Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် ထွန်းအိန္ဒြာဗို

လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘစ်စဘိန်းနဲ့ ပက်(ခ်)မြို့ ၄ မြို့မှာ အောင်မြင်စွာ ဖျော်ဖြေခဲ့ပြီး မတ်လ ၁ဝရက်နေ့က ပြန် လည် ရောက်ရှိလာတဲ့ ထွန်းအိâန္ဒာဗိုက သြစတြေးလျဖျော်ဖြေရေးနဲ့ပတ်သက်ပြီး ” သြစတြေးလျဖျော်ဖြေရေး ခရီးစဉ်က အရင်တစ်ခါပွဲလုပ်တုန်းက ခင်နေတဲ့ အစ် မ တွေ နဲ့ စကားပြော ဖြစ်တယ်။  NLD အတွက် ရန်ပုံငွေပွဲတွေ လုပ်ချင်တယ်တဲ့။ အနုပညာကြေးဘယ်လိုယူလဲလို့မေးတယ်။  NLD အတွက် ရန်ပုံငွေပွဲဆို ရင် အနုပညာကြေး မယူဘူးဆိုပြီးတော့ ကျွန်မကစီစဉ်လိုက်တာပါ။ Main Sponsor က ဆစ်ဒနီက ဒေါက်တာမြင့်ထွန်းနဲ့ မမီးမီး။ နောက်ထပ်လည်း အမေ့ကို ဝိုင်းရံမယ့်သူ၊ စိတ်လည်း ရှိမယ့် သူ၊ ကျွန်မလည်း အဖော်ရအောင် လင်းလင်းတို့နှစ်ယောက်ကို  recomend လုပ်ပြီး ခေါ်သွားတာ။ သူတို့ကိုလဲ ပြောထားတယ်။
ပိုက်ဆံတော့ တစ်ပြားမှ မရဘူး။ ဒါပေမဲ့ အလွန်မင်္ဂလာရှိတဲ့ ဟန်နီးမွန်းအလှူမင်္ဂလာလုပ်ခွင့်ရမယ်ဆိုတော့ သူတို့လည်းချက်ချင်းပဲ ခေါင်းညိတ်တယ်။ အလုပ်တွေလည်း ရွှေ့ပေးပြီး လိုက်ပေးကြတယ်။ ပရိ သတ်တွေက တအား အားပေးကြတယ်။ တအားကြိုက်ကြတယ်။ မြို့၎မြို့မှာ ဝင်ကြေးရောဆုကြေးငွေရော စုစုပေါင်း မြန်မာငွေနဲ့ဆို သိန်း ၅၈ဝ ဝန်းကျင်လောက် ရခဲ့ တယ်။ အဲဒါ အားလုံးကို အမေစုရဲ့ ကွန်ရက် ၂ခု နဲ့ အမေ့ရဲ့ကော့မှူးမြို့နယ်က ဘက ဘုန်းကြီးကျောင်းတွေကိုလှူမှာပါ။ အခုလို လှူဒါန်းဖို့ ငွေကြေးတွေ အများ ကြီးရ ခဲ့တော့သွားရတဲ့ ရည်ရွယ်ချက်ပြည့်စုံသလို ခံစားရပါတယ်။ အစကတည်း ကလည်း အမေ့ကို ဝိုင်းရံချင်လို့ လုပ်တဲ့ကိစ္စပဲ။ result လည်း ကောင်းလာတယ် ဆိုေ တာ့ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
စနေ၊ တနင်္ဂနွေရက်တွေမှာသာ ပွဲ လုပ်ခွင့်ရတဲ့အတွက် ကျန်တဲ့ ရက်တွေကိုတော့ လျှောက်လည်ဖြစ်ခဲ့ပြီး ပျော် စရာကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း ထွန်းအိâန္ဒာဗို က ပြော ပါတယ်။ ထွန်းအိန္ဒြာဗိုက သြစတြေးလျကို တတိယအကြိမ်မြောက် ဖျော်ဖြေရေး ခရီးသွားခဲ့တာဖြစ်ပြီး ဘစ်စဘိန်းမြို့မှာတော့ ပထမဦးဆုံး အကြိမ်ဖျော်ဖြေခြင်းဖြ စ်ကြောင်း သိ ရပါတယ်။ အလှူငွေများအားလုံးကို မတ်လကုန်ရင် ရန်ကုန်ကို ခဏပြန်ရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် လက်ထဲကို ပေးအပ်မှာဖြစ်ပြီး၊ လှူဒါန်းလိုက်တဲ့ မြို့တွေအလိုက်ရတဲ့ ငွေကြေးအားလုံးကို ခွဲခြားပြီး စာရင်းဇယားနဲ့ ပေးအပ်လိုက်မှာဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
သြ စတြေးလျက ပြန်လာပြီးတဲ့နောက်မှာ တော့ ထွန်းအိန္ဒြာဗိုက ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ရှိပြီး ရိုက်ကူးရက် ၄၅ ရက်လောက် ပေးထားကြောင်း သိရပါတယ်။ သင်္ကြန်ကို မန္တလေး Alpine မှာ ဖြတ်သန်းမှာဖြစ်ပြီး မေလကုန်မှာတော့ ဂျေမောင်မောင်၊ ဖြူဖြူကျော်သိန်း၊ Plus Three တေးဂီတအဖွဲ့နဲ့အတူ အမေရိကကို ဖျော်ဖြေရေး ၂ လကြာ သွားရောက်ဖို့ ရှိကာ မြို့ ၉ မြို့မှာ သွားရောက်ဖျော် ဖြေမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်/popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB