ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာဈေးတွင် ဇန်န၀ါရီ ၂၁
ရက်က ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ခဲ့သော
တရားခုနစ်ဦးအနက် လေးဦး ဖမ်းဆီးရမိကာ သုံးဦးမှာ အဖွဲ့အစည်းတစ်ခုနှင့်
ပတ်သက်နေ၍ သွားရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း မန္တလေးတိုင်း
ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက မတ်လ ၆ ရက်၌ မဇ္ဈိမကို
ပြောသည်။
“မိုးကုတ်ရွှေဆိုင်ဓားပြတိုက်မှုမှာ ပါဝင်တဲ့ တရားခံလေးဦးကို
ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။ ဆက်စပ်တဲ့ တရားခံတွေကိုတော့ ဖမ်းဆီးဖို့အတွက်
အနီးဝန်းကျင်မှာ တိုက်ပွဲငယ်တွေ ဖြစ်နေတဲ့အတွက် တရားခံကို
သွားရောက်ဖမ်းဆီးဖို့ မဖြစ်နိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးရမိသည့် တရားခံလေးဦးအား စစ်ဆေးမေးမြန်းလျက်ရှိကာ လက်ရှိအချိန်တွင် ဓားပြများထံမှ ရွှေ ထည်ပစ္စည်းအားလုံးနှင့် လက်နက်များကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။ သို့အတွက် ဖမ်းဆီးရမိသည့် တရားခံများအား ထိရောက်သော ပြစ်ဒဏ်ပေးနိုင်ရေးအတွက် သက်သေခံပစ္စည်းများ ရှာဖွေမှုကို ဆက် တိုက် လုပ်ဆောင်နေသည်။