Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ကိုယ့်ရဲ့ ကံတရားကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်လိုတယ်ဆိုရင်

ကိုယ်လိုချင်တဲ့ ဘ၀မျိုးမရတဲ့အတွက် သင်ဘယ်သူ့ကို အပြစ်တင်မှာလဲ။ သင့်ကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်ပေးနိုင်တဲ့ သင့်ရဲ့ အဖော်ကိုလား။ သင့်ရဲ့ ကြိုးစားမှုကို အသိအမှတ်မပြုပေးတဲ့ သင့်ရဲ့ သူဌေးကိုလား။ ဒါမှမဟုတ်သင့်ကို ဒီလိုမျိုးဖြစ်အောင် မွေးဖွားလိုက်တဲ့ သင့်မိဘနှစ်ပါးကိုလား။

တကယ်လို့သင်သာ ရိုးသားမယ်ဆိုရင်တော့ အဖြေကိုသိပြီးဖြစ်မှုာပါ။ သင်မျှော်လင့်သလို ဖြစ်မလာတဲ့ ဘ၀အတွက် တစ်ဦးတည်းသော အပြစ်ရှိသူဟာ သင်ကိုယ်တိုင်ပါပဲ။ ဒီတော့ ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ပုံဖော် ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

(၁) သင်ဟာ အောင်မြင်ဖို့မွေးဖွားလာသူတစ်ဦးလို့ မှတ်ယူရပါမယ်။

(၂) သင့်ကို မုဆိုးဘ၀ကနေ သားကောင်ပြန်ဖြစ်သွားစေတာ သင့်ရဲ့ကြောက်စိတ်ပါပဲ။

သင်္ကြန် song

No Title Singer Listen/Download Size
1 မန်းတောင်ရိပ်ခို Ringo Click Here !! 2.00 MB
2 တူးပို့တူးပို့ စည်သူလွင် Click Here !! 2.00 MB
3 နွေဦးကဗျာ ဂရေဟမ် Click Here !! 2.00 MB
4 ရက်မြတ်သင်္ကြန် ရင်ဂို Click Here !! 2.00 MB
5 သင်္ကြန်ဝိဥာဉ် ဂရေဟမ် Click Here !! 2.00 MB
6 သက်ြန်မိုးရေ တန်ခုးလေ ~ ရင်ဂို Click Here !! 2.00 MB
7 သင်္ကြန်လုလင် ဂရေဟမ် Click Here !! 2.00 MB
8 .ရေပက်ခံမယ် စည်သူလွင် Click Here !! 2.00 MB
9 မန်းမြို့ သူဇာမေ ရင်ဂို Click Here !! 2.00 MB
10 ညိုမြ ရင်ဂို Click Here !! 2.00 MB

သားသားနားနားသုံးရာသီ Volume # Two 2014

No Title Singer Listen/Download Size
1 အိမ်မက်မြို့ပျက် Big Bag Click Here !! 2.00 MB
2 ဒီဆောင်းတစ်ည Lလွန်းဝါ Click Here !! 2.00 MB
3 အနမ်းနေ့ရက်များ Gateway Click Here !! 2.00 MB
4 မိုးနဲ့အတူ သားကြီး Click Here !! 2.00 MB
5 မူယာမာယာမိုး မင်းမင်းလတ်၊ အနဂ္ဂ ၊သံသာဝင်း Click Here !! 2.00 MB
6 ဖက်ထားပါ မိစန္ဒီ Click Here !! 2.00 MB
7 နှင်းဝေတဲ့ဆောင်း စန္ဒီမြင့်လွင်၊ နီနီခင်ဇော် Click Here !! 2.00 MB
8 ကြိုပါအုံးကွယ် အစ္စဏီ Click Here !! 2.00 MB
9 အလွမ်းမိုးစက်များ Too Big Click Here !! 2.00 MB
10 မမုန်းမယ့်မိုး စန္ဒီ Click Here !! 2.00 MB
11 ဝေးလို့မဖြစ်တဲ့နေ့ Wai လျှံ Click Here !! 2.00 MB
12 အချမ်းပြေအနမ်း သြရသ Click Here !! 2.00 MB
13 ဆောင်းညအလွမ်း ချစ်ခွန်းညံ Click Here !! 2.00 MB
14 ဒို့လူခါးလည်းကိုင်းနေပြီ ကိုင်ဇာတင် Click Here !! 2.00 MB

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်

                                              နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့မှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့ကာ တက်ရောက် လာသူအားလုံးက လက်မှတ်ရေးထိုး၍ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လူဦးရေ သုံးသန်းကျော် လက်မှတ်ရေးထိုးပြီး လွှတ်တော်သို့ တင်ပြ ထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခြင်းပင် မရှိသေးသဖြင့် လွှတ်တော်အားတိုက်တွန်းခြင်း၊ မျိုးစောင့်ဥပဒေ လှုပ်ရှားသူများအား နိုင်ငံရေးပါတီအချို့မှ အထင်အမြင် လွဲနေခြင်းတို့ကြောင့် ထိုသို့ နား လည် မှု လွဲနေသည်ကို ပြန်လည်စေ့စပ်ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က ပြောကြားသည်။

တွံတေးမြို့နယ်တွင် လုယက်မှုဖြစ်

၂၁.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန် တွံတေးမြို့နယ်နေ ဦးအောင်ကိုဦး
သည် ၎င်းပိုင် ဆိုင်ကယ်ဖြင့် တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ မရမ်းကုန်း(၂)လမ်းထိပ်တွင် အကြော်ဝယ်ပြီးပြန်ထွက်စဉ် အမည်မသိ အမျိုးသား(၁)ဦးမှ ဆိုင်ကယ်အားတားထားခဲ့ကြောင်း၊ထိုစဉ် ဦးသံခဲဆိုသူ
ရောက်ရှိလာကာ ဆိုင်ကယ်နံပါတ်ပြားဘယ်ကရတာလဲဟုပြောပြီး ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း၊ ပြီးနောက် ဦးသံခဲမှ ၎င်း၏ လက်မောင်းအား ဆုပ်ကိုင်တွန်းလိုက်သဖြင့် ယိမ်းယိုင်သွားစဉ် ဦးသံခဲဆိုသူမှ ဆိုင်ကယ်
သော့ကိုယူကာ တူးဘောက်အားဖွင့်၍ အတွင်းမှ ငွေကျပ်(၅၀၀၀၀)အား ယူပြီး အမည်မသိအမျိုးသားအား စောင့်ကြည်နေရန်ပြောဆိုကာ ထွက်ခွာသွားကြောင်း၊ အမည်မသိအမျိုးသားမှ စောင့်ကြည့်နေသဖြင့် ဦးအောင်ကိုဦးမှာကြောက်ရွံ့သောကြောင့် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုထားခဲ့ကာ ပြန်လာခဲ့ရကြောင်းတို့ကို ပြောပြတိုင်တန်းခဲ့
သဖြင့် တွံတေးမြို့မရဲစခန်း (ပ)၆၆/ ၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တောင်ကိုရီးယားနိုင်ငံ ထိန်းချုပ်ထားသည့် ကျွန်းများ ပြန်လည် ရရှိရေး ဂျပန် စုဝေး ဆန္ဒပြ


တောင်ကိုရီးယား နိုင်ငံက ထိန်းချုပ်ထားသည့် ကျွန်းစု ငယ်လေးများ ပြန်လည် ရရှိရေးအတွက် ဂျပန်နိုင်ငံက နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော စုဝေး ဆန္ဒပြပွဲ တစ်ရပ်ကို စနေနေ့တွင် လုပ်ဆောင် လိုက်သဖြင့် ကာလရှည်ကြာ ဖြစ်ပွားနေသော နယ်မြေ အငြင်းပွားမှုတွင် လောင်စာသစ်များ ထပ်မံ လောင်းထည့် လိုက်သလို ဖြစ်သွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဂျပန် အနောက်ဘက်ပိုင်း ရှီမာနီ စီရင်စုတွင် အထက်တန်း အစိုးရ အရာရှိကြီးများ၊ နိုင်ငံရေးသမားများ၊ ဒေသခံများ စုစုပေါင်း လူပေါင်း ၅၀၀ ကျော် စုဝေးပြီး ကျွန်းစုများအရေး ဆန္ဒပြလျက် ရှိသည်။

အရှေ့ ဂျပန် ပင်လယ်ပြင် အတွင်းရှိ ကျွန်းငယ်လေးများကို ဂျပန်နိုင်ငံက တကီရှီမားဟု ခေါ်ဆိုပြီး တောင်ကိုရီးယား နိုင်ငံကို ဒေါ့ဒို ကျွန်းငယ်များစု ခေါ်ဝေါ်ထားသည်။

အမျိုးသားများအတွက် dresses-psd အသစ်



အားလုံးပဲမင်္ဂလာပါ ဒီနေ့ တော့ photo shop ၀ါသနာတူ
ဘော်ဘော်များအတွက် dresses အမျိုးသားများအတွက်ဝတ်စုံ
အသစ်လေးတွေကိုတင်ပေးလိုက်ပါတယ်မိမိတို့ ပုံလေးကို စတိုင်ကျကျ
စမက်ကျကျ ပြင်ဆင်နိုင်ပါတယ် photo shop သများအတွက် တော့
အကောင်းဆုံးသော psd  file လေးပါ နောက်လဲ့ အသစ်တွေတင်ပေးဖို့ ရှိပါတယ်
လိုခြင်သေးရင် PB လေးကို like နှိပ်ထားပေါ့ နော် ဟီးးးးးးး

flower_ psd


ပုံတပုံကိုအလှပဆုံးဖြစ်အောင်ပြင်ဖို့ အတွက်


ဒီလို  flower_ psd file တွေလည်းလိုပါတယ် ပိုတိုရှော့သမားအတွက်


ထွေထွေထူးထူးပြောစရာမလို တော့ ပါဘူး ဒီလို  flower_ psd file မျိုးကို


အမျိုးသမီးများပိုကြိုက်မယ်လို့ ထင်ပါတယ် အမျိုးသားများလည်းသုံးနိုင်ပါတယ်


 FB like ကိုအရင်နှိပ်ထား ဆက်တင်ပေးအုန်းမယ် 

အချစ်ကို အလွဲသုံးစားလုပ် လိင်အရှုပ်တွေမလုပ်ကြေး

ပုထုဇဉ် ဆိုတဲ့ လိုင်စင်ရကတည်းက လူသားဟာ စိတ်အလိုလိုက်မှုဆိုတဲ့ ရေစီးကြောင်းထဲ စုန်မျောခဲ့ကြတာပေါ့။ အာရုံခံစားမှုဆိုတဲ့ အနံ့၊ အရသာ၊ အထိအတွေ့တွေမှာ သာယာခြင်းက သဘာဝတရား အဖြစ် ဖွဲ့တည်လာကြတယ်။ ဆန့်ကျင်ဘက် လိင်အပေါ် တွယ်ငြိစွဲလန်းမှုကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သာယာမှု တခုပါပဲ။ ထိကိုင်ပြသ မမြင်ရတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကလည်း စွဲလန်းသာယာစရာ ဖြစ်လာသလို၊ သဘာဝ အလျောက် ဖြစ်လာတဲ့ သွေးသား နှီးနှောမှုကလည်း ကျွဲကူးရေပါ အတူယှဉ်တွဲ လာပါတော့တယ်။ “ချစ်ခြင်းအစ မျက်စိက” ဆိုတာကနေ “လက်ကလေးပြီးတော့ ပါးကလေးပေါ့” ရောက်လာပြီးတဲ့အခါ၊ “ဖြေးဖြေးလေး နဖူးလေး၊ ပါးလေး နမ်းပါ” တွေ ကျော်လွန်လာတဲ့အခါ အထိအတွေ့ နွံနစ်ကျွံသွားကြပါတော့တယ်။ “ချစ်သူများနေ့” ရဲ့ ချောကလက်တွေ နေရာမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေထဲက ရင်ခုန်သံတွေ နေရာယူလာ ကြပါတော့တယ်။

ကရင်အမျိုးသားရဲတပ်ဖွဲ့သင်တန်း

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ပြည်ထဲရေးနှင့်သာသနာရေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဥပဒေနှင့်မှုခင်းစုံစမ်းစစ်ဆေးရေးသင်တန်းဆင်းပွဲကို  သောကြာနေ့က  ဘားအံခရိုင်လေးဝါးစခန်းမှာပြုလုပ်ခဲ့ပါတယ်။

ဒီလ ၁၀ ရက်နေ့ကစတင်တဲ့သင်တန်းကို KNU လက်အောက်ခံခရိုင် ၇ ခုက ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)က အရာရှိ (၈၀) တက်ရောက်သင်ကြားခဲ့ကြပါတယ်။

သင်တန်းရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်တယ်လို့ KNU ပြည်ထဲရေး နှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် လမ်းကြောင်းမှန်ပေါ် ရောက်ပြီဟု သမ္မတပြောကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည်တို့တွင် တည်တည်ငြိမ်ငြိမ် ဆက်တိုက် ပြုပြင်ပြောင်းလဲ နေသောကြောင့် တိုင်းပြည် လမ်းကြောင်းမှန် တစ်ခုပေါ် ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြား သည်။
“အစိုးရသက်တမ်း သုံးနှစ်ဝန်းကျင်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အဓိက ဦးစားပေး အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ အခုချိန်မှာ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ” ဟု ၎င်းက ပြောကြားသည်။

အမေပြောပြတဲ့ အဖြစ်မှန်လေး

စက်တင်ဘာလ ၆ရက်နေ့ဟာ မေမေနဲ့ ဖေဖေတို့လက်ထပ် ထိမ်းမြားခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ၇၁နှစ်မြောက်ပြီပေါ့။ ဒါပေမဲ့ ပေါင်းသင်းခဲ့ရတာကတော့ ၅ နှစ်တောင် မပြည့်ပါဘူး။ ဒီ၅နှစ်လုံးကလည်း အေးအေးဆေးဆေး နေခဲ့ရတယ်ကို သိပ်မရှိပါဘူး။ အဲဒီအချိန်အခါက ဗမာ့ကာကွယ် ရေးတပ်မတော် ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ရတာ ပင်ပန်းရုံမက အန္တရာယ်လည်း များပါတယ်။ အန္တရာယ်ဆိုတာ စစ်မြေပြင်မှာ တင်ပြောတာ မဟုတ်ပါဘူး။ စစ်ရေး စစ်ရာတွေအပြင် နိုင်ငံရေး ကိစ္စတွေကိုပါ အင်မတန်ရှုပ်ထွေး ကြမ်းတမ်းတဲ့ ကာလမှာ ကိုင်တွယ်နေရတော့ နေ့မအား၊ ညမအား၊ လူမအား၊ စိတ်မအား လုပ်ကိုင်ကြိုးစား ရပါတယ်။ အနေအထိုင်ဆင်းရဲတဲ့ ကာလကြီးလည်း ဖြစ်ပါတယ်။ကျွန်မတို့အစ်ကိုအကြီးဆုံး အောင်ဆန်းဦး မွေးဖွားချိန်ကဆိုရင် ကလေးတိုက်ဖို့နွားနို့က ရေရောထားတာမျိုးပဲ ရနိုင်တယ်။ ကလေးနို့ပုလင်း မရနိုင်လို့ ဇွန်းကလေးနဲ့တိုက်ရတယ်လို့ ကျွန်မကို လူကြီးတွေက ပြောပြဖူးပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် အချိန်ယူ ရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို ၎င်းနှစ်တစ်ရာပြည့် မွေးနေ့ဖြစ်သော ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရုံတင် ပြသနိုင်ရန် အပြီးသတ် ရိုက်ကူးပါက ဇာတ်လမ်းကောင်း ဖြစ်မည် မဟုတ်သောကြောင့် အချိန်ယူ၍ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ကြောင်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောကြားသည်။

“မြန်မြန်နဲ့ မကောင်းတကောင်း လုပ်မလား၊ ကောင်းကောင်း လုပ်ပြီး အချိန်ယူမလား ဆိုတော့ ကောင်းကောင်း လုပ်ပြီး အချိန်ယူ လုပ်နိုင်အောင် ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားကဲ့သို့ နိုင်ငံတကာ အဆင့်မီ ဇာတ်ညွန်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးမှု မရှိခဲ့သောကြောင့် ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် အခက်အခဲ များစွာနှင့် အလုပ်များစွာ လုပ်နေရကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပျော်မွေ့တတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သူ ညိုမင်းလွင်ဖန်တီးတဲ့ ဓါတ်ရှင်ရိုက်သူများ

ထူးခြားဆန်းပြားမှုတွေနဲ့ ပရိသတ်တွေ တော်တော်များများ တွေ့မြင်လက်ခံလာတဲ့ ဒါရိုက်တာတစ်ယောက်က ညိုမင်းလွင်။လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပရိသတ်အပေါ် အပေးအယူတည့်အောင် ဇာတ်ကားတိုင်းမှာ ဖန်တီးပြသလေ့ရှိတဲ့ ညိုမင်းလွင်။ ရိုက်သမျှ ဇာတ်ကားတိုင်းကို ကြည့်ရတဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားရတဲ့အတွက် ခုသူကိုယ်တိုင်ဖန်တီးတင်ပြတော့မဲ့ ဓါတ်ရှင်ရိုက်သူများ ဇာတ်ကားရိုက်ကွင်းပေါ်က သူ့ရင်ခုန်သံကိုမသိမသာ မေးမြန်းကြည့်မိတဲ့အခါ ‘မျက်လှည့်ပွဲတစ်ပွဲလိုပါပဲ။ စင်နောက်ဖက်ကို ထွက်လာပြီးမှ ရုံရှေ့ထွက်ကြည့်လို့ရှိရင် အရသာရှိမှာမဟုတ်ဘူး။ အဲဒါကြောင့်ကျွန်တော်က ပရိသတ်ကို အံ့သြမှုလေး တစ်ခုပေးချင်တာပါ။ အံ့သြမှုဆိုတာက ၂ခါပြန်မရဘူး။

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်

ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

ရွှေဘိုတွင် တရားမဝင် တမလန်းသစ်များ ဖမ်းမိ

ရွှေဘိုမြို့ အောင်ဇေယျလမ်းမကြီး နယ်မြေ (၂) မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈နာရီ ၃၀ မိနစ်အချိန်က ISUZU မော်တော်ယာဉ် အမျိုးအစား 4WD အဖြူရောင် မော်တော်ယာဉ်ပေါ်တွင် တမလန်းဓားရွေ့ ၂၁ ချောင်းသစ်တန်ချိန် ၀ ဒသမ ၉၆၃၆ တန်ကို ရွှေဘိုမြို့နယ် သစ်တောဦးစီး အရာရှိဦးရဲလွင် ခေါင်းဆောင်သော အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တော တောအုပ် ဦးသိန်းထွန်းအောင်ထံမှ စုံစမ်းသိရှိရသည်။

ယာဉ်မောင်း/သစ်ပိုင်ရှင် ဦးထွန်းနိုင် (ဘ) ဦးသက်နောင်သည် အဆိုပါသစ်များကို တန့်ဆည်မြို့နယ် ကံထူးမမှ မန္တလေးသို့ တရားမဝင် သယ်ဆောင်လာခြင်း ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၅၇၈,၁၆၀ (ငါးသိန်းကျော်) ရှိကြောင်း ဦးသိန်းထွန်းအောင်က ဆက်လက် ပြောကြားခဲ့သည်။

အက်ဖ်အမ်မ်ပုဂံ အစီအစဉ် ကြေညာသူထံမှ မူးယစ်ဆေးဝါးတွေ့

အက်ဖ်အမ်မ်ပုဂံတွင် အစီအစဉ် ကြေညာသူအဖြစ် အလုပ် လုပ်ကိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားကို မူးယစ်ဆေးဝါး သတင်းရရှိထားသဖြင့် ရန်ကင်းမြို့နယ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၆နာရီ ၄၅ မိနစ်ခန့်က ရှာဖွေ စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း ရန်ကင်း ရဲစခန်းထံမှ သိရှိရသည်။

ဆီဒိုးနားဟိုတယ် ယာဉ်ရပ်နားနေရာတွင် မူးယစ်တပ်ဖွဲ့စုမှ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေ့စဉ် အဆိုပါ အမျိုးသားကို တွေ့ရှိခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူ စစ်ဆေးရှာဖွေရာမှ WY စိတ်ကြွဆေးပြား ၁၄ ပြား၊ ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက် ၇ ဂရမ်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ်အား နောက်ဖက်မှတိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂) လမ်းမကြီးအတိုင်း ဇရပ်ကွင်းရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့ ယာဉ်မောင်း အောင်ဆန်းကြည်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 4A---- နစ်ဆန်းဒီဇယ် (၁၂)ဘီးကုန်တင်ယာဉ်သည် မိုင်တိုင်အမှတ် (၂၆/၄)အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းမှတ်တိုင်၌ ခရီးသည်တင်/ချပြုလုပ်နေ
သော လှည်းကူး-ဒါးပိန်-သင်္ဃန်းကျွန်း ပြေးဆွဲသည့် 6A---- ခရီးသည်တင် ဒိုင်နာယာဉ်၏ နောက်ဖက်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် 6A---- ယာဉ်ပေါ်ပါ ခရီးသည် ခလရ(၇၂) လွိုင်ကော်မှ ဗိုလ်ကြီးစောနိုင်ဟိန်းမှာ ယာခြေသလုံးကျိုး၊ ကျောပြင်ညိုမဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အခြားခရီးသည် (၃)ဦးတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ဒါးပိန်ဆေးရုံ၌
ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

အမည်မသိအမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့်သေဆုံး

၂၃.၂.၂၀၁၄ ရက်နေ့ ၀၅၁၅ အချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်မြို့ နယ်၊ (၅)ရပ်ကွက်၊ သီရိမြိုင်ဘူတာနှင့် ချောင်းကူးတံတားအနီး၊ မိုင်တိုင်အမှတ် ၆/၁၀ နှင့် ၆/၁၁အကြားတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့် သေဆုံး
ကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ အမည်မသိ၊ အသက် (၅၀)နှစ်ခန့်၊ အရပ်၅ပေ၇လက်မခန့်၊ အသားဖြူ၊ ဆံပင်တို၊ အပြာနုရောင်ရှပ်အင်္ကျီလက်တိုဝတ်ဆင်ထားသည့် ဗမာအမျိုးသားတစ်ဦး
မှာ နဖူးကွဲ၊ ဦးနှောက်ထွက်၊ ယာတံတောင်ဆစ်ပြတ်၊ ယာဒူး၊ ယာခြေဖမိုး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

အိုင်ကလောင်ကျေးရွာ ရဲဘက်စခန်းတွင် အကျဉ်းသားများအား မတရားညှဉ်းပန်း နှိပ်စက်ရုံမက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများအား ဗြောင်ကျကျလုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ ဘ၀သစ် အမှတ် (၂) ၊ အိုင်ကလောင်ကျေးရွာ စိုက်ပျိုးမွေးမြူရေးရဲဘက်စခန်းတွင် ယခုတာဝန်ကျသည့် တာဝန်ခံ ထောင်ပိုင်ဦးဇော်ဦးလက်ထက်၌ ၀န်ထမ်းရန်ပုံငွေဟုဆိုကာ အကျဉ်းဦးစီးပိုင်မဟုတ်သည့် အရပ်သားလယ်မြေများတွင် အကျဉ်းသားများအား လယ်ငှားအဖြစ် တစ်ဧကလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် အလုပ်ချိန်တစ်ရက် (၈) နာရီထက်ပို၍ မတရားနှိပ်စက်ကာခိုင်းစေလျှက်ရှိသည် ။

၎င်းအိုင်ကလောင်ရဲဘက်စခန်း၌ တာဝန်ကျဝန်ထမ်းများဖြစ်သည့် (ထောင်အခေါ် ဗိုလ်လေး) သက်နိုင်အောင် ၊ အေးချမ်းအောင် ၊ တပ်ကြပ်ကျော်ဇံအောင် ၊ တပ်ကြပ်စိုးမင်းထက်တို့သည် အကျဉ်းသားများအား အလုပ်ခွင်မဆင်းမီ တန်းစီကာ စိတ်ကြိုက်ရိုက်နှက်ဆဲဆိုပြီးမှ အလုပ်ခွင်ဆင်းစေကြောင်း သိရှိရသည် ။

အင်းစိန်မြို့နယ်တွင် လူသတ်မှုဖြစ်

၂၂.၂.၂၀၁၄ ရက်နေ့၂၁၃၀ အချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်နေ ကိုထက်ဝေယံသည် နေအိမ်ရှေ့၌ ဖုန်းပြောနေစဉ် ယခင်က စက်ဘီးငှားသည့် ကိစ္စဖြင့် စကားများခဲ့ဖူးပြီး ၎င်းအားမကျေမနပ်ဖြစ်နေ
သော တစ်ရပ်ကွက်တည်းနေ ဦးလေးတော်စပ်သူ ဦးနိုင်ဝင်းမှ သံတုတ်အားခါးကြားတွင်ထိုး၍ ယူဆောင်လာသည်ကို ကိုထက်ဝေယံ၏ ဖခင်ဦးသန်းအောင်မှတွေ့မြင်သဖြင့် ဦးနိုင်ဝင်းထံသွား ရောက်ကာ လုံးထွေးသတ်ပုတ်စဉ် ဦးနိုင်ဝင်းမှ သံတုတ်ဖြင့်ရိုက်ခဲ့၍ ဦးသန်းအောင်တွင် နဖူးဝဲဘက်၊ နှာခေါင်း၊မေးစေ့တို့၌ ပေါက်ပြဲဒဏ်ရာများ ရရှိကာ သတိလစ်လဲကျသွားပြီး သေဆုံးသွားသောကြောင့် ကိုထက်ဝေယံမှ အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ဦးနိုင်ဝင်းအား အင်းစိန်မြို့မရဲစခန်း (ပ)၁၈၆/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ပြောင်းကိုင်ပြီ

Mister University ပြိုင်ပွဲဝင် မော်ဒယ်လ် သရုပ်ဆောင်ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်းသေဆုံးမှု၌ အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီနှင့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့တို့မှပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ စီအိုင်ဒီမှ သီးသန့်လွှဲ ပြောင်းရယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်ဟိန်း(ခ)ကျော်ဇောဟိန်းသည် လွန်ခဲ့သောဇန်န၀ါရီ၂၁ ရက် တွင် မြို့တော်ဂေါက်ကွင်းဟိုတယ်အတွင်းရှိ ရေကူးကန်ထဲတွင် သေဆုံးခဲ့ခြင်း ဖြစ်ကာမည်ကဲ့သို့ သေဆုံးခြင်းကို အမှုမှန်ပေါ်ပေါက်စေရန် ၀ိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ စီအိုင်ဒီမှ လွှဲပြောင်း ယူလိုက်ခြင်း ဖြစ်ကြောင်း စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုသည်။

အင်းတော်ကြီးဒေသရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုများတွင် ရဲနှင့်စစ်တပ်များကိုယ်တိုင် ပါဝင်ပက်သက်မှုရှိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုများ၌ ရဲနှင့် စစ်တပ်များကိုယ်တိုင် ပါဝင်ပက်သက်မှုများရှိနေကြောင်း သိရှိရသည်။

အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း ၃၁ ရွာအနက် မိုင်းနောင်၊ ညောင်ပင်၊ မပြင်၊ နမ့်ပတဲ၊ ကုမ္မန၊ နမ့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ လောဆွန့်(မှန်ကင်း) စတဲ့ကျေးရွာတွေမှာ မူးယစ်ဆေးဝါးများကို အဓိကရောင်းဝယ်ဖြန့်ဖြူးနေပြီး၊ အချို့ရွာများတွင်လည်း အနည်းနှင့်အများ ရောင်းဝယ်မှုများရှိနေပါတယ်၊ အဆိုဆုံးကတော့ ညောင်ပင်ကျေးရွာ၊ ရပ်ကွက် (၇) တွင် မူးယစ်ဆေးဝါးကို ဟင်းရွက်ကန်းစွန်းကဲ့သို့ ရောင်းချနေခြင်းပင်ဖြစ်တယ်၊ အင်းတော်ကြီးဒေသရှိ အရွယ်စုံ လူဝတ်ကြောင်းနှင့် ရဟန်းတော်များပါမကျန် မူးယစ်ဆေးဝါးရဲ့ သားကောင်းများ ဖြစ်နေရပြီး တဖြုတ်ဖြုတ်နှင့် ကြွေလွင့်နေကြပါတယ်၊

အုပ်စုဖွဲ့ ရမ်းကားခဲ့တဲ့ ပြိုင်ကားပြဿနာနဲ့ နောက်ဆက်တွဲ

တလောက ပြိုင်ကားတွေ အုပ်စုဖွဲ့ပြီး အငှားယာဉ်ကို ရိုက်နှက်ရမ်းကားမှု ဖြစ်ခဲ့ပြီးနောက်မှာ ပထမ ပြိုင် ကား တစီးကို ဖမ်းဆီးသိမ်းယူခဲ့ပြီး အခုတော့ နောက်ဆက်တွဲအနေနဲ့ နောက်ထပ်ပြိုင်ကား ၂ စီးကို မိဘတွေက လာရောက်အပ်နှံခဲ့ကြတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့
ဖော်ပြထားပါတယ်။

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှ ပြိုင်ကား(၂)စီးကို မိဘများမှလာရောက်အပ်နှံ

 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှား ယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့ အားရိုက်နှက် ထိုးကြိတ် ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မ ရဲစခန်း(ပ) ၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

ဓားခုတ်မှုဖြင့် တိမ်းရှောင်နေသူကို ဖမ်းဆီးရာမှ ရဲတပ်ကြပ်တစ်ဦး သေဆုံး

ခရမ်းမြို့နယ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီ ၁၆ရက်နေ့က ဓားခုတ်မှုဖြင့် တိမ်းရှောင်နေသူ အမျိုးသားကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သော ရဲတပ်ကြပ်တစ်ဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညပိုင်းက သေဆုံးခဲ့ကြောင်း ခရမ်းမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တိမ်းရှောင်သူကို သွားရောက် ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင် လေးဦးခန့်မှာ ဝိုင်းဝန်း ရိုက်နှက်ခံရကြောင်း၊ ယင်းကဲ့သို အရိုက်ခံရသူ ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်ကြပ် မောင်မောင်နိုင်မှာ ဦးခေါင်းတွင် ပြတ်ရှ ဒဏ်ရာ၊ ဇက်ပိုးတွင် အရိုက်ခံရသည့် ဒဏ်ရာနှင့် မျက်ခုံးတွင် ပေါက်ပြဲဒဏ်ရာများဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောကုဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိရာ ငါးရက်အကြာတွင် သေဆုံးခဲ့ကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

Nintendo Wii ဂိမ်းလက်ကိုင်ခလုတ်ကို ရဲက တကယ့်သေနတ်ထင်ပြီး ပစ်သတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်ချာတိတ် Christopher Roupe ဟာ လွန်ခဲ့တဲ့  နှစ်ရက်က နေအိမ်မှာ တင် ရဲဝန်ထမ်းတစ်ယောက်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ခရစ်စတိုဖာရဲ့ အဖေ ကို အကြမ်းဖက်မှုဝရမ်းနဲ့ ရဲဝန်ထမ်းတွေက လာရောက်ဖမ်းဆီးတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ခရစ်စတိုဖာ က တံခါးဖွင့်ပေးပြီး သူတို့ ကို ၀င်ခွင့်ပြုလိုက်တဲ့အခါမှာ ရဲဝန်ထမ်းတစ်ယောက်က ခရစ်စတိုဖာရဲ့ ဗိုက်ကို  သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ရဲတွေကတော့ ခရစ်စတိုဖာဟာ သေနတ်တစ်နတ်တစ်လက် ကိုင်ဆောင်ထားတယ်လို့ ငြင်းချက်ထုတ်ထားပေ မယ့် မျက်မြင်သက်သေတွေနဲ့ ခရစ်စတိုဖာရဲ့  မိသားစုကတော့ အဲဒါဟာ Wii ဂိမ်းအဝေးထိန်းလက်ကိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းအနီး ဗုံးပေါက်ကွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေရဲ့ သပိတ်စခန်းအနီးမှာ ဖေဖော်ရီ ၂၁ ရက်နေ့ညမှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၆ ယောက် ဒဏ်ရာရသွားပါတယ်။

ထိုင်းအစိုးရ  ဆန့်ကျင်ဆန္ဒပြ သမားများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့မြင့်ရစဉ်
ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြ သမားများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့မြင့်ရစဉ်

ရဲတွေရဲ့ အဆိုအရ မီတာ ၃၀၀ လောက်အကွာ တံတားပေါ်ကနေ လက်ပစ်ဗုံး ပစ်သွင်းခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ ရတ်ချပရာဆွန် လမ်းဆုံမှာ ဆန္ဒပြသမားတွေ စခန်းချနေတာ လနဲ့ ချီကြာနေပါပြီ။ လူ ၆ ယောက် ဒဏ်ရာရပြီး ကားသုံးစီးလည်း ပျက်စီးသွားတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ယနေ့ မြန်မာနယ်စပ်ကို လာမည်

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့သို့ ယနေ့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းဝန်ကြီးချုပ်သည် ယနေ့ နေ့လည်ပိုင်းတွင် ဒက္ကးမြို့တော်မှ တဆင့် ရောက်ရှိမည် ဖြစ်သည်။

သူမသည် ကော့စ်ဘဇားတွင် တည် ဆောက်ထားသည့် နိုင်ငံတကာ ခရိတ်ကတ် Cricket အားကစားကွင်း၊ ကော့စ်ဘဇား နိုင်ငံတကာ တက္ကသိုလ် (International University) နှင့် မဟားဇိုးကျွန်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံအပါအ၀င် တခြား အဆောက်ဦး များကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ မိသားစုများ ပြန်လည်ခွဲခွာ နှုတ်ဆက်

ကိုရီးယား စစ်ပွဲအတွင်း ကွဲကွာခဲ့ရပြီးနောက် ခဏတာ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ မိသားစုတွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြန်လည်ခွဲခွာဖို့ နှုတ်ဆက်ကြပါတယ်။ ၁၉၅၀ – ၅၃ စစ်ပွဲအတွင်း ကွဲကွာခဲ့တဲ့ မိသားစုတွေဟာ မိသားစုပြန်လည်တွေ့ဆုံရေး အစီအစဉ်အရ နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယား ဘက်အခြမ်း ကမ်ဂန်း အပမ်းဖြေစခန်းမှာ တွေ့ဆုံခွင့် ရတာပါ။ ပထမ အသုတ်အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တောင်ကိုရီးယားဘက်အခြမ်းက တွေ့ဆုံခွင့် မဲပေါက်တဲ့ အသက်ကြီးရွယ်အို ၈၂ ယောက်ဟာ မိသားစုဝင် ၅၀ ယောက်နဲ့ အတူ နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယားသား ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံပါတယ်။ ကြားထဲမှာ သူတို့ထဲက နှစ်ယောက်ကတော့ ကျန်းမာရေး ဆိုးရွားလို့ တောင်ကိုရီးယားဘက်က ပြန်နှင့်သွားပါပြီ။

ဗင်နီဇွဲလား သမ္မတ ရာထူးဆင်းပေးရေး ဆန္ဒပြတောင်းဆို

ထောင်နဲ့ချီတဲ့ ဗင်နီဇွဲလား အတိုက်အခံတွေ မြို့တော် ကာရာကပ်စ်ရဲ့ လမ်းတွေပေါ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြည့်ကျပ်နေပါတယ်။
သမ္မတ နီကိုးလပ်စ် မာဒူရို ရာထူးက ဆင်းပေးရေး တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆန္ဒပြပွဲအတွင်း စုစုပေါင်း လူသေဆုံးမှု ၈ ယောက် ဖြစ်သွားပါပြီ။
၂၀၁၃ ဧပြီက စပြီး သမတ မာဒူရို ရွေးကောက်ပွဲ အနိုင်ရခဲ့ ပြီးတဲ့နောက် အဆိုးရွားဆုံး နိုင်ငံရေးအကြပ်ရိုက်မှုလည်း ဖြစ်ပါတယ်။
အစိုးရကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ချာဗဲဇ်ကို အာဏာသိမ်းခဲ့တုံးက ပုံစံအတိုင်း အာဏာသိမ်းဖို့ ကြိုးစားချင်တဲ့ ဖက်ဆစ် အုပ်စုတွေကို အပြစ်တင်ပါတယ်။ အတိုက်အခံတွေကတော့ သမ္မတ မာဒူရိုကို လိုလားတဲ့ စစ်သွေးကြွတွေနဲ့ တပ်ဖွဲ့တွေက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပါတယ်။

အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက်

ယူကရိန်းနိုင်ငံမှာ မကြာသေးခင်ကမှ အကျဉ်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း ယူးလ်ယာ တမိုရှန်းန်ကော (Yulia Tymoshenko) က ကိယက်ဗ်မြို့တော်မှာ ဆန္ဒပြသူတွေကို စကားပြောပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို သူ့ကိုလည်း သူရဲကောင်းသဖွယ်ကြိုဆိုခဲ့ကြပါတယ်။

သီတင်းပတ်အတော်ကြာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အာဏာအလွဲ သုံးစားလုပ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ မစ္စ တမိုရှန်းန်ကောကို ထောင်ဆေးရုံတစ်ခုကနေ စနေနေ့က လွှတ်ပေးခဲ့တာပါ။ သူ့ကို အကျဉ်းချခဲ့တဲ့စွဲချက်တွေဟာ သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ (Viktor Yanukovych) က နိုင်ငံရေးအရ လက်စားချေတာ ဖြစ်တယ် လို့ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေက ပြောပါတယ်။

မက္ကဆီကို မူးယစ်ရာဇာဖမ်းမိပြီ

                          ကမ္ဘာမှာ အလိုအရှိဆုံး မူးယစ်ရာဇာ Guzman (လယ်) ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်စဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄) 

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး မူးယစ်ဆေးဝါးရာဇာ Joaquin “El Chapo” Guzman ကို မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေက မက္ကဆီကို အပန်းဖြေမြို့ Mazatlan က ဟိုတယ်တစ်ခုမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ Sinaloa မူးယစ်ဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်နှစ်ယောက်ကို မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပြီးတဲ့နောက် မူးယစ်နှိမ်နင်းရေး ထောက်လှမ်းရေးတွေက Guzman ကို သီတင်းပတ်အတော်ကြာ ခြေရာခံ လိုက်နေခဲ့တာပါ။

သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲနဲ့ ဖမ်းမိလိုက်တဲ့အချိန် မတိုင်ခင်မှာ Guzman ဟာ ပုန်းအောင်းတဲ့နေရာ အများအပြားနဲ့ တူးမြောင်း လိုဏ်ခေါင်းတွေကနေတဆင့် အဖမ်းမခံရအောင် ရှောင်နေနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေးတွေက ယူဆပါတယ်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB