Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဂရိကလပ်ကိုရှုံးခဲ့တဲ့ မန်ယူ၏ ခြေစွမ်းသည် ဥရောပပွဲများထဲတွင် အညံ့ဆုံးဟု မိုယက်ဆို


ယနေ့ ဂရိချန်ပီယံ ကလပ် အိုလံပီယာကောစ့်၏ အိမ်ကွင်း မှာကစားခဲ့တဲ့ ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ပထမ အကျော့မှာ(2-0) ဖြင့် ရှုံး နိမ့် အပြီး ဒေးဗစ်မိုရက်စ်က "မန်ချက်စတာ ယူနိုက်တက် ရင်ဆိုင်ခဲ့ဖူးတဲ့ ဥရောပ ပြိုင်ပွဲတွေ ထဲမှာ ဒီနေ့ပွဲက အဆိုးရွားဆုံးပါ" လို့ ပြောဆို သွားခဲ့ပါတယ်။

"တော်တော် ဆိုးရွားတဲ့ အားထုတ်မှု့ပါ၊ အဲ့ဒီလောက်ထိ ခြေစွမ်း ဆိုးရွားတာမျိုး မတွေ့ဖူးဘူး၊ဒီနေ့ပွဲဟာ ကျွန်တော်တို့ ကစားခဲ့တဲ့ ဥရောပ ပွဲတွေထဲက အဆိုးရွား ဆုံး ပွဲလို့တောင် ပြောရမှာပါ။ ဘာတခုနဲ့မှ ထိုက်တန်မှု့ မရှိခဲ့ဘူး"

"တကယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဒီပွဲကို ရင်ဆိုင်ဖို့ သေခြာပြင်ဆင်ပြီး လာခဲ့တာ ဖြစ်သလို စိတ်ဓါတ်အင်အားကလဲ အတော်ကောင်းနေတဲ့ အနေ အထား တရပ်နဲ့ပါ။ ဒါပေမယ့် ပြိုင်ပွဲ အတွင်းမှာ ဒါတွေ အားလုံး တခုမှ ထွက်မလာနိုင် ခဲ့တော့ပါဘူး"

စက်ဆုပ်ရွံရှာဖွယ် လူသားမှောင်ခိုဈေးကွက်

တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊....

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့ 
ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ

၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော DD---Pro box succeed အမျိုးအစားအဖြူရောင် အငှားယာဉ်သည် မဟာမြိုင်မှတ်တိုင်အနီး မကြီးကြီးလမ်းထိပ်အရောက်တွင်၎င်း၏ရှေ့မှ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်သွားနေသည့် BB----ToyotaCorolla အဖြူရောင်အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ရာ BB----ယာဉ်မှာ အတိုက်ခံရသည့်အရှိန်ဖြင့် မှတ်တိုင်တွင်ထိုင်နေသည့် အမျိုးသား(၂)ဦး(စုံစမ်းဆဲ)တို့အား ၀င်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသား(၂)ဦးနှင့် ၎င်း BB---ယာဉ်မောင်းတို့(၃)ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြပါသည်။

ယာဉ်တိုက်မှုဖြစ်သည့် လိုင်စင်မဲ့ ဗင်ကား ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်

ယာဉ်တိုက်မှုဖြစ်သည့် မော်တော်ယာဉ်တစ်စီး လိုင်စင်မဲ့ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် သာကေ တနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မအပြင် ပို့ကုန်းသွင်းကုန်ပုဒ်မဖြင့်ပါ ထပ်ဆင့်အမှု ဖွင့်၍ အရေးယူဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်နေ မောင်ပြည့်ဖြိုးဇော်(၂၅)နှစ် မောင်းနှင်သည့် တိုရိုတာဗင် အဖြူ ရောင်ကားတစ်စီးသည် ၂၀၁၃၊ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီ ၄၀မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါ နယ်မြေရဲစခန်းက ဆိုသည်။
ဖြစ်စဉ်မှာ အဆိုပါကားသည် ဧရာဝဏ်လမ်းမအတိုင်း လမ်းလယ်မျဉ်းကို ခွမောင်းလာစဉ် ရွှေဧည့်သည် (၂) ကားဂိတ်မှတ်တိုင် အရောက်တွင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် စိမ်းပုပ် ရောင်ဂျစ်ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ရိုးမဘဏ်မှထုတ်လာသည့် ငွေထုပ်ဆိုင်ကယ်ဖြင့်လိုက်ကာ လုယူထွက်ပြေး

မကွေးမြို့ရှိ ရိုးမဘဏ်မှ ဆိုင်ကယ်ဖြင့် ငွေထုတ်လာသူ အမျိုးသမီးကို နောက်မှဆိုင်ကယ်တစီးဖြင့် လိုက် လာသည့် အမျိုးသားနှင့် အမျိုးသမီးက ငွေထုပ်လုယူ ထွက်ပြေးမှုတစ်ခု မကွေးမြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မကွေးနယ်မြေ ရဲစခန်းက သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲ ၁ နာရီခန့် တွင် မကွေးမြို့ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ်ခုနစ်သိန်း ထုတ်လာသည့် မနွယ်နွယ်သန်း (၄၀ နှစ်)နှင့် နောက်ပါ အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်သည် မြို့ပတ် လမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်နောက်ပါအမျိုးသမီးတင် ဆောင်လာသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်က မနွယ်နွယ်သန်း၏ ဆိုင်ကယ်ကို လက်ဝဲဘက်မှကျော် တက်ကာ အနားသို့ကပ်လာသည်ဟု ရဲထွက်ချက်တွင် ပါရှိသည်။

ယောက်ျားဖြစ်သူက ဇနီးကို ကြက်သွန်လှီးဓားဖြင့် ထိုးသတ်

ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ကြက်သွန်လှီးသည့် ဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့မှုတစ်ခု ဖေဖော်ဝါရီ ၂၄ ရက်က သုံးခွမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ သုံးခွမြို့နယ်၊ ကဒပ်္ပနကျေး ရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာ လယ်ကွက် ပဲခင်းတွင် နံနက် ၉ နာရီ ခန့်က မနွယ်နီ (၁၈)နှစ် လယ်စားရင်းငှား၊ ကျောက်တန်းမြို့နယ်၊ မှော်ဝန်းလမ်းတွင် နေထိုင်သူနှင့် ခင်ပွန်း ဖြစ်သူ သိန်းဝင်း (ခ) သူဟန်တို့ နှစ်ဦးမှာ ပဲ,မခူးသည့်ကိစ်္စဖြင့် စကားများရန်ဖြစ်ခဲ့သည်ဟု တရားလိုဖြစ်သူ မနွယ်နီ၏မိခင်ဒေါ်တင်လှက ရဲစခန်းတွင်တိုင်တန်းထားခြင်း ဖြစ်သည်။

ငမိုးရိပ်ချောင်းစပ်က အမျိုးသမီးအလောင်း သွေးရိုးသားရိုးသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေ

နေအိမ်တွင် မိခင်ဖြစ်သူနှင့် အတူအိပ်စက်နေသည့် အမျိုးသမီးတစ်ဦး ရုတ်တရက်ပျောက်ဆုံးသွားပြီး ငမိုးရိပ်ချောင်းအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိမှုကို ဒဂုံတောင်ရဲစခန်းက ဓမ္မတာတိုင်းသေဆုံးခဲ့ရ ခြင်း ဟုတ်မဟုတ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။
ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က ဒဂုံတောင်မြို့နယ် (၂၃) ရပ်ကွက်၊ မင်းနန္ဒာလမ်းနှင့် ကျိုင်းတုံ လမ်းထိပ်၊ ငမိုးရိပ်ချောင်းကမ်းစပ်တွင် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ မြို့ နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးနေသူသည် ဒဂုံတောင်မြို့နယ် (၂၃)ရပ်ကွက်၊ နှင်းဆီလမ်း၊ အမှတ် (၂၅၁)နေ (၂၁)နှစ်ရှိ မနုနုမာ ဖြစ်ပြီး ရွှံ့နွံများပေါ်တွင် ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးလျက်တွေ့ရှိခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်တဲ့ ပရိသတ် ကြိုက်ဖို့ ‘ပြန်ပေး’ ဇာတ်ကား ရိုက်ကွင်း

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ပြန်ပေး” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ရန်အောင် ၊လူမင်း၊ ခန့်စည် သူ၊ ခိုင်သင်းကြည်၊ မိုးဟေကို တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကား ကို ဆည်ပေါက်ရွာ မှာ သွားရောက်ရိုက်  ကူးနေတာာ ဖြစ်ပြီး သုံးဇာတ်ကား ရိုက်ကူးခဲ့တဲ့ နေရာ လည်းဖြစ်ပါတယ်။ ဟာသ သိပ်မရိုက်တဲ့ လူမင်းနဲ့ တွဲ မရိုက်ဖူး တဲ့ ခန့်စည်သူ တို့ရဲ့ သရုပ်ဆောင်မှုကို ရိုက် ကူးနေတာကြောင့် ပရိသတ် အတွက် ထူးခြားမှုဖြစ်စေ မှာပါ ဆိုတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ဒီဆည် ပေါက်မှာ ကရိုက် ရတာလည်း အဆင်ပြေတယ်။ ရုပ်ရှင် သမားတွေရဲ့ အထာကိုလည်း သိပြီးသားဖြစ်တယ်။ အညာဒေသ ဖြစ်တဲ့အတွက် သူတို့ရဲ့ အိမ်ခြံအဝန်း အဝိုင်းတွေက သန့်ရှင်း သပ်ရပ်တယ်။ ရှု ခင်းတွေက တော့ “ဥ” ဇာတ်ကား တုန်းကနဲ့ ပုံစံတွေ နဲ့ မတူအောင် ရိုက်ရတာပေါ့။

တောင်သူလယ်သမား နေ့မှာ နောနော်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်

နော်နော်က သူတို့ Blaze တီး ဝိုင်းရဲ့ One Band Show ကို မတ်လ ၂ ရက်နေ့ည မျှော်စင်ကျွန်း မှာ ကျင်း ပပြုလုပ် တော့ မှာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ထဲမှာလည်း အမျိုးသား ကဇာတ်ရုံမှာ One Band Show ကို ပြုလုပ်ဖြစ်တဲ့ နောနော်တို့ အဖွဲ့က ဒီတစ်ခေါက် ရှိုးပြုလုပ်ဖြစ်ပုံ နဲ့ ပတ်သက်ပြီး “တောင်သူ လယ်သမားနေ့ ဆိုတော့ ပိတ်ရက်လည်း ဖြစ်တယ်။ ပြီးတော့ လေးလေးနက်နက် စီးရီးကလည်း ထွက်ထားတယ်။ ခု MTV လည်း ထွက်ပြီးပြီ ဆိုတော့ အဲဒီသီချင်းတွေ နဲ့ ပြန်မိတ်ဆက်ပေး ချင်တာလည်း ပါတယ်။ ပရိသတ်တွေကို ရော့ခ်မု(ဒ်) အပြည့်နဲ့ ဖျော်ဖြေချင် တာလည်း ပါတယ်။ မျှော်စင်ကျွန်းကို ရွေးဖြစ်တာကတော့ ဒီနေရာကို ကြိုက်တယ်။ ကျွန်တော် တို့ Underground ဘဝ ကတည်းက မျှော်စင်ကျွန်း မှာပဲ တီးဆိုဖြစ်တော့ ဒီမှာပဲ ရွေးဖြစ်တာ” လို့ နောနော်က ပြောပါတယ်။ နောနော် တို့ Blaze အနေနဲ့ တစ်နှစ် တစ်ခါဆိုသလို ရှိုးပွဲ ပုံမှန် ပြုလုပ်ဖြစ်တဲ့ အတွက် ဒီနှစ် မှာလည်း ပြုလုပ်ဖြစ်ခြင်း ဖြစ်ပြီး အခွေ ပရိုမိုးရှင်း အနေ နဲ့တော့ မဟုတ်ဘူး လို့လည်း သိရပါ တယ်။

အသားအရေအတွက် အသီးအရွက် များများစားပေးတယ်လို့ ဆိုတဲ့ လဲ့ယမင်း

နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ချွေးတွေထွက်၊ အဆီတွေပြန်တတ်တဲ့ နွေရာသီအတွက် ကိုယ့်ရဲ့ အသားအရေပိုင်းကိုရော ဘယ်လို ထိန်းသိမ်းကြမှာလဲ။ ဒါကလည်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုပါပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး မော်ဒယ် လဲ့ယမင်းကတော့ ‘နွေရာသီမှာ Sun Cover, Sun Block က မပါမဖြစ်ပဲ။ အရမ်းကို အရေးကြီးပါတယ်။ တလောက ဓာတ်ပုံရှုတင်တစ်ခုအတွက် ဓာတ်ပုံရိုက်တာ အသားအရေ တော်တော်ပျက်စီးသွားတယ်။ သုံးဖြစ်တဲ့ အလှကုန်တွေကတော့ အစုံသုံးတယ်။ မိတ်ကပ်လိမ်းတာက ပိုများတော့ တစ်ခါတစ်လေ မိတ်ကပ်ဆရာဆီကလိမ်းပေးရင်သူတို့ဟာပေါ့။ ကိုယ့်ဟာကိုယ် လိမ်းတာကတော့ အစုံရောပြီးသုံးတယ်။

နွေရာသီရောက်ရင်တော့ ပူတာတစ်ခုပဲ ခံစားမိပါတယ်လို့ဆိုတဲ့ သရုပ်ဆောင် အောင်ရဲလင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အောင်ရဲလင်းကို နွေရာသီနဲ့ ပတ်သက်ပြီး သူ့ရဲ့စိတ်ခံစားချက်၊ ဖီလင်တွေကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နွေရာသီဆိုရင်တော့ အရမ်းပူမှာပေါ့။ ဘယ်ပဲသွားသွား နေ့လည်ဘက်တွေသွားရင် Sun Block လိမ်းပေးသင့်ပါတယ်။ အင်္ကျင်္ီလက်ရှည်လေးတွေ ဝတ်သင့်ပါတယ်။  လက်ရှည်တွေ ဝတ်ရတာ ပူတော့ပူတာပေါ့နော်။  ဒါပေမဲ့ အသားအရေရဲ့ အရေပြားရောဂါကို ကာကွယ်ပေးတာပေါ့။ နွေရာသီ ရောက်ပြီဆိုရင် ကျွန်တော်ကတော့ အင်္ကျီလက်ရှည်ကို အမြဲဝတ်ဖြစ်ပါတယ်။ နေပူထဲသွားရင်တော့ ကျွန်တော်ပြောသလိုပါပဲ တစ်ခုခုပေါ့။ ဦးထုပ်ဖြစ်ဖြစ်၊ ထီးဖြစ်ဖြစ်ဆောင်းသွားတယ်။ နောက်တစ်ခုက ကျွန်တော် Lotion လိမ်းတယ်။ Sun Block လိမ်းတယ်။ ရာသီဥတုအားလုံးကို သဘောကျပါတယ်။ အကြိုက်ဆုံးကတော့ မိုးတွင်းပေါ့။

ကာရိုက်တာ အပြောင်းအလဲတွေနဲ့ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ မင်းသွေး

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ငြိတွယ်ဆိုတဲ့ ဇာတ်ကားနဲ့ပတ်သတ်ပြီး ရိုက်နေစဉ်အတွင်းမှာ နေမကောင်းဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး အားနည်းသလို ခံစားမိတာကြောင့် သူ့ကို ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက် လတ်တလောလှုပ်ရှားမှု အကြောင်းလေး အပြင် ငြိတွယ်ဇာတ်ကားနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တဲ့အခါ ‘ခုရိုက်နေတဲ့ ကားလေးက ချိုသောအရှုံးတဲ့။ ဒါရိုက်တာက ကိုပေါက်၊ မင်းသမီးက မဒါဒါနဲ့ ဆုမြတ်နိုးဦးပါ။ ဒီကားလေးက နည်းနည်းဆန်းတယ်။ ကျွန်တော်မမကြီး ဇာတ်လမ်းတွေ သိပ်မရိုက်ဖူးသေးဘူး။  အဲဒါနဲ့ကိုပေါက်နဲ့ တိုင်ပင်ပြီး ရိုက်ခဲ့တာပေါ့။ ကာရိုက်တာကတော့ လူငယ်ကာရိုက်တာပဲ။ သန့်သန့်ပြန့်ပြန့် နေတတ်တယ်။ ခုခေတ်ရပ်ကွက်ထဲက လူငယ်ကာရိုက်တာပဲ။ လုပ်တာက ၀ပ်ရှော့မှာလုပ်တယ်။ ဒါပေမဲ့ အ၀တ်အစား ၀တ်ရင် ဘေထဲကနေ သန့်သန့်ပြန့်ပြန့်လေး ၀တ်တယ်။ဇာတ်လမ်းပုံစံတွေကတော့ တူတူပါပဲ။ တကယ်ချစ်မိသွားတဲ့အချိန်မှာ ကြီးတယ် ငယ်မဟုတ်ဝူး။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB