Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး



သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး



အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။

သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

နံနက်ခင်း အသားအရေ ထိန်းသိမ်းမှုဖြင့် အရေပြားကို ကောင်းမွန်စေ

             



1. မနက်အိပ်ရာက နိုးချိန်မှာ မျက်နှာပေါ်မှာ ချွေးနဲ့ အဆီတွေ ရှိနေတတ်တာကြောင့် အရင်ဆုံး သန့်စင်ပေးဖို့ လိုပါတယ်။ လက်ဖဝါးထဲမှာ မျက်နှာသစ်ဆေးကို အမြှုပ်ထအောင်ပြုလုပ်ပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ပွတ်တိုက် နှိပ်နယ်ပေးပြီးမှ ရေဆေးကာ သန့်စင်လိုက်ပါ။ မနက်ခင်းမှာ သင့်မျက်နှာနဲ့ လည်ပင်းနေရာအနှံ့ကို ရေအေးအေးနဲ့ သန့်စင်လိုက်ပါ။

2. မျက်နှာပေါ်က ရေဓာတ်နဲ့ PH ကို ထိန်းသိမ်း

ပေးနိုင်ဖို့ မျက်နှာသစ်ပြီးချိန် Toner တစ်မျိုး သုံးပေးပါ။ အသားအရေ ခြောက်သွေ့သူနဲ့ အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေအတွက် အရက်ပြန် မပါဝင်တာမျိုးကို ရွေးချယ်ပေးပါ။ မျက်နှာနဲ့ လည်ပင်းအနှံ့ ဂွမ်းဖတ်လေးနဲ့ လိမ်းပေးပါ။

ဒန်နီဝဲလ်ဘက်ခ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် တော့တင်ဟမ် စီစဉ်နေ

တော့တင်ဟမ်သည် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက်ခ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အင်္ဂလန် တိုက်စစ်မှူးသည် မန်ချက်စတာယူနိုက်တက်နှင့် နှစ်နှစ်စာချုပ် ကျန်ရှိနေသေးသော်လည်း အသင်း အနေဖြင့် တော့တင်ဟမ်၏ ကမ်းလှမ်းချက်ကို လက်ခံဖွယ်ရှိကြောင်း ဆိုသည်။
တော့တင်ဟမ်သည် ပရီးမီးယားလိဂ် အတွေ့အကြုံရှိသည့် ထိပ်တန်း တိုက်စစ်မှူးကို ရှာဖွေလျက်ရှိပြီး ဝဲလ်ဘက်ခ်မှာ ၎င်းတို့ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

Grand Royal မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း


Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေနေသည့် ထိုင်းမိန်းမလျာအကမယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက ပြောကြားသည်။

မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွားတာ။ ဘလက်လစ် သွင်းထားတယ်။

အဖော်အချွတ်ဓာတ်ပုံရိုက်၍ မော်လ်ဒယ်တစ်ဦး ထောင်ချခံရ


အင်္ဂလန် နိုင်ငံ က အသက် (၁၉) နှစ် သာရှိသေးတဲ့ မော်ဒယ် တစ်ဦး ဟာ အမြင်မတော် တဲ့ နေရာမှာ အဖော် အချွတ် ဓာတ်ပုံ ရိုက် ခဲ့လို့ ထောင်ဒဏ် (၄၅) ရက် ချမှတ် ခံရတယ် လို့ သိ ရပါတယ်။ ဗယ်လာရီဒါ ဟာ သူတက် ရောက်သင်ကြား ခဲ့တဲ့ ကက်သလစ် အထက်တန်း ကျောင်းနဲ့ ဘောလုံးကွင်း တွေမှာ သွား ရောက်ပြီး အဖော်အချွတ်ဓာတ်ပုံတွေ ရိုက် ကူးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီး ခဲ့တဲ့ ဇွန်လ က စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး တားမြစ်ထားတဲ့ နေရာကို အခွင့်မရှိဘဲ ၀င် ရောက်ခဲ့မှု၊ အများ ပြည်သူ မြင်ကွင်း မှာ မဖွယ် မရာ ဓာတ်ပုံရိုက်ကူးမှုစတဲ့ စွဲချက်တွေနဲ့ ရင် ဆိုင်ခဲ့ရပါတယ်။

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့မယ်ဆိုရင်...

သင်္ကြန်မဏ္ဍပ်များတွင် အ၀တ်လဲခန်းမှလွဲ၍ အခန်းပိုများ ဖျက်ခိုင်း


ရန်ကုန်သင်္ကြန်မဏ္ဍပ်အချို့တွင် စုံတွဲများ နှစ်ကိုယ်ကြားတွေ့ဆုံနိုင်သည့် အခန်းများ ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် အ၀တ်လဲခန်းမှလွဲ၍ အခြားအခန်းများ ပြန်လည်ဖျက်သိမ်းရန် မဏ္ဍပ်တည်ဆောက်သူများကို သတိပေးထားသည်။

‘‘ဒီနှစ်မဏ္ဍပ်တွေ ဘေးနဲ့အနောက်မှာ ရိပ်သာလို၊ တည်းခိုခန်းလို စုံတွဲနှစ်ကိုယ်ကြား တွေ့ နိုင်တဲ့ အခန်းတွေ ထူးထူးခြားခြား လုပ်လာကြတယ်။ သာမန်အ၀တ်လဲခန်းလောက်ဆို ကျွန်တော်တို့ ဘာမှမပြောဘူး။ နှစ်ကိုယ်ကြား တွေ့တဲ့အခန်းနဲ့ အ၀တ်လဲခန်းဆိုတာ အရမ်းသိသာပါတယ်။ ဒါတွေ လုံးဝထည့်မဆောက်ဖို့၊ ဆောက်ထားရင် ပြန်ဖျက်ဖို့ မြို့ နယ်မှူးတွေကတစ်ဆင့် သတိပေးထားတယ်’’ ဟု ရဲမှူးကြီးမြင့်အေးက ပြောသည်။

မတ်လအတွင်း မှုခင်းငါးမျိုးဖြစ်ပွားမှု ၂၄၉၇ မှုရှိ ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ပွား

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် မတ်လအတွင်း အများဆုံးဖြစ်ပွားခဲ့သည့် မှုခင်းငါးမျိုး၏ စာရင်းဇယား များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်အရ လွန်ခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဖြစ်ပွားမှုအများဆုံး မှုခင်း ငါးမျိုးမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု ငါးမျိုး၊ နာကျင်(ရိုးရိုး)နှင့် ယာဉ် တိုက်မှုတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ မှုခင်းငါးမျိုးဖြစ်ပွားခဲ့သည့် စုစုပေါင်းအရေအတွက်မှာ ၂၄၉၇ မှုရှိသည်။ ယင်းမှုခင်း ငါးမျိုးတွင် ယာဉ် တိုက်မှု အများဆုံးဖြစ်ပွားပြီး ဖြစ်ပွားမှု
စုစုပေါင်း ၁၃၁၀ ရှိခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်း ရင်းများမှာ မဆင်မခြင်မောင်းနှင်ခြင်း၊ မူးယစ်သောက်စား မောင်းနှင်ခြင်း၊ မီးပွိုင့်အချက်ပြမီးများကို သတိမမူဘဲ မောင်းနှင်ကြခြင်းကြောင့် လည်း
ကောင်း၊ သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ကြသောကြောင့်လည်း ကောင်း အများဆုံးဖြစ်ပွားရကြောင်း သိရသည်။

ထိုင်းနယ်ခြားစောင့် စစ်တပ်နှင့် မူးယစ်ကုန်သည်တွေ ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး

ဓာတ်ပုံ - thairath.co.th

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်မှာ  ဧပြီလ ၆ ရက် ညနေက  ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မူးယစ်ဆေးကုန်သည်တွေ ပစ်ခတ်ကြလို့ ၂ ဦး သေဆုံးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ပါတိန့်ကျေးရွာအုပ်စုအပိုင် မြန်မာနယ်စပ်နဲ့ မီတာ ၅၀၀ အကွာ တောအုပ်ထဲကနေ လူ ၁၀ ဦးလောက် သေနတ်ကိုယ်စီ၊ ကျောပိုးအိတ်ကိုယ်စီနဲ့ ဖြတ်သန်းသွားတာ တွေ့ရကြောင်း သတင်းအရ  ထိုင်းနယ်ခြားစောင့်တပ်က ရပ်ခိုင်းရာကနေ အပြန်အလှန်ပစ်ခတ်ကြတာလို့ ဒုရဲမှူး နိုင်းကဆိခစ် လတ်ကလုတ်က  ပြောပါတယ်။

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး

သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကားဗုံးကြောင့် လူတစ်ဦးသေ ၁၄ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံတောင်ပိုင်းမှာ တနင်္ဂနွေနေ့က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူတစ်သေဆုံးခဲ့ရပြီး တစ်ဆယ့်လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ထိုင်းနိုင်ငံတောင်ပိုင်းက မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေအများစု နေတဲ့ ယတ်လားမြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ရဲ့ပြောပြချက်အရ အဆိုပါ ပေါက်ကွဲမှုဟာ ကားတစ်စီးမှာ ထောင်ထားခဲ့တဲ့ ကားဗုံးကြောင့်ဖြစ်ပြီး လေးကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်စလင်လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းအစိုးရတပ်တွေကြား ပစ်ခတ်မှုတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေပေမယ့် အခုလို ကားဗုံးထောင် တိုက်ခိုက်မှုကတော့ ဖြစ်လေ့ဖြစ်ထ

တာမွေမြို့နယ်၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၇.၄.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် မူးယစ်ဆေးဝါးသတင်းအရ တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းမပေါ်တွင် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် မူးယစ်
ဆေးဝါးများပါရှိသည်ဟု သတင်းရရှိထားသည့် ယာဉ်အမှတ် 4F----
SKY LING အမျိုးအစား မော်တော်ယာဉ်အားတွေ့ရှိသဖြင့် ဗျိုင်းရေအိုးစင်
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် ယစ်ကဒ်(ခ)၀င်းနိုင်၊(၃၈)နှစ်၊ (ဘ)ဦးလှမြင့်၊ မြို့မရပ်ကွက်၊ တောင်ြ့ကီးမြို့၊ ရှမ်းပြည်နယ်နေသူနှင့် မသီတာညို၊(၂၈)နှစ်၊ (ဘ)ဦးသန်းဝင်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေသူတို့(၂)ဦးကို
တွေ့ရှိရပြီး၎င်းတို့(၂)ဦးကြား ဂီယာတံနောက်တွင်ထားရှိသည့်အစိမ်းရောင်
ပျောက်ကျားဘေးလွယ်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာ သံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ

ထိုင်းနိုင်ငံသို့ သွားရောက်မည့် သူ များသောကြောင့် ဗီဇာရရန် ဧပြီလ ဆန်းမှ စ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော် ထိုင်းသံရုံးရှေ့ တွင် ညအိပ် စောင့်ဆိုင်း နေရကြောင်း ဗီဇာရ ရန်တန်းစီသူ တစ်ဦးထံမှ သိရသည်။

“ဒီနေ့ မနက် ပေးတဲ့ တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲက လာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူ တစ်ဦး ကပြောသည်။

ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ ဆေးကုသမှု ခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူ များသောကြောင့် ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

ယခုကဲသို့  ဗီဇာရရန် စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍တဖြည်းဖြည်း များလာခြင်းဖြစ်ကြောင်း

တနိုင်းမြို့တွင် သန်းခေါင်းစာရင်း ကောက်ယူခွင့် အစိုးရ တောင်းခြင်းကို KIA ငြင်းပယ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ထိန်းချူပ်နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီလ ၈ရက်က အစိုးရဘက်မှ တောင်းဆိုခဲ့ရာတွင် KIAက ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၄ရက်ကလည်း တနိုင်းမြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍ KIA ကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တဆင့် ညှိနှိုင်းပေးရန် အစိုးရဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လူသတ်မှုအများ ဆုံးဖြစ်ပွား


မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု၌၂၀၁၄ ခုနှစ် မတ်လအတွင်း လူသတ်မှုစုစုပေါင်း ၁၂၃မှုဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် လူသတ်မှုအများဆုံးဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၌ မတ်လအတွင်း လူသတ်မှု ၁၇ မှုဖြစ်ပွားခဲ့ပြီး လူသတ်မှု အများဆုံးဖြစ်ပွားသည့် တိုင်းဒေသကြီးဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီးတွင် ၁၆ မှု ဖြစ်ပွားပြီး ဒုတိယအများဆုံး တိုင်းဒေသကြီးဖြစ် သည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ၁၁ မှုစီ ဖြစ်ပွား ခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင်ကိုးမှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် လူသတ်မှုနှစ်မှု ဖြစ်ပွားခဲ့ပြီး လူသတ်မှု အနည်းဆုံးဖြစ်ပွားသည့် တိုင်းဒေသကြီးအဖြစ် ရပ်တည်လျက်ရှိသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် လူသတ်မှုလေးမှု ဖြစ်ပွား ခဲ့သည်။ ရှမ်းပြည်နယ်တွင် မတ်လအတွင်း လူသတ်မှု ၁၅မှု ဖြစ်ပွားပြီး လူသတ်မှု

၁၇ နှစ်အရွယ်ဦးလေးနှင့်၁၃ နှစ်အရွယ်တူမတို့နေအိမ်တွင်နှစ်ဦးတည်းရှိသောအခါ



ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန် ဆာရဲစခန်းအပိုင်မြို့ချောင်းအင်း ကျေးရွာ မြို့လေးပိုင်းတွင် ဧပြီ ၆ ရက်နေ့၊ နံနက်ပိုင်းက ဦးလေးအရင်း ဖြစ်သူက တူမအရင်းဖြစ်သူကို အလိုမတူဘဲ အဓမ္မသားမယားပြု ကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ပြွန်တန်ဆာမြို့ ချောင်အင်းကျေးရွာ မြို့လေးပိုင်း နေ သမီးဖြစ်သူ မ----တို့အလုပ် သွားရောက်လုပ်ကိုင်လျက်ရှိစဉ် အိမ်တွင် ဒေါ်----၏ သား---- (၁၇) နှစ်နှင့် မ-----၏သမီး မ---- (၁၃) နှစ်တို့ ကျန်ရစ်ခဲ့ကြောင်း ၎င်းင်းတို့အပြင်မှ အိမ်ပြန်ရောက်လာ သည့်အခါ ------- (၁၃) နှစ်၏ မိန်းမကိုယ်မမှသွေးများကျဆင်း လျက်ရှိသည်ကိုတွေ့ရကြောင်း ထိုအခါ အဘွားနှင့် မိခင်တို့မှ မေးမြန်းသည့်အခါ ဦးလေးဖြစ်သူ ------မှ သူမကို အဘွားနှင့်မိခင် ဖြစ်သူတို့

တောင်ကြီးမြို့ မြို့မဈေးကြီးတွင် လက်သည်မပေါ်သော လူသတ်မှုဖြစ်ပွား

တောင်ကြီးမြို့၊ မြို့မဈေးကြီး ၊ ဒုတိယထပ် ဆိုင်အမှတ်(E)/42 ငြိမ်းရွက်လှေ ပန်းကန်ဆိုင်မှ အသက်(၅၂) အရွယ် ဆိုင်ပိုင်ရှင် ဒေါ်စိန်စိန်အား အကြောင်းမသိ ဓါးထိုးသတ်မှုဖြစ်ပွါးခဲ့ပါသည်။

ဧပြီလ (၅) ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့် ဈေးပိတ်ချိန်တွင် အသတ်ခံရ ခြင်းဖြစ်ပြီး အိမ်ပြန်ချိန်တွင် အိမ်ပြန်မရောက်သဖြင့် အသတ်ခံရသူဒေါ်စိန်စိန်၏ အမဖြစ်သူက ဈေးစောင့် ၊စည်ပင်ဝန်ထမ်း တို့နှင့်အတူ ဈေးဆိုင်ခန်းသို့လိုက်ကြည့်ရာ ဓါးထိုးမှုဒဏ်ရာတို့ဖြင့် ဆိုင်ခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရကြောင်း ၄င်းတို့နှင့် နီးစပ်သူများကပြောသည်။

‘ရန်ငြိုးတွေလည်းမရှိပါဘူး။ ဆိုင်က၀န်ထမ်းတွေနဲ့လည်း အဆင်ပြေနေပါတယ်။ ဘာကြောင့်လဲဘယ်သူ သတ် သလဲ ခုထိမသိဘူး၊ စစ်ဆေးပေးဖို့အတွက်တော့ ရဲတွေဆက်လက်စုံစမ်းပေးနေဆဲဘဲ´ ဟုအမျိုးတော်စပ် သူ တဦး ကပြောသည်။

အာဏာရှင်ကင်ဂျုံအန်း ပြည်သူ့ လုံခြုံရေးဝန်ကြီး အိုဆန်ဟွန်းကို မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းပြီး ကွပ်မျက်

မြောက်ကိုးရီးယားပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး အိုဆန်ဟွန်း ကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်း တစ်ယောက် မီးသေနတ်နဲ့ မီးလောင်တိုက်သွင်းသတ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ အိုဆန်ဟွန်းဟာ မကြာမီက ခွေးစာကျွေးပြီး အဆုံးစီရင်ခံခဲ့ရသူ ကင်ဂျုံအန်းရဲ့ ဦလေး နဲ့ ဆက်နွယ်နေမှုကြောင့် အခုလို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဖခင်ဖြစ်သူသေဆုံးပြီး မြောက်ကိုးရီးယားခေါင်းဆောင်နေရာကို လွှဲပြောင်းယူခဲ့တဲ့ ကင်ဂျုံအန်း လက်ထက်မှာ အစိုးရထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၁၂ ယောက် အဆုံးစီရင်ခံခဲ့ရတယ်လို့  ဖော်ပြထားပါတယ်။

နေပြည်တော် ဗဟိုဘဏ်ရုံးအနီး ဘုရားဖူးယာဉ်တစ်စီး တောင်စောင်းနှင့် တိုက်မိ

နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်း အဝိုင်းဘက် (မြောက်အရပ်)မှ ကြာပန်းအဝိုင်းဘက် (တောင်ဘက်)သို့ ရာဇသင်္ဂဟ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် DD/----HYUNDAI STAREX MINIBUS (မီးခိုးရောင်) ဘုရားဖူးယာဉ်သည် ယနေ့နံနက် ၅ နာရီခန့်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရုံးအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက် ပလက်ဖောင်းအား ကျော်တက်ကာ ပေ ၁ဝဝ ခန့်အကွာအဝေးရှိ တောင်စောင်းနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ ဦးခေါင်းပိုင်း ပျက်စီးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၂၁ ဦးအနက် ဖျာပုံမြို့ အပြောင်ရွာနေ

တစ်ကိုယ်လုံးအရိုးများ ပေါ်လာသည့်တိုင် အသက် (၅) နှစ် အရွယ် ကလေးငယ် ကို အစာငတ်ခံ ထားခဲ့တဲ့ မိထွေးကို အရေးယူ


အမေရိကန် ပြည်ထောင်စု တက်ဆက်စ် ပြည်နယ် မှာ အသက် ငါးနှစ် အရွယ် ကလေး ငယ် တစ်ဦးကို မိထွေး ဖြစ်သူက ပိတ်လှောင် ပြီး အစာငတ်ခံ ထားခဲ့တာ မို့ ဖမ်းဆီး အရေး ယူခဲ့ တယ်လို့ သိ ရပါတယ်။ ဒီဖြစ် စဉ်မှာ ကလေးငယ် ရဲ့ ဖခင်လည်း ပါဝင် ပတ်သက်နေ လို့ စွဲချက် တင်ထား ပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိ တ(စ်)မီဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့အပြင် သားသမီး ငါးဦးလည်း ရှိထားပါတယ်။ ဒါပေမဲ့ ယောက်ျား ဘက် က ပါလာတဲ့ ကလေးငယ် ကိုလှေကား အောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး
ဘာ ကြောင့် အစာငတ်ခံထားရသလဲဆိုတဲ့ အ ကြောင်းအရင်းကို မသိရ သေးပါဘူး။ ကလေး ငယ်ဟာ အစာရေ စာပြတ် တောက်မှု ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ တွေ့ရှိချိန်မှာ အရိုး တွေတောင် မြင်နေ ခဲ့ရပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှု နှစ် ၂၀ ပြည့်



 လူမျိုးတုန်း သတ်ဖြတ်မှု နှစ် (၂၀) ပြည့် အမှတ်တရ မီးတိုင်ကို ရဝမ်ဒါသမ္မတနဲ့ ကုလအတွင်းရေးမှူးချုပ်တို့ ထွန်းညှိစဉ်။ (ဧပြီ ၇၊ ၂၀၁၄)

ရဝမ်ဒါနိုင်ငံမှာ လူပေါင်း (၈) သိန်း သေဆုံးခဲ့ရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ နှစ် (၂၀) ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့မှာ ရဝမ်ဒါသမ္မတ Paul Kagame နဲ့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ နိုင်ငံတော် ဝမ်းနည်းခြင်း မီးတိုင်ကို ထွန်းညှိခဲ့ကြပါတယ်။

ဒီမီးတိုင်ကို ရက်ပေါင်း ၁၀၀ ထွန်းညှိထားမှာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်က ရဝမ်ဒါသမ္မတ လေယာဉ်ပျက်ကျ သေဆုံးခဲ့ပြီးတဲ့နောက်မှာ ဟူတုလူမျိုး စစ်သွေးကြွတွေက နိုင်ငံတဝန်းမှာရှိတဲ့ တူဆီလူမျိုးတွေနဲ့ အလယ်အလတ် ဟူတုတွေကို လိုက်လံသတ်ဖြတ်ခဲ့တာ ရက်ပေါင်း (၁၀၀) ကြာခဲ့တာကြောင့် အဲဒီအထိမ်းအမှတ်အဖြစ်နဲ့ ရက် ၁၀၀ မီးတိုင် ထွန်းညှိခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရုပ်သံမှတ်တမ်း - အပိုင်း (၁) နှင့် (၂)


ပျောက်ဆုံးလေယာဉ် Black Box အချက်ပြသံ ဖြစ်နိုင်ခြေထပ်မံတွေ့ရှိ

                                                                           ရေအောက်မှာ ပျောက်ဆုံးမလေးရှားလေယာဉ် MH370 က Black Box ကိုရှာဖွေနေကြစဉ်။


မလေးရှားပျောက်ဆုံးလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က အချက်ပေးသံနဲ့ကိုက်ညီတဲ့  အသံအသစ်တွေကို ရေတပ်သင်္ဘောတစီးက လက်ခံရခဲ့တယ်လို့ Australia ရှာဖွေရေး အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။

ရှာဖွေရေးအကြီးအကဲ Angus Houston က ပြီးခဲ့တဲ့ရက်အတွင်းတွေ့ခဲ့ရတာတွေက Australia ကမ်းလွန်က အိန္ဒိယသမုဒ္ဒရာထဲမှာ ဒီ Boeing 777 လေယာဉ်ရှာဖွေမှုအားလုံးထဲမှာ အားရစရာ အကောင်းဆုံးဖြစ်တယ်လို့ Perth မြို့မှာ တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထပ်မံ အတည်ပြုချက်တွေ ယူဖို့ လိုနေသေးပြီး အဲ့ဒီအတွက် နောက်ထပ်ရက်တွေထပ်ကြာနိုင်သေးတယ်၊ ဒါပေမဲ့လည်း ဒီအမေရိကန်ရေတပ် သင်္ဘောကရတဲ့ အချက်ပေးသံဟာ သိပ်အားရစရာကောင်းနေတယ်လို့ Mr. Houston က ဆက်ပြောခဲ့ပါတယ်။

NGO တွေ ရခိုင်ပြည်နယ် ပြန်ဝင်ခွင့်ရရေး ကုလနဲ့ဗြိတိန် ဖိအားပေး

                                                                                  နိုင်ငံတကာ NGO အဖွဲ့တွေ စစ်တွေမြို့က ထွက်ခွာသွားကြစဉ်။ 

 မန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အကူအညီပေးရေး အဖွဲ့အစည်းတွေ လုပ်ငန်းတွေ မလုပ်နိုင်ဘဲ ဖြစ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မကင်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ကလည်း ဒုက္ခသည်တွေနဲ့ လက်လှမ်းမမီတဲ့ ဒေသက လူတွေအတွက် ကျန်းမာရေး၊ ရေနဲ့ အစားအစာ အပါအဝင် အရေးပေါ် အကူအညီတွေ မပေးနိုင်တာကြောင့် စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း တနင်္လာနေ့ကပဲ ပြောဆိုခဲ့တာပါ။

တရုတ်ပြုပြင်ပြောင်းလဲရေး အတုယူဖို့ သူရဦးရွှေမန်းတိုက်တွန်း

တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေ မြန်မာနိုင်ငံအတွက် သင်ခန်းစာအဖြစ် အတုယူစရာတွေ ရှိနေတဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာစတင်မယ့် တရုတ်နိုင်ငံခရီးစဉ် မတိုင်မီမှာပဲ တရုတ်ခေါင်းဆောင်တွေရဲ့ ပြုပြင်ပြောင်းလဲ မှုတွေမှာ အားကျစရာတွေ ရှိနေတဲ့အကြောင်း အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးရွှေမန်းက ပြောဆိုခဲ့တာပါ။ တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေနဲ့ စိန်ခေါ်မှုတွေအကြောင်းကိုတော့ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို ကိုဝင်းမင်းက စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရှေ့ဆက်တိုးမြှင့်လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေကို လေ့လာသင်ခန်းစာယူသွားဖို့ ဆန္ဒရှိတယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြောလိုက်ပါတယ်။

သမီးလေးကို ခေါ်ဆောင်သွားတဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် နဲ့ မေးမြန်းခန်း

                      သမီးလေးရွာသားတွေကို ထိုင်း မြန်မာနယ်စပ် ကျောက်ခက်ရွာအရောက် သယ်ဆောင်လာခဲ့တဲ့ ဒီကေဘီအေ ဗိုလ်မှူးကြီး စောဆန်းအောင်  ကို ဧပြီလ ၅ 
                                                                                      ရက်နေ့က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်

 ဧပြီလ ၂ ရက်နေ့က နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသားတွေကို ဒီကေဘီအေ တပ်ဖွဲ့မှ ထိုင်းမြန်မာနယ်စပ်မှာ နေရာထိုင်ခင်းပေးဖို့ သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ အိမ်ထောင်စု ၈၂ စု လူဦးရေ ၂၀၁ ဦးပါတဲ့ ရွာသားတွေကို သယ်ဆောင်လာရာ ခရီးစဉ်တလျောက် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေကို ဖြတ်သန်းလာခဲ့ရာမှာ ကြုံတွေခဲ့ရတဲ့ အခြေအနေတွေကို ရွာသားတွေကိုသယ်ဆောင်ရာမှာ ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင် ကို မေးမြန်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သံချပ်အဖွဲ့ သွားရောက်ဖျော်ဖြေ


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ 'တန်ခူးရင်ခွင်' သံချပ်အဖွဲ့ ဒီနေ့ ညနေပိုင်းက သွားရောက်ပြီး သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။

သင်္ကြန်မတိုင်ခင်မှာ အခုလို သံချပ်ဖျော်ဖြေရတဲ့အကြောင်းကို တန်ခူးရင်ခွင် သံချပ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ခုလိုရှင်းပြပါတယ်။

"ကျနော်တို့ ဒီနေ့ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး တန်းခူးရင်ခွင် သံချပ်အဖွဲ့ကပါ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို လူဦးရေ ၂ဝ ကျော်နဲ့ လာပါတယ်၊ သံချပ်ထိုးနေတဲ့ လူတွေအပြင် နောက်က အထောက်အကူပြုအဖွဲ့တွေ ပါပါသေးတယ်၊ မူလကတော့ သင်္ကြန်အတွင်းမှာ ဖျော်ဖြေဖို့စီစဉ်ထားတာပါ၊ ဒါပေမဲ့ အန်တီက ဂျာမနီ၊ ပြင်သစ် ခရီးစဉ်ရှိတယ်ဆိုတာ သိရတဲ့အတွက် ကြိုလာဖျော်ဖြေတာဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်သွားမည်

ဂျာမနီသမ္မတရဲ့ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံ ဘာလင်ခရီးစဉ် စတင်တော့မှာဖြစ်ပါတယ်။ သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အစိုးရပိုင်း ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဖို့ ရှိသလို လွှတ်တော်ကိုလည်း သွားလေ့လာမှာဖြစ်ပြီး “Willy Brandt Prize”  လက်ခံရယူမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံခရီးစဉ်ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနှစ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ဖေဖော်ဝါရီလတုန်းက ရောက်လာခဲ့တဲ့ ဂျာမနီသမ္မတက သူနဲ့တွေ့ဆုံစဉ်မှာ ဖိတ်ကြားခဲ့တဲ့အတွက် သူ့ရဲ့ ဖိတ်ကြားချက်နဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်ဟာ ဧပြီလ ၉ ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကိုပါ ခရီးဆက်ဖို့ရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနှစ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး

 
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။

လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones
က ဆက်လက်ပြီး ပြောပြသွားပါတယ်။

လိမ်ညာသွားတဲ့ ရည်းစားဟောင်းကို အကောင်းဆုံး ဂလဲ့စားချေပြမယ်လို့ဆိုတဲ့

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ် Kate Upton ကတော့ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းကို ဂလဲ့စားချေမယ်ဆိုရင် သူ့ကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဟာ အကောင်းဆုံး လက်စားချေနည်း ပဲလို့ ဖွင့်ဟသွားပါတယ်။ သူမက ‘ကိုယ့်ဘ၀နဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး သူ့အတွက် တစ်စက္ကန့်လောက်တောင် အချိန်မပေးဘဲ နေ့စဉ်ဘ၀တွေကို ဖြတ်သန်းခြင်းဟာ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းအတွက် အကောင်းဆုံးဂလဲ့စားချေနည်းပါပဲ’တဲ့။
The Other Woman ရဲ့ စတားဖြစ်တဲ့ Kate Upton ဟာ သူမ ပေါ်ပြူလာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ‘ကျွန်မကတော့ ကျွန်မတတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တဲ့ အတွက် ဒီကျော်ကြားမှုတွေက ကျွန်မကို ဖိအားမပေးပါဘူး။ ကိုယ်ကြိုးစားနိုင်သလောက် ကြိုးစားသွားမယ်။

တစ်ရက်ကို အကြိမ် ၂ဝဝ လောက် လိင်ဆက်ဆံလိုစိတ်ဖြစ်ပေါ်နေသူ အင်မတန် ထူးဆန်းတဲ့ရောဂါ (PSAS) 18+

မီရှယ်လီသော်မဆမ် ဆိုတဲ့အမျိုးသမီးဟာ တစ်ရက်ကို အကြိမ်ပေါင်း ၃ဝဝ လောက် လိင်ဆက်ဆံ လိုတဲ့စိတ်ဖြစ်ပေါ်တဲ့ (Persistent Sexual Arousal Syndrome) PSAS ဆိုတဲ့ ရောဂါတစ်မျိုးကိုခံစားနေရပါတယ်။ တချိန်တုန်းက ချစ်သူများကိုလည်း ထိုကဲ့သို့ သူ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အခုတော့ သူ့အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ အင်ဒရူးကာ (၃၂)နှစ်
ဆိုတဲ့လူနဲ့ရင်းနှီးနေတာ ၆ လလောက်ရှိပါပြီ။ ဘာကြောင့်လဲဆိုတော့
ထိုသူဟာ သူ့ကဲ့သို့ စိတ်အားထက်သန် ဝါသနာကြီးတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်ဟာ တစ်ရက်ကို ၁ဝ ကြိမ်ခန့် အချစ်ရည်လူး နိုင်တယ်လို့ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မီရှယ် က ပြုံးရွှင်စွာဖြင့် အင်ဒရူးဟာ ကျွန်မဘဝကိုပြောင်းလဲနိုင်ခဲ့ပါပြီ ကျွန်မရဲ့ဒီရောဂါကိုကုဖို့အတွက်အချိန်အကြာကြီးကုန်ခံပြီး ရှာနေစရာမလိုတော့ပါဘူး ကျွန်မအခု
တွေ့သွားပါပြီ လို့ပြောပါတယ်။

လူမှုကွန်ရက်(Twitter ) ရဲ့ အစွမ်းနဲ့ တစ်နှစ်ကို အမျိုးသမီး ၂၀၀နဲ့ အိပ်တဲ့သူ

လူမှုကွန်ရက်ရဲ့ အစွမ်းနဲ့ တစ်နှစ်ကို အမျိုးသမီးရာကျော်နဲ့ အိပ်စက်ခဲ့တယ် လို့ အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးက ၀န်ခံခဲ့ပါတယ်။


အဆိုပါ အမျိုးသားကတော့ Ben James ဖြစ်ပြီး သူဟာတစ်နှစ်ကို အမျိုးသမီး ၂၀၀ ကျော်နဲ့ အိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအမျိုးသမီးတွေကိုတော့ တွစ်တာ မှာ စကားပြောခဲ့တာ ဖြစ်ပါတယ်။
အပြောကြွယ်တဲ့ စာသားမက်ဆေ့ခ်ျတွေကို အမျိုးသမီးများထံ ပို့ခဲ့ပြီး တစ်နေ့ကို ရာကျော်တဲ့ ပြန်စာတွေ နဲ့ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ကိုယ်လုံးချွတ်ဓါတ်ပုံတွေပါ ကောင်မလေးတွေဆီက ပြန်ရခဲ့ပါတယ်။
သူနဲ့ အတူအိပ်ဖို့ တောင်းဆိုကြတဲ့ ကောင်မလေး နစ်ယောက် သုံးယောက် ရှိပြီး သူ့မှာလည်း တွစ်တာ ရည်းစား တစ်ပြိုင်တည်းမှာ လေးငါးယောက် ရှိတယ်လို့ ပြောပါတယ်။ လန်ဒန်တောင်ပိုင်း Croydon မှာနေထိုင်တဲ့ Ben ဟာ တွစ်တာမှာ ကျော်ကြားသူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကြောင့် ရေပန်းစားသူ တစ်ဦးလို့ ပြောနိုင်ပါတယ်။

အခုနောက်ပိုင်း စာမရေးဖြစ်တော့တာ ကြာပါပြီဆိုတဲ့ သရုပ်ဆောင် မိုးယံဇွန်

အနုပညာလမ်းကြောင်းပေါ်မှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အပြင် စာရေးဆရာ တစ်ယောက်အဖြစ်လည်း စာတွေရေးသားလာခဲ့တဲ့ သရုပ်ဆောင်မိုးယံဇွန်ကို လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်း မေးမြန်းဖြစ်ခဲ့တာကတော့ ကျွန်တော်အခု SkyNet ရဲ့ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ဓမ္မဝိလာသကို ရိုက်နေပါတယ်။ အဲဒီ့ထဲမှာ ကျွန်တော် လှန်ရေးသမားအနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ပြီး NGO အဖွဲ့အစည်းရဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ သနပ်ခါးဆိုတဲ့ ဇာတ်ကိုရိုက်နေပါတယ်။ ဗီဒီယိုဇာတ်ကားအနေနဲ့ ကျွန်တော်သရဲကား တစ်ကားရိုက်ထားပါတယ်။ ကျွန်တော် အရင်က စာရေးနေကျဖြစ်ပေမယ့် အခုနောက်ပိုင်း ကျွန်တော်စာမရေးတော့တာ ကြာပါပြီ။ နားထားပါတယ် လို့ဆိုပါတယ်။

စန္ဒီ  /Trend Myanmar

အတာသင်္ကြန်အစီအစဉ်များနဲ့ နန်းဆုရတီစိုး

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ မြန်မာလူမျိုးတွေရဲ့ရိုးရာသင်္ကြန်ပွဲတော်အချိန်အခါကို ရောက်ရှိလို့လာပါတော့မယ်။ဒီလို နှစ်သစ်ကူးအချိန်အခါရောက်တိုင်း ရင်ခုန်ကြည်နူးရကြောင်းကို နန်းဆုရတီစိုးက..” မြန်မာလူမျိုးတွေအားလုံးရဲ့အပျော်ရွှင်ရဆုံးရိုးရာပွဲလည်းဖြစ်တယ်။ ပရိသတ်တွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်၊ ရင်း ရင်းနှီးနှီး နဲ့ တွေ့ ဆုံဆင်နွှဲရတယ်။ နှစ်သစ်ကူးကြတယ်။ အနုပညာရှင်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ သင်္ကြန်ရောက်တိုင်း ပရိသတ်တွေကို ဖျော်ဖြေဖြစ်တယ်။ သင်္ကြန်ရောက် ခါနီး ဆိုရင် လည်း ရင်ခုန်ပြီးပျော်ရွှင်ရတယ်” လို့ ပြောပါတယ်။
နှစ်တိုင်းနှစ်တိုင်း သင်္ကြန်မှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ရတာကြောင့် အမှတ်တရတွေများစွာရှိခဲ့ပြီး အမှတ်တရများစွာထဲကမှ မှတ်မှတ်ရရ သင်္ကြန်အချိန်အခါဆို ရင်ေ တာ့ ငယ်စဉ်က မိသားစုတွေနဲ့အတူကားနဲ့ ရေပက်ခံထွက်လည်တာကတော့ အပျော်ရွှင်ရဆုံးပဲဖြစ်ကြောင်း နန်းဆုရတီစိုးကပြောပါတယ်။ သင်္ကြန်ကာလမှာ ပရိ သတ်တွေ အန္တရာယ်ကင်းစွာ ပျော်ရွှင်စေချင်ကြောင်းကို နန်းဆုရတီစိုးက…
” နှစ်သစ်ကူးပြောင်းတဲ့အတာ သင်္ကြန်မှာအားလုံးက နှစ်သစ်ကိုရောက်တဲ့အတွက် တအားပျော်နေမှာပါ။

သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ ခံစားချက်

ရွှေမှုံရတီက ဆယ်တန်းစာမေးပွဲအတွက် ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားခဲ့ပြီး စာမေးပွဲဖြေပြီးနောက် မှာတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပါတယ်။ ပညာရေး ဘက် ကို အာရုံစိုက်ပြီး လုပ်ခဲ့ပြီး အနု ပညာဘက်ကို အခုချိန်မှာ ပိုအာရုံ စိုက်လုပ်နိုင်ပြီလို့လည်း ပြောပြတဲ့ ရွှေမှုံရတီက ” ဒီကားက ရွှေမှုံဆယ်တန်း စာမေး ပွဲဖြေပြီး ပြန် ရိုက်တာဒုတိယ မြောက်ဇာတ်ကားပါ။ ရွှေတံခါးဆိုတဲ့ကောင်မလေးတစ်ယောက်၊ တံခါးဆိုတဲ့ အတိုင်းနောက်ကွယ်မှာ ဘယ်လိုတွေရှိမလဲဆိုတာပေါ့။
ပဟေဠိဝှက်တတ်တဲ့သူတစ်ယောက်၊အခု စာမေးပွဲ ပြီးပြီဆိုတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ ရှိတယ်။ ပညာရေးဘက်ကို အရင်လုပ် နေရတယ်။ အခုဒီအနုပညာ ဘက်ကို ပိုပြီး အာရုံစိုက်လုပ်နိုင်တာပေါ့နော်။ သင်္ကြန်ပြီးရင် အန်ကယ်လေးနဲ့ အောင်ပန်းမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်မယ်။ ဇာတ်ကိုသေသေချာချာ မသိသေးဘူး။ နယ်တွေလည်းသွားဖို့ရှိတယ်။ ပြင်ဦးလွင်မှာ ၁လလောက်

သင်္ကြန်ကို သူတို့တွေ ဘယ်လိုဖြတ်သန်းကြမလဲ

တစ်နှစ်တစ်ခါ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသာမက နိုင်ငံခြားသားများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါ တယ်။ မြန်မာ့ရိုးရာ သင်္ကြန် ဟာ ရိုးရာအစဉ်အလာဓလေ့တစ်ခုဖြစ်ပြီး သားစဉ်မြေးဆက်လက် ဆင့်ကမ်းထိန်းသိမ်းခဲ့တဲ့ ရိုးရာအမွေလည်း ဖြစ်ပါ တယ်။  မြန်မာပြည်သူ၊ ပြည်သားများဟာ အတာ သင်္ကြန်မှာ နှစ်ဟောင်းက စိတ်အညစ်အကြေးများကို အတာရေနဲ့ ဆေးကြောသန့်စင် ပြီးနှစ်သစ်မှာ ကောင်းမှုကုသိုလ်များနဲ့ ဖြတ် သန်းကြပါတယ်။  အဲဒီလိုပဲ ပြည် သူချစ် အနုပညာရှင်များကလည်း မြန်မာရိုးရာ အတာသင်္ကြန်ပွဲမှာ  ကောင်းမှုကုသိုလ်များနဲ့ ဖြတ်သန်းသူများရှိသလို ပရိသတ်များကို အနု ပညာ နဲ့ ဖျော်ဖြေပြီး ဖြတ် သန်း သူများ လည်းရှိ ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ အနုပညာရှင်တွေဟာ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ဘယ်လိုဖြတ်သန်းကြမယ်ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

သင်္ကြန်မှာ ပြည်ပခရီးသွားကြမည့် အနုပညာရှင်များ

လာမည့်သင်္ကြန်မှာ မြန်မာနိုင်ငံမှာမရှိဘဲ ပြည်ပခရီးရောက်ရှိနေမယ့် အနုပညာရှင်များရဲ့စကားများကို စုစည်းဖော်ပြလိုက်ပါတယ်။
ခင်ဇာခြည်ကျော်
” သင်္ကြန်ရက် မှာ အစ်မလန်ဒန်ကိုသွားမှာပါ။ လန်ဒန်မှာရှိတဲ့ ဘုန်းကြီးကျောင်းကနေ မြန်မာ့သင်္ကြန်ပွဲလေး လုပ်မှာပါ။ အဲဒီပွဲ အတွက်သွားတာပါ။ အဲဒီမှာ သွားပြီး ဖျော်ဖြေ ရင်းနဲ့ လည်ပတ်ကြမှာပါ”
သင်ဇာဝင့်ကျော်
” သင်ဇာဂျပန်ကို ခရီးသွား ဖြစ်မယ်။ ၁၁ရက်နေ့ကတည်းကသွားမှာပါ။ ခရီး သွားဖြစ်တာက ဒီနှစ်အဖေနဲ့ အမေက ဂျပန်ကိုလည်းသွားချင်တယ်ဆိုတော့ လိုက်ပို့တဲ့ အနေနဲ့လည်းသွားဖြစ်တာပါ။ ရန်ကုန်မှာရှိနေ ရင် ဒီသင်္ကြန်နှစ်တိုင်းဆင်နွှဲလို့ရတယ်။ အဲဒါ ကြောင့် သွားဖြစ်တာပါ။ နောက်ဒီနှစ်က ခရီး သွားမှာမို့လို့လား မသိဘူး။ သိပ်ဖီ လင်မရှိဘူး။ ရာသီဥတုကလည်း တအားပူတယ်။ အရင်နှစ်တွေထက် ပိုဆိုးတယ်လေ။

အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး တံတားအောက်ထိုးကျပြီး ဆိုးရွားစွာပျက်စီး

နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအတွင်း ရန်ကုန်-မန္တလေးကားလမ်း ဟောင်းပေါ်၌ ယနေ့ညနေ၄ နာရီ ၁၀ မိနစ်ခန့်က ၁၂ ဘီးအပြာရောင် ကုန်တင်ယာဉ်တစ်စီးအရှိန်လွန်ပြီး တံတား တစ်စင်းအောက်ထိုးကျကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (ယာပုံ)ဖြစ်စဉ်မှာ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့ရပ်ကွက် (၁၀)နေ ယာဉ်မောင်း ကျော်ကြီး(ခ)ကျော်စိုးဝင်း (၄၇နှစ်) မောင်းနှင် လာသည့် Nissan Diesel အပြာရောင် ၁၂ဘီး၉ခ/----ကုန်တင်ယာဉ်သည် လောင်စာဆီပီပါခွံများ တင်ဆောင်ပြီးရန်ကုန်-မန္တလေးကားလမ်းမဟောင်းအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင် လာစဉ်မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ခရီးသည်တင်အဝေးပြေးမှန်
လုံယာဉ်တစ်စီးကို တိမ်းရှောင်လိုက်ရာမှ အရှိန်လွန်ဘီးချော်မှုဖြစ်ပြီး သပြေချောင်းကျေးရွာအတွင်းရှိ တံတားအမှတ်(၇/၂၇၀)တံတားပေါ်မှအောက်သို့ထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

မိုးကြိုးပစ်၍ လူတဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

လွိုင်ကော်မြို့  နွားလ၀ိုး အုပ်စု ပဒါးညေးကျေးရွာမှာ မနေ့ ကနေ့ လည် (၄၊၄၊၂၀၁၄ ရက်စွဲဖြင့်) ၁၂နာရီ မိနစ် ၂၀ တွင် မိုးကြိုးပစ်၍ လူတဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရ ကြောင်းသတင်းရရှိသည်။

၎င်း ၆ဦးမှာ မိမိတို့ အလုပ်လုပ်နေသည့်တောင်ယာ လုပ်ငန်းခွင် အတွင်းရှိနေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။

မိုးကြိုးပစ်ခံရသူ ၆ ဦးအနက် အသက် ၂၀ အရွယ်ရှိ ခွန်တီးကျားမှာ ပွဲခြင်းပြီးသေဆုံးသွားပြီး နန်းခင်စိမ်းမှာ ထိခိုက်မှုပြင်းထန်၍ ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေကြောင်း နှင့်ကျန်သူများမှာ မိုးကြိုးဒဏ်ကြောင်းမူးဝေနေခဲ့ကြောင်းသိရသည်။

DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ DVB သတင်းထုတ်ပြန်ကြေညာချက်

မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်နေ့တွင် မကွေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၁) နှစ်ချမှတ်ခဲ့သည်။

သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)သည် အများပြည်သူသိလိုသော ပညာသင်ဆု ဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာနမှတဆင့် ရယူခဲ့ခြင်းမှာ သတင်းထောက် တယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဒီဗွီဘီ သတင်းဌာနက ယုံကြည်ပါသည်။

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ အများပြည်သူကို ရှယ်ယာ ထုတ်ရောင်း


မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှု အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီဟာ နဂိုက ရုပ်ရှင်လောက သားတွေကိုပဲ ရောင်းချပေးခဲ့တဲ့ အစုရှယ်ယာတွေကို ဧပြီ ၁ ရက်နေ့က စပြီး အများပြည်သူကို ထုတ်ရောင်းပေးနေပြီးလို့ ရုံးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

Film Associationပြီးခဲ့တဲ့ မတ်လဆန်းက အများပိုင်ကုမ္ပဏီဟာ ရုပ်ရှင်လောကသားတွေကို ၁ စု ကျပ် ၁ သောင်းတန် အစုပေါင်း ၁ သိန်းခွဲ ရောင်းချခဲ့ရာမှာ အများစု ရောင်းချပြီးခဲ့ပြီလို့ သိရပါတယ်။

အခု လက်ကျန် အစုရှယ်ယာ ၅ ထောင်ကျော် အများပြည်သူတွေကို ရောင်းချပေးတာ ဖြစ်ပြီး ရောင်းကုန်တယ်ဆိုရင် နောက်ထပ် အစုရှယ်ယာ

သမီးကလေးရွာသားများကို တပ်ထဲသို့ သွင်းမည်မဟုတ်ဟု ဒီကေဘီအေ ဆို

သမီးကလေးရွာသားများကို ဒီကေဘီအေ စစ်တပ်တွင်းသို့ ထည့်သွင်းမည်မဟုတ်ဟု အဆိုပါဒုက္ခသည်များ ကို တာဝန်ယူခေါ် ဆောင်သွားသူ ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဧပြီလ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာ၊ အင်မတီးကျေးရွာနှင့် ဒေါ် ကာလီကျေးရွာမှ အိမ် ထောင်စု ၈၀၊ လူဦး ရေ ၃၀၀ ခန့်သည် ဒီကေဘီအေ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်ခတ်ရွာသို့ ရောက်ရှိပြီး ထိုကျေးရွာတွင် နေအိမ်များ ဆောက်ပေးမည်ဟု ဗိုလ်ကြီးစောဆန်းအောင်က ပြောသည်။

“သူတို့ကို ဒုက္ခတွင်းထဲခေါ်လာတာ မဟုတ်ဘူး။ ဒီကေဘီအေတပ်ထဲကိုမသွင်းဘူး။ သူတို့ဝင်ချင်တယ်ဆို ရင်တောင် သွင်းမှာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ကဆိုသည်။

လှည်းကူးတွင် ပုဒ်မ-၁၈၈ ဆက်လက်ထုတ်ပြန်ထားပြီးပြစ်မှုကျူးလွန်သူ သုံးဦးကို အင်းစိန်ထောင်သို့ပို့

လှည်းကူးမြို့နယ်တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့် အခြေအနေ တည်ငြိမ်သည်အထိ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ပြီး လူစု လူဝေး သွားလာခွင့်မပြုသည့် (ပုဒ်မ-၁၈၈) ကို ထုတ်ပြန်ထားမည်ဖြစ်ကြောင်း လှည်း ကူးမြို့မရဲစခန်းမှ ရဲမှူးခင်မြင့်က ပြောသည်။
ဧပြီ ၄ ရက် ညနေ ၃ နာရီခန့် တွင် လှည်းကူးမြို့နယ် မြို့မဈေးအနီး ဗံဒါ လမ်းတွင် မိုးကာဖျင်ချုပ်သည့် အစ္စလာမ် ဘာသာဝင်နှစ်ဦးနှင့် နာရီအပိုပစ္စည်းရောင်း ဝယ်ရေးမှ ကိုသက်ပိုင်ဦးတို့ ခိုက်ရန်ဖြစ်ပွား ခဲ့ရာမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ကတ် ကြေးနှင့် ထိုးခဲ့သည့်အတွက် ကိုသက်ပိုင်ဦး မှာ မျက်ခွံပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည့်အ တွက် မကျေနပ်ကြသည့်လူများက အဆိုပါ မိုးကာဖျင်ဆိုင်ကို ခဲဖြင့်ထုကာ ဆူပူခဲ့ကြ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်း ကာ ပုဒ်မ-၁၈၈ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လှည်းကူးပဋိပက္ခ ပါဝင်သူများ ဖမ်းဆီးရန် ကျန်နေသေး

ဧပြီ ၄ ရက် ညနေပိုင်းက လှည်းကူးမြို့တွင် ရန်ပွဲတစ်ခုမှစတင်ခဲ့သည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ ကို ဖမ်းဆီးရန် ကျန်နေသေးသည်ဟု မြို့နယ်ရဲမှူး ခင်မြင့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

သို့သော် ဖမ်းမိထားသူအရေအတွက်နှင့် ဖမ်းဆီးရန်ကျန်သည့် အရေအတွက်ကိုမူ ၎င်းကထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။

“ညီလေးတို့ သတင်းဖော်ပြလိုက်လို့ရှိရင် မမိတော့မှာစိုးလို့ပါ။ ပြောလို့မရပါဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အားနာပါတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၄ ရက် ညနေက လှည်းကူးမြို့မဈေး အရှေ့ဘက်ရှိ အမိုးအကာကူရှင် ဆိုင်ပိုင်ရှင် ဦးကိုကို၏သား ရန်နိုင် (ခ) ရန်အောင်ကိုကို(ခ) အစ္စမန် အပါအ၀င် သုံးဦးနှင့် “ချစ်မိတ်ဆွေ”နာရီနှင့် အပိုပစ္စည်း ရောင်း ၀ယ်ရေးဆိုင်မှ သက်ပိုင်ဦးတို့ ခိုက် ရန်ဖြစ်ပွားရာမှ သုံးဦးက တုတ်ဖြင့်ရိုက်၊ ချွန်ထက်သောအရာဖြင့်

ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့် နိုင်ငံရေး အကျပ်အတည်း ကျော်လွှားရန် သြဇာကြီး မား သူများ တွေ့ဆုံ ဆွေးနွေးရန်လိုဟု သူရ ဦးရွှေမန်းပြော ကြား

                                                                                ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း

 ရန်ကုန်၊ ဧပြီ ၆- ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် မြန်မာ နိုင်ငံ တွင် ကြုံတွေ့ရလာ ဖွယ်ရှိသည့်နိုင် ငံရေး အကျပ်အတည်းများကိုကျော် လွှားနိုင်ရန် အတွက် မြန်မာနိုင်ငံ အ တွင်း သြဇာတိက္ကမကြီးမားသူများအ ကြား တွေ့ဆုံဆွေးနွေး မှု ပြုလုပ်နိုင် ရန် အရေးကြီးကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဧပြီ ၆ရက် နံနက်ပိုင်းက ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦး ရွှေမန်းနှင့် ဒီမို ကရေစီတူဒေးတို့၏ သီးသန့်တွေ့ဆုံမေးမြန်း မှုတွင် အခြေ ခံဥပဒေပုဒ်မ ၅၉(စ) ပြင် ဆင်ရေးနှင့် ပတ်သက် ပြီးမေးမြန်း မှု အ ပေါ်ပြန် လည်ဖြေ ကြားရာတွင် ယင်းကဲ့ သို့ ပြောကြား လိုက်ခြင်းဖြစ် သည်။

အင်န်အယ်လ်ဒီနာယက ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ကောင်းမွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ဧပြီလ ၆ ရက် ည ၇ နာရီ ကျော်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဦးဝင်းတင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “တော်တော်လေး ကောင်းလာပါပြီ။ တဖြည်းဖြည်း တိုးတက်လာပါတယ်။ အရင်ကထက်စာရင် တိုးတက်လာတယ် ပြောရ မယ်။ ဒီလိုရောဂါမျိုးတွေကတော့ တစ်မုဟုတ်ချင်း ပျောက်သွားတာတော့ မရှိပါဘူး။ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်လာတယ်”ဟု ဆိုသည်။

ဒီလှိုင်းဂျာနယ် အမှုဆောင်အယ်ဒီတာ မုံရွာအောင်ရှင်ကလည်း “တော်တော်ကောင်းသွားပါပြီ။ အခြေအနေ တိုးတက်လာပါတယ်”ဟုဆိုသည်။

အပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ နောက်တစ်ရက် ထပ်တိုး

တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ အတွက် မနက်ဖြန်တစ်ရက် ထပ်တိုးလိုက်ကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြား လိုက်ကြ ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကစပြီးကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဒုတိယနေ့အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြုတဲ့ NCCT အဖွဲ့ကိုယ်စားလှယ် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောကွယ်ထူးဝင်းက အခုလို ရှင်းပြခဲ့ပါတယ်။

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ မပြီးပြတ်သေး

                                                                                           အပစ်ရပ် ဆွေးနွေးပွဲ

 တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ စုစည်းထားတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ ရဲ့ ရန်ကုန်မြို့ ဆွေးနွေးပွဲကို ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ၊ ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ပြုလုပ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရဲ့ အခန်း (၇)ခန်းထဲက အခန်း (၁)မှာ ပါရှိတဲ့အခြေခံ မူနဲ့ ပတ်သက်ပြီး၊ အချက်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။ ဘာတွေ အဓိကဆွေးနွေး ဖြစ်သလဲ ဆိုတာကိုတော့ (၂)ဘက်စလုံးက တိတိကျကျ ထုတ်ပြန်တာ မရှိပါဘူး။

ဒါပေမယ့် အပစ်ရပ်ရေး မူကြမ်း ထွက်လာဖို့ မှာ အဓိက အကျဆုံး အခြေခံမူ အချက်အလက်တွေ ကို ညှိနှိုင်း ဆောင်ရွက်မှုတွေ မပြီးပြတ်သေးလို့ NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ပဒို စောကွယ်ထူးဝင်း ပြောပါတယ်။

မြစ်ကြီးနားခရိုင် တိုက်ပွဲများကြောင့် လမ်းကြောင်းတချို့ပိတ်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပယင်းမှော်ရွာတွေဖက်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် တနိုင်းမြို့ဖက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံတွေဟာ များပြားလာသလို ပယင်းမှော်ကျေးရွာတွေဖက်ကိုသွားလာတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဒီနေ့ကစပြီး တနိုင်းမြို့ကနေ ပယင်းမှော်ရွာတွေဆီ သွားမယ့်သူအားလုံးကို အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးက သွားခွင့်မပေးဘူးလို့ တနိုင်းမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

"ဒီကနေ ကုန်ပစ္စည်းတွေ သယ်လို့မရတော့ဘူး၊ ပယင်းမှော်တက်မယ့်လူတွေ ကုန်ပစ္စည်းနဲ့သွားမယ့်ဟာတွေ လက်မခံတော့တာပေါ့၊ ဟိုဘက်ရော ဒီဘက်ရော နှစ်ဖက်စလုံးက ဆင်းခိုင်းတယ်ဗျာ၊ ကုန်သည်တွေရော အလုပ်သမားတွေရော လောပန်းတွေရော
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB