Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးရှိ ချောင်းဘေးသို့ အိမ်စီးကားတစ်စီး အရှိန်လွန်ထိုးကျမှု ဖြစ်ပွား


ခုနစ်ပင်လိမ်ချောင်းဘေးသို့ ထိုးကျခဲ့သည့် အိမ်စီးကားကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးရှိ ချောင်းဘေးသို့ မတ် ၁၈ ရက် နံနက် ၁၁ နာရီခွဲတွင် အိမ်စီးကားတစ်စီး အရှိန်လွန်၍ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အရှိန်လွန်ထိုးကျမှု ဖြစ်ပွားခဲ့သည့် ကားအမျိုးအစားမှာ ipsum အဖြူရောင် အိမ်စီးကားဖြစ်ပြီး ကားပေါ်တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါကားကို မောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသားမှာ နှုတ်ခမ်းကွဲခြင်းနှင့် နှာခေါင်းရိုးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများထံမှ သိရသည်။

“အခုကျသွားတဲ့ကားက အနောက်ကလိုင်းကားတွေကို ပေးကျော်ဖို့ ဘေးဆွဲကွေ့ရင်း ချောင်းထဲကို ဆင်းကျသွားတယ်။ ကားရောလူတွေပါ ကြီးကြီးမားမား ထိခိုက်ကြတာတော့ မတွေ့မိပါဘူး။ ချောင်းဘေးမှာရှိတဲ့ ရေပိုက်ကြီးတွေ မတိုက်မိတာရယ် ထိုးကျတဲ့နေရာမှာ အမာပစ္စည်း မရှိတာကြောင့် တော်တော်ကြီးကို သက်သာသွားစေပါတယ်” ဟု ဖြစ်စဉ်အား အစအဆုံးတွေ့မြင်ခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အနီးရှိ ယာဉ်ထိန်းရဲတစ်ဦးကို မေးမြန်းခဲ့ရာ “အခုဖြစ်ပွားခဲ့တဲ့ နေရာက သင်္ဃန်းကျွန်းမြို့နယ် အပိုင်းထဲမှာ ဖြစ်ပွားခဲ့တာပါ။ ကျွန်တော်တို့က တာမွေမြို့နယ်က တပ်ဖွဲ့ဝင်တွေဆိုတော့ ယာဉ်ကြောရှင်းပေးဖို့ပဲ လာရောက်တာပါ။ ဖြစ်စဉ်စုံစမ်းစစ်ဆေးမှုတွေကိုတော့ သင်္ဃန်းကျွန်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေပဲ ဆောင်ရွက်ပါလိမ့်မယ်” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ ခုနစ်ပင်လိမ်ချောင်းဘေးသို့ ထိုးကျခဲ့သည့်ကားကို တစ်နာရီအကြာတွင် ကရိန်းကားဖြင့် သယ်ယူမှုများ ပြုလုပ်ခဲ့ပြီး ကားမှာအရှေ့ပိုင်းနှင့် ယာဉ်အောက်ပိုင်းသာ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB