Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

Mar082014

Android Application Music APK လေးအလွယ်ဆုံးဖန်တီးနည်း

မင်္ဂလာပါခင်ဗျာ.........
          ကိုယ်ပိုင်နံမည်လေးတွေနဲ့ Android Application လေးတွေ အလွယ်ကူဆုံးဖန်တီးချင်တဲ့
 သူငယ်ချင်းများအတွက် အလွယ်ကူဆုံး Music player လေးဖန်တီးနည်းလေးပါ သူငယ်ချင်းတို့
              ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေနဲ့ ဖုန်းဆော့ဝဲလေးတစ်ခုဖန်တီးရမှာဖြစ်ပါတယ် ဖုန်းရဲ့
မော်ဒယ်ကိုကြည့်ပြီး သီချင်းအပုဒ်အရေအတွက်ကို ချိန်ထဲ့ပေးရမှာဖြစ်ပါတယ် သီချင်းအပုဒ်ရေ
    များလွန်းနေရင်တော့ ဖုန်းမှာ install လုပ်မရတဲ့ပြဿနာလေး ဖြစ်ပေါ်လာနိုင်ပါတယ် သီချင်းမှမဟုတ်
တရာတော်တွေပါ ဖန်တီးနိုင်ပါတယ် လုပ်နည်းလေးစမယ် မလုပ်ခင်အရင်ဆုံး လုပါအပ်တဲ့ ဆော့ဝဲလေးတွေ ဒေါင်းယူလိုက်ပါ ဖုန်းဆော့ဝဲဖန်တီးမယ်ဆိုရင်တော့ Java ဆော့ဝဲကတော့
          ရှိပြီးဖြစ်မယ်ထင်ပါတယ်    

                                     Android Music App Maker.rar
 ဆော့ဝဲကို ဒေါင်းပြီးရင်တော့ အမြဲတမ်းအသုံးပြုနိုင်ရန် Patch လုပ်ရမှာဖြစ်ပါတယ် အောက်မှာ
           ပုံလေးနှင့် ရှင်းပြပေးထားပါတယ်

Mar082014

Internet ပေါ်တွင် မိမိကိုယ်ပိုင် DIRECT TV CHANNEL ထုတ်လွှင့်နည်း ( မြန်မာလို - EBook 2014 )

Internet ပေါ်တွင် မိမိကိုယ်ပိုင် DIRECT TV CHANNEL ထုတ်လွှင့်နည်း ( မြန်မာလို - EBook ) စာအုပ်
လေးဖြစ်ပါတယ်။ Myanmar IT Helper ရေးသားထားပါတယ်။ အားလုံးသော Internet User များအတွက်အလွန်အကျိုးရှိလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်။ ဒီနည်းကို မိမိဥာဏ်စွမ်းရှိသလို လူမှုရေး ၊ စီးပွားရေး ၊ ပညာရေးနယ်ပယ်တွေမှာ အဆင့်အတန်းမြင့်မားစွာနဲ့အသုံးချနိုင်ပါလိမ့်မယ်။ အဓိကကတော့ အင်တာနက်လိုင်းလေး နည်းနည်းကောင်းနေဖို့ပါဘဲ။ လေ့လာလိုသူများ Download ရယူနိုင်ပါပြီခင်ဗျာ။

Mar082014

RAR File နဲ့ ZIP File တွေ password မသိတော့ရင် အလွယ်ကူဆုံးဖြည်နည်း

ဒီနေ့ ကျွန်တော့် စာဖတ်မိတ်ဆွေများထဲက နည်းပညာပိုင်း အားနဲ့တဲ့ ပရိတ်သတ်တွေ အတွက် ရည်ရွယ်ပြီး ဒေါင်းလော့ချထားတဲ့ File တွေမှာ ပတ်ဝတွေနဲ့ ဖြစ်နေတာ မသိတော့ ဖြေမရဖြစ်နေတာ တွေ အတွက် လွယ်ကူရိုးရှင်းတဲ့ rar zip password ဖြေနည်းလေး ပြောပေးလိုက်ပါတယ် ဒီနည်းအတွက် winrar ဆော့ဝဲလ်နဲ့ အင်တာနက် ရှိဖို့တော့လိုပါတယ် winrar ကတော့ စက်တိုင်းနီးပါးရှိပါလိမ့်မယ်

1.ဒီနေရာကို  သွားပါ
2. Browse ဆိုတာကနေ ကိုယ်ဖြေချင်တဲ့ file ကို ပြပေး(ရွေးပေး) လိုက်ပါ 
3. နောက် File ကို ကိုယ်ပြထားတာက .rar ဆိုရင်လွယ်လွယ်ကူကူဖြစ်အောင် .zip ကိုပြောင်းပေးလိုက်ပြီး
Convert File ဆိုတာကို နှိပ်ပေးလိုက်ပါ ပြောင်းသွားပါမယ် 
4. အဲဒီရလာတဲ့ ဇစ်ဖွိုင်ကို ဒေါင်းလော့ချပါ 
နောက် ဖွင့်ကြည့်လိုက်ပါ ပတ်ဝတွေ မရှိတော့ဘဲ ဖြေလို့ရသွားပါမယ်
အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်..
Mar082014

မလေးရှား လေယာဉ် ပျောက်ဆုံးမှု နောက်ဆက်တွဲ သတင်း

ဒီကနေ့ စနေနေ့မနက် ၀၀:၄၁ နာရီမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်း ဆီ ပျံသန်းသွားတဲ့ မလေးရှား အဲလိုင်းလေယာဉ် တစ်စင်းဟာ လမ်းတဝက်ခန့်မှာ အဆက်အသွယ် ပျောက်ဆုံးသွား ပျက်ကျသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်နေပါတယ်။

ဒါပေမယ့် ပျောက်ဆုံးနေတာ နေ့တစ်ဝက်ခန့် ကြာနေပေမယ့် အခုထိ ရေရာတဲ့ အတည်ပြုချက်မထွက်သေးသလို၊ ပျက်ကျတယ်လို့ ဆိုတဲ့ ပြောဆိုမှုတွေမှာလည်း နေရာတွေ ကွဲလွဲနေကြပါတယ်။

ဗီယက်နမ်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးကတော့ အဆိုပါလေယာဉ် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်ထဲ ပျက်ကျသွားတယ် လို့ ပြောပေမယ့် လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ မလေးရှားအာဏာပိုင်တွေကတော့ အတည်မပြုနိုင်သေးကြောင်း ၊ အပျက်အစီးတွေကို တွေ့ရှိဖို့ ကြိုးပမ်းရှာဖွေနေကြောင်း မကြာသေးခင်က သတင်းထုတ်ပြန်ပါတယ်။

Mar082014

အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ ၄ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ သစ်ရာကောက်- ကိုးပင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၄-၅)ကြား၊ လက်ပံရွာသစ်ရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ မိကျောင်းရဲနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးမြို့နယ်၊ သပွတ်ကျောရွာနေ စိုးတင့်(၃၅)နှစ်မောင်းနှင်သော ၉ဌ/xxxxဖော အပြာရောင်ယာဉ်သည် ခရီးသည်နှင့်ကုန်စုံများတင်ဆောင်၍ မကွေးမြို့မှသပွတ်ကျောရွာသို့မောင်းနှင် လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် သပွတ်ကျောရွာနေသူများဖြစ်သည့် ဒေါ်စန်းဝင်း(၄၀)နှစ်၊ ဒေါ်တင်ရင်(၄၅)နှစ်၊ မသင်းသင်းလှ(၃၇)နှစ်နှင့် မစိန်စိန်နု(၃၈)နှစ်တို့ ၄ ဦးမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း စိုးတင့် ပါ(၁၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးတင့်အား မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Mar082014

ဇနီးမောင်နှံ စကားများရာမှ ဇနီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဟန် ကျေးရွာအုပ်စုရှိ နားကောင်းမူး ရဲကင်းမှ ၉ မိုင်ခန့်ကွာ ဝေးသည့် တောင်ယာတဲ တစ်ခုတွင် မတ်လ ၅ ရက် ည ၁၀ နာရီခန့်က လင်မယား စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း ရဲအရာရှိ ဒုရဲအုပ်ရွှေ့သန်းက ပြောကြားသည်။
“နားကောင်းမူးဘက်မှာ ဇနီးမောင်နှံ ကိစ္စနဲ့ လူသတ်မှုတစ်ခု ဖြစ်တယ်။ မယားကတော့ ပွဲချင်းပြီး သေတယ်။ လင်ကတော့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးလို့ ဖမ်းလာပြီး မိုင်းတုံဆေးရုံကို ပို့ထားတာ ဒီမနက် (မတ်လ ၇ ရက်) ၃နာရီခွဲမှာ ရတဲ့ဒဏ်ရာနဲ့ သေသွားပြီ” ဟု ၎င်းကဆိုသည်။

နားကောင်းမူးကျေးရွာ တောင်ယာတဲတွင် နေထိုင်သော ကျကျိုးတီးနှင့် ဇနီး မနာထောတို့ ဇနီးမောင်နှံ ယင်းနေ့ ည ၁၀ နာရီဝန်းကျင်တွင် လင်မယား စကားများရာမှ အိပ်ရာဘေးတွင် အသင့်ချထားသည့် ဓားဖြင့် မနာထော၏ ယာဘက်ရင်အုံကို ထိုးခဲ့ကြောင်း၊ ကျကျိုးတီးမှာ အိပ်ရာ၌ ပြန်အိပ်နေပြီး နံနက် မိုးလင်းခါနီးတွင် ပတ်ဝန်းကျင်မှ ဆူဆူညံညံ အသံများ ကြားရ၍ ကြောက်လန့်ပြီး အိပ်ရာဘေးတွင် ရှိသော အရိုးအသွားတပ် အရှည် ၁၂ လက်မခန့်ရှိသော ဓားဖြင့် မိမိဝမ်းဗိုက်ကို နှစ်ချက် ထိုးခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယမြို့နယ်မှူး ရဲအုပ် ကျော်ဇင်လတ်က စစ်ဆေးတွေ့ရှိချက်ကို ပြောကြားသည်။
Mar082014

တံတားဖြူတွင် ၁၅ မိနစ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်၊ ယာဉ်ထိန်းရဲ သုံးဦးနှင့် အမျိုးသား နှစ်ဦး ဒဏ်ရာရ

ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်ရှိ တံတားဖြူ မှတ်တိုင် အနီးတွင် မတ်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲ ဝန်းကျင်က ၁၅ မိနစ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အမျိုးသား နှစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ပြည်လမ်းအတိုင်း လှည်းတန်းခုံးကျော် တံတားဘက်သို့ မောင်းနှင်လာသည့် ဧရာဝတီတိုင်း ဒေသကြီး သတင်းရဲတပ်ဖွဲ့မှ တပ်သား အောင်ဇော်ဇော် မောင်းလာသည့် BMW ဆလွန်းအမျိုးအစား ယာဉ်မှာ အရှိန်မထိန်းနိုင် ဖြစ်ပြီး ယာဉ်စစ်ဆေးရေး ဘယ်ရီဂိတ်ကို တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ဆက်လက်၍ လမ်းလယ်ရှိ ဘလောက်တုံး လေးတုံးကို ထပ်မံ ဝင်တိုက်ခဲ့ရာ ဘယ်ရီတုံးမှ လွင့်စင် ထွက်လာသော ကျောက်ခဲများက အနီးရှိ ယာဉ်စစ်ဆေးနေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
Mar082014

ခရိုင်းမီးယားအရေးအမျိုးသမီးတွေအပေါ်ပိုင်းဗလာနဲ့ ဆန္ဒပြ

ခရိုင်မီးယားပါလီမန်အနီးမှာအပေါ်ပိုင်းဗလာနဲ့ ဆန္ဒပြတဲ့အမျိုးသမီး၂ယောက်ကိုရဲ ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ပူတင်ရဲ့ စစ်ပွဲကိုရပ်လို့ ရင်ဘတ်မှာ စာရေးသားပြီးဆန္ဒပြကြတာဖြစ်ပါတယ်။
ရုရှားလိုလားသူတွေရဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက်မှုကိုခံခဲ့ရတယ် ဆန္ဒပြသူအမျိုးသမီးတွေက သူတို့ ရဲ့ ဝက်ဆိုက်မှာရေးသားထားပါတယ်။ဗီဒီယိုထဲမှာတော့ အမျိုးသမီးတွေကိုလုံခြုံရေးတွေ က သယ်ပြီးဗင်ကားထဲထည့်လိုက်တာကိုတွေ့ ရပါတယ်။
ခရိုင်းမီးယားလွှတ်တော်အမတ်တွေက ရုရှားနဲ့ ပူးပေါင်းဖို့ မဲဆန္ဒတွေပေးအပြီး လူထုဆန္ဒခံယူပွဲတစ်ခုကို မတ်၁၆ရက်မှာကျင်းပမယ်လို့ ကြေငြာပြီးတဲ့နောက်ဒီဆန္ဒပြပွဲဖြစ်ပွားခဲ့တာပါ။အလားတူပဲ နယူးယော့မှာလည်း အမျိုးသမီးတွေကအပေါ်ပိုင်းဗလာနဲ့ ယူကရိန်းအရေးအတွက်ဆန္ဒပြခဲ့ကြတယ် လို့ သိရပါတယ်။
Mar082014

ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်

ထိုင်းနိုင်ငံ၊ တာ့ခရိုင်အတွင်း ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုဆုပေးခံရသူ ၇ ဦးမှာ ပါဝင်တဲ့ ဒေါက်တာစင်သီယာမောင် (ယာ-အစွန်) ဓာတ်ပုံ၊ ဗွီအိုအေ
မတ်လ (၈) ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာအလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဒီနှစ်ဆောင်ပုဒ်ကတော့ Equality for woman is progress for all (အမျိုးသမီးများအားလုံး ညီတူညီမျှဖွံ့ဖြိုး တိုးတက်ဖို့) ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းလူမူဖူလုံရေးဌားနနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စီတန်းလမ်းလျှောက်ပွဲတွေနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ။
Mar082014

ကြီးပွားရေးအတွက်အားဆေးတခွက်

ကမ္ဘာပေါ်တွင် အောင်မြင်ကျော်ကြား
ကြီးပွားနေသူများသည်။ သူတပါးတောင်
ထိပ်ပေါ်သို့ ရောက်ရှိနေခြင်းကိုသာ အား
ကျ မနေဘဲ ကိုယ်တိုင် တောင်ပေါ်ကို တက်ရန်လည်း ကြိုးစားရပေမည်။
မသိမသာ ကွယ်ပျောက်သွားလျှင် အဆွေသည် မြက်ပင်ပေါင်းများ၏ ဘဝ
နှင့် ဘာများခြားနားပါသေးသနည်း။

လောကတွင် အောင်မြင်ပေါက်မြောက်
သွားသူများလည်း ရှိသည်။
အရေးမလှ ဆုံးရှုံးအရာမထင်သူများ
လည်းရှိသည်။
မည်သို့ပင်ဖြစ်စေ လုပ်ရင်း အရေးမလှသူ
ဖြစ်ရပြီးသည်က ဘာမျှမလုပ်ဘဲိဲ အချိန်
ဖြုန်းနေသော ဆန်ကုန်မြေလေး ဘဝ
ထက် သာလွန်ပေသည်။
မိမိမသိသော အတိတ်ကံကို စောင့်နေ
မည့်အစား မိမိပိုင်သော် ပစ္စက္ခအလုပ်
ကို အားကိုးစွာ စတင်လုပ် ရှားခြင်းက
ပို၍ရေရာပေသည်။
Mar082014

ခေတ္တအဝေးရောက် သမီးလေး ဖတ်ဖို့စာ


( မိဘရင်မှ ခေတ္တခွဲခွာ ပြည်မှာရပ်ခြား ပညာသင်သွား ချစ်သမီးများကို မိဘများကိုယ်စား ခံစားရေးဖွဲ့ပါသည် )

---- သူတစ်ပါးနိုင်ငံလူမျိုးခြားတွေကြားမှာနေတဲ့အခါ ကိုယ့်အကျင့်တစ်ခုမကောင်းဘူးဆိုရင် ပြင်ပေါ့ ၊ မဟုတ်ဘူးလား ၊ ပြင်တဲ့အချိန်ကစပြီး တန်းကောင်းသွားတာ ၊ မပြင်မချင်းကတော့ ဒီအတိုင်းဘဲ ၊ မပြင်ရင်တော့ နောက်ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူး ၊ အရင်လို စိတ်အလိုလိုက်လို့တော့မရဘူးနော် ၊ သမီးရောက်နေတာ အရင်လိုဗိုလ်ကျလို့ရတဲ့နေရာမဟုတ်ဘူး ၊ မမွေးသင့်တဲ့အရာတွေထဲမှာ ကိုယ့်ကိုယ်မှာရှိတဲ့ “ မကောင်းစိတ် “ လဲပါတယ် ။

---- ဒါတွေက ဘာနဲ့နွယ်နေလည်းဆိုတော့ မသိစိတ် ကို ကိုယ်စားပြုတဲ့ မောဟ - ဒီမောဟ ကြီးစိုးပြီဆိုရင် ကိုယ်လုပ်တာအကုန်မှန်တယ်လို့ထင်သွားတတ်တယ် ၊ ကိုယ်တကယ်မှန်နေရင်တော့ ဒီလောက်အကြောင်းမဟုတ်ဘူး ၊ ကြောက်စရာကောင်းတာက ကိုယ်မှားနေတာကို မှန်နေတယ်လို့ထင်စေတာဘဲ ၊ ဒါဟာ စိတ်ကိုလှည့်စားတာ လှည့်ဖြားတာ နောက်ကျိစေတာ အမှန်ဘဲ ။

---- ဘယ်လောက်အတိုင်းအတာအထိအဆိုးဆုံးဖြစ်သွားလဲဆိုတော့ ကိုယ်မှန်တယ်ထင်လို့ပြောနေတုန်း တစ်ပါးသူကလည်းမမှားဘူးလို့တုံ့ပြန်တဲ့အချိန် လောဘ နဲ့ ဒေါသ ကို အဖော်ခေါ်လာတဲ့အထိဘဲ ၊ နောက်ထပ်ညီနောင်စိတ်ဆိုး စိတ်ယုတ်တွေ ထပ်ကယ်ငြိပြီဆိုတော့ သိတဲ့အတိုင်း အသွေးအသား မီးယပ်ဇီဝဖြစ်စဉ်နဲ့ ဖွဲ့စည်းထားတဲ့ မိန်းမဆိုတဲ့အမျိုးနွယ် ဘာခံနိုင်မလဲ စိတ်အရမ်းတိုတော့တာပေါ့ ၊ မလွှတ်လိုက်နဲ့ သမီး ၊ နိုင်အောင်စိတ်ကိုထိန်းရမယ် ။

Mar082014

ပင်ကိုအလှပိုပေါ်လွင်မှု ရှိရအောင်

                         
စာညွှန်း
The gadget you added is not valid

ပင်ကိုအလှ ပိုပေါ်လွင်မှုရှိရအောင်
လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက်ရဲ့ ပြင်ဆင် နေထိုင်ပုံ တွေကြောင့် ပိုမိုတင့်တယ် တောက်ပသွား တတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။

(၁) မတ်မတ်ရပ်ပါ

မတ်မတ်ရပ်တာက သင့်ကို စမတ်ကျကျ ကြည့်ကောင်းစေတဲ့ အပြင် ကျောရိုးမကြီး ကိုလည်း ပျော့ပျောင်း သန်စွမ်းကာ ဖြောင့်မတ်စေ ပါတယ်။ တကယ်လို့ မတ်မတ်ရပ်ရတာကို ညောင်းညာတယ်လို့ ခံစားလာရရင် ဒူးတွေကို အနည်းငယ်ကွေးပြီး ခြေထောက် နှစ်ချောင်းကို အနည်းငယ်ခြားကာ ရပ်ပါ။ ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပြီး ပခုံးတွေကို အနားပေးကာ ဦးခေါင်းနဲ့ လည်ပင်းကို ပခုံးနဲ့ တစ်တန်းတည်း ထားပေးဖို့ လိုပါတယ်။

Mar082014

အမှားတစ်ခုကြောင့် ဘ၀ကို မဖျက်ဆီးလိုက်ပါနဲ

တစ်နေ့က သူငယ်ချင်းနှစ်ပါး အသုဘတစ်ခုကြွကြတယ်။
သူတို့ ပြန်လာတဲ့အခါ ၀မ်းနည်းစရာ အဖြစ်အပျက်လေး
တစ်ခု ပြောလာပါတယ်။
“သေသွားတဲ့သူက အသက်ငယ်ငယ်၊
မင်းသမီးအရှုံးပေးလောက်အောင် လှပတဲ့
မိန်းကလေးတစ်ယောက်ပဲ။
သူမဟာ သူ့ကိုယ်သူအဆုံးစီရင်ပြီး သေသွားတာ”
လို့ ပြောပါတယ်။
ဘာကြောင့်ဒီလို လုပ်သလဲဆိုတာတော့
မသိပါဘူး။ ဒါပေမယ့် တန်ဖိုးရှိတဲ့ လူ့ဘ၀တစ်ခုကို
ခုလို ဖျက်ဆီးလိုက်တာကတော့ နှမြောစရာပါ။

“လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မပြည်က
အပ်တစ်စင်း ထိချင်ထိမယ်။ လူဖြစ်ဖို့ရာ မလွယ်ဘူး”လို့
ဘုရားက ဟောပါတယ်။
www.facebook.com/youngbuddhistassociation.mm
ဒါကြောင့် လူ့ဘ၀တစ်ခုခုကို လွယ်လွယ်နဲ့
အဆုံးမစီရင်သင့်ပါဘူး။ လူအများစုဟာ
အမှားတစ်စုံတစ်ရာ ဖြစ်လာရင် စိတ်လိုက်
မာန်ပါ ကြံမိကြံရာ ကြံတတ်၊ လုပ်တတ်ကြတယ်။
ဒါနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ ဥပမာလေး
တစ်ခု ပြောချင်ပါတယ်။
Mar082014

မိဘများ စဉ်းစားကြဖို့ပါ

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ )

ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။
Mar082014

ရိုးဂုဏ်( ရိုးသားတဲ့ဂုဏ်) ရှိစေဖို့ 


ဘ၀မှာရိုးသားမှုဆိုတာ နေရာတိုင်းသိပ်အရေးကြီးပါတယ်။ နေ့ စဉ်ဖြတ်သန်းနေရတဲ့ အချိန်တွေမှာ ရိုးသားတဲ့အချိန်တွေ အင်မတန်နည်းကာင်း၊နည်းနေမှာပါ၊ ဒါပေမယ့် ရိုးသားမှုနဲ့ လုပ်ဆောင်တဲ့ အလုပ်တိုင်းအတွက် ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေကို ရမှာတော့ မလွဲပါဘူး။ ရိုးသားတယ်ဆိုတဲ့အနေထားနဲ့ တုံး တဲ့ အ တဲ့အနေထားက ကွာပါတယ်။ ရိုးသားမှုဟာ သစ္စာတရားပေါ်ကို အခြေခံတာပါ။ အမှန်ကို အမှန်တိုင်း၊ အရှိကို အရှိတိုင်း ပြောတတ်တဲ့ အလေ့အထဖြစ်ပါတယ်။ အဲ့လိုပြောဆို ကျင့်ကြံခြင်း
အားဖြင့် လူတစ်ယောက်ဟာ မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုဖြစ်လာလိမ့်မယ်။ ခွန်အား တွေ ပိုတိုးလာလိမ့်မယ်။ လုပ်ဆောင်မှုတွေပို အောင်မြင်လာပါလိမ့်မယ်။

ရိုးသားမှု့ ကြောင့်ရလိုက်တဲ့အကျိုးကျေးဇူးတွေကနေ လူတစ်ယောက်အတွက် အောင်စိတ်(အောင်မြင်တဲ့စိတ်) ဖြစ်လာတာပါပဲ။ သူဟာတဖြည်းဖြည်းနဲ့  ရိုးသားမှုကို အခြေခံတဲ့ အောင်မြင်မှုတွေ ရလာတဲ့အခါ၊ လိမ်ညာမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ရှုံးနိမ့်မှုမျိုးတွေကို ရွံ့ ရှာတတ် လာလိမ့်မယ်၊ မုန်းတီးတတ် လာပါလိမ့်မယ်။ ဒါဟာ အင်မတန်အဖိုးထိုက်တဲ့
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB