Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ယနေ့ည ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွင် "သေကာမှ သေရော အနိုင်ရအောင် ကြိုးစားသွားမည်" ဟုဆိုလိုက်သည့် မန်ယူနည်းပြ ဒေးဗစ်မိုယက်



ယခုနှစ် ဘောလုံးရာသီတွင် အဘက်ဘက်မှ အခြေအနေ မလှဖြစ်နေသည့် မန်ချက်စတာ ယူနိုက်တက်သည် လာမည့် (20) ရက်နေ့တွင် ချန်ပီယံလိဒ် ပွဲစဉ်အဖြစ် ပထမအကျော့အား (2-0) ဖြင့် အဝေးကွင်းတွင် ရှုံးနိမ့်ထားသည့် ဂရိကလပ် အား ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ထိုပွဲစဉ်အား အောင်မြင်စွာကျော်ဖြတ်ပြီး ဒေးဗစ် မိုယက်စ် အနေဖြင့် အသင်းသားများ၏ စိတ်ဓါတ် ခွန်အား ပြန်လည်ရယူရန် ဆန္ဒရှိနေသည်။

မိုရက်စ်က Official Website မှ ပြောကြားခဲ့ရာမှာ “ကျွန်တော့် ကစားသမားတွေ အားလုံးမှာ တကျော့ပြန် အနိုင်ယူ နိုင်တဲ့ အစွမ်း ရှိကြပါတယ်။ ပွဲကြည့်စဉ် ပေါ်ကနေ အော်ဟစ် အားပေး နေကြမယ့် ပရိတ်သတ်တွေ အတွက် ကျွန်တော်တို့ အားလုံး ပြင်းပြင်းထန်ထန် ကြိုးစား ကစားမှာပါ”

“သူတို့အတွက် ထိုက်တန်မှု့ကို ပြီးခဲ့တဲ့ပွဲမှာ (လီဗာပူလ်းနှင့်ပွဲ) ဘာတခုမှ ကျွန်တော်တို့ဘက်က မပေး နိုင်ခဲ့ ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂရိမြေမှာ အိုလံပီယာကောစ့်နဲ့ ယှဉ်ပြိုင်ဖို့ သွားတော့ သူတို့ ပရိတ်သတ်တွေဟာ သူတို့ ကစားသမားတွေ ဘက်ကို တာဝန် ကျေခဲ့ကြသလို အိုးထရတ်ဖိုဒ့်မှာ ကစားရမယ့် ပွဲအတွက် ကျွန်တော်တို့ ပရိတ်သတ်တွေဆီက အားပေးမှု့ကို မျှော်လင့်ပါတယ်”


“အနိုင်ရရှိဖို့ အတွက် ကျွန်တော်တို့ ဘက်က သေခါမှ သေရော့ ကြိုးစားသွားမှာပါ။ တဇောက်ကန်း သဘောမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တစ်သင်းလုံးရဲ့ စိတ်ဓါတ်အင်အားကို အမြန်ဆုံး ဦးမော့လာ ဖို့က ဒီပွဲကို အနိုင်ရဖို့ လိုပါတယ်”

“Bigger Mountain တခုကို ကျော်ဖြတ်ရင်း ကိုယ့်ကို ကိုယ် ပြန်လည်ရှာဖွေ နေရမယ့် အချိန်မှာ ပေါ့ပေါ့ဆဆ လုပ်ဆောင်မှု့မျိုးတော့ လုပ်လိမ့်မှာ မဟုတ်ပါဘူး” ဟု မန်ယူ အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြား သွားခဲ့သည်။

မောရစ်


Football Cafe 

newmyanmarpyi

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB