မြန်မာနိုင်ငံ အနေနဲ့ မြန်မာသံ
သီချင်းတွေကို သီဆိုတဲ့သူ လက်ချိုး ရေလို့ ရလောက်ပါတယ်။ မြန်မာသံ တစ်ခေတ်
ရှိခဲ့ပေမယ့် အခုအချိန်မှာ တော့ မြန်မာသံက စတူ ဒီယိုလောက်
သိပ်ပြီးပေါ်ပေါ်ထင်ထင် မရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာသံကို မျိုးရိုးစဉ်
ဆက်လက် ကိုင်ထားသူတွေ လည်း အခု ထိ ရှိနေပါတယ်။ ရုပ်ရှင်မင်းသား၊ စာရေးဆရာ
ဦးသုမောင်ရဲ့ သားဖြစ် သူ ဖိုးသောကြာက သူ့အဖေ ရဲ့ သီချင်းတွေကို
ပြန်အသက်သွင်း ဖို့ စီစဉ်နေပါတယ်။ စီးရီး တိုင်တယ်ကိုလည်း “မင်းဘာလဲ၊
ငါဘာလဲ” လို့ ပေးထားကြောင်း ဖိုးသောကြာက ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး
ဖိုးသောကြာ က “အဖေ ဆိုခဲ့တဲ့ သီချင်းတွေ တော်တော် များများ ရှိတာပေါ့နော်။
အဲဒါတွေ ကနေလိုက်ဖက်မယ့် သီချင်းတွေ ကို စုစည်းပြီး ပြန်ထုတ်ဖို့
စီစဉ်နေတယ်။ စီးရီးတိုင်တယ်က “မင်းဘာလဲ၊ ငါဘာလဲ” ပေါ့။ ဒါကလည်း အဖေ့
ရဲ့သီချင်းပါ။ ဒါကို သင်္ကြန် မတိုင်ခင်ထွက်နိုင်ဖို့ စီစဉ်တာ ပါပဲ။
အမှုကို တာမွေမြို့နယ်နေသူ ကိုကျော်ထင်ဦး (၂၈)နှစ်၊ အလူမီနီယံ အလုပ်သမားဖြစ်သူက တိုင်တန်း ထားခြင်း ဖြစ်သည်။
မတ်လ ၁၂ ရက်ည ၁၁ နာရီခွဲက ကိုကျော်ထင်ဦးနှင့်အတူ အသက် ၂၀ နှစ်
ဝန်းကျင်ရှိ အလူမီနီယံ လုပ် သား သုံးဦးသည် စစ်ဆေးဆဲဖြစ်သည့် သီဟ၊
ဘိုတိုးတို့ နှင့်အတူ သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင်
အရက်သောက်ခဲ့ကြသည်ဟု ဆိုသည်။
ထို့နောက် ဘိုတိုးနှင့် ချစ်စမ်းမောင်တို့မှ အရင်ပြန်သွားပြီး
၅မိနစ်အကြာတွင် တရားလိုပါ လေးဦးမှာလည်း ပြန်ခဲ့ကြသည်ဟု ရဲစခန်းတွင်
ထွက်ဆိုထားသည်။ ထို့နောက် ၀င်းထက်အောင်က အရင်ဆုံးပြန်သွား သည့်
ချစ်စမ်းမောင်အား ဖုန်းဆက်ပြီး စောင့်ခိုင်းသဖြင့် ဖုန်းဖြင့် ပြန်ဆဲစဉ်
လမ်းဘေးတွင်ထိုင်နေသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က
၎င်းတို့ကို ဆဲသည်ထင်ကာ ရန်စကားများပြောသဖြင့်နောက် မှရောက်လာသည့်
ကိုကျော်ထင်ဦးတို့အဖွဲ့နှင့် အခြေအတင် စကားများခဲ့ကြသည်ဟု တရားလိုဘက်က
ထွက်ဆို ထားသည်။