Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကမ္ဘာ့ဖလားအကြို ဘရာဇီးမှာ ဆင်းရဲသားရပ်ကွက်တွေ ဖယ်ရှားခံရ

                                                         မူးယစ်ဆေးရောင်းဝယ်မှု နာမည်ဆိုးထွက်တဲ့ shantytown ဆင်းရဲသားရပ်ကွက်ကို မူးယစ်အထူးနှိမ်နင်းရေး ရဲတပ်ဖွဲ့က 
                                                                                    ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေပုံ။ (မတ်လ ၂၁၊ ၂၀၁၄)

ဘရာဇီးစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁ ထောင်လောက်ဟာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်ကားတွေနဲ့ အတူ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့လေဆိပ်နားက ဆင်းရဲသားရပ်ကွက်ကြီးထဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

Mare Favela ဆိုတဲ့ အဲဒီဆင်းရဲသားရပ်ကွက်ကြီးကို တနင်္ဂနွေနေ့က ဝင်ရောက်စီးနင်းမှုဟာ အခုနှစ်ကျင်းပမယ့် ကမ္ဘာ့ဖလားနဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ရီယိုမြို့မှာ ထကြွသောင်းကျန်းမှုတွေမရှိအောင် နှိမ်နှင်းတဲ့ အစိုးရရဲ့ နောက်ဆုံး နှိမ်နှင်းမှုဖြစ်ပါတယ်။

အဲဒီရပ်ကွက်ဟာ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုတွေ အကြီးအကျယ် လုပ်တဲ့နေရာဖြစ်ပြီး ရီယိုမြို့ရဲ့ အန္တရာယ်အများဆုံး နေရာ တနေရာလည်း ဖြစ်ပါတယ်။

သပိတ်စခန်း ဖျက်ဆီးမှု ဖြေရှင်းပေးဖို့ တင်ပြ

ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း မနေ့ညက ဖျက်ဆီးခံရတဲ့ ကိစ္စအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ ဒဂုံဆိပ်ကမ်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဒီနေ့ ပြောပါ တယ်။

အဲ့ဒီ သပိတ်စခန်းကို ဒီနေ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က သပိတ်စခန်းဖွင့်ထားသူတွေကို အခုလို ပြောခဲ့တာပါ။

"သူတို့ဘက်က ကိုင်ရတွယ်ရခတ်နေတယ်၊ အခတ်အခဲရှိနေတယ်ဆိုရင် ဆရာက ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြည်သူဘက်က ပဲဖြစ်ဖြစ် အခုလည်း အဲ့ကိစ္စဆောင်ရွက်ဖို့အတွက် လွှတ်တော်ကိုလည်း တင်ပြထားတယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုလည်း တင်ပြထားတယ်"

မိကျောင်းကန် သပိတ်စခန်း နံနက်လင်းအားကြီး အချိန်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲ

သိမ်းဆည်းခံမြေများပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့တော်ခန်းမအနီး ဗန္ဓုလပန်းခြံဘေးတွင် ဆန္ဒ ထုတ်ဖော်နေသော မိချောင်း ကန်သပိတ်စခန်း ကို မတ်လ၃၁ရက်နေ့ နံနက် ၃ နာရီတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ က ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲလိုက်ကြောင်း သပိတ်စခန်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများ ကပြောကြားသည်။

အဆိုပါ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ဖြိုခွဲခဲ့သော် လည်း သပိတ်စခန်းကို ဆက်ဖွင့်ထားသောကြောင့် အင်အားသုံး ပြီး ထပ်မံဖြိုခွဲခြင်း ဖြစ်ကြောင်း ၎င်းတို့ ကဆိုသည်။

သရက်မြို့မှ လက်ဝှေ့ပြိုင်ပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

                                                                                          သတ္တဌာနဘုရား

 သရက်မြို့ သတ္တဌာန ဘုရားဝင်းအတွင်း ကျင်းပသည့် လက်ဝှေ့ပြိုင်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍  သရက်မြို့မှ ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသိုင်းအဖွဲ့များက သရက်မြို့ပေါ်ရှိ သိုင်းဆရာများ နှင့် ပူးပေါင်း၍ မတ်လ ၂၇ ရက်ည အချိန်က လက်ဝှေ့ပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်တစ်ခုတွင် လက်ဝှေ့ သမားတစ်ဦး လဲကျနေစဉ် ပြိုင် ဘက်ဖြစ်သူ  တိုင်းအဆင့်ရှိ သရက်မြို့သားလက်ဝှေ့သမားက ခြေ ထောက်ဖြင့် ကန်သည်ဟုဆိုသည်။ ခြေဖြင့် ကန်သူကို ကြိုးဝိုင်းဒိုင်က ၀င်ဆွဲရာ ဒိုင်ကိုပါ ဆွဲလှဲချလိုက်သည်။ ထိုဖြစ်စဉ်ကို ပြည်မြို့သားတစ်ဦးက အောက်မှ အော်ဟစ်ကန့်ကွက်ရာ လက်ဝှေ့ပွဲသို့လာရောက်ကြည့်နေ သည့်သရက်မြို့ခံမိန်းမများနှင့် ယောက်ျားများက ၎င်းအား ၀ိုင်းဝန်းထိုးကြိတ်ကြကြောင်း ပြိုင်ပွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟိုတယ်ရှေ့ ဗျောက်အိုးဖေါက် ဆန္ဒပြသူ အဖမ်းခံရ

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲ ခံရမှု ၁၆ လပြည့် အနေနဲ့ ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်ရှေ့မှာ ဒီကနေ့နေ့လည်ပိုင်း က ဗျောက်အိုးပစ်ဖေါက်ဆန္ဒပြခဲ့သူ ကိုအောင်ကိုဦး ကို ကျောက်တံတား ရဲစခန်းက အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အခုလို ဗျောက်အိုးပစ်ဖေါက်ခဲ့ရတာနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်နေချိန်မှာ ကိုအောင်ကိုဦး က သတင်းမီဒီယာတွေကို အခုလိုပြောခဲ့ပါတယ်။

"ကျနော်တို့ ဒီနေ့ဆိုရင် လယ်တ်ီသိမ်ကြီးကို ဖျက်ဆီးတော့မယ်ဗျ ၊ဖျက်ဆီးမှာကို မကျေနပ်တဲ့ အတွက် ကျနော်ခုလို ဗျောက်အိုးဖေါက်ရတာ ပါ၊လက်ပံတောင်းမှာရှိနေတဲ့ လယ်တီ သိမ်ကို ဖျက်ဆီး ဖို့ကြိုးစားနေတယ်ဗျ၊ အဲ့ဒါကို မကျေနပ်လို့ပါဗျ"

လက်ပန်းတောင်း လယ်တီသိမ် ဖျက်သိမ်းရေးစတင်

                                                                           လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။ 

 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်ပြီး ဆောင်ရွက် နိုင်ဖို့ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ မတ်လ ၃၀ ရက်နေ့မှာ သံဃာအပါး ၃၀ နဲ့ သိမ်နုတ်တာကို စတင် ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ရန်ကုန်မြို့မှာ လယ်တီသိမ်ဖျက်တာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကထဲက တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းကို ဆက်လက်

အမေရိကန်အဆင့်မြင့် နည်းပညာသုံး ကိရိယာနဲ့ မလေးလေယာဉ်ပျောက်ရှာဖွေ

                                                                            မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ။

 လယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ  black box  ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။

Miss Asia Pacific World Super Talent Myanmar မေမြတ်နိုး

Myanmar Beautiful New Face Model : May Myat Noe

ရည်းစားမထားခင် သိထားသင့်၊ ကန့်သတ်ထားသင့်တဲ့ အရာများ

မေသော် on 2014-03-29 11:45
ကိုယ့်ကို ချစ်ကြိုက်နေတဲ့ ကောင်လေး၊ လိုက်နေတဲ့ ကောင်လေးရှိတယ် ဆိုပါစို့။ သူ့ကိုလည်း ကိုယ်က ပြန်စိတ်ဝင်စားနေပြီ။ ဒါပေမယ့် သူ့ကိုတန်းပြီးတော့ အဖြေမပေးချင်သေးဘူး။ အနည်းဆုံး သူနဲ့ ဒိတ်ကြည့်ဦးမယ်။ ပြီးတော့မှ အဖြေပေးမယ်လို့ စဉ်းစားထားတဲ့ ပျိုမေတွေအတွက် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်တဲ့အရာတွေ ရှိနေပါတယ်။ စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ကိုယ်တိုင်ချမှတ်ထား မှသာ နောက်ပိုင်းအတွက် အဆင်ပြေမှာပေါ့။
၁။ပထမဆုံး ဒိတ်တဲ့နေ့မှာ မနမ်းမိပါစေနဲ့။

အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်

Photo: အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်

          ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။

          တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁)     သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

          သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေအမြင်မှာတော့ တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့ ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲ ထားပြီး ပြန်လည်မတူးဆွပါနဲ့တော့။

(၂)     သူမရဲ့ အလေးချိန်

          အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက်ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရတာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။

(၃)     သူမရဲ့ ရပ်တည်မှု

          အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာဟာ တကယ်တော့ ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိထားရမှာက သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက် မရှိဘဲ မရပ်တည်နိုင်ပါဘူး။

(၄)     သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်

          အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ်မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။
ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။
တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁) သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

ယောင်္ကျားပီပီသသ ဗလတောင့်စေဖို

အားကစားရုံ (gym) သွားပြီး လေ့ကျင့်ဖို့ အချိန်မပေး နိုင်ဘူးလား။

အလေးမဖို့ ပစ္စည်းပစ္စယ အကုန်အကျ မခံချင်ဘူးလား၊ လက်မောင်း ကြွက်သားတွေ တောင့်တင်းအောင် အိမ်မှုကိစ္စ လေးတွေ ပြုလုပ်ရင်း လေ့ကျင့် နိုင်ပါတယ်။

(၁) ရေညှိသတ်ဆေးမသုံးပါနှင့်

ရေချိုးခန်းထဲ၊ မီးဖိုချောင်ရေက ပြင်ထဲမှာ ပေါက်လာတဲ့ ရေညှိတွေကို ဘရပ်ရှ်သုံးပြီး တစ်ပတ်တစ်ခါ ပွတ်တိုက် သန့်စင်ပါ။ အားသန်တဲ့ လက်တစ်ဖက်တည်း တောင့်တင်း မလာအောင် လက်နှစ်ဖက်လုံး သုံးပြီး တိုက်ချွတ်ပါ။

ကျားအင်္ဂါ ကြီးစေခြင်း(ကျန်းမာရေးအမြင်နှင့်သာ ဖတ်ပါရန်)


ယောက်ကျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင် ဘာလဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။

အမေးရှိလို့ ရေးရပြန်ပါပြီ။ “ကျားအင်္ဂါ ကြီးစေခြင်း” Penis enlargement ကြော်ညာတွေ ဘယ်လောက် ဆွဲဆောင်မှုရှိပါစေ မယုံပါနဲ့ဆိုတာ ပဌမဆုံး မှတ်သား စေချင်ပါတယ်။

ရှေးဟောင် ဂရိပန်းပုလက်ရာ Polyclitus, Marathon Youth, Hermes တွေကို ကြည့်ကြည့်၊ (ရီနေဆန်) ခေတ်က Michelangelo နဲ့ Donatello တို့ရဲ့ Statue of David ရုပ်ထုတွေကိုဘဲ ကြည့်ကြည့် ကျားလိင်အင်္ဂါကို ခပ်သေးသေးသာ ထုဆစ်ထားတာ တွေ့ရပါမယ်။ ဒီခေတ်မှာ ယောက်ျားတယောက်ဟာ ကိုယ့်အင်္ဂါကိုယ် ပြန်ကြည့်ရင် သူများတွေထက် သေးနေသလို ထင်မှတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အပေါ်ကနေ မိုးကြည့်ရတာကိုး။ စိုးရိမ်သူများ ဆရာဝန်ဆီ ရောက်လာလို့ သူတို့ကို စနစ်တကျ တိုင်းထွာတဲ့အခါမှာ ပုံမှန် အရွယ်အစား ဖြစ်နေကြတာ များတယ်လို့ တွေ့ရပါတယ်။

သေးနေတယ်ထင်တဲ့ ယောင်္ကျားလေးများ ဖတ်ရန်(+၁၈)


Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ကောင်းတာရော ဆိုးတာပါ ရှိတယ်။ လုံးပါတ် သိသိသာသာ တိုးလာမယ် မရှည်စေပါ။ ၉ ဆအထိ ကြီးစေနိုင်တယ်။ ဆေးထိုးလိုက်လို့ အနားက တစ်ရှူး (သွေးကြော၊ အာရုံကြော) တွေထိခိုက်နိုင်ပြီး ထုံလာတတ်တယ်။ အမာရွတ်လိုဖြစ်တတ်တယ်။ အဆင်မသင့်ရင် လိင်ဆက်ဆံတာမှာ ပြောင်းပြန် အကျိုး ဖြစ်စေနိုင်တယ်။ FDA ကအသိအမှတ် မပြုသေးဘူး။ လူ ၅၈ ယောက်ကို စစ်တမ်းထုတ်တော့ ဒီလိုတွေ့လာရတယ်။
• အရှည် Length = YES 276; NO 690
• အတုတ် Thickness = YES 483; NO 414
• အချိုးအစား Proportion = YES 328; NO 483
• ပုံသဏ္ဌာန် Asthetics = YES 172; NO 776
• အလုပ် Function = YES 621; NO 224

စိတ်ညစ်နေတဲ့ သင့်အတွက် ပျော်ရွှင်စေနည်း ၂၁ ချက်



လူတိုင်း စိတ်ချမ်းသာ ချင်ကြသည်။ ပျော်ရွှင်ချင် ကြသည်။ ပျော်ရွှင်မှု သာရမယ် ဆို ဘာပဲ ပေးရ ပေးရ ပေးပါရဲ့လို့ ပြောဖူးကြ သူချည်း ဖြစ်သည်။ သို့ဖြစ်သည် တိုင် ပျော်ရွှင်မှု ကို ပျက်ပြား စေသော အမူအကျင့် များကို ကျွန်ုပ်တို့ လုပ်နေမိ ကြဆဲဖြစ်သည်။ ပျော်ရွှင်မှု ဆောင် ကြဉ်းဖို့ အကောင်းဆုံး နည်းလမ်းမှာ မပျော်ရွှင် စေသည့် အမူ အကျင့်များကို ပျော်ရွှင်စေ သည့် အမူ အကျင့်များဖြင့် အစားထိုးဖို့ ဖြစ်သည်။ ပျော်ရွှင်မှု ရှိကြစေ ဖို့ရာ အောက်ပါ အချက်များကို ဆင်ခြင်ကြည့် ကြပါစို့လို့ တိုက်တွန်း ပါရစေ။

၁။ မရသေး တာများ အတွက် တဗျစ် တောက်တောက် လုပ်မနေ ပါနဲ့။ လက်ရှိ လုပ်စရာ ရှိတာကို အကောင်း ဆုံးလုပ်ခြင်း ဖြင့်သာ မရသေးတာ များ ရလာမည်ကို သတိရပါ။

စိတ်မနှံ့သူသား ကို မိခင်ဖြစ်သူက နှစ်ပေါင်း (၄၀)ကျော် လှောင်အိမ်ထဲ မှာ ပိတ်လှောင် ထား

စိတ်မနှံ့သူ တစ်ဦးကို လှောင်အိမ် ထဲမှာ နှစ်ပေါင်း (၄၀)ကျော်ကြာ အောင် ပိတ်လှောင် ထားခြင်းနဲ့ ပတ်သက်ပြီး ဝေဖန် မှတ်ချက် မျိုးစုံ ပေါ်ထွက် နေပေမယ့် အပေါင်း လက္ခဏာ ဆောင်တဲ့ အဖြေ တစ်ခုမှ ရရှိခဲ့ခြင်း မရှိဘူးလို့ သိရ ပါတယ်။ ဝေဖန်သူ တွေက ဒီလို နှစ်ပေါင်း (၄၀)ကျော်ကြာ အောင် ပိတ်လှောင် ထားခြင်း ဟာ မဖြစ်သင့် ကြောင်း ထောက်ပြ ခဲ့သလို အချို့ ကလည်း စိတ်မနှံ့ သူဖြစ် တာမို့ အကောင်း ဆုံးဖြစ် မယ့် နည်းလမ်း ကိုသာ ရွေးချယ် ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟီနန် အရပ် ဒေသမှာရှိတဲ့ အသက် (၄၈)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပန်ဂီတွင် ဟာ အသက် ခြောက်နှစ် အရွယ် ကတည်းက စိတ်ဝေဒနာ ခံစားနေရ တာဖြစ်ပြီး စိတ်ဖောက်ပြန် တဲ့အခါ ကိုယ့်ကိုယ် ကိုယ် ဒဏ်ရာ အနာတရ ဖြစ်အောင် ပြုလုပ် တတ်တာမို့ အသက် (၈၀)နှစ် အရွယ် ရှိပြီဖြစ် တဲ့ မိခင်ဖြစ်သူ ၀ီမီက စိုးရိမ်ပြီး လှောင် အိမ်ထဲမှာ ပိတ်လှောင် ထားခြင်း ဖြစ်ပါတယ်။ ပန်ဂီတွင် ဟာ ငယ်စဉ် ဘ၀မှာ အဖျား ရောဂါ ပြင်းထန်စွာ ခံစားရပြီးတဲ့ နောက် စိတ်မနှံ့တဲ့ ရောဂါ စွဲကပ် သွားခြင်း ဖြစ်တယ် လို့

လမ်းဘေးက အိမ်ခြေရာမဲ့ကို အင်္ကျီချွတ်ပြီး ပေးခဲ့တဲ့ ချီးကျူးဖွယ် ရဲ


နယူးယော့ခ် မြို့ မှာ တာဝန် ထမ်းဆောင် နေတဲ့ ရဲ အရာ ရှိ ကားလို့စ် ရာမို့စ် ဟာ သူ့ရဲ့ မွန်မြတ် လှတဲ့ လုပ် ရပ် ကြောင့် မီဒီယာ တွေရဲ့ ချီးကျူး ရေးသား မှုကို ခံခဲ့ရ တယ်လို့ သိရှိ ရပါ တယ်။
ကားလို့စ် ရာမို့စ် ဟာ တာဝန်ထမ်း ဆောင် နေရင်း အိမ်ခြေ မဲ့ တစ်ဦး ကို အကူ အညီ တွေ ပေး ခဲ့ခြင်း ကြောင့် အခုလို ချီးကျူး ခံရခြင်း ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရာမို့စ်ဟာ နယူးယော့ခ်မြို့ရဲ့ လူစည် ကားရာ ဒေသမှာ တာဝန် ထမ်းဆောင် နေရင်း ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် အနွေး ဓာတ် လို အပ်နေ တဲ့ အိမ်ခြေမဲ့ တစ်ဦးကို သူ့ရဲ့ အင်္ကျီကို ချွတ်ပြီး ပေးခဲ့ပါတယ်။ ဒီ လုပ်ရပ် ကို ဂျာနယ် လစ် တစ်ဦးက မှတ်တမ်း တင်ပြီး ရေး သား ဖော်ပြ မှုပြု လုပ်ခဲ့ပါ တယ်။ အိမ်ခြေမဲ့ တစ်ဦးဟာ ဆောင်းရာသီ ရဲ့ အေးခဲ မှုကို မခံနိုင် ဘဲ ဓာတ်တိုင် လေးကို မှီပြီး မှေးစက် နေချိန် မှာ ရာမို့စ်က သူ့ရဲ့ ကုတ် အင်္ကျီကို ချွတ်ပြီး ပေး ခဲ့ခြင်း ဖြစ်ပါတယ်။

ခေါင်ရမ်းပန်းနဲ့ ကလေးသရဲ(ကြောက်တတ်သူများ မဖတ်ရ)




ကျွန်တော် ငယ်စဉ်ကတည်းက စိတ်ဝင်အစားဆုံးအရာက ခေါင်ရမ်းပန်းနဲ့ ကြောင်နက်…။ ငယ်ဘ၀ကတည်း လူကြီးတွေ ပြောတာကြားဖူးတယ်..။ လူသေခေါင်းမှာ ခေါင်ရမ်းပန်း ပန်ပေးလိုက်ရင် အဲ့ဒီလူသေဟာ ဖုတ်ဝင်ပြီး သင်းချိုင်းကို တန်းတန်းမတ်မတ် လမ်းလျှောက်သွားတယ်လို့ ကြားဖူးတယ်..။ ရှေးတုန်းက အသုဘချကြရင်လည်း ဒီလိုပဲ ချတတ်ကြသတဲ့..။ နောက်တစ်ခုကတော့ ကြောင်နက်…။ ကြောင်နက် ဆိုတဲ့ နေရာမှာ ကြောင်က တစ်ကိုယ်လုံး မဲနက်နေရမယ်..။ သူရဲ့ မျက်လုံးအစ..။ တစ်ကိုယ်လုံးမဲနက်နေတဲ့ ကြောင်ကိုတော့ ကျွန်တော် တော်တော် များများ တွေ့ဖူးပါတယ်..။ ဒါပေမယ့် မျက်လုံးပါ မဲနက်နေတဲ့ ကြောင် ကတော့ ကျွန်တော့်တစ်သက် ၂ ခါပဲ မြင်ဖူးသေးတယ်..။ ရှားလဲ တော်တော်ရှားမယ့် အမျိုးပါပဲ..။ ရှေးလူကြီး တွေ ပြောကြတာတော့ တောထဲမှာပဲ နေတတ်ကြတဲ့..။ ထူးခြားတာက အဲ့ဒီလိုမျိုးကြောင်နက်တစ်ကောင်က လူသေအလောင်းတစ်ခုရဲ့ ဘယ်သူမှ စေခိုင်းချက်ကြောင့် မဟုတ်ပဲ ညာဘက်ကနေ ဘယ်ဘက်ကို ခုန်ကျော် လိုက်ပြီဆိုရင် အလောင်းကောင်ဟာ ဖုတ်ဝင်ပြီး အသက်ပြန်ရှင်လာတယ်လို့ လဲ ကြားဖူးပါတယ်..။

သရဲကို မယုံလို့ လောင်းကြေးထပ်မိသူတစ်ဦး ကြုံခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ကြီး


"သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ…."

"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."

"အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."

ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲနဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။

"ဒါဆို ဒီလိုလုပ်…၊ ငါတို့ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ ညီမသုံးဖော် ဆွဲကြိုးချသေထားတဲ့ အိမ်ပျက်ကြီး သိတယ်မှတ်လား.."

"အေး…. သိတယ်လေ…"

"မင်း ည (၁၂း၀၀) နာရီတိတိ အဲ့ဒီခြံထဲကိုဝင်ပြီး အိမ်ရှေ့မှာ မင်းနာမည်ကို မြေဖြူနဲ့ရေးရဲလား…"

"ငါလုပ်ရဲရင် မင်းက ငါ့ကို ဘာပေးမှာလဲ…"

ကင်ဆိုဟွမ်နှင့်အတူ ညစာစားခွင့်ရရန် ချမ်းသာကြွယ်ဝသော အမျိုးသမီးများက ဒေါ်လာတစ်သန်းဖြင့် ကမ်းလှမ်း


ဟောင်ကောင် မတ် ၂၈
ဟောင်ကောင်ရှိ ချမ်းသာကြွယ်ဝသည့် အသိုင်းအဝိုင်းမှ အမျိုးသမီးများသည် နာမည်ကြီး ကိုရီးယား မင်းသားချော ကင်ဆိုဟွမ်နှင့်အတူ ညစာစားခွင့် ရရန်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သန်း အကုန်အကျခံရန် ဆန္ဒရှိနေကြောင်း သိရသည်။
မင်းသားချော ကင်ဆိုဟွမ်သည် You Who Came from The Star ဒရမ်မာ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ပြီးနောက် တစ်ဟုန်ထိုး ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး အာရှပရိသတ်ကို ညှို့ယူဖမ်းစားနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းကို နှစ်သက်သည့် ဟောင်ကောင်မှ ချမ်းသာကြွယ်ဝသည့် အမျိုးသမီး အသိုင်းအဝိုင်းသည် ၎င်းနှင့် အတူ ညစာတစ်နပ် စားခွင့်ရရန်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သန်းပေးမည်ဟု ၎င်းအား ကမ်းလှမ်းခဲ့သည် ဟု ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။

ဖွဲ့စည်းပုံတွင် ဖက်ဆစ်အနံ့အသက်ပါနေကြောင်း ဦးတင်ဦးပြောကြား


“နောင်တစ်ခါလည်းပဲ ဖက်ဆစ်ယောင်ယောင်အသွင်တစ် မျိုးနဲ့ ပြန်လာတတ်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းပြောဆိုခဲ့သည့် စကားရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဦးတင်ဦးကမတ်လ ၂၇ ရက်နေ့ NLD (ဗဟိုရုံး) ကျင်းပခဲ့သည့်ဖက်ဆစ်တော်လှန် ရေးနေ့အခမ်းအနားတွင်ပြောကြားခဲ့ သည်။

“၂၀၀၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်သော ပြင်ဆင်ရန်ခက်ခဲအောင်ပြုလုပ် ထားသော တစ်နည်းအားဖြင့် ဖက်ဆစ်ဝါဒအငွေ့အသက်ပါ သော အချက်များနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဆစ်အနံ့ အသက်ဖြစ်စေသည့်အချက်များ ကိုလုံးဝပြင်ဆင်သင့်တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ သည်ပြည်တွင်းမှာလည်း သိက္ခာ ရှိ၍ ပြည်ပမှာလည်းသိက္ခာရှိသည့် င်္Federal ပြည်ထောင်စုမြန်မာနိုင်ငံ ၏အခြေခံဥပဒေကြီးဖြစ်အောင် ဆောင်ရွက်ရန်တိုက်တွန်းသည်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးတင်ဦးကပြော သည်။

ပျောက်ဆုံး လေယာဉ်ပေါ်ပါသွားသူ ချုပ်နှောင်ထားခံရကြောင်း အင်တာနက်စာမျက်နှာတချို့မှာ ပျံ့နှံ့

ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)

ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ MH370 မလေးရှားလေယာဉ် ပျောက်ဆုံးနေတာ ရက်သတ်တပတ် ၄ ပတ် ရှိနေပါပြီ။

အိန္ဒိယ သမုဒ္ဒရာတွင်းပစ္စည်းတချို့ တွေ့ထားတယ်ဆိုတဲ့ ရှာဖွေရေး ဧရိယာအသစ်မှာ လေယာဉ်တွေက ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို မတ်လ ၂၉ ရက်နေ့က ဆက်လက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နယူးဇီလန်နိုင်ငံ လေတပ်အခြေစိုက်စခန်းကို ပြန်ရောက်လာတဲ့ တော်ဝင်လေတပ်ဗိုလ်ကြီးနဲ့ လေယာဉ်မှူးတို့ကတော့ အဲဒီပစ္စည်းတွေဟာ လိမ္မော်ရောင် စာတမ်းတွေနဲ့ အစိမ်းရောင် ငါးဖမ်းကြိုးတွေ ငါးဖမ်းပိုက်တွေ ဖြစ်နေလို့ ငါးဖမ်းယာဉ်တစီးက အမှိုက်သရိုက်တွေသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည်

ဝါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ပြောင်းရွှေ့လာသည့် သမီးကလေးကျေးရွာသားများကို မတ် ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

အစားပြန်လည်နေရာချပေးသည့် မြေကွက်သို့ မတ် ၂၇ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး မြေကွက်များကို မဲနှိုက် နေရာချ ပေးသည့်အခါ အမည်ပေါက် မပေးသဖြင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု ၆၄ စုက လက်မှတ်မထိုးကြဘဲ မတ် ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

NLD နာယက ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေး နိုင်ငံခြားသွားရောက်ကုသလိုပါက ကူညီပေးမည်ဟု သမ္မတရုံး ၀န်ကြီးများ ပြောဆိုထားဟုဆို


ရန်ကုန်၊ မတ် ၃၀
တင်ဇာအောင်
NLD နာယက ၊ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိသော်လည်း စိတ်ချရသည့် တိုးတက်မှု မရှိသေးကြောင်း ၄င်းအနားတွင် အနီးကပ် ရှိနေသူ NLD ပါတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်မျိုးအောင်က မဇ္ဈိမကို မတ် ၃၀ ညနေ ငါးနာရီခန့် အချိန်တွင် အတည်ပြု ပြောကြားသည်။

ဦးဝင်းတင်သည် မတ် ၂၉ ရက်တွင် ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသမှု ခံနေရာမှ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ ဆေးကုသခံခဲ့ပြီး ပြောင်းရွှေ့သည့် အချိန်ကထက် အခြေအနေ ကောင်းမွန်လာသော်လည်း စိတ်ချရသည့် တိုးတက်မှုမျိုး မရှိသေးဟု ဦးဇော်မျိုးအောင်က ဆိုခြင်းဖြစ်သည်။

ကလေးသူငယ် လိင်မှုကျူးလွန်မှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူ ဩစတေးလျနိုင်ငံသားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်စေလွှတ်

၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် စင်္ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှ စင်္ကာပူလေကြောင်းလိုင်း MI-518 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါလာမည့် ဩစတေးလျနိုင်ငံသား Mr.Seng du LAPHAI သည် ဩစတေးလျနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်က ကလေးသူငယ် လိင်မှုကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်(၄)နှစ်ကျခံခဲ့ရကြောင်း၊ ၎င်းအား NCOS မှတ်တမ်းတွင် အလယ်အလတ်အဆင့် အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ထားသဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါက အန္တရာယ် ရှိနိုင်ကြောင်း ရန်ကုန်မြို့၊ ဩစတေးလျသံရုံး၊ AFP ရဲဆက်ဆံရေးအရာရှိမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပဆိုက်ရောက်ကောင်တာတွင် လေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။

ပျောက်ဆုံးမလေးရှားလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ဆက်လက်ရှာဖွေ

                                               ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)

ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ MH370 မလေးရှားလေယာဉ် ပျောက်ဆုံးနေတာ ရက်သတ်တပတ် ၄ ပတ် ရှိနေပါပြီ။

အိန္ဒိယ သမုဒ္ဒရာတွင်း ပစ္စည်းတချို့ တွေ့ထားတယ်ဆိုတဲ့ ရှာဖွေရေး ဧရိယာအသစ်မှာ လေယာဉ်တွေက ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို မတ်လ ၂၉ ရက်နေ့က ဆက်လက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နယူးဇီလန်နိုင်ငံ လေတပ်အခြေစိုက်စခန်းကို ပြန်ရောက်လာတဲ့ တော်ဝင်လေတပ်ဗိုလ်ကြီးနဲ့ လေယာဉ်မှူးတို့ကတော့ အဲဒီပစ္စည်းတွေဟာ လိမ္မော်ရောင် စာတမ်းတွေနဲ့ အစိမ်းရောင် ငါးဖမ်းကြိုးတွေ ငါးဖမ်းပိုက်တွေ ဖြစ်နေလို့ ငါးဖမ်းယာဉ်တစီးက အမှိုက်သရိုက်တွေသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB