မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ ချင်းတွင်းမြစ်ကမ်းဘေးရှိရေလုပ်ငန်း
မိသားစုများနေထိုင်သောဇီးကျွန်း ရပ်ကွက်တွင် ဖေဖော်ဝါရီ၂၅ ရက် ၎
နာရီခွဲခန့်တွင် ကိုသက်မောင်မောင် (၂၀ နှစ်)၏ အိမ်မှဖယောင်းတိုင်
မီးထွန်းညှိ အိပ်ပျော်ရာမှ မီးစတင်လောင်ကျွမ်းရာ တဲအိမ် ၁၂ လုံး
လောင်ကျွမ်းပြီး အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၇ ဦး စုစုပေါင်း၅၄ ဦးတို့
အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြရပြီးတာဝန်ရှိသူများက မီးဘေး သင့်ပြည်သူ များအား
တောထဲ လေးမျက်နှာ ဘုရား အာရုံခံတွင် ယာယီနေရာချထား၍ စားသောက်ရေးအတွက်
ထမင်းထုပ်များ စီစဉ်ပေး ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃ နာရီကျော်က စစ်ကိုင်းတိုင်း၊
မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ လယ်တီရပ်ကွက်၊ အမှတ်(၁)တွင် အသက်
(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ရေဒီယိုနားဆင်နေရင်း
ဓာတ်လိုက်သေဆုံးနေသည့်အတွက် ရာအိမ်မှူးဦးသန်းထွန်းဆိုသူက
အရာတော်မြို့မရဲစခန်းသို့ အကြောင်းကြားလာရာ ရဲစခန်းမှူး ဒု-ရဲမှူး
မြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။