Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဝက်ခြံထွက်သောသူများ အတွက် နည်းလမ်းကောင်း တချို့

လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက်ခြင်းဟာ ပြဿနာတစ်ခု ဖြစ်မယ် ထင်ပါတယ်။ မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါတယ်။ အမျိုးသားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေပါတယ်။ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ 

သွေးအား ကောင်းလိုသူတို့အတွက် အပင်ထွက် အာဟာရ

သွေးအား နည်းတတ်သူတွေ၊ အထူးသဖြင့် လစဉ် ဓမ္မတာ ရာသီသွေး ဆင်းနေတဲ့ အမျိုးသမီးတွေအနေနဲ့ သွေးအား ကောင်းစေဖို့အတွက် စားသင့်တဲ့ သဘာဝ အပင်ထွက် အစားအစာတွေကို မီးဖိုချောင်ထဲမှာ တွေ့ရှိနိုင်ပါတယ်။

စပျစ်သီး
စပျစ်သီးမှာ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓါတ်၊ ဗီတာမင် အများအပြားနဲ့ အမိုင်နိုအက်စက်တို့ ပါဝင်မှုများတာကြောင့် အသက်ကြီးသူ၊ အမျိုးသမီးတွေနဲ့ သွေးအားနည်းရောဂါ ရှိသူတွေအတွက် အကောင်းဆုံး အားဆေးတလက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ စပျစ်သီး စားတာကြောင့် သန္ဓေသားဆီကို အာဟာရ ရောက်ရှိမှု ကောင်းစေရုံသာမက အသားအရေ စိုပြည်နီမြန်းစေပါတယ်။

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ


ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာသူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။အအေးမိခြင်း၊ 

စစ်တွေမှာ ဖမ်းဆီးမှုတွေ စတင်

ရခိုင်ပြည်နယ် စစ်တွေမှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်ကဖွဲ့စည်းပေးခဲ့ပြီးတဲ့နောက်မှာတော့ အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားခြောက်ဦးကို ဖမ်းဆီးအရေးယူထားတဲ့အကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ အပြောကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာရေးပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းက နောက်ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်လုပ် မလုပ်ကတော့ စုံစမ်းစစ်ဆေးမှု အခြေအနေ တိုးတက်မှုတွေပေါ် မူတည်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့က ဦးဝင်းမြိုင်ကတော့ ဖမ်းဆီးတာမဟုတ်ဘဲ စုံစမ်းစစ်ဆေး မေးမြန်းနေတာသာဖြစ်ပြီး အရေအတွက်ကိုတော့ သိရှိရခြင်းမရှိဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး ၂၀ ဒဏ်ရာရတယ်လို့ ဘန်ကောက် အီရာဝန် ဆေးဌာနက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဗုံးကို ဘန်ခန်မြို့နယ်၊ လတ်ပလာခွာ လမ်း အမှတ် ၇၁ မှ ရှိတဲ့ မှာ ရှိတဲ့ ပစ္စည်းဟောင်းတွေ ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်တဲ့ ဂိုဒေါင်မှာ ထားရင်း ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကို ဆောက်လုပ်ရေး ၀န်ချီစက်မောင်းတဲ့ ဆောက်လုပ်ရေး အလုပ်သမား
တယောက်က မြေတူးရင်း တွေ့ရှိခဲ့ပြီး ဂိုဒေါင်က ၀ယ်ယူသွားတာပါ၊ ဗုံးပေါက်မှုကြောင့် ဂိုဒေါင်မှာ မီးလောင်သွားပြီး အနီးအနားက အိမ်တွေ ဒါဇင်နဲ့ချီပြီး ပျက်စီးသွားခဲ့ပါတယ်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အနက် သုံးမီတာ၊ အကျယ် ၈ မီတာ ရှိတဲ့ တွင်းကြီး ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေက ဗုံးကို အပိုင်းပိုင်းဖြစ်သွားအောင်
ခွဲဖို့ တိုက်တွန်းရာကနေ အခုလို ပေါက်ကွဲသွားတာပါ။
DVB

ချီလီငလျင်ကြောင့် အနည်းဆုံးလူ ၆ဦး သေဆုံး


ငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ကားနဲ့စက်လှေ (Credit: Reuters) 
 
ချီလီနိုင်ငံမှာ ​မနေ့တုန်းက ​ပြင်းအား ​၈.၂ ​ရှိတဲ့ ​မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ​ချီလီနိုင်ငံမြောက်ပိုင်း ​ဒေသနှစ်ခုကို ​ဘေးအန္တရာယ် ​ကျရောက်ရာနေရာအဖြစ် ​သတ်မှတ်ထားပါတယ်။


မြေငလျင်လှုပ်ခတ်မှုကြောင့် ​အနည်းဆုံး ​လူ ​၆ ​ဦးသေဆုံးခဲ့ရပြီး ​လူပေါင်း ​ကိုးသိန်း ခုနှစ်သောင်းကျော်ကို ​ရွှေ့ပြောင်းမှု ​လုပ်ထားပါတယ်။
အမေရိကန် ​ဘူမိဗေဒ ​ပညာရှင်တွေရဲ့ ​အဆိုအရ ​မြေငလျင်ဟာ ​ချီလီနိုင်ငံ ​မိုင်းတွင်းများတဲ့ ​အီကီးကေး ​(Iquique) ​ဒေသနဲ့ ​၈၆ ​ကီလိုမီတာ ​ဝေးတဲ့နေရာမှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တာ ​ဖြစ်ပါတယ်။

ငလျင် ​လှုပ်ခတ် ​မှုကြောင့် ​လျှပ်စစ်မီးပြတ် ​တောက်မှုတွေ၊ ​မီးလောင်မှုတွေနဲ့ ​မြေပြို မှုတွေ ​ဖြစ်နေပြီး ​နောက် ဆက်တွဲ ​ငလျင်တွေလည်း ​မနေ့ညအထိ ​လှုပ်ခတ်နေဆဲ ​ဖြစ်ပါတယ်။
မြေငလျင် ​လှုပ်ခတ်မှုကနေ ​ထွက်ပြေး ​လွှတ်မြောက်နေတဲ့ ​အမျိုးသမီး ​အကျဉ်းသား ​အယောက် ​၃၀၀ ​လောက်ကို ​ရဲတွေက ​လိုက်လံ ​ရှာဖွေနေပြီး ​အဲဒီထဲက ​၂၆ ​ယောက်ကို ​ပြန်လည် ​ဖမ်းဆီးနိုင် ခဲ့ပါတယ်။

DJ Swan Thu - ဒိုးကလေးနဲ့ကဲမယ်


No Title Singer Listen/Download Size
1 ဒိုးကလေး ကျော့ကေခိုင် Click Here !! 2.00 MB
2 နောင်အင်းလေး ကျော့ကေခိုင် Click Here !! 2.00 MB
3 နွေမ မြက်မြက်မျိုးထက် Click Here !! 2.00 MB
4 သင်္ကြန်မိုး ကျော့ကေခိုင် Click Here !! 2.00 MB
5 ကြင်နာသူရေ ကျော့ကေခိုင် Click Here !! 2.00 MB
6 အင်းလေးမှာရွာတဲ့မိုး မြက်မြက်မျိုးထက် Click Here !! 2.00 MB
7 မောင် မြက်မြက်မျိုးထက် Click Here !! 2.00 MB
8 ပုဇွန်ဆိတ်ကလေး စောစန္ဒီနိုင် Click Here !! 2.00 MB
လိုင်းပေါ်မှာနားဆင်ချင်တယ်ဆိုရင် play iconလေးကိုနှိပ်ပါ၊ ဒေါင်းယူချင်တယ်ဆိုရင်တော့ Click Here !!ဆိုတဲ့အပေါ်မှာ right click>>save link as နှိပ်ပြီးဒေါင်းယူပါ၊

၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း

 
တနင်္ဂနွေ -
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာ ကျိုးပေး အောင်မြင်မည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။
 ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါ သည်။
 အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

ချင်းပြည်နယ်တွင် တောမီးမှတစ်ဆင့် နေအိမ် ၂၀ လုံးမီးလောင်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် မတ်လ ၂၉ ရက်နေ့က တောမီးမှတစ်ဆင့် လူနေအိမ် ၂၀ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ပလက်ဝမြို့နယ် ဒလက်မေ အုပ်စုရှိ ကက္ကူးဝအောက်ရွာနှင့် ပါကာ တောင်ရွာတို့တွင် သဘာဝအလျောက် လောင်ကျွမ်းသော တောမီးမှတစ်ဆင့် နေအိမ်များသို့ ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကက္ကူးဝအောက်ရွာမှ နေအိမ်ကိုးလုံးနှင့် ပါကာတောင်ရွာမှ နေအိမ် ၁၁ လုံး မီးထဲပါခဲ့ပြီး လူဦးရေ ၉၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
“လောလောဆယ်တော့ သူတို့ အမျိုးတွေ အိမ်မှာပဲနေကြတယ်။ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နဲ့ ဆီ၊ အဝတ်အစား စတာတွေ လှူဒါန်းထားပါတယ်” ဟု ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က

မိမိကိုယ်ကို ဓါတ်ဆီလောင်မီးရှို့သူ ခန္ဓာကိုယ်သွေးအဆိပ်တက်ပြီး သေဆုံး

မတ်လ ၂၁ ရက်နေ့မနက်ပိုင်းက တောင်ငူမြို့ မိုင်ဒါကွင်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မိမိကိုယ်ကို ဓါတ်ဆီလောင်း၍ မီးရှို့သေကြောင်းကြံစည်ခဲ့သူ (၂၁)နှစ်အရွယ် စားပွဲထိုးလုပ်သားတစ်ဦး ဖြစ်သူ မောင်မျိုးမင်းလှိုင်မှာ တောင်ငူခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် မီးလောင်မှုကြောင့်ဖြစ်ပွားသည့် ခန္ဓာကိုယ် သွေးအဆိပ်တက် ရောဂါဖြင့် မတ်လ ၃၀ ရက်နေ့မနက် ၉နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ကိုမျိုး(ခ) မျိုးမင်းလှိုင်(ဘ) ဦးကျော်ဝင်း ကေတုမတီမြို့သစ်နေသူမှာ ၄င်း၏ဆိုင်ရှင်ဖြစ်သူ ထံ စုဆောင်းအပ်နှံထားသော ငွေများအား ပြန်လည်ထုတ်ယူရန် ပြောဆိုသည့်ကိစ္စ အဆင်မပြေဖြစ်ရာမှ ဆိုင်ရှေ့ မြေကွက်လပ်တွင် အိပ်ယာခင်းအား ခင်းထိုင်၍ (၁)လီတာဝင်ဆန့် ဓါတ်ဆီဗူးဖြင့်

အရက်အလွန်အကြွံသောက်သူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန် တောင်ငူမြို့ (၁၀)ရပ်ကွက် အောက်ချိုင်းနေ အသက် ၅၃နှစ်အရွယ် အမျိုးသားတစ်ဦး ၄င်းနေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှစုံ စမ်းသိရှိရသည်။

ဖြစ်စဉ်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ ဖုန်းဆက်သတင်းပေးမှုကြောင့် တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ (၁၀)ရပ်ကွက် အောက်ချိုင်းနေ ဦးအောင်ခို်င်ထွန်း (ဘ)ဦးထွန်းရွှေ ကျဘမ်းလုပ်သူဖြစ်ပြီး ၄င်းနေအိမ်ဘေး အဖီ အခန်းထဲတွင် ၆ပေ ၈လက္မခန့်အမြင့်ရှိ ထုတ်တန်းမှ အလျား ၂ ခန့်ရှိ အဖြူရောင် လျှပ်စစ်ဝါယာကြိုး ကြိုးဆွဲချသေ ဆုံးနေကြောင်းသိရသည်။

ခရမ်းမြို့အချုပ်ခန်းတွင်းမှ အမျိုးသားတစ်ဦးသေဆုံးမှု အလောင်းရင်ခွဲပြီးမှသာ မိသားစုသိရှိခဲ့

ခရမ်းမြို့ အချုပ်ခန်းအတွင်းမှ အမျိုးသားတစ်ဦးသေဆုံးမှု မိသားစုမှ သက်ဆိုင်ရာအလောင်းရင်ခွဲရုံရောက်မှသာသိရှိခဲ့ရကြောင်း သေဆုံးသူ၏ဇနီးက ပြောသည်။ မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီ ခွဲခန့်တွင် ခရမ်းမြို့ (၁)ရပ်ကွက်၌ နေထိုင်သော မစံပယ်မှ ၎င်း၏အမျိုးသား အသက် ၄၁နှစ်ရှိ ကိုဖိုးဇော်မှာ အရက်မူးပြီး သောင်းကျန်းနေသောကြောင့် ရဲစခန်းမှ ထိန်းသိမ်းပေးပါရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့်အပ်နှံခဲ့သည်။

ထိုသို့အပ်နှံပြီးနောက်နေ့နံနက် ၉ နာရီ ကျော် အချိန်တွင်၎င်း၏အမျိုးသားအား ရဲစခန်းမှ ဆိုက်ကား ဖြင့်မြို့နယ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း၊ မြို့နယ် ဆေးရုံ ရင်ခွဲရုံတွင်ထားကြောင်း မောင်ဝမ်းကွဲတော်စပ်သူမှ လာရောက်ပြောကြားသဖြင့်သွားရောက် ကြည့်ရှု ရာ ကိုဖိုးဇော် အားရင်ခွဲရုံတွင်ရင်ခွဲပြီးပြီဟု သေဆုံးသူ၏ဇနီး မစံပယ်မှ ပြောသည်။

လက်တင်အမေရိကတိုက်၏ အကြီးဆုံးလိင်မှုပြပွဲကို ဘရာဇီးတွင် ကျင်းပ



လက်တင်အမေရိကသမိုင်းတွင် အကြီးမားဆုံးလိင်မှုဆိုင်ရာပြပွဲကို ဘရာဇီးနိုင်ငံ ဆာပိုလိုမြို့တော်
တွင် မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ရာ အထူးစည်ကားခဲ့ကြောင်း အေအက်ပီ သတင်းတစ်ပုဒ်က ဆိုသည်။

ထိုပြပွဲတွင် လိင်မှုဆိုင်ရာကိစ္စများကို အသေးစိတ်ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ပြခန်းများ၊
အဖေါ်အချွတ် ကပြဖျော်ဖြေမှုများ ပါဝင်သည့်အပြင် လိင်ထောက်ကူပစ္စည်းများကိုလည်း
ကုမ္ပဏီများက ပြသရောင်းချခဲ့သည်။

မြန်မာပြည်အထက်ပိုင်း လေပြင်းတိုက်နိုင်


မြန်မာနိုင်ငံအထက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်ထိ အကျုံးဝင်တဲ့ မိုးဦးလေဦးကာလမှာ နေ့အပူချိန်တွေ မြင့်တက်တာကြောင့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ် တတ်တယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

208မိုးတိမ်တောင်တွေကြောင့် လေတိုက်နှုန်း ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ ရှိတဲ့ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။

သမီးလေးရွာသားတွေကို စောင့်ရှောက်ပေးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်

သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ်

သမီးလေးကျေးရွာကနေ ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ပေးခဲ့တဲ့ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းဝင်းတခုလုံးကို ဖယ်ရှား ပေးဖို့ ပဲခူးတိုင်း ဆည်မြောင်းဦးစီးဌာနက စာထုတ်လိုက်တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို မိန့်ပါတယ်။

ပဲခူးမြို့နယ်မှာ ရှိတဲ့ အလိုင်နီ ရေလှောင်တမံရဲ့ ပိုင်နက်အတွင်းမှာ ဘုန်းကြီးကျောင်းက ပါနေတာကြောင့် ရွှေ့ပြောင်းခိုင်းတာလို့ ဧပြီ ၁ ရက်နေ့က သက်ဆိုင်ရာက စာထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်းဟာ ၄ ဧကခန့် ကျယ်ဝန်းပြီး စာသင်ကျောင်း အပါအ၀င် သီတင်းသုံးရာ ကျောင်းဆောင် စုစုပေါင်း ၆ ဆောင် ရှိပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းအဖြစ်

မိခင်က စိတ်ဝေဒနာသည်သားကို သတ်လွှစက်နဲ့ အပိုင်းပိုင်းဖြတ်ပြီး အလောင်းဖျောက်


ဒွန်နာ(၆ဝနှစ်)နဲ့ သားဖြစ်သူရမ်ဆေးတို့မှာ ကောင်းမွန်တဲ့ ချစ်ခင်ရင်းနှီးမှု ဆက်ဆံရေးရှိခဲ့ကြပါတယ်။ မိခင်ဒွန်နာကို သက်ဆိုင်ရာက လူသတ်အလောင်းဖျောက် မှုနဲ့ အရေးယူဖမ်းဆီးခဲ့ချိန်မှာတော့ ဒွန်နာတို့နေထိုင်တဲ့ မြို့တစ်ခုကို အံ့သြထိတ်လန့်စရာ သတင်းစကားတစ်ပုဒ်ဖြစ်စေခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိ သားဖြစ်သူရမ်ဆေးကို သတ်ဖြတ်ပြီး အလောင်းကို လွှစက်နဲ့အပိုင်းပိုင်းဖြတ်ကာ အိတ်ငါးအိတ်ထဲထည့် စွန့်ပစ်ဖို့ကြံစည်ခဲ့တဲ့ ဒွန်နာရဲ့လုပ် ရပ်အတွက် အိမ်နီးချင်းတွေက စကားမပြောနိုင်လောက်အောင် ဆွံ့အတုန်လှုပ်နေခဲ့ကြ ပါတယ်။

မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း


သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင်ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့က ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးခန်းမမှာ ကျင်းပတဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမယ့် မိုးရာသီမှာ မြေကွက်လပ်အဖြစ် ရှိမနေစေဖို့ တကယ်ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေကို မြန်မြန် ပြန်ရအောင် အကောင်အထည် ဖော်ပေးသင့်ကြောင်းနဲ့ ဒါမှသာ လယ်သိမ်းခံရတဲ့မိသားစုတွေလည်း ပြန် အဆင်ပြေလာမှာ ဖြစ်ပြီး စပါးလည်း

သန်းခေါင်စာရင်း သပိတ်မှောက် ရင် မှောက်သူသာနစ်နာမယ်လို့ ဝန်ကြီးပြော

ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအမည် နဲ့ ဖြည့်သွင်းခွင့်မရတဲ့ အတွက် သန်းခေါင် စာရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။

မတ်လ ၃၀ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရက ရိုဟင်ဂျာလို့ ဖြည့်သွင်းရေးသားခွင့်မပေးတဲ့ အတွက် ရိုဟင်ဂျာအဖြစ် ထည့်သွင်းလိုသူတွေ က သန်းခေါင်စာရင်း ကောက်ယူတာကို ငြင်းဆန်နေ တာတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ် မေးမြန်း ရာမှာ ဦးရဲထွဋ်က ပြောကြားခဲ့တာပါ။

နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီ ခရီးစဉ်အသေးစိတ်ကို မသိရသေးပါဘူး။

ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်

‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှုကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

တကယ်တမ်းတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါ။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ လျစ်လျူရှုခံထားရသည့် မြို့ပြစီမံကိန်းကြီးတစ်ရပ်ပဲ ဖြစ်ပါသည်။ ရေစီးရေလာ ကောင်းမွန်မှုအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း၏ အကျိုးဆက်ကို ပြည်သူများသာလျှင် ခံစားခဲ့ရပါသည်။

ယခုတော့ ထိုကိစ္စကို သမ္မတဦးသိန်းစိန်က ပြန်လည်ဖော်ထုတ်လိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းကို ယခုနှစ်ဇန်န၀ါရီမှ မေလ ၃၀ ရက်အထိ နိုင်ငံတော်က ဘတ်ဂျက် ၁၂ ဘီလီယံကျော် သုံးစွဲခွင့်ပြု၍ ဆောင်ရွက်ခိုင်းထားသည်။ များပြားသည့် ငွေကြေးများ သုံးစွဲထားသည့် စီမံကိန်းဖြစ်သောကြောင့်

သမီးကလေးရွာသားများ ကရင်ပြည်နယ်တွင် တားဆီးခံရ

                                                              လှည်းကူးက မြေနေရာ ဒုက္ခရောက်နေသူတွေ DKBA နယ်မြေကို ပြောင်းရွှေ့ Photo : RFA
ရန်ကုန်(မဇ္ဈိမ)။ ။ DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာသားများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်း ဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က တားဆီးထားသည်ဟု ယင်းအဖွဲ့နှင့် လိုက်ပါသွားသည့် လူမှုအခြေပြုအဖွဲ့မှ ဦးအောင်လွင်က ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့က DKBA မှ ဗိုလ်မှူးကြီးစောသန်းအောင်နှင့် ဆွေးနွေးလိုသည်ဆိုကာ လာရောက်ခေါ်ယူခြင်းဖြစ်ပြီး သမီးကလေးကျေးရွာသားများနှင့် လူမှုအဖွဲ့အစည်းများက DKBA ဗိုလ်မှူးကြီးကို အစိုးရအဖွဲ့နှင့် မထည့်သဖြင့် အချေအတင် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ဦးအောင်လွှင်ကပြောသည်။

မိုက်ကယ်လ်ဂျက်ဆင် အယ်လ်ဘမ်အသစ် မေလတွင် ထွက်မည်

                      

တစ်ခေတ်တစ်ခါက ပေါ့ပ်ဘုရင်လို့ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ တေးအယ်လ်ဘမ် အသစ်ကို လာမယ့် မေလထဲမှာ ဖြန့်ချိသွားမယ်လို့ နာမည်ကျော် အမေရိကန် တေးထုတ်လုပ်ရေး ကုမ္ပဏီ Epic Records က ကြေညာလိုက်ကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မေလ ၁၃ ရက်နေ့မှာ ထွက်ရှိမယ့် အဲဒီ အယ်လ်ဘမ်ထဲမှာ မိုက်ကယ်လ်ဂျက်ဆင် မကွယ်လွန်ခင်က သီဆိုထားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ဈေးကွက်ထဲကို ထုတ်လုပ်ဖြန့်ချိရခြင်း မရှိသေးတဲ့ သီချင်းရှစ်ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

အဆိုပါ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ အယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းရှစ်ပုဒ်ကို Epic Records ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အယ်လ်အေရိဒ်က မိုက်ကယ်လ် ဂျက်ဆင် ကိုယ်တိုင် အပြည့်အစုံ သီဆိုခဲ့ပြီး အချောသတ် ထုတ်လုပ်ရခြင်း မရှိသေးတဲ့ သီချင်းများစွာထဲကနေ ပိုက်စိပ်တိုက်

အယောင်ဆောင် သတင်းပေး၊ သတင်းယူသူများကို အရေးယူသွားမည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ဆို

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသည် ပြင်ပသတင်းပေး၊ သတင်းရယူသူများကို ခန့်အပ်ထားခြင်း မရှိသဖြင့် အယောင်ဆောင် သတင်းရယူသူ များကို စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီးမြင့်ဦးက ပြောကြားသည်။

အဆိုပါ သတင်းပေး၊ သတင်းယူသူများကို ဌာနအနေနှင့် ခန့်အပ်ထားခြင်း မရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင် များကလည်း သတင်းရယူရာတွင် ယူနီဖောင်း ဝတ်ဖြင့်သာ ဆောင်ရွက်ကြောင်း၊ အရပ်ဝတ်ဖြင့် သတင်းယူရာတွင် သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့မှ သတင်းယူသူများလည်း ပါဝင်ပြီး ယင်းတို့မှာ မိမိတို့ဌာနနှင့် သက်ဆိုင်မှု မရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သမီးလေးရွာသားများကို ရှေ့ဆက်သွားခွင့်မပြုဟု ကရင်ပြည်နယ် နယ်/လုံဝန်ကြီး အမိန့်ထုတ်

ရန်ကုန်(မဇ္ဈိမ)။ ။ DKBA နှင့် လိုက်ပါသွားသော သမီးကလေးကျေးရွာ သားများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးအဖွဲ့က တားဆီးလိုက်ပြီးနောက် ဆက်လက်သွားခွင့်မပြုကြောင်း ကရင်ပြည်နယ်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက အမိန့်ထုတ်လိုက်သည်ဟု ယင်းအဖွဲ့နှင့်လိုက်ပါသွားသည့် လူထုအခြေပြုအဖွဲ့မှ ဦးအောင်လွင်ကပြောသည်။

“ရွာသားတွေကတော့ ဆက်မသွားရဘူးဆိုရင် အဲ့ဒီနေရာမှာပဲနေမယ်လို့ ဆုံးဖြတ်ပြီးတော့ စုဝေးပြီးထိုင်နေကြတယ်” ဟု ညနေ ၃နာရီ ၅၀မိနစ်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးအောင်လွင်က ပြောခြင်းဖြစ်သည်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB