်။ တစ်ခြားသီချင်းVCDတွေမှာလည်း သရုပ်ဆောင် ဖြစ်နေပါတယ်။ ဓာတ်ပုံရိုက်ဖြစ်တယ်။ နောက်ပြီးအခု ပြည်ပရုပ်ရှင်ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုဖြစ်တဲ့ FOX ရုပ်ရှင်ထုတ်လုပ်ရေးကုမ္မဏီကနေ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုလည်း အဲဒီ့ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ပြည်ပက ဒါရိုက်တာတွေ ကိုယ်တိုင်က လာရောက်ပြီး သင်တန်းပို့ချပေးနေပါတယ်’ လို့ သူမက ပြောပါတယ်။

စန္ဒီ  /Trend Myanmar
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB