Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပိုတိုရှော့အတွက်နှင်းဆီပန်းပုံများစုစည်း

ပိုတိုရှော့အတွက်နှင်းဆီပန်းပုံလေးများစုစည်းထားပါသည်။လိုအပ်ရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ်
                                          DOWNLOAD LINK

  အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 
 

ပိုတိုရှော့အတွက်လက်စွပ်ပုံများစုစည်းမှု

                                          ပိုတိုရှော့အတွက်အသင့်ပြုလုပ်ပြီးသား လက်စွပ်ပုံများကိုတင်ပေးလိုက်ပါတယ်။ပုံမှာမြင်တဲ့အတိုင်းပါပဲခင်ဗျာ။သူငယ်ချင်းတို့အသုံးဝင်မယ်ဆိုရင်အောက်မှာဒေါင်းယူသွားနိုင်ပါတယ်

                                          DOWNLOAD LINK


  အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်များသို့လာလည်နိုင်ပါတယ်ဖိတ်ခေါ်လျှက်ပါ 

ဇနီးနှင့်စကားများ၍ ခင်ပွန်းက ဆွဲကြိုးချသေဆုံးဟုဆို

လှည်းကူးမြို့နယ်တွင် ဇနီးဖြစ်သူနှင့်စကားများသည့်ခင်ပွန်းသည် ဆွဲကြိုးချသေဆုံးခဲ့မှု မတ်လ
၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် လှည်းကူးမြို့နယ်
ဖောင်ကြီးနယ် မြေရဲစခန်းမှ ဒုရဲအုပ် နေစိုးနှင့်အဖွဲ့သည် ကတက်ခေါင်း တောစခန်းတွင်လူတစ်ဦး
ဆွဲကြိုးချ သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ် ဆေးခဲ့သည်။

စုံစမ်းချက်အရ အဆိုပါ တောစခန်းရှိ အမြင့် ၁၂ ပေ ခန့်ရှိ ပျဉ်းမပင်သစ်ကိုင်းတွင် ခါးပတ်ကြိုးဖြင့်
ဆွဲကြိုးချသေ ဆုံးနေသည်ကိုတွေ့ရှိသဖြင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာအသက် ၄၄ နှစ်အရွယ်
သက်နိုင် ဖြစ်ပြီး လွန်ခဲ့သောခုနှစ်ရက်ခန့်က အတူနေဇနီးဖြစ်သူနှင့်အတူ စကားများခဲ့ပြီး
နေအိမ်မှ နှင်ချခဲ့ရာ က ဆင်းသွားပြီးနောက်ခါးပတ်ဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။

မီးနီကို ဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်

၉.၃.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း အတိုင်း အရှေ့မှအနောက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဦးသက်ထွန်း မောင်းနှင်လာသည့် 4F----MAZADA DEMIO ၀က်ဂွန်အ၀ါရောင်အငှားယာဉ်သည် သစ္စာမီးပွိုင့်အရောက်တွင် မီးနီကိုဖြတ်မောင်းစဉ်

ဝေဇယန္တာလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသည့် CC---- CHERRY QQ အနီရောင်အငှားယာဉ်အား ၀င်ရောက်တိုက်မိပြီး သစ္စာလမ်းတွင် မီးနီမိ၍ ရပ်ထားသော ယာဉ်မောင်း ကိုအောင်ကျော်စိုး မောင်းနှင်သည့် ၇က/---- မတ်တူးခဲ့ရောင်ယာဉ်အား ဆက်လက်ဝင်ရောက်တိုက်မိခဲ့ပါသည်။

ကျောက်ဖြူစက်မှုဇုန်ဟာ တရုတ်ကို ဦးစားပေး

ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူစက်မှုဇုန်နဲ့ မီးရထားလမ်း ဖောက်လုပ်နေတဲ့လုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးအမြတ်အတွက် ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးစီးပွား တိုက်ရိုက်မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီက အချက် ၄ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီအထဲမှာ တရုတ်စီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေရှိနေတာကြောင့် အကာအကွယ်ပေးရေးအတွက် နိုင်ငံတော်က စဉ်းစားပေးဖို့ အခုလို ကြေညာချက်ထုတ်ပြန်တာလို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

NDF ပါတီက တောင်းဆိုချက်တွေထဲမှာ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီလုပ်ငန်းစုနဲ့ မြန်မာအာဏာပိုင်တို့က စီမံကိန်းကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာစွာချပြပေးဖို့၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ ပြည်သူတွေနဲ့ ညှိုနိုင်းပေးဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အစီအမံတွေပါဝင်ဖို့ ဒေသခံတွေရဲ့ လူမှုစီးပွားတွေ မပျက်စီးစေဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့တွေ ဖြစ်ပါတယ်။

လယ်မြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြသူများ ထောင်ဒဏ်ကျခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲ့ဒီလယ်သမား ၃ ဦး အမှုကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ခင်ဦးမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒုတာဝန်ခံ ဦးမြင့်ချွန်က အမိန့်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"တောင်သူလယ်သမားတွေက အမှုကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းခြင်းမရှိတဲ့အတွက် မြို့ပေါ်မှာ စီမံခန့်ခွဲရေးကော်မတီအဖွဲ့နဲ့ လယ်ယာစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ကို ဆန္ဒထုတ်ဖော်တာပါ၊ တရားရုံးကဆန္ဒပြတဲ့ သုံးယောက်စလုံးကို ပုဒ်မ ၁၈ နဲ့ သုံးလစီချပြီးတော့ ဦးညွှန့်ဆွေကို ၅ဝ၅(ခ)နဲ့ နှစ်နှစ်အသီးသီးချလိုက်တာဗျ"

နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

"ရွေးကောက်ပွဲက တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ အဲဒီတရားမျှတမှုအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းချင်တာပါ၊

ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက်

                                  ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေတယ်လို့ ယူဆရတဲ့ ရုရှားတပ်။
ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ရုရှားလိုလားတဲ့တပ်ဖွဲ့တွေ သိမ်းပိုက်ထားထားတဲ့ ခရိုင်မီးယားကျွန်းဆွယ်မှာရှိတဲ့ လူအများစုဟာ ရုရှားဘာသာစကားကို ပြောဆိုကြပါတယ်။

လက်ယာအုပ်စုလို့ဆိုတဲ့ ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။

အစွဲကင်းမှ နိဗ္ဗာန်ရောက်မှာ


ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့ အစွဲကိုစွန့် လွတ်ပစ်တာ။မမျှော်နဲ့ မျှော်ရင်ချော်မှာပဲ။
မျှော်တာကတဏှာ၊အကျိုးပေးမှာက စေတနာ၊စေတနာသန့် ရှင်းရင် အကျိုးပေးသန့် ရှင်းမယ်။
ပစ္စည်းလက်ကစွန့် ချပြီး ငါစွဲကမလွှတ်မိရင် ငါ-ဝတ္ထု-ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်းတန်းဝင်ကြရမယ်။

ရောက်ချင် တာကနိဗ္ဗာန်၊ရောက်နေကြတာကတိရစ္ဆာန်။ကြက်စွဲက ကြက်ထဲပို့ မှာ၊ ဝက်စွဲကဝက်ထဲပို့ မှာ။
တိရစ္ဆာန်မျိုးရယ်လို့ သီးခြားမရှိ။လူတွေထဲက အစွဲမတတ်တဲ့ ပုဂ္ဂိုလ်တွေသွားလိမ့်မယ်။
လူရယ်လို့ လည်းသီးခြားမရှိ၊တိရစ္ဆာန်တွေထဲက အစွဲကုန်လို့ 
ကံကြွင်း ကံစ ကုသိုလ်ကံလေးကြောင့် လူလာဖြစ်တာပါ။

စွဲနေတာမှန်သမျှ ပညတ်ပေါ်စွဲနေတာ။ပရမတ် စွဲစရာမရှိဘူး။ကောင်းလည်းကောင်းစွဲစွဲ မကျန်ရစ်စေနဲ့ ။
ဆိုးလည်းဆိုးစွဲစွဲ မကျန်ရစ်စေနဲ့ ။အမှတ်က လေးနဲ့ သွားရမယ်။
စွဲရင် စွဲတဲ့နေရာငြိနေမှာပေါ့။အစွဲကင်းမှနိဗ္ဗာန်ရောက်မှာ။

Plastic Surgery Simulator v1.2.8 APK

ကဲ ဒီ app လေးအကြောင်းကတော့ကျွန်တော် မပြောလဲသူငယ်ချင်းတို့သိမှာပါ..အကုန်ပြင်လို့ရတယ်ဗျာ...ဒီလောက်ဆို ခိုက်သွားပီ
မဟုတ်လား..အောက်မှာယူလိုက်တော့:P 
ပီးတော့ ဒီ version မှာ tablet တွေကိုပါ အပြည့်အ၀ support လုပ်တယ်တဲ့.

Animated Photo Frame Widget + v5.2.0 APK


ဒီ photo frame widget လေးကတော့အရမ်းလန်းပါတယ်ဗျာ....
-slideshow လဲလုပ်လို့ရတယ်
-တစ်ခါ click တာနဲ့ ပုံတွေအားလုံးကို shuffle လုပ်သွားမှာဗျား
-options ၇ခု လဲပါတယ်တဲ့အဲ့ဒါတွေကတော့...No Animation, Fade in/out, slide, scale, rotate, page down, page turning
-ads လဲမပါဘူးတဲ့
-ကဲတစ်ခြား functions လေးတွေတော့ကိုယ့်ဖာသာကိုယ်ပဲစမ်းကြည့်လိုက်တော့နော်လိုချင်ရင်တော့အောက်မှာယူလိုက်နော်

                               Required Android O/S : 3.0+
                                            DOWNLOAD 


MgminLukaLay
ဒါလေးက ကျွန်တော့နေရာ

ကိုကို မမ တို့အကြိုက် Camera360 Ultimate 5 ဗားရှင်းအသစ် ထွက်ရှိလို့လာပါပြီ

 
Camera360 Ultimate 5 မှာဆိုရင် Effect များစွာပိုမို ပါဝင်လာပီး အရင် ဘားရှင်းထက် ရုပ်ထွက်ပိုမို ကြည့်လင်ပြတ်သားခြင်း Smart Cloud Services ပါဝင်လာခြင်း Photo တွေကို Social ပေါ်သို့
ဥပမာ Facebook ပေါ်သို့ အလွယ်တကူ Share လုပ်နိုင်ခြင်း Online Effects မှာ ၁၀၀ ကျော် great Effects ရှာဖွေနိုင်ခြင်း တို့ဖြစ်ပါတယ် မိမိဖုန်း ဘားရှင်း မှာ ၂.၃ နှင့်အထက်ဆို အသုံးပြုလို့ရပါ ပြီလိုအပ်လျှင်အောက်မှာ Download ပါ

Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ



Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ
========================
အရင်က 4.2.2 ကျော်ရင်မြန်မာဖောင့်ထည့်ဖို့
root လုပ်မှရပါတယ် ခုဒီကောင်က 4.3.3 ထိ
root လုပ်စရာမလိုပဲ စာလုံးအလှတွေပါထည့်လို့
ရပါတယ်.....samsung ကိုအဓိက support လုပ်ပါတယ် အခြားဖုန်းများမစမ်းရသေးပါ
......... ဆြာများ creadit ပေးပါတယ်...
လိုအပ်လျှင်ဒေါင်းနိင်ပါပြီ.....
download here

Facebook မှာဖုန်းတောင်းတဲ့ပြသနာကိုအလွယ်ကူဆုံးကျော်မယ်ဗျာ...

Facebook မှာဖုန်းနံပါတ်တောင်းတဲ့အဆင့်ကို အမျိုးမျိုးကျော်ဖြတ်ကြည်.ခဲ့တယ် နည်းလမ်းတွေအစုံပါပဲဗျာ
Yuilop နဲ. Textplus ကတစ်တွဲ၊ Pinger နဲ. Thunder VPN ၊ TunnelBear VPN စုံနေတာပဲဗျာ။ပြီးတော့
Hospot Shield Vpn၊လိုင်းမကောင်းတဲ့နေရာတွေမှာ အသုံးပြုပုံ တချို.အတွဲတွေကအဆင်မပြေဖြစ်နေကြ
တယ်လေ ဒီတော့မရဘဲတင်ထားတယ်လို.ပြောကြပြန်ရော။ကဲကဲ စကားနည်းနည်းရှည်သွားပြီလား
မသိဘူး...အထူးဆန်းကြီးမဟုတ်ပါဘူး ယခင်ပညာရှိတွေစမ်းသပ်အောင်မြင်ခဲ့တဲ့နည်းလမ်းလေးပါပဲအနည်းငယ်လေးနေရာချိန်းလိုက်တာပါ လိုအပ်တဲ့အရာလေးတွေအရင်ဒေါင်းယူလိုက်နော်...
1. Download
2.Download
ဒေါင်းပြီးရင်တော့မိမိတို.ဖုန်းမှာ အင်စတောပေးပါ။ပထမဆုံး Hospot Shield VPN ကိုဖွင့်လိုက်ပါ
အောက်ကပုံအတိုင်းပွင့်လာမယ်..
                                   

အဲဒီထဲက Yes,protect my connection ကိုနှိပ်ပေးလိုက်ပါ အောက်ကပုံအတိုင်းပွင့်လာမယ်။

လမ်းလျှောက်ပြီး ရေကူးနိုင်သည့် ခြေလေးချောင်းပါ ငါးတွေ့ရှိ

နေပြည်တော် ပျဉ်းမနားမြို့နယ် အလယ်ရွာကျေးရွာမှ ငါးဖမ်းသူလူငယ် တစ်ဦးသည် မတ် ၇ ရက်က ဆင်သေချောင်းအတွင်း ပိုက်ကွန်ပစ် ငါးဖမ်းစဉ်ရရှိသော ငါးများအတွင်းမှ ငါးရံ့ ခေါင်းတိုနှင့်တူ၍ အဖြူရောင် ဖြစ်ပြီး ခြေချောင်းလေးများဖြင့် ခြေထောက်လေးချောင်းပါရှိကာ ပါးဟက်အပြင်ဘက်မှ နားရွက်သဏ္ဌာန် ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါသော အမည်မသိ ငါးတစ်ကောင်အား အရှင်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါအမည်မသိငါးကို ပျဉ်းမနားမြို့ အလယ်ကျေးရွာနေ မောင်သန်းဦး (၁၄) နှစ်က မတ် ၇ ရက် နံနက် ၁ နာရီခွဲခန့်က ၎င်း၏ညီဖြစ်သူနှင့်အတူ ရွာအနီးရှိ ဆင်သေချောင်းအတွင်း ကွန်ပစ်ငါးရှာသွားရာမှ ငါးရံ့ဖြူနှင့် တူပြီး ခြေထောက်လေးချောင်းပါသော ငါးလက်မခန့်အရှည်ရှိ ငါးတစ်ကောင် ပိုက်ကွန်အတွင်းပါလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သိပ္ပံလောကကို ပဟေဠိတစ်ပုဒ်ပေးပြီး အံ့သြစေခဲ့သူ ဗုဒ္ဓဘာသာကောင်လေး

ကြာတော့ကြာပါပြီ ဒါပေမဲ့အမှန်တရားတစ်ခုပဲ။အိုင်စတိုင်းပြောခဲ့တယ်

"အကယ်၍-
-ခေတ်သစ်သိပ္ပံပညာ လိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိသည်ဆိုလျှင်

-၎င်းသည် ဗုဒ္ဓဘာသာပင်ဖြစ်လိမ့်မည်။

"-----အိုင်စတိုင်းရဲ့စကားတွေမှန်နေတယ်ဆိုတာ-
-ဒီ ဗုဒ္ဓဘာသာကောင်လေးက သက်သေပြခဲ့ပါပြီ။
-----"လူသားတွေဟာ ၃၊၄ ရက်လောက် အစာမစား၊ရေမသောက်ပဲ အသက်ရှင်နေနိုင်တယ်
-ဆိုတာ ဖြစ်နိုင်ပါ့မလား"----ဆိုတဲ့မေးခွန်းကို နီပေါနိုင်ငံသား ဗုဒ္ဓဘာသာကောင်လေးက
-အစာမစား၊ရေမသောက်ပဲ (၁၀)လကြာတရားထိုင်ခြင်းဖြင့် သိပ္ပံလောကကို အံ့သြသွားစေခဲ့ပြီ။

-----ဒီအကြောင်းဟာ အဲဒီရက်ပိုင်းမှာ ကမ္ဘာကြီးမှာ ဖြစ်နိုင်စရာအကြောင်းအသစ်တွေစတင်
-ဖွင့်လှစ်တဲ့အချိန်မှာပဲ စိတ်ဝင်စားစရာသတင်းတစ်ခုဖြစ်ခဲ့ရတယ်။

EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ

EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေ၊ ခရီးသွားတွေ လုံခြုံရေး၊ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်တွေကို အခြေခံပြီး ချီးမြှင့်ကြောင်း သိရပါတယ်။

မော်ဒယ်လ်ကောင်းမြတ်ဟိန်း သေဆုံးမှု တရားခံ ပေါ်ပေါက်တော့ မည်ဟု စီအိုင်ဒီမှ အဆင့်မြင့် အရာရှိကြီးပြော

မော်ဒယ်လ် ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ကိုင်တွယ်ရာ တရားခံပေါ်ပေါက်ရန်နီးစပ်ပြီဖြစ်ကြောင်း စီအိုင်ဒီမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ထုတ်ဖော်ပြောကြား လိုက်သည်။

ယင်းကဲ့သို့ တရားခံ ပေါ်ပေါက်ရန်နီးစပ်လာမှုကို စီအိုင်ဒီ မှ အဆင့်မြင့် အရာရှိက''ဆရာဝန်ဆေးစစ်ချက်ထွက်လာပြီး စီအိုင်ဒီ က ကိုင်တွယ်စစ်ဆေးနေတယ်။ ဒီအမှုက တိမ်မယောင်နဲ့နက်ပေ မယ့် သေဆုံးမှုရဲ့အဓိကတရားခံသဲလွန်စကို ရထားပါပြီ။ မကြာခင် မှာ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောပါမယ်''ဟု ပြောသည်။

အဆိုပါအမှုရုံးချိန်းကို မတ်၎ရက်က အင်းစိန်တရားရုံး၌ စစ်ဆေးခဲ့ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှ အမှုအခြေအနေရှုပ်ထွေးမှုကြောင့် စီအိုင်ဒီကို အကူအညီ တောင်းခဲ့သောကြောင့် စီအိုင်ဒီက စစ်ဆေးရခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာတွေ စဉ်းစားရမယ့် ခရိုင်းမီးယား သင်ခန်းစာ

ညီစောလွင်| March 10, 2014 | Hits:0

ခရိုင်းမီးယားက ရုရှတွေကို ကာကွယ်ဖို့ အကြောင်းပြပြီး ရုရှလက်နက်ကိုင်တပ်တွေ ဝင်တပ်စွဲထားတယ် (ဓာတ်ပုံ – Reuters)
လတ်တလောဖြစ်ပွားနေတဲ့ ရုရှားလက်နက်ကိုင်တွေ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို ဝင်တပ်စွဲတာကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးအတွက် နှိုင်းယှဉ် သင်ခန်းစာထုတ်စရာတွေ ဖြစ်လာနေပါတယ်။ နိုင်ငံရေးစနစ်နဲ့ ပထ၀ီ နိုင်ငံရေးရူ့ထောင့် ကြည့်ရင် ရုရှားနဲ့ တရုတ်တို့ ကြားမှာ တူညီချက်များစွာရှိသလို ယူကရိန်းနဲ့ မြန်မာတို့ကြားမှာ တူညီချက်များစွာ ရှိပါတယ်။ ဒီလိုပဲ ရုရှား-ယူကရိန်း ဆက်ဆံရေးနဲ့ တရုတ်-မြန်မာဆက်ဆံရေးမှာ နှိုင်းယှဉ်စဉ်းစားစရာ အချက်တွေ တော်တော်များများတူနေလို့ ခရိုင်းမီးယား အရေးက မြန်မာပြည်အတွက် စိုးရိမ်စရာရော၊ သင်ခန်းစာ ယူစရာတွေရော အမြောက်အမြား ရှိပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါ ဖြစ်သလို တရုတ်ဟာလည်း မြန်မာနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါဖြစ်နေတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အဓိက ကုန်သွယ်ဖက် ဖြစ်သလို တရုတ်ဟာလည်း မြန်မာရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်တယ်။ ရုရှားဟာ ယူကရိန်းရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်သလို၊ တရုတ်ဟာ မြန်မာရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်တယ်။ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေ ဖြစ်ပြီး ယူကရိန်းနဲ့ မြန်မာတို့ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အားယူနေဆဲ နိုင်ငံတွေဖြစ်တယ်။

လက်နက်အပြည့် တပ်ထားသည့် ရုရှားတိုက်လေယာဉ်များရုပ်သံ ယူကရိန်းတပ် ဖြန့်ချိ

ယူကရိန်းနိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရုရှားတိုက်လေယာဉ်တွေ ရောက်ရှိနေတာနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်းစစ်တပ်က မတ်လ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။

ဒီဗွီဒီယိုမှာ အီဗာနိုဖရန်ကို့စ်ဒေသ လေတပ်အခြေစိုက်စခန်းကနေ ရုရှလုပ် မစ်တွမ်တီနိုင်း တိုက်လေယာဉ်တွေ အဆင်းအတက် လုပ်နေပုံကို တွေ့ရပါတယ်။

ကရိုင်းမီယားဒေသကို ယူကရိန်းတပ်တွေ စေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောနေတဲ့ အချိန်မှာပဲ ရုရှားက နယ်စပ်စခန်း နောက်တခုကို သိမ်းပြီး ခြေကုပ်ယူလိုက်တာပါ။

လေယာဉ် ရှာဖွေရေး ပိုမိုအားထုတ်ဖို့ တရုတ်ဆို

                                                   ရှာဖွေရေးမှာ အမေရိကန် ရေတပ်လည်း ပါဝင်
ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို ရှာဖွေရာမှာ မလေးရှားဘက်က ပိုမို အားထုတ် ဆောင်ရွက်ဖို့ တရုတ် အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။

လေယာဉ် ပျောက်ဆုံးနေတာ ၃ ရက်နီးပါး ကြာနေပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းလာစဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ပျက်ကျတယ်လို့ အတည်ပြုနိုင်တဲ့ လေယာဉ်အပိုင်းအစ အပျက်အစီးတွေ မတွေ့ရသေးပါဘူး။

အခုဆိုရင် နိုင်ငံတကာက ရှာဖွေရေးအဖွဲ့တွေဟာ ရှာဖွေတဲ့ နေရာဒေသတွေကို ချဲ့ထွင်လိုက်ပြီး မက္ကာ ကမ်းမြောင်ဒေသမှာပါ လေယာဉ်ကို ရှာဖွေနေကြပါတယ်။

မလေးရှား အရှေ့ဘက် ကမ်းလွန်ရေပြင်မှာ တွေ့ရတဲ့ ဆီကွက်ဟာ ပျောက်သွားတဲ့ လေယာဉ်က မဟုတ်ဘူးလို့ မလေးရှား ရေကြောင်းဌာနက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်ကို ပတ်စ်ပို့ အတု သုံးပြီး လိုက်ပါသွားသူ ၂ ဦးအနက် တစ်ဦးကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သိရှိခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီသူဟာ မလေးလူမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

BBC Burmese 

နောက်ဘီးပေါက်၍ ယာဉ်တိမ်းမှောက်

၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃/၃-၄)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ ကျော်ဇင်လတ်(၃၅)နှစ် မောင်းနှင်လာသည့် 8F။xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည် ၀ဲဘက်နောက်ဘီးပေါက်ကာ အရှိန် မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ အမိုးကိုင်းပိန်ချိုင့်ပျက်စီး၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇင်လတ်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ —

ရဲဇာနည်

ဗိုက်မကြာခဏအောင့်၍ အဆိပ်သောက်ဟုဆို

သုံးခွမြို့နယ်တွင် ဗိုက်မကြာခဏအောင့်သည်ကိုမခံစားနိုင်သဖြင့် အဆိပ်သောက်ကာ မိမိ
ကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်ဆိုသူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၆ ရက်
နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် သုံးခွမြို့မရဲခစန်းက ဒုရဲအုပ်နိုင်ဦး နှင့်အဖွဲ့ သည်
အဆိပ်သောက်သုံးသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ် ဆေးခဲ့ သည်။

စုံစမ်းချက်အရ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး မကြာခဏဗိုက် အောင့်ဝေဒနာ
ခံစားနေရသည်ကို မခံမရပ်နိုင် ဖြစ်ကာကြွက်သတ်ဆေးကိုသောက်သုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရ
သဖြင့်အရေးယူပေးရန်တိုင် ကြားခဲ့သည်။ သုံးခွမြို့မရဲစခန်းက (ပ)၇၃/၁၄ ပြစ်မှုပုဒ်မ ၃၀၉ အရ
အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

Myanmar Times

သံလွင်မြစ်ကူးစက်လှေမှောက်ရာ ကျောင်းဆရာမတစ်ဦးနှစ်မြုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့နယ်ခွဲမှ လှိုင်းဘွဲမြို့နယ်၊ ကိုမောင်ကျေးရွာသို့အပြန် စက်
လှေတိမ်းမှောက်၍ နှစ်မြုပ်ပျောက်ဆုံးမှုတစ်ခုဖြစ်ပွားခဲ့သည်။
လှိုင်းဘွဲမြို့နယ် ကိုမောင်ကျေးရွာအထကခွဲ မှ ကျောင်းအုပ်ဆရာမကြီအပါအ၀င် ဆရာမများနှင့်တက္က
သိုလ်တန်းကျောင်းသာ/သူများသည်မတ်လ(၉)ရက်နေ့ နံနက်ပိုင်းတွင်ကမမောင်းမြို့နယ်ခွဲ ကိုးန၀င်းဘုန်းတော်
ကြီးကျောင်း ကိုးန၀င်းဘုးရားဖူးပြီးအပြန် ကိုမောင်ကျေးရွာမြစ်ကမ်းနဖူးအရောက်တွင် မတော်တဆစက်လှေနစ်
မြုပ်တိမ်းမောက်ခဲ့ရာစက်လှေတွင်ပါလာသောကိုမောင်ကျေးရွာအထကခွဲတွင်ရန်ကုန်တိုင်းဒေသကြီးမှကျောင်းဆရာမအဖြစ်လာရောက်တာဝန်ထမ်းဆောင်သော ဆရာမဒေါ်နွယ်နွယ်ဦးမှာသံလွင်မြစ်အတွင်း နှစ်မြုပ်ပျောက်
ဆုံးနေကြောင်းသိရှိရပါသည်။

MOI Webportal Myanmar

တတိယနှစ် ကွန်ပျူတာ ကျောင်းသူတစ်ဦး ကားတိုက်ခံရ

ရန်ကုန် မဇ္ဈိမ။          ။ အရှေ့ဒဂုံမြို့နယ်တွင် တတိယနှစ် ကွန်ပျူတာ ကျောင်းသူတစ်ဦးကို မော်တော်ယာဉ် တစ်စီးက ဝင်တိုက်မိမှုတစ်ခု မတ်လ ၉ ရက် ၇နာရီကျော်က ဖြစ်ပွားခဲ့သည်။
(၉)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ်၊ အမျိုးအစား မသိ ယာဉ်က ဆုပြည့်စုံ အမျိုးသမီး သီးသန့်ဘောဒါဆောင်ရှေ့အရောက် ဝဲဘက်လမ်းစပ်တွင် လမ်းလျှောက်နေသည့် ကွန်ပျူတာ ကျောင်းသူကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။
အဆိုပါ ကျောင်းသူမှာ ဆုပြည့်စုံဘော်ဒါဆောင် တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရွှေပြည်သာ ကွန်ပျူတာ တက္ကသိုလ်တွင် တတိယနှစ်အဖြစ် တက်ရောက်နေသည့် မဥမ္မာ (၁၉)နှစ်ဆိုသူ ဖြစ်သည်ဟုလည်း ရဲက အတည်ပြုထားသည်။

ကြွေးကျန် ၂၅ သိန်းကျော်ကို မပေးချေဘဲ တံဆိပ်တုံးအတုဖြင့် လိမ်လည်သွားဟုဆို

ရန်ကုန် မဇ္ဈိမ။            ။ ရဲမှုကြွေးကျန် ၂၅ သိန်းကျော်ရှိ ခရီးသည်တင် ဟိုင်းလတ်ယာဉ်သည် ယာဉ်အို/ဟောင်း အပ်နှံရေးဌာန တွင် တံဆိပ်တုံးအတုဖြင့် စာရွက်စာတမ်းများ ထုတ်ယူသွားသဖြင့် အရေးယူထားသည်ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) တွင် တာဝန်ကျ ရဲက ဟိုင်းလတ်ယာဉ်တစ်စီးသည် ရဲမှုကြွေးကျန်များကို တရားမဝင်သော နည်လမ်းဖြင့် ယာဉ်ထိန်းရဲတပ်ဆိပ်တုံး အတုများ အသုံးပြုကာ ယာဉ်သက်တမ်းတိုးခြင်း၊ ကားအပ်စလစ် ထုတ်ယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း သတင်းပို့သဖြင့် ဒုရဲမှူးအောင်ကြီးနှင့် ရဲအုပ်ဝင်းလွင်တို့က ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (မြင်သာ) သို့သွားရောက်ပြီး စုံစမ်းခဲ့သည်။

တောင်ဒဂုံမှ သံနန်းဆွဲစက်ရုံမီးလောင် အမျိုးသားနှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ မဇ္ဈိမ။           ။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၃ ရပ်ကွက် ရွှေတောင်ကြား ၅ လမ်း၊ အမှတ် ၁ဝ၉ဝ ပေရှိ အေးရတနာ (သံနန်းဆွဲစက်ရုံ) သည် မတ်လ ၁ဝ ရက် နံနက် ၂ နာရီ ခန့်က မီးလောင်ခဲ့ပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်ဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုစက်ရုံမှာ ပိုင်ရှင် ဦးခင်မောင်လွင်၏ အေးရတနာ(သံနန်းဆွဲစက်ရုံ)ဖြစ်ပြီး၊ အကျယ်အဝန်း ၂ဝx၅ဝပေ၊ သွပ်မိုးအုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်တိုက်၏ အောက်ထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက “စက်ရုံမှာ သွယ်တန်းထားတဲ့ ဝါယာကြိုးတွေ ဆွေးမြေ့နေပြီ။ အပူလွန်ပြီး ပေါက်ပြဲ
ပြတ်ကျရာကနေ အောက်မှာရှိတဲ့ လွှစာမှုန့်တွေကို မီးကူးစက်တာက မီးလောင်ခဲ့တာ” ဟု ပြောသည်။
ယင်းမီးလောင်မှုကြောင့် အဆောက်အဦးနှင့် အတွင်းပစ္စည်းများမီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၁ သိန်းဖိုးခန့်ရှိခဲ့သည်။

မန္တလေးမြို့ ဧရာဝတီမြစ်တစ်လျှောက် လူအုပ်စုဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူသူ ၁၈ ဦးဖမ်းမိ

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် ကုန်တင် စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
“သူတို့တွေက ဒီလိုမျိုးပြစ်မှုတွေ ကျူးလွန်လို့ စစ်ကိုင်းတိုင်းဘက်မှာ နေလို့ မရတဲ့အတွက် ရှမ်းကလေးကျွန်း အနီးမှာရှိတဲ့ သဲသောင်မှာ လာနေတယ်။ တံငါသည်၊ တောင်ယာ လုပ်တယ်ဆိုပြီး အယောင် ဆောင်နေတယ်။ ညဘက်ကျမှ ဒီလိုမျိုး လုယက် ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ဝန်ခံတယ်။ အရင် လုယက်ခံရတာတွေက သူတို့ကျူးလွန်လား ဆိုတာကို စစ်ဆေးနေတယ်” ဟု ခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

အကြော်ဘူးထဲ မူးယစ်ဆေးဝါး ထည့်သွင်း၍ ထောင်ဝင်စာ လာတွေ့သူကို အရေးယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်လေးကျေးရွာ၊ ကလေး-တမူး ကားလမ်းမကြီးအနီးရှိ အကျဉ်း ဦးစီးဌာန မော်လိုက်လေး အကျဉ်းထောင်တွင် မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီက အကြော်ဘူးထဲ၌ မူးယစ် ဆေးဝါးများထည့်သွင်း၍ ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးတစ်ဦးကို အမှုဖွင့်အရေးယူခဲ့သည်ဟု ကလေးမြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ အကျဉ်းထောင် ကြီးကြပ်ရေးမှူး ဦးကျော်နိုင်ဆိုသူက ထောင်ဝင်စာ ပစ္စည်းများ စစ်ဆေးရာတွင် ထောင်ဝင်စာနှင့်အတူ မူးယစ်ဆေးဝါးများ စိစစ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကလေးမြို့မရဲစခန်း၌ တာဝန်ကျရဲအရာရှိ ရဲအုပ်ဝင်းထွဋ်ရှိန်နှင့် အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ ရာ အကြော်ဘူးအတွင်း၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်လျက် အလေးချိန် ၄ ဒသမ ၀၈ ဂရမ်ရှိ ဘိန်းမဲဟု ယူဆရသည့်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျပ်သိန်းပေါင်း ငါးသောင်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဆေးပြားပေါင်း ဆယ်သိန်း၊ ကျပ်သိန်းပေါင်း ငါးသောင်းတန်ဖိုးရှိ စိတ်မူးယစ်ဆေးပြားများကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မတ်လ ၈ ရက်က ဖမ်းဆီးရမိလိုက်သည်။
“ကျွန်တော်တို့ မြယာကုန်းမှာ နှစ်သိန်း (ဆေးပြား)၊ အိမ်မှာ ရှစ်သိန်း(ဆေးပြား)၊ စုစုပေါင်း ၁၀ သိန်း (ဆေးပြား) ဖမ်းဆီးရမိ ထားပါတယ်။ အသေးစိတ်အချက်အလက်တော့ ပြောလို့မရသေးပါဘူး၊ မကြာခင် ထုတ်ပြန်ပေးသွားမှာပါ”ဟု မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့် မူးယစ်တပ်ဖွဲ့စုမှူး ဖြစ်သူ ရဲမှူးခင်မောင်သိန်းက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မတ်လ ၈ ရက် ညနေက ကြိုတင်သတင်းရရှိထားသူများကို မူးယစ်တပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့သည် ညနေ ၆ နာရီကျော်အချိန်၌ မူးယစ်ဆေးဝါး သတင်းရရှိထားသူ နှစ်ဦး စီးနင်းလာသည့် တက္ကစီယာဉ်တစ်စီးကို မြယာကုန်းလမ်းတွင် စောင့်ဆိုင်းဖမ်းဆီး၍ ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတစ်ခုသို့ ခေါ်ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အောင်ဇေယျတံတား အဆင်းတွင် ကုန်တင်ယာဉ် တိမ်းမှောက်ရာမှ အငှားယာဉ်ပေါ်ပိ၊ လူသေ

လှိုင်သာယာမြို့နယ် အောင်ဇေယျ ကြိုးတံတားအဆင်း (၁) ထိပ် မှတ်တိုင်အနီးတွင် မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ၁၂ ဘီးယာဉ်နှင့် တိုက်မိကာ ကုန်တင်ယာဉ် တိမ်းမှောက်စဉ် အငှားယာဉ်ကို ပိမိခဲ့ရာမှ အငှားယာဉ်မှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာ ပြင်းထန် ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အင်းစိန်မှ လှိုင်သာယာသို့ ပဲများ တင်ဆောင်ကာ မောင်းနှင်လာသော ဟီးနိုး ခြောက်ဘီး ကုန်တင်ယာဉ်မှာ (၁) ထိပ် မှတ်တိုင်အနီးတွင် ဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင် မောင်းလာသော ၁၂ ဘီးယာဉ်နှင့် တိုက်မိစဉ် လမ်းဘေးသို့ ကားစတီယာရင်ကို ဆွဲချခဲ့ရာမှ ယာဉ်တိမ်းမှောက်ခဲ့ပြီး လမ်းဘေးတွင် ခရီးသည် တစ်ဦး ငှားရမ်းနေသော တိုယိုတာ အငှားယာဉ်ပေါ်သို့ ပိမိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အပြင်မှာ ပျော်ပျော်နေတတ်ပေမယ့် လူရွှင်တော် လုပ်ရမှာကို ရင်ခုန်နေတဲ့ မိစန္ဒီ

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလကိုရောက်ရှိဖို့နီးကပ်လာတာနဲ့အမျှ သင်္ကြန် သီချင်းခွေတွေလည်း ထွက်ရှိလို့လာပါတယ်။ ဟစ်ဟော့ပ် အဆိုတော် မိစန္ဒီအနေနဲ့ ဒီနှစ်သင်္ကြန်အတွက် သင်္ကြန်သီချင်း ၂ပုဒ် သီဆိုထားကြောင်း ပြောတဲ့မိစန္ဒီက သူမသီဆိုထားတဲ့သီချင်းတွေနဲ့ ပတ်သက်ပြီး “ဒီနှစ် သင်္ကြန် အတွက် မိစန္ဒီ မာစတာသင်္ကြန်မှာ ကိုနိုင်းဝမ်းနဲ့ တစ်ပုဒ်၊ Hello Music Thingyan မှာ မရတနာမိုင်နဲ့ တစ်ပုဒ်ဆိုထားပါတယ်။ ကိုနိုင်းဝမ်း နဲ့ကျတော့ လူငယ်ပုံစံလေးပါပဲ။ သင်္ကြန်မှာပျော်တယ်။ ပါးတယ်၊ အပျော်ပုံစံလေးပါ။မရတနာမိုင်နဲ့ကျတော့ သင်္ကြန်မှာ ကိုယ့်ကိုလာကြောင်တဲ့ ကော င်လေးပေါ့။ အဲဒီကောင်လေးကို ပြန်ဖဲ့တဲ့ပုံစံလေး ရေးထားတာပါ” လို့ မိစန္ဒီက ပြောပါ တယ်။ မိစန္ဒီ အနေနဲ့ ဒီနှစ်သင်္ကြန်မှာ မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းဆိုလို့ ရှိကြောင်းလည်း သိရပါတယ်။
ပညာရေးပိုင်းမှာလည်း ထူးထူး ချွန်ချွန်နဲ့ အောင်မြင်ခဲ့ ပြီး ကျောင်းကိစ္စတွေပြီးဆုံးသွားပြီဖြစ်တဲ့အတွက် သီချင်းတွေ ကို ပိုဆိုဖြစ်တော့ မယ့်မိစန္ဒီ က “အနုပညာအလုပ်တွေပိုလုပ်ဖြစ် ပါတယ်။ လတ်တလောကတော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် မိစန္ဒီတို့နယ်ထွက်ပြီး ရှိုးဆိုဖြစ်တာများပါတယ်။

သင်္ကြန်မှာ လွမ်းဆွေးတဲ့ ခံစားချက်တစ်ခုကျန်စေမယ့် သီချင်းတစ်ပုဒ်ရေးဆိုထားတဲ့ Bobby Soxer

ဟစ်ဟော့ပ်အဆိုတော် Bobby Soxer  က၊ မတ်လ ၃ဝရက်နေ့၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမယ့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ အနုပညာ ပွဲတော် မှာ သူငယ်ချင်းမိန်းကလေး တွေနဲ့အတူ လူရွှင်တော်အ ဖြစ်ဖျော်ဖြေမှာဖြစ်ပါ တယ်။ မကြာခင်မှာ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကာလကို ရောက်ရှိတော့ မှာ ဖြစ် တာကြောင့် သင်္ကြန်သီချင်း နဲ့ ပတ်သက်ပြီးBobby Soxer  ကမာစတာသင်္ကြန် အခွေမှာ လွှမ်းပိုင်နဲ့ အ တူ ‘အများနဲ့မသက်ဆိုင် တဲ့ငါ’ ဆိုတဲ့ သင်္ကြန် သီချင်းတစ်ပုဒ်ကို သီဆို ထားပါတယ်။ သင်္ကြန် သီချင်းဆိုအလွမ်းပုံစံ တွေ ဘက်ကို အားသန်ကြောင်း ပြောတဲ့ Bobby Soxer  က “ဒီ နှစ် ကတော့ ထက်ထက်ကသင်္ကြန် သီချင်းတစ်ပုဒ်ပဲ ဆိုထားပါတယ်။ အဲဒါကတော့ ကိုလွှမ်းပိုင်နဲ့ဆို ထားတဲ့ ‘အများနဲ့မသက်ဆိုင်တဲ့ ငါ’ ဆိုတဲ့ သီ ချင်းလေးပါ။ အခုအမ် တီဗီထွက် နေပါပြီ။ မနှစ်က ကို လွှမ်းပိုင်နဲ့ပဲ ဆိုထားတဲ့ ‘သင်္ကြန် အိပ်မက်’ ထက် ပိုကောင်းအောင် လုပ်ထားလားဆို တော့ ဒါက ပရိ သတ်နားထောင်ပြီး ဆုံးဖြတ်ပေးရ မှာပါ။ ဒီနှစ်သီချင်းလေးကလည်း အဲဒီလိုသင်္ကြန်နဲ့ပတ်သက်ပြီး လွမ်း ဆွေးတဲ့ခံစားချက် တစ်ခုကျန် ခဲ့အောင် ရေးထားတာပါ” လို့ ပြောပါတယ်။ Bobby Soxer  က သူမရဲ့ တစ်ကိုယ် တော်အခွေကို သင်္ကြန် အပြီး မိုးတွင်း လောက်မှာ ထွက်နိုင်ေ အာင် ကြိုး စားနေကြောင်းလည်း သိရပါ တယ်။

မျိုးမောင်/popularmyanmar

မန္တလးမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကြီးအတွက် ပြင်ဆင်နေတဲ့ စိုးသူ

စိုးသူက Past & Present  စိုးသူ Live @ Mandalay  ဖျော်ဖြေပွဲကြီးကို မတ်လ၂၉ ရက်နေ့ မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရ ပါ တယ်။ မနှစ်တုန်းက ရန်ကုန် မြို့မိုင်ဒါကွင်းမှာ ကျင်းပတဲ့ Past & Present စိုးသူ  Live အခမဲ့ ဖျော်ဖြေပွဲကြီးကလည်း ပရိသတ်တွေ အထူးအားပေးခဲ့ ကြပြီး အောင်မြင်မှု များရ ရှိခဲ့တာကြောင့် ဒီနှစ်မန္တလေးမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ် တယ်လို့ စိုးသူက ပြောပါတယ်။
“အခုလောလောဆယ်တော့ ဒီပွဲအတွက်ပဲ အားစိုက်ပြီး လုပ်နေပါတယ်။ အရင်လိုပဲ အားပါးတရ ဖျော်ဖြေပါမယ်။ ကိုယ်ပေးနိုင်တဲ့ ဘက်က အစွမ်းအဆောင်နိုင်ဆုံး အဆင် ပြေပြေနဲ့ ကြည့်ရတာပျော် ပျော်ရွှင်ရွှင်လေးဖြစ်အောင် မိဘ ပြည်သူတွေကို တင်ဆက်မယ်လို့ စိတ်ကူးစီစဉ်ထား တယ်။ စီစဉ်ထားတဲ့အတိုင်း ဖြစ်အောင်လို့ ကြိုးစား ပြီး ဆောင်ရွက်ရမှာပေါ့။ရန်ကုန်မှာလုပ်တဲ့Past & Present  လုပ်သလိုပဲ အားပါးတရဖျော်ဖြေ မှာဆိုတော့ အဲဒီတုန်းက သီချင်းအပုဒ်ရေမျိုးလောက်ပဲ ဖျော်ဖြေမှာပါ။ပြည်ပရောက်နေတဲ့သူ တွေ လည်း ပြန်လာကြမယ်။ နယ်ရောက် နေ တဲ့သူေ တွ၊ ခရီးသွားနေတဲ့သူတွေ လည်း ကြည့်ချင်လို့ ပြန်လာကြမယ် ပြောပါတယ်။

ဖြိုးငွေစိုးနဲ့ ဇင်ဇင် ဧပြီ ၁ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲမယ်

၂ဝ၁၄ခုနှစ်ရဲ့ နှစ်စပိုင်းကစလို့ နာမည်ကျော်အနုပညာရှင်တွေ ရဲ့ မင်္ဂလာပွဲတွေ ဆက် တိုက်ဆင်နွှဲခဲ့ကြပါတယ်။ သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သူ့ရဲ့ချစ်သူမော်ဒယ်ဇင်ဇင်နဲ့ ဧပြီ လ ၁ ရက်(April Fool)နေ့မှာ မင်္ဂလာပွဲဆင်နွှဲတော့ မှာဖြစ်ကြောင်းသိရပါတယ်။ ဧပြီ ၁ရက် နေ့မနက်ပိုင်းမှာ နှစ် ဖက်မိဘတွေနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလုပ်မှာဖြစ်ပြီး ညပိုင်း မှာတော့ မင်္ဂလာညစာစားပွဲကို မြရိပ်ညိုမှာ ပြုလုပ်မှာဖြစ်ပါတယ်။ April Fool   နေ့မှာ မင်္ဂလာပွဲကျင်းပဖြစ်ပုံကို ဖြိုးငွေစိုးက “ဧပြီ ၄ရက်နေ့မှာ ခရီးသွားရမှာတစ်လ လောက်ကြာမယ်။ နောက်ပိုင်းက အလုပ်တွေများတော့မယ်။ ပြီးတော့ နဂိုက တည်းကရူးပြီးသားဆိုတော့ အဲဒီနေ့မှာဆောင်ရင် ပြန်ကောင်းသွားလိမ့်မယ်” လို့ ရယ်ရင်း ပြောပြပါတယ်။ ချစ်သူသက်တမ်း ၆နှစ်ရှိပြီဖြစ်ကာ မင်္ဂလာပွဲ ကြို တင်စိတ်ကူးထားမှုနဲ့ပတ်သက်ပြီးလည်း ဖြိုးငွေစိုးက “သူများတွေကိုလည်း အား ကျတာပေါ့။
၂ဝ၁၄မှဆောင်မယ်လို့တမင်ရည်ရွယ်ထားတာတော့မရှိပါဘူး။ ကျွန်တော်ကစိတ်ကူးပေါက်ရင် ထလုပ်တာပဲလေ။

‘ဒေါင်း ယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားခဲ့ချင်တယ်’ ဆိုတဲ့ ဇာတ်ကားနဲ့ သင်ဇာဝင့်ကျော် ခံစားချက်

သင်ဇာဝင့်ကျော်က ‘ဒေါင်း ယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထား ခဲ့ချင်တယ်’ ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားက ရဲအောင်နဲ့ စိုးမြတ်သူဇာတို့ ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားဖြစ်ပြီး သင်ဇာဝင့်ကျော်က စိုးမြတ်သူဇာရဲ့ နေရာမှာ ပြန်လည်ရိုက်ကူး နေတာဖြစ်ပါတယ်။ မင်းသားရဲ့ ဒုတိယအိမ် ထောင်အဖြစ် သရုပ်ဆောင်ရတာ ဖြစ် တာကြောင့် သင်ဇာ ဝင့်ကျော်က
“ဒီကားမှာ သင်ဇာက သက် သက်ဆိုတဲ့နေရာ က သရုပ်ဆောင်ရ တယ်။ အရင် မကြီး စိုး ရဲ့နေရာမှာ လုပ် ရတာပေါ့။ အရင်က လည်း ပေါက်ခဲ့ တယ်။ သင်ဇာ တော်တော်လေး လည်း လုပ်ရမှာပေါ့။ ရူးသွားတဲ့ အခန်းတွေလည်းပါတယ်။ ကိုယ့် အနုပညာကိုလည်း အမြင်တစ်မျိုး ဆန်း အောင် ပရိသတ်ကိုလည်း ချပြ ချင် တယ်။ အရင်တုန်းကဆို ဖန်စီ၊ ရိုမန့်၊ ဒရာမာဆိုလည်း ရိုးရိုးပဲ။ ဒီမှာ ကျတော့ နည်းနည်းပေါက်ကွဲထွက်ရ မယ့် ပုံစံမျိုးဆိုေ တာ့ ကိုယ်လည်း လုပ်ကြည့်ချင်တယ်။ ကိုယ့်ဘက်က တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ ကိုယ့်မှာရှိတဲ့ ပညာ တွေကို အကုန်ထုတ်သုံး မှာပါ။ ပရိ သတ်တွေကြားမှာ ဒီကားက တအား ပေါက်ခဲ့တော့ နောက်ထပ်တစ်ကြိမ် ပရိသတ်တွေဆီကို ရောက်လာဦးမှာ ဖြစ်တဲ့အတွက် တအား ကြိုးစားထား ပါတယ်။

ပြိုင်ကားတွေကို ချစ်တဲ့ အတွက် ပြိုင်ကားလောက အကြောင်း ဇာတ်ကား ရိုက်ကူးတဲ့ မြင့်မြတ်

မြင့်မြတ်က ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “စနစ်တကျ ဆိုးသွမ်းကြသူများ” ဇာတ်ကားကို ယုန်လေး၊ ကြက်ဖ၊ နန်းဆုဦး တို့နဲ့ သရုပ် ဆောင်နေပြီး ပြိုင်ကား အကြောင်း ရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်း ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ကားတွေကို အထင်အမြင် မလွဲစေလိုတဲ့ အတွက် ရိုက်ကူးဖြစ်ကြောင်း ကို မြင့်မြတ်က “အဓိက ကတော့ ဝါသနာကြောင့် ရိုက်ဖြစ်တာပါ။ ပြိုင်ကား လောက အကြောင်းတွေ၊ ပြိုင်ကားကို စနစ်တကျ မောင်းတဲ့ သူတွေရှိတယ်။ ပြိုင်ကား ကို အထင် မလွဲကြဖို့ အဲဒီလို ဇာတ်လမ်းမျိုးပါ။ ကျွန်တော်က ဒီဇာတ်ကားထဲမှာ ပြိုင်ကားကို စိတ်ဝင်စားတယ်။ သူငယ်ချင်းတွေကို ချစ်တတ်တယ်၊ ခင်တတ်တယ် ဆိုတဲ့ ပုံစံမျိုး သရုပ်ဆောင် ရမှာပါ။ မိန်းကလေး ပရိသတ်ရော၊ ယောက်ျားလေး ပရိသတ်တွေ အကုန်လုံးကြိုက်မယ့်  ဇာတ်လမ်းမျိုးပါ။ လူငယ် ဇာတ်လမ်း ပိုဆန်တာပေါ့။ ကျွန်တော်က အပြင် မှာလည်း ပြိုင်ကားတွေနဲ့ ပတ်သက်ပြီး ဝါသနာ တော်တော်ပါတယ်။ တော်တော်လေးလည်း စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း မောင်းဖြစ်တယ်။

စတိုင်ရှိမှ စတားဖြစ်မှာမို့ ဖက်ရှင်ကိုစိတ်ဝင် စားပါတယ်လို့ဆိုသူ အောင်ရဲလင်း

လူငယ်တွေ ကြားမှာ ဖက်ရှင်နဲ့ ပတ်သက်လာရင် စိတ်ဝင်စားခြင်းခံရသူကတော့ အောင်ရဲလင်းပဲဖြစ်ပါတယ်။ ထူးခြားတဲ့ သူ့ဖက်ရှင်စတိုင်နဲ့သင်္ကြန် အတွင်း ဘယ်လိုမြင်ရမလဲ လို့မေးကြည့်တော့ အောင်ရဲလင်း က “ကျွန်တော် ဖက်ရှင်ဒီဇိုင်းနဲ့ ပတ် သက်လာရင်အမြဲလေ့လာဖြစ်တယ်။ မဂ္ဂဇင်း စာအုပ်တွေ အမြဲကြည့်သလို ပုံတွေဆိုလည်းကြိုက်တာတွေ့ရင် ညှပ် ပြီးသိမ်းထားတတ်တယ်။ ဒီနှစ် သင်္ကြန်ဖက်ရှင်တော့မပြောတတ်သေး ဘူး။ ဒါပေမဲ့သင်္ကြန်မှာရေ ကစား ဖို့မဏ္ဍပ်ဆောက်ဖို့တော့ အစီအစဉ် ရှိပါတယ်” လို့ ပြောပါတယ်။ ဇာတ် ကားတွေ ရိုက်ကူးတိုင်းမှာ တစ်ကား နဲ့တစ်ကား ဇာတ်ကောင်စရိုက် မထပ် အောင်၊ ဖက်ရှင်ဒီဇိုင်းတွေ မတူအောင်ဘယ်လို စီ စဉ်ထားလဲလို့မေးကြည့် တော့ “ဆံပင်အဝတ် အစားတွေဆို တော်   တော်ပြင်ဆင်တယ်။ ကားရိုက်တာလည်း များလာတော့ ပုံစံ ကွဲအောင်တော့ လုပ်ရတာပေါ့။ ဒါပေမဲ့ ဇာတ်ပေါ် မူတည်ပြီးတော့ လုပ်တာပဲ။ ဖက်ရှင် က အဓိကကျတာ ပေါ့” လို့ ပြောပြပါ တယ်။ ဘဝမှာ ဖက်ရှင် နဲ့ပတ်သက်လာရင် ခံ ယူထားတဲ့ အတွေးအခေါ် ရှိလားလို့ မေးကြည့် တော့ “ယော က်ျားလေးလည်း ဖက်ရှင်ဆိုတာအရေးပါတာ ပဲ။ သရုပ်ဆောင်မင်းသား၊ မင်းသမီး ရယ်မှမဟုတ်ဘူး။ အားလုံးက ဖက်ရှင်ကို စိတ်ဝင်စား ကြတယ်။ စတိုင်ရှိမှ စတားဖြစ်မှာ။ ဒါ ကြောင့် ဖက်ရှင်နဲ့ ပတ်သက်လို့ ဂရု စိုက် တယ်” လို့ ပြောပြပါတယ်။ အောင်ရဲလင်းက လတ်တ လောမှာ စိုးမြတ်သူဇာ၊ စံရတီမိုးမြင့် တို့နဲ့ ဇာတ် ကား ရိုက် ကူးနေ ကြောင်း သိရပါ တယ်။
  
 ထူးထူး/popularmyanmar

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB