Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

COMPUTER ကိုမြန်ဆန်သွက်လက်အောင်ပြု့ပြင်ပေးမယ့် Avira System Speedup

COMPUTER ကိုမြန်ဆန်သွက်လက်အောင်ပြု့ပြင်ပေးမယ့် Avira System Speedup
============================================
ကွန်ပြူတာနဲ့ပါတ်သက်လို့ အထဲမှာဘာပစ္စည်းတွေ အလုပ်လုပ်နေတယ် ဘာတွေကအဓိက ထား

ပံ့ပိုးပေးနေတယ် ဆိုတာကို သာမာန်လူတယောက်အနေနဲ့ တိတိကျကျ သိစရာမလိုပါဘူး။

အဲ့ဒီိလိုပဲ ကွန်ပြူတာနဲ့ ပါတ်သက်လို့ တလုံးတပါဒမျှ မသိတဲ့လူတောင် မိမိ အသုံးပြု့နေတဲ့ စက်

မှာ ကြာကြာအသုံးပြု့နေရင် လေးလာမယ် အလုပ်လုပ်ရမှာနှေးလာမယ်။ ဒါကိုတော့

ကျိန်းသေပေါက် သတိပြု့မိမှာပါ။ အဲ့ဒါမျိုး ဆိုရင် တခြား ဘာဆော့ဝဲမှ သိပ်လိုက်ရှာမနေနဲ့ အခု့ပေးတဲ့

AVIRA ကိုသာ မျက်စိမှိတ်ပြီးတော့ RUN ပေးလိုက်ပါ။ကြော်ငြာနေတာ မဟုတ်ပါဘူး။

မြောက်ဥက္ကလာပရှိ ကျောင်းတိုက်တစ်ခု၌ မယ်သီလရှင်အား အဓမ္မပြုကျင့်မှု ဖြစ်ပွားဟု ဆို

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပရှိ သီလရှင်ကျောင်းတစ်ကျောင်း၌ အတူနေ သီလရှင်၏သားက အခြားမယ်သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ၂၄-၂-၂၀၁၄ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းမှ သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်..... (၂၃)နှစ်၊ သာသနာဝင်အမှတ် ၁၂/ဥကမ (သီ) ... သုခ၀တီကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သီတင်းသုံးနေသူသည် ၂၂-၂-၂၀၁၄ ရက် နံနက် ၅ နာရီအချိန်၌ ၎င်းသီတင်းသုံးနေထိုင်သော ကျောင်းတိုက်အနောက်ဘက်ရှိ အိမ်သာသို့ အပေါ့သွားစဉ် ကျောင်း၌နေသော သီလရှင် ဒေါ်ကုသလ (ခ) ဒေါ်စန်းမြင့်၏သားဖြစ်သူ ဇော်မြင့်ရောက်ရှိလာပြီး ကျောင်းခေါင်းရင်းဘေးရှိ အုတ်တံတိုင်းကြားသို့ ဒေါ်..... အား ပါးစပ်ပိတ်၍ အတင်းဆွဲခေါ်သွားကာ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဆို၏။

ရုရှားတပ်ကို အသုံးပြုပေးရန် ယူကရိန်းသမ္မတ တောင်းဆိုခြင်းဖြစ်ဟုဆို

ယူကရိန်းနိုင်ငံ တရားဥပဒေစိုးမိုးရေးအတွက် ရုရှားစစ်တပ်ကို အသုံးပြုပေးဖို့ အဖြုတ်ချခံရတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်က  ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဆီကို စာရေး တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုနဲ့ ယူကရိန်းနိုင်ငံမှာ အကြမ်းဖက်မှု ပြောင်ပြောင်တင်းတင်း လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ကုလသံအမတ် ဗီတာလီ ချာကင်းက ပြောကြားခဲ့ပါတယ်။

ယာနူကိုဗစ် ပေးပို့တဲ့ မိတ္တူကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို အစည်းအဝေးမှာ ထုတ်ပြခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်းနိုင်ငံထဲက ရုရှားနိုင်ငံရဲ့လုပ်ဆောင်မှုတွေဟာ သင့်လျော်မှန်ကန်ပြီး တရားဝင်တယ်လို့ ရှုကင်းက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကတော့ “ကရိုင်းမီယားနဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဘယ်သူမှ ခြိမ်းခြောက်ခံရတာလည်း မရှိဘူး။ ဖိနှိပ်ခံရတာလည်း မရှိဘူး။

ကူမင်းဘူတာရုံ သတ်ဖြတ်မှုတွင် ပါဝင်သူ ၃ ဦး တပ်မံဖမ်းမိဟု တရုတ်ရဲပြော

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဘူတာရုံသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်သူ နောက်ထပ် ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ တရုတ်ရဲတွေက ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဗ္ဗဒူရယ်လ်ဟင် ကာလ်ဘန်း ခေါင်းဆောင်တဲ့ အကြမ်းဖက်ဂိုဏ်းက အကြမ်းဖက်မှု အတွက် တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။

အကြမ်းဖက်သူ ၄ ယောက်ကိုတော့ နေရာမှာတင် ရဲတွေက ပစ်သတ်ခဲ့ရပြီး ဒဏ်ရာနဲ့ အမျိုးသမီးတဦးကိုတော့ အကြမ်းဖက်ခဲ့တဲ့ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ညမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဓားတွေနဲ့ ဝှေ့ယမ်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ လူ ၂၉ ဦး သေဆုံးခဲ့ပြီး အခြားလူ ၁၄၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဘင်လာဒင်၏ နေအိမ်သို့ လည်ပတ်သူ တစ်သန်းခန့်ရှိ

အီတာပိုနယူး| အစ္စလာမ်မာဘတ်၊ မတ် ၃

အယ်လ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် ဘင်လာဒင်အား အမေရိကန်တပ်ဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်နောက် ပိုင်း ၎င်း၏ပုန်းခိုရာ ကတုတ်ကျင်းမှာ ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကစွဲဆောင်မှုတစ်ရပ်ဖြစ်လာ ခဲ့ကြောင်း မတ်လ ၃ ရက်က eturbonews သတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်လာဒင် ခိုအောင်းရာနေရာသို့ လာရောက်လည်ပတ်သည့်ဦးရေမှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာမည်ကျော် ဆန်းကြယ်သော နောဒစ်အိမ်ကြီးနှင့် ကမ္ဘာလှည့်ခရီးသည်များကို အဆွဲဆောင်နိုင်ဆုံး ၁၀ နေရာထဲတွင် နှစ်ခုအပါအ၀င်ဖြစ်သော ဖလော်ရီဒါရှိ စပျစ်ခြံနှင့် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ The Muso တို့အား လာရောက်လည်ပတ်သူဦးရေဖြစ်သည့် လူဦးရေတစ်သန်းနှင့် ဆတူညီမျှလျက်ရှိသည်။

သဘောထားစစ်တမ်းကောက်ယူမှုများအရ ပါကစ္စတန်လူမျိုးများက အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့အား မုန်တီးကြသော်လည်း နိုင်ငံအတွင်းရှိ အချို့လူများမှာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဘင်လာဒင်အား ၎င်း၏ ၁၉၈၀ ခုနှစ်များအတွင်း အာဖဂန်မှ ဆိုဗီယက်စစ်သားများကို တွန်းလှန်ခဲ့ခြင်းကြောင့် ဆက်လက် ချီးကျူးလေးစားလျက်ရှိသည်။

လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းပြေးသည့်ယာဉ်အား လိုက်လံဖမ်းဆီး

နေပြည်တော်၊ မတ် ၃
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့မောင်းနှင်လာသော “ငွေနှင်းမန္တလာ”ခရီးသည်ယာဉ်လိုင်းမှ ၁E/xxxx ယာဉ်သည် လမ်းဖြတ်ကူးသူ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရေသိုးကြီးရွာနေ မင်းမင်းနိုင်(၂၈)နှစ်အား ၀င်ရောက်တိုက်မိခဲ့ပြီး လမ်းယာဘက်မြေသားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၃၃၁/၀)အားတိုက်ကာ မန္တလေး ဘက်သို့ မောင်းနှင်သွားကြောင်း သိရှိရပြီး မင်းမင်းနိုင်မှာ ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် ပြင်စည်အမြန်လမ်းရဲစခန်း ယဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့်အမှုဖွင့် အရေးယူခဲ့သည်။

တရားမဝင် ကျည်ကာ အင်္ကျီများ ထုတ်လုပ် ရောင်းချသူ ဖမ်းဆီး ရမိ

မန္တလေးတိုင်း ဒေသကြီး ချမ်းအေး သာဇံမြို့နယ် အောင်နန်းရိပ်သာ အရှေ့ အကွက် (၅၅၂) ၃၄လမ်းနှင့် ၃၅လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းကြားရှိ အနောက်အပ်ချုပ် ဗလီဝင်း အတွင်း၌ ရဲနဒီ ကူရှင်ချုပ်ဆိုင်မှ ဦးဇော်ဝင်းနှင့် ဦးခင်မောင်ဌေး(ခ)ရာရာတို့သည် ကျည်ကာ အင်္ကျီများ ချုပ်လုပ် ဖြန့်ဖြူးနေကြောင်း သတင်း ရရှိသဖြင့် ယမန်နေ့ ညနေ ၃နာရီက ချမ်းအေးသာဇံ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းခင် ဦးစီးသော ပူးပေါင်း တပ်ဖွဲ့ဝင်များသည် ဦးဇော်ဝင်းနှင့် ဦးခင်မောင်ဌေး(ခ) ရာရာ(ဘ) ဦးဘမောင်တို့၏ နေအိမ်များသို့ ဝင်ရောက် ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ဓား၊ လှံနှင့် ကျည်ကာကွယ်နိုင်သော ဝတ်စကုတ် အင်္ကျီနှစ်ထည်၊ မိုးကာဖျင်ဖြင့် ချုပ်ထားသော ကျည်ကာ ပျောက်ကျားဝတ်စကုတ် အင်္ကျီတစ်ထည်၊ ကျည်ကာအင်္ကျီအတွင်း ထည့်သွင်း အသုံးပြုရန် သံမဏိပြား အကျယ် တစ်လက်မ စီရှိ အရှည် လေးပေ တစ်ချောင်း၊ အရှည် သုံးပေ တစ်ချောင်း၊ အရှည် တစ်ပေ ခုနစ်ချောင်း၊ ဖြတ်တောက်ပြီးစ သံမဏိပြား ၁၁ ချောင်းနှင့် ဓား၊လှံများကို သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ကျည်ကာအင်္ကျီများ အတွင်းတွင် သံမဏိပြား ရှေ့ကာ ၁၆ ပြား၊ နောက်ကာ ၁၆ ပြား စုစုပေါင်း ၃၂ ပြားဖြင့် ချုပ်လုပ် ထားရှိကြောင်း သိရသည်။

ထိုင်းမင်းသမီး၏ အိမ်အတွင်းသို့ ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံရ

အသက် ၂၄ နှစ်ရှိ အလုပ်ကြမ်းသမား Prajuab Poobualom သည် လွန်ခဲ့သော တနင်္ဂနွေညတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် မင်းသမီး Preme ၏ အိမ်အား ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ Prajuab သည် အလုပ်လုပ်ဖော်များနှင့် အလုပ်ချိန်နောက်ပိုင်းတွင် အလုပ်နေရာတွင် အရက်အတူသောက်ခဲ့ကြသည်။ သူ၏အလုပ်မှာ မင်းသမီးနေထိုင်ရာ Nonthaburi Province ရှိ လမ်းတစ်လမ်းတွင်ဖြစ်ပြီး အရက်သောက်ပြီးနောက် မျက်နှာဖုံးစွတ်ကာ မင်းသမီး၏ အိမ်အတွင်းသို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။ ထိုရက်မတိုင်မီကတည်းက Prajuab သည် ချောမောလှပသော မင်းသမီးနေထိုင်ရာ အိမ်ဖြစ်မှန်း စုံစမ်းသိရှိထားပြီး ဖြစ်သည်။

ရဲမှတ်တမ်းများအရ Prajuabက မင်းသမီးအိမ်မှ တံခါးများသည် သော့ခတ်ထားခြင်းမရှိ၊ locked လုပ်ထားခြင်းမရှိသောကြောင့် အလွယ်တကူပင် အိမ်ထဲသို့ ၀င်ရောက်၍ ရကြောင်း ပြောခဲ့သည်။

ဘုရင့်နောင်ပွဲရုံ ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။

“သူတို့တွေက လူမိုက်တွေပါ ခေါ်ထားတာ။ အဲဒါကြောင့် လူနည်းနည်းနဲ့ဆို မသွားရဲဘူး။ အခုအဖွဲ့က တစ်ညကို ကား ၁၅ စီးလောက်နဲ့ ညတိုင်း ၁၂ နာရီကျော်တာနဲ့ ကင်းလှည့် နေရတယ်။ သူတို့တွေကလည်း ကျွန်တော်တို့ လိုက်စစ်တာကို ကြိုသိနေတာပါ။ ကျွန်တော်တို့ လာပြီ ဆိုတာနဲ့ သူတို့ မရှိတော့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ယင်းပူးပေါင်း အဖွဲ့ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီနှင့် ရပ်မိရပ်ဖ များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice Weekly

ပါးစပ်ပိတ် ခေါ်ဆောင်ကာ သားမယား ပြုကျင့်ဟုဆို

ထန်းတစ်ပင် မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေသူနှစ်ဦးက သားမယား ပြုကျင့်
ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု မတ်လ ၁ ရက်နေ့ ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့တွင် ထန်းတစ်ပင်မြို့နယ် ကြာအင်းကျေးရွာအုပ်စုနေ အသက် ၁၉ နှစ်အရွယ် အမျိုး
သမီးတစ်ဦးသည် အစ်မဖြစ်သူနေအိမ်သို့တစ်ဦးတည်းလမ်းလျှောက်ထွက် လာစဉ် ယခင်က
ခင်မင်ရင်းနှီးခဲ့သည့် ကျော်သူရ(ခ)ငမုတ် (၂၀ နှစ်) နှင့်ရှိုင်းကို(၂၃ နှစ်)တို့ ညီအစ်ကိုနှစ်ဦးတို့က
ရွာလယ်လမ်းဘေး ကွင်းစပ်အရောက် ပါးစပ်ပိတ်ပြီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ ကျော်သူရ(ခ)
ငမုတ်က သားမယား သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း ဆိုကာ ထိုအမျိုးသမီးက ရဲထံတိုင်တန်းခဲ့သည်။

တော်လတဲ့နယ်မြေရဲစခန်းက(ပ) ၁၂/၁၄ ပြစ်မှုပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့်အရေး ယူထားကြောင်း
သိရသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ရိုးလေး ကျေးရွာနေ မဆောင်းနှင်းအေး(၂၆)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်ရှေ့မှ ခင်ပွန်းဖြစ်သူ၏ အမည်အား အော်ခေါ်သံကြား သဖြင့်သွားရောက်ကြည့်ရှုရာ ခြေရင်းအိမ်နေ ဦးညွန့်ရွှေနှင့် အတူ အမည်မသိအမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၁)ဦး တို့အားတွေ့ရှိရပြီး လှိုင်သာယာ အမှတ်(၂) ရဲစခန်းမှ ရဲများဖြစ်ကြောင်းပြော ဆို ကာ နေအိမ်ပေါ်သို့တက်လာစဉ် ဦးညွန့်ရွှေမှာ ၎င်း၏နေအိမ် ဘက်သို့ပြန် သွားခဲ့သည်။ အဆိုပါအမည်မသိလူများမှ မဆောင်းနှင်းအေး ၏မောင်ဖြစ်သူ အောင်ကိုကိုသန်းနှင့် သူငယ်ချင်း ဖြစ်သူ အား မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင်ဖမ်းထားကြောင်း၊ အမှုမဖွင့် လိုက ငွေကျပ်(၅) သိန်းပေး ရန်နှင့် မပေးပါကဒုက္ခရောက် လိမ့်မည်ဖြစ်ကြောင်းပြော သဖြင့် ငွေပေးရန် အိပ်ခန်းအတွင်းရှိ ကျွန်း သေတ္တာ ထဲတွင်သိမ်းဆည်း ထားသော ငွေနှင့်ရွှေထည် ပစ္စည်းများ ပါရှိသည့် အိတ်ကိုယူနေစဉ် အမျိုးသား တစ်ဦးမှ အိတ်အတွင်း ရှိငွေကျပ်(၃၄၄၅၀၀ဝိ/-)နှင့်ရွှေထည်ပစ္စည်း(၆)မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၇၃၄၀၀၀ဝိ/-) တို့အားယူဆောင်ကာ ထွက်ပြေးသွားကြသဖြင့် အရေး ယူပေးရန်တိုင်တန်းခဲ့ရာ တက်သစ် နယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၂/၁၇၀ ဖြင့် အမှုဖွင့် လှစ်ခဲ့သည်။

အမျိုးသမီး အဆိုတော်များ လူရွှင်တော် လုပ်လာကြတဲ့ မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အနုပညာပွဲတော်

Thai Film Festival 2014 မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အနုပညာပွဲတော် ကို မတ်လ ၃ဝ ရက်နေ့၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပ သွားမယ်လို့ သိရ ပါတယ်။ အဆိုပါဖျော်ဖြေပွဲ နှစ်ပါးသွား ကဏ္ဍမှာ မင်းသား အဖြစ် တင်မောင် ဆန်းမင်းဝင်း၊ မင်းသမီးများ အဖြစ် မေကဗျာ၊ မေတင်မောင်ဆန်းမင်းဝင်း၊  ဆန်းသစ်လ တို့က ကပြ သွားမှာဖြစ်ပြီး လူရွှင်တော် များအဖြစ်  ဇာဂနာ၊ အရိုင်း၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ နန်းမြတ်ဖြိုးသင်း၊  မိစန္ဒီ၊ Bobby Soxer ၊ နန်းသူဇာတို့က တင်ဆက်ကြ မှာဖြစ်ပါတယ်။ ဒါကြောင့် လည်း  လူရွှင်တော် အဖြစ် တင်ဆက် ကြမယ့် အမျိုးသမီး အဆိုတော် များ၏ ရင်ခုန်သံများကို မေးမြန်း တင်ဆက် လိုက်ပါတယ်။
စန္ဒီမြင့်လွင်- “မင်းသမီးတွေ ပြီးတဲ့ အချိန်မှာ အဆိုတော်တွေ လုပ်မယ် ဆိုပြီးပြောတယ်။ ပြီးတော့ ကိုယ်တွဲ နေကျ လူတွေချည်းပဲလေ။ ခင်လည်း ခင်နေတယ်လေ။ ပြီးတော့ အမြဲ တမ်းတွေ့နေကြတဲ့ သူတွေလည်း ဖြစ် တော့ ပြောလို့၊ ဆိုလို့လည်း ကောင်း တယ်လေ။ နောက်တစ်ခုက အမှတ် တရလေး လည်းဖြစ်တာပေါ့။ ဒါ ပထမ ဆုံးပါပဲ။ မင်းသမီးတွေ ပြီး တော့ ဒီဘက် အဆိုတော်တွေ ဘက် ကပေါ့။ များသော အားဖြင့် ဟစ်ဟော့ပ် အဆိုတော်တွေ ဆိုတော့ ထူးထူးခြားခြား လေးဖြစ်တာပေါ့။  အကုန်လုံး ကိုလေ့လာပြီး၊ အကူအညီ တောင်းပြီးတော့ တင်ဆက် သွားမှာပါ”

မန္တလေးမှာ သီချင်းဆိုခဲ့တဲ့ ပြေသုဒြာ

ဖေဖော်ဝါရီ ၂၈ ရက်နေ့က မန္တလေးဒိုင်းမွန်း ပလာဇာမှာ ပြုလုပ်တဲ့ ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေ ဖျော်ဖြေပွဲ မှာပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဖြစ်သူ ၂နှစ်နဲ့ ၄လ သမီးလေး ပြေသုဒြာလေး ကလည်း “ပြန်လာပါတော့” သီချင်းနဲ့ “ခပ်မိုက်မိုက်ချစ်ကြစို့” သီချင်း ၂ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်တွေ သဘော ကျခဲ့တဲ့ ပြေသုဒြာရဲ့ဖျော်ဖြေမှုကို ပီတိဖြစ်ခဲ့တဲ့ ပြေတီဦးက “သမီးက အိမ်မှာလည်း သီချင်းတွေ ဆိုနေကျလေ။ ၁၅ပုဒ်လောက် ရှိတယ်။ စင်ပေါ်ရောက်တော့ သူဆိုချင် တဲ့ သီချင်းကို ဆိုလိုက်တာ။ ဆိုမယ်ဆိုပြီး ကြိုတင် စီစဉ်ဖြစ်တာတော့ မဟုတ်ဘူး။ အခုလိုမျိုး သမီးသီချင်း ဆိုတာတွေ့ရတော့ ပီတိ လည်းဖြစ်ရတယ်။ သူက လူတွေ နည်းနည်း များရင် သိပ်မနေချင်ဘူး။ စိတ်ရှုပ်တတ်တယ်။ အဲဒါကြောင့် အပြင်သွားရင် တောင် သိပ်မခေါ်ဘူးလေ။ အခု သူက စင်ပေါ်မှာ လုံးဝလည်း မကြောက်ဘူး ဆိုတော့ မိသားစုတွေ ကအစ အကုန် အံ့သြနေကြတော့ အစီအစဉ် မရှိဘဲ ဆိုဖြစ်သွားတာ။ ပရိသတ်တွေက ချစ်ခင် အားပေးကြတဲ့ အတွက် တအားလည်းကျေးဇူး တင်ပါ တယ်။

မန္တလေးမြို့မှာ ကွင်းလုံးပြည့်လျှံ အောင်ပွဲခံခဲ့ တဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံ ငွေပွဲ

 ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ပွဲကိုတော့ ဖေဖော်ဝါရီ ၂၈ရက်နေ့၊ ည၇နာရီ က မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာ ဇာဝင်း အတွင်းမှာ ကျင်းပခဲ့ပါ တယ်။ ပြေတီဦး ပရိသတ်တွေ ကတော့ ပွဲမစ မီကတည်း က ဝင်းလုံးပြည့်ရောက် ရှိနေရာ ယူထားကြပါတယ်။ ပွဲက ဘယ်လောက်ထိ စည်ကားလဲ ဆိုတာ  ဆိုင်ကယ်တွေ ရပ်စရာနေ ရာတောင် မရဖြစ်ခဲ့တာပါ။ အင်ပါယာ အဖွဲ့နဲ့ အတူ ဇော်ဝင်းထွဋ်၊ ရန်အောင်၊ ရာဇာနေဝင်း ၊Rဇာနည်၊ Waiလျှံ ၊ဟေမာနေဝင်း၊ အိန္ဒြာကျာ်ဇင် ၊ဖြူဖြူကျော် သိန်း၊ စန္ဒီမြင့်လွင်၊ ဝိုင်းစုခိုင်သိန်း တို့ ကဖျော်ဖြေခဲ့ ကြပါတယ် ။ထူးခြားချက် အနေနဲ့ ရန်အောင် ဆိုတဲ့အချိန်မှာ တော့ မန္တလေးက မမတွေက အနမ်း တွေနဲ့ ဂုဏ်ပြုကြ ပါတယ်။ အိန္ဒြာကျော်ဇင် ဖျော်ဖြေတဲ့အခါ မှာတော့ လက်ဆောင်တွေ တောင် လိုပုံအောင်ရ ရှိခဲ့တာပါ။ ရာဇာနေဝင်း စင်ပေါ် တက်လာတဲ့ အချိန် မှာတော့ ပရိသတ် တွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီးပွဲကျခဲ့ ကြပါတယ်။

လူရွှင်တော်ဖြစ်ချင်ခဲ့တဲ့ စိုးသူရဲ့ ငယ်ဘဝအိပ်မက်

အကယ်ဒမီစိုးသူရဲ့ ငယ်ဘဝ ပထမရည်ရွယ်ချက်ဝါသနာက ဂစ်တာသမားဖြစ်ချင်ခဲ့တာဖြစ်ပြီး ဒုတိယရည်ရွယ်ချက် ဝါသနာကတော့ စင်ပေါ်မှာပြက်လုံးတွေထုတ်ပြီး ပရိ သတ်ကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသလူရွှင်တော်ဖြစ်ချင်ခဲ့တာဖြစ် ကြောင်း စိုးသူက ပြောပြခဲ့ဖူးပါတယ်။ ဟာသလူရွှင်တော်ဖြစ်ချင်ရ တဲ့အကြောင်းအရင်းကိုတော့စိုးသူ က “ငယ်ငယ်လေးတုန်းက မိဘက စည်းနဲ့ကမ်းနဲ့ ထားတော့ စာကျက်တယ်။ စာတော်တယ်။ ဆုပေး ဒဏ်ပေးနဲ့ထားတယ်။ စာမေးပွဲတွေအောင်တယ်တို့၊ သင်္ချာအမှတ်
ပြည့်ရတယ်တို့ထူးချွန်တဲ့အခါကျရင်ဘာလိုချင်လဲဆုပေးမယ် ဆိုတဲ့ အခါကျရင် ငယ်ငယ်လေးတုန်းက ဂစ်တာတီးချင်တယ်။ ဂစ်တာ ဝယ်ပေးပါဆိုပြီးပြောတယ်။ ဒါက ပထမရည်ရွယ်ချက်နဲ့ ဝါသနာ ပေါ့။ ဒုတိယရည်ရွယ်ချက်ကတော့ ငယ်ငယ်ကတည်းက ပွဲတွေ ကြည့်တဲ့အခါ ဇာတ်တွေထဲက လူရွှင်တော်ကြီးတွေ ကြည့်ပြီးတအား သဘောကျတယ်။တကယ်ကို ရယ်ရတဲ့ပြက်လုံးတွေထုတ်တဲ့ လူရွှင် တော်ကြီးဖြစ်ချင်တယ်။ လူရွှင်တော်ကြီးတွေ ဟာသတွေပြောရင် တအားသဘောကျပြီး တအားရယ် တာ။ အဖေ၊ အမေက အစိုးရအမှုထမ်းဆိုတော့ နယ်ရွှေ့ပြောင်းလို့ ကြုံတဲ့အခါ လူရွှင်တော်တွေ ရဲ့ ပြက်လုံးတွေကိုပဲ အဓိကထားအမြဲကြည့်တယ်။

ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့တော့ လိုပါသေးတယ် ဆိုတဲ့ ချစ်စနိုးဦး

ချစ်စနိုးဦးက အနုပညာ လှုပ်ရှားမှုအနေ နဲ့နယ်ပွဲတွေမှာ သီချင်းတွေသွား ရောက် ဆိုဖြစ်နေသလို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ “ခိုနား ခွင့်ပေးပါ” ဗီစီဒီအတွက် စတင်ရိုက် ကူးနေပြီ ဖြစ်တယ် လို့ပြောပြ ခဲ့ပါတယ်။
လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး လည်း ချစ်စနိုးဦးက “ဒီအရွယ်ရောက်နေပြီ ဆိုတော့ ချစ်သူ ရည်းစား ကတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ ကတော့ လိုပါသေးတယ်။ အစ်မကို နားလည်ပေးနိုင်မယ့်သူ၊ အစ်မကလည်း ချစ် တဲ့သူ၊ ပြီးတော့ အားကိုးလို့ ရမယ့်သူ၊ စိတ် ထားကောင်း မယ့်သူ အဲဒါဆို အစ်မရဲ့ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်သွားမှာပါ။ မိန်းကလေး တိုင်းအိမ်ထောင်ပြုဖို့ ကတော့ ထီထိုးသလိုပါပဲ။ အကောင်းဆုံးတော့ လူတိုင်း လိုချင်ကြတာပေါ့ ။ဒါပေမဲ့ ကိုယ့်လက်ထဲ ကျတော့ ဘယ်လိုဖြစ်သွားမယ် ဆိုတာတော့ ကိုယ့်ကံနဲ့ပဲဆိုင်ပါ တယ်။ မျှော်မှန်းထား တာတော့ ကိုယ့်ဘက်က အကောင်းဆုံး ပျော်ရွှင်တဲ့အိမ် ထောင် ၊မိသားစုဘဝကို မျှော်လင့်မိပါ တယ်”လို့ ပြောပါတယ်။

ဇာတ်သဘင်ရဲ့ စင်မြင့် နောက်ကွယ်က အကြောင်းတွေကို Documentary ရိုက်ဖို့ စီစဉ်နေတဲ့ ဟန်ဇာမိုးဝင်း

ဇာတ်အဖွဲ့တွေ ရဲ့က ပြဖျော်ဖြေမှုတွေ နောက်ကွယ် ကလှုပ်ရှား မှုတွေကို Documentary အနေနဲ့ ရိုက်ကူးသွားဖို့ ဆန္ဒ ရှိနေတယ်လို့ စံပြသဘင်က ဟန်ဇာမိုးဝင်း က ပြောပြ ပါတယ်။
“ဇာတ်သဘင်က ရှေ့မှာ ကနေတယ်။ နောက်ပိုင်းမှာ ဖြစ်ပျက်နေမှု ပုံစံ တွေကို ပရိသတ်တွေ သိအောင် တင်ပြချင်တယ်။ ကျွန်တော်တို့က ပွဲထွက်ဖို့ မိတ်ကပ် လိမ်းနေတာ။ ဆက်တင် ဆင်တဲ့သူတွေက ဆက်တင် ဆင်နေတယ်။ ပြီးရင် ပွဲတစ်ပွဲကပြီးတာနဲ့ ပစ္စည်းတွေကို ဘယ်လို ခက်ခက်ခဲခဲ ပြန်ဖြုတ်ရသ လဲ။ ဒီပစ္စည်းတွေကို ဘယ် လိုရွှေ့ကြ တယ်ပေါ့။ မနက်ကျရင် ဘယ်လို ထမင်းစားကြ လဲ။ ဇာတ်ထမင်းကို ဘယ်လိုပေးလဲ။ ရေချိုးဖို့ ဘယ်လို သွားကြ ရလဲဆိုတာ မျိုး တွေ ကို Documentary ပုံစံ ရိုက်ပြချင်တယ်။ ကျွန်တော်ပဲ ရိုက်မယ်။ အစ်မ တင်ဇာက စင်ရှေ့မှာ စကားပြောနေတဲ့ အချိန်မှာ ကျွန်တော်က စင်နောက်မှာ အဝတ်အစား လဲနေမယ်။ အဲဒီမှာကျွန်တော်က စကားပြောသွားမယ်။ ကျွန်တော် တို့အနေ နဲ့ အချိန်မီအောင် အဝတ်အစားကို ဘယ်လို ဝတ်ရတယ် ဆိုတာပေါ့။ ဇာတ်သဘင် ဆိုတာ မလွယ် ပါဘူး။

ဥက္ကာဦးသာရဲ့ ညီမ ဖြစ်သူ ဖူးပွင့်သခင် ရဲ့အနုပညာ လျှောက်လမ်း

အနုပညာကို ငယ်စဉ်ကတည်းက အိပ်မက်မက် လာခဲ့ပြီး အကောင်အထည် ဖော်ရန် အတွက် မွေးရပ် မြေကို စွန့်ကာ ရန်ကုန်မြို့သို့တက် လာခဲ့တယ် လို့ ပြော ပြသူ ကတော့ ဥက္ကာ ဦးသာ ရဲ့ ညီမ ဖူးပွင့်သခင် ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်ကို အခက်အခဲ များစွာနဲ့ ရင်ဆိုင်ပြီး ဇာတ်ကားတွေ ရိုက်ကူး လာရတဲ့ အထိ ကြိုးစားခဲ့ ပုံကို ဖူးပွင့်သခင် က “ဒီအနုပညာက ညီမရဲ့ ဘဝတစ်စိတ် တစ်ဒေသ ဖြစ်တယ်။ ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးလာတဲ့ ရန်ကုန်သူ တစ်ယောက်တော့ မဟုတ် ဘူး။ ကော့သောင်း မှာနေပြီး အနုပညာ ချစ်စိတ် တစ်ခုကြောင့် မွေးရပ်မြေ ကိုရော၊ စီးပွားရေးကို ရောထားခဲ့ပြီး ရန်ကုန်မှာ အနုပညာ အလုပ် လာလုပ်တာပါ။ အနု ပညာလောက မှာ အသိဆိုလို့ အစ်ကိုရယ်၊ အစ်မရယ်ပဲ ရှိတယ်။ သူတို့နှစ်ယောက်လုံး ကဂီတ အသိုင်းအဝိုင်း ကပဲဖြစ်တယ်။ သရုပ်ဆောင်ဘက် ကတော့ ညီမအတွက် အစိမ်း သက်သက် ဖြစ်နေတယ်။ သူများတွေ ထက် အခက်အခဲ ပိုရှိတယ်၊ပိုရင်ဆိုင် ရတယ်” လို့ပြောပါတယ်။ လတ် တလောမှာ ဒါရိုက်တာ နန္ဒကျော်ရိုက် ကူးတဲ့ “ယုံကြည်တယ်မဝေးဘူး” ဇာတ်ကားမှာ ဖူးပွင့် သခင်ကဇူး မြတ်ထက် နဲ့တွဲဖက်သရုပ်ဆောင် ထားပါတယ်။

ထူးထူး/popularmyanmar

ဟာသပုံပေါက်အောင် ခေါင်းတစ်လုံး ရင်းလိုက်တဲ့ လူမင်း

လူမင်းက ပုပ္ပား၊ ဆည်ပေါက်ရွာ မှာ “ပြန်ပေး” ရုပ်ရှင်ကားကြီးကို သွားရောက် ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားမှာတော့ မောင်ဖုန်း ဆိုတဲ့ ဇာတ်ရုပ်နဲ့ ဟာသ ဇာတ်ရိုက် ကူး ဖို့ အတွက် ဆံပင်ကို အတိုညှပ်လိုက် တယ်လို့ ပြောပြပါတယ်။ ဟာသပုံစံ ကို လိုက်ဖက်မှု ရှိအောင်ရင်း လိုက် တာလို့ပြောပြတဲ့ လူမင်းက “ဇာတ် ကား က ကျေးလက် ဟာသ ကားလေးဆို တော့ ဇာတ်ရုပ်နဲ့ ကိုယ်နဲ့ လိုက်ဖက် အောင် ကိုယ့်ပုံစံကို ပြင်ရ၊ပြောင်းရ တာပေါ့။ ကာရိုက်တာလေး တစ်ခုပေါ် အောင်လို့ ဆံပင်ညှပ်လိုက်တာပါ။ ရုပ်ရှင် ကားကြီး အတွက်ပေါ့ ။ပြောရရင် ကိုယ့်ရုပ်က ဟာသနဲ့ သိပ်မလိုက်ဘူးလို့ ပရိသတ်တော်တော် များများက အမြင်ရှိကြတယ်လေ။ အဲဒါကြောင့် ဟာသ ပုံပေါက်အောင် ခေါင်း တစ်လုံးတော့ ရင်းရတာပေါ့။ ဇာတ်က ဟာသလည်း ဖြစ်တယ်။ ဆရာကြီး သော်တာဆွေ ရဲ့ ပလော့လေးတွေ ကလည်း တအား ကောင်းတော့ ပရိသတ် တွေသဘော ကျကြမှာပါ။

ရပ်ကွက်ဓမ္မာရုံမှာ ဘုရားပင့်ဆောင်ပြီး ကုသိုလ်ယူခဲ့တဲ့ ကောင်းခန့်

သရုပ်ဆောင် ကောင်းခန့်က မိဘများကို အမှူးထားပြီး မင်္ဂလာဒုံမြို့နယ်၊ ရွှေမင်းဝံတောရ ဓမ္မရိပ်သာကျောင်း ဦးစီးနာယက သြဝါဒစရိယ ဆရာတော် ဦးဇာနေယျ (ဓမ္မာစရိယ) ကျောင်းတွင် သီတင်းသုံး စံပယ်တော်မူလျက်ရှိတဲ့ တန်ခိုးကြီး ဆုတောင်းပြည့် အင်းလေး ဖောင်တော်ဦး (ရင်ငွေ့လှုံ) ဘုရားကြီး ငါးဆူနှင့် ရှေးဟောင်း ဘုရားကြီးလေးဆူ၊ ရှင်သီဝလိ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး များကို ဖို့မြေဓမ္မာရုံ၊ အမှတ် ၆၉၊ မြန်မာ့ ဂုဏ်ရည်လမ်း တွင် ဖေဖော်ဝါရီ ၁၅ ရက် နေ့ မှစ၍ ၁၇ ရက်နေ့ အထိ ၃ ရက် တိုင်တိုင် ပူဇော်ခဲ့ပါတယ်။ အခုလို တန်ခိုးကြီး ဆုတောင်းပြည့် ဘုရားများကို ပင့်ဖိတ် ပူဇော်ဖြစ်ခဲ့တဲ့ ကောင်းခန့် က “မိတ်ဆွေ အိမ်မှာ တန်ခိုးကြီး ဆုတောင်းပြည့် ဘုရား တွေကို သွားဖူးရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပင့်ချင်သွားတယ်။ ပင့်ဖို့အခွင့် သာတာနဲ့ ပင့်ပြီးတော့ ပူဇော်ဖြစ်တာပါ။ အားလုံးလည်း ပူဇော်လို့ ရအောင်၊ ဖူးခွင့်ရအောင် ဆိုပြီး ပင့်ပြီးတော့ ဖို့မြေ ဓမ္မာရုံမှာပဲ ပူဇော်ထားရှိခဲ့တာပါ။

ရုပ်သံလိုင်းပေါ်က ဟာသတစ်ခန်းရပ် အစီအစဉ်များ

ဦးဝင်းနိုင်(အနုပညာ)   
” လူရွှင်တော်တွေအနေနဲ့ တော့ အကျိုးရှိတာပေါ့ဗျာ။ ဘာတွေအကျိုးရှိသလဲဆိုရင် အလုပ်ကလေးတွေ  အဆက် မပြတ်လုပ်ခွင့်ရတဲ့အတွက် သူ တို့အတွက် အကျိုးရှိ တယ်။ ပရိသတ်တွေအတွက်ကလည်းပဲ အပြင်မှာ လိုက်ကြည့်နေစရာ မလိုဘဲနဲ့ အိမ်မှာတင်ဖျော်ဖြေ ရေးတစ်ခုအနေနဲ့ ကြည့်ခွင့်ရတဲ့အတွက် ပရိသတ်တွေ အနေနဲ့ ကျေ နပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ရှေ့ပိုင်းကလုပ်ပြီးသွားတဲ့ ဥစ္စာတွေကိုပြန်ကြည့်ပြီးတော့ မတူ အောင်လို့ ညှိနှိုင်းတိုင်ပင်ပြီး တော့ လုပ်ကြတဲ့ သဘော ပါပဲ။ ကြာလာတော့လည်း တစ်ဦး တစ်ယောက်ရဲ့ခေါင်းနဲ့ကမရ လောက်တော့ဘူးလေ။ အားလုံး ပူးပေါင်းတိုင်ပင်ပြီးတော့ လုပ်ကြရတဲ့သဘောမျိုးတွေ ရှိပါတယ်။
နောက်ပြီးတော့ ခေတ်ကလည်း တစ်နေ့ထက်တစ်နေ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့အရာ လေးတွေလည်းရှိပါတယ်။ အဲဒီအတွက်ကြောင့် ဒါလေးတွေကို အခြေခံပြီးတော့ လုပ်ကြရတာ လေးတွေရှိပါတယ်။ MRTV-4 For Comedy  က နေပြီးတော့ ကျွန်တော်ကိုယ်ပိုင်ထွင်ထားတဲ့ ” ကမ်းဆင့်ရွှင်ပျော်လူရွှင်တော်”  ဆိုပြီးတော့ လူရွှင်တော် ဝါ သနာပါတဲ့ကလေးတွေကို လူရွှင်တော်ဝါရင့်ပုဂ္ဂိုလ်တွေက သင်ပေးတဲ့ အစီအစဉ်တစ်ခုရယ်၊

၂၀၁၄မှာ Body Structure နည်းနည်း ကိုယ်ရည်စစ်လိုက်တယ်လို့ဆိုတဲ့ သရုပ်ဆောင် အောင်ရဲလင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အောင်ရဲလင်းကို ၂၀၁၄မှာ Body Structure ပုံစံပြောင်းလဲဖြစ်ပုံနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ကျွန်တော် ခန္ဓာကိုယ်အတွက် Exercise ကတော့ ပုံမှန်နေ့တိုင်းလုပ်ဖြစ်ပါတယ်။ အဓိကကတော့GYM လုပ်တာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အဝတ်အစားဝတ်ဝတ် အဆင်ပြေဖို့က GYM ဆော့မှရမယ်။’လို့ သူက ပြောပါတယ်။
အရင်ကထက် Body Structure စစ်သွားတာနဲ့ ပတ်သက်လို့လည်း သူက ‘ဒီ၂၀၁၄နှစ်ရဲ့ ပုံစံအတိုင်း ပြောင်းပစ်လိုက်တဲ့ အထဲမှာပါပါတယ်။ ကျွန်တော် အကျစ်ဆော့ပစ်လိုက်တာပေါ့။ ပြီးတော့ အဲဒီ့အတွက် အဝတ်အစားဝတ်ရတာလည်း ပိုပြီးအဆင်ပြေသွားတယ်။ နောက် Body Weight ကလည်း ဖြောင့်တဲ့ Smartကျတဲ့ဘက် ရောက်သွားတယ်ဆိုတော့ အခု ဒီBodyကို ပိုကောင်းတယ်လို့ ထင်တာပေါ့။ အဓိကကတော့ အဲဒီလိုမရှိပါဘူး။ ကျွန်တော် အသားအရေလည်း ထိန်းသိမ်းဖြစ်ပါတယ်။ နေပူထဲ သိပ်မထွက်ဖြစ်ဘူး။

သင်္ကြန်မှာ နယ်မပြန်ဖြစ်ရင် ရန်ကုန်ရဲ့ လမ်းမတစ်နေရာမှာ ရှိနေလိ့မ်မယ်လို့ဆိုတဲ့ နေမင်း


နွေရာသီရောက်လာပြီဆိုရင် မြန်မာတွေရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်း အားလုံးက စိတ်ဝင်စားအာရုံစိုက်လာကြပါပြီ။ ဘယ်အနုပညာရှင်တွေ ဘယ်မှာရှိမယ်၊ ဘာတွေလုပ်ကြမယ်ဆိုတာကိုလည်း သူတို့ကိုချစ်တဲ့ ပရိသတ်တွေ သိချင်ကြတာမို့ သရုပ်ဆောင်နေမင်းနဲ့ တွေ့ဆုံခိုက် မေးမြန်းကြည့်တဲ့အခါ သူက ‘သင်္ကြန်ဆိုရင်များသောအားဖြင့် နယ်ကိုပြန်တာများပါတယ်။ ရှေ့နှစ်တွေက ပေါ့။ နယ်မှာပဲ မိသားစုနဲ့ဆွေမျိုးတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းဖြစ်တယ်။ သင်္ကြန်ရောက်လာပြီဆိုတော့ ပြောရရင် မြန်မာတွေရဲ့ နှစ်သစ်ကူးပွဲတော်ပေါ့။ မြန်မာတွေရဲ့ ပွဲတော်ထဲက အစည်ဆုံးဆိုလဲ မမှားပါဘူး ။ သင်္ကြန်ဆိုပျော်တယ်။ ရှုတင်လဲမရှိတော့ နားရတယ်။ အဲ့ဒီတော့ နယ်ပြန်ဖြစ်တာများတယ်။ ဒီနှစ်တော့ နယ်ပြန်ဖြစ်ရင်ဖြစ်၊မဖြစ်ရင် ရန်ကုန်မြို့က လမ်းမတစ်နေရာမှာ ရှိနေလိမ့်ပါမယ်’တဲ့။

ခင်ဆွေသက်/ Trend Myanmar

နွေရာသီကို ပူလွန်းလို့ မကြိုက်ဘူးလို့ဆိုတဲ့ နန်းခင်ဇေယျာ

ပြိုင်ပွဲတွေမှတစ်ဆင့် အနုပညာလောကထဲ ကို ဖြေးဖြေးနဲ့မှန်မှန်ဝင်ရောက်လာတဲ့ နန်းခင်ဇေယျာက ခုဆိုရင် ဗီဒီယိုကား ၃ကားမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုတော့ ‘ခုရိုက်နေတဲ့ဇာတ်ကားမှာ ညီမနဲ့ အတူ ရဲအောင်၊ မိုးအောင်ရင်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ တပြားသု ပါ။ ကားနာမည်ကတော့ မသေချာသေးလို့ ပြောလို့မရသေးဘူး။ ဒီဇာတ်ကားလေးဟာ ပရိသတ်အတွက် ထူးခြားမှုတွေနဲ့တွေ့ရမယ့်ဇာတ်ကားလေးပါ။ အတည်ဟာသလေးလို့ ပြောလို့ရပါတယ်။ မိန်းမနဲ့ယောင်္ကျားကွဲလွဲချက်လေးတွေကို ရိုက်ပြထားတာဖြစ်ပြီး အပြင်မှာဖြစ်နေတဲ့ဟာတွေကို ရိုက်ပြထားတာပါ။’လို့ သူမက ပြောပါတယ်။

ဟာသဆိုပေမယ့် ပေါတောတောဟာသကားမဟုတ်တဲ့ အတည်ဟာသကားလေးတွေ ရိုက်ကူးတော့မယ် မိုးအောင်ရင်

ဟာသဇာတ်ကားတွေနဲ့ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိခဲ့တဲ့ မိုးအောင်ရင်ဟာ ခုနောက်ပိုင်းလည်း ပရိသတ်သဘောကျတဲ့ ဟာသကားတွေကိုသာ ရွေးချယ်ရိုက်ကူးတော့မယ်လို့ ဆိုလာတဲ့အတွက် သူနဲ့တွေ့ဆုံခိုက် လတ်တလောအနုပညာလှုပ်ရှားအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက နာမည်ကယာယီပဲ ပေးရသေးတယ်။ ကျွန်တော်က ဇာတ်လမ်းအကျဉ်း ဖတ်လိုက်တဲ့အချိန်မှာ အရမ်းကြိုက်သွားတယ်။ ပြီးတော့ ဆက်ဖတ်လိုက်တော့ တစ်ဝက်ကနေ စပြီးမကြိုက်တော့ပြန်ဘူး။ အဲဒါနဲ့ လိုချင်တဲ့ပုံစံပြောကြည့်လေ၊ သူပြန်ပြင်ပေးမယ်ဆိုတော့ စဉ်းစားလိုက်ဦးမယ်ဆိုပြီး နောက်တစ်ရက်ပြန်ချိန်းပြီး ပြောရင်းပြောရင်းကနေ ဇာတ်လမ်းခွဲတဲ့သူခေါ်လာတော့ သူလုပ်ထားတာက သူကြိုက်တာရော၊ ကျွန်တော်ကြိုက်တာရော မျှလုပ်ထားတယ်။ ကျွန်တော် လိုချင်တဲ့ကာရိုက်တာကို မရောက်တော့ဘူး။ ကျွန်တော်စိတ်ဝင်စားတာက ဒီကားမှာ ကျွန်တော်က ဒဿနသမား။ ဒီကားအဖွင့်မှာကိုက သူ့နာမည် ဒဿနာအောင်နဲ့ဖွင့်ပြီး တစ်ကားလုံးမှာပါတဲ့ အကြောင်းအရာတွေက လူတွေ မတွေးတဲ့ အတွေးတွေကြီးပဲ။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB