Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေးအနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရသည်။
မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းမောင်၏ သမီးဖြစ်သူကို KIA ကချင်လွတ်မြောက်ရေး တပ်မတော်က အိမ်အထိ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ် နှစ်ဦဖြစ်တဲ့ စိုင်းအိုက်ကြာ အသက်(၂၀) အဘ-ဦးစံနဲ့ စိုင်းထွန်း အသက်(၂၀) အဘ-ဦးစံမိုတို့ကို အဆိုပါ မတ်လ ၁၁ ရက်နေ့ နံနက် ၇း၀၀ နာရီခန့်အချိန်တွင် မိုင်းခေါင်ရွာအထွက် ၁ ဖာလုံခန့်အကွာ ခက်ပရာလမ်းတွင် KIA တပ်ရင်း (၂၇) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးဖြစ်တဲ့ ဦးစံတေက ပြောကြားသည်။
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်
ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
“တစ်နိုင်ငံလုံး အထိတော့ မဆောင်ရွက်နိုင်သေးဘူး။ အဓိကကတော့ ရန်ကုန် အရင် စလုပ်မှာပေါ့။ မန္တလေးမှာ အသင်းဖွဲ့ဖို့ စီစဉ်နေတယ် ဆိုတော့ ဖွဲ့ပြီးသွားရင်တော့ မန္တလေးမှာလည်း စစ်မှာပါ” ဟု ဦးဗအုပ်ခိုင်က ဆိုသည်။
ယင်းသို့ စစ်ဆေး ပညာပေးမှုကို ထိထိရောက်ရောက် ဆောင်ရွက် သင့်ပြီး ရေရှည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မန္တလေးခရိုင် အမရပူရ မြို့နယ်ရှိ ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်သူ ဦးမောင်မြင့်က ပြောကြားသည်။
ခဲအိုဖြစ်သူက ခယ်မဖြစ်သူကို လမ်းပေါ်မှာ မုဒိန်းကျင့်
ရွှေပြည်သာမြို့နယ်တွင် ခဲအိုဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု မတ်လ
၆ ရက်နေ့ကဖြစ်ပွားခဲ့သည်။ မတ်လ ၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က အသက် ၂၂ နှစ်အရွယ်
အမျိုးသမီးတစ်ဦးသည် သာဓုကန်စက်မှုဇုန်မှ စက်ဘီးဖြင့်ပြန်လာစဉ် ၂၆ ရပ်ကွက် နွားခြံကုန်း
အရောက် လူပြတ်နေ သဖြင့် ယောက္ခမ နေအိမ်တွင်ညအိပ် ရန်သွားခဲ့သည်။
ယောက္ခမက နေအိမ်သို့ပြန်ရန် ပြောပြီး ခဲအိုဖြစ်သူ သိန်းဌေး(၃၂ နှစ်)ကို ပြန်ပို့ပေးရန် ခိုင်း
လိုက်သဖြင့် လိုက်ပို့စဉ် စက်မှုဇုန်အပိုင်း(၃/၄) ပတ်လမ်း အရောက် သိန်းဌေးမှ အပေါ့သွား
မည်ဟုပြောဆိုသဖြင့် ရပ်စောင့်ခဲ့သည်။ အပေါ့သွားပြီး ပြန်လာစဉ် သိန်းဌေးက နောက်မှ
သိုင်းဖက်ကာ အစ်ကိုကြီးချစ်နေတာကြာပြီဟု ပြောဆိုကာ သားမယားအဖြစ်ခြိမ်းခြောက်
ပြုကျင့်ခဲ့သော ကြောင့် အရေးယူ ပေးရန်တိုင် ကြားခဲ့သည်။ လှော်ကားနယ်မြေရဲစခန်းက
(ပ)၅၀/၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
  Myanmar Times
ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီးတစ်ဦး သေဆုံး
                                       ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံး ဆုံးရှုံးပြီး အငြိမ်းစား ဆရာမကြီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် မီးညွန့် ကျိုးကာ ၃ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“သုံးပင်ကွင်းရပ်ကွက်၊ ရေတံခွန် ၂ လမ်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အငြိမ်းစား ဆရာမကြီး အိမ်ကစပြီး လောင်ကျွမ်းခဲ့တာပါ။ စာအုပ်ရောင်းတဲ့ တပ်မတော်သားတွေက မီးလောင်နေတာတွေ့လို့ ပြောရာကနေ အနီးနားကလူတွေသိပြီး ၀ိုင်းပြီးငြှိမ်းသတ် ခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ဆရာမကြီးက လေငန်းဝေဒနာသည် ဖြစ်ပါတယ်။ သူ့ရဲ့ညီမကတော့ ဘာမှမဖြစ်ပါဘူး” ဟု မျက်မြင်တစ်ဦး က ပြောကြားသည်။
ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေမည်
                                           ၂၀၁၃ခုနှစ် သင်္ကြန်ပွဲတော်တွင် တွေ့ရသည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ဖျော်ဖြေမှု
ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့သည် ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါသံချပ်အဖွဲ့သည်  ၂၀၁၃ ခုနှစ် သင်္ကြန်ကာလမှ စတင်ကာ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင်လည်း ထပ်မံလှည့်လည်ဖျော်ဖြေရန် စီစဉ်လာခြင်းဖြစ်သည်။
“ဒီနှစ်မှာလည်း သံချပ်အဖွဲ့ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ အားလုံးလည်း ကြိုတင်တိုက်ထားပြီးပါပြီ။ သံချပ် ဆိုတာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တာပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်း ဖော်ထုတ် တင်ပြတာကို စိစစ်မှုတွေ၊ ကန့်သတ်တာတွေ ရှိနေတာကတော့ မကောင်းဘူးပေါ့။ ကျွန်တော် တို့ကတော့ ပရိသတ်ကို တတ်နိုင်သလောက် တင်ပြတဲ့သဘောနဲ့ လှည့်လည်ဖျော်ဖြေဖို့ စီစဉ်ထားတာပါ” ဟု နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ရှင်းပြခဲ့သည်။                
နယူးယောက်မှာ ဓာတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်
                                                ပေါက်ကွဲမှုကြောင့် ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွား
အမေရိကန် နယူးယောက်မြို့မှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ၅ထပ်တိုက် နှစ်လုံး ထိခိုက် ပျက်စီးသွားခဲ့ရာမှာ ပေါက်ကွဲမှုဟာ ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တာလို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။
အထက် Manhattan မှာ ရှိတဲ့ Harlem ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၃ဦး သေဆုံးသွားပြီး ၉ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ နယူးယောက် မြို့တော်ဝန် ရုံးက ပြောပါတယ်။
လူ ၆၀ကျော်လည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုက ငလျင်တခုနဲ့ အလားတူတယ်လို့ အနီးအနား အဆောက်အအုံတွေမှာ နေထိုင်နေတဲ့ သူတွေက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့ နေရာကို မီးသတ်သမား နှစ်ရာ့ငါးဆယ်ကျော် ရောက်လာတယ်လို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အင်းစိန်မြို့နယ်တွင် ဆေးလိပ်မီးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်
၁၂.၃.၂၀၁၄ရက်နေ့ ၁၇၁၅အချိန် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်း၊ အမှတ်(၇၈)ရှိအိမ်ရှင်ဦးစိန်ဝင်းမြင့်၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ် (၁၆)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၈၀၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုအားစစ်ဆေးရာ ဦးစိန်ဝင်းမြင့်၏သားဖြစ်သူ ဖိုးသကြား (ခ)နိုင်ဝင်းထွန်း(၂၆)နှစ်မှ နေအိမ်အပေါ်ထပ်တွင် သောက်လက်စ ဆေးလိပ်ကိုမီးမငြှိမ်းဘဲ ခြင်ဆေးခွေထွန်းသည့် ကော်ဖြင့်ပြုလုပ်ထားသော အခံခွက်အတွင်းထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် စုစုပေါင်းတန်ဘိုးငွေကျပ် (၈၈)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အမျိုးစောင့်ဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ထပ်မံပေးပို့မည်
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်းချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန္တ တိလောကာဘိဝံသက RFA ကို မိန့်ပါတယ်၊
နိုင်ငံမှာ အမျိုးစောင့်ဥပဒေ ပြဌာန်းပေးဖို့အတွက် တောင်းဆိုရတာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ တခြားဘာသာဝင်တွေနဲ့ လက်ထပ်တဲ့အခါ အခွင့်အရေးဆုံးရှုံးခဲ့ရတာတွေ တွေ့ရတာကြောင့် ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်၊
"လက်တလောလည်း သူတို့က လိုအပ်လို့တောင်းလို့ရှိရင် သူတို့အခု တောင်းတော့တောင်းတယ်၊ တောင်းတာကိုလည်း နဂိုတုန်းက ရည်ရွယ်ထားတဲ့ တင်မယ့်မူသဘောမျိုးလောက်ကိုပဲ ဦးဇင်းက ရှင်းလင်းချက်နဲ့ ထပ်ပြီးတော့တင်ပေးဖို့လည်း အစီအစဉ်ရှိပါတယ်၊ မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာမဟုတ်သည့်တိုင်အောင် တိုင်းရင်းသား အမျိုးသမီးတွေဟာ ဘယ်သူနဲ့ပဲ လက်ထပ်ထိမ်းမြား တကယ့်အခက်အခဲကြုံတဲ့အခါမှာ အခွင့်အရေး ရသင့်သလောက်ရနိုင်အောင် လုပ်ပေးတဲ့ ဥပဒေကြမ်းပါပဲ၊ "
ပျောက်ဆုံးလေယာဉ်ကို တိုးမြှင့် ရှာဖွေနေဆဲ
                                                  ဝေဖန်မှုတွေကို မလေးရှား ပို့ဆောင်ရေး ဝန်ကြီးက ကာကွယ်ပြောဆို
 လွန်ခဲ့တဲ့ ၅ ရက်ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ မလေးရှား လေကြောင်းလိုင်းက လေယာဉ်နဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ ဒွိဟဖြစ်ဖွယ် အယူအဆ အမျိုးမျိုးနဲ့ သတင်း အမျိုးမျိုးတွေ ထွက်လာခဲ့ပြီးတဲ့နောက် အခုအခါ ရှာဖွေရေး အဖွဲ့တွေဟာ မလေးရှား ကျွန်းဆွယ်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း နှစ်ဘက် စလုံးမှာပါ ပိုက်စိတ်တိုက် တိုးမြှင့် ရှာဖွေနေကြပြီ ဖြစ်ပါတယ်။
မလက္ကာ ရေလက်ကြားမှာ အမည်မဖော်နိုင်တဲ့ အရာဝတ္တုတစ်ခုကို စစ်တပ်ရေဒါထဲ ဖမ်းမိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီ အရာဝတ္တုတာ ပျောက်ဆုံနေတဲ့ လေယာဉ်ပျံလည်း ဖြစ်နိုင်ပါတယ်။
ပျောက်ဆုံးလေယာဉ် ၁၂ နိုင်ငံ ပူးပေါင်းရှာဖွေ
လူပေါင်း ၂၃၉ ယောက်ပါ ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်နဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေကို တာဝန်ရှိသူတွေက အမျိုးမျိုး ပြောဆိုနေတယ်လို့ စွပ်စွဲထားတဲ့အပေါ်မှာ မလေးရှား အစိုးရတာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။ အခုဆိုရင် ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေနေတာ ၅ ရက်မြောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
မလေးရှားအစိုးရဟာ တခါမှ မကြုံခဲ့ရဖူးတဲ့ အခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းနေရတာဖြစ်တယ်လို့ ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှား လေကြောင်းပိုင် Boeing 777 ကို ပြန်လည် ရှာတွေ့ဖို့ ဘယ်ပဲလုပ်ရလုပ်ရ လုပ်သွားမှာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေ ၀န်ကြီး Hishammuddin Hussein က ပြောပါတယ်။
လူသစ် စိတ်သစ်ဖြစ်ချင်လျှင်
•မလုပ်ဖူးသေးတဲ့ ကောင်းတဲ့ အလုပ်တွေ လုပ်ပါ။
•မရောက်ဖူးသေးတဲ့ ကောင်းတဲ့ နေရာတွေ သွားပါ။
•မဖတ်ဖူးသေးတဲ့ ကောင်းတဲ့ စာအုပ်တွေကို ဖတ်ပါ။
•မတွေးဖူးသေးတဲ့ ကောင်းတဲ့ အတွေးတွေကို တွေးပါ။
•မသိသေးတဲ့ စိတ်ကောင်းရှိတဲ့ သူတွေနဲ့ မိတ်ဆွေ ဖြစ်အောင် လုပ်ပါ။
ငြိမ်းချမ်းရေးဖော်ဆောင်မှု ယုံကြည်မှုအရေးကြီး
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုမှာ ယုံကြည်မှု တည်ဆောက်ခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ဆောင်ရွက်နေပြီး တတိုင်းပြည်လုံး ငြိမ်းချမ်းရေး တိုင်းရင်းသားအဖွဲ့အားလုံး တချိန်တည်း တပြိုင်တည်း လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းတယ်လို့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်ပါတီအဖွဲ့နဲ့ တွေ့ဆုံစဉ် တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှု လက်ရှိ ဖြစ်စဉ်တွေနဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတွေရဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး လုပ်ဆောင်နိုင်မှုတွေနဲ့ ပတ်သက်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ ပါတီတို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။
မြန်မာ့လူ့အခွင့်အရေး ကင်တားနား ဝေဖန်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းကဆိုရင် ပိုပြီး ဆိုးရွားလာနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။
နဂိုကတည်းက ယိုယွင်းနေတဲ့ အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စာမျက်နှာ ၂၂ မျက်နှာပါ အစီရင်ခံစာမှာ မစ္စတာ ကင်တားနားက ပြောထားတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မကြာခင် ရက်ပိုင်းအတွင်း တင်သွင်းမယ့် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာ မူကြမ်းကို မတ်လ ၁၂ ရက် နေ့စွဲနဲ့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မူဆလင်လူထုရဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပေါ် ခွဲခြားပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ဆက်ရှိနေဆဲဖြစ်ပြီး အဲဒါဟာ အသက်ရှင် နေထိုင်ခွင့် အပါအ၀င် တခြား လူ့အခွင့်အရေး ပေါင်းစုံအပေါ် ဆက်ပြီး သက်ရောက်နေတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောထားပါတယ်။
ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇  ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့  တနင်္ဂနွေနေ့က ရိုက်ယူခဲ့တာဖြစ်ကြောင်း  တရုတ်အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး  အစိုးရသတင်းဌာနက ဖော်ပြပါတယ်။  ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပုံတွေထဲမှာ ပင်လယ်ပြင်ထဲ မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္တု ၃ ခု ပါဝင်ပြီး  မလေးရှားနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ ရေပိုင်နက်ကြားမှာ တွေ့ရှိရတာဖြစ်ပါတယ်။  ဒီပုံတွေကို ပျောက်ဆုံး ဂျက်လေယာဉ် ပျံသန်းတဲ့ မူလလမ်းကြောင်းပေါ်မှာ တွေ့ရတာဖြစ်ပါတယ်။
နိုင်ငံခြားသူတစ်ဦးထံမှပစ္စည်းများ အကြမ်းဖက်လုယူမှုဖြစ်ပွား
(၁၀.၃.၂၀၁၄) ရက်နေ့၊ ည(၂၁း၁၀) နာရီခန့်တွင် ငွေဆောင်ဟိုတယ်ဇုန် ပုလဲငွေဆောင် ဟိုတယ်၌ တည်းခိုသော ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇ နှစ်) ၊ PP-1723880 , V-No.76082107043 သည် ကမ်းခြေတွင် လမ်းလျှောက်လျက် ချစ်သူများကျွန်းဘက်မှပြန်လာစဉ် Silver View Hotel အနီးကမ်းခြေအရောက် နောက်မှ လိုက်ပါ လာသူ အမည်မသိလူနှစ်ဦးမှ တွန်းလှဲ၍ မျက်နှာအားလက်သီးနှင့်ထိုးကာ ၄င်းလွယ်ထားသော ဘေးလွယ်အိတ် အပြာရောင်အား လုယူထွက်ပြေးခဲ့ကြောင်း၊ ၄င်းအိတ်ထဲတွင် မြန်မာကျပ်ငွေ ငါးသောင်းခန့်၊ ID Card တစ်ခု၊ Credit Card တစ်ခု၊ Samsung I-pad (၇ လက်မ)ဖုန်းတစ်လုံး ပါဝင်သွားကြောင်း၊ နီးစပ်ရာ Silver View Hotel မန်နေဂျာနှင့် ၀န်ထမ်းများအား ချက်ချင်းအကူအညီတောင်းခံရာမှ အချင်းဖြစ်နေရာကို သိရှိရခြင်းဖြစ်ပြီး နိုင်ငံခြားသူ အနေဖြင့် မျက်နှာနှာတံပေါ်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲမျက်လုံးအောက်တွင် ညိုမဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် တည်းခိုရာ ပုလဲငွေဆောင်ဟိုတယ်မှတစ်ဆင့် ဆေးရုံသို့ ပေးပို့ကုသမှု ခံယူခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်လျှင် ဖြစ်ချင်း သက်ဆိုင်ရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ ချက်ချင်းသတင်းပို့ အကူအညီရယူခဲ့ကြောင်း သိရှိရသည်။
MOI Webportal Myanmar
မုံရွာတွင် တက္ကသိုလ်နှစ်ခုမှ ကျောင်းသားများ ချိန်းဆိုရန်ပွဲဖြစ်
မုံရွာမြို့ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ်ကျောင်းသားများနှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများသည် ယခု လ ၁၀ ရက် နံနက် ၉နာရီအချိန်က အောင်သာကျေးရွာ နှင့် မိုးညှင်းသံမ္ဗုဒ္ဓေဘုရားသို့ ဆက်သွယ်ဖောက် လုပ်ထားသည့် ကားလမ်းဘေး ကန် တော်ဦးစေတီအနီးတွင် ချိန်းဆို၍ ရန်ပွဲ ဖြစ်ခဲ့သည်ဟု မုံရွာခရိုင် ဒုစရိုက်မှု အထူး နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်က မတ် ၁၁ တွင် မဇ္ဈိမကိုပြောသည်။
ယခုလ ၁၀ ရက် နံနက် ၉ နာရီအချိန် က ၀ိဇ္ဇာ/သိပ္ပံကျောင်းသား မောင်စည်သူ အပါအ၀င် လူငယ် ၁၅ ဦး သည် ကားတစ်စီး၊ ဆိုင်ကယ်ခြောက်စီးဖြင့် မုံရွာနည်းပညာ တက္ကသိုလ်ကျောင်းမှ Civil (မြို့ပြ) ဒုတိယ နှစ်ကျောင်းသား မောင်ဇေယျာဦး၏ တယ်လီဖုန်းဖြင့် ချိန်းဆိုချက်အရ သွားရောက်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆို ထားသည်။
မလှိုင်မြို့တွင် သောက်ရေတွင်း၌ ရေငင်စဉ် ပြုတ်ကျသေဆုံး
မလှိုင်မြို့ အမှတ်(၈)ရပ်ကွက် ရပ်ကွက်ကြီး(၁)ရှိ ထန်းပင်ကောက် ကန်မြောက်ဘက်ရှိ သောက်ရေတွင်း အတွင်း၌ လူတစ်ဦးပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးအောင်ရွှေ၊ တပ်သားဝင်ဇော်ဦး၊ သက်သေဦးစိုးလွင်၊ ရာအိမ်မှူး ဦးကျော်စန်းတို့နှင့်အတူ မတ် ၉ ရက် ည ၈ နာရီခန့်က သွားရောက်စစ်ဆေးရာ တွင်းအနက်ပေ ၁၀၀ ကျော်ခန့်၊ ရေအနက် နှစ်ပေခန့်ရှိ သောက်ရေတွင်း၌ လူတစ်ဦးပြုတ်ကျ သေဆုံး နေသည်ကို တွေ့ရပြီး မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးအောင်ကျော်လင်း၊ တပ်ကြပ် ငြိမ်းချမ်းထွန်းတို့က ရေတွင်းအတွင်းသို့ ဆင်း၍ဆယ်ယူခဲ့ရာ ည ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဆယ်ယူရရှိခဲ့ပြီး သေဆုံးသူမှာ မိုးကျော်သူ(ခ) အငယ်လေး (၃၉) နှစ် ရေရောင်းသူ မြို့ဦးကွက်သစ် ရပ်ကွက်(၂) မလှိုင်မြို့နေသူဖြစ်ကြောင်း၊ သောက်ရေတွင်း အတွင်း၌ ရေငင်စဉ် ပြုတ်ကျပြီး ရေတွင်းနံရံနှင့်ရိုက်မိ၍ (ဝဲ) ဦးခေါင်းအရေပြားပေါက်ပြဲ ပွင့်ထွက် ဒဏ်ရာတစ်ချက်၊ ဝဲပါးပွန်းခြစ်ဒဏ်ရာ၊ ဝဲမေးပွန်းခြစ်ဒဏ်ရာတို့ ရရှိကာ သေဆုံးနေကြောင်းနှင့် ၎င်းသည် အတက်ရောဂါရှိပြီး စိတ်ဝေဒနာရှင် ဖြစ်ကြောင်းသိရသဖြင့် မလှိုင်မြို့မရဲစခန်းက အမှုဖွင့်စုံစမ်းလျက် ရှိကြောင်းသိရသည်။
MOI Webportal Myanmar
ဘဝ အမောတွေ ပြေ စေဖို့ ပျော်လိုက်ကြစို့
ပြီးခဲ့တဲ့ လကုန်ပိုင်းက ယူကျုပေါ် ရောက်လာပြီး ခေတ်စားနေတဲ့ ပျော်စရာ မြန်မာ ၂၀၁၄ ရုပ်/သံတခု ပါ။
မြန်မာနိုင်ငံမှာ စိတ်လှု ပ်ရှားစရာ တခုခုဖြစ်နေတာကြောင့် လူတွေ အခုလို ပျော်ရွှင်မှု တွေ ရှိနေပြီဆိုတာ သရုပ်ဖော် တင်ပြထားတဲ့ အစီအစဉ်ကောင်းလေး တခုပါ။
ဒီရုပ်/သံထဲက အတိုင်း မြန်မာတွေ တကယ်ပျော်ပျော်ရွှင်ရွှင်နေကြရတော့မှာလား၊ တကယ်ပျော်ရွှင်ရ တဲ့ မြန်မာပြည်ဖြစ်မလား ဆိုတာ စောင့်ကြည့်နေစဉ်အတွင် ဒီဗီဒီယိုကတော့ သင့်ကို ပျော်ရွှင်မှု တခု ရိုက်ခတ်သွားမယ်လို့ မျှော်လင့်ပါတယ်။ဘဝအမောတွေ ပြေစေဖို့ သူတို့နဲ့ အတူပျော်လိုက်ကြစို့...
အိမ့်သံစဉ် ~/The Irrawaddy
ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်
                 လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း၏ ဂူတူးဖော်ရှာဖွေနေသည့် အခြေအနေကိုတွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး လုပ်ငန်းများကို မန္တလေး တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ ရပ်ဆိုင်းရန် အကြောင်း ကြားလာကြောင်း သိရသည်။
ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူ တူးဖော်နေသည့် ပရ၀ုဏ် အတွင်းမှ အဆောက်အအုံများ ဖျက်သိမ်း ပေးပါရန် ဆိုသည့် အကြောင်း ကြားစာကို မန္တလေးတိုင်း စည်ပင် သာယာရေးမှ မတ် ၁၀ ရက် က ပေးပို့လာကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေး တာဝန်ခံ မစ်ကီဟတ်က ပြောသည်။
“စာထဲမှာ အဆောက် အအုံများ ဖျက်ပေးရန် ဆိုပေမယ့်၊ အမရပူရ မြို့နယ် အုပ်ချုပ်ရေးမှူး ပြောတာက လုပ်ငန်းတွေပါ ရပ်ဆိုင်းပေးဖို့ ပြောတယ်၊ သဘောကတော့ ဆက်လက် ထိန်းသိမ်းခွင့် မပေးတော့တဲ့ ပုံဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
VA - Hello Music သင်္ကြန် 2014 Album MP3
လိုင်းပေါ်မှာနားဆင်ချင်တယ်ဆိုရင် play iconလေးကိုနှိပ်ပါ၊ ဒေါင်းယူချင်တယ်ဆိုရင်တော့ Click Here !!ဆိုတဲ့အပေါ်မှာ right click>>save link as နှိပ်ပြီးဒေါင်းယူပါ၊
No Title Singer Listen/Download Size
1 ရယ်သောသူသည် အသက်ရှည်၏ ယုန်လေး Click Here !! 2.00 MB
2 လေပေါ်ကမဏ္ဍပ် ကျော်ထွဋ်ဆွေ၊ စန္ဒီမြင့်လွင့် Click Here !! 2.00 MB
3 ကဲ Cobra & Artichoke Click Here !! 2.00 MB
4 ဒါနှစ်သစ် ကာကာ Click Here !! 2.00 MB
5 ဆရာရယ် လေးစားတယ် ဆူဇီ & Nine One Click Here !! 2.00 MB
6 မန္တလေး သင်္ကြန် အောင်ပိုင်စိုး Click Here !! 2.00 MB
7 မျက်ခွက်ပြောင်သလားကွယ် ရတနာမိုင်၊ မိစန္ဒီ Click Here !! 2.00 MB
8 လျှောက်လည်မယ် နှစ်ယောက်တည်း ဇွဲနိုင်ဝင်း Click Here !! 2.00 MB
9 စိတ်လျှော့ နွေးနွေးချစ်ဖွယ် Click Here !! 2.00 MB
10 ပေါ့ပေါ့ပါးပါးသင်္ကြန် နန်းသူဇာ၊ အိမ့်ချစ် Click Here !! 2.00 MB
11 အမှတ်တရနေ့ ဂူးဂူး၊ ဟေမာန်၊ အလင်းစက် Click Here !! 2.00 MB
12 ငါတို့မဏ္ဍပ်မှာ Vape လုပ်မယ် ကောင်းဆက်၊ ဆုပန်ထွာ Click Here !! 2.00 MB
13 လိုတိုင်းတ ရစေမယ် ချစ်စု Click Here !! 2.00 MB
14 ကိုယ့်စရိတ်နဲ့ကိုယ် သက်ထက် Click Here !! 2.00 MB
15 သင်္ကြန်တွင်းမှာရည်းစားမထားရ သက်ဆုနန္ဒီ Click Here !! 2.00 MB
16 မဏ္ဍပ်ရှေ့ရောက်ပြီ ဆိုတေး Click Here !! 2.00 MB
ရှရီယာ ဥပဒေကို အမျိုးသမီးများ အ၀တ်ဗလာဖြင့်ဆန္ဒပြ
နိုင်ငံတကာအမျိုးသမီးများနေ့ မှာ ပြင်သစ်က လုဗ်အနုပညာပြတိုက်ရှေ့ မှာ အာရပ်၊အီရန်အမျိုးသမီးတွေ ဟာ သမားရိုးကျမဟုတ်ဆန္ဒပြနည်းနဲ့ ဆန္ဒပြခဲ့ ကြပါတယ်။ သူတို့ ဟာလွတ်လပ်မှု၊တန်းတူညီမျှမှုနဲ့ အစိုးရ အုပ်ချုပ်မှုကို ဘာသာရေးနဲ့ ခွဲခြားဖို့ အတွက် အ၀တ်မပါ ကိုယ် လုံးတီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
"ကျမတို့ ဟာ အီဂျစ်၊အီရန်နိုင်ငံကဖြစ်ပြီး အစ္စလာမ်ရှရီယားဥပဒေကိုဆန့် ကျင်ပါတယ်။ လိင်ခွဲခြား ဆက်ဆံ တာ၊ ကျောက်တုံးနဲ့ ပစ်ပေါက်သတ်တာ၊ မျက်နှာမှာ ပုဝါအုပ်ရတာတွေကိုဆန့် ကျင်ပါတယ်။"
"ကျမ တို့ဟာ ဘာသာရေးကို ဘေးမှာဖယ်ထားပြီး သာမန်ဘ၀မျိုးမှာပဲ နေနိုင်ရမယ်။ ကျမခန္ဓာကိုယ်ကို ကျမတို့ ပိုင်ဆိုင်ပါတယ်။ ဘယ်သူကမှ ကျမတို့ ခန္ဓာကိုယ်ကို သတ်မှတ်ပိုင်ခွင့်မရှိပါဘူး။
တမူးတွင် ဘုရားကျောင်းနှင့် အိမ်ခုနစ်လုံး မီးလောင်
ကလေး၊ မတ်၁၁
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဈေးတန်းရပ်ကွက် (၆) တွင် မတ်လ (၁၁) ရက်နေ့ ည ၈နာရီ အချိန်က ဂက်စ်အိုး ပေါက်ကွဲမှုဟု ယူဆရသော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း အပါအဝင် ခုနစ်အိမ်ခန့် လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဘယ်ကနေ စလောင်တယ်ဆိုတာ သေချာမသိရသေးဘူး။ မီးလောင်ပြီး ၁၅ မိနစ်လောက်မှာ ပေါက်ကွဲသံလိုလိုတွေ ကြားရတယ်” ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားသော နေရာသို့ ရောက်ရှိနေသော တမူး လူငယ်ကွန်ရက်မှ ဦးယဉ်ကိုဦးက ဆိုသည်။
မင်္ဂလာဈေးအနီး တည်းခိုခန်းတွင် ဘိန်းဖြူ အကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦးသေဆုံး
ရန်ကုန်၊ မဇ္ဈိမ။ ။ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ဘိန်းဖြူအကြောထဲထိုးသွင်းသည်ဟု ယူဆရသူ တစ်ဦး သေဆုံးနေမှု တစ်ခုကို မတ်လ ၁၁ ရက်တွင် မြို့နယ်ရဲခစန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၁၂ တွင် သတင်းထုတ်ပြန်သည်။
ယင်းနေ့ နံနက် ၁၁ နာရီက သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုတွင် လူတစ်ဦး သေဆုံးသည်ဟု သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။
သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ၊ ၅၆ ဘလောက်၊ (၁၅)လမ်းတွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။
မူးယစ်ဆေးဝါးကို လုံခြုံစိတ်ချစွာသုံးစွဲနိုင်ပါသည်
ဓာတ်ပုံ- အောင်ခိုင်
ဓားကိုင်အစောင့်များစောင့်ကြပ်၍ မူးယစ်ဆေးဝါးရောင်းချနေသော နေရာတစ်နေရာကို သင်မြင်တွေ့ဖူးပါသလား။
မူးယစ်ဆေးဝါးဝယ်ယူသူ များပြားလှ၍ တန်းစီစောင့်ဆိုင်းနေရသော နေရာတစ်နေရာကို သင်ရောက်ဖူးပါသလား။
ကမ္ဘာကျော်ကျောက်စိမ်းမြို့တော် ဖားကန့်မြို့သို့ သင်ရောက်ရှိခဲ့လျှင် ယင်းကဲ့သို့ မြင်ကွင်းမျိုးစုံကို မြင်တွေ့နိုင်ပါသည်။
ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်မှ ယခင်ကေအိုင်အေထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် မောဖောင်းဘွမ်ဒေသသို့ သွားရောက်သော လမ်းတစ်နေရာတွင် လမ်းခွဲတစ်ခု မြင်တွေ့ရမည်ဖြစ်သည်။
ယင်းလမ်းခွဲမှညာဘက်လမ်းအတိုင်း သွားရောက်လျှင် ကမ္ဘာကျော်ကျောက်စိမ်းတုံးများထွက်ရှိရာ မှော်စီစာသို့ ရောက်ရှိမည်ဖြစ်သည်။
သို့မဟုတ်ဘဲ လမ်းခွဲဘယ်ဘက်ရှိ မထင်မရှားတောလမ်းလေးမှတစ်ဆင့် သစ်ပင်များ အုပ်ဆိုင်းနေသည့် တောင်ကုန်းလေးပေါ် တက်လှမ်းသွားပါက ဓားကိုင်ထားသော အမျိုးသားနှစ်ဦးစောင့်ကြပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ကလေးမွေးပြီး မထိန်းနိုင်၍ ကလေးများကို သံကြိုးဖြင့်ခတ်ထား
တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်တွင် ကလေးထိန်းခမတတ်နိုင်သော မိဘများက အလုပ်သွားလုပ်ချိန်မှာ ၎င်းတို့၏သားသမီးနှစ်ဦးကို အိမ်တွင်သံကြိုးများဖြင့် ချည်နှောင်ထားခဲ့ကြောင်း သိရသည်။ ၎င်းအိမ်အနီးမှ ဖြတ်သန်းသွားလာသူတစ်ဦးက ယင်းဖြစ်ရပ်ကို တွေ့မြင်သွားသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအား အကြောင်းကြားခဲ့သည်။
ယင်းတို့၏ မိဘနှစ်ဦးစလုံးမှာ ဆင်းရဲနွမ်းပါးလွန်းသောကြောင့် ကလေးထိန်းခ မတတ်နိုင်၍ယင်းသို့ လုပ်ဆောင်ရသည် ဟုဆိုသည်။ ကလေးငယ်များကို သံကြိုးများဖြင့် ချည်နှောင်ထားသည့်လုပ်ရပ်မှာ တရားနည်းလမ်းမကျဆိုသည်ကို ကလေး၏ ဖခင်နှင့်မိခင် နှစ်ဦးလုံးကသိကြောင်း ကလေးဖခင်ကပြောပြသည်။ ''ကလေးတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျုပ်မိန်းမက ခဏခဏငိုတယ်ဗျ၊ ကျုပ်တို့မှာက တခြားရွေးစရာလည်း မရှိဘူးလေ။ အပြင်မှာ အလုပ်လုပ်ရတာလည်း မလွယ်ဘူးဗျ''ဟု ကလေးဖခင်က သူတို့အတွေ့အကြုံအား ပြန်ပြောင်းပြောပြသည်။
ပြည်မြန်မာ
မြန်မာပြည် မန္တလေးမှာ ကျောက်စိမ်းမြို့ တည်ဆောက်မည်
မန္တလေးတိုင်းအတွင်းရှိ ဆင်ရွာမြင်းဒေသတွင် မြို့တော်အင်္ဂါရပ်များအားလုံး ပါဝင်သော ကျောက်စိမ်းမြို့(Jade Town)တစ်ခု တည်ထောင်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ အဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။
ဆင်ရွာမြင်းဒေသတွင် မြို့တော်အင်္ဂါ ရပ်များဖြစ်သော တိုက်ခန်းများ၊ ဈေးများ၊ ဘဏ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လူနေအိမ်ရာတိုက်တန်းများ၊ ကျောက်စိမ်းဈေးများ၊ ကုန်စည် လက်လီလက်ကား ဆိုင်ကြီး(Whole Sale Center) များနှင့် ရဲစခန်းများ ပါဝင်သော မြို့တော်တစ်ခုကို တည်ဆောက်ရန် လျာထားကာ လွှတ်တော်သို့ တင်ပြသွားရန် စီစဉ်မည်ဖြစ်သည်။
“မန္တလေးမြို့တွင်းမှာ မြေနေရာတွေကလည်း ကျပ်လာပါပြီ။ စီမံကိန်းအသစ်တွေ ဖော်ဆောင်ဖို့အတွက် ကလည်း အဆင်မပြေတော့ပါဘူး။ ဒါ့အပြင် အဲဒီနေရာပတ်ဝန်းကျင်က စိုက်ပျိုးမှုပိုင်းဆိုင်ရာမှာလည်း အောင်မြင်မှုသိပ်မရှိတဲ့အတွက် အခုလိုလုပ်ဆောင်သွားဖို့ စီစဉ်တာဖြစ်ပါတယ်။ အဲဒီနားမှာရှိတဲ့ မြေယာ ပိုင်ဆိုင်တဲ့သူတွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ကျောက်စိမ်းမြို့တော်တစ်ခု ဖြစ်လာ အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကြောင်ကို ခိုးစားသော စိတ်မနှံ့သူတစ်ဦးအား ကျေးရွာ ကာလသားအဖွဲ့မှ ဝိုင်းရိုက်နှက်၍ သေဆုံး
ပင်လောင်း ၊ ၁၂-၃-၂ဝ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ၊ ကျောင်းယ ကျေးရွာ တွင် ယမန်နေ့ ည ၁ဝ နာရီက စိတ်မနှံသူ တစ်ဦးအား ကျေးရွာ ကာလသား များက ဝိုင်းရိုက်နှက် သဖြင့် သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခွန်မောင်ယန်း ၃၉နှစ် (ဘ) ဦးနစ်၊ ကျောင်းယ ကျေးရွာ၊ ပင်လောင်းမြို့နယ် နေသူ၏ တူတော်စပ်သူ တီးလာ ၂၈နှစ် (ဘ) ဦးမောင် (စိတ်မနှံ) သူသည် ဒဏ်ရာများဖြင့် နေအိမ်တွင် လဲနေကြောင်း သိရသဖြင့် သွားရောက် ကြည့်ရှုရာ တီးလာ တွင် နှာခေါင်း ပြတ်ရှဒဏ်ရာ၊ ဝဲ/ယာ လက်မောင်း ရိုးကျိုး/ညိုမဲ ဒဏ်ရာ များဖြင့် သေဆုံး နေကြောင်း တွေ့ရှိ ရသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အား အကြောင်းကြား ခဲ့ပြီး တီးလာ သေဆုံးမှု နှင့် ပတ်သက်၍ စုံစမ်း မေးမြန်းရာ တီးလာမှာ တစ်ရွာတည်းနေ လှကျော်၏ ကြောင်အား ခိုးယူ ချက်ပြုတ် စားသောက် ခဲ့ခြင်းကြောင့် ကျေးရွာ လူပျိုအဖွဲ့ များဖြစ်သည့် နေမင်းထွန်း၊ အောင်သောင်း၊ လှကျော်၊ အောင်သိန်း၊ ဘသန်း၊ သိန်းဇော်၊ စိုးလွင်၊ တီးပု၊ ဇော်ဝမ်း တို့မှ ဝါးရင်းတုတ် ဖြင့် ဝိုင်းဝန်း ရိုက်နှက်ရာ တီးလာ မှာ ရရှိသော ဒဏ်ရာ များဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စိတ်မနှံ့ သူအား ဝိုင်းရိုက်နှက် ကြသည့် နေမင်းထွန်း ၂၇ နှစ် (ဘ) ဦးဗွာ၊ အောင်သောင်း ၁၉ နှစ် (ဘ) ဦးဝင်း၊ လှကျော် ၁၉ နှစ် (ဘ) ဦးတင်ငြိမ်း၊ အောင်သိန်း ၂ဝ နှစ် (ဘ) ဦးဝင်း၊ ဘသန်း ၂ဝ နှစ် (ဘ) ဦးစွဲ၊ သိန်းဇော် ၁၈ နှစ် (ဘ) ဦးတီးတောင်၊ ဇော်ဝမ်း ၂ဝ နှစ် (ဘ) ဦးလွန်းပေါ်၊ စိုးလွင် ၂ဝ နှစ် (ဘ) ဦးထုံ (တိမ်းရှောင်)၊ တီးပု ၁၈ နှစ် (ဘ) ဦးအေး (တိမ်းရှောင်) တို့အား ပင်လောင်း မြို့မ ရဲစခန်းမှ (ပ) ၂ဝ/၂ဝ၁၄၊ ပြစ်မှု ၃ဝ၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိ ကြောင်း သိရှိရသည်။
Myawady Daily
အမျိုးသမီးများအား အတွင်းခံ အ၀တ်အစား ၀တ်ဆင်ပြီး စားပွဲထိုးခိုင်းတဲ့ စားသောက်ဆိုင် ကန့်ကွက်မှုများရင်ဆိုင်နေရ
MH370 ထူးဆန်းစွာပျောက်ဆုံးမှုမှာ မလေးရှားအစိုးရ ပါဝင်ပတ်သတ်နေခဲ့ပြီလား ?(သုံးသပ်ချက်လေးပါ)
လေးရက်ကျော်ပြီး ငါးရက်နီးပါးရှာဖွေနေကြသည့်တိုင် ဘယ်လို အဖြေမှ ရေရေရာရာ မတွေ့ရသေးတဲ့အတွက် အတွေးတွေအားလုံးကို ထပ်မံချဲ့ထွင်ဖို့လိုအပ်နေပြန်ပါပြီ ။
ပထမဆုံး Yahoo News မှာတင်ထားတဲ့ MH370 detected above Malacca Straits at 2.40am ဆိုတဲ့သတင်းကိုအကြမ်းဖျဉ်းတင်ဆက်ပေးချင်ပါတယ် ။
ရှာဖွေမှုကို Sumatran ရေပြင် ၊ Malacca Straits မြောက်ဖက်ပိုင်းမှာ ရှာဖွေအပြီးမှာ Pulau Perak အနီးဝန်းကျင်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရေဒါမှာဖမ်းမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ။
Air Force Chief Rodzali Daud ပြောကြားချက်အရ သူ့အခြေစိုက်စခန်း Butterworth က ဌာနမှာ MH370 ဟာ Kota Bahru ကိုကျော်ဖြတ်ပြီးနောက် အနောက်ဖက်ကို ကွေ့သွားတာဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ့အပြင် East coast နဲ့ Kedah မှာလည်း အနည်းငယ်ပျံသန်းခဲ့တယ်လို့လည်းဆိုပါတယ် ။
မလေးရှား လေယာဉ် ပျောက်ဆုံးမှု နှင့် ဆက်နွယ်၍ ထိုင်းနိုင်ငံ ကို ရာဇ၀တ်ဂိုဏ်း များ အတွက် စာရွက်စာ တမ်း အတု လုပ်ရာ ဗဟိုချက် အဖြစ် အာရုံစိုက် မှုရှိလာ
မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံး သွားသော လေယာဉ် ပေါ်ပါ သွားသည့် လူနှစ်ဦး တွင် ထိုင်းတွင် အခိုးခံ ရသော ပတ်စ်ပို့ အတုများ ကိုင်ဆောင် သွားကြောင်း စစ်ဆေး တွေ့ရှိ ရ၍ ထိုင်းနိုင်ငံ သည် ရာဇ၀တ်ဂိုဏ်း များအတွက် စာရွက်စာတမ်း အထောက် အထား တုများ ပြုလုပ်ရာ ဗဟိုချက် နေရာ သဖွယ် အ ဖြစ် အာရုံ စိုက်ခံ လာနေ ရသည်။ အဆိုပါ မလေးရှား လေယာဉ် MH370 တွင် သြစတြီးယား နိုင်ငံ သား ခရစ် တီယန်ကိုဇယ် နှင့် အီတလီ နိုင်ငံသား လူဂီမာရယ်လ် ဒီတို့၏ ထိုင်းနိုင်ငံ တွင် အခိုးခံ ရသော ပတ်စ်ပို့ များကို အမည် မသိ လူနှစ်ဦး က ကိုင်ဆောင် ၍ လေယဉ် ပေါ်သို့  လိုက်ပါ သွားသည် ကို စုံစမ်း တွေ့ ရှိ ခဲ့ရာ မလေး အာဏာပိုင် များ နှင့် အက်ဖ်ဘီအိုင် စုံစမ်းရေးမှူး များပါ ပူးတွဲ ပါဝင် စုံစမ်း နေသည်။ ထို့ကြောင့် အရှေ့ တောင်အာရှ အကြမ်းဖက် မှုရေးရာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည့် ပညာရှင် ရွမ်းမဲလ်ဘန်လွိုင်း က ထိုင်းနိုင်ငံ ဟာ တချို့သော နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်း တွေရဲ့ စစ်ဆင်ရေး ဆောင်ရွက်ရာ ဇုန် အဖြစ် အသုံး ပြု ခံနေ ရတာ ကြာပါပြီ။
ဒေါ်တင်နွယ်ဦးကို သူရဦးရွှေမန်း သတိပေး
ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်း၊ ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ဆွေးနွေးရာတွင် အတက်ကြွဆုံး ပါဝင် ဆွေးနွေးခဲ့သည့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး အား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးလိုက်သည်။
ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်တွင် ၀င်ငွေခွန်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား ဒေါ်တင်နွယ်ဦးက ဆွေးနွေးရာတွင် သုံးနှုန်းသည့်အသုံးအနှုန်းအချို့နှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးခဲ့ခြင်းဖြစ်သည်။
“ဒေါ်တင်နွယ်ဦး စကားတွေ အစွန်းမထွက်ပါစေနဲ့။ ကိုယ့်စကားကို ဘေးနားမှာရှိတဲ့ ကိုယ်စားလှယ်တွေ ကို မေးကြည့်ပါ။ ဒါကြောင့် ဒေါ်တင်နွယ်ဦးကို မလိုတဲ့စကား၊ အထင်မှားစေတဲ့ စကားများ မပြောဖို့အတွက် လွှတ်တော်ကတစ်ဆင့် တရားဝင် သတိပေးပါတယ်”ဟု ဦးရွှေမန်းက ဆိုသည်။
တရုတ်ရေနံပိုက်လိုင်းကြောင့် ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်းရွာများ စိုက်ပျိုးရေအခက်ကြုံ
မကွေး၊ မတ် ၁၁
တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ တောင်ပေါ်ချင်း ရွာများတွင် နှစ်ရှည်သီးနှံပင်များအတွက် အဓိက မှီခိုရသော စိမ့်စမ်းပေါက်များ ပိတ်ဆို့ခန်းခြောက်ခဲ့ရပြီး စိုက်ပျိုးရေ အခက်ကြုံတွေ့နေရကြောင်း ခြံစိုက်တောင်သူများက ပြောကြားသည်။
ပိုက်လိုင်းဖြတ်သန်းရာ နေရာများတွင် မြေမပြိုရန် ဆောက်လုပ်ထားသည့် ကျောက်နံရံများ ကာခြင်းနှင့် ပိုက်လိုင်းမြှုပ်ရန် တူးဖော်လိုက်သည့် မြေစိုင်ခဲများက ပုံမှန် စီးဆင်းလျက်ရှိသည့် ရေထွက် စမ်းပေါက်များကို ပိတ်ဆိုခဲ့ခြင်း တို့ကြောင့် စမ်းရေအိုင်များ ခန်းခြောက်ခဲ့ရခြင်း တို့ကြောင့် စိုက်ပျိုးရေ အခက်ကြုံရခြင်း ဖြစ်သည်ဟု မြေလတ်ရွာက ခြံစိုက်တောင်သူ ဦးမောင်ငယ်က ပြောဆိုသည်။
“နွေရာသီဆိုရင် စမ်းရေခတ်ပြီး အပင်ငယ်တွေကို ရေလောင်းရတာ။ ခုစမ်းပေါက်တွေ ပိတ်သွားတော့ စမ်းရေအိုင်တွေ ရေခန်းကုန်တယ်” ဟု ၎င်းကဆိုသည်။
၂၀၁၄ ခုနှစ် နွေရာသီ အယ်နီညို မဖြစ်နိုင်
ဒီနှစ်နွေမှာ အယ်နီညို မဖြစ်နိုင်ဘူးလို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
နိုင်ငံတကာ မိုးလေ၀သဌာနတွေရဲ့ တိုင်းထွာထုတ်ပြန်ချက်တွေအရ လက်ရှိမှာ အယ်နီညို ဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း၊ လာနီညာဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်းနဲ့ ကြားခြေ ၉၀ ရာခိုင်နှုန်းရှိပြီး ဒီနှစ်ကုန်လောက်မှာ အယ်နီညိုဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်းထိ တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် လာမယ့် နွေရာသီမှာတော့ အယ်နီညို ဖြစ်နိုင်ခြေ ရှိနိုင်တယ်လို့လည်း ခန့်မှန်း ပြောပါတယ်။
အယ်နီညိုနဲ့ လာနီညာဆိုတာတွေဟာ ပူလွန်းခြင်းနဲ့ အေးလွန်းခြင်းတို့ ဖြစ်ပေါ်စေတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပါတယ်။
DVB Burmese
မီးရထားရုံးချုပ် အဆောက်အဦကို The Peninsula Yangon အဖြစ် ဖွင့်လှစ်မည်
လက်ရှိ ရန်ကုန် ဗိုလ်ချုပ်ဈေးနံဘေး ဂရင်းမီးရထားဟိုတယ်ဝင်းထဲမှာ တည်ရှိတဲ့ မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦဟောင်းကို ရိုးမကုမ္ပဏီနဲ့ ဟောင်ကောင် HSH ကုမ္ပဏီ ပူးပေါင်းပြီး The Peninsula Yangon နာမည်နဲ့ ဟိုတယ်ကြီးတခုအဖြစ် တည်ဆောက်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။
The Peninsula Hotel Yangonဒီအဆောက်အဦကြီးဟာ အရင် အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၈၀ ၀န်းကျင်ကတည်းက တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအဆောက်အဦ ဖြစ်တာကြောင့် အဆောက်အဦကို ဖြိုချ ဖျက်ဆီးခြင်း မပြုပဲ ပြုပြင်တည်ဆောက်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
အလားတူ ကုန်သည်ကြီးများဟိုတယ်၊ မီးရထားဟိုတယ်နဲ့ မနီးမဝေး ဗိုလ်ချုပ်ဈေးသစ် မြေနေရာမှာ ပစ္စိဖိတ်ဟိုတယ်အုပ်စုနဲ့ ရွှေတောင်ကုမ္ပဏီ ပူးပေါင်းပြီး ပင်ပစိဖိတ်ဟိုတယ်ကြီး ၁ လုံး တည်ဆောက်နေပါတယ်။
DVB
နိုင်ငံသားကိုသာ ပါတီထူထောင်ခွင့်ပြုရန် ဥပဒေပြင်
ယာယီသက်သေခံနိုင်ငံသားလက်မှတ် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပါတီထောင်ခွင့် မပြုဘဲ နိုင်ငံသားတွေကိုပဲ ပါတီထူထောင်ခွင့်ပြုဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်တင်ပြခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂/၂၀၁၀)ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက တင်ပြခဲ့တဲ့ထဲ ပြင်ဆင်ချက်တင်ခဲ့တာ ဖြစ်ပါတယ်။ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို ကော်မတီဝင် မကွေးတိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒီဥပဒေကြမ်းကော်မတီကတော့ အခန်း ၂ ပုဒ်မ ၄ မှာ နိုင်ငံသားဖြစ်ခြင်းဆိုတဲ့ စကားရပ်မှာ ပြင်ဆင်အစားထိုးဖို့ သဘောတူသင့်တယ်ဆိုပြီး၊ ဒီဥပဒေမှာ နိုင်ငံသားတွေသာလျှင် နိုင်ငံရေးပါတီ ထူထောင်ခွင့်ပြုမယ်ဆိုတဲ့ စကားရပ်ကို လက်ခံသင့်တယ်လို့ အကြံပြုလိုက်တယ်။ နောက်တခုက ပါတီထူထောင်လိုသူတွေရဲ့ စာရင်းထဲမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဒါမှမဟုတ်ရင် အမျိုးသားမှတ်ပုံတင်လက်မှတ် တင်ပြရမယ်ဆိုတာ ဥပဒေကြမ်းကော်မတီက အကြံပြုတယ်” လို့ ပြောပါတယ်။
မူလဥပဒေထဲမှာ ယာယီသက်သေခံနိုင်ငံသားလက်မှတ် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပါတီထောင်ခွင့် ပေးထားတာမို့ ပြင်ဖို့ လုပ်ကြတာလို့ ပြောပါတယ်။
ဥပဒေပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ထောက်ခံဆွေးနွေးခဲ့တဲ့ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးကလည်း ဒီအချက်ပြင်သင့်တယ်လို့ ပြောပါတယ်။
အစိုးရ ဦးဆောင်ဖွဲ့စည်းထားသော MPC ကို အယုံအကြည်မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား
(NCCT မှခေါင်းဆောင်များနှင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှခေါင်းဆောင်များ ရန်ကုန်မြို့၌ မတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်))
Eleven Media Group
အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံအကြည် မရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့တို့က ပြောကြားသည်။
အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ NBF ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး NBF ခေါင်းဆောင်အချို့အား MPC တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
သမီးလေးကျေးရွာသားများ ဒီကေဘီအေဒေသကို သွားရောက်ကြည့်ရှု
ပဲခူးတိုင်း အလိုင်နီကျေးရွာအုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မတို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
ပဲခူးတိုင်းဒေသကြီး အစိုးရက ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းမှာ ဆက်လက်နေထိုင်ခွင့် မပြုတော့တာကြောင့် ဒီကေဘီအေတပ်ဖွဲ့က ရွာသားတွေဆန္ဒရှိရင် သူတို့နယ်မှာ နေရာချ ထားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် ဒီကေဘီအေဒေသကို လာရောက်လေ့လာ တာဖြစ်ကြောင်း ဆရာတော် ဦးအဂ္ဂဓမ္မက အခုလို မိန့်ကြားပါတယ်။
"အခက်အခဲ ကြုံလာပါတယ်ဆို ပဲခူးတိုင်းက လက်မခံတော့ဘူး၊ ပဲခူးတိုင်းက ဦးဇင်းဆီကို ၈ ရက်နေ့က ရောက်လာတယ်၊ ဘယ်လိုပြောလဲ ဆိုတော့ ကျောင်းသားတွေရှိလို့ သူတို့ဒီလောက်ထိ လက်ခံပေးတာ အခုဟာ လက်ခံလို့မရတော့ဘူး၊ ၉ ရက်နေ့ကနေစပြီးတော့ အကုန်ပြောင်းပေါ့
နာကျင်မှုကြောင့် ခွဲစိတ်လိုက်တာပါ ဆိုတဲ့ ဇင်ဝိုင်း
ခွဲစိတ်ဖို့ လုပ်ထားတာ ကြာပါပြီ။ ဒါပေမဲ့ မခွဲစိတ်ချင်တာနဲ့ အချိန်ဆွဲထား တယ်။ ခုတော်တော် နာကျင်လာလို့ ခွဲ စိတ်လိုက်တာပါ” ဟု ဇင်ဝိုင်းကပြော သည်။
”ခွဲစိတ်ထား တဲ့နေရာမှာ အဆစ် နှစ်ခုက ပြားပြီး တစ်ခုက ကျွံထွက်နေ တာကို ပြန်လုပ်တာ အခု အရမ်းနာကျင် ပါတယ်” ဟု ဇင်ဝိုင်းက ပြောသည်။
ဇင်ဝိုင်းက ၈၈ အရေးအခင်း စစ်ကြောရေး တွင် ခါးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ရန် ဘန်ကောက်ကို အခါခါသွား သော်လည်း မခွဲစိတ်ဖြစ်ဘဲ ၂ဝ၁၄ ခုနှစ် မှသာ ခွဲစိတ်ကြောင်း သိရသည်။
 ”နာကျင်တဲ့ဝေဒနာကို ဘယ်လိုမှ မခံစားနိုင်တော့လို့ ဘန်ကောက်မြို့ ဝေ့ ဌာနီဆေးရုံမှာ ခွဲစိတ်လိုက်တာပါ” ဟု ၄င်းကဆက်ပြောသည်။
မတ် ၁ ရက်နေ့မှာ ခွဲစိတ်မှု ပြု လုပ်ပြီး ခါးရိုး အဆစ်နေရာ ဖြစ်သည့် အတွက် လေးနာရီကြာ ခွဲစိတ်ရကြောင်း ၄င်းထံမှ သိရသည်။
”သက်သာလာပါတယ်။ ၄ ရက် နေ့မှာ ဆေးရုံက ဆင်းရပြီး တစ်ပတ်ကြာ ရင် ချုပ်ရိုးတွေ ဘာတွေ ပြန်ပြပြီး ဓာတ် မှန် ရိုက်ပြီး အခြေအနေကို အတိအကျ သိရမယ်” ဟု ၄င်းက ဆက်ပြောသည်။
ဇင်ဝိုင်းသည် အနုပညာလောက မှာ သင်္ကြန်မိုး ဇာတ်ကားနဲ့ နာမည်ရလာ သူ တစ်ဦးဖြစ်သည်။
popularmyanmar
ကား မတော်တဆမှုကြောင့် အလုပ် မလုပ်နိုင်သေးတဲ့ လင်းဇာနည်ဇော်
ယာဉ်တိုက်မှုကြောင့် အလုပ် မလုပ်နိုင်သေး၍ လက်ခံ ထားသည့် အလုပ်အတွက် စရန်ငွေများကို ပြန်အမ်းထား ကြောင်း လင်းဇာနည်ဇော် က ပြောသည်။
 ”ကိုယ်က မလုပ်နိုင်သေးဘူး။ တစ်ဖက် အလုပ်ရှင်ကိုလည်း အားနာတယ်လေ”ဟု လင်းဇာနည်ဇော်က ပြောသည်။
လင်းဇာနည်ဇော်သည် ဇန်နဝါရီ ၂ဝ ရက်နေ့က ယာဉ် တိုက်မှုဖြစ်ခဲ့ပြီး ခါး၊ ဇက် နှင့် လက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ရာ ယခုအခါ ပြန်လည် သက်သာစပြု လာကြောင်း ၄င်းက ပြောသည်။
”ခါးကတော့ နည်းနည်း နားရဦးမယ်။ ဇက်ကတော့ တော်တော် သက်သာလာပါပြီ။ လက်ဆိုလည်း လှုပ်လို့ရပြီ။ အားလုံး ပုံမှန်အတိုင်း ပြန် မဖြစ်သေးပေမယ့် နောက် တစ်လ နှစ်လလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
သင်္ကြန်မန္တလေး အယ်လ်ပိုင်းမှာ ရှိမယ့် ခင်လေးနွယ်
ဒီနှစ်သင်္ကြန်မှာ ကိုယ်ပိုင် သီချင်းသစ် မဆိုနိုင်သေး ပေမယ့် မြူးကြွ သီချင်းများနှင့် မန္တလေး အယ်လ်ပိုင်းမှာ ရှိမှာဖြစ်ကြောင်း ခင်လေးနွယ်က ပြောသည်။
ခင်လေးနွယ်က သရုပ်ဆောင် လောကမှ အနားယူ လိုက်ပြီး ဂီတဘက်ကို ဇောက်ချ လုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
”တစ်ကိုယ်တော်ခွေ ကိစ္စလည်း အခု လုံးပန်းနေတယ်။ အကောင်းဆုံး ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် အချိန်တွေကို ပိုယူ လိုက်တာပါ” ဟု ခင်လေးနွယ် က ပြော သည်။
”ခင်လေးနွယ်က တစ်ကိုယ်တော် အခွေ တစ်ဖက် ရှိုးတစ်ဖက်ကြောင့် အခွေ မထွက်နိုင်သေးတာကြောင့်လည်း ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
 ”အခု အတီးက ၁ဝ ပုဒ်လောက် ပြီးပြီ၊ ဆိုတာကတော့ ၆ ပုဒ်လောက် ပြီးပြီ။ အဲဒီအထဲမှာမှ ကောင်းတာ ကို ပြန်ရွေးမှာ ဆိုတော့ ကြာမယ်”ဟု ၄င်းက ဆိုသည်။
လတ်တလောမှာ သီချင်းတွေလိုက်ဆိုတယ်။ နယ်ဘက်လည်း ခရီးထွက် တယ်”ဟု ၄င်းက ဆက်ပြောသည်။
ထူးထူး/popularmyanmar
ရင်သွေးယူဖို့ သိပ် မဝေးတော့ပါဘူးလို့ ဆိုလာတဲ့ သံသာဝင်း
အနဂ္ဂ နဲ့ သံသာဝင်း တို့ရဲ့ အိမ်ထောင် သက်တမ်းက တစ်နှစ်ကျော် ကာလထဲကို ရောက်ရှိလာခဲ့ ပြီဖြစ်ပါတယ်။ ချစ်သူ ဘဝထက် စာရင်တော့ အိမ်ထောင်သည် ဘဝ ကတော့ ခင်ပွန်းဖြစ်သူ အပေါ်မှာ ဇနီးတစ်ယောက် အနေနဲ့ တာဝန် သိရတာ မျိုးတွေတော့ ပိုလာတယ်လို့ သံသာဝင်း ကပြောပါတယ်။ အိမ်ထောင်သက် ၁နှစ်ကျော် ကာလ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အိမ်ရဲ့ ဆည်းလည်းလေးလို့ တင်စားခေါ်ဝေါ် ကြတဲ့ ရင်သွေးကိစ္စ ကိုလည်း ပရိသတ်တွေက သိချင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ရင်သွေးလေး ယူတော့မလားလို့ သံသာဝင်း ကိုမေးတော့ “ဒီလို အချိန်ရောက်လာတဲ့ အခါ မှာ တော်တော် များများက မေးကြပါတယ်။ ကလေး မယူသေးဘူး လားပေါ့။ အစ်မတို့ အနေ နဲ့ မင်္ဂလာဆောင် ပြီးပြီးချင်းတော့ တန်းပြီးကလေး ယူမယ်လို့ နှစ်ယောက်စလုံး မစဉ်းစားထားကြသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ လုပ်စ ရာလေးတွေ ကျန်သေးလို့လေ။ ကိုအနဂ္ဂက ကလေး တအားချစ်တော့ တစ်ချိန် လုံး ပြောတယ်။ အစ်မလည်း စဉ်းစားပါတယ်။ ယူတော့ ယူဖြစ်တော့မယ်။ သိပ်တော့ မဝေးတော့ဘူး။
သွန်းဆက်နဲ့ သူမပြောတဲ့ နွေရာသီဖက်ရှင်
                                    အနုပညာခြေလှမ်းစိပ်စိပ်နဲ့ သရုပ်ဆောင်လောကမှာ နာမည်ရလာတဲ့ သွန်းဆက်နဲ့ တွေ့ဆုံခိုက် သူမရဲ့ နွေရာသီဖက်ရှင်အကြောင်း မေးမြန်းကြည့်တဲ့အခါ ‘ညီမ နွေရောက်ပြီဆိုရင် အရမ်းပူပါတယ်။ အဲဒါကြောင့် ရှုတင်ပဲသွားသွား၊ အပြင်ပဲသွားသွား ချည်သားလေးတွေ ဝတ်ဖြစ်တယ်။ ချည်သားလေးတွေ ဝတ်ရတာ အေးတယ်။ နောက်ပြီး စကတ်တို၊ ဘောင်းဘီတိုဝတ်ဖြစ်တယ်။ အင်္ကျီ ကျတော့ အပါးသားလေးဖြစ်တဲ့ဟာမျိုးပေါ့။ ဝတ်လိုက်ရင် ကိုယ်ပေါ်မှာ လွင့်လွင့်လေးဖြစ်နေမဲ့ ပုံစံမျိုးလေးတွေဝတ်ဖြစ်ပါတယ်။’လို့ သူမက ပြောပါတယ်။
စန္ဒီ  /Trend Myanmar
ဖန်စီကားဆိုပြီး ဘယ်ကားကိုမှ ပေါ့ပေါ့ဆဆမလုပ်ခဲ့ဘူးလို့ ဆိုတဲ့ ၀တ်မှုန်ရွှေရည်
၂၀၁၄ ထဲမှာ ရုံတင်ကားတွေ အများကြီးနဲ့ပရိသတ်ရဲ့အားပေးမှုကို အရယူဦးမယ့် မင်းသမီးချောလေးကတော့ ၀တ်မှုန်ရွှေရည်ပါ။ သူမဟာ လက်ရှိမှာ အန်ကယ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ လူမင်းနဲ့ ဗီဒီယိုကား ရိုက်ကူးနေတယ်လို့သိရတာကြောင့် သူမရှိရာ ရှုတင်ကို သွားရောက်တွေ့ဆုံခိုက် သူမနဲ့ ပြောဖြစ်ခဲ့တာတွေက ‘ခုရိုက်နေတဲ့ကားလေးက ဒယ်ဒီပွစိတဲ့။ ဒီကားလေးထဲမှာ အန်ကယ်လေးရယ်၊ ကျော်ကျော်ရယ် ၊ ကစ်ရယ်ပေါ့။ ဒီကားထဲမှာ ကစ်က အန်ကယ်လေးရဲ့သမီးပေါ့။ အဖေက စစ်တပ်ကို အုပ်ချုပ်တဲ့လူကြီးဆိုတော့ သမီးကိုလဲ အဲလိုပဲ လိုက်အုပ်ချုပ်တာပေါ့။ ဒါပေမဲ့ မရပါဘူး။ သမီးကို အလျော့ပေးရတဲ့ ပုံစံလေးပါ။ ဒီကားလေးကို ရိုက်ဖြစ်တာက ကစ်ရှေ့မှာလဲ ဒရမ်မာတွေ ရိုက်ခဲ့တော့ ဖန်စီအပျော်ကားလေးကို စမ်းရိုက်တဲ့ သဘောပါပဲ’လို့ သူမက ပြောပါတယ်။
သနပ်ခါး ဇာတ်ကားနဲ့ပတ်သတ်ပြီးတော့လဲ ‘အဲ့ကားလေးကို လက်ခံခဲ့တာက ကစ်စစချင်းမှာ အဲလိုဇာတ်ရုပ်မျိုးနဲ့ သရုပ်မဆောင်ဖူးတော့ စစချင်းမှာ စိုးရိမ်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ ဇာတ်လမ်းကို တစ်ကယ်လဲကြိုက်တယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB