Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

Mar022014

ကူမင်းတိုက်ခိုက်မှု ခွဲထွက်ရေးသမားတွေကို တရုတ်အစိုးရ အပြစ်တင်

ကူမင်းဘူတာရုံမှာ လုံခြုံရေးတွေ ကင်းလှည့်

တရုတ်နိုင်ငံ တောင်ပိုင်းက ကူမင်းမြို့က ရထားဘူတာရုံတခုမှာ လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူတရာကျော် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုဟာ အနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ် က ခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ တရုတ်အစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ညက ဘူတာရုံမှာ စောင့်နေတဲ့ ခရီးသည်တွေကို ဓါးတွေကိုင် ဆောင်ထားတဲ့ လူအုပ်စုတခုက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို ရဲတွေက ပစ်ခတ်ရာမှာ လေးဦး သေဆုံးခဲ့ပြီး ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းလို့ သံသယရှိတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီအမျိုးသမီးကို ရရှိတဲ့ဒဏ်ရာတွေ နဲ့ ဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။

BBC Burmese
Mar022014

နိုင်ငံခြားသားခရီးသည်များက ၀င်ရောက်အကူအညီပေးခဲ့ကြတဲ့ပုဂံကယာဉ်တိုက်မှု

Mar022014

ဘယ်နေ့ သေမလဲ သိချင်ရင် သွေးစစ်ရင် သိနိုင်ပြီ

ဓာတ်ပုံ- L.A Times

မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသန ပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။

ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူ ဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။

Mar022014

ဒေသခံတွေ ကျန်းမာရေး အက်ဆစ်စက်ရုံ မဖြေရှင်းသေး

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင် ကြေးနီစီမံကိန်းနယ်မြေ၊ ကံကုန်းရွာအနီးက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကထွက်တဲ့ အခိုးအငွေ့တွေကြောင့် ရွာသားတွေ ကျန်းမာရေးထိခိုက်နေကြရတာနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့လက စက်ရုံကိုတင်ပြခဲ့ပေမဲ့ ဒီနေ့အထိ ဖြေရှင်းမပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက တင်ပြထားတာဖြစ်ကြောင်း ကံကုန်းရွာက ဦးတင့်အောင်စိုးက ပြောပါတယ်။

"ကျနောတို့ တရွာလုံး အက်ဆစ်အငွေ့တွေ နံပြီးတော့ ဘယ်လိုမှနေလို့မရတော့ စက်ရုံကိုသွားပြောတယ်၊ နားခေါင်းတွေယားတယ်၊ အာခေါင်တွေယားတယ်၊ ပျို့ချင်အန်ချင်သလို ပုံစံမျိုးတွေဖြစ်နေတယ်၊ တရွာလုံးအဲလိုဖြစ်နေတော့ စက်ရုံကိုသွားပြောတယ်ဗျ၊ အဲနေ့ညက"
Mar022014

စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများ လက်ဝယ်ထားရှိသူ ခြောက်ဦးကို ထပ်မံအမှုဖွင့်

မန္တလေးခရိုင် ချမ်းအေးသာစံ မြို့နယ် အနောက်အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးသည် စစ်သုံးကျည်ကာ ပုံစံ ဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများကို ကြိုတင် စီမံထားမှုနှင့် ပတ်သက်ပြီး ၅၀၅ (ခ) (ဂ) အရ ထပ်မံ အမှုဖွင့်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ လူခြောက်ဦးသည် ဘာသာရေးဆိုင်ရာ အဓိကရုဏ်းများ ထပ်မံ ဖြစ်ပွားလာပါက တိုက်ခိုက်ရန် ကြိုတင် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်လာအောင်သော် လည်းကောင်း၊ အများပြည်သူတို့၏ သီးခြား လူတစ်စုကို ထိတ်လန့်စေခြင်း တစ်ခုခု ဖြစ်စေရန် အကြံ ရှိခြင်းကြောင့်သော် လည်းကောင်း လူအများကို တစ်ဖက်နှင့်တစ်ဖက် ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ခြင်းကို ဖြစ်စေရန် ရှိသဖြင့် ယင်းခြောက်ဦးကို ချမ်းအေးသာစံ မြို့နယ် မှုသေးအမှတ် ၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၅၀၅ (ခ) (ဂ)အရ ထပ်မံ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Mar022014

မိခင်ကောဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု


ပဲခူးတိုင်း ကဝမြို့နယ် ဖလေးကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ ၂၁ ရက်နံနက်၁၁နာရီခန့်က ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော နောက်တွဲပါ လယ်ထွန်စက်တို့ ရှောင်တိမ်းရာမှ ဆိုင်ကယ်မှ ခြေနင်းဘရိတ်အားနင်းရာမှ ဘရိတ်တံခြေနင်းနှင့် ကျောက်ခဲတိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသော မနီနီလွင်(၂၉)နှစ် ကိုယ်ဝန်ကိုးလလွယ်ထားသူသည် ထွန်စက်နောက်တွဲဘီးအောက်ရောက်ကြိတ်မိခဲ့၍ မိခင်ကောဗိုက်ထဲမှကလေးပါ သေဆုံးသွားခဲ့ပါသည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းမင်းမင်းလတ်နှင့် ဆိုင်ကယ်မောင်းသူ ကိုနိုင်လွင်တို့အား ကဝမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

Mar022014

အမြဲတမ်း ပေါ်ပြူလာဖြစ်နေမယ့် ဆံပင်ပုံစံများ

~ဆံပင်ပုံစံဆိုတာ လူအများအပြားအတွက် အင်မတန် အလေးထားရမယ့် အလှအပရေးရာပါ။ အနောက်တိုင်းက    MarieClaire  မဂ္ဂဇင်းမှာ အမြဲတမ်း ပေါ်ပြူလာဖြစ်နေမယ့် ဆံပင်ပုံစံများ ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ အဲဒီထဲက ကူးယူ ဖော်ပြရရင်...
အမေရိကန်သရုပ်ဆောင်၊ မော်ဒယ် Blake Lively ရဲ့ ဆံပင်ပုံစံက  အလှပြင်ဆိုင်တွေမှာ အတောင်းဆိုခံရဆုံးစတိုင်လို့ ဆိုတယ်။
Mar022014

ရန်ကုန်လေဆိပ်ကို အပြောင်းအလဲ ခပ်ကြီးကြီးလုပ်လိုက်ပြီ





ရန်ကုန်လေဆိပ်မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြင်တွေ့ရပါမယ်။
ပြည်တွင်းခရီးသည် ထွက်ခွာမယ့် အဆောင်က အရင်နေရာမှာ မဟုတ်တော့ပါ။ အရင်နေရာနဲ့ ကပ်လျက် အဆောက်အအုံ ဖြစ်သွားပါတယ်။
VIP အဆောက်အအုံလို့ အရပ်သားတွေခေါ်ကြတဲ့နေရာပါ။ တခြားနိုင်ငံကခေါင်းဆောင်များ လာတဲ့အခါ ကြိုပို့လုပ် အလေးပြုတဲ့နေရာပါ။ ပြင်ပက ကြည့်ရင် စုလစ်မွန်းချွန် ကနုတ်ပန်းများနဲ့ အလှဆင်ထားတဲ့အဆောက်အအုံပါ။

Mar022014

လူသိရှင်ကြား လိင်တူချင်း မင်္ဂလာဧည့်ခံပွဲ

မြန်မာနိုင်ငံမှာ လူသိရှင်ကြား ခန်းခန်းနားနားနဲ့ လိင်တူချင်း မင်္ဂလာပွဲ ဧည့်ခံပွဲတခုကို ပထမဆုံး ကျင်းပခဲ့ တာကတော့ Excel Treasure ဟိုတယ်မှာ မတ်လ ၁ ရက်နေ့က ဖြစ်ပါတယ်။ 


 ကိုမျိုးမင်းထက်၊ ကိုတင်ကိုကိုတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ၊ ဓာတ်ပုံ- ဦးအောင်မျိုးမင်း 

ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုဆိုတဲ့ အမျိုးသား ၂ ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲကတော့ တက်ရောက်လာ ကြသူတွေလည်း အတော် စည်ကားသလို သတင်းထောက် တွေလည်း အတော် စိတ်ဝင် တစား ရှိကြပါတယ်။ 
Mar022014

မွေးကင်းစ ကလေး မှောင်ခိုကွန်ရက် တရုတ် စီးနင်း

တရုတ် နိုင်ငံမှာ ကလေးမှောင်ခို လုပ်တဲ့ ကွန်ရက်ကို ရဲတွေ စီးနင်း နှိမ်နင်းခဲ့မှုအရ ကလေးငယ် ၄၀ဝ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး လူ တစ်ထောင်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ ကလေးမွေးစားမှုကို ဆောင်ရွက်တဲ့ တရားမဝင် အေဂျင်စီကလို့ ပြောဆိုပြီး အင်တာနက် ကနေတဆင့် ကလေးတွေကို ရောင်းစားကြတယ်လို့ အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြပါတယ်။

နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်မှုကြောင့် နို့စို့ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲလာတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။
Mar022014

အရန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်းအစိုးရဆင့်ခေါ်

ယူကရိန်းနိုင်ငံတောင်ပိုင်း Crimea ဒေသမှာ တပ်တွေဖြန့်ချထားဖို့ ရုရှားလွှတ်တော်က ခွင့်ပြုလိုက်ပြီးနောက်မှာ ယူကရိန်းက အရန်တပ်သားတွေကို
ဆင့်ခေါ်လိုက်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့အတွက် ခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ယူကရိန်း ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ အန်ဒရီး (Andriy Paruby) ကပြောပါတယ်။

နိုင်ငံရဲ့ အနာဂါတ်ကို ယူကရိန်းပြည်သူတွေက ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်ကို နေတိုးအဖွဲ့က ထောက်ခံတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် Anders Fogh Ramussen က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့အတွက် တန်ဖိုးရှိတဲ့ မိတ်ဆွေနိုင်ငံဖြစ်ပြီး ဒေသတွင်းမှာ
တင်းမာမှုဖြစ်အောင်လုပ်နေတာကို လျှော့ဖို့လည်း Mr. Ramussen က ရုရှားကို တိုက်တွန်းလိုက်ပါတယ်။

အိမ်ဖြူတော်ရဲ့အဆို ယူကရိန်းမှာဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ အင်မတန်စိုးရိမ်တဲ့အကြောင်းထုတ်ဖော်ပြောဖို့ သမ္မတ Barack Obama က ရုရှားသမ္မတ Vladimir Putin ကို စနေနေ့ညက မိနစ် ၉၀ လောက်ကြာအောင် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။
Mar022014

ယူကရိန်းမှာရုရှားစွက်ဖက်မှု အနောက်နိုင်ငံတွေ တုံ့ပြန်ဖို့ပြင်ဆင်

ရုရှားစစ်တပ်တွေ ယူကရိန်းနိုင်ငံထဲကို ဝင်ရောက်သွားခဲ့တဲ့အပေါ် ခပ်တင်းတင်းတုံ့ပြန်သွားဖို့အတွက် အနောက်အင်အားကြီးနိုင်ငံတွေက တနင်္ဂနွေနေ့မှာ ပြင်ဆင်နေကြပြီး ရုရှားအစိုးရအနေနဲ့ တပ်တွေကို ပြန်မရုပ်သိမ်းဘူးဆိုရင် စီးပွားရေးဒဏ်ခတ်မှုတွေ၊ သံတမန်ရေးပိတ်ဆို့မှုအပြင် ဥရောပမှာ မဟာမိတ်တပ်ဖွဲ့ရဲ့ ကာကွယ်ရေးတွေကို တိုးမြှင့်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

ရုရှားတပ်တွေက အခုအခါမှာ ခရိုင်းမီးယားဒေသကို အပြည့်အဝထိန်းချုပ်ထားနိုင်လိုက်ပြီး အဲဒီဒေသမှာ ရုရှားတပ်ဖွဲ့ဝင်အင်အား ၆ ထောင်ကျော်ရှိတယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားအစိုးရအဖွဲ့အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ သူ့အနေနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဒီလို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီးတော့ ရုရှားနိုင်ငံကို အထီးကျန်တဲ့နိုင်ငံဖြစ်အောင်လုပ်သွားဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။
Mar022014

ရုရှက စစ်ကြေညာနေတာလို့ ယူကရိန်း အစိုးရသစ်ပြော

ရုရှနိုင်ငံဟာ ယူကရိန်းနိုင်ငံကို စစ်ကြေညာနေတယ်လို့ ယူကရိန်း ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် Arseniy Yatsenyuk အာဆန်နီ ယာဆန်ယုက စွပ်စွဲပြောကြားခဲ့ပြီး ရုရှစစ်တပ်ကို ပြန်ရုတ်ဖို့ သမ္မတပူတင်ကို သူက တိုက်တွန်းလိုက်ပါတယ်။
ရုရှနဲ့ ယူကရိန်းကြား သဘောတူ လက်မှတ်ထိုးထားတဲ့ အပြန်အလှန် သဘောတူညီချက်တွေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ရုရှားစစ်တပ်ရုတ်သိမ်းဖို့ တိုက်တွန်ကြောင်း ယူကရိန်းကြားဖြတ် အစိုးရ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ယူကရိန်တပ်ဖွဲ့တွေကတော့ စတိုက်မှာ မဟုတ်ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကို အပြည့်အဝတိုက်ပွဲဝင်ဖို့ အသင့်အနေအထား တပ်လှန့်ထားပြီး အရံတပ်ဖွဲ့ဝင်တွေကို ခေါ်ယူထားတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
Mar022014

Myanmar Model Shwe Sin Photos

Shwe Sin - Attractive Studio Photoshoot
                                                              Myanmar Model Shwe Sin Photos. Check more inside
Mar022014

Myanmar Model - May Grace | မေဂရေ့စ်

Mar022014

နေ့စဉ်မနက်တိုင်း ချစ်သူကိုနမ်းပါက သာမန်ယောင်္ကျားထက် အသက်ပိုရှည်

ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။

မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး သာမန်ထက် ခုန်တာ မျိုးကို လည်း မနက်တိုင်း အနမ်းပေးတဲ့ အမျိုးသားတို့က မကြုံတွေ့ရ ပါဘူး။ Heart attack ဖြစ်နိုင်ချေ နည်းပြီး စိတ်ဖိစီးမှု၊ ပူပင်သောကတွေကိုလည်း ကျဆင်း စေကြောင်း ဆိုပါတယ်။

Mar022014

စုံတွဲအများစုသည် အွန်လိုင်းအကောင့်၏ Password များကို မျှဝေသုံးစွဲကြောင်းဆို

လက်ထပ် ထားသည့် သို့မဟုတ် စေ့စပ် ထားသည့် စုံတွဲ အများစုသည် အနည်းဆုံး အွန်လိုင်း အကောင့် တစ်ခု ၏ လျှို့ဝှက်နံပါတ် Password ကို မျှဝေ သုံးစွဲလေ့ ရှိကြောင်း Pew သုတေသန အဖွဲ့မှ လေ့လာမှုများ အရ သိရှိရသည်။ ဆက်ဆံရေး ရှည်ကြာ လာခဲ့ သည့် စုံတွဲ အများစုမှာ ယုံကြည် မှုကို ဖော်ပြသည့် အနေဖြင့် ယင်း ကဲ့သို့ ဝေမျှ သုံးစွဲခြင်းဖြစ် သည်ဟု သိရသည်။

သို့သော် မည်သည့် လျှို့ဝှက် နံပါတ်မျိုး ကို မျှဝေ သုံးစွဲကြောင်း တော့ မသိရှိရပေ။ Netflix နှင့် Seamless ကဲ့သို့သော အကောင့် များကို အတူ နေထိုင် သူနှင့် မျှဝေ သုံးစွဲသည်မှာ အဓိပ္ပာယ်ရှိသော် လည်း အီးမေးလ် နှင့် ဖေ့ဘွတ်ခ် တို့ ကဲ့သို့သော အကောင့်များကို မျှဝေ သုံးစွဲခြင်း သည် ပိုမို ပွင့်လင်းမှု တစ် မျိုးဟု ယူဆကြ သည်။

လျှို့ဝှက် နံပါတ်ကို မျှဝေသုံး စွဲခြင်း သည် အသက် အရွယ်နှင့် မသက် ဆိုင်ကြောင်း လေ့လာမှုများ အရ သိရှိ ရသည်။

Mar022014

ကလေးများရှေ့မှာ မိဘများရန်ဖြစ်ပြပါက ကလေးများ၏ ဦးနှောက်အပေါ် ဆိုးကျိုးများရှိနိုင်

ဆုမြတ်
ကလေးများ ရှေ့တွင် မိဘ လုပ်သူများ ရန်ဖြစ် ငြင်းခုံခြင်းသည် ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှု အပေါ် ဆိုးကျိုး သက်ရောက် မှုများ ရှိစေနိုင် ကြောင်း သိရသည်။

ဦးနှောက် ကို သံလိုက် လှိုင်းသုံး ပုံရိပ်ဖော် လေ့လာမှုများ အရ အသက် ဆယ့်တစ်နှစ် အထိ မိသားစု ပြဿနာ များကို အနည်းနှင့် အများကြုံတွေ့ ခဲ့ရသည့် ကလေးများ သည် ဦးနှောက် ဖွံ့ဖြိုးမှု နှေးကွေးပြီး စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ ပြဿနာများ တွင် မိဘများ အကြား ဆက်ဆံရေး တင်းမာ မှုများ၊ ကိုယ်ထိ လက်ရောက် သို့မ ဟုတ် စိတ် ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ၊ ချစ်ခင် နွေးထွေးမှု မရှိခြင်း သို့မဟုတ် မိသားစု ၀င်များအကြား ဆက်ဆံရေး အေးစက်ခြင်း စသည် တို့ ပါဝင်သည်။
Mar022014

ထူးဆန်းသည့် လူသားဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် မွေး

မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ မြရေနံရပ် အကွက် (၈၂) ကြက်သွန်ဖို ရပ်ကွက်နေ ကိုငွေအောင် ၊ မချို တို့၏ နေအိမ်၌ မွေးထားသော ၀က်မကြီးမှ လူသား ဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီခွဲက မွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ၀က်ငယ်သည် ၄င်း၏ မိခင် ၀က်မကြီးမှ ၇ ကောင်မွေး ရာတွင် ၆ ကောင်မြောက် ဖြစ်ကြောင်း ၊ ဦးခေါင်းသည် လူသား ကလေးငယ် နှင့်တူ၍ နဖူးတွင် အနီရောင် အမှတ် ပါရှိကြောင်း ၊ ဦးခေါင်းပိုင်း အမွေးများမှာ အခြား ၀က်များကဲ့သို့ မဟုတ်ဘဲ ပို၍ ရှည်လျားပြီး မျက်ခုံးမွေးလည်း ပါကြောင်း သိရသည်။

" မွေးပြီးတော့ ထူးခြား နေတာ တွေ့ရတယ် ၊ ကလေး တစ်ယောက်လို သဘောထားပြီး ခြင်ထောင်ထဲမှာ အတူ ထားပြီး ညအိပ်ခဲ့ တာပဲ ၊ အော်တဲ့ အသံကလည်း အခြားဝက် တွေနဲ့ မတူဘူး ၊ သနားမိ တာကြောင့် ကလေး တစ်ယောက်လို ပြုစု နေရတယ် ... " ဟု ၀က်ရှင် မချို က ပြောပြသည်။
Mar022014

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

ရန်ကုန်၊ မဇ္ဈိမ ။ ။ ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ (၄၉)လမ်းနှင့် လမ်း (၅၀)ကြားတွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် ဈေးရောင်းသူ မအေးအေးရီ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

Mar022014

ရွှေဘိုတက္ကသိုလ် ကျောင်းသားများ ရန်ပွဲဖြစ်ရာမှ ကျောင်းသားနှစ်ဦး ဒဏ်ရာရ

ရွှေဘို၊ မဇ္ဈိမ။            ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသားတချို့သည် လ ၂၇ ရက် ညနေ ၅ နာရီခွဲ အချိန်က ကျောင်းသား အချင်းချင်းရန်ပွဲဖြစ်ရာ ကျောင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွှေဘိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ အမှတ်(၁၀) သူဇာရပ်ကွက်အတွင်းရှိ အမျိုးသမီးအဆောင်တစ်ခုရှေ့တွင် အဆောင်သူ တစ်ဦးနှင့် သူမ၏ သူငယ်ချင်း သူငယ်ချင်းလေးယောက်သည် အဆောင်ရှေ့တွင် စကားပြောနေခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။
ထိုစဉ် သတ္တဗေဒ ပထမနှစ် ကျောင်းသားတစ်ဦးနှင့် သူ၏ သူငယ်ချင်း သုံးယောက်တို့ ရောက်ရှိလာပြီး အဆောင်သူမိန်းကလေး၏ သူငယ်ချင်းများကို သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုမြို့မရဲစခန်းရှိ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
Mar022014

အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်

ရန်ကုန်၊ မဇ္ဈိမ ။ ။ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခံရမှုတွက် ပြုမှုကျူးလွန်သူဟု ယူဆထားသူ ညီအစ်ကိုနှစ်ဦးကို အမှုဖွင့် တိုင်တန်းထားသဖြင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက မတ်လ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို တန်းတပင်မြို့နယ် ကျေးရွာတစ်ခုရှိ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းထားသည်။

အမှုမှာ ည ၉ နာရီအချိန်က အစ်မဖြစ်သူ၏ နေအိမ်မှ အစ်မယောက္ခမဖြစ်သူ နေအိမ်သို့ သွားရောက်စဉ်တွင် လမ်းတွင် ဆွဲခေါ်ခံရပြီး အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

Mar022014

မြင်းမူ မြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်

မြင်းမူ မြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိကြောင်း အဆိုပါရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။
Mar022014

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်မည်ဟုဆို

ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူ များကို ထောက်ပံ့နိုင်မည့် ဖောင်ဒေးရှင်းတစ်ခုကို ယခုနှစ်အတွင်း ထူထောင်မည် ဖြစ်ကြောင်း နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်က ပြောကြားသည်။

ငပုတောမြို့နယ် မော်တင်တောင်တွင် တည်ထားသော မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ထီးတော်တင် မင်္ဂလာ အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဖောင်ဒေးရှင်း နာမည် ဘာဖြစ်မယ်။ ဘယ်ကဏ္ဍကို ကူညီဆောင်ရွက် ဖြစ်မယ်လို့တော့ ပြောလို့ မရသေးပါဘူး၊ ပညာရှင်တွေနဲ့ တိုင်ပင်နေတုန်းပဲ ရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။
Mar022014

အိမ်နီးချင်းနိုင်ငံနှစ်ခုက ဘ၀တူညီအစ်မပါဟုဆိုသူ နိုင်ငံခေါင်းဆောင် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်

suu-kyai-and-Sheikh-Hasinaအိမ်နီးချင်းနိုင်ငံ နှစ်ခုမှ ဘ၀တူ ညီအစ်မ နှစ်ဦးပါဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တင်စားပြောဆိုသူ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံမည်ကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နာမည်ကြီးသတင်းဌာနတခုဖြစ်သည့် BD News24 အွန်လိုင်းစာ မျက်နှာတွင် ဘင်္ဂလီဘာသာဖြင့် ယနေ့ ရေးသားဖေါ်ပြသည်။

“ တနင်္လာနေ့ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီးနာတို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု သတင်းက ဆိုသည်။
Mar022014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မီဒီယာများပထမဆုံးအကြိမ်တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်ပထမဆုံးအကြိမ်အဖြစ် မီဒီယာများနှင့် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၅ ရက်နေ့ မွန်းလွဲပိုင်း တွင် တွေ့ဆုံမည့်ယင်းတွေ့ဆုံပွဲ အတွက် ပြည်တွင်းမီဒီယာများသို့  မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ တစ်ဆင့်ဖိတ်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအတွက် မီဒီယာများမှတက်ရောက်မည့်သူ များသည်မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာန၌ အချက် (၁၀) ချက်ပါ ကိုယ်ရေးအချက်အလက်ပုံစံများ   ဖြည့်စွက်၍မတ် ၂ ရက် ညနေ ၆ နာရီနောက်ဆုံးတင်ပြရကြောင်း သိရသည်။
Mar022014

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အချိန်အခါကောင်းဟု သမ္မတ ပြော

လယ်ယာကဏ္ဍ အပါအ၀င် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အချိန်အခါကောင်း ဖြစ်တယ်လို့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ ပေးပို့ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ တောင်သူလယ်သမားနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
တောင်သူလယ်သမားတွေ လက်တွေ့ အကျိုးစီးပွားဖြစ်ထွန်းဖို့ သမ၀ါယမကဏက ထိထိရောက်ရောက် လုပ်ဆောင်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
သမ္မတရဲ့ သ၀ဏ်လွှာထဲ တောင်သူအရေး ဆောင်ရွက်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကဏ ထဲ့သွင်းဖော်ပြထားတာ မတွေ့ရသလို တောင်သူအရေး တောင်သူတွေကိုယ်တိုင် တောင်းဆိုနိုင်ဖို့ တောင်သူလယ်သမားသမဂ ဖွဲ့ကြဖို့ တိုက်တွန်းထားတာမျိုး မတွေ့ရဘူးလို့ တောင်သူကွန်ရက်တွေက ထောက်ပြကြပါတယ်။

By
Mar022014

ကျန်သက်တမ်းကာလ ကျေးလက် ဖွံ့ဖြိုးရေး ဆောင်ရွက်မည်

အစိုးရရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်း မှာ တောင်သူလယ်သမားတွေနဲ့ နိုင်ငံသားအားလုံး အတွက် ကျေးလက်ဒေသ ဖံွ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျရောက် တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် နိုင် ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာ မှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံလူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်း တောင်သူလယ်သမားတွေအတွက် လယ်ယာကဏ္ဍ ဖံွ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊
Mar022014

တရုတ်-ကူမင်း ဘူတာရုံ ဓားနဲ့အကြမ်းဖက်မှု ၃၃ ဦးသေဆုံး

တရုတ်နိုင်ငံ တောင်ပိုင်း Kunming မြို့တော်က မီးရထားဘူတာရုံတစ်ခုမှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမည်မသိ လူ ၁၀ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဓားစာခံ  ပြည်သူ ၂၉ ယောက်နဲ့အတူ တိုက်ခိုက်သူ ၄ ယောက်လည်း ပါခဲ့ပါတယ်။ တိုက်ခိုက်သူတွေထဲက ၁ ယောက်ကို လက်ရဖမ်းဆီးနိင်ခဲ့ပြီး ၄ ယောက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကျန်တဲ့တိုက်ခိုက်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB