Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Mar292014
ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ
                               ပုံစာ - ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်ရှေ့တွင် ဒေါက်တာမြင့်သိန်းမှ မီဒီယာများအား ရှင်းလင်းပြောကြားစဉ်။
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၀ီတိုရိယဆေရုံးတွင် ဆေးဝါး ကုသနေရာမှ သက်သာမှု မရှိ ရန်ကုန် ဆေးရုံကြီးတွင် မတ်လ 29 ရက်နေ့ 12 ၀န်ကျင်းခန့်က ပြောင်းရွှေ့ ကုသနေကြောင်း သိရသည်။
ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာမြင့်သိန်းက “အန်ကယ်၏ အခုအခြေအနေအရ အသက်ရှုရပ်တတ်တာပေါ့၊ အသက်ရပ်တက်တော့ ပါးစပ်ထဲက ပိုက်ထည့်ထားရတယ်။ အဲဒီအခါကျတော့ လေကထွက်မှာစိုးတော့ သူ့ကိုငြိမ်အောင် ဆေးသွင်း ထားတယ်။ သွားကြည့်တော့ လှုပ်ချင်မှလှုပ်လိမ့်မယ်၊ အဲဒါကို သိပ်ကြောက်စရာမလိုဘူး။
Mar292014
ပွဲကြည့်ပြီးပြန်လာသူများအား ဓါးဖြင့်ထိုးပြီး ၀ိုင်းဝန်ရိုက်နှက်ကြသူများကို အရေးယူ
၂၈.၃.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန် ကွမ်းခြံကုန်းမြို့နယ်နေသူများဖြစ်သည့် ရှိုင်းကိုဦး (ဘ)ဦးကြည်လွင်ဦးနှင့် အစ်ကိုဝမ်းကွဲတော်စပ်သူ ဖြိုးအောင် (ဘ)ဦးဝင်းရွှေပါသူငယ်ချင်း(၅)ဦးတို့သည် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံ
ကျေးရွာ၌ ပွဲကြည့်ပြီးပြန်လာစဉ် သမကုန်းကားဂိတ်အနီးအရောက် ရဲလွင်ဦး
(ခ)မုန်တိုင်းပါ(၆)ဦးတို့မှ ၎င်းတို့အား “စောစောကငါတို့ကိုလုပ်သွားတာ
လား” ဟုပြောဆိုပြီး မုန်းတိုင်း(ခ)ရဲလွင်ဦးမှ ဓါးဖြင့်ထိုးကာ ကျန်သူများမှ ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြသဖြင့် ရှိုင်းကိုဦးတွင် ယာမျက်လုံးဖူးရောင်၊ ယာနဖူးရောင်၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဖြိုးအောင်
တွင် ယာမျက်လုံးအထက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာမျက်လုံးဖူရောင် ဒဏ်ရာများရရှိခဲ့ကြကာ လှိုင်သာယာဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး
သို့ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရကြောင်း သိရှိရပါသည်။
Mar292014
မူးယစ်ဆေးဝါး၊ လက်ပစ်ဗုံးနှင့် ကျည်ဆံများ ဖမ်းဆီးရမိ
၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ တမံဦး မုခ်ဝတွင် ရွာပြင်ပတ်လမ်းအတိုင်းမောင်းနှင်လာသည့် ၂၉ယ/xxxxxWave-110 အစိမ်းရောင်ဆိုင်ကယ်အား စစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရွှေတောင်ရပ်ကွက်နေ ဖေအေး(ခ)ထွန်းပါ(၄၂)နှစ်ဖြစ်ကြောင်း သိရှိရပြီး
Mar292014
သံဃာအယောင်ဆောင်သူ အရေးယူ
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် မီးရထားဘူတာ ကြီးများတွင် သံဃာအယောင်ဆောင်(၁)ဦး ကျင်လည်ကျက်စားသွားလာနေကြောင်း သတင်းအရ နေပြည်တော်၊ ပျဉ်းမနားဘူတာအတွင်း ရထားရဲတပ်ဖွဲ့၊ အမှတ်(၉)တပ်ခွဲ(နေပြည်တော်)၊ တပ်စု(၂) တပ်စုမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ရထားစီးရန်စောင့်နေသည့် မသင်္ကာဖွယ် သံဃာ(၁)ပါးအား တွေ့ရှိသဖြင့်မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာရပ်ကွက်နေ ဘုကြီး(ခ)ရဟန်းတု(ခ) ကျော်စိုးအောင်(၄၃)နှစ် ဖြစ်ကြောင်းနှင့်
Mar292014
ခါးသျှိကျေးရွာတွင် မူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူရရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရိုးမှတန့်ယန်းမြို့သို့သွားသည့် ကားလမ်းနဘေးတွင်ရှိသော ခါးသျှိကျေးရွာတွင် မူးယစ်ဆေးဝါးများပေါများစွာ ရရှိနေသောကြောင့် ကျေးရွာအတွင်းရှိ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲနေသူ များပြားလျှက်ရှိကြောင်း သတင်းရရှိသည်။
“ကျွန်တော့်မှာသားသမီး(၃)ယောက်ရှိပြီး သားယောင်္ကျားလေးက တစ်ယောက်တည်းပါပါတယ်။ သားယောင်္ကျားလေးက ဆေးစွဲနေတာမို့ အဝေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေရှိရာကို ဆေးဖြတ်ဖို့အတွက် ပို့ထားရပါတယ်။ အခုအချိန်မှာ မူးယစ်ဆေးပြတ်သွားပေမဲ့ ရွာကိုပြန်မခေါ်ရဲသေးဘူး။ ရွာမှာကမူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူဝယ်ယူသုံးစွဲလို့ ရနေတာကြောင့် ရွာပြန်မခေါ်ရဲတာပါ”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
Mar292014
ရန်ကုန်မြို့နယ်အချို့၌ သန်းခေါင်စာရင်းကောက်ယူမှုစတင်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၌ ယနေ့ညသန်းခေါင်းယံအချိန်တွင် သန်းခေါင်စာရင်းကောက်ယူမှုစတင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာက လော်စပီကာနှင့်အော်၍ လိုက်လံနှိုးဆော်နေသည်
ထိုသို့သန်းခေါင်စာရင်းကောက်ယူချိန်တွင်ကောက်ယူသူများမေးမြန်းမှုများကိုကူညီဖြေကြားပေးပါရန် မေတ္တာရပ်ခံကြောင်း နှိုးဆော်သူကပြောသည်။
သန်းခေါင်စာရင်းကောက်ယူရန်အတွက် ယမန်နေ့ညပိုင်းအချိန်ခန့်က တည်းက မတ်လ ၂၉ ရက်ညအိပ်သူများစာရင်းဖြည့်ရန်မေတ္တာရပ်ခံပါသည်ဟုခေါင်းစဉ်တပ်ထားသည့် ဖြည့်စွပ်ရမည့်ဇယားပါ စာရွက်အဖြူ ဖြတ်ပိုင်းများကို အိမ်ထောင်စုတိုင်းသို့ ဝေငှထားကြောင်း လှည်းတန်းတွင်နေထိုင်သူတစ်ဦးကပြောသည်။
Mar292014
သမ္မတ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီများနဲ့တွေ့
                                             ဦးသိန်းစိန် က နိုင်ငံရေးပါတီများနဲ့တွေ့
 ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးမှာ သမ္မတ ဦးသိန်းစိန် နဲ့ နိုင်ငံရေး ပါတီ ၆၂ ပါတီ မှ ကိုယ်စားလှယ် ခေါင်းဆောင် ၁၇၉ ဦး တွေ့ဆုံ ကြ ပါတယ်။ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အပစ်အခတ် ရပ်ဆဲရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ် တွေ အပြန်အလှန် ဆွေးနွေးကြပါတယ်။
ဒီအခါမှာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ နိုင်ငံရေး ပါတီတွေ နဲ့ သဘောထားချင်းတူ တဲ့ အချက်တွေ ကို ပေါင်းလုပ်မယ် လို့ သမ္မတ က ပြောပါတယ်။ တိုင်းရင်းသား ပါတီ တွေ ဘက်ကလည်း ၂၀၁၅ ခု ရွေးကောက်ပွဲ တရားမျှတမှု ရှိဖို့၊ တန်းတူ ညီမျှမှု ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ဖယ်ဒရယ် စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက် လာရေး တို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
Mar292014
အခြေခံဥပဒေ ပြင်ရန် စောသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံရေး ပါတီများက ဆောင်ရွက်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စရပ်မှာ အချိန် စောနေသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောင်အအုံတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲတွင် ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ အချိန်စောသေးကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံကြောင့်သာ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် ရှိနေခြင်းဖြစ်ပြီး ဆန္ဒစောမိပါက တည်ငြိမ်မှု ပျက်သွားနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခြင်း ဖြစ်ပြီး ယင်းသို့ ပြောကြားမှုကို နိုင်ငံရေး ပါတီခေါင်းဆောင်များက သဘော မတူကြောင်း အသီးသီး တုန့်ပြန်ပြောကြားသည်။
Mar292014
နိုင်ငံရေးဆွေးနွေးပွဲကြီး ပြုလုပ် သွားမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောကြား
ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင် ငံရေးဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အဦမှာ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအခမ်းအနား အဖွင့်မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့တာပါ။
“အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အခြေခံကျတဲ့ နိုင်ငံရေးပြဿနာတွေ ကို ဖြေရှင်းရမယ်ဆိုတာကို အားလုံး သဘောပေါက်ကြပြီး ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းရင်းသာတွေရဲ့ တန်းတူရေးဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံ တဲ့ ပြည်ထောင်စု
Mar292014
ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ဆိုးရွား
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဝိတိုရိယဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံနေရပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ လက်ရှိဆေးကုနေတဲ့ အခြေအနေကို မိသားစုဝင်တစ်ဦးဖြစ်သူ မယဉ်ယဉ်ထွန်းက ပြောပါတယ်။
"မနေ့က အဆုတ်က attack ရတဲ့သဘောပေါ့၊ အခုကတော့ မေ့ဆေးတွေဘာတွေ ပေးထားပြီးတော့ အသက်ရှုတဲ့ပိုက်တွေထည့်ပြီး ဘဘသက်သာအောင် လုပ်ပေးထားတာပေါ့"
Mar292014
ရဲတပ်ဖွဲ့ ဝင်များပစ်သက်ခဲ့ပြီးနောက်သေဆုံးသူ၏ အလောင်းကိုဖုံးဖိထားရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့
ရှိနိုင်ငံခြားအိုင်အမ်ဂျီအို အဖွဲ့အစည်းတစ်ခုမှနိုင်ငံခြားသူ တစ်ဦးမှသာသနာ့အလံအားဖြုတ်ယူသောကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရသည်။ မာလ်တေဇာရုံးမှ တာဝန်ခံအမျိုးသမီးက အလံလွှင့်ထူကို ဖြုတ်ယူသောကြောင့် ဒေသခံပြည်သူများက မကျေမနပ်ဖြစ်ပြီး
ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်းဖြစ်သည်။
Mar292014
ရန်ကုန်မြို့လယ် ရွှေလင်ဗန်းစားသောက်ဆိုင် ဓာတ်ဆီပက်မီးရှို့
ကျောက်တံတားမြို့နယ် အမှတ် (၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း ၄၀ အလယ်ဘလောက် ထောင့်တွင် ဖွင့်လှစ်ထားသော ရွှေလင်ဗန်း စားသောက်ဆိုင်တွင် မတ်လ ၂၈ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က စားသောက်ဆိုင် ခြံစည်းရိုး အုတ်နံရံနှင့် မီးဖိုချောင် အုတ်နံရံကြားကို လူတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
ရွှေလင်ဗန်း စားသောက်ဆိုင်၏ စားဖိုဆောင်နံရံနှင့် လမ်းဘေး အုတ်တံတိုင်းကြားတွင် ယင်းနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးက နှစ်ဂါလန်ဆံ့ ပလတ်စတစ်ပုံး အဝတွင် အဝတ်စဆို့ကာ စားဖိုဆောင်နံရံကို ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် စားဖိုဆောင်၏ အုတ်နံရံနှင့် မျက်နှာကြက်တို့ မီးလောင်ခဲ့ကြောင်း စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
Mar292014
ဦးဝင်တင် ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသခံနေရ
                                                                                             ဓာတ်ပုံ - ကိုကိုကြီး
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်ဟာ သွေးအတက်အကျ မြန်နေတဲ့ အတွက် မတ်လ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ခွဲစိတ်မှု ခံယူနေရပါတယ်။
အကြောညပ်ဝေဒနာ ကုသဖို့အတွက် မတ်လ ၁၃ ရက်ကတည်းက Green Cross ဆေးရုံ တက်ရောက်ခဲ့ ရပြီး အူပိတ်ဝေဒနာပါ ဆက်လက်ခံစားရခဲ့လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ၀ိတိုရိယဆေးရုံ ပြောင်းတက်ခဲ့ ရပါတယ်။
အဲ့ဒီ ဆေးရုံတက်နေရင်း အဆုတ်က လေထွက်ပြီး သွေးအတက်အကျ မြန်လာလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ခွဲစိတ်ကုသနေရတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
Mar292014
ငွေကြေးအလွဲသုံးမှု တသက်တကျွန်း ပြစ်ဒဏ်ချ
ဓာတ်မြေသြဇာဖိုး ကျပ်ငွေ သိန်း ၂၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကွေးတိုင်း မင်းဘူးခရိုင် တရားရုံးကနေ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးလှဌေးကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ အစိုးရ သတင်းစဉ် ဖော်ပြချက်အရ သိရပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း၊ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်အပြီးမှာ အများပြည်သူပိုင် ငွေကြေး အလွဲသုံးမှုနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး ၁ ယောက်ကို ခုလို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်တဲ့ သတင်း ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
By ဒီဗွီဘီ
Mar292014
ဆူပူဆုံးမခဲ့သည့် ဦးလေးကို တူဖြစ်သူက ဓါးဖြင့်ထိုး၍ သေဆုံး
၂၈.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦး သေဆုံးရောက်ရှိ လာကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုအောင်ထွေး၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ဇံဖြူ ၊ (၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူဖြစ်ပြီး ၀ဲဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၂၁၀၀ အချိန်ခန့်က သေဆုံးသူ ကိုအောင်ထွေးသည် တစ်ဝင်းတည်းအတူနေ တူဖြစ်သူ နိုင်လင်းထိန်၊ (၁၆)နှစ်၊(ဘ)ဦးမင်းမင်းဦးမှာ သူငယ်ချင်းများနှင့်စကားများပြီး နေအိမ်သို့ပြန်လာသည်ကိုသိရှိရသဖြင့် ဆူပူကြိမ်းမောင်း ခဲ့ကြောင်း၊ ထိုသို့ကြိမ်းမောင်းသည်ကို တူဖြစ်သူ နိုင်လင်းထိန်မှ မကျေနပ်သဖြင့် ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့ပြီး
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB