Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

Feb182014

ကင်တားနား နေပြည်တော်ရောက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ အကြံပေး ပုဂ္ဂိုလ်တွေ အပါအဝင် အစိုးရဝန်ကြီးဌာနတွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေသလို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် လာရောက်တဲ့ ကုလအထူးကိုယ်စားလှယ်ကို အိမ်ရှင်နိုင်ငံရဲ့ ဝတ္တရားနဲ့အညီ လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးထားပြီး
နောက် ထွက်ပေါ်လာမယ့် ကုလအထူးကိုယ်စားလှယ်ရဲ့ သတင်းထုတ်ပြန်ချက် အပေါ် စောင့်ကြည့်ရမှာဖြစ်တယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယ
ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
Feb182014

တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ


ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက်မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။

တနိုင်တပိုင် ကျောက် တူးဖော်သူ တွေ တူးဖေါ်ရရှိတဲ့ ဒီကျောက်စိမ်း တုံးကြီးဟာ တနိုင်တပိုင် သမားတွေ တွေ့ခဲ့ ဖူးတဲ့ ကျောက်စိမ်းတွေ ထဲမှာ အကြီးဆုံး လို့ ဆိုရမှာပါ။

ဒီအတုံးကြီးဟာ ကျောက်စိမ်း အရည် အသွေးပါတဲ့ လုံးချော ပုံသဏ္ဍဍန် ရှိတယ်လို့လည်း သိရပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကို တွေ့ခဲ့တဲ့ နေရာမှာဘဲ စစ်တပ် အစောင့် အရှောက်နဲ့ အစိုးရက ထိန်းသိမ်း ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Feb182014

Computer Software Collection

                               
AUTODESK.INFRAWORKSISO.part1.rar


AUTODESK.INFRAWORKSISO.part2.rar
AUTODESK.INFRAWORKSISO.part3.rar
AUTODESK.INFRAWORKSISO.part4.rar
AUTODESK.INFRAWORKSISO.part5.rar
Adobe-Captivate-6.X32.part1.rar
Adobe-Captivate-6.X32.part2.rar
Adobe-Captivate-6.X32.part3.rar
Adobe-Captivate-6.X32.part4.rar
Adobe-Captivate-6.X64.part1.rar
Adobe-Captivate-6.X64.part2.rar
Adobe-Captivate-6.X64.part3.rar
Adobe-Captivate-6.X64.part4.rar
Adobe-eLearning-Suite.6.1.part01
Adobe-eLearning-Suite.6.1.part02
Feb182014

ပိုတိုရှော့အတွက်အသင့်လုပ်ပြီးမင်္ဂလာဆောင်ဝတ်စုံလေး PSD (27.8MB)

  ညီလေးရေအကိုမင်္ဂလာဆောင်ဖိတ်စာရိုက်ချင်လို့ မင်္ဂလာဆောင်ဝတ်စုံလေးရှိရင်တင်ပေးပါအုံးလို့ကျွန်တော်ပြန်လုပ်ပြီး သူငယ်ချင်းအတွက် အသင့်ပြင်ခါမျိုးဖြစ်အောင်ပြုလုပ်ထားပါတယ် ပိုတိုရှော့ပုံများကိုရယူချင်တယ်ဆိုရင်တော် 
ဒီမှာ Like နှိပ်ခဲ့ပေးပါနော် ပိုတိုရှော့အတွက်အသင့်လုပြီးမင်္ဂလာဆောင် ဝတ်စုံလေးကိုကြိုက်တယ်ဆိုရင်အောက်မှာဒေါင်းလုပ် လင့် နှစ်ခုပေးထားပါတယ်မိမိတို့ကြိုက်ရာကဒေါင်းယူသွားနိုင်ပါတယ်ဗျာ
                                                                    DOWNLOAD LONK 1
                                                                    DOWNLOAD LINK 2
Feb182014

အရှက်သိက္ခာ | လူမင်း ဖွေးဖွေး

ရုပ်ရှင်ကြည့်ရန်
Feb182014

The Rooftop (2013) Action, Comedy, Drama, Thriller, Musica

ရုပ်ရှင်ကြည့်ရန်
Feb182014

Army of the Damned (2014)

ရုပ်ရှင်ကြည့်ရန်
Feb182014

စာအုပ်မျက်နှာ | ခန့်စည်သူ ရွှေမှုန်ရတီ

ရုပ်ရှင်ကြည့်ရန်
Feb182014

မနောသုခမဟာမြိုင် | နေမင်း ချစ်သုဝေ

ရုပ်ရှင်ကြည့်ရန်
Feb182014

Wedding Frame Psd For Photoshop

အားလုံးအတွက်ဒီတစ်ခါတင်ပေးပါရစေဗျာ  မင်္ဂလာဆောင်၊မွေးနေ့ ဖိတ်စာထုတ်လုပ်ချင်တဲ့သူတွေအတွက်အရမ်းအဆင်ပြေပါပါ PSD Frame ကို ကျွန်တော်ကိုယ်တိုင်ပဲ ဖန်တီးထားတာပါ အခုမှဖန်တီးစဆိုတော့နည်းနည်းတော့လိုအပ်ချက်တွေရှိပါသေးတယ်ဗျ ဒါပေမဲ့ အသုံးဝင်ပါတယ်  ပိုတိုရှော့ လုပ်ငန်းလုပ်နေသူများ ပုံလေးကို ကြိုက်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလုပ်လင့်နှစ်ခုပေးထားပါတယ်ကြိုက်ရှာက
ဒေါင်းယူသွားနိုင်ပါတယ်ခင်ဗျာ အဆင်ပြေပါစေ.............
                                                                 DOWNLOAD LINK 1
                                                                 DOWNLOAD LINK 2 

Feb182014

ပိုတိုရှော့အတွက်အသင့်လုပ်ပြီးယောင်္ကျားလေးပုံ PSD (8.8MB)

                                        မင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီတခါတော့  ပိုတိုရှော့အတွက် ယောင်္ကျားလေးဆိုင်ကယ်မောင်းနေတဲ့စတိုင်ပုံတစ်ပုံကိုတင်ပေးလိုက်ပါတယ် ပိုတိုရှော့ပုံတွေကိုအချိန်မီရယူချင်တယ်ဆိုရင်တော့ဒီမှာLike နှိပ်ပြီးရယူနိုင်ပါတယ်ခင်ဗျာ ပိုတိုရှော့အတွက်ဆိုင်ကယ်မောင်းနေတဲ့စတိုင်းလေးကိုရယူချင်တယ်ဆိုရင်တော့အောက်မှာ
ဒေါင်းလုပ်လင့်နှစ်ခုပေးထားပါတယ်မိမိတို့ကြိုက်ရာကဒေါင်းယူနိုင်ပါတယ်

                                                          DOWNLOAD LINK 1
                                                         DOWNLOAD LINK 2

Feb182014

ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားမိလျှင်

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ် သွားတာနဲ့ သင့်ခန္ဓာ ကိုယ်ထဲကို ရောဂါပိုး ဝင်ရောက် သွားနိုင် ပါတယ်။

တကယ်လို့ သင်ဟာ အပျော်အပါး လိုက်စားရင် အကာအကွယ် ကွန်ဒုံးကို မသုံးဘူး ဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့ အမှားကြောင့် ဖြစ်တတ်တဲ့ ရောဂါ ပိုးတွေ ကတော့ အများကြီး ရှိပါတယ်။

ကလိုင်မိုင်ဒီးယား ကာလသားရောဂါ

ကုသလို့ ရတဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုပါ။ မကုသဘဲ နေရင်တော့ ဘဝ အဖော်ထံ ကူးစက် နိုင်ပါတယ်။

ကာကွယ်မှု

-ကွန်ဒုံးသုံးပါ

-တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။

-အပျော်အပါး လိုက်စားမိရင် နှစ်စဉ်ရောဂါစစ်ဆေးပါ။

Feb182014

ကလေးဖျက်ချလို့ သေခဲ့ရတဲ့ ဗိုက်ကြီးသည်သရဲနဲ့ ခြောက်ခြားဖွယ် တစ်ညတာ(ဖြစ်ရပ်မှန်)

ကြောက်တတ်သူများ မဖတ်ရ

ကျွန်တော်ကျင်လည်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းလောကထဲက ထူးထူးဆန်းဆန်း ကိုယ်တွေ့ဖြစ်ရပ်မှန်တခုကို ပြောပြမယ်။ ကျွန်တော်တို့ဆေးရုံလောကထဲက ယုံကြည်မှုတခုလို့ပဲပြောရမလား။
တခြားဒေသ၊ တခြားတိုင်းပြည်တွေရဲ့ဆေးရုံတွေမှာ အခုပြောမယ့်ကိစ္စလိုအဖြစ်အပျက်ကို လက်ခံမှုရှိမရှိတော့ မသိဘူး။
ကျွန်တော်တာဝန်ကျခဲ့တဲ့ ပြည်သူ့ဆေးရုံလေးမှာကတော့ ကျွန်တော်ကိုယ်တိုင် အခုအချိန်ထိ ပဟေဠိဖြစ်နေရဆဲ ကိစ္စတခုပါပဲ။

အစိုးရဆေးရုံဆိုတာမျိုးက အရေးပေါ်လူနာတွေကစလို့ သေကောင်ပေါင်းလဲရောဂါသည်အဆုံး ခုနစ်ရက်သားသမီးအကုန်လုံး ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး
ရောက်လာရင် အတတ်နိုင်ဆုံးကြိုးစားကုသပေးရတဲ့နေရာဆိုတာ လူတကာသိမှာပါ။ ရောက်လာသမျှ ဝေနေယျတိုင်းကို

Feb182014

ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်

၁၈.၂.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန် ဒလမြို့နယ်၊ ဒလ-ရန်ကုန် ကားကူး ဇက်ဆိပ်ကမ်း၌ ယာဉ်မောင်း ကိုစိန်မြင့် (ဘ)ဦးအောင်ခင်၊ ဒလမြို့နယ်
နေသူမောင်းနှင်လာသော ၆က/---- ကင်တာအဖြူရောင် ကုန်တင်ယာဉ် သည် ပုလင်းခွံများတင်ဆောင်ပြီး ဇက်သင်္ဘောပေါ်သို့တက်ရန်မောင်းနှင် လာစဉ် ကွန်ကရစ်ဆိပ်ခံနှင့်သစ်သား တံတားအခင်းအရောက်တွင် ၀ဲဘက်သို့ချော်ကျကာပက်လက်အနေအထားဖြင့် တိမ်းမှောက်သွားခဲ့
ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ရှေ့လေကာမှန်ပျက်စီး၊ အမိုးပိန်ချိုင့်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ကိုစိန်မြင့်အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


By  မြဝတီ

Feb182014

တားဆီးချုပ်နှောင်ကာ ပြည့်တန်ဆာလုပ်ခိုင်းမှုကိုစစ်ဆေး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တားဆီးချုပ်နှောင်ကာ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့သည်ဆိုသူကို
အရေးယူပေးရန်တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ ည ၁၂
နာရီ ၁၀ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက
သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က
မိဘအုပ်ထိန်းမှုအောက်ရှိ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ နေအိမ်မှ ပျောက်သွားပြီး
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်ခဲ့ သဖြင့် မေးမြန်းခဲ့
ကြောင်း၊ သမီးဖြစ်သူကို တစ်ရပ်ကွက်တည်းနေ မသဲသဲ(၂၀ နှစ်)က အထည်ချုပ်စက်ရုံတွင်
အလုပ်ရမည်ဟုပြောဆိုကာ စည်းရုံးခဲ့သဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ ဗိုလ်တစ်ထောင်ဘုရား
သို့ရောက်ရှိပြီး သဲသဲက အသက်က ၄၀ အရွယ် ဦးဝင်းနိုင်အား လမ်းဘေးဖုန်း ဖြင့် ဆက်သွယ်
ခေါ်ယူသဖြင့် ကားနှင့်အတူရောက်ရှိလိုက်ပါလာခဲ့ကြောင်း အထပ်(၈)ထပ် တိုက် ခန်း ငါးလွှာတွင်
တိုက်ခန်းသော့ပိတ်ခံရကြောင်း၊ အဆိုပါနေရာတွင် လွန်ခဲ့သော ၂၀ ရက်ခန့်ကပျောက်သွားခဲ့သည့်
Feb182014

ဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ်သံတွေမှာ တွေ့ မြင်နိုင်တော့မလား

မြန်မာ့ဇာတ်သဘင်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရုပ် သံတွေမှာလည်း ကြည့်ရှုနိုင်ဖို့ အတွက် ဇာတ်သဘင်ပညာရှင်တွေနဲ့ ရုပ်သံတွေက ပူးပေါင်းပြီး စီစဉ်ရိုက် ကူးေ နကြပြီ ဖြစ်ပါ တယ်။ ရုပ်သံမှာ ပြသဖို့ အတွက် ရိုက်ကူးတဲ့ အခါမှာတော့ စတိတ် ရှိုးကဏ္ဍမပါဝင်ဘဲ မြန်မာသံ ကဏ္ဍ၊ အော်ပရာကဏ္ဍ၊ နောက် ပိုင်း ဇာတ်တော်ကြီးေ တွကို အဓိကထား ရိုက်ကူးပြသမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ရုပ်သံမှာ ထုတ်လွှင့်ဖို့အတွက် စံပြသဘင်အနေနဲ့လည်း ရိုက်ကူးပြီးပြီလို့ သိရပါ တယ်။

” အပိုင်းတွေနဲ့ ပြန်လွှင့်မယ်ထင်တယ်။ ကျွန်တော် ကတော့၂ ရက်စာရိုက်ပြီး သွားပြီ။ ၆ ညစာလား၊ ၈ ည စာလား ရိုက်ရမှာထင်တယ်။ ဒီလိုရိုက်ပြီးပြခြင်းအားဖြင့်တော့ ပရိသတ်တွေနဲ့သဘင်ပိုပြီး နီးစပ်မှု ရှိသွားလိမ့်မယ်လို့ ထင်တယ်။ အကုန်လုံးက ပွဲသွားကြည့်ဖို့ဆိုတာ ခက်ခဲတယ်လေ။ အိမ်က ထွက်ပြီး ပွဲခင်းထဲ အထိသွားကြည့်ရမှာ မလွယ်ဘူး။ အအေးဒဏ်လည်း ခံရတာလေ။အဲဒီတော့ မပင်ပန်းဘဲနဲ၊့ တကူးတကလာကြည့်စရာ မလိုဘဲနဲ့ ရုပ်သံကနေ အေးအေး ဆေးဆေး ကြည့်လိုက်လို့ရတယ်။
Feb182014

မွေးနေ့အလှူ အဖြစ် ကန့်ဘလူမြို့ရှိ ကျေးရွာ လျှပ်စစ်မီး ရရှိရေး အတွက် သိန်း၅ဝဝ လှူဒါန်းခဲ့တဲ့ ဖိုးချစ်


ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတော့ ဖိုးချစ် ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ်မွေး နေ့ ရောက်တိုင်း အလှူအတန်းတွေ နဲ့ပဲဖြတ်သန်းလေ့ ရှိခဲ့တဲ့ ဖိုးချစ်က ဒီနှစ်မွေး နေ့ မှာလည်း အလှူ အတန်းတွေ နဲ့ပဲ ဖြတ်သန်းဖြစ် ခဲ့ပြန်ပါတယ်။ မွေးနေ့ရက် မှာတော့ ဖိုးချစ်က ကျိုက်ခေါက် ဘုရားပွဲမှာ ကပြဖျော်ဖြေနေရင်း နဲ့ မွေးနေ့အလှူ အဖြစ် အလှူငွေ များကို ပေးအပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုင်းတောကျေးရွာနှင့် လိပ်ထု ကျေးရွာ လျှပ်စစ်မီး ရရှိရေး အတွက် သိန်း၅ဝဝ လှူဒါန်းခဲ့ပါတယ်။ ဒီ အလှူ ငွေကတော့ မွေးနေ့ရှင် ဖိုးချစ်နဲ့ ပရိသတ်များ၊ အလှူ ရှင်များရဲ့ စုပေါင်း အလှူဖြစ်ကြောင်းလည်း သိရပါတယ်။ ၁၂ရက်နေ့ ကပြည်ထောင်စုနေ့၊ ၁၃ရက်နေ့က ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့၊ ၁၄ရက်နေ့ ချစ်သူများနေ့၊ ၁၅ရက် နေ့ကတော့ ဖိုးချစ်ရဲ့မွေးနေ့ဖြစ်တဲ့ အတွက်မွေးနေ့ နဲ့ ပတ် သက်ပြီးသူ့ရဲ့ ခံစားချက် ကိုမေးတော့..
Feb182014

ဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်းက ရိုက်ကူးခဲ့တဲ့ မို့မို့မြင့်အောင်

တီဗီချန်နယ်တွေကနေ မြန်မာဇာတ်လမ်းတွဲတွေ ပြသနေပြီဖြစ်သလို ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိလာခဲ့ပါတယ်။ ဇာတ်လမ်းတွဲအနေနဲ့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော် ကတည်းက ရိုက်ကူး ခဲ့ပြီး မပြသဖြစ်ခဲ့ဘူးလို့ အမှတ်တရ ပြန်လည်ပြောပြတဲ့ မို့မို့မြင့်အောင်က..

” ဇာတ်လမ်းတွဲက လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ရိုက်ခဲ့ဖူးတယ်။ မမို့၊ ကိုကျော်သူ၊ ရာဇာနေဝင်းတို့နဲ့ ဒါရိုက်တာက ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ပေါ့။ ဆင်းန်ပေါင်း ၄၁၄ ဆင်းန် အရှည်ကြီးပဲ။ မမို့က နှစ်ကိုယ်ခွဲလုပ်ရတာ။ အင်္ကျီဆို ကားနောက်မှာ ဗီရိုလို စင်နဲ့လုပ်ပြီးတော့ မေမြို့ကိုသွားရတာ။ အဲဒီခေတ်က ဒီလိုစက်တွေလည်း မပေါ်ေ သးတော့ တအားခက်ခက်ခဲခဲလုပ်ခဲ့ရတာ။ ရာဇာနေဝင်းဆို စပေါ်ခါစပဲ ရှိသေးတယ်။ အဲဒီတုန်းကရိုက်ခဲ့တာ အရင်းအနှီး လည်း တအားများတယ်။ ဒါပေမဲ့ အဲဒီ ဇာတ်လမ်းတွဲက မလွှင့်ဖြစ်ခဲ့ဘူး။ ရိုက်ပြီးနောက် ၁ဝ နှစ်လောက် အကြာမှာ ပြန်လွှင့်ဖို့အတွက် လာပြောသေးတယ်။ ကိုယ့်အင်္ကျီအဝတ် အစားတွေက အောက်ကုန်ပြီ ဆိုပေမယ့် ထုတ်လုပ်သူကလည်း သူ အကုန်အကျခံထားရတာပဲဆိုပြီး ပြန်ပြစေချင်ခဲ့တာ။ ကိုယ်တွေ အိုက်တင် ကောင်းဖို့ အဓိကပါပဲပေါ့။ 
Feb182014

ဇာတ်လမ်းတွဲ၊ ဖန်တီး မှုအနုပညာ၊ ရိုးရာယဉ်ကျေးမှု အခြေခံရိုက်ကူးမှုနှင့် ပထမဆုံး မြန်မာဇာတ်လမ်းတွဲ အချစ်ကြီးသူများအကြောင်း

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကျော်သူပါဝင်သရုပ်ဆောင်ခဲ့သည့် ” အချစ်ကြီးသူများ”  ဇာတ်လမ်းတွဲမှာ နှစ်၂ဝ ကျော် ပြသခွင့်ပိတ်ခံခဲ့ရာက မကြာမီ င်္Family Entertainment  က ပြန်လည်ထုတ်လွှင့်လာဖွယ်ရှိကြောင်းသိရ၍  ဦးကျော်သူထံ 
သွားရောက်တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့ပါသည်။ ဇာတ်လမ်းတွဲ သဘောတရား၏ အရေး ပါပုံနှင့် အဓိကကျသော အချက်၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဇာတ်လမ်းတွဲဟုဆိုရမည့် “အချစ်ကြီးသူများ” ဇာတ်လမ်းတွဲ ရိုက် ကူးခဲ့မှုအမှတ်တရများနှင့် ပတ်သက်ပြီး ဦးကျော်သူက..

” အချစ်ကြီးသူများဇာတ်လမ်းတွဲက အခန်းစဉ် ၅ဝဝ လောက်ရှိမယ်။ ကြာပြီဆိုတော့ မမှတ်မိတော့ဘူး။ တစ်လကျော်လောက် ပြင်ဦးလွင်မှာ သွားရိုက်ရတယ်။ ဇာတ်လမ်း လည်းတအားကောင်းတယ်။ ထုတ်လုပ်သူက တစ်ဦးသတ်သတ်။ သူက ရိုက်ပြီးတော့ မြဝတီကိုပေးတယ်။
Feb182014

အရူးတစ်ယောက်ရဲ့ ဒိုင်ယာရီမှာ ကျွန်တော့် ဘ၀အကြောင်းတွေ အများကြီးပါမယ်လို့ ဆိုတဲ့ ကျော်ထွဋ်ဆွေ


 ဟစ်ပ်ဟော့လောကမှာ ကျော်ထွဋ်ဆွေလို့ ဆိုလိုက်တာနဲ့ Third Generation ရဲ့ အမိုက်စား ရက်ပ်ပါမှန်း အားလုံးသိကြမှာပါ။ လက်ရှိမှာ ကြန့်ကြာနေတဲ့ သူ့အခွေအကြောင်းနဲ့ အသစ်လုပ်ထားတဲ့ အခွေအကြောင်း မေးမြန်းကြည့်တဲ့အခါ ‘အခွေက ပရိုဂျူဆာလုပ်ရမဲ့ အပိုင်းတွေပေါ့နော်။ အခွေကြန့်ကြာနေမှုက ပထမဆုံးအခွေ ဖြစ်တဲ့အတွက် မလုပ်တတ်တာတွေလဲ ပါတာပေါ့နော။် 

ဆင်ဆာပြီးမှ အပြောင်းအလဲ ဖြစ်သွားတော့ အစကနေ ပြန်ုလုပ်ရတယ်။ ပရိုဂျူဆာနဲ့ ကျွန်တော်နဲ့လဲ လွဲနေတယ်။ သူခရီးသွားရင် ကျွန်တော်က ရန်ကုန်မှာ။ သူရန်ကုန်လာရင် ကျွန်တော်ကခရီးသွားနေတယ်။ ကြားထဲမှာ နဲနဲလေးကြာနေတယ်။ အခွေကြန့်ကြာနေမှုအတွက် ၀မ်းနည်းတယ်။ ပရိသတ်တွေ အားမပေးတော့မှာလဲ ကြောက်မိပါတယ်။ အဲဒီအတွက် ကျွန်တော်ဒုတိယအခွေပါ တွဲပြီးလုပ်နေတယ်။ အချောသွင်းနေပြီ။ ဒီပထမခွေ အမ်တီဗီအခွေနဲ့သိပ်မခြားပဲ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ Title က အရူးတစ်ယောက်ရဲ့ ဒိုင်ယာရီတဲ့။ ဘာလို့ပေးဖြစ်တာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုက အရူးပဲ။ 
Feb182014

နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု



နန်းမြတ်ဖြိုးသင်းလို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတအနုပညာဘက်မှာပါ အနုပညာခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းလာသူလေးမှန်း အားလုံးသိပြီးဖြစ်မှာပါ။ သူမဟာ ခုဆိုရင် ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာနဲ့ ဗီစီဒီတွေမှာ ပါဝင်သရုပ်ဆောင်လာသူဖြစ်ပြီး ဂီတလောကမှာလည်း နေရာတစ်နေရာ ရအောင်ကြိုးစားနေသူပါ။ သူမနဲ့တွေ့ဆုံဖြစ်ခိုက် လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း မေးကြည့်တဲ့အခါ  သူမက ‘ခု နန်းမြတ် ကိုဖြိုးငွေစိုးနဲ့ ၀ိဥာဉ်ကယ်တင်ကြသူများဆိုတဲ့ ကားလေးရိုက်ပါမယ။် အဲ့ဒီကားထဲမှာ ကိုဖြိုးနဲ့နန်းမြတ်နဲ့ ကချစ်သူတွေပေါ့။ အရမ်းချစ်ကြတယ်။ နန်းမြတ်က သေသွားပြီးတော့ ကိုဖြိုးနားမှာ စောင့်ရှောက်တဲ့ ၀ိဥာဉ်ဆန်ဆန် ဇာတ်ကားလေးပေါ့။ ဂီတလှုပ်ရှားမှုအနေနဲ့ကတော့ နန်းမြတ် မကွေးတိုင်း စောမှာ သီချင်းသွားဆိုပါမယ်’တဲ့။

ခင်ဆွေသက်/By Trend Myanmar



Feb182014

မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆယ်ဘီး တပ်ကုန်တင်ယာဉ်၏အရှေ့ပိုင်း ကားအ လေးကိုပြန်တင်စဉ် ခုထားသည့်တုံးပြုတ် ထွက်၍ ကားပိမိကာ တစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့မရဲစခန်းတာ ဝန်မှူး ဒုရဲအုပ် အောင်မျိုးဝင်းထံမှ သိရ သည်။

ကလွင်ကျေးရွာအုပ်စု၊ ယာယီ အဝေးပြေးကားဝင်းအနောက် မြိတ်လေ တပ်စခန်းဌာနချုပ်အနီး မြို့ပတ်(၂)လမ်း ရှိ သန့်ဇင်ကုန်စည်ပို့ဆောင်ရေးကားဂိတ် ရှေ့တွင် အဆိုပါယာဉ်လိုင်း ဆယ်ဘီးတပ် ကုန်တင်ယာဉ်၏အရှေ့ပိုင်းအလေးကို ပြန် တင်စဉ် တုံးပြုတ်ထွက်သွားပြီး ယင်းသို့ပိမိ ခြင်းဖြစ်ကြောင်း ယင်းကုန်စည်ပို့ဆောင်ရေး မှ တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောသည်။
Feb182014

(၇) တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခံရ

ဂန့်ဂေါ၊ မဇ္ဈိမ။               ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင် မိခင်ဖြစ်သူက ထွက်ဆိုထားသည်။
Feb182014

ယာဉ်ထိန်းရဲတစ်ဦးကို မိသားစုလိုက် ၀ိုင်းရိုက်သည်ဟုဆိုကာ အမှုဖွင့်ထား

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးပွိုင့်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးကို ယခင်ပြဿနာဖြစ်ပွားခဲ့သည့် ယာဉ်မောင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် မိသားစုနှင့်အတူ ရောက်ရှိလာပြီး ၀ိုင်းဝန်းရိုက်နှက်သဖြင့် တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်က အမှုဖွင့်တိုင်ကြားထားသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါအမှုကို မင်္ဂလာတောင်ညွန့်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၂၈)မှ ရဲတပ်ကြပ်ကြီး သောင်းဒန်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
၎င်းင်းသည် သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ထမ်းဆောင်စဉ် ဖေဖော်ဝါရီ ၉ ရက် တွင် ၉ဃ /----တိုယိုတာ Wave  အနက်ရောင် အမျိုးအစားကားမှာ သိမ်ဖြူလမ်းဘက်သို့ ကွေ့ရမည့် ညာ ဘက်အစွန်ဆုံး ဖရီးလမ်းကြောမှ၍ ညာဘက်သို့မကွေ့ဘဲ ရှေ့တည့်တည့် သို့ မောင်းနှင်ခဲ့သည်ဟုလည်း တရားလိုက လူမှုကွန်ရက်မီဒီယာတစ်ခုတွင် ဖော်ပြ ထားသည်။
Feb182014

၁၂ နှစ်နှင့် ၁၆ နှစ် အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်းဖြစ်ပွား


အသက် ၁၂ နှစ်နှင့် ၁၆ နှစ်ရှိ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက်တည်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ပထမတစ်မှုမှာ ဒလမြို့နယ်တွင် ၁၂ နှစ်အရွယ် ကလေးငယ်အား ပထွေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ဓမ္မတာမဟုတ်သော နည်းလမ်းများဖြင့်ပါ အဓမ္မပြု ကျင့်ခံထားရသည်ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုတိုင်တန်းထားသည်။
ဖြစ်စဉ်တွင် မိခင်ဖြစ်သူ ကလေးမီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ သွား ရောက်နေစဉ် မွန်းလွဲ ၂ နာရီတွင် နေအိမ်တွင် အိပ်နေသည့် ၁၂ အမျိုးသမီးငယ်ကို ပထွေးဖြစ်သူ အောင်လင်းထွန်း(ခ)အိစွပ် (၃၃)နှစ်က ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့်ပါ သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။
ထို့ပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းကဲ့သို့ပင် ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့် သားမယားပြုကျင့်ခဲ့သည့်အပြင် မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုတိုင်တန်းထားသည်။
Feb182014

အလုပ်ရမည်ဟု စည်းရုံးပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူ နှစ်ဦးကို အမှုဖွင့်ထား


ရန်ကုန်၊ မဇ္ဈိမ ။             ။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၇ နှစ်ရွယ် အမျိုးသမီးတစ်ဦးကို စက်ရုံအလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ပြီး တိုက်ခန်းတစ်ခုတွင် ပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ နှစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှုဖွင့်
ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈)ရပ်ကွက်၊ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သည့် အသက် ၄ဝ နှစ်ရှိ မိန်းကလေး၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။
အမှုမှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီက အသက် (၁၇)နှစ်ရှိ သမီးဖြစ်သူမှာ နေအိမ်မှ ပျောက်သွားပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် နံနက် ၁ဝ နာရီတွင် နေအိမ်သို့ ပြန်လည်ရောက် ရှိလာသည်ဟု ဆိုထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်က သူမကို တစ်ရပ်ကွက်တည်းနေ မသဲသဲ (၂ဝ)နှစ်က အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်၊ လစာကောင်း မည်၊ အတူတူအလုပ်လုပ်ရန် စည်းရုံးပြောဆိုသဖြင့် ဗိုလ်တစ်ထောင်ဘုရားသို့ လိုက်သွား ခဲ့သည်ကို သမီးဖြစ်သူက ပြန်လည်
ပြောပြထားသည်ဟု မိခင်ဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။
Feb182014

ဘန်ကောက် အဓိကရုဏ်း ရဲအရာရှိ ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဒီနေ့ မနက်က အဓိကရုဏ်းနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ရဲအရာရှိ ၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ရဲတွေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ရဲအရာရှိဟာ ခေါင်းကို သေနတ် ထိပြီး ဆေးရုံကို တင်ပို့စဉ်မှာ သေဆုံးခဲ့ပါတယ်။ တခြား ရဲအရာရှိ ၄ ဦးကတော့ ဗုံးစထိမှန်တဲ့အတွက် ဒဏ်ရာရတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
မြို့တော်တွင်း အစိုးရရုံးတွေနားက ဆန္ဒပြသူတွေရဲ့ စခန်းတွေကို ရှင်းဖို့ အာဏာပိုင်တွေက စိတ်ပိုင်းဖြတ် အားထုတ်မှုတွေကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုဝင်ဘာလတည်းက စတင်ခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ရာထူးက ဆင်းပေးရေးနဲ့ လူထုက ရွေးချယ် တင်မြှောက်တာ မဟုတ်တဲ့ ပြည်သူ့ကောင်စီက ဦးဆောင်ပြီး နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ချင်နေကြတာပါ။
လက်ရှိ ၀န်ကြီးချုပ်ဟာ ၂၀၀၆ အာဏာသိမ်းမှုအတွင်း တိုင်းပြည်ကနေ ထွက်သွားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ရုပ်သေးရုပ်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲပါတယ်။
အစိုးရရုံးနားမှာ ဆန္ဒပြသူတွေနဲ့ အရာရှိတွေ အဓိကရုဏ်းဖြစ်ခဲ့လို့ အဓိကရုဏ်း နှိမ်နင်းရေး ဒိုင်းတွေနောက်ကနေ ရဲတွေ ချောင်းမြောင်းနေပုံနဲ့ မျက်ရည်ယိုဗုံးတွေက ထွက်လာတဲ့ အငွေ့တွေကို ထိုင်းရုပ်သံက ထုတ်လွှင့်ပြသပါတယ်။
Feb182014

ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတဖြစ်ခွင့် ပြဋ္ဌာန်းချက် ပြင်ဆင်ရန် ဦးရွှေမန်း ညွှန်ကြား

စစ်အစိုးရ ရေးဆွဲ အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းရေး အပါအ၀င် ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီ သော အချက်များကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ် တော်နာယက သူရ ဦးရွှေမန်း က ဖေဖော်ဝါရီလ ၁၈ ရက်နေ့စွဲ ဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်။
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခြေခံမူများ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဥက္ကဋ္ဌ ထံသို့ လိပ်မူ ပေးပို့ခြင်းဖြစ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Feb182014

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အပြီးပြင်ရန် သူရဦးရွှေမန်း တိုက်တွန်း


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆ လအလိုမှာ ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေကို ဥပဒေပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ကို ပြည်ထောင်စုလွှတ်တော် နာယကက ပေးပို့တဲ့ အခြေခံမူတွေထဲမှာ လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အချိန် ဇယားသတ်မှတ်ဆောင်ရွက်ဖို့ တိုက်တွန်းထားတာပါ။
သူရဦးရွှေမန်း လမ်းညွှန်ထားတဲ့ အခြေခံမူတွေထဲမှာ ပြင်ဆင်ဖို့ ခက်ခဲအောင် လုပ်ထားတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အကြောင်းအရာတွေကို အရင်ဆုံးလေ့လာသုံးသပ်အကြံပြုခြင်းအားဖြင့် ပြည်သူတွေရဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်စေမှုကို လျော့နည်းစေအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

Feb182014

တပ်မြေက ဖယ်ရှားခံရသူ ၅၀၀ ကျော် နေရာထိုင်ခင်း DKBA ကမ်းလှမ်း



 တပ်ပိုင်မြေပေါ်က ဖယ်ရှားခံရတဲ့ သမီးကလေးကျေးရွာသားများ လတ်တလော နေရာထိုင်ခင်းမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄) ဓာတ်ပုံ-စည်သူ(VOA-မြန်မာ)

 စစ်တပ်ပိုင်မြေနေရာမှာ ကျူးကျော်နေထိုင်တဲ့အကြောင်းပြချက်နဲ့ နေအိမ် ဖယ်ရှားခံခဲ့ရပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးကလေး ကျေးရွာသားတွေကို ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်လို့ခေါ်တဲ့ DKBA က နေထိုင်ရေးစီစဉ်ပေးတဲ့အနေနဲ့ DKBA ဌာနချုပ်ရှိရာ နယ်မြေကို ခေါ်ဆောင်သွားလိုတဲ့အကြောင်းပြောပါတယ်။ ရန်ကုန်းတိုင်းနဲ့ပဲခူးတိုင်းနယ်စပ် အလိုင်နီကျေးရွာက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ လူဦးရေ (၅၀၀) လောက်ကို ခေါ်ဆောင်သွားဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုရယူတာတွေလည်း လုပ်ဆောင်မယ့်အကြောင်း DKBA မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ သမီးကလေးကျေးရွာကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူက တင်ပြပေးထားပါတယ်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB