Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

၄၈ နှစ်အတွင်း မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ ပထမဆုံး အမေရိကန်ခရီး

                            မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ဦးရော်နီညိမ်း က ဟိုနိုလူလူမှာ တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

 မန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဖိတ်ကြားချက်နဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် မြန်မာကာကွယ်ရေးဝန်ကြီး အမေရိကန်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ကာကွယ်ရေး ၀န်ကြီးတွေကြား ဆွေးနွေးကြမယ့် ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့က ထိပ်သီးအစည်းအဝေးကိုတော့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်လာတာပါ။

သာသနာ့အလံအား မဖွယ်မရာပြုလုပ်သည့် နိုင်ငံခြားသူအား ပြည်ပထွက်ခွာခွင့် တားမြစ်

ရခိုင်ပြည်နယ်နယ် အတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဗုဒ္ဓဘာသာ သာသနာ့ အလံအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် INGO၀န်ထမ်း အမျိုးသမီးအား မတ်လ ၃၀ရက်နေ့တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပြည်ပ ထွက်ခွာခွင့်အား နိုင်ငံတော် အစိုးရမှ တားမြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အနေဖြင့် ရခိုင် တိုင်းရင်းသားများမှသန်းခေါင်စာရင်း ကောက်ခံချိန်တွင် ရိုဟင်ဂျာ အမည် လိမ်ညာ ထည့်သွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သည့် အချိန်နှင့် ရခိုင် တိုင်းရင်းသားများ၏ အိမ်တိုင်းတွင် ဗုဒ္ဓဘာသာ သာသနာအလံ လွှင့်ထူထားချိန်တွင် ယခုကဲ့သို့ သာသနာ့
အလံအား မဖွယ်မရာပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
 
“အခု လောလောဆယ် ရန်ကုန် ပို့ထားတယ်။ သူတို့နဲ့ ပတ်သက်ပြီး တိုင်ကြားချက်ကို သေချာ စစ်ဆေးသွားမယ်။ ဟိုဘက်က ဖြစ်တဲ့ ကျူးလွန်မှုတွေကိုလည်း စုံစမ်း စစ်ဆေးသွားမယ်။ ပြည်နယ် အစိုးရရဲ့

သားစိုး - ရောသမပေါင်းချုပ် 2014 Album MP3


No Title Singer Listen/Download Size
1 ရောသမပေါင်းချုပ် (၁) အဖွဲ့ Singer Click Here !! 2.00 MB
2 ရောသမပေါင်းချုပ် (၂) အဖွဲ့ Click Here !! 2.00 MB
3 ရွှေပိုးနန်းတော် (Mix) ဇင်သူဝင်း Click Here !! 2.00 MB
4 အောင်ပါစေ သားစိုး တက္ကသိုလ် နိုင်း Click Here !! 2.00 MB
5 စံတော်ချိန် သားစိုး ဇင်သူဝင်း အိမ့်ချစ် Click Here !! 2.00 MB
6 စိမ်းသရဖူစိမ်း သြရသ သားစိုး Click Here !! 2.00 MB
7 နင်ထွက်ခွာသွားတော့ (DJ Mas Mix) သားစိုး L ဆိုင်းဇီ Click Here !! 2.00 MB
8 သူ သားစိုး ဦးလှတင် (မယ်ဒလင်) Click Here !! 2.00 MB
9 အောင်ပါစေ (Orginal Mix) သားစိုး တက္ကသိုလ် နိုင်း Click Here !! 2.00 MB
10 အောင်ပါစေ သုမောင် သားစိုး Click Here !! 2.00 MB
11 စံတော်ချိန် (Electro Mix) သားစိုး Click Here !! 2.00 MB
12 ရွှေပိုးနန်းတော် ဇင်သူဝင်း Click Here !! 2.00 MB
လိုင်းပေါ်မှာနားဆင်ချင်တယ်ဆိုရင် play iconလေးကိုနှိပ်ပါ၊ ဒေါင်းယူချင်တယ်ဆိုရင်တော့ Click Here !!ဆိုတဲ့အပေါ်မှာ right click>>save link as နှိပ်ပြီးဒေါင်းယူပါ၊

လေယာဉ်ပျောက် ရှာဖွေရေး ဇုန် ပြန်သုံးသပ်ဖို့လို

                                                                        သြစတြေးလျ လေတပ် ဗိုလ်ချူပ်ကြီးဟောင်း Angus Houston

 မလေးရှား လေယာဉ်ပျောက်ကို သြစတြေးလျ တိုက်ရဲ့ အနောက်ဘက် ကမ်းခြေ အလွန် သမုဒ္ဒရာ ရေပြင်ထက် ဇုန်ဧရိယာမှာ ရှာဖွေ နေကြတဲ့ အပေါ် ပြန်လည် သုံးသပ်ဖို့ လိုအပ်လာနိုင်တယ်လို့ ရှာဖွေရေး လုပ်ငန်းစဉ် တွေကို စီမံခန့်ခွဲရာမှာ တာဝန်အရှိဆုံး ဖြစ်တဲ့ သြစတြေးလျ လေတပ် ဗိုလ်ချူပ်ကြီးဟောင်း Angus Houston က ပြောလိုက်ပါတယ်။

အခု အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်ခြမ်းက သတ်မှတ်ထားတဲ့ ဇုန်ဧရိယာအတွင်း ရှာဖွေမှုတွေ ပြုလုပ်နေကြတဲ့ လေယာဉ်တွေ၊ သင်္ဘာတွေဟာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ သက်သေခံ ပစ္စည်း ခိုင်ခိုင်မာမာ မတွေ့ကြရသေးတာကြောင့် အခု မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေရတဲ့ အလုပ်ဟာ ကြုံဖူးသမျှထဲမှာ စိန်ခေါ်မှုတွေ အများဆုံးပဲလို့ မစ္စတာ Houston က ဆိုပါတယ်။

သမီးကလေးကျေးရွာမှ ဆုံဆည်းမြိုင်သို့(ရုပ်/သံ)

                                                  သမီးလေး ကျေးရွာ၊ ဒေါ်ကာလီ ကျေးရွာနဲ့ အင်းမတီး ကျေးရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA  
                                             ထိန်းချုပ်နယ်မြေအတွင်းက ကျောက်ခက်ကျေးရွာကို ဒီနေ့ညပိုင်းမှာ DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
                                                                                     Photo : RFA/ Kyaw Zaw Win/ Lar Wah Shee

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ သမီးကလေး ကျေးရွာကနေ စစ်တပ်ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြောင်းရွှေ့ခဲ့ရသူတွေထဲက အများစုဟာ DKBA ကရင်အမျိုးသားတပ်မတော်အခြေစိုက် မြဝတီခရိုင် ဆုံဆည်းမြိုင် ကျေးရွာမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ သဘောတူညီလိုက်ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။ RFA Burmese

April Fools Day နဲ့ အနုပညာရှင်တို့ ရင်ခုန်သံ


April Fools Day နေ့ကို ဧပြီလ ၁ရက်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိပါ တယ်။ ဧပြီ ၁ ရက်နေ့က အမျိုး သားနေ့ မဟုတ်ပေမယ့် အဲဒီနေ့ ကို နိုင်ငံ အတော် များများက အသိ အမှတ်ပြုကြပြီး လက်ခံ ကျင်းပကြပါ တယ်။
April Fools Day နေ့ကို တစ်ဦး နဲ့ တစ်ဦး စနောက်ကြတဲ့ နေ့အဖြစ် သတ်မှတ် ထားပြီး ရယ်မောစရာ ကိစ္စ ရပ်တွေ ဖန်တီး ကာ နောက်ပြောင် ကြ ပါတယ်။ စာရေးဆရာ Chaucer ရဲ့ Conterbury ပုံပြင်မှ တစ်ဆင့် April Fools နေ့ဖြစ်လာတယ် လို့ အစော ပိုင်း မှတ်တမ်း များအရ သိရပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂ဝ ရာစုအစော ပိုင်းက အီတလီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ က ကလေးတွေဟာ တစ်ယောက်ရဲ့ နောက်ကျောမှာ တစ်ယောက် ငါးရုပ် ကပ်ပြီး လှောင် ပြောင် ရယ်မောကြပါတယ်။ April Fools နေ့ ကို အနောက်နိုင်ငံတွေ မှာ ကျင်းပလေ့ ရှိပါ တယ်။ မြန် မာနိုင်ငံ မှာလည်း April Fools နဲ့ ပတ်သက် ပြီး အနုပညာရှင်တွေ အနေ နဲ့ ရင်ခုန် နောက်ပြောင် ကျီစားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနှစ် April Fools အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အနု ပညာရှင်တွေ ကိုမေးမြန်း တင်ဆက်လိုက်ပါတယ်။

သူ့ ဆံပင်ပုံစံမညှပ်ရင် One Direction အဖွဲ့ ကို မြောက်ကိုရီးယားထဲ ၀င်ခွင့်မပေးဘူးဆိုတဲ့ အာဏာရှင် ကင်ဂျုံအန်

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန်
က One Direction အဖွဲ့ သားတွေသာ ဆံပင် မညှပ်ဘူးဆိုရင်
သူ့ နိုင်ငံထဲကို ၀င်ခွင့် ပိတ်ပင်

မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားမှာ One Direction အဖွဲ့ လာရောက်ဖျော်ဖြေချင်
တယ်ဆိုရင် အဖွဲ့ သားငါးယောက်လုံးဟာ သူ့ ရဲ့ ဆံပင်တိုတိုပုံစံကို ညှပ်ဖို့ လိုကြောင်း ကင်ဂျုံအန်က အမိန့် ထုတ်ထားတာပါ။

ခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာ ကမ္ဘာ့နံပါတ်တစ် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ ရပ်တည်မှုကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ အတွက် အမေရိကန်အဆိုပြိုင်ပွဲ X Factor ပုံစံ ပြိုင်ပွဲတစ်ခုကို နိုင်ငံတွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ ဖွဲ့စည်းပုံ ပြင်ဆင် ဖွဲ့စည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို)(အန်အယ်လ်ဒီပါတီ)ရဲ့ ရှေ့လုပ်ငန်းစဉ်များ အဆင်ပြေ လွယ်ကူစေရန်နဲ့ ပါတီဝင်လွှတ်တော် အမတ်များ အပါအ၀င် အဖွဲ့ချုပ်အဆင့်ဆင့် အလုပ်အမှု ဆောင်အဖွဲ့များ အကြား အပြန်အလှန် စနစ်စကျ ချိတ်ဆက်ပြီး အချိန်နဲ့ တပြေးညီ အင်အားပြည့် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ချုပ်(ဗဟို) ကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ဖွဲ့စည်းပုံတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူထားသော ရေးရာကော်မတီ ၄ ခု၊ ဌာန ၈ ခု၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ကို ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို တာဝန်ပေးပြီး အဖွဲ့ဝင်ကတ်ပြားထုတ်ဌာန၊

ကိုနေမျိုးဇင်နဲ့ ဦးဝင်းချိုကို ထောင်ဒဏ် ၃ လစီချ


ဓာတ်ပုံ - နေမျိုးဇင်

လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို တို့ ၂ ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်း ဆောင်ရွက်သူ ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ ၂ ဦးကို့  ဧပြီ ၁ ရက် နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေပြီး ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ လယ်သမားအရေးအတွက် ဆန္ဒပြခဲ့လို့ ကျောက်တံတားမြို့နယ် ရဲစခန်းကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံတာဖြစ်ပါတယ်။

မြေနေရာ၊ အိမ်ဆောက်ပစ္စည်းနှင့် အလုပ်အကိုင်အာမခံချက်ပေးမည့် DKBA နောက်သို့ ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအပါအ၀င် အခြားကျေးရွာများမှ လူ ၃၀၀ နီးပါး ယနေ့လိုက်မည်

                            (အစားပြန်ပေးသော ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်တွင် ရေရရှိရန် တူးဖော်နေရမှုကို မတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း))

တပ်မြေဧရိယာအတွင်း ပါဝင်သည်ဟုဆိုကာ အင်အားသုံးဖယ်ရှားခံရသည့် သမီးကလေးကျေးရွာသားများသည် အစားပြန်လည်ချပေးသော ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၀ ရှိ ၀ါးယားကုန်းကျေးရွာအတွင်းရှိ မြေကွက်များကို အမည်ပေါက်မပေးသဖြင့် ငြင်းပယ်ခဲ့ကြပြီး မြေနေရာ၊ အိမ်ဆောက်ပစ္စည်းနှင့် အလုပ်အကိုင်အာမခံချက်ပေးမည့် DKBA နောက်သို့ ယနေ့(ဧပြီ ၁ ရက်)တွင် လိုက်မည်ဖြစ်ကြောင်း သိရသည်။

မတ် ၂၇ ရက်က သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုကို ပြည်ခိုင်ဖြိုးပါတီမှ ၀ါးယားကုန်းရွာအတွင်းရှိ မြေကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ပေ၂၀×ပေ ၅၀ တစ်ကွက်စီ ပေးအပ်ခဲ့ပြီး ဆောက်လုပ်ရန် အိမ်ဆောက်ပစ္စည်းချို့တဲ့မှုအပါအ၀င် ရေ၊ မီးစသော အခြေခံလိုအပ်ချက်အချို့မရှိမှုကြောင့် အိမ်ထောင်စုများသည် အဆိုပါနေရာသို့ ပြောင်းရွှေ့ပြီးမှ နေထိုင်ရန်ငြင်းပယ်ပြီး မူလခိုလှုံရာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင်သာ ပြန်လည်ခိုလှုံခဲ့သည်။

မဟာသန္တိသုခကျောင်းအား ညပိုင်းဝင်သိမ်းမည်ကို စိုးရိမ်၍ ညလုံးပေါက်စောင့်


မဟာသန္တိသုခကျောင်းတော်ကြီးအား နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ဆုံး ဖြတ်ချက်ဖြင့် မတ်လ ၃၁ရက်တွင် နောက်ဆုံးထားဖယ်ရှားပေးရန် ညွှန်ကြားထား၍ ယင်းညဥ့်သန်းခေါင်ယံတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဖြင့် ၀င်ရောက်ဖယ်ရှားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။

‘‘ညဘက်မှာ မ၀င်ရောက် လာဘူးလို့ ပြောမရဘူး။ မိကျောင်းကန်သပိတ်စခန်းကို ကြည့်ပါလား။ လူအများကြီးနဲ့ ၀င်ဖျက် သွားတာ။ ဒါကြောင့်ကျောင်း တော်နဲ့ ဆရာတော်ကို အကုန်လုံး ကာရံပေးထားတယ်’’ဟု အဆိုပါကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးဖြစ်သည့် ဦး ပဏ္ဍ၀ံသကမိန့်ကြားသည်။

 ရန်ကုန်တွင် သီတင်းသုံးနေသော ဆရာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများက အဆိုပါကျောင်းတော်ကြီးကို ညလုံးပေါက်စောင့်ရှောက်ရန် စီစဉ်ထားကြောင်း အထက်ပါဆရာတော်က မိန့်ကြားသည်။

မလေးရှားလေယာဉ် ဧရိယာသစ်တွင် ရှာဖွေမှု သြစတြေးလျ မအောင်မြင်

အမေရိကန်ရေတပ်၏ သမုဒ္ဒရာအင်ဂျင်နီယာဌာနဒါရိုက်တာ ကပ္ပတိန်မာ့က်မတ်သယူးက မလေးရှားလေယာဉ်ရှာဖွေရေးတွင်အသုံးပြုမည့် ကိရိယာတစ်ခုအကြောင်း သြစ တြေးလျ စစ်သင်္ဘောပေါ်တွင် ရှင်းပြနေစဉ် (AFP)
 ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ် MH 370 အား ဂြိုဟ်တုမှတွေ့ရသော အရာဝတ္ထုများကို ခြေရာခံ၍ ဧရိယာ သစ် သတ်မှတ်ရှာဖွေမှုမှာမအောင်မြင်ခဲ့ကြောင်း သြစတြေး လျ ပင်လယ်ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA)က တနင်္ဂနွေနေ့တွင် ပြောကြား သည်။

ထိုအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ များမှ ရရှိသော အချက်အလက် များကို အခြေခံ၍ လေယာဉ်များ၊ သင်္ဘောများဖြင့် ရှာဖွေခဲ့ရာတွင် တွေ့ရှိရသော အပျက်အစီး အရာဝတ္ထုများသည် လေယာဉ်မှမဟုတ်ကြောင်း AMSA အဖွဲ့က ဆိုသည်။

MH370 ပျောက်ဆုံးမှုဟာ ၉/၁၁ လို တိုက်ခိုက်မှု အသစ်ဖြစ်လာစေမှာလား

အမေရိကန်ရဲ့မြို့တွေကို ဗုံးအပြည့်တင်ဆောင်ထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်လိမ့်မယ်

မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ MH 370  လေ ယာဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တွေကို ဗုံးများတင် ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ အကြီးစားအကြမ်းဖက် တိုက် ခိုက်မှုအစီအစဉ်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပါတယ်။

The Enquirer က ရေးသားဖော်ပြရာမှာတော့ ထောက်လှမ်း ရေးထိပ်တန်းအရာရှိတွေက ၉/၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက် ခိုက်မှုမျိုး ထပ်မံလုပ်ဆောင်ဖို့အတွက် MH 370 ကို အယ်လ်ခိုင်ဒါဆက် စပ်အဖွဲ့အစည်းတွေက အစဖျောက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ အခြားတစ်ဖက်မှာလည်း MH 370 ရဲ့ လေယာဉ်မှူးများဖြစ်ကြတဲ့ ဇာ ဟာရီဟာမက်နဲ့ တွဲဖက်လေယာဉ်မှူး ဖာရစ်အဘဒူဟာမစ်တို့ဟာ အဆင့် မြင့်လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်အဖွဲ့ဝင်ရဲ့အကူအညီကို ရယူခဲ့ပြီး ဘိုရင်း ၇၇၇ကို အစဖျောက်ခဲ့ခြင်းဖြစ်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ဖို့ ကြိုးစား နေကြတယ်လို့ ပင်တဂွန်ဌာနချုပ်အရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း သိရပါတယ်။

ကိုယ့်ကို လာအပ်တဲ့ အလုပ်အပေါ် အကောင်းဆုံး ဖြစ်အောင် လုပ်တယ် ဆိုတဲ့ စိုးပြည့်သဇင်


ရုပ်ရှင် ၊ဗီဒီယို ၊ကြော်ငြာတွေ ရိုက်ကူးရင်း ဂီတ ဘက်ကိုလည်း လျှောက်လှမ်းနေသူ စိုးပြည့်သဇင် က နောက်ထပ် ဒုတိယစီးရီး ထွက်ရှိနိုင်ဖို့ အတွက်လည်း စီစဉ်နေ တယ်လို့ သိရပါတယ်။ မတ်လ ၂၁ ရက်နေ့က ဒါရိုက်တာ မလိခ (စိုးထိုက်အောင်) နဲ့ ရိုက်ကူးတဲ့ Yamasu အမှတ်တံဆိပ် ထီးကြော်ငြာ မှာကြော်ငြာ ရိုက်ကူး ရင်းကြော်ငြာ အတွက် သီချင်းကိုလည်း ကိုယ်တိုင် သီဆိုထားကြောင်းကို စိုးပြည့်သဇင်က “ကြော်ငြာ ရိုက်တယ် ဆိုတာက ရုပ်ရှင် ရိုက်တာ နဲ့ မတူ ဘူးလေ။ စက္ကန့် သုံးဆယ်လေးဆယ် လောက် အတွင်းမှာ ပရိသတ်ကို ဆွဲဆောင်နိုင်အောင် လုပ်ရတာ ဆိုတော့ ကိုယ်ကြော်ငြာတဲ့ Product လည်းပေါ်အောင် ဒါရိုက်တာ လုပ်ခိုင်းတဲ့ အတိုင်း လုပ်ရတယ်။

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားတော့မယ့် ခင်ဝင့်ဝါ

Miss တစ်ယောက် အနေနဲ့ အနုပညာ နယ်ပယ်ထဲ ဝင်ရောက်လာခဲ့သူ ခင်ဝင့်ဝါ ကအခုဆိုရင် ကြော်ငြာ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင် လာတာ တွေ့ရ ပါတယ်။ အခုလည်း ဒါရိုက်တာ ဆုသြချယ် ရိုက်ကူးတဲ့ အကျယ်ချုပ် ဗီဒီယိုဇာတ်ကားမှာ ခင်ဝင့်ဝါက ထိုက်စံမော့စ် နဲ့ အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။

အဲဒီ ဇာတ်ကား နဲ့ပတ်သက်ပြီး “ဒီကားမှာ ညီမက ရန်ကုန် ကို လာလည်တာပေါ့နော်။ မင်းသား ထိုက်စံရဲ့ မိဘအိမ် မှာနေပြီးတော့ ကျောင်းတက်ရမယ်။ ထိုက်စံရဲ့အမေ က ထိုက်စံကို ငယ်ငယ်လေး ကတည်းက ဆင်းဆင်းရဲရဲနဲ့ ပညာသင် ၊ကျောင်းထား ပေးတာပေါ့ နော် ။နောက်ပိုင်း သူနဲ့ မေတ္တာ မျှသွားတယ်။ မိဘက သဘောမတူ ဘူး။ ဒါပေမဲ့ နောက်ပိုင်း သဘောတူသွားတဲ့ ရိုမန့်ဆန်ဆန် ဇာတ်ကားလေးပါ” လို့ ပြောပြပြီး သူနဲ့ လိုက်ဖက်မယ့် ဇာတ်လမ်း မျိုးဆိုရင် ဆက်တိုက်လက်ခံ ရိုက်ကူး သွားမှာ ပါလို့ပြောတဲ့ ခင်ဝင့်ဝါက “လိုက်ဖက်မယ် ထင်ရင် ရိုက်ဖြစ်တယ်။ လူကြီးပုံစံမျိုး၊ ဒရာမာ ပုံစံမျိုးဆိုရင် ညီမနဲ့ သိပ် မလိုက်ဖက်ဘူးလေ။ ဒီတော့ဇာတ်ကို အရင် ကြည့်တယ်။ ဖတ်တာပေါ့နော်။ ဇာတ်ကို ကြည့်ပြီး လက်ခံ ရိုက်ဖြစ်သွားမှာပါ”လို့ လည်းပြောပါတယ်။

အသံကိုမြင်ရတဲ့ လက်သင်္ကေတ

စကားပြောဆိုရာ ကိုယ်အင်္ဂါအစိတ်အပိုင်းချို့တဲ့နေကြသူများနှင့် အကြားအာရုံချို့တဲ့သူများအား လူမှုဆက်ဆံရေး နယ်ပယ်မှ ပြုမူပြောဆိုကြပုံများကို အသံသင်္ကေတ (Sign Language)  ဖြင့် သရုပ်ပြသင်ကြား၍ အသိပညာပေးပြီး လူမှုဘဝမြှင့်တင်အားပေးကြရပါသည်။ ထိုသို့ပြုမူဆောင်ရွက်ကြသူများထဲတွင် အများစုပါဝင်သူများမှာ အနုပညာ ရှင်များဖြစ်နေခြင်းကြောင့် (Sign Language) နှင့် လူမှုဘဝမြှင့်တင်အားပေးမှုက ရရှိခံစားနိုင်သည့် အကျိုးကျေးဇူးများအား မေးမြန်း ဖြစ်ခဲ့ပါသည်။

ဝတ်မှုံရွှေရည်
” အသံမကြားရပေမယ့် မျက်လုံးမြင်နေရတာပဲလေ။ လူတိုင်းနီးတူသွားလာလှုပ်ရှားနိုင်တယ်။ အသံမကြားပေမယ့် Sign Language တွေနဲ့ ပြောတဲ့အခါ သိနိုင်တယ်။ သူများတွေလိုပဲ ပြောပြရင်သိနိုင်တယ်။ ဆက်သွယ်နိုင်တယ်။ ဒါကြောင့်စိတ်ဓာတ်ကျ စရာမလိုဘူး။ မွေးကတည်းက အသံမကြားရတာကြောင့် အသံဆိုတာ ကိုမသိဘဲ မပြောနိုင်တာလေ။

ဇာတ်ကားတွေကို ကိုယ်ကျိုး မကြည့်ဘဲ လုပ်ရတယ်ဆိုတဲ့ ရာဇာနေဝင်း


ရာဇာနေဝင်းက အနမ်းနီဆိုတဲ့ ဇာတ်ကားကို မိုးဟေကို နဲ့ ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ အိုက်တင်ကို ပီပီပြင်ပြင် ဖြစ်အောင် တကယ် ရိုက်ကူး တာက ပရိသတ်တွေ အားလုံးသိတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရာဇာနေဝင်း ဆိုပြီး တစ်ခေတ်တစ်ခါ အောင်မြင် ခဲ့ခြင်းလား ဆိုတော့ “ဇာတ်ကား ကတော့ ရိုက်တဲ့အခါ အတွေ့အကြုံ ရှိနေပြီဆိုတော့ ဘယ်လို ဇာတ်ရုပ်မှာ ဘယ်လို လုပ်ရမလဲဆိုတာ သိနေပြီလေ။ ကိုရာဇာတို့က လုပ်ရင် တကယ် လုပ်တာ။

ပရိသတ်တွေ က ဒီလူ တစ်ယောက် လိမ်နေတာလား၊ တကယ် လုပ် နေတာလားဆိုတာ အားလုံး သိတယ်လေ။ အဲဒါ ကြောင့် ကိုယ်လုပ်မယ့် အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး ကိုယ်ကျိုး မကြည့်ဘဲ လုပ်တာကောင်း တယ်။ ဇာတ်ကားတွေက ပုံမှန် ရိုက်သွားမှာပါ။ သင်္ကြန် ပြီးရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတယ်”လို့ ပြောပြပါတယ်။

ဇာတ်လမ်းတွေ မျှ အောင် ရိုက်ကူးသွား မယ့် ပြေတီဦး


ပြေတီဦးက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ကောင်းကင်က ကြွေကျခဲ့ပါ” ဇာတ်ကား မှာ ပြေတီဦးက မြန်မာပြည် ရဲ့ ထိပ်တန်း စီးပွား ရေးသမား တစ်ယောက် အဖြစ် သရုပ်ဆောင်ပြီး ချစ်သုဝေက ဂျာနယ် တစ်စောင်ရဲ့ လက်ထောက် အယ်ဒီတာ အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူဋ္ဌေးကြီး တစ်ဦးနဲ့ အမြဲတမ်း ပျာယာ ခတ်ပြီး ချစ်စရာကောင်းတဲ့  အယ်ဒီတာ မလေး တို့ရဲ့ အချစ်ဇာတ်လမ်း ပဲဖြစ်ပါ တယ်။
ရှေ့ဆက်ပြီးတော့ ဇာတ်လမ်းတွေ ကို မျှတအောင် ရိုက်ကူးသွား မှာဖြစ် ကြောင်း ကို ပြေတီဦးက “အစုံ ဖြစ်အောင် ရိုက်မှာပါ။ တစ်မျိုးတည်းပဲ သွားလို့မရ ဘူးလေ။ ရို့မန့်တွေ၊ ဟဲဗီးဒရမ်မာတွေ၊ ဟာသတွေ၊ ဒီလိုမျိုးပဲစုံအောင် ရိုက် သွားရမှာပဲ။ ကျွန်တော်တို့ ရိုက်နေတဲ့ ဇာတ်ကားတွေက ကျွန်တော့် အထင်က တော့ လောလော ဆယ်မှာတော့ နောက် ထပ် တစ်နှစ်၊ နှစ်နှစ်ကတော့ ရိုက်နေကျ ဇာတ်လမ်း ပုံစံတွေထဲက တအားကြီး ခွဲခြားပြီး ထွက်တဲ့ ပုံစံမျိုးတွေ ကတော့ မလွယ်ဘူးလို့ ထင်တယ်။ ဒီလို ပုံစံ မျိုးနဲ့ပဲ ဆက်သွားနေဦးမှာပဲ။ ဒီထဲမှာ ပဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစား နေကြရဦးမှာပဲ။

ပရိသတ်ရဲ့ အားပေးမှု ကိုအလကား မဖြစ်စေရဘူး လို့ဆိုလာတဲ့ ကောင်းပြည့်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက် ကူးနေတဲ့ “မချစ်တတ်သူတို့ အ ကြောင်း” ဇာတ်ကား ကိုကောင်းပြည့် က ဝတ်မှုံရွှေရည် နဲ့အတူ ပါဝင် သရုပ် ဆောင်နေ ပါတယ်။ ဒီဇာတ်ကား ထဲမှာကောင်းပြည့် က ဝတ်မှုံ ရွှေရည် နဲ့ မာနတွေ ထားပြီး လိုက်ပြိုင်တဲ့သူ အဖြစ် သရုပ်ဆောင် ထားပါတယ်။
အခု လိုမျိုး နေရာ တစ်ခု ရလာတာကလည်း ပရိသတ် ရဲ့အားပေးမှုကြောင့် ပါလို့ပြောတဲ့ ကောင်းပြည့်က “ကျွန် တော် ဇာတ်ကားတွေ ကိုတော့ ထုတ် လုပ်ရေး နဲ့ တိုင်ပင် ပြီး ရွေးဖြစ်တယ်။ ထွက်တဲ့ ဇာတ်ကားတွေ ကိုလည်း ပရိ သတ်က အထိုက် အလျောက်အား ပေးကြပါတယ်။ သူတို့အားပေးမှု ကြောင့် တဖြည်းဖြည်း နဲ့ ကျွန်တော် ဒီနေရာ ထိရောက်လာပြီးတော့ ရပ် တည် လာနိုင်ခဲ့တယ်။ ပရိသတ်ရဲ့ အားပေးမှုကို အလကား မဖြစ်စေ ရအောင်လို့ အရင်ကထက် ပိုကြိုးစား ပြီး ရိုက်ဖြစ်တယ်။ ဇာတ်ကို လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဇာတ် လေးတွေကို ရိုက်ပေးချင်တယ်။ မြန် မာပြည်မှာ ကတော့

သဘင်သမားတွေ Marketing မှားနေတယ်လို့ အကြံပြုလာတဲ့ သဘင်မင်းသားကြီး ဦးမိုးမင်း

“သဘင်သမားတွေ Marketing  မှားနေပါတယ်။ ကြာခဲ့ပြီ Marketing မှားနေခဲ့တယ်။ လူမရှိတဲ့ အချိန်မှာ ပွဲကနေတာ တော်တော် များနေတယ်။ ပွဲခင်း တစ်ခင်းကို ကြည့် လိုက်ပါ။ ၇နာရီကနေ ၉နာရီက လူအစည်ဆုံး အချိန်ပါ။ ကျွန်တော်တို့ရဲ့ customer က လူသားတွေဖြစ်ပါ တယ်။ ဒါကြောင့် လူတွေရှိတဲ့အချိန် မှာ ကျွန်တော်တို့ အလုပ် လုပ်ရမှာပါ။ အဲဒီတော့ ဘာအကြောင်းပြ၊ ညာ အကြောင်းပြနဲ့ ပွဲခင်းကို လူတွေ ပိုများလာအောင် စောင့်ရင်း၊ စောင့် ရင်းနဲ့ ပွဲခင်း နောက်ကျနေ ရပါတယ်။ လူတကယ် အများဆုံး အချိန်မှာ ပွဲခင်း ကို စနိုင်အောင် ကြိုးစားကြပါ။ တတ်နိုင်ရင် ၇ နာရီ ကနေ ၉နာရီ က လူအများဆုံး ဖြစ်တဲ့ အတွက် ၈နာရီ လောက်မှာ စနိုင်ဖို့ ကြိုးစား ကြပါ။ ၁ဝ နာရီလောက် မှ ပွဲထွက်ခြင်းက Marketing ပျက်ခြင်းပါပဲ။ ဒီ Marketing ကို ကမ္ဘာက လုံးဝလက်ခံ မှာ မဟုတ်ပါဘူး။

ဟိန်းဝေယံ စိတ်ဝင်စား နေတဲ့ စီးပွားရေး လုပ်ငန်းများ

ဒါရိုက်တာ သားကြီး ရိုက်ကူးနေ တဲ့ “အနမ်းနီ” ဇာတ်ကားကို ဟိန်းဝေယံ က မိုးဟေကို နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ဆိုက်ကိုဖြစ်နေ တဲ့ ကောင်လေး အဖြစ် သရုပ်ဆောင် ထားပါတယ်။
အနုပညာ အလုပ်တွေ နဲ့ ပတ် သက်ပြီး ဘယ်အလုပ်ကို မဆို အဓိ ကထားပြီးတော့ စေတနာ ပါပါနဲ့ လုပ်ဖြစ်ပြီး ကာရိုက်တာ မျိုးစုံကို လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ပြချင်တယ် လို့ ဟိန်းဝေယံက ဆို ပါတယ်။ “ကျွန်တော်လုပ်တဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကို သေချာလေး အာရုံ ထည့်ပြီးတော့ ပရိသတ်တွေ အတွက် ကို စေတနာ ထား ပြီးတော့ ကြိုးစား ထားပါတယ်။ ဖန်စီ ပဲဖြစ်ဖြစ်၊ ဒရာ မာပဲဖြစ်ဖြစ် ကြိုးစားပြီး လုပ်တယ် လူငယ် တစ်ယောက် အနေနဲ့ လူငယ် ဖန်စီ ကားလေးတွေ အရိုက် များတဲ့ သဘောတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ် သရုပ်ဆောင် တစ်ယောက်ဖြစ် တဲ့အပေါ် မှာတော့ ပရိသတ်တွေ အကြိုက်ကို လိုက်ပြီးတော့ အစုံတော့ ရိုက်သွားမှာပါ။ ကျွန်တော် က အနု ပညာ နဲ့ ပတ်သက်ပြီးတော့ ဘာပဲလုပ် လုပ်သေချာလေး စဉ်းစားပြီးတော့ စေတနာပါပါလေး လုပ်ဖြစ်တယ်” လို့ ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဟိန်းဝေယံ က ဆိုပါတယ်။

အိမ်ထောင်ကျ ပြီးသွားရင်လည်း အလုပ်တွေ ပိုလုပ်သွားမှာပါ ဖြိုးငွေစိုး

 ဒါရိုက်တာဇေပါ ရိုက်ကူးနေတဲ့ “မစရင် မနေနိုင်တာ ကလွဲလို့” ဇာတ်ကားကို ဖြိုးငွေစိုးက မေကဗျာ နဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကား ထဲမှာ ဖြိုးငွေစိုး က အစ အနောက် ခံရတဲ့သူ အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဖြိုးငွေစိုးက ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးနေပြီး မင်္ဂလာဆောင်ရက် တဖြည်းဖြည်း နီးလာတဲ့ အတွက် လည်း အလုပ်လုပ် ရတာ နည်းနည်းတော့ စိုးရိမ် စိတ်ဖြစ်မိတယ် လို့ ပြောပါတယ်။
“ကျွန်တော့် မင်္ဂလာဆောင်လည်း တဖြည်း ဖြည်း နီးလာပြီဆိုတော့ အလုပ်ဘက်မှာ လုပ်ရ တာ နည်းနည်းတော့ ကသီတယ်။ စိတ်ကလည်း ရှုပ်ရ၊ အဓိကက ရာသီဥတု ကလည်း ပူတယ်။ နောက်ပြီး ကျွန်တော် တစ်ခု စိုးရိမ်တာက မင်္ဂလာ ကိစ္စတွေ လုပ်နေရင်းနဲ့ ကားရိုက်မှာ လည်း တစ်ခုခု ဖြစ်သွားမှာ စိုးရိမ် တယ်။ မင်္ဂလာဆောင်က တစ် ရက် ဆိုပေမယ့် ဒီဇာတ်ကား တွေကပြီး မှ ထွက်လာမှာဆို တော့ ဒီကားတွေ ထွက် လာတဲ့အခါ ကျရင် သူမင်္ဂ လာဆောင်ခါနီး က  ရိုက် ထားတယ်ဆိုတာ မရှိ ဘူးလေ။ 
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB