Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဓမ္မတေး

No Title Singer Listen/Download Size
1 မြတ်ဂုဏ်တော်သခင် သန်းမြတ်စိုး Click Here !! 2.00 MB
2 အရပ်ဆယ်မျက်နှာ မေတ္တာပို့နည်း စိုးစန္ဒာထွန်း Click Here !! 2.00 MB
3 အန္တရာယ်ကင်း စိုးစန္ဒာထွန်း Click Here !! 2.00 MB
4 အောင်နိမိတ် စိုးစန္ဒာထွန်း Click Here !! 2.00 MB
5 အောင်စေပိုင်စေ စိုးစန္ဒာထွန်း Click Here !! 2.00 MB
6 ဗုဒ္ဓပူဇနိယ ချမ်းချမ်း Click Here !! 2.00 MB
7 သံဗုဒ္ဓေ စိုးစန္ဒာထွန်း Click Here !! 2.00 MB
8 မေတ္တာဂုဏ် စိုးစန္ဒာထွန်း Click Here !! 2.00 MB
9 အောင်စေပိုင်စေ စိုးစန္ဒာထွန်း Click Here !! 2.00 MB
10 မေတ္တာသုတ်တော်လာမေတ္တာပွါးနည်း စိုးစန္ဒာထွန်း Click Here !! 2.00 MB

Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်


မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..
အရင်ဆုံး ကျနော့်ဘလော့ ပေါ်က နာရီပုံပေါ်မှာ မောက်စ်မျှားလေးတင်လိုက်ပါ..။ အောက်ကပုံအတိုင်း  ClockLink နဲ့ လက်ပုံလေးပေါ်လာရင် နှိပ်ပြီး ဝင်သွားလိုက်ပါ..

Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်


ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေ အစမ်းထည့်ပြထားပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။ ကျန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က CBox မှာအစ်ကိုတစ်ယောက်တောင်းထားလို့ လိုက်ရှာရင်းနဲ့ နောက်ထပ်လိုချင်တဲ့သူများလည်း သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်..။ အစောပိုင်း ရက်တွေကတည်းက တင်ပေးဖို့ပါပဲ.. သူ့ရဲ့ စီရီရယ်ကီးကို လိုက်ရှာရင်းနဲ့ ကြာသွားပါတယ်..။ ဒီနေ့တော့ သူ့ကီးလေး အမှန်ရသွားပါပြီ..။ ဒါကြောင့် ကီးထည့်ပုံလေးကိုလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါဗျာ..

ကန်ကို ပျံသန်း မယ့် လေယာဉ်တွေ ဖောက်ခွဲဖို့ ခြိမ်းခြောက်မှု ထွက်ပေါ်

အမေရိကန် ပြည်ထောင်စုကို ပျံသန်းလာတဲ့ နိုင်ငံတကာလေယာဉ်တွေ မှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖိနပ်ထဲမှာထည့်ပြီး တိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနိုင်တဲ့အကြောင့် အမေရိကန် အစိုးရက လေကြောင်းလိုင်းတွေ ကို သတိပေးလိုက်ပါတယ်။ အကြမ်းဖက်သမား တွေဟာ ပေါက်ကွဲ ပစ္စည်းတွေကို ရှူးဖိနပ်ထဲမှာ သယ်ဆောင်ပြီး ဂျက်လေယာဉ်တွေကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ခိုင်မာတယ်လို့ ယူဆရတဲ့ မကြာသေးခင်က ထောက်လှမ်းရေး သတင်းတွေ ကို အခြေခံပြီး ခုလို့ သတိပေးချက်ကို အမိမြေလုံခြုံရေး ဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အခုလို ခရီးသည်တင် ဂျက်လေယာဉ်တွေမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ခိုးဝှက်သယ်ဆောင်ပြီး တိုက်ခိုက်နိုင်တယ် ဆိုတဲ့ သတိပေးချက်ကို အစိုးရဘက်က သတိပေးချက်ထုတ်ပြန်တာဟာ သုံးလအတွင်း ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ ဖိနပ်၊ အရည်ပစ္စည်းတချို့နဲ့ မိတ်ကပ်ပစ္စည်းတွေကို သတိထားဖို့ အမိမြေလုံခြုံရေးဌာနက လေကြောင်းလိုင်းတွေကို သတိပေးချက် ထုတ်ပြန်ထားတဲ့အကြောင်းလည်း အမေရိကန် ထောက်လှန်းရေးသတင်းတွေက ဆိုပါတယ်။

ခိုင်မာတဲ့ခံယူချက်နဲ့ မင်္ဂလာပွဲနွှဲပြီး ရွှေလက်တွဲတော့မယ့် လိင်တူချစ်သူစုံတွဲ

                                              ကိုတင်ကိုကို(ရှေ့)နဲ့ ကိုမျိုးမင်းထက်(နောက်)တို့ကို နေအိမ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရစဉ်။
ဘူးသီး/မြန်မာတိုင်း(မ်) ညနေခင်းရုံးဆင်းလို့ သူတို့ရဲ့ထရံကာ၊ သွပ်မိုး ပျဉ်ထောင်အိမ်လေးကို အရင်ဆုံး ပြန်ရောက်တဲ့
သူက မီးဖိုချောင်မှာ ထမင်းဟင်းချက်တဲ့တာဝန်ကို ယူရပါတယ်။
နှစ်ယောက်စလုံး ရုံးမှာ သိပ်ကို ပင်ပန်းလာပြီဆိုရင်တော့ ချက်ပြုတ်မနေတော့ဘဲ နီးရာဆိုင်မှာပဲ
ပြေးပြီး ညစာစားကြပါတယ်။
ဒါဟာ လိင်တူချင်း သံယောဇဉ်ဖြစ်မိကြပြီး သာမန်စုံတွဲတွေလိုပဲ နှစ်ယောက်တစ်ဘ၀ ထူထောင်
ထားကြတဲ့ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ စုံတွဲရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဖြတ်သန်းမှုပုံစံပဲ
ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၁၀ နှစ်ကြာ အတူတူနေထိုင်ခဲ့ကြရင်း နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု
ခိုင်မာလာတာနဲ့အမျှ ထာဝရ လက်တွဲသွားကြမယ်ဆိုတဲ့ သင်္ကေတအနေနဲ့ မင်္ဂလာပွဲကို လာမယ့်
မတ်လထဲမှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို ဖိတ်ကြားပြီး ကျင်းပသွားမှာ
ဖြစ်ပါတယ်။

Funny Thai Commercial 2012

Funny Thai Ad

Funny Thai Commercial

တရုတ် လုပ်ငန်းရှင်ကို ဂိုဏ်းဖွဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်

တရုတ်နိုင်ငံမှာ မာဖီးယား စတိုင် ပြစ်မှု ကျူးလွန်တယ်လို့ သတင်း မီဒီယာတွေက ဖော်ပြခဲ့တဲ့ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ကို အစိုးရ ရှေ့နေတွေက စွဲချက်တင်လိုက်ပါတယ်။

လူသတ်မှု၊ တရားမဝင် ဖမ်းဆီးမှု၊ လက်နက် တရားမဝင် ရောင်းဝယ်မှု အပါအဝင် ပြစ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွဲချက်တွေနဲ့ Hanlong မိုင်းကုမ္ပဏီ ဥက္ကဋ္ဌဌ လျူဟန်ကို လူသတ်မှု ၃ ခု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သူ့ရဲ့ ညီအစ်ကို တော်စပ်သူနဲ့ အတူ မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက သူတို့အတွက် အကာအကွယ် ရအောင်၊ သြဇာ ကျယ်ပြန့်အောင် ဂိုဏ်းဖွဲ့ပြီး ပြည်နယ် အရာရှိတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ သူတို့ နှစ်ယောက်ကို စွဲဆိုထားတာ ဖြစ်ပါတယ်။

  By ဘီဘီစီ (မြန်မာပိုင်း)

World War Z


ရုပ်ရှင်ကြည့်ရန်

Bounty Killer (2013) Action

ရုပ်ရှင်ကြည့်ရန်

ငြိတွယ် | နေတိုး မင်းသွေး အိချောပို သွန်းဆက်


ရုပ်ရှင်ကြည့်ရန်

★★ Soft Organizer 3.32 PreActivated ★★

မိမိကွန်ပြူတာမှာမလိုအပ်တဲ့ဖိုင်တွေကိုစက်ထဲကနေအပြီးအပိုင်ထုတ်ပေးတဲ့ Full Uninstall ဆော့စ်ဝဲလေး
ပါ။ဖိုင်တွေကိုထုတ်ပေးတဲ့အပြင်စက်ကိုလည်းပေါ့ပါးအောင်ပြန်လည်ရှင်းလင်းပေးပါတယ်။ကျွန်တော်တို့တွေ
ကွန်ပြူတာမှာမိမိမသိတဲ့မလိုအပ်တဲ့ဆော့စ်ဝဲတွေကိုထုတ်တဲ့အခါ Programs and Features ကိုသွားပြီး
ထုတ်ရပါတယ်။အခုဒီကောင်လေးကတော့သူ့ကိုဖွင့်ပြီးမိမိမလိုအပ်တဲ့ဆော့စ်ကိုနှိပ်ပြီးတာနဲ့ uninstall button လေးကိုနှိပ်လိုက်တာနဲ့အဆင်ပြေသွားပါမယ်။ပြီးတာနဲ့စက်ကိုတစ်ခါတည်းပြန်ရှင်းလင်းပေးပါတယ်
Full Version အတွက်ပူစာမလိုပါ Activated လေးပါပဲခင်ဗျာ။ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။

ပိုတိုရှော့အတွက်အသင့်လုပ်ပြီးယောကျာင်္းလေးပုံ (20.3MB)

                  
                                       မင်္ဂလာပါခင်ဗျာ သူငယ်ချင်းများအတွက်                 
        ပိုတိုရှော့ပုံယောင်္ကျားလေးပုံအသင့်လုပ်ပြီးသားပုံလေးကိုပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျ  
                      ကွန်ပျူတာအတွက်ပါ ဖုန်းနဲ့ရသေးဘူးနော်ဘော်ဘော်တို့ :P  
       ပိုတိုအတွက်အသင့်လုပ်ပြီးသား ယောင်္ကျားလေးပုံများကိုလိုချင်တယ်ဆိုရင်တော့
   အောက်မှာအောက်လုပ်နျစ်ခုပေးထားပါတယ်သူငယ်ချင်းတို့ကြိုက်ရာကဒေါင်းယူသွားနိုင်ပါတယ်
      အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော်
     


ဓါတ်ပုံတွေကိုပေါင်းပြီး Frame ထဲမှာအလှဆင်နိုင်တဲ့ -Pic Frame Effect (2.5.6) Full APK

                               Cover art
အခုတင်တဲ့ Application လေးကတော့ ညီမတွေအမတွေပိုပြီး သဘောကျမယ်လို့ထင်ပါတယ်ဗျာ။ မိမိရဲ့ ဓါတ်ပုံတွေကို စုပြီး Frame အလန်းလေးတွေထဲ ထည့်နိုင်တဲ့ Application ဖြစ်ပါတယ်ဗျာ။ အခုခေတ်က Facebook ခေတ်ဆိုတော့ မိမိရဲ့ပုံတွေကို သူများတွေနဲ့မတူအောင်အလှဆင်ပြီး တင်နိုင်တာပေါ့ဗျာ။ Frame လေးတွေကလည်းမိုက်ပါတယ်။ နမူနာအနေနဲ့အောင်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.1 နှင့်အထက် ဖုန်းများမှာအသုံြး့ပုနိုင်မှာဖြစ်ပါတယ်ဗျာ။

RUN YGN နာမည်နဲ့ စတူဒီယို ဖွင့်မယ့် ကျော်ထွဋ်ဆွေ

အိမ်မှာ စတူဒီယို အသေးစားလေး လုပ်ပြီး သီချင်း တစ်ပုဒ်လုံးကို ကိုယ်တိုင် Arrangement လုပ်လေ့ရှိတဲ့ ဟစ်ဟော့ပ် အဆိုတော် ကျော်ထွဋ်ဆွေက စတူဒီယို အကြီး စား လုပ်ဖို့ အစီအစဉ် ရှိကြောင်း ပြောပါတယ်။ သူ လုပ်ဖြစ်မယ့် စတူဒီယိုနဲ့ ပတ်သက်ပြီး ကျော်ထွဋ်ဆွေက “ကျွန်တော်စတူဒီ ယို လုပ်ချင်တာ။ နောက်နှစ်လောက် လုပ်ဖြစ်မှာပါ။ စတူဒီယို ကနေလုပ်ပြီး ထပ်မံ တိုးချဲ့ရင်းကနေ Entertainment ပိုင်း အထိ လုပ်ဖို့ ရည်ရွယ်ထားပါ တယ်။ နာမည် ကိုလည်း RUN YGN နာမည်နဲ့ပဲ လုပ်သွားမှာပါ” လို့ ပြောပါတယ်။ “ရပ်ကွက်ထဲက အရူး” အမ်တီဗီ ကိုလည်း မတ်လဆန်းလောက် ထွက်နိုင်တော့ မှာဖြစ်ကြောင်းလည်း ကျော်ထွဋ်ဆွေ က ပြောပါ တယ်။ Hello Music Thingyan အခွေထဲမှာ ကျော်ထွဋ်ဆွေ က စန္ဒီမြင့်လွင် နဲ့အတူ “လေထဲက မဏ္ဍပ်” သီချင်းကို ပါဝင် သီဆိုထားပါတယ်။ အဲဒီသီချင်းနဲ့ ပတ်သက် ပြီးတော့ ကျော်ထွဋ်ဆွေ က “သင်္ကြန်ခွေကြို ထွက်မှာပါ။

နန်းသူဇာ ပထမဆုံး ဆိုထားတဲ့ သင်္ကြန်သီချင်း

Hello Music Thingyan အခွေ မှာ နန်းသူဇာက အိမ့်ချစ်နဲ့ အတူ သင်္ကြန် သီချင်းတစ်ပုဒ် ပါဝင် သီဆိုထားပါတယ်။ သင်္ကြန်သီချင်း အနေနဲ့ ပထမဆုံး ဆိုဖြစ်တာ ပါလို့ ဆိုတဲ့ နန်းသူဇာရဲ့ သင်္ကြန်ဖီလင်က…
“ဒီအခွေလေးမှာ နန်းသူဇာက ရက်ပ်လို့ ပြောရမှာပေါ့။ အိမ့်ချစ်နဲ့ ပေါင်းပြီးတော့ ကိုယုန် လေးနဲ့ ကျော်ထွဋ်ဆွေ နဲ့ ရေးပေးထားတဲ့ သီချင်း လေးပါ။ အဲဒီမှာ ရက်ပ်ဆို ထားတာပေါ့။ သင်္ကြန် သီချင်းအနေနဲ့က နန်းသူဇာ ပထမဆုံး ဆိုဖြစ် တာပါ။ သင်္ကြန်မှာ ကျတော့ စာသားတွေက ဒီစာ သားတွေပဲ။ အဲဒါကိုမှ မရိုးအောင်  ပြန်လုပ်ရ တာပေါ့။ သင်္ကြန် သီချင်း ဆိုလိုက်တာနဲ့ သင်္ကြန် ပြန်ရောက်သွားသလို ခံ စားရပါတယ်”လို့ ပြောပါတယ်။ မကြာခင် အချိန် မှာလည်း မဟာသင်္ကြန် အချိန် အခါ ကျရောက် ဖို့ သိပ်မလိုတော့ တဲ့အတွက် နန်းသူဇာကို ဒီနှစ် သင်္ကြန် နဲ့ပတ်သက်ပြီး ဘာတွေ အစီအစဉ် ရှိမလဲ မေးကြည့်တဲ့အခါ..

ကျိုက်ခေါက် ဘုရားပွဲမှာ အခွေပရိုမိုးရှင်းအဖြစ် ပရိသတ်နဲ့ တွေ့ဆုံခဲ့တဲ့ ဆိုတေး

ဆိုတေးရဲ့ မင်္ဂလာပါ ဆိုတေး စီဒီထွက်ရှိခြင်း အခွေ ပရိုမိုးရှင်းပွဲကို ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေ ၆နာရီ က ကျိုက်ခေါက် စေတီတော်မြတ်ကြီး ၏ ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ကပြနေ တဲ့ ဖိုးချစ်ရဲ့ ဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါ တယ်။ မင်္ဂလာပါ ဆိုတေး စီဒီအခွေ တစ်ခွေကို ကျပ် ၂ဝဝဝ နှုန်းဖြင့် ရောင်းချခဲ့ပြီး လာရောက် ဝယ်ယူ အားပေးတဲ့ ပရိသတ်တွေ ကို ဆိုတေး က အမှတ်တရ လက်မှတ်ရေးထိုးပေး ခဲ့ပါတယ်။ ဆိုတေးနဲ့ ပတ်သက်ပြီး ဖိုးချစ်က “ဒီဘဝမှာ ကျွန်တော့် အနေ နဲ့ ဆိုတေး နဲ့ပြန်ပြီးတော့ စကားပြော ခွင့်ရလိမ့်မယ်၊ ကျွန်တော့် ဇာတ်ခုံပေါ် မှာ သီချင်းတွေ ပြန်ဆိုပေး လိမ့်ဦး မယ်လို့ အမှန်တိုင်းပြောရရင် တွေး တောင် မတွေးရဲခဲ့ဘူး။ ဒါပေမဲ့ သစ္စာ တရားပါပဲ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် သစ္စာဆိုခဲ့ တယ်။ သစ္စာ တရားကြောင့်ပဲ သူ အသက်ပြန်ရှင် လာတယ်လို့ပဲ ယုံကြည် ပါတယ်။

အချစ်ရေး စိတ်ချမ်းသာ နေတဲ့ စန္ဒီမြင့်လွင်

ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day က  ကျင်းပတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ စုလျား ရစ်ပတ် မင်္ဂလာပွဲမှာ စန္ဒီမြင့်လွင်က မင်္ဂလာ ပန်းကြဲ အဖြစ် ဆောင် ရွက်ပေးခဲ့ပါ တယ်။ ချစ်သူ များနေ့ ဖြတ်သန်း ခဲ့ပုံကို စန္ဒီမြင့်လွင်က “ချစ်သူများနေ့မှာ ချစ်သူ အတွက် အချိန် မပေးလိုက်ရဘူး။ ဒီနေ့ ဝိုင်းစု မင်္ဂလာပွဲရှိတယ်။ ရှိုးပွဲ ရှိတယ်။ သူငယ်ချင်းတွေ မင်္ဂလာဆောင် ရှိတယ်။ ချစ်သူများနေ့မှ ချစ်သူ နဲ့တွေ့ရမှာ မဟုတ်ပါဘူး။ တခြား ရက်တွေလည်း တွေ့ရမှာပဲလေ။ အလုပ်ကိုပဲ ဦးစားပေးရ မှာပဲ။ ဝိုင်းစုကလည်း ဟိုး ငယ်ငယ် ကတည်းက သူငယ် ချင်းတွေ ဆိုတော့ ကူညီရမှာပေါ့” လို့ ပြောပါတယ်။
လတ်တလော အချစ်ရေးက စိတ်ချမ်းသာနေတယ် ဆိုတဲ့ စန္ဒီမြင့်လွင်က “အခု လက်ရှိ အချစ်ရေးကို ကျေနပ်ပါ တယ်။ စိတ် ချမ်းသာပါတယ်” လို့ ပြောပါတယ်။ စန္ဒီမြင့်လွင် ရဲ့ တတိယတစ်ကိုယ်တော် အခွေ ဖြစ်တဲ့ “ကလီယိုပက်ထရာ” တေးစီးရီးကို မေဒေးနေ့မှာ ထွက်နိုင်အောင် ကြိုးစားနေ ကြောင်းနဲ့ အနုပညာ လှုပ်ရှားမှု နဲ့ ပတ် သက်ပြီး စန္ဒီမြင့်လွင်က “တခြား သီချင်း တွေအားလုံး ရယ်ဒီဖြစ်ပြီ။ ကလီယို ပက်ထရာ သီချင်းတစ်ပုဒ်ပဲ ဆိုဖို့ ကျန် တော့တယ်။

မင်းသား ၉ ယောက်နဲ့ ဇာတ်ကား ရိုက်မယ့် ဒါရိုက်တာ ကျော်ဇော လင်း (အတွေးပုံရိပ်)

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က ပြေတီဦး ပညာ ရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှာ “ပဒိုင်းသီးWedding” ဆိုတဲ့ပြဇာတ် ကို ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်) နဲ့ စီစဉ် တင်ဆက်မှာဖြစ် ပါတယ်။ ပြဇာတ်အတွက် ပြင်ဆင် ရတာ ရင်ခုန်သလွျှိုနိငညါ အကြောင်း ပြဇာတ်လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးလည်း “ခါတိုင်းပြ ဇာတ် ပုံစံတွေ နဲ့ မတူဘဲ အသစ် တစ် ခုဖြစ်တာပေါ့။ ရယ်ရပေမယ့် ပလော့ တွေကိုလည်း ထပ်ပြီးဖြည့် ရမှာပေါ့။ ဒီ “ပဒိုင်းသီး Wedding” ဆိုပြီး Wedding အကြောင်း လုပ်ဖြစ်တာ က ကိုမျိုးမင်း အစပြု အခြေတည် ပြီးလုပ်ထားတာ။ ဟာသတွေ၊ လွဲ ချော်မှုတွေနဲ့ပေါ့။ ပဒိုင်းသီးစားတယ်ဆို ဘာဖြစ်မလဲ ဆိုတာ မြန်မာ ပရိသတ်တွေ အကုန်လုံး သိပြီးသားလေ။ ပြဇာတ်ကျတော့ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတယ်။ အမှားမခံ ဘူးလေ။

ကောင်းပြည့်နဲ့ ကံစပ် တယ်လို့ဆိုတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

မဟာထွန်း ထုတ်လုပ်ရေးက ကောင်းပြည့်နဲ့ ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး “ကုဋေရှစ်ဆယ် သူဌေးသမီး နှင့် အမှိုက်ကောက်ဆရာ” ဆိုတဲ့ ဇာတ်ကား ပထမဆုံး ထွက်ရှိလာ ပါတယ်။ ပရဟိတနဲ့ ပညာပေးဇာတ် လမ်းလေးဖြစ်ပါတယ်။ ကောင်းပြည့်နဲ့ ဇာတ်ဆန်းလေးတွေပဲ ရိုက်ဖြစ်နေတယ် လို့ပြော ပြတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် က “အစ်မ အနေ နဲ့ ကောင်းပြည့်နဲ့ ရိုက်နေတယ်။ ပရိသတ် အမြင်မှာ ကောင်းပြည့် နဲ့အတူ အစ်မရဲ့ဇာတ်တွေကို မင်းသား အသစ်နဲ့ ဇာတ်အသစ်တွေ ကိုတွဲမြင်စေ ချင်တယ်။ ကိုယ့် ကိုယ်ကိုယ် လည်း ပုံသေနည်းဖြစ်နေတဲ့ ဇာတ်လမ်းဟောင်းတွေ ထဲက ခွဲထွက် ချင်တယ်။ အမြဲတမ်း ပြောသလိုပဲ နှစ်တစ်နှစ်ကူး သွားတဲ့အချိန်မှာ အစ်မ တို့ရဲ့အနု ပညာတွေ ကိုလည်း အသစ်အသစ် တွေဖြစ်စေချင်တယ်။ အဲဒီအတွက်ကြောင့် တတ်နိုင်သမျှ ဇာတ်အဆန်းတွေ ရှာပြီး ရိုက်ဖြစ်တာပါ။ ဇာတ်တွေရော၊ လက်ရာရောမ ကျသွားအောင် ကြိုးစားနေပါတယ်။

ဇာတ်လမ်းတွဲ ဘီလူးတစ်ဖြစ်လဲ ဗေလုဝ

ဘီလူးရုပ်ရှင်ဇာတ်ကား မှာ အဓိကဇာတ်ဆောင်နေရာ  ကနေ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်ခဲ့တဲ့သရုပ်ဆောင်ဗေလုဝက လာမယ့်ဖေဖော်ဝါရီ ၁၆ ရက် နေ့ကျရင် ပုဂံကို သွားပြီး ဘီလူး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူး မယ်လို့ ပြောပါတယ်။ ဘီလူး ရုပ်ရှင်ဇာတ်ကားဟာ ဟာသ သရုပ်ဆောင်ဗေလုဝရဲ့ပထမဆုံး တစ်ကားတည်းသော ဟာသ ဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီး လည်းဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်မှာ အောင်မြင်ခဲ့တဲ့အတွက်ကြောင့် ဇာတ်လမ်းတွဲအတွက်လည်း အကောင်းဆုံးဖြစ်အောင် ကြို တင် ပြင်ဆင် တယ်လို့ ဗေလုဝက ပြောပါတယ်။
အဲဒါတွေနဲ့ပတ် သက်ပြီး ဗေလုဝက ” ဘီလူး ဇာတ်လမ်းတွဲကိုလာမယ့် ၁၆ ရက်နေ့ကျရင် ပုဂံဒေသတွေ မှာ သွားရောက်ရိုက်ကူးမှာပေါ့  နော်။ လူတွေအများကြီးပါမယ်။ ဘီလူးက ရုပ်ရှင်အဖြစ်အောင် မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဆို တော့ ကိုယ့်ဘက်က ဟာကွက် မရှိအောင် ကြိုတင်ပြင်ဆင်ရ တော့တာပေါ့။

နွေရာသီဖက်ရှင်အတွက် ချည်ထည်လေးတွေ ခေတ်စားမယ်လို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကထဲမှာ နေရာတစ်ခုရလာတာနဲ့အမျှ သူမရဲ့ သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ဖက်ရှင်တွေကိုပါ ပရိသတ်တွေ စိတ်ဝင်တစားနဲ့လေ့လာအကဲခတ် ကြည့်ရှုခြင်းခံနေရသူလေးကတော့ သင်ဇာဝင့်ကျော်ပါ။ သူမရဲ့ ဖက်ရှင်အကြောင်း မေးမြန်းကြည့်တဲ့အခါ ‘နွေရာသီဖက်ရှင်အနေနဲ့က ချည်ထည်လေးတွေ ခေတ်စားတယ်လေ။ နောက်ဘောင်းဘီတိုလေးတွေနဲ့ စွပ်ကျယ်လေးတွေ ခေတ်စားမယ်လို့ထင်တယ်။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ဖက်ရှင်တီဗီ အမြဲကြည့်တယ်။ ကိုရီယားကားပဲဖြစ်ဖြစ် အင်္ဂလိပ်ကားပဲဖြစ်ဖြစ်ဇာတ်ကားတွေမျိုးစုံ သင်ဇာကြည့်တယ်။ ပြီးရင် သူတို့ဝတ်တာတွေကို ကိုယ်ဝတ်လို့ရသလောက် ဒီမှာတွဲဝတ်ဖြစ်တယ်။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင်ပဲ စီစဉ်တယ်။ ဒီဇိုင်နာကတော့ မလတ်ပေါ့နော်။ အပြင်မှာဆို Queen Collection မှာ ၀ယ်ဖြစ်တယ်။ ပရိသတ်တွေ သင်ဇာကို အနုပညာနဲ့လဲ အားပေးတယ်။ ဖက်ရှင်ကိုလဲ အားပေးကြတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်’လို့ သူမက ပြောပါတယ်။

ခင်ဆွေသက်/
Trend Myanmar

မင်းသမီးကာရိုက်တာက ရိုးရိုးဇာတ်ရုပ်တွေနဲ့ယှဉ်ရင် အိုဗာလုပ်ပေးရတယ်လို့ဆိုတဲ့ အိန္ဒြာကျော်ဇင်

အနုပညာလောကမှာ အောင်မြင်မှုတွေ တပွေ့တပိုက်နဲ့ ပရိသတ်ရဲ့အချစ်တွေကို ရရှိထားသူကတော့ အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ပါပဲ။ ခုဆိုရင် ခင်ပွန်းဖြစ်သူ ပြေတီဦး၊ သမီးလေးနဲ့အတူ မိသားစုဘ၀လေးကို ပျော်ရွှင်စွာ ထူထောင်နေတာမို့ ကားရိုက်တွေကိုတောင် တစ်လကို တစ်ကားသာ လက်ခံရိုက်ကူးရင်း မိသားစုကို အချိန်ပေးထားသူပါ။ တစ်လတစ်ကား လက်ခံရိုက်ကူးတဲ့ ဇာတ်ကားတွေကို သေချာစီစစ်ရိုက်ကူးသလို ဇာတ်ရုပ်ပီပြင်ဖို့လည်း အရင်ထက် ပိုကြိုးစားနေသူပါ။ ဒါ့ကြောင့် သူမနဲ့ ရိုက်ကွင်းမှာ တွေ့ဆုံခိုက် သူမရဲ့ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘အခုရိုက်နေတာက နှလုံးသားCanon တဲ့။ မင်းသားက ဟိန်းဝေယံပါ။ ဒါရိုက်တာက ဦးမိုးကြိုးပါ။ ဒီကားထဲမှာ အူဝဲက မင်းသမီးဆိုတော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီး ဖက်ရှင်ကျနေရမယ်။ လှနေရမယ်။ အဓိက ကတော့ မင်းသမီးကာရိုက်တာက ရိုးရိုးဇာတ်ကားတွေနဲ့ ယှဉ်ရင်တော့ နဲနဲအိုဗာလုပ်ပေးရတဲ့ ပုံစံလေးပါ’လို့သူမက ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်/
Trend Myanmar

အရက်သောက်စားပြီး ဖခင်ဖြစ်သူအားဓါးဖြင့်ထိုး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၃ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ လယ်သာ(၁)အုပ်စု၊ မီးသျှောင်ကုန်းကျေးရွာရာအိမ်မှူးမှ ၎င်းကျေးရွာနေ သံဒိုး(၅၉)နှစ်က ဖခင်ဖြစ်သူ ဦးတင်လှိုင်(၇၅)နှစ်အား ဓါးဖြင့်ထိုး၍သေဆုံးသွားကြောင်း အကြောင်းကြားချက် အရ ဆတ်သွားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သံဒိုးမှ အရက်သေစာသောက်စားမူးယစ်ပြောဆိုနေသဖြင့် ဖခင်ဖြစ်သူက ဆုံးမစကားပြောဆိုသည်ကို မကျေနပ်၍ အနီးရှိထရံတွင်ထိုးထားသော အရိုးအသွား(၁၇)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် တစ်ချက် ထိုးသွင်းခဲ့ရာ ဖခင်ဖြစ်သူ ဦးတင်လှိုင်တွင် အူထွက်သည့်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းစစ်ဆေးသိရှိရသဖြင့် သံဒိုးအား ဆတ်သွားနယ်မြေရဲစခန်း (ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
myanmarcnn

င၀န်မြစ်၌ လက်ထိတ်ဖြင့် သေဆုံးခဲ့သည့်အမျိုးသမီးအမှု အဓိကတာဝန်ရှိသူဒုရဲအုပ်အား ထောင်ဒဏ်တစ်နှစ်ချမှတ်

မျိုးမင်းထွန်း(မြစ်မခ)၊ ပုသိမ်၊ ဖေဖော်ဝါရီ-၁၉

ပုသိမ်မြို့တစ်ဖက်ကမ်းသင်္ဘောကျင်းရဲစခန်း၌ ရွှေပျောက်မှုတစ်ခုနှင့် ပတ်သက်၍ မသင်္ကာတရားခံအဖြစ်ဖမ်းဆီးစစ်ဆေးရာတွင် လက်ထိတ် ခတ်လျက် ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီးအမှုတွင် အဓိကတာဝန်ရှိသူ ဒုရဲအုပ်အား ထောင်ဒဏ်တစ်နှစ် ချမှတ်ပြီးစခန်းမှူးဖြစ်သူကိုပြင်းထန်စွာ
ပြစ်တင်ရှုတ်ချကြောင်း အမိန့်စာကိုပေးပို့ခဲ့သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်တွင် လက်ထိတ်တန်းလန်းဖြင့် င၀န်မြစ်အတွင်း အလောင်းပေါ်မှုအတွက် ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ တာဝန်ရှိ ရဲဝန်ထမ်းငါးဦးအနက် တပ်ကြပ်ကြီးကြည်လင်း၊ တပ်ကြပ်နေထွန်း၊ တပ်ကြပ်ကျော်လင်းနိုင်နှင့် ဒုတပ်ကြပ်ဇော်မင်းထွန်းတို့အား ရာထူးတစ်ဆင့်စီလျှော့ချ၍ နိုဝင်ဘာ ၅ ရက်က ပြန်လွှတ်ပေးခဲ့ပြီး အဓိကတာဝန်ရှိသည့် ဒုရဲအုပ်နိုင်
အောင်ကျော်အား အရာရှိအဆင့် ဖြစ်နေသည့်အတွက် ဒီဇင်ဘာလ အတွင်းက သီးခြားအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဟုမ္မလင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအိမ် ဓါးပြတိုက်ခံရ

ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၀။ ။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်းသက်အုပ်စု၊ ဆင်နှာမောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ဓားကိုင် ဆောင်လာသည့်လူတစ်ဦးမှ အနုကြမ်းစီး၊ ဓါးပြတိုက်ခံခဲ့ရပြီး ကျေးရွာခွဲအုပ်ချုပ်ရေးမှူး လင်မယား ဓားဒဏ်ရာများရရှိခဲ့သည်ဟု မြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အနုကြမ်းစီးနင်းခြင်းခံရသည့် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး လင်မယားမှာ ဦးဖိုးကြည်နှင့် ဇနီး မမိကွန်း ဆိုသူတို့ဖြစ်သည်။ ထိုသူတို့သည် နေအိမ်ရှိ မီးဖိုဆောင်တွင် မနက် ၅ နာရီအချိန်ခန့်က လင်းမယားနှစ်ယောက် အတူထိုင်၍ မီးလှုံနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်ပေါ်သို့ တက်ရောက်လာပြီး "ဒါ အုပ်ချုပ်ရေးမှူး နေအိမ်လား” ဟု မေးမြန်းပြီးနောက် ပိုက်ဆံပေးရန် တောင်ခံခဲ့ခြင်း ဖြစ်သည်။

ပဲခူးဘုရားဈေးသစ် ကုန်ခြောက်ဆိုင်ဝန်ထမ်း ဓားထိုးခံရ၍သေဆုံး

ကုန်ခြောက်ဆိုင် ပိုင်ရှင်တစ်ဦးက ဓားဖြင့်ထိုးလိုက်သဖြင့် အခြားကုန်ခြောက်ဆိုင်တစ်ခုမှ ဈေးရောင်း အကူတစ်ဦးသေဆုံးမှုတစ်ခု ပဲခူးမြို့၊ နန်းတော်ရာအပိုင်း ဘုရားဈေးသစ်အတွင်းဖေဖော်ဝါရီလ ၁၉ ရက်က ဖြစ်ပွားခဲ့သည်ဟု အဆိုပါဘုရား ဈေးသစ်တွင် ဈေးရောင်းသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁၂ နာရီခန့်က အဆိုပါဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်ပိုင်ရှင် ကိုသန်းဦးသည် အခြားကုန်ခြောက်ဆိုင်တစ်ခုမှ ဈေးရောင်းအကူ ကိုဖြိုးလေး ကုန်ထမ်းလာသည်ကိုဘေး မှကပ်ကာ ဓားဖြင့်ဝင်ထိုးခဲ့ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေ ဈေးဆိုင်ရှင်တစ်ဦးက ပြော သည်။
ဓားထိုးခံရသူ ကုန်ခြောက်ဆိုင်အကူ လုပ်သား ကိုဖြိုးလေးကို ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့သော်လည်း နှလုံးသွေးပြန်ကြော ပြတ်ဒဏ်ရာဖြင့် မွန်းလွဲ(၃)နာရီအချိန်က သေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ပီနံအိတ်ခွံများဖြင့် ထုတ်ထားသော လူသေအလောင်း(၁)လောင်းတွေ့ရှိ

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ (၁၀၃၀)အချိန်ခန့်တွင် တရားလိုသည် ရဲစခန်း၌ရှိနေစဉ် သုံးဆယ်ဆည် ရဲကင်းမှူး ဒုရဲအုပ်အုန်းခိုင် မှ သုံးဆယ်ဆည်အတွင်းရှိ ရေအောက်ချောင်းဖျားရေစပ်တွင် ပီနံအိတ်ခွံများဖြင့် ထုတ်လျှက် လူသေအလောင်း(၁)လောင်းတွေ့ရှိကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ သွားရောက်စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ကံရွာသစ်ရွာစခန်းကြီးအုပ်စုနေ ပေါက်စဖြစ်ကြောင်းစုံစမ်းသိရှိရပြီး ၎င်း၌ဝဲဘက် နို့အုံထိုးသွင်း ဒဏ်ရာ(၃)ချက်၊ ဝဲနှုတ်ခမ်း ဘေးထိုးသွင်း ဒဏ်ရာ(၁)ချက်၊ လည်ပင်းဝဲဘက်ထိုးသွင်း(၂)ချက်တို့ဖြင့် သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူများမှာ အခင်းဖြစ်ချိန်မှစ၍ ထွက်ပြေးသွားသဖြင့် တရားခံအား စုံစမ်း ဖမ်းဆီးအရေးယူနိုင်ရေး စခန်းမှူး ရဲမှူးသိန်းထွန်းမှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ (၁၈၃၀)အချိန်တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

တက္ကသိုလ်ကျောင်းသားကို ဘော်ဒါဆောင်အတွင်း အုပ်စုဖြင့် ရိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားတစ်ဦး ဘော်ဒါ ဆောင်တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရသည့်အတွက် ကလေးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဘော်ဒါဆောင်အတွင်းရှိနေစဉ် ၀င်ရောက်ရိုက်နှက်ခံရသူသည် ဘူမိဗေဒအထူးပြုပထမနှစ်ကျောင်းသား မောင်ညီညီကို အသက် (၁၉)နှစ် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက အရိုက်ခံရခြင်းဖြစ်သော် လည်း ကာယကံရှင်၏ သဘောဆန္ဒအရ ဖေဖော်ဝါရီ ၁၈ ရက်မှသာ အမှုဖွင့်ခဲ့ကြောင်လည်း ရဲဌာနက အတည်ပြုပြောကြားသည်။

အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွဆေးပြား ကျပ်သိန်း ၄၈၀ ဖိုး ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ကျပ်သိန်း ၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ပြား ဖမ်းဆီးရမိခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်လိုက် သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက်က နောင်ချိုမှ မူးယစ်တပ်ဖွဲ့စု (၂၄)မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့ အ၀င် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှ မန္တလေးသို့ ယာဉ်မောင်း မင်းဇော်မောင်းနှင်လာသည့် ၆ဃ/---- ဏသတနမ-၅ ခရီးသည်တင် မှန်လုံယာဉ် အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။

တမူးမြို့သို့ အရောင်းအဝယ်ကိစ္စဖြင့် ရောက်ရှိသည့် အိန္ဒိယနိုင်ငံသားနှစ်ဦး ပျောက်ဆုံး

အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ တမူးမြို့သို့ အရောင်းအဝယ် ကိစ္စဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရောက်ရှိနေခဲ့သော အိန္ဒိယနိုင်ငံသားနှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာမျာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် အမှတ် (၂) မှ တမူးမြို့သို့ ကျောင်းသုံး ဝတ်စုံများ ရောင်းချရန် ဝင်ရောက်ခဲ့သော အိန္ဒိယနိုင်ငံသား ဆစ်ခ်လူမျိုး ခြောက်ဦးအနက် နှစ်ဦးသည် နေရပ်သို့ ပြန်ရောက်လာခြင်း မရှိဘဲ ပျောက်ဆုံးနေကြောင်း အိန္ဒိယနိုင်ငံ မိုးရေးမြို့နှင့် နယ်စပ် လူဝင်မှု ကြီးကြပ်ရေးရုံး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများတွင် ဖော်ပြထားသည်။

အလုပ်သမားတွေထံက ငွေလိမ်တဲ့ ဂိုဏ်းသား (၅) ဦး ဒီကေဘီအေ ဖော်ထုတ်

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီဘက်ခြမ်းကို ပြန်လာတဲ့ မြန်မာ အလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့ လိမ်လည်ငွေညစ်ယူတဲ့ ဂိုဏ်းတဂိုဏ်က အဖွဲ့ဝင် (၅) ဦးကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( ဒီကေဘီအေ ) က သတင်းအရ ထိန်းသိမ်းပြီး ဒီကနေ့ မနက်ပိုင်းမှာ မြ၀တီရဲမှူးနဲ့အဖွဲ့ထံ ဥပဒေကြောင်းအရ အရေးယူဆောင် ရွက်နိုင်ဖို့ လွဲပြောင်းပေးအပ် လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

နေရပ်ပြန် အလုပ်သမားတွေထံက ငွေကြေးလိမ်လည်ယူတဲ့ ဂိုဏ်းအဖွဲ့ဝင် (၅) ဦးကို ထိန်းသိမ်းပြီး မြ၀တီရဲမှူးနဲ့အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တာနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူဘော စစ်အခြေချဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က အခုလို ပြောပါတယ်။

မွန်လူငယ် ၃ ဦး ပိတ်လောင် ခိုင်းစေခံရမှုကနေ ပြန်လွတ်

                                                 ဓာတ်ပုံ – goldenworkers.asia
ထိုင်းနိုင်ငံငံ ဘန်ကောက်မြို့ ပသူနန်းရပ်ကွက်ရှိ FEEL pratunam ဆိုတဲ့ ပင်လယ်စာရောင်းတဲ့ စားသောက်ဆိုင်တခုမှာ လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့ မွန်လူငယ် ၃ ဦး ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။သူတို့ဟာ ညနေ ၃ နာရီကနေ ၁၂ နာရီအထိ ဆိုင်မှာ အလုပ်လုပ်ရပြီး ဆိုင်ဖွင့်ချိန်ကလွဲရင် သူတို့ကို ဆိုင်ရှင်က ပိတ်လောင်ထားတယ်လို့ ပိတ်လောင်ခံရသူ မတင်ဇာနိုင်က ပြောပါတယ်။
“အလုပ်ပြီးရင် အခန်းထဲမှာ သော့ပိတ်ပြီး ထားခဲ့ပါတယ်။ မနက်ဖြန် သူလာဦးမယ်။ ညနေ ၅ နာရီလောက်မှ မနက်စာ ထမင်းစားရတယ်။ ထမင်းတွေ ပိုရင် ရေခဲသေတ္တာထဲ ထည့်ပြီး သော့ခတ်ထားလိုက်ပါတယ်။ ဟင်းတွေ ပေးချက်ပြီး မစားခိုင်းပါဘူး။”

သူတို့ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ လာရောက်ကြပြီး ပွဲစားရဲ့ ဆက်သွယ်ပေးမှုနဲ့ အဲဒီဆိုင်မှာ အလုပ်ရခဲ့တာလို့ ဆိုပါတယ်။ အဲဒီဆိုင်မှာ အလုပ်လုပ်တာ ၃ လ ကျော်ရှိပေမယ့် လစာလည်း မရဘဲ ပိတ်လောင်ခံခဲ့ရတာဖြစ်တယ်လို့လည်း မတင်ဇာက ပြောပါတယ်။

တံတားပေါ်ကနေ ဘီအမ် တစီး ထိုးကျ

                                           (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)
ဒီမနက် မိုးမလင်းခင် ရန်ကုန် မြောက်ဥက္ကလာမြို့နယ် ခုံးတံတားပေါ်ကနေ ဘီအမ် ဟီးနိုးကား တစီး ပြုတ်ကျသွားပါတယ်။ဈေးသည် သွားပို့တဲ့ကားဖြစ်တယ်လို့ တချို့က ပြောပါတယ်။
ဈေးသည် ၆ ဦးလောက် ပါတယ်၊ ဒဏ်ရာအပြင်းအထန် ရတယ် ဆိုပြီး ပြောဆိုသူများလည်း ရှိပါတယ်။
သေဆုံးမှု ရှိမရှိ မသိရသေးပါ။ရန်ကုန်မှာ ဘီအမ်တွေက အမောင်းကြမ်းတဲ့အတွက် တိမ်းမှောက်တဲ့သတင်းတွေ မကြာခဏ ကြားရပါလိမ့်မယ်။ဒီမနက် မတော်တဆဖြစ်တဲ့ ဘီအမ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း တံတားဘောင်ကို ဝင်တိုက်သွား၊ ရထားလမ်းရှိတဲ့နေရာကို ပြုတ်ကျတာပါ။

စပါးကြွေးတောင်းမယ့် ထိုင်းလယ်သမားတွေ ထွန်စက် အစီး ၅၀၀ ဖြင့် သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေ

ဘန်ကေက် ဖေဖေါ်ဝါရီ ၂၀
စပါးဖိုး မရရှိသေးသော Sing Buri ခရိုင်မှ လယ်သမား တစ်ထောင်ပတ်ဝန်းကျင်ခန့်သည် ဆန္ဒပြရန် ထွန်စက် အစီး ၅၀၀၊ မော်တော်ဆိုင်ကယ် အစီး ၁၅၀ တို့ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
လယ်သမားများက လိုအပ်လျှင် ဘန်ကောက်မြို့တွင် ကာလရှည်ကြာ နေထိုင်ပြီး ဆန္ဒပြရန် ရည်ရွယ်ထားပြီး ၄င်းတို့၏ အဓိက လိုအပ်ချက်ဖြစ်သော စပါးဖိုးငွေ မရပါက အစိုးရကို နှုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြ တောင်းဆိုရန် ရည်ရွယ်ထားကြောင်း သိရသည် ။ ""ကျနော်တို့ ရရမဲ့ စပါးကြွေး မရမချင်း ကျနော်တို့ ဒီဘန်ကောက်ကနေ မခွာဘူးလို့ ဆုံးဖြတ်ထားပါတယ် ""ဟု ယခုချီတက်လာသော လယ်သမားဆန္ဒပြပွဲကို ဦးဆောင်သူ Chada Thaiseth ကပြောသည် ။

ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်

တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ ပါတယ်။

မဲကိစ္စနဲ့ ပက်သက်ပြီး ပြည်သူများ မကျေနပ်ချက် ဖြစ်ခဲ့ပေမယ့် ယခု အရေးအခင်းကတော့ ၁၅ နှစ်ကြာ သက်တမ်းရှည်လာတဲ့ ဆိုရှယ် လစ် နိုင်ငံရေး စနစ်အပေါ် ပုန်ကန်တော်လှန်ခြင်း ဖြစ်ပါ တယ်။ ရေနံဖြင့် ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၃ နှစ် လယ်လောက် က စလို့ ယနေ့အချိန်အထိ နိုင်ငံရေး မငြိမ်သက်တော့ ပါဘူး။

အရေးအခင်းများကြောင့် သေဆုံးသူများလည်း မြင့်တက် လာပါယ်။ ပြီးခဲ့တဲ့ လကပဲ ဗင်နီဇွဲလားရဲ့ အလှမယ် တစ်ဦးနဲ့ အမျိုးသားတို့ လမ်းမမှာ လုပ်ကြံ ခံခဲ့ ရပါတယ်။

ယူကရိန်း တိုက်ခိုက်မှု ထပ်ဖြစ် ၂၂ ဦးကျော်သေ

ယူကရိန်းနိုင်ငံ ကိယက်ဗ် မြို့တော်မှာ ဒီကနေ့ ဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တိုက်ခိုက်မှုတွေကြောင့် ဆန္ဒပြသူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။

သေဆုံးသူ တချို့ဟာ ချောင်းပစ်ခံရတဲ့ ကျည်ဆန်တစ်ချက်တည်းနဲ့ သေဆုံးခဲ့တာကို ပြနေတယ်လို့ မျက်မြင် သက်သေတွေက ဘီဘီစီကို ပြောပါတယ်။

သမ္မတ ယာနူကိုဗစ်ခ်ျနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကြားမှာ ခိုင်မာမှု မရှိတဲ့ သဘောတူညီချက် မနေ့ညက ရရှိခဲ့ပြီးတဲ့နောက် ဒီကနေ့ မနက် အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားလာခဲ့ပါတယ်။

ကိုရီးယား နှစ်နိုင်ငံ ကွဲကွာမိသားစုများ တွေ့ဆုံခွင့်ရပြီ

ကိုရီးယား စစ်ပွဲ (၁၉၅၀-၁၉၅၃) အတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေ ဒီနေ့ တွေ့ဆုံခွင့်ရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ တောင်ကိုရီးယားကနေ မိသားစုဝင်တွေနဲ့အတူ ထွက်ခွာလာတဲ့ သက်ကြီးရွယ်အို ၈၂ ဦး မြောက်ကိုရီးယားဘက် အခြမ်းကို ရောက်ရှိပြီ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ပထမအသုတ် မိသားစုတွေ့ဆုံမှုက ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖြစ်ပါတယ်။ နောက်တသုတ်ကတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဖြစ်ပါတယ်။

၂၀၁၄ စက်တင်ဘာ နောက်ဆုံးထား လယ်မြေပြန်ပေးရန် လွှတ်တော် ဆုံးဖြတ်

အစိုးရ၊ စစ်တပ်နဲ့ ကုမ္ပဏီတွေက တနိုင်ငံလုံးအနှံ့ သိမ်းထားတဲ့ လယ်မြေတွေ ၂၀၁၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထားပြီး အပြီးအပြတ် ပြန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ထဲ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်က သိမ်းထားတဲ့လယ်တွေကို ပွင့်လင်းမြင်သာစွာနဲ့ အမြန်ဆုံး ပြီးပြတ်အောင် လုပ်ဆောင်ဖို့အဆို တင်သွင်းလိုက်ပြီး ပြည်ထောင်စုလွှတ်တော်က ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် တက်ခဲ့တဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “၂၀၁၄ စက်တင်ဘာ နောက်ဆုံးထားပြီးတော့ အစိုးရဘက်က ဒီကိစ္စတွေကို အပြီးအစီး အရေးယူဆောင်ရွက်ပေးရန် အဲဒီ အဆိုကို တင်တာ။ အဆိုအောင်တယ်။ ကန့်ကွက်မယ့်သူ မရှိဘူး။

ရန်လိုမှုရှောင်ကြဖို့ NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စည်းရုံးပြောဆိုရာမှာ မှန်ကန်တဲ့ စည်းရုံးရေးသာဖြစ်ဖို့နဲ့ ရန်လိုတဲ့အပြုအမူတွေ ရှောင် ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပါတီဝင်တွေကို တိုက်တွန်းပြောကြား လိုက်ပါတယ်။
ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာ ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပေါင်းတည်မြို့ နယ် အဖွဲ့ဝင်တွေကို တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် ကအခုလို မှာကြားခဲ့တာပါ။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB