Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

လစ်ဗျားသူပုန်များ ရေနံတင်ပို့သည့် သင်္ဘောကို အမေရိကန်ကွန်မန်ဒိုများ စီးနင်း

လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များထံမှ တင်ပို့လိုက်သည့်
ရေနံများ သယ်ဆောင်လာသော သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် အထူးကွန်မန်ဒိုများက စီးနင်းလိုက်ကြောင်း သိရသည်။
ဆိုက်ပရပ်စ်တောင်ပိုင်း နိုင်ငံတကာ ရေပိုင်နက်တွင် Morning Gloryကို တားဆီးထိန်းချုပ်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။ Morning Gloryသင်္ဘောသည် လစ်ဗျားသူပုန်များ သိမ်းပိုက်ထားသည့် နိုင်ငံအရှေ့ပိုင်း ဆီဒရာ ဆိပ်ကမ်းမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။
သင်္ဘောကို ကြားဖြတ်စီးနင်းမှုတွင် ထိခိုက်သေကြေမှု လုံးဝမရှိဘဲ အောင်မြင်ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ “Morning Gloryဟာလစ်ဗျားအစိုးရရဲ့ အမျိုးသားရေနံ ကုမ္ပဏီပိုင် ရေနံတွေကို သယ်ယူလာတာ ဖြစ်ပါတယ်။ ဒီကုန်တင်သင်္ဘောဟာ တရားမဝင် ရေနံသယ်ယူပို့ဆောင်တယ်လို့ ယူဆသတ်မှတ်နိုင်ပါတယ်”ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောသည် မြောက်ကိုရီးယားအလံ လွှင့်ထူထားပြီး မြောက်ကိုရီးယားသို့ ဦးတည်ကာ ရေနံများ ပို့ဆောင်မည်ဟု သတင်းကြီးခဲ့သေးသည်။
သို့သော်လည်း မြောက်ကိုရီးယား အစိုးရက Morning Gloryသည် မိမိတို့နိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိဟု ငြင်းဆိုခဲ့သည်။ သင်္ဘောကို အီဂျစ်ရှိ ကုမ္ပဏီတစ်ခုက ထိန်းချုပ်ထားသည်။ လစ်ဗျားတွင် အာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီ ကျဆုံးပြီးနောက်ပိုင်း တက်လာသည့် လစ်ဗျားအစိုးရကို ဆန့်ကျင်သော သူပုန်များက အရှေ့ဘက် ဆိပ်ကမ်းဒေသများတွင် တပ်ဖြန့် လှုပ်ရှားနေပြီး ရေနံများ တင်ပို့ရန် ကြိုးစားနေရာ အမေရိကန်က ကူညီတားဆီးပေးနေခြင်းဟု သိရသည်။

Planet Myanmar Network

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB