Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

Mar272014

ရခိုင်က INGO ဝန်ထမ်းတွေ ရန်ကုန် ပြန်မယ်

ရခိုင် ပြည်နယ်က နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်း တွေရဲ့ ဌာနေရုံးတွေ တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် ဝန်ထမ်းတွေကို အဖွဲ့အစည်း အသီးသီးက အမြန်ဆုံး ပြန်ခေါ်ဖို့ စီစဉ်နေပါ တယ်။

လူအုပ်နဲ့ ဝိုင်းဝန်း တိုက်ခိုက် ခံနေရချိန်မှာ အဲဒိ အဖွဲ့အစည်း တွေမှာ တာဝန် ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေကို ရဲစခန်းတွေမှာ ယာယီ အကာ အကွယ် ပေးထား ခဲ့ရပါတယ်။

စုစုပေါင်း အဖွဲ့အစည်း ၉ ခုက နိုင်ငံခြားသား ဝန်ထမ်း ၃၂ ယောက်နဲ့ မြန်မာ ဝန်ထမ်း ၃၉ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အခုချိန်ထိ လူ ဆယ်ဂဏန်း လောက် ထိန်းသိမ်း ခံထားရပြီး အခြေအနေကို ထိန်းသိမ်းရာမှာ ဒဏ်ရာရသူ တွေလဲ ရှိခဲ့တယ်လို့ သိရပါတယ်။

Mar272014

စစ်တွေ မငြိမ်သက်မှု လူစုခွဲရာ တစ်ယောက် သေဆုံး

                                                                        စစ်တွေက ပြန်လာတဲ့ အန်ဂျီအို အဖွဲ့တွေ ရန်ကုန်လေဆိပ်ကို ရောက်လာ
 စစ်တွေမှာ မြို့မှာ ဖြစ်ခဲ့တဲ့ မငြိမ်မသက် ဖြစ်မှုကြောင့် ရဲတွေက ခြောက်လှန့် ပစ်ခတ် လူစုခွဲရာမှာ အသက် ၁၁ နှစ် အရွယ် ကလေးမ တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့က အန်ဂျီအို ဝန်ထမ်း နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်တယ် ဆိုပြီး အန်ဂျီအို ရုံးတွေကို စစ်တွေ ဒေသခံ တွေက ခဲတွေ တုတ်တွေနဲ့ ဝိုင်းဝန်း ဖြိုဖျက် တိုက်ခိုက်ခဲ့ ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထား ပါတယ်။
Mar272014

ရခိုင်ပြည်နယ်တွင်း အန်ဂျီအိုများကို အစိုးရ အကာအကွယ်ပေးရန် ယူအန်တောင်းဆို

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်း စာနာမှုအကူအညီပေးရေး လုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အသိုင်းအဝိုင်းများကို မြန်မာအစိုးရအနေဖြင့် အကူအညီပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စများ ညှိနှိုင်းရေးအရာရှိ မစ္စတာ Toily Kurbanovက စစ်တွေမြို့တွင် ၂၆ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှု နှင့် ပတ်သက်၍ ကြေငြာချက် ထုတ်ပြန်လိုက်သည်။

"ကုလသမဂ္ဂနှင့် အခြားမိတ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ဘဝများကို ကယ်တင်လျှက်ရှိသော လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။" "အာဏာပိုင်များ အနေဖြင့် သင့်တော်မည့် တုံ့ပြန်မှုကို လုပ်ဆောင်ရန်နှင့် အပြစ်ကျူးလွန်သူများ တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်ရန် ကျွန်တော်တို့ တိုက်တွန်းအပ်ပါသည်"ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Mar272014

တပ်မတော်က စစ်ရေးလေ့ကျင့်မှုများအား ပွင့်လင်းစွာ သတင်းထုတ်ပြန်လာ

                                      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်(ရေ) အမည်များဖြင့် ဖွင့်လှစ်ထားသော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်    
                                                                                    စာမျက်နှာများပေါ်တွင် ဖော်ပြထားသည့်      စစ်ရေးလေ့ကျင့်မှု  
                                                                                    မှတ်တမ်းတင်ဓာတ်ပုံအချို့အားတွေ့ရစဉ်။ အချို့အားတွေ့ရစဉ်။

 မြန်မာ့တပ်မတော်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင်မှုများကို အစိုးရပိုင်ရုပ်သံမီဒီယာများ
နှင့် သတင်းစာများသာမက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်
ဖော်ပြမှုများ တွေ့ရှိလာရသော်လည်း စစ်တပ်၏အခြေအနေအမှန်ကို သုံးသပ်နိုင်ရန် ခက်ခဲနေသေး
ကြောင်း လေ့လာသူများက ပြောကြားကြသည်။

"ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ခဲ့တဲ့၊ တိုင်းရင်းသားဒေသတွေမှာရှိတဲ့
အရပ်သားတွေအပေါ်မှာ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုလုပ်ခဲ့တဲ့ တပ်မတော်
ဆိုတာမျိုး သူတို့မလိုလားဘူး။ ဒါကြောင့် ပိုကောင်းတဲ့ ပုံရိပ်မျိုးရအောင် သူတို့ကိုယ်တိုင် မြှင့်တင်
လာတယ်လို့ထင်တယ်"ဟု မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာ
က ပြောသည်။
Mar272014

တပ်မတော်အခန်းကဏ္ဍ ဆက်လက် ရှိရမည်ဟု ဦးသိန်းစိန် ပြောကြား

                                         သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်၌ မတ်လ ၂၆ ရက်နေ့က မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ/ရဲအောင်သူ

 နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံးရေးအတွက် တပ်မတော်သည် ခေတ်မီတောင့်တင်းခိုင်မာရန်
လိုအပ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင်လည်း တပ်မတော်၏ အခန်းကဏ္ဍ
ဆက်လက်ရှိနေရဦးမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ၎င်းတာဝန်ထမ်းဆောင်မှု သက်တမ်း
သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း
ပြောကြားခဲ့သည်။

"နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့
အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦး
မှာဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က ပြောသည်။

ထို့ပြင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းဖြင့် ညှိနှိုင်း အဖြေရှာသည့် စားပွဲဝိုင်းများတွင်
တပ်မတော် ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပြီး တပ်မတော်အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း
လျှော့ချရန် ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ရရှိလာမှုအပေါ် ချိန်ဆ ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
Mar272014

ပြည်သူကိုအမိအဖအဖြစ် သဘောထားဖို့ ကာချုပ် ပြော

                               (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။  
                                                                                                                   (၃-၂၇-၁၄) 

 ၆၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ စစ်ရေးပြကွင်းမှာ ဒီကနေ့မနက် အစောပိုင်းက ပြုလုပ်ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ "တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ" ဆိုပြီး စစ်အစိုးရကာလ တလျှောက်လုံး သုံးစွဲလာတဲ့ စကားလုံးအစား၊ ပြည်သူကို အမိအဖလို သဘောထားပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုသွားပါတယ်။ မိန့်ခွန်းပါ ထူးခြားချက်တွေနဲ့ ပတ်သက်လို့တော့ နေပြည်တော် စစ်ရေး အခမ်းအနားကို တက်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

တပ်မတော်အကြီးအကဲဟောင်း သုံးဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေကို ကောက်နှုတ်ပြီးတော့ မြန်မာ့ တပ်မတော်အနေနဲ့ ပြည်သူကို အမိ၊ အဖ သဖွယ် သဘောထားဖို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထူးထူးခြားခြားထည့်သွင်း ပြောဆိုသွားတာ သတိထား မိပါတယ်။ နောက်ပြီးတော့ မြန်မာ့တပ်မတော်ဟာ
Mar272014

စစ်အာဏာသိမ်းမှု ကာချုပ် ပြောဆိုချက် စစ်တပ်သဘောထား မပြောင်းသေးကြောင်းပြသ

၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှု ဖြစ်ရပ်တွေမှာ တပ်မတော်ဟာ နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်ပေးခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို သွားတာကိုကြည့်ရင် အရင်စစ်အစိုးရ လက်ထက်ကလိုပဲ စစ်တပ်ရဲ့ အခြေခံ သဘောတရား မပြောင်းလဲဘူးဆိုတာ ထင်ရှားနေတယ်လို့ နိုင်ငံရေး သမားတချို့က သုံးသပ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကို အကြောင်းပြချက်ပေးတာ သက်သက်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးမှာပါ။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ်တွေက စစ်တပ်က လူထုအာဏာသိမ်းခဲ့တဲ့ အပေါ်မှာ ဒါဟာ တပ်မတော်က နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်ပေးခဲ့ တာဖြစ်တယ်လို့ သူ့ရဲ့ တပ်မတော်နေ့ မိန့်ခွန်းတွင်း ထည့်သွင်း ပြောသွားခဲ့တာပါ။

" ၁၉၈၈ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အန္တရာယ်ကြီးမားလှတဲ့ အရေးကိစ္စတွေမှာ တပ်မတော်ဟာ နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။"
Mar272014

ပါတီဝင် တစ်ထောင်နီးပါး နှုတ်ထွက်

ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီရဲ့ မိုင်းတုံမြို့နယ်က ပါတီဝင် ၁၀၀၀ နီးပါးဟာ SNDP ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ဖြစ်ကြောင်း ဒီနေ့ တောင်ကြီးမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှုတ်ထွက်လိုက်ကြသူတွေထဲမှာ လက်ရှိ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ပါဝင်ပါတယ်။ SNDP ပါတီဝင် အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက နှုတ်ထွက်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

"မိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးပါ၊ ကျနော့်မြို့နယ်ကတော့ ပါတီဝင်အင်အား ၁ ထောင်နီနီးရှိပါတယ်၊ အဓိကကတော့ ကျနော်တို့ ပါတီနှစ်ခုပူးပေါင်းဖို့ ဖိအားပေးတာပါ"
Mar272014

ဘ၀တစ်ခုလုံးကို ပြောင်းလဲပေးဖို့ အချိန်တစ်နာရီပဲ လိုအပ်တယ်

ကလေးငယ်တစ်ဦးအား ခွဲစိတ်၊ပြုပြင်ပေးရန် ခွဲစိတ်ခန်းအတွင်း ပြင်ဆင်နေကြသည့် ဆရာဝန်များ။ ဓာတ်ပုံ - ဖီရိုနာကလေးငယ်တစ်ဦးအား ခွဲစိတ်၊ ပုပြင်ပေးရန် ခွဲစိတ်ခန်းအတွင်း ပြင်ဆင်နေကြသည့် ဆရာဝန်များ။ ဓာတ်ပုံ - ဖီရိုနာ
ရခိုင်ပြည်နယ်အတွင်း ဆရာဝန်များက ယာယီ ဆေးခန်းဖွင့်လှစ်ပြီး ခွဲစိတ်ကုသပေးမှုကြောင့်
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာ ရနေသည့် ကလေးမိဘများအနေဖြင့်သူတို့ရဲ့
သားသမီးကလေးတွေ လူတန်းစေ့ နေထိုင်နိုင်ကြတော့မယ်လို့ မျှော်လင့်လျက်ရှိကြပြီ။ အပြစ်
ကင်းစင်စွာ မွေးဖွားပြီး လူလောကထဲကို ရောက်လာတဲ့ ကလေးငယ်တစ်ဦးကို ၀မ်းပန်းတသာ
လက်ခံကြိုဆိုပေးနိုင်ဖို့ လူအများက ကလေးငယ်လေးရဲ့ နှလုံးသားထက် မျက်နှာကို အရင်ကြည့်
ပြီးမှ ဆုံးဖြတ်ကြပါလိမ့်မယ်။

တကယ်လို့သာ ကြောက်စရာကောင်းတဲ့ မျက်နှာတစ်ခုနဲ့သာ မွေးဖွားလာခဲ့မယ်ဆိုရင် ထိုကလေး
အတွက် ဘ၀ရဲ့ကံကြမ္မာက ဆိုးဝါးလွန်းလှပါတယ်။

အချိန်မီသာခွဲစိတ်မကုသခဲ့ရင် ကလေးငယ်ရဲ့ ဘ၀တစ်လျှောက်လုံးဟာ ပတ်ဝန်းကျင်ကို ၀င်ဆံ့ဖို့
အပေါင်းသင်းရှားလာပြီး ဆက်ဆံရေးမှာ အခက်အခဲများ ရင်ဆိုင်လာရနိုင်ပါတယ်။
Mar272014

Ei Chaw Po - Myanmar Actress Studio Photoshoot

                                  Studio photoshoots of Myanmar Actress Ei Chaw Po.
Mar272014

Miss Tourism Myanmar 2011: Model Khin Yupa

Myanmar Miss Tourism 2011 : Model Khin Yupa

Mar272014

Khin Yupa: Pretty Burmese Girl in Hottie Mini Dress

Myanmar Pretty Model Girl: Khin Yupa


Mar272014

စစ်တွေ အိုင်အန်ဂျီအိုရုံးများကို မြို့ခံရာချီ ခဲဖြင့်ဝိုင်းပေါက်

                                                                                                          မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) ရုံးတွေကို ရာနဲ့ချီတဲ့ မြို့ခံတွေက မတ် ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ခဲတွေနဲ့ ၀ိုင်းဝန်း ပစ်ပေါက်နေတယ်လို့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

“အန်ဂျီအိုတွေ ငှားထားတဲ့ အိမ်တွေပေါ့နော်။ သူတို့ ကတော့ အကြိမ်ကြိမ်ခေါ်ပြီး ဒါတွေကိုမငှား ပါနဲ့လို့ မေတ္တာရပ်ခံ ထားတယ်တဲ့။ အခုငှားထားတဲ့အိမ်တွေ ၃ နေရာလောက်ကို လမ်းတွေ ပိတ်ချတယ်။ လူအင်အား ၁၀၀ လောက်ရှိမယ့် အဖွဲတွေက ၃ နေရာလောက်ခွဲပြီး ခဲနဲ့ ထုကြတာ။ ကျနော်တို့လည်း မကပ်နိုင်ပါဘူး၊ အဝေးကပဲ လမ်းပိတ်ထားတာ မြင်ရတာ။”

ရဲတပ်ဖွဲ့ဝင် အင်အားနည်းတာကြောင့် ခဲနဲ့ ပေါက်နေတာကို မဟန့်တားနိုင်ဘဲ နောက်ထပ် လူတွေ ၀င်မလာနိုင်အောင် လမ်းပိတ်ဆို့ထားတာ တွေ့ခဲ့ရတယ်လို့လဲ ပြောပါတယ်။

Mar272014

စစ်တွေမြို့တွင် ညမထွက်အချိန်တိုးမြှင့်



(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄) / မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယနေ့မှ စ၍ ည ၆ နာရီမှ နံနက် ၆ နာရီထိ အချိန် တိုးမြှင့်လိုက်သည်။

ယခင်က ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရဟု အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။

ယနေ့ထုတ်ပြန်လိုက်သည့် အမိန့်မှာ ယခင်ကထုတ်ပြန်ထားသည့်အမိန့်ကို ထပ်ပြီး အချိန် တိုးလိုက်ခြင်းဖြစ်ကြောင်း စစ် တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဦးသာပွင့်ကဆိုသည်။

“ ဟုတ်တယ်။ အရင်ရှိပြီးသား အချိန်ကို ထပ်တိုးလိုက်တာဖြစ်တယ်။ မနေ့ကအထိရှိနေတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီကို အခု  ည ၆ နာရီကနေ နံနက် ၆ နာရီအထိတိုးလိုက်တာဖြစ်တယ်။”
Mar272014

လက်ထိတ်၊ သံကြိုးတန်းလန်းနှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင်သစ်အား အချုပ်ခန်းပြန်ပို့

ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)

ရိုက်ကူးခြင်း မပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်း မိတ္တူ ပျောက်ဆုံးမှုဖြင့် တရားစွဲ ခံထား ရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်ထား သည့်ပုံ  ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်  အဆိုတော်CobraကိုLaser World ကုမ္ပဏီက  တရားစွဲ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 အဆိုပါအမျိုးသမီးသည် Laser World ကုမ္ပဏီရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့်သူ ဖြစ်သည်။

အဆိုတော် Cobraသည် မတ်လ၂၄ရက်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်နှောင်ခံထားရကာ ဆေးရုံခုတင်ပေါ်၌လဲလျောင်းနေသည့် သရုပ်ဆောင်အမျိုးသမီးပုံကိုတင်ကာ Laser World ကုမ္ပဏီပိုင်ရှင်နှင့်  ရဲဝန်ထမ်းများ  တရားမျှတမှုမရှိကြောင်းရေးသားထားသည်။
Mar272014

ပျောက်ဆုံးသူ ဆေးကျောင်းသားကို သေဆုံးလျက်တွေ့ရှိ

                                                                                 ပျောက်ဆုံးနေသည့် မောင်ဇော်မြတ်ထွဋ်၊(၂၁)နှစ်၊ ဆေးတက္ကသိုလ်(၁)ကျောင်းသား၊


၂၆.၃.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်တွင် ဒဂုံမြောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် ငမိုးရိပ်ချောင်းကမ်းစပ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အသက်(၂၀)ကျော်ခန့်အမျိုးသား ဖြစ်ပြီး ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ ရေနစ်သည့် လက္ခဏာဖြင့် သေဆုံး နေသည်ကို တွေ့ရှိရပါသည်။

ထိုသို့တွေ့ရှိရသော သေဆုံးအမျိုးသားနှင့် ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ပြီး ဆေးကျောင်းသားတစ်ဦး ပျောက်ဆုံးနေမှုကို ဗိုလ်တထောင်မြို့မရဲစခန်း၌ လူပျောက်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ ဆက်သွယ်အကြောင်းကြားခဲ့ကာ စိစစ်အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

Mar272014

ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့၍ (၂၄)ဦးဒဏ်ရာရ

၂၆.၃.၂၀၁၄ ရက်နေ့ ၀၉၀၀အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈)ရပ်ကွက်၊ ကွမ်ကပ်မင်းသားလမ်း အတိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဘက်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော 2A---- NISSAN Atals အမျိုးအစား (၁၀၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် မြနန္ဒာလမ်းထိပ်အရောက် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်အားတိမ်းရှောင်ရာမှ လမ်း၏ယာဘက်သို့ ထိုးကျ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၁၃)ဦး၊ မ(၁၁)ဦး၊ ပေါင်း(၂၄)ဦးတို့ တွင်
Mar272014

နေ့ခင်းဘက် အဝတ်အထည်ရောင်းသူ လည်ပင်း ကြိုးစွပ် ဆွဲကြိုးဖြတ်မှုဖြစ်ပွား

 
၂၇ မတ်လ အိမ်မဲ

ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့   ၊ မြို့မ ဈေးအပြင် တန်းအဝတ်အထည် ဆိုင် ခန်းတွင် ဆိုင် ပေါ်တက်၍ဈေး ရောင်းသူ အမျိုးသမီးအား လည်ပင်း ကြိုးနှင့်ဆွဲ ညစ်ပြီးရွှေဆွဲကြိုးနှင့် ဟန်းဖုန်းလုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ(27.3.2014)နေ့လည် ၁ နာရီ ၄၅မိနစ်တွင် အိမ်မဲမြို့ မြို့မ ဈေးအပြင် တန်း အဝတ်အထည်ရောင်း ဆိုင် ခန်း  ရုံ( 1 ) အခန်း ( 9 ) တွင် အဝတ် အထည်များ ရောင် ချလျှက်ရှိ သော ဒေါ်……………၏ ဈေးဆိုင် ခန်းသို့ အမည်မသိ သော အမျိုးသားတစ်ဦးမှ အင်္ကျီ ဝယ် ရန် ဈေးမေးမြန်း၍ ၎င်း၏မိန်းမ ဖြစ်သူအား စောင့်မည်ပြော၍ ခဏထိုင် စောင့်ခဲ့သည်။ ထို့နောက် လက်ဖက် ရည် သွားသောက်မည် ပြန်လာမည်ဆို၍ ထွက်သွားခဲ့သည်။ နောက်တစ်ကြိမ်ပြန် ရောက် လာ၍ ၎င်း၏အမျိုးသမီးအား  ဆိုင်၌ပင် စောင့်မည် အင်္ကျီကြိုက် ၍ယူမည်
Mar272014

ရေအောက် ရှုခင်းများကို ကြည့်ရှု ခံစားနိုင်မည့် လူငါးဦးတင် ရေငုပ်သင်္ဘော တစ်စင်း အမေရိကန် တည်ဆောက်


အမေရိကန် ရေငုပ်သင်္ဘောတည် ဆောက်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Oceangate ကုမ္ပဏီသည် သမုဒ္ဒရာ ကြမ်းပြင်အောက် နှစ်မိုင် နီးပါးခန့်တွင် မောင်းနှင်နိုင်ပြီး ခရီးသည် ငါးဦးတင် ဆောင်နိုင်သည့် ရေငုပ် သင်္ဘောတစ်စင်းကို တည်ဆောက်နိုင်ရန်

ဝါရှင်တန်မြို့ရှိ ရူပဗေဒဆိုင်ရာ လက်တွေ့အသုံးချ ဓာတ်ခွဲခန်း ဌာနနှင့်အတူ ပူးတွဲစမ်းသပ် ခဲ့ကြ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရေငုပ် သင်္ဘော၏ ကိုယ်ထည်ကို ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားပြီး ရေငုပ်သင်္ဘော၏ အမိုးခုံးမှာ ငါးပေ အကျယ်ရှိသည်ဟု သိရသည်။ ပုံစံမှာ ကျည်ဆန် ပုံသဏ္ဌာန်ဖြစ်ပြီး ၎င်း ရေငုပ်သင်္ဘောမှာ တစ်နာရီ မပြည့်မီ အချိန်ကာလတွင် ရေအောက်ထဲသို့ ထိုးဆင်း နိုင်စွမ်း ရှိသည်ဟု သိရသည်။
Mar272014

ကိုယ့်ပုံ ကိုယ်ရိုက် (Selfie) တာ မလှလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံသူ

ပုံထဲက မြင်တွေ့နေရတဲ့ ဗြိတိန်နိုင်ငံက လူငယ်လေး ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးပြီး အသက် ၁၅ နှစ်သားက စလို့ ကိုယ့်ပုံကိုယ် ဖုန်းနဲ့ ရိုက်လို့ (Selfie) လုပ်လို့ Facebook ပေါ်မှာ ပုံတင်လာသူ ဖြစ်ပါတယ်။

ပြောရင် ယုံချင်စရာတောင် မရှိပါဘူး။ သူဟာ တစ်ရက်ကို Selfie ပုံ အပုံ ၂၀၀ ရိုက်ပါတယ်။ Faceboook ပေါ်မှာ အလှဆုံးတွေ ရွေးတင်ပြီး သူငယ်ချင်းတွက ဆံပင်မလှဘူး၊ အသားဝါတယ်၊ နှာခေါင်းမလှဘူး အစရှိသဖြင့် ဝေဖန် ကွန်းမင့်များကို ကြည့်လို့ စိတ်ဖိစီးမှု ရပြီး အကောင်းဆုံး ဓာတ်ပုံကို နေ့တိုင်း ရိုက်ပါတော့တယ်။ ဓာတ်ပုံ ရိုက် အားကောင်းမှုကြောင့် ကျောင်းတောင် ထွက်ရ ပါတယ်။ မနက် အိပ်ယာထရင် ၁၀ ပုံ၊ သွားတိုက်ရင် ၁၀ ပုံ၊ ရေချိုးရင် ၁၀ ပုံ၊ ကျောင်းသွားခါနီး မှန်ကြည့်ရင် အပုံ ၂၀ အစရှိသဖြင့် ရိုက်ပြီး နောက်တော့ ကျောင်းတောင် မရောက်နိုင်တော့ တာကြောင့် ကျောင်း ထွက် ရတဲ့အထိ အခြေအနေ ဆိုးသွား ပါတယ်။
Mar272014

ကိုရီးယားစစ်ပွဲအတွင်း ကျဆုံး တရုတ်စစ်သား ၄၃၇ ဦး၏ရုပ်ကြွင်းများ ပြန်ပို့


၁၉၅၀ – ၅၃ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တရုတ်စစ်သား ၄၃၇ ယောက်ရဲ့ ရုပ်ကြွင်းတွေကို ယာယီ အရိုးအိုးဗိမာန်ကနေ တရုတ်နိုင်ငံကို ပြန်ပို့ဖို့ လေဆိပ်ကို ဒီနေ့ လွှဲပြောင်းပေးနေတယ်။

မြောက်ကိုရီးယားနဲ့ နယ်စပ် ပါဂျူက စစ်တပ်အခြေစိုက်စခန်းမှာ ရှိတဲ့ အရိုးအိုးဗိမာန်ကနေ ရုပ်ကြွင်းတွေ ထည့်ထားတဲ့ သစ်သား သေတ္တာတွေ ကို တောင်ကိုရီးယား စစ်သည်တွေက ဘတ်စ်ကား ၁၅ စီး ပေါ် တင်ဆောင်ပြီး ဆိုးလ်မြို့ပြင်က အင်ချုံ နိုင်ငံတကာလေဆိပ်ကို ပို့ဆောင်တာ ဖြစ်ပါတယ်။

၂၀၁၃ ဒီဇင်ဘာလက တရုတ်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို တူးဖော်ခဲ့ပြီး ဒီနှစ် ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ ၂ လလုံး သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ခွဲခြားစိစစ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
Mar272014

အိုဘားမားမှ ရုရှားနှင့် ရင်ဆိုင်ရန် အတွက် နည်းဗျူဟာကို ပြောဆို


မတ်လ ၂၇။

ဘရပ်ဆဲလ်ခန်းမရှိ လူပေါင်း နှစ်ထောင်ကျော်ကို ဟောပြောခဲ့သော မိန့်ခွန်းတွင် ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် ရင်ဆိုင်ဖြေရှင်းရန် နည်းဗျူဟာကို သမ္မတ အိုဘားမားမှ ပြောဆိုခဲ့သည်။

အိုဘားမားမှ ပြဿနာရပ်အား အနောက်နိုင်ငံများနှင့် ရုရှားတို့အကြား အိုင်ဒီယာများ၊ ယုံကြည်မှုများ ကွဲပြားခြားနားမှုအဖြစ် ပုံဖော်ပြောဆိုခဲ့သည်။ ခရိုင်းမီးယား ကိစ္စရပ်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် နယ်နိမိတ်မျဉ်းများကို ပြန်လည် သက်မှတ်ရေးဆွဲ၍ မရနိုင်ကြောင်းကို ပြောဆိုသွားသည်။

အင်အားကြီး နိုင်ငံများသည် နိုင်ငံငယ်လေးများအား အနိုင်ကျင့်နိုင်ကြောင်း၊အင်အားသည် အမှန်တရား ဖြစ်ကြောင်း ယုံကြည်သူများနှင့် ဥရောပသည် ထပ်မံ ရင်ဆိုင်နေရကြောင်း ပြောဆိုခဲ့သည်။
Mar272014

ပျောက်ဆုံးနေသောမလေးရှားလေယာဉ်၏ သေတ္တာနက် ပြန်ရှာတွေ့ နိုင်ရေးခက်ခဲရေအောက်မီးတောင်များနှင့် ပင်လယ်ကြမ်းပြင် ဖွဲ့စည်းပုံကြောင့် အဟန့်အတားဖြစ်


ပါ့သ်၊မတ်-၂၆

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဒေသ၌ ပျောက်ဆုံးခဲ့ရသော မလေးရှားလေ
ကြောင်းလိုင်း ခရီးစဉ်အမှတ် အမ်အိတ်ခ်ျ ၃၇၀ ၏ ပျံသန်းမှု မှတ်တမ်း တင်ကိရိယာ(သေတ္တာနက်) ကို ရှာဖွေနေသည့် ရှာဖွေရေးသမားများမှာ ပင်လယ်ရေအောက်မီးတောင်များမှသည် ပင်လယ်ကြမ်းပြင်ဖွဲ့စည်းပုံ အထိပါဝင်သော သဘာဝအဟန့်အတားများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း
မတ် ၂၆ ရက် သတင်းများတွင် ဖော်ပြထားသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အပျက်အစီးများကို နိုင်ငံပေါင်း
ခြောက်နိုင်ငံတို့က ပူးပေါင်း၍ အပူတပြင်းရှာဖွေနေကြသည့်တိုင် သဘာဝ အဟန့်အတားများကြောင့် ရှာဖွေရေးလုပ်ငန်းအောင်မြင်လိမ့်မည်ဟူ၍ အာမခံချက်မပေးနိုင်ကြောင်း ကျွမ်းကျင်သူများကမတ် ၂၆ ရက်တွင် သတိပေးခဲ့သည်။
Mar272014

မြောက်ကိုရီးယားအန္တရာယ်မှ ဂျပန်နှင့် တောင်ကိုရီးယားကို ကာကွယ်မည်ဟု အိုဘားမားပြောနယူးယောက်တိုင်းမ်


အေအက်ဖ်ပီ

သဟိဂ်၊ မတ် ၂၆

နျူကလီးယားလက်နက်များ ပိုင်ဆိုင်တပ်ဆင်ထားသည့် မြောက်ကိုရီးယားနိုင်ငံနှင့်ရင်ဆိုင်ရာတွင် မိမိ၏ရပ် တည်ချက်ကို မယိမ်းမယိုင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သမိုင်းဝင်ဂျပန်၊ တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ဦးဆောင်ပြီး လက်ခံကျင်းပနေစဉ်အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘား မားက ကတိပြု ပြောကြားခဲ့သည်ဟု မတ်လ ၂၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ဂျပန်နိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံစလုံး၏ လုံခြုံရေးအတွက် မိမိချမှတ်ထားသည့် သံန်္နိဋ္ဌာန် သည် မည်သည့်အခါမျှ ယိမ်းယိုင်မည်မဟုတ်ကြောင်း သဟိဂ်မြို့တွင် ကျင်းပပြုလုပ်နေသည့် ညီလာခံတွင် အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့် အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာလာနေခြင်းကို ပြန်လည် ပြင်ဆင်ရန် အိုဘားမား၏ ကြိုးပမ်းချက်ကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကို ရီးယားသမ္မတ ပတ်ဂွမ်ဟေးတို့၏ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာခဲ့သည်။
Mar272014

ရေမျော အပိုင်းအစ ၃၀ဝ ထိုင်း ဂြိုဟ်တု တွေ့ရှိ

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ နေရာတဝိုက်မှာ ထိုင်း ဂြိုဟ်တုက တစ်ဆင့် အပိုင်းအစ ၃၀ဝ လောက် ထပ်တွေ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ အာကာသ အေဂျင်စီက ပြောလိုက်ပါတယ်။

အဲဒီ မျောနေတဲ့ အပိုင်းအစတွေဟာ ၂ မီတာကနေ ၁၅ မီတာ (၆ ပေခွဲကနေ ပေ ၅၀) အထိ အရွယ် အသီးသီး ရှိကြတယ်လို့ ဆိုပါတယ်။

အစောပိုင်းကလည်း ပြင်သစ် ဂြိုဟ်တုတစ်လုံးက လေယာဉ် အပိုင်းအစတွေလို့ ယူဆရမယ့် အစိတ်အပိုင်း ၁၂၀ လောက်ကို တွေ့ရှိခဲ့ပါသေးတယ်။
Mar272014

ပျောက်ဆုံးလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတွင် မတွေ့သေးဟုဆို

                                                                                              ပျံသန်းရေးအရာရှိ ပီတာမော

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ မလေးရှားလေကြောင်းပိုင်လေယာဉ်ကို ရှာဖွေနေတဲ့ သြစတြေးလျ အာဏာပိုင်တွေဟာ မတ် ၂၆ ရက်အထိ ဘယ်အရာမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
သြစတြေးလျ အနောက်တောင်ပိုင်း မိုင် ၁၅၀၀ ကျော်အကွာမှာ ပင်လယ်ပြင်မှာ ရှာဖွေရေးလုပ်နေ တဲ့ လေယာဉ်တွေထဲက အရပ်ဘက်လေယာဉ်တစီး က တွေ့ရှိခဲ့တယ်ဆိုတဲ့ အရာ ၂ ခုဟာ စွန့်ပစ်ထားတဲ့ ကြိုးတွေသာ ဖြစ်နိုင် တယ်လို့ဆိုပြီး နယူးဇီ လန်လေတပ် ပိုင်ရေကြောင်း ထောက် လှမ်းရေး လေ ယာဉ်က တွေ့မြင်ခဲ့တယ်ဆိုတဲ့အရာတွေဟာလည်း ရေသတ္တ၀ါတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရှာဖွေရေးက ပြန်လာတဲ့ သြစတြေးလျ ပျံသန်းရေးအရာရှိ ပီတာမော (Peter Moore) က “ကျနော်တို့ တွေ့တဲ့အရာတွေက ရေသတ္တ၀ါတွေဖြစ်နေပါတယ်။ အခုအချိန်ထိ ဘာမှကို ရှာမတွေ့သေးပါဘူး” လို့ ပြောဆိုပါတယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB