Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မလေးရှား လေယာဉ်သတင်း တိကျစွာ မထုတ်ပြန်ပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု ခြိမ်းခြောက်

ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်MH-370 နှင့် ပတ်သက်သည့် သတင်းများကို မလေးရှား အာဏာပိုင်များက တိကျစွာ မထုတ်ပြန်ပေးပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု လေယာဉ်ပေါ်တွင် ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေမျိုးများက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှား လေကြောင်းလိုင်းနှင့် တရုတ် မိသားစုဝင်များ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံရာတွင် ဆွေမျိုးများက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လေယာဉ်အမှတ် MH-370 ပေါ်တွင် လူပေါင်း ၂၃၀ ဦး လိုက်ပါသွားပြီး မတ်လ ၈ ရက်နေ့မှ စတင်ပျောက်ဆုံးသွားခြင်း ဖြစ်ကာ ၂ ဒသမ ၂၄ သန်း စတုရန်းရေမိုင် ကျယ်ဝန်းသည့် ဧရိယာ တစ်ခုလုံးတွင် ရှာဖွေနေကြသည်။

အဆိုပါ လေယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား ၁၅၃ ဦး လိုက်ပါသွားပြီး မလေးရှား အာဏာပိုင်များ၏ ရှာဖွေ လုပ်ဆောင်ချက်များကို တရုတ်မီဒီယာများကလည်း ဝေဖန် ပြစ်တင်လျက်ရှိသည်။

ထို့အပြင် မလေးရှား အာဏာပိုင်များက အချို့သော သတင်းများကို လျှို့ဝှက်ထားသည်ဟု လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေမျိုးများက စွပ်စွဲထားပြီး သတင်းများကို ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးရန် တောင်းဆိုလျက် ရှိသည်။

မလေးရှား လေကြောင်းလိုင်း အရာရှိများနှင့် တွေ့ဆုံပြီးနောက် ဆွေမျိုးများက အစာအငတ်ခံ ဆန္ဒပြမည်ဟု မဲခွဲဆုံးဖြတ်လိုက်ကြပြီး အမှန်တရားကိုသာ အလိုရှိကြောင်း တောင်းဆိုလိုက်သည်။

“ခရီးသည်တွေကို နိုင်ငံရေးသားကောင် မဖြစ်စေပါနဲ့” ဟု ဆွေမျိုးတစ်ဦးက ပြောကြားလိုက်သည်။

သို့သော်လည်း မိသားစုဝင်များအတွက် တတ်နိုင်သမျှ အရာများကို လုပ်ဆောင် ပေးနေကြောင်း မလေးရှား လေကြောင်းလိုင်း CEO အာမတ်ဂျော်အာရီက ပြောကြားသည်။

လေယာဉ်ပျံမှာ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း ပြောင်းလဲခံလိုက်ရပြီး မလက္ကာရေလက်ကြား တောင်ဘက် သို့မဟုတ် မြောက်ဘက် လမ်းကြောင်းအတိုင်း ပျံသန်းသွားနိုင်ကြောင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်မှု မရှိကြောင်း မလေးရှား အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ လေယာဉ် ရှာဖွေရေးတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံက ပူးပေါင်း ဆောင်ရွက်နေပြီး တရုတ်နိုင်ငံကလည်း ဂြိုဟ်တုပေါင်း ၂၁ လုံး အသုံးပြုကာ ရှာဖွေရေးတွင် ပါဝင်နေကြောင်း ထုတ်ပြန်သည်။

Voice



No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB