Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

သင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူတူရှိချင်တယ်လို့ ဆိုတဲ့ ကောင်းပြည့်

ဒီနှစ်သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ဘယ်မဏ္ဍပ်မှာရှိမယ်ဆိုပြီး သိချင်ကြတဲ့ ပရိသတ်တွေအတွက် ကောင်းပြည့်ရဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တွေနဲ့အတူ သူဘယ်မှာရှိမယ်ဆိုတာ မေးမြန်းကြည့်တဲ့အခါ ကောင်းပြည့်က ‘ခုဒီနှစ်သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိဖို့များပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့တော့ သင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူတူရှိနေချင်တယ်။ အခုထိတော့ ကမ်းလှမ်းထားတာမျိုး မရှိသေးဘူး။ ကမ်းလှမ်းမယ်ဆိုရင်တော့ ကျွန်တော်ပရိသတ်တွေနဲ့ပဲ တူတူဖြတ်သန်းချင်ပါတယ်။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆို အပြင်မထွက်ဖြစ်ဘူး။ အိမ်မှာပဲ နေတာများတယ်။ အိမ်မှာ မိသားစုနဲ့ မောင်နှမတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာများတယ်။ သင်္ကြန်ထွက်တာက နေပူတော့ အသားအရေလဲပျက်စီးတယ်။ ပြီးတော့ နေအရမ်းပူတဲ့ခါကျတော့ အပြင်သိပ်မထွက်ချင်တာနဲ့အိမ်မှာပဲ ဖြတ်သန်းခဲ့တဲ့နှစ်က ပိုများတယ်။
ငယ်ငယ်ကတော့ မိသားစုနဲ့ သင်္ကြန်တွင်း ဘုရားဖူးသွားဖူးတယ်။ ခရီးထွက်ဖြစ်တယ်။ သင်္ကြန်နဲ့ ပတ်သတ်တဲ့အမှတ်တရဆိုရင်တော့ ခရီးထွက်တာလေးကတော့ အမှတ်တရပေါ့နော်။ သင်္ကြန်မှာ အပြင်သွားမယ်ဆိုရင်တော့ မျက်မှန်တို့ဦးထုပ်တို့တော့ ဆောင်သင့်တယ်။ နေအရမ်းပူတဲ့ခါကျတော့ အသားအရေပိုင်းလဲ ပျက်စီးတတ်တဲ့အတွက် လက်ရှည်ဝတ်ဆင်သင့်တယ်။ သင်္ကြန်နဲ့ပတ်သတ်တဲ့ ခံစားမှုကတော့ ခုသင်္ကြန်နီးလာပြီဆိုတော့ ပျော်တယ်ပေါ့နော်။ မြန်မာ့နှစ်သစ်ကူး ပွဲတော်တစ်ခု ဖြစ်တဲ့အတွက် ရန်ကုန်မှာ ဘယ်လိုတွေ စည်ဦးမလဲလို့တွေးနေမိတယ်။ ဘယ်နားမှာမဏ္ဍပ်တွေများမလဲပေါ့။ အဲလိုလေးတွေတော့ ကြိုပြီးစဉ်းစားနေမိတယ်။ သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့ဆိုရင်တော့ ကမ္ဘာအေးဘုရားမှာ ငါးစားသွားကျွေးဖြစ်တယ်။ ဘုရားသွားတယ်။ အလှူအတန်းလေးတွေ ကိုယ်တတ်နိုင်သလောက်လုပ်ဖြစ်တယ်။ အဲဒီနေ့ကျရင် စိတ်ထဲမှာ ကြည်ကြည်နူးနူး သန့်သန့်ရှင်းရှင်းလေးနဲ့ကုသိုလ်ယူရတာ အရမ်းလဲ ကျေနပ်စရာကောင်းသလို အရမ်းလဲ ကြည်နူးစရာကောင်းပါတယ်။ အဲနေ့ကျရင် ကျွန်တော့်ပရိသတ်တွေလဲ ဘုရားသွား ကုသိုလ်ယူကြမယ်လို့ ကျွန်တော်ခံစားမိပါတယ်။ ပရိသတ်တွေကို ပြောချင်တာကတော့ သင်္ကြန်မှာ အားလုံး ဘေးရန်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ကျွန်တော်က ဆုတောင်းပေးပါတယ်ခင်ဗျာ’တဲ့။

ခင်ဆွေသက်/ Trend Myanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB