Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မြန်မာ့ပြည်ပချေးငွေ ထက်ဝက်နီးပါး တရုတ်ထံမှချေး၊ ကန်ဒေါ်လာ သန်း လေးထောင်ကျော် အထိရှိ

မြန်မာနိုင်ငံက နိုင်ငံတကာထံ ချေးယူငွေများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးယူထားငွေမှာ ပြည်ပချေးငွေ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၄၀၂၈ ဒဿမ ၁၉၃ သန်း ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေ ပမာဏကို သိရှိလိုသည့် မယ်စဲ့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်း၏ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက ချေးငွေ ယူထားသော ပြည်ပနိုင်ငံ အဖွဲ့အစည်း ၁၆ ခုသို့ ပေးဆပ်ရန် ကျန်ရှိငွေ ပမာဏ အမေရိကန်ဒေါ်လာ ၉၅၈၄ ဒသမ ၈၉၄ သန်းရှိပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ချေးယူထားငွေများ ဖြစ်ကြောင်း ဒေါက်တာ လင်းအောင်က ပြောကြားသည်။

မြန်မာအမျိုးသမီးတွေ ဘဝလုံခြုံမှု နဲ့ ဥပဒေ



အမျိုးသမီးတွေ ကာကွယ်ဖို့  ဥပဒေ

အိန္ဒိယ နိုင်ငံ မှာ ဆေးကျောင်းသူလေး တယောက် ကို လူတစု က အုပ်စုဖွဲ့ မုဒိန်းကျင့် လို့ ဆေးကျောင်းသူလေး သေဆုံးတဲ့ အမှု ပေါ်ပေါက် ပြီး မကြာခင်မှာ အမျိုးသမီး ဓါတ်ပုံ သတင်းထောက် တယောက် ကို လည်း အုပ်စု ဖွဲ့ မုဒိန်းကျင့်မှု ဖြစ်ခဲ့ပါတယ်။

ဒီအမှု နဲ့ ပတ်သက်တဲ့ တရားခံ လေးယောက် ကို တရားရုံး က အပြစ်ရှိကြောင်း အမိန့်ချပြီး ကနေ့ မှာ အပြစ်ဒဏ် စီရင်ချက် ချမှတ်တော့မှာပါ။ အခု အချိန်မှာ မုဒိန်းမှု တွေ တိုးလာလို့ အိန္ဒိယ အစိုးရ က ကိုင်တွယ် အရေးယူမှု ကို အမြန် လုပ်လာတာ တွေ ရပါတယ်။

မြန်မာ နိုင်ငံမှာ ရော အမျိုးသမီး တွေ ဘဝ လုံခြုံမှု ရှိမရှိ နဲ့ တရားဥပဒေ အရ အကာအကွယ် ပေးတဲ့ အခြေအနေ နဲ့ ပတ်သက် လို့ CARE MYANMAR NGO အဖွဲ့ က အကြံပေး အရာရှိ နန်းဖြူဖြုလင်း ကတော့ မြန်မာနိုင်ငံက အမျိုးသမီးများ မတရား ပြုကျင့်ခြင်း က ကာကွယ် စောင့်ရှောက်တဲ့

MH370 ယာဉ်ပေါ်မှာ ပါသွားခဲ့တဲ့ စတန့်မင်းသား အတွက် ရုပ်ရှင် အဖွဲ့သားများ ဆုတောင်းလျက်ရှိ



ပျောက်ဆုံးလျက် ရှိတဲ့ MH370 လေယာဉ်ပေါ်မှာ ဂျက်လီရဲ့ တွဲဖက် သရုပ်ဆောင် စတန့်မင်းသား ဂျူကွန်း လိုက်ပါ စီးနင်း သွားခဲ့တယ်လို့ မကြာသေးခင် က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သူက ဂျက်လီနဲ့အတူ တွဲဖက် ပြီး “The Expendables” နဲ့ “Forbidden Kingdom” စတဲ့ ကမ္ဘာ ကျော် ဇာတ်ကားတွေ အပါအဝင် ရုပ်ရှင် ဇာတ်ကား အများအပြား မှာ ပါဝင် သရုပ်ဆောင်ခဲ့ ဖူးပါတယ်။ ဂျူကွန်းက မလေးရှား မှာရှိတဲ့ ပိုင်ဝုဒ် စတူဒီယိုနဲ့ အလုပ် တွဲဖက်လုပ်ကိုင် ပြီးနောက် MH370 လေယာဉ်ကို စီးပြီး ဘေဂျင်း ကိုပြန် လာခဲ့တာပါ။

တရုတ်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိ

တရုတ်ဘက်သို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင်လာသည့် ခန့်မှန်းတန်ဖိုးကျပ် သန်း ၁၄၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ မူဆယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများသည် မတ် ၁၄ ရက်တွင် မန္တလေးမှ မူဆယ်သို့ တရားမ၀င် ကျောက်စိမ်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီး တစ်ဖက်နိုင်ငံသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သတင်းရသဖြင့် စောင့်ဆိုင်းစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။။

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်

                            Photo: ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေး ခဲ့သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာအပါအ၀င် အမှုဆောင်ကော်မတီဝင်များ စစ်ဆေးမေးမြန်းခံရမည်..
Friday, March 21, 2014 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် FBI ၏ စုံစမ်းစစ်ဆေးမှုအရ ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာသည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကာတာနိုင်ငံဆိုင်ရာ ဖီဖာအမှုဆောင် ကော်မတီဝင် ဘင်ဟမ်းမန်း ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ယူရို ၁ ဒသမ ၂ သန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဝါနာသည် ကာတာအစိုးရ တာဝန်ရှိသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီထံမှလည်း ဒေါ်လာနှစ်သန်းခန့် လက်ခံရယူခဲ့ကြောင်း ဗြိတိန်ထုတ် Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက် မိုက်ကယ်ဂါစီယာက မဲပေးရာတွင် ပါဝင်ခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂါစီယာ၏ မေးမြန်းမှုခံရမည့်သူများမှာ ဖီဖာဥက္ကဋ္ဌ ဘလတ္တာနှင့် လက်ရှိ အမှုဆောင်ကော်မတီ၌ တာဝန်ထမ်းဆောင်နေသူ ၁၁ ဦးဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် အိမ်ရှင်လျှောက်ထားမှု လုပ်ငန်းစဉ်နှင့် စည်းမျဉ်းများအား ချိုးဖောက်ခြင်းရှိ၊ မရှိတို့ကို ဦးစားပေး မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား ဥပဒေအကျိုးဆောင်ဖြစ်သူ ဂါစီယာသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း အိမ်ရှင်ကျင်းပခွင့် လျှောက်ထားသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကို စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။

Eleven Media Group

ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
ကာတာဝန်ကြီးချုပ် အယ်လ်သာနီနှင့် ဇနီး၊ ဖီဖာဥက္ကဋ္ဌ ဘလတ္တာတို့အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ
 ကျင်းပခွင့်ရရှိကြောင်း ကြေညာပြီးနောက် တွေ့ရစဉ် (Photo - AFP)
 
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် FBI ၏ စုံစမ်းစစ်ဆေးမှုအရ ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာသည် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကာတာနိုင်ငံ ဆိုင်ရာ ဖီဖာအမှုဆောင် ကော်မတီဝင် ဘင်ဟမ်းမန်း ပိုင်ဆိုင်သည့် ကုမ္ပဏီမှ ယူရို ၁ ဒသမ ၂ သန်း လက်ခံရယူခဲ့ကြောင်း၊ ထို့ပြင် ဂျက်ဝါနာသည် ကာတာအစိုးရ တာဝန်ရှိသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီထံမှလည်း ဒေါ်လာနှစ်သန်းခန့် လက်ခံရယူခဲ့ကြောင်း ဗြိတိန်ထုတ် Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းများ ထွက်ပေါ်လာပြီးနောက် မိုက်ကယ်ဂါစီယာက မဲပေးရာတွင် ပါဝင်ခဲ့သည့် အမှုဆောင်ကော်မတီဝင်များအား စစ်ဆေးမေးမြန်း ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပျက်အစီးဟု ဖြစ်နိုင်ခြေ အလွန် များသော အပိုင်းအစနှစ်ခုကို သြစတြေးလျဂြိုဟ်တုမှ တွေ့ရှိခဲ့သည့်နေရာသို့ နော်ဝေသင်္ဘောရောက်ရှိကာ ရှာဖွေမှုများပြုလုပ်နေ

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရှိသည်ဆိုသည့်နေရာသို့
 ပထမဆုံးရောက်ရှိသည့် နော်ဝေသင်္ဘော Hoegh ST.Petersburg
 
မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးနေသော လေယာဉ်မှ ဖြစ်နိုင်ခြေအလွန်များသော အပျက် အစီး အပိုင်းအစနှစ်ခုကို သြစတြေးလျက မတ် ၂၀ ရက်တွင် ပင်လယ်ပြင်၌ ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန် တွင် ပြောကြားခဲ့သည်။ အရာဝတ္ထုများကို ရှာဖွေစစ်ဆေးရန် တာဝေးသွား ထောက် လှမ်းရေးလေ ယာဉ် လေးစင်းသည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ဦးတည်မောင်းနှင် ခဲ့ကြကြောင်း သိရသည်။ ဂြိုဟ်တုဓာတ်ပုံများကို အထူးပညာရှင်များက လေ့လာသုံးသပ် ခဲ့ပြီးနောက် ပျောက်ဆုံးမလေး ရှားလေယာဉ်နှင့် ဆက်စပ်မှုရှိသော အရာဝတ္ထု နှစ်ခုဟု သတ်မှတ်နိုင်ခဲ့ကြောင်း အဘော့က ပြောကြားခဲ့သည်။

ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ

                                      Photo: ပုဂံတွင် ဥရောပစုံတွဲ မြန်မာ့ရိုးရာဓလေ့ထုံးစံနည်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပ
Friday, March 21, 2014 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် Mr.Alexandre Marcel MONNEY  နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃)နှစ်ရှိ Ms. Florence Marie Eugenia THELLIER  တို့သည် မင်္ဂလာဧည့်ခံပွဲအား ပုဂံမြို့ဟောင်း၊ ၀က်ကြီးအင်းရပ်ရှိ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲ တက်ရောက်လာသူများအား ရိုးရာဓလေ့ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း၊ ထို့နောက် မြစည်းခုံကျောင်းမှ ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    “သူတို့ သူများနိုင်ငံမှာ သူများရဲ့ရိုးရာဓလေ့နဲ့ မင်္ဂလာဆောင်ရတာ အမှတ်တရဖြစ်တဲ့အကြောင်း၊ ခုလိုပြုလုပ်တာကို မိဘတွေ မသိသေးတဲ့အတွက် အိမ်ရောက်မှ ဓာတ်ပုံမှတ်တမ်းတွေပြပြီး အံ့သြအောင်လုပ်မယ်လို့ ပြောပါတယ်”ဟု ဧည့်လမ်းညွှန် ကိုစိုင်းဝဏ္ဏက ဆိုသည်။

နိုင်ငံခြားသားခရီးသွားများ ပုဂံတွင် မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဆောင်သည်မျိုး လေးကြိမ်မျှ ဆောင်ရွက်ပေးခဲ့ဖူးကြောင်း ခရီးသွားလုပ်ငန်းစီစဉ်သူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြနမာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ်
                      ပုဂံမြို့ဟောင်း မြစည်းခုံဘုန်းတော်ကြီးကျောင်းဝင်းတွင် ဥရောပစုံတွဲ မြန်မာ့ ရိုးရာဓလေ့ထုံးစမ်းဖြင့် မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် 
 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဥရောပလူမျိုး လူငယ်စုံတွဲတစ်တွဲ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာအခမ်းအနားတစ်ရပ်ကို မတ် ၂၀ ရက် နံနက် ၉ နာရီက ပုဂံ မြို့ဟောင်း၊ မြစည်းခုံ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံသား အသက် (၂၉)နှစ်အရွယ် Mr.Alexandre Marcel MONNEY  နှင့် ပြင်သစ်နိုင်ငံသူ အသက် (၂၃)နှစ်ရှိ Ms. Florence Marie Eugenia THELLIER  တို့သည် မင်္ဂလာဧည့်ခံပွဲအား ပုဂံမြို့ဟောင်း၊ ၀က်ကြီးအင်းရပ်ရှိ မြစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲ တက်ရောက်လာသူများအား ရိုးရာဓလေ့ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း၊ ထို့နောက် မြစည်းခုံကျောင်းမှ ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    “သူတို့ သူများနိုင်ငံမှာ သူများရဲ့ရိုးရာဓလေ့နဲ့ မင်္ဂလာဆောင်ရတာ အမှတ် တရဖြစ်တဲ့ အကြောင်း၊

ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုသစ်တွေ အိုဘားမားကြေညာ

                                                                            အိုဘားမား ရုရှနဲ့ပတ်သတ်တဲ့ကြေညာချက် အိမ်ဖြူတော်မှာ ကြေညာစဉ်။ (မတ် ၂၀၊ ၂၀၁၄)

 ခရိုင်းမီးယား ဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်မှုအတွက်  အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း အမေရိကန် သမ္မတ
Barack Obama ကြေညာခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ရုရှားက အမေရိကန် လွှတ်တော်အမတ်တွေ နဲ့ အရာရှိတွေ စုစုပေါင်း ၉ ဦးကို အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

အမေရိကန်သမ္မတက  ကြာသပတေးနေ့မှာ ရုရှားကို အရေးယူဒဏ်ခတ်မှုအတွက် နောက်ထပ် လူပုဂ္ဂိုလ်တွေနဲ့  ပင်လယ်နက် ကျွန်းဆွယ်ဒေသကို ရုရှားကျူးကျော်သိမ်းပိုက်မှုမှာ ပါဝင်ပါတ်သက်မှုရှိတဲ့ ဘဏ်တခုကိုပါ ထည့်သွင်းလိုက်တယ်လို့ပြောကြားခဲ့တာပါ။

အစောပိုင်းတုန်းကတော့   ယူကရိန်းဆိုင်ရာ ရုရှားရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ပါတ်သက်သူ အများအပြားအတွက် ခရီးသွားလာခွင့်နဲ့ သူတို့ရဲ့ စီးပွါးရေးလုပ်ငန်း တွေ အတွက်သာ အရေးယူထားခဲ့တာဖြစ်ပါတယ်။

ပို့စ် အလွယ်ခေါက်သောနည်း( ရှယ်တယ်နော် )

blog မိတ်ဆွေအားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီနေ့ တင်တဲ့ နည်းပညာလေးကတော့ blog post တွေရှည်နေလို့  မခေါက်တတ်တဲ့သူငယ်ချင်းများအတွက်ပါ ဒီနည်းလေးကတော့တော်တော်လေးကိုလွယ်တဲ့ နည်းလမ်းလေးတစ်ခုလို့  ပြောရင်ရပါတယ် ဆက်ဖတ်ရန်ပုံကိုကလစ်ပေးပါဗျာ

(Design )( Edit HTML )ထဲကိုလဲသွားထည့်စရာမလိုပါဘူး အောက်မှာကျွန်တော်ပုံနဲ့ ပြထားတဲ့ အတိုင်းလေးလုပ်ပေးပါ
( 1 )( Sign in your blog )>>>
 ( 2 )( Design ) >>>( Settings )
 ( 3 )( Formatting ) Post Template ဘောင်ထဲမှာသွားပြီး အောက်ကကျွန်တော်ပေးထားတဲ့ ကုတ် ကိုထည့်ပေးလိုက်ပါ ပြီးရင်တော့ ( Save Settings ) ကိုကလစ်ပေးလိုက်ရုံပါပဲ အောက်ပါပုံလေးထဲကလိုဝင်ရောက်ထည့်ပေးလိုက်ပါဗျာ

Recent Posts စလိုက်လေးပြု လုပ်နည်း (4)

  Stylish Animated Blogger Recent Posts Widget
Go To Blogger > Layout > Add A Gadget > HTML/Javascript   ထဲကိုအောက်က ကုဒ် ထည့် ပါ
ပြီးရင်တော့ အဲ ထဲမှာ (ဘလော့နာမည်) ဆိုပြီ ရှိတယ် မိးမိးဆိုက် ကို ပြင် ပေး ရမယ်
ဆေ့ပါ ....
အောင်မြင် သွား ပါပြီ

Recent Posts စလိုက်လေးပြု လုပ်နည်း (3)

Animated Recent Post Widget Sliding Recent Post Widget
Go To Blogger > Layout > Add A Gadget > HTML/Javascript   ထဲကိုအောက်က ကုဒ် ထည့် ပါ
ပြီးရင်တော့ အဲ ထဲမှာ (ဘလော့နာမည်) ဆိုပြီ ရှိတယ် မိးမိးဆိုက် ကို ပြင် ပေး ရမယ်
ဆေ့ပါ ....
အောင်မြင် သွား ပါပြီ

ဘလော့ရဲ့ Newer Post......Home.....Older Post တွေအလုပ်မလုပ်ခဲ့ရင်

 ဘလော့မိတ်ဆွေများအတွက် တခါတရံမှာ တွေ့ရခဲတဲ့ ပြဿနာလေးတစ်ခုအကြေင်းပြောပြခြင်ပါတယ်.. အဲတာကတော့ ရှားရှားပါးပါးဖြစ်တတ်တာပါ... ဘလော့ရဲ့ အောက်ခြေက



 အဲလိုလေး  Newer Post...............Home............Older Post
ဆိုတာလေးဘေလာ့တိုင်းမှာ ရှိပါတယ်..အဲတာလေး အလုပ်မလ်ုပတော့ဘူးဆိုတဲ့ ပြဿနာအတွက်
ပါ...ဖြစ်တော့ဖြစ်တတ်ခဲပါတယ်.. ဖြစ်ခဲ့ရင် လိုအပ်သလို သုံးဖို့ တင်လိုက်ရပါတယ်..

လုပ်နည်း ။               ။
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

Blogs For Rainbow Link တဲ့နော်...

မိမိတို့ဘလော့လင့်တွေမှာ ... သက်တန့်ရောင်လင့်တွေအဖြစ် ပြောင်းလဲစေခြင်ရင်...
နည်းလမ်းလေးကတော့........။..............။

►1-  Blogger Singin ၀င်လိုက်ပါ။
►2- 
DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
<head> ဆိုတာကိုရှာပါ..တွေ့တာနဲ့ သူ့အောက်မှာဘဲ  ပေးထားတဲ့ ကုဒ်တွေကို
ထည့်ပေးလိုက်ပါနော်....

ဘလော့မှာ You Might Also Like ပုံလေးတွေ ထည့်နည်း

 သည်နည်းလေးကတော့ ပထမတစ်ခါ တင်ထားဘူးပါတယ်.. သိပ်မရှင်းလို့ ထပ်ပြီး တင်ပြလိုက်ရတာပါ.. မိမိတို့ ပို့အောက်က ပုံလေးတွေနဲ့ ပြထားတဲ့ You Might Also Like This ဆိုတာလေးထည့်နည်းပါ....
ပထမဆုံး   သည်နေရာ   ကိုသွားလုပ်ရပါ့မယ်.. ပုံလေးတွေ အတိုင်းကြည့်လုပ်လိုက်ပါ...
 အဆင့် (၁) 

ဘလော့မှာ လိပ်စာဘားလေးက နာမည်ပြေးနေခြင်လား

 ဒါလေးကတော့ gtalk ကနေ ညီလေးတစ်ယောက် လာရောက် တောင်းဆိုထားလို့ပါ..
မိမိတို့ဘလော့ အတွက်လဲ လှပါတယ်... လုပ်ထားးသင့်ပါတယ်..နော်
Blog Name Scrolling လို့ခေါ်နိုင်ပါတယ်...  လုပ်နည်းလေးကလဲ လွယ်တာမို့ လုပ်ကြည့်လိုက်ကြပါနော်...

ကွန်ပျူတာအတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ ( ၁ ) PDF စာအုပ်လေးပါ

မင်္ဂလာပါ  သည်နေ့ ကျွန်တော် ရေးသားထားတဲ့ ကွန်ပျူတာမှ လုပ်ဆောင်သင့်တဲ့ အချက်လက်တွေထဲက
နံပါတ် ( ၁ ) အနေနဲ့ Ebook လေးတခုရေးသားထားပါတယ်.. ကျွန်တော် ဘလော့မှာ ပို့စ်တင်ထားတာ
( ၁ ) ကနေ ( ၅ ) ထိရှိပါတယ်.. ဒါပေမယ့် စာအုပ်လေးကို အလွယ်တကူသိမ်းဆည်းထားနိုင်ရန်အလို့ငှါ
ယခုလို PDF လေးကို ဖန်တီးရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်..နေ့စဉ် တနေ့ တစ်အုပ်ဖြင့် တင်သွားပါ့မယ်... နောက်ထပ် ဘလော့ဆိုင်ရာနည်းပညာများကိုလည်း 
ဆက်လက်ရေးသားနေဆဲပါ.. ဘလော့တက်ပလက်ပြုပြင်နည်း  ဒေါင်းယူနည်း ထည့်သွင်းနည်းစတဲ့
နည်းပညာလေးတွေကိုလည်း ဆက်လက် ရေးသားမျှဝေသွားပါ့မယ် လိုအပ်သောနည်းပညာလေးများကို
စာအုပ်အဖြစ် ရယူလိုပါက ချက်ဘောက်မှာ မှာကြားခဲ့နိုင်ပါတယ်နော်....

ကွန်ပျူတာအတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ ( ၂ ) PDF စာအုပ်လေးပါ


မင်္ဂလာပါ  သည်နေ့ ကျွန်တော် ရေးသားထားတဲ့ ကွန်ပျူတာမှ လုပ်ဆောင်သင့်တဲ့ အချက်လက်တွေထဲက
နံပါတ် ( ) အနေနဲ့ Ebook လေးကိုဆက်လက် ရးသားထားပါတယ်.. ကျွန်တော် ဘလော့မှာ ပို့စ်တင်ထားတာ
( ၁ ) ကနေ ( ၅ ) ထိရှိပါတယ်.. ဒါပေမယ့် စာအုပ်လေးကို အလွယ်တကူသိမ်းဆည်းထားနိုင်ရန်အလို့ငှါ
ယခုလို PDF လေးကို ဖန်တီးရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်..နေ့စဉ် တနေ့ တစ်အုပ်ဖြင့် တင်သွားပါ့မယ်... နောက်ထပ် ဘလော့ဆိုင်ရာနည်းပညာများကိုလည်း 
ဆက်လက်ရေးသားနေဆဲပါ.. ဘလော့တက်ပလက်ပြုပြင်နည်း  ဒေါင်းယူနည်း ထည့်သွင်းနည်းစတဲ့
နည်းပညာလေးတွေကိုလည်း ဆက်လက် ရေးသားမျှဝေသွားပါ့မယ် လိုအပ်သောနည်းပညာလေးများကို
စာအုပ်အဖြစ် ရယူလိုပါက ချက်ဘောက်မှာ မှာကြားခဲ့နိုင်ပါတယ်နော်....

ကွန်ပျူတာအတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ ( ၃ ) PDF စာအုပ်လေးပါ



မင်္ဂလာပါ  သည်နေ့ ကျွန်တော် ရေးသားထားတဲ့ ကွန်ပျူတာမှ လုပ်ဆောင်သင့်တဲ့ အချက်လက်တွေထဲက
နံပါတ် ( ၃ ) အနေနဲ့ Ebook လေးကိုဆက်လက် ရးသားထားပါတယ်.. ကျွန်တော် ဘလော့မှာ ပို့စ်တင်ထားတာ
( ၁ ) ကနေ ( ၅ ) ထိရှိပါတယ်.. ဒါပေမယ့် စာအုပ်လေးကို အလွယ်တကူသိမ်းဆည်းထားနိုင်ရန်အလို့ငှါ
ယခုလို PDF လေးကို ဖန်တီးရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်..နေ့စဉ် တနေ့ တစ်အုပ်ဖြင့် တင်သွားပါ့မယ်... နောက်ထပ် ဘလော့ဆိုင်ရာနည်းပညာများကိုလည်း 
ဆက်လက်ရေးသားနေဆဲပါ.. ဘလော့တက်ပလက်ပြုပြင်နည်း  ဒေါင်းယူနည်း ထည့်သွင်းနည်းစတဲ့
နည်းပညာလေးတွေကိုလည်း ဆက်လက် ရေးသားမျှဝေသွားပါ့မယ် လိုအပ်သောနည်းပညာလေးများကို
စာအုပ်အဖြစ် ရယူလိုပါက ချက်ဘောက်မှာ မှာကြားခဲ့နိုင်ပါတယ်နော်....

ထောင် ၁၁ နှစ်ကျ တရားခံကို ဘိန်းဖြူပေးရန် ကြံစည်မှု စစ်ဆေးနေ

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသည့်အပြင် မူးယစ်ဆေးဝါးမှုဖြင့်ပင် တရားရုံးက ဆက်လက်စစ်ဆေးဆဲဖြစ်သည့် တရားခံတစ်ဦးထံသို့ ဘိန်းဖြူများထည့်ပေးရန် ကြံစည်မှုကို စစ်ဆေးတွေ့ရှိသ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟုရန်ကုန်တိုင်းရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
အမှုမှာ မတ်လ ၁၈ ရက် ညနေ ၄ နာရီကျော်အချိန်က တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးထုတ်လာသည့် တရားခံများအား အချုပ်ယာဉ်ပေါ်သို့တင်စဉ် ဘိန်းဖြူဟုယူဆရသည့် အမှုန့်များကို အချုပ်သား၏ ညီမက အချုပ်သားထံပေးသွင်းခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အချိန်က အနောက်ပိုင်းခရိုင် တရားရုံးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် ၁၁နှစ် ကျခံနေရပြီး တောင်ဥက္ကလာပမြို့

ခင်ဦးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ကလေးတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ကလေးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သော မီးကြွင်းမီးကျန်မှ တစ်ဆင့်မီးလောင်မှုတစ်ခု စစ်ကိုင်း တိုင်း ခင်ဦးမြို့နယ်တွင် မတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းစမ်းအေးက ပြောသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဆူးတပ်ကျေး ရွာအုပ်စု၊ ၀က်သဲကျေးရွာတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ် စခန်းတာဝန်ခံ ဦးထွန်းနိုင်၊ ကုန်းကြီးရဲကင်းစခန်းမှူး ဒု- ရဲအုပ် ကျော်ကျော်လှတို့အဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာတွင် ဦးသိန်းလွင်ဆိုသူ၏ နေအိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးယူဆထားသည်။

မီးဖြတ်စက်အပူလွန်ပြီး မီးလောင်

မ​န္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ၇၂ လမ်း၊ ၇၃ လမ်းကြား ၃၅လမ်း နှင့် ၃၆ လမ်းကြားအကွက် အမှတ်(၆၉၈၊၆၉၉)နေ ဦးကိုကိုဆွေ နေအိမ်မှ ရေခဲသေတ္တာမီးဖြတ်စက် (Safeguard)  အပူလွန်ကဲရာမှ အိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု မတ်လ ၁၉ ရက် ည ၁၂ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ပြီး ၁၂ နာ ရီ ၅၅ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့သည်။
မီးလောင်မှုကြောင့် စုစုပေါင်းတန်ဖိုး ၂၇ သိန်း ၄ သောင်းဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်ကျွမ်းသည့် အိမ်ရှင်ဦးကိုကိုဆွေအား အမှတ် ၉၊ ရဲစခန်းက (ပ)အ မှတ်(၁၅၂/၂၀၁၄/၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Written by  အောင်ကိုဦး  /mizzimaburmese

ဦးပိန်တံတား ပြင်ဆင်ထိန်းသိမ်းမှု စတင်

                                                                   ဦးပိန်တံတားကို တွေ့ရစဉ် ဓာတ်ပုံ−ညီညီဇော်

ပျက်စီးယိုယွင်းနေပြီဖစ်သော အမရပူရမြို့ရှိ ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မတ်လ ၁၉ ရက်မှစတင်ကာ ပျက်စီးယိုယွင်းမှု ဆိုးရွားနေသော ဦးပိန်တံတားရှိ အခန်းပေါင်း ၂၁ ခန်းကို  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျပ် သိန်း ၁၃၀ အကုန်ကျခံကာ စတင်ပြင်ဆင်နေကြောင်း တောင်မင်းကြီးဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။
‘‘ဦးစားပေးပြင်ရမယ့် ၂၁ ခန်းကို အရင်ပြင်မှာပါ။ သင်္ကြန်မတိုင်မီ ပြီးဆောင် ရည်ရွယ်ထားပါတယ်’’ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
         
ရေဖြင့်ထိတွေ့မှုများသောကြောင့် ပျက်စီးနေသည့် ကြမ်းခင်းများနှင့် တိုင်များကို ပြင်ဆင်သွားမည်ဖြစ်ပြီး ယင်းသို့ပြင်ဆင်ရာတွင် ရှေးမူမပျက်စေဘဲ သစ်သားဖြင့်သာ အစားထိုးပြင်ဆင်မည်ဖြစ်ကြောင်း၊ ကွန်ကရစ်များ လုံးဝအသုံးပြုမည်မဟုတ် ကြောင်း အဆိုပါအင်ဂျင်နီယာက ပြောသည်။

ဂြိုတ်တုဓာတ်ပုံရဲ့ အပိုင်းအစတွေ အတည်မပြုနိုင်သေး

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က အပိုင်း အစလို့ ယူဆရတဲ့ ပုံရိပ်တွေကို အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တွေ့ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားပြီးနောက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေ၊ သင်္ဘ࿿ောတွေဟာ အဲဒီ နေရာကို သွားရောက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ အပိုင်းအစ တစ်ခုဟာ ဆိုရင် ၂၄ မီတာ ရှည်တယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့ ကတော့ အခု ဂြိုဟ်တု ဓာတ်ပုံတွေဟာ အသစ်တွေ့ရှိရတဲ့ ယုံကြည်ရတဲ့သတင်း အချက်အလက် ဖြစ်တယ်လို့ သြစတြေးလျ ပါလီမန်မှာ ပြောကြားသွားခဲ့ပါတယ်။

ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး နှင့် ဖလမ်း ခရိုင်နယ်နိမိတ် အနီးတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း မျက်မြင်တွေရှိသူ ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဟားခါးဒေသခံများက ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ဟားခါး-မှန်ဒေါ်-ကလေး ကားလမ်း လမ်းအနီးတွင်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောကြာသည်။

လေယာဉ်ပျက်ကျမှုကို The Voice မှ ယနေ့ ည ၁၁ နာရီအချိန် တွင်ချင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် သွားရောက်စစ်ဆေးရာ ဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

သတင်း အပြည့်အစုံကို မနက်ဖြန် မတ်လ ၂၁ ရက်နေ့ထုတ်
The VOICE သတင်းစာတွင် ဖော်ပြပေးပါမည်။

The Voice Weekly

လှည်းကူး သပိတ်ကုန်းရွာ အဖြစ်အပျက် (ရုပ်/သံ)

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာအုပ်စု သပိတ်ကုန်းကျေးရွာမှာ တပ်ပိုင်မြေထဲမှာ ခြံခတ်တယ်လို့ စွပ်စွဲပြီး ရွာသားလေးယောက်ကို အမှတ် (၄) လေ့ကျင့်ရေး သင်တန်းကျောင်းက စစ်သားတွေက ရိုက်နှက်ပြီး ခြံစောင့်တဲကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကို
RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။ RFA Burmese

၅ ရက်ကြာ ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမှာ ကျင်းပမည်

                                          ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓညဝတီကျောင်းတိုက်မှာ မတ်လ ၂ဝ ရက်နေ့က ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးရုံးဖွင့်ပွဲနဲ့ 
                                                                                       သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်  photo: Sann Maw Aung/RFA 


ပြည်တွင်း ပြည်ပမှာရှိတဲ့ ရခိုင်လူမျိုး အင်အားစုအားလုံး ပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကို လာမယ့် ဧပြီလနောက်ဆုံးပတ်၂၇ ရက်ကနေ မေလ ၁ ရက်နေ့ အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ၅ ရက် ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော် မတီဝင်တွေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်  ဓညဝတီကျောင်း တိုက်မှာ ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးရုံးဖွင့်ပွဲနဲ့ ရခိုင်အမျိုးသား ညီလာခံကျင်းပရေး သတင်းစာ ရှင်းလင်းပွဲမှာ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပြောပါတယ်။

လူငယ်တွေ အလုပ်ကို တန်ဖိုးထားကြဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

                                            မတ်လ ၁၈ ရက်နေ့ကကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် န၀မ ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်း စုကြည်  
                                                                                        တက်ရောက်လာစဉ် photo: NLD Facebook 


လူငယ်တွေ ရရာအလုပ်ကို ရှာလုပ်ကြဖို့နဲ့ အလုပ်လုပ် တတ်တဲ့ အလေ့အကျင့်ကို မွေးမြူကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာခဲ့တဲ့ စစ်တိုင်းတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ နဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

"အလုပ်မရှိတဲ့ ဘွဲ့ရလူငယ်တွေဆိုလို့ရှိရင် ကိုယ်တတ်နိုင်သမျှတော့ အလုပ်ရှာပြီးလုပ်ရမယ်၊ ကိုယ်လိုချင်တဲ့အလုပ် မရလို့ဆိုပြီးတော့ အိမ်မှာထိုင်နေတာမျိုးတော့ မလုပ်ကြနဲ့၊ အဲဒါဘယ်သူ့ကိုမှ အထောက်အကူမပြုဘူး၊ ဘာပဲဖြစ်ဖြစ်ပေါ့ အတွေ့အကြုံပဲဆိုပြီးတော့ ရရာအလုပ်ကိုတော့ ကိုယ်လိုချင်တဲ့အလုပ်မျိုး မရခင်လုပ်ပါ"

ကြားဖြတ်ရွေးကောက်ပွဲ ကချင်ပြည်နယ်မှာပါ ပြုလုပ်မည်

                                                               ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။

 ၂၀၁၄ခုနှစ်အတွင်းမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၃၀အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ရှိကြောင်းနဲ့ ကျင်းပဖြစ်တယ်ဆိုရင် ၃လကြိုတင် အသိပေး သတင်း ထုတ်ပြန်သွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလက မကျင်းပဖြစ်တဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေကိုလည်း ကျင်းပဖို့ ရည်ရွယ်ထားပြီး ရွေးကောက်ပွဲကာလမှာ နယ်မြေအခြေအနေကြည့် ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃နယ် အပါအ၀င် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၃၀အတွက် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ကြားရွေးကောက်ပွဲ ထပ်မံကျင်းပမယ်ဆိုရင် လာမယ့်ပွင့်လင်းရာသီလောက်မှာ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး တိုးမြင့်ဖို့ လုပ်ဆောင်

                                                                                           ရခိုင်ပြည်နယ်တွင်းက ရဲလုံခြုံရေးစခန်း။


မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှာ လုံခြုံရေးစခန်း ၁၅ ခု တိုးချဲ့ဆောက်လုပ်နေတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဒါဟာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအတွက် စဉ်းစား လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရခိုင် လွှတ်တော်အမတ်တချို့က ပြောပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေး တိုးမြင့်ပေးဖို့ လွှတ်တော်တွင်းမှာလည်း အရင်က တောင်းဆိုမှုတွေ ရှိခဲ့တာကြောင့် ခုလို လုပ်ဆောင်ပုံရတယ်လို့လည်း ယူဆကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

နယ်စပ် အသွားအလာများတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လုံခြုံရေးစခန်း ၁၅ ခု တိုးချဲ့ ဆောက်လုပ်နေတဲ့အကြောင်း ပြည်တွင်း သတင်းတချို့မှာ ဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ ရခိုင်လွှတ်တော် အမတ်တချို့ ကတော့ နယ်စပ်ဒေသ တရားမ၀င် ခိုးဝင်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ အခုလို လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရေမျော အပိုင်းအစများ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ဩစတြေးလျတွေ့

                                 အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ မလေးရှား လေယာဉ် MH 370 ကလို့ ယူဆရတဲ့ အပိုင်းအစ ၂ ခုကို တွေ့ရတဲ့ ဂြိုဟ်တုက ရရှိတဲ့ပုံ (ဓာတ်ပုံ – 
                                                                                                                Reuters)


မလေးရှား လေယာဉ် MH 370 ကလို့ ယူဆရတဲ့ အပိုင်းအစ ၂ ခုကို သြစတြေးလျနိုင်ငံ အနောက်ဘက်ကမ်း ပင်လယ်ပြင်မှာတွေ့ရှိရတယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အက်ဘော့က ဒီကနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
သြစတြေးလျ သင်္ဘောတွေဟာ ပျောက်ဆုံး မလေးရှား လေယာဉ်ကို တောင်ပိုင်း အိန္ဒိယ သမုဒ္ဒရာမှာ ရှာဖွေနေခဲ့တာ ဖြစ်ပြီး ဂြိုဟ် တု ဆက်သွယ်ရေးက ရရှိတဲ့ ပုံရိပ်မှာ မတ်လ ၁၆ ရက်လို့ ရက်စွဲပါရှိတဲ့ အဲဒီ အရာဝတ္တုပစ္စည်း ၂ ခုကို တွေ့ခဲ့တာပါ။
အဲဒီပစ္စည်းတွေ တည်နေရာကို တွေ့ဖို့ Orion လေယာဉ်တစီးကိုလည်း စေလွှတ်လိုက်ပြီလို့ တိုနီအက်ဘော့က သြစတြေးလျ ပါလီမန်ကို ပြောခဲ့တယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဖော်ပြသွားပါတယ်။
“သြစတြေးလျ ရေကြောင်း လုံခြုံရေး တာဝန်ရှိသူတွေက အခုရှာဖွေမှုနဲ့ ဆက်နွယ်နိုင်တယ်လို့ ယူဆရတဲ့ ပစ္စည်း ၂ ခု နဲ့ပတ်သက်ပြီး ဂြိုဟ်တုက ပေးပို့တဲ့ အချက်အလက်တွေကို လက်ခံရရှိထားပါတယ်”လို့ တိုနီ အက်ဘော့က ပြောပါတယ်။

နွေရာသီမှာ အရောင်တောက်တောက်တွေ ၀တ်တာမျိုးရှောင်စေချင်တယ်လို့ ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

နှလုံးသားအရင်းအနှီး သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ကို သူ့ရဲ့ နွေရာသီစိတ်ခံစားချက်၊ ဖက်ရှင်နဲ့ အသားအရေအတွက် မေးမြန်းကြည့်လိုက်တဲ့အခါ ‘နွေရာသီနဲ့ ပတ်သက်တဲ့ ခံစားချက်က ငယ်ငယ်တုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ ငယ်ငယ်တုန်းကဆို နွေရာသီရောက်ပြီဆိုရင် ကျောင်းသုံးလပိတ်တော့ ပျော်တယ်။ အခုချိန်နွေရာသီ ကတော့ အရင်ကနဲ့ကို မတူတော့ပဲ၊ တအား ပိုပူပြင်းလွန်းပါတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေ ဖြစ်စေပါတယ်။ လူရဲ့ အင်အားတွေကို ပိုပြီးပင်ပန်းစေတယ်။ နွေရာသီမှာ

အရောင် တောက်တောက်တွေ ဝတ်ဆင်တာကို ရှောင်စေချင်တယ်။

သင်္ကြန်ဆိုရင် မရောက်ခင်ကတည်းက ရင်ခုန်နေပြီလို့ ပြောတဲ့ ၀တ်မှုန်ရွှေရည်

သင်္ကြန်နီးပြီဆိုတော့ ပရိသတ်တွေအနေနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ရင်ခုန်သံလေးတွေကို သိချင်ကြပြီပေါ့နော်။ အဲ့ဒါကြောင့် ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန်ရင်ခုန်သံကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ခုရိုက်နေတဲ့ ကားလေးရဲ့ ဒါရိုက်တာက မကြည်ဖြူသျှင်ပါ။ မင်းသားက ကောင်းပြည့်ပေါ့။ အချစ်ဖန်စီကားလေးပေါ့။ ဒီကားလေးကို စရိုက်တဲ့အချိန်မှာ ကစ်ကိုယ့်ကိုကိုယ်ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။

တကယ့် ကျောင်းအစစ်ပြန်တက်နေရသလို ခံစားရတဲ့အတွက် ကစ်ပရိသတ်တွေလဲ ဒီကားလေးကိုကြည့်တဲ့အခါ ကစ်နဲ့ စိတ်ခံစားချက်ချင်း နီးစပ်မယ်လို့ ထင်မိပါတယ်။ ဒီကားပြီးရင်တော့ ဗီဒီယိုကားတွေပဲ ဆက်ရိုက်ဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။

မြန်မာအမျိုးသမီးတစ်ဦးအား လစာ ၂ သိန်းရမည်ဟုဆိုကာ တရုတ်မိန်းမလုပ်ဖို့ ရောင်းစားခဲ့သူကို မဖမ်းနိုင်သေး


ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် လစာ နှစ်သိန်း ရမည်ဟု ပြောဆို ကာ၊ အလုပ် လုပ် ရန် ခေါ်ဆောင် သွားပြီး၊ တရုတ် ပြည်သို့ ရောင်းစားသူ အား ဖမ်းဆီး ရမိ ခြင်း မရှိ သေးကြောင်း ရွှေပြည်သာ မြို့မ ရဲ စခန်းမှ ရဲအုပ် အောင်ဇော်ထွန်း က မတ်လ (၁၉) ရက်နေ့ ညပိုင်း တွင် The Messenger သတင်းစာသို့ ပြောသည်။

ကျူးလွန်သူ ကတော့ ထွက်ပြေး တိမ်း ရှောင် နေတုန်းပါပဲ။ သူက တခြားလူကုန်ကူးမှု တွေကိုလည်း ကျူးလွန်ထားသူဖြစ်ပါတယ်။ လိုက်လံဖမ်းဆီးနေတုန်းပါပဲ”” ဟု ၎င်း ကပြော သည်။ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ........ ရပ်ကွက်၊ .........လမ်း၊ အမှတ် .........နေ မ......... (၂၆) နှစ်အား မ.......... မှ ရှမ်းပြည် နယ်ရှိ ယူနီဆက် ဆေးဝါး ဖြန့်ဖြူးရေး ဆေးဝါး စက်ရုံ တွင် လစာ နှစ်သိန်း ၀န်းကျင် ဖြင့် အလုပ် ရမည်ဟု ပြောဆိုခေါ်ဆောင်သွားကာ၊ တရုတ် ပြည်၊ ရှန်ဟိုင်း မြို့ ရှိ တရုတ် အမျိုး သား တစ်ဦး ထံတွင် ရောင်းစားခဲ့ကြောင်း၊ ယခု ကလေး တစ်ယောက်

ကလေးငိုတိုင်း အစာကျွေးနေလို့ ကလေးအသက်အန္တရာယ်စိုးရိမ်နေရ


ဆန်တီယာကို မန်နိုဇာ ဆိုတဲ့ ရှစ်လသားအရွယ်ကလေးငယ်ဟာ ကိုယ်အလေးချိန် ၄၃ ပေါင် ရှိနေပြီး ဒါဟာ ခြောက်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်လောက်ရှိပါတယ်။

ကလေးအမေ ဖန်ဒင်ဟို က သူမဟာ ကလေးငိုတဲ့အခါတိုင်း အငိုတိတ်အောင်လို့ နို့ ဖြစ်ဖြစ် အစားအစာတစ်ခု ဖြစ်ဖြစ် ကျွေးခဲ့လို့ အခုလို ကလေးဟာ အရမ်းအလေးချိန်တက်လာတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ မိခင်လက်ထဲမှာဆက်နေရင် ကလေးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် လူမှုအဖွဲ့ အစည်းတစ်ခုက ကလေးကို မိခင်ဆီက ခွဲထုတ်ထားရပါတယ်။

ကိုလံဘီယာရဲ့ အ၀ဆုံးကလေးငယ်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ စန်တီယာဂို လေးကို သူ့ ရဲ့မိခင်အိမ်ကနေ အဝေးတစ်နေရာဖြစ်တဲ့ မြို့ တော် ဘိုဂိုတာကို တနင်္ဂနွေနေ့ က ရွှေ့ ပြောင်းခဲ့ရပါတယ်။

ကလေးငယ်ဟာ အ၀လွန်တာကြောင့် ကျန်းမာရေးပြဿနာ ခဏခဏကြုံတွေနေရပြီး မိခင်ဖြစ်သူက မတတ်နိုင်တော့တဲ့အတွက် လူမှုအဖွဲ့ အစည်းတွေကို အကူအညီတောင်းခံခဲ့ရာမှာ ချက်ဘီ နှလုံးရောဂါ ဖောင်ဒေးရှင်းက ကူညီပေးခဲ့တာပါ။ စန်တီယာဂို လေးကို ဘိုဂိုတာမြို့ မှာ ဆေးကုသမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ကိုယ်အလေးချိန်ကျဆင်းသွားဖို့ အတွက် ခွဲစိတ်ကုသမှု ဆက်တိုက်ပြုလုပ်သွားရဖို့ ရှိတယ်လို့ သိရပါတယ်။

အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တချို့ဆုံးရှုံးနိုင်



အိပ်ရေးပျက်ခြင်း၏ဆိုးကျိုးမှာ ယခင်ကထင်ထားခဲ့သည်ထက် ပိုမိုဆိုးရွား ပြင်းထန်နိုင်ကာ ဦးနှောက်ဆဲလ် များ ထာဝရဆုံးရှုံးသွားခြင်းမျိုး ဖြစ်နိုင်သည်ဟု သုတေသနကဆိုကြောင်း မတ်လ ၁၉ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စမ်းသပ်ချက်အရ ကြွက်များတွင်ကာလကြာရှည်စွာ အိပ်ရေးပျက်ခြင်းကြောင့် တချို့ ဦးနှောက်ဆဲလ်များ၏ ၂၅ ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့ကြောင်း ဦးနှောက်နှင့် အာရုံကြောဗေဒဂျာနယ်၏ သုတေသန ဆောင်း ပါးတစ်ပုဒ်ထဲတွင် ဖော်ပြထားသည်။

အကယ်၍ ထိုအချက်သည် လူသားများအတွက်လည်း မှန်ကန်ပါက အတိတ်ရက်များက အိပ်ရေးပျက်ခဲ့ သည်များကို ပြန်ကာမိအောင် အတိုးချ၍အိပ်ခြင်းသည်လည်း အချည်းနှီးဖြစ်သွားနိုင်ကြောင်း အမေရိကန် သိပ်္ပံပညာရှင်များက ဆိုသည်။

အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သော ကျန်းမာရေးဆိုင်ရာပြဿနာများ

နွေရာသီရောက်တယ်ဆိုရုံနဲ့ပဲ မြန်မာနိုင်ငံနေရာအနှံ့အပြား အပူဒဏ်ကိုခံစားရမှုက သိသိသာသာကို မြင့်မားလာပါတယ်။ အပူဒဏ်ကြောင့်ဖြစ်ပွားရတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများလည်း မကြာခဏကြားသိနေရတယ်။ ဒါ့ကြောင့် အပူဒဏ်မြင့်မားမှုကြောင့် အဓိကဖြစ်ပွားရတဲ့ကျန်းမာရေးပြဿနာများအကြောင်း စုစည်းတင်ပြပေးလိုက်ပါတယ်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ မြင့်မားတဲ့အပူချိန်နဲ့ အချိန်အတိုင်းအတာအနည်းငယ်မျှအတောအတွင်းမှာကိုပဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ သိပ်မပြင်းထန်တဲ့အခြေအနေတွေကနေ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အရေးပေါ် အခြေအနေတွေထိတိုင်အောင် ဖြစ်ပွားနိုင်ပါတယ်။ ဒီနေရာမှာတော့ အပူဒဏ်ကြောင့်အဓိကဖြစ်ပွားရတဲ့ ကျန်းမရေးပြဿနာတွေဖြစ်တဲ့ အပူရှပ်ခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ အပူကြောင့် ကြွက်တတ်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ မိတ်ထွက်ခြင်းတို့အကြောင်းကို တင်ပြပါမယ်။

အမျိုးသမီးတွေ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲ့တဲ့ ဝေဒနာတွေ သက်သာစေဖို့



မေသော် on 2014-03-20 11:17  
အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ အသက် ၂၅ ၀န်းကျင် အမျိုးသမီးအများစုဟာ ဓမ္မတာကြောင့်ပဲဖြစ်ဖြစ်၊ အစားအသောက်မှားတာကြောင့် လေထိုးလေအောင့်တာပဲဖြစ်ဖြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပုံမှန် ခံစားကြရလေ့ရှိပါတယ်။ အဲ့ဒီလို နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့နဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ အစားအစာတစ်ခု စားတော့မယ်ဆို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်မဖြစ် သတိထား စားပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စတာတွေကို စားပေးဖို့ လိုပါတယ်။

၂။ရေနွေးကြမ်းသောက်ပေးပါ။ တစ်နေ့ကို သုံးခွက်လောက် သောက်ပေးရုံနဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကာကွယ်ပေးပါလိမ့်မယ်။

တနင်္သာရီတိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသား ခြောက်သောင်းနီးပါးရှိဟုဆို

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း ဒေသကြီး အတွက် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ထားရှိနိုင်ရန် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်း မပြုမီ မွန်လူဦးရေစာရင်း ကောက်ယူခဲ့ရာ မွန်တိုင်းရင်းသား ၅၈,၀၀၀ ဦး ရရှိထားပြီး ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ဗဟို) တွဲဖက် အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောကြားသည်။

လက်ရှိအချိန်၌ မွန်လူမျိုးများ နေထိုင်မှုနည်းသည့် ကော့သောင်း နယ်စပ်နှင့် ရေဖြူမြို့နယ်တို့ကို ဆက်လက် ကောက်ခံရဦးမည်ဟု ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင် မွန်လူဦးရေ စာရင်းကောက်ခံမှု ပထမအသုတ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် မွန်လူဦးရေ စာရင်းကောက်ခံမှု ဒုတိယအသုတ်ကို ပြန်လည် စတင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း မွန်လူဦးရေစာရင်း ကောက်ခံရေး အဖွဲ့ဝင် မိငွေလေးက ဖြည့်စွက် ပြောကြားသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးခြောက်မြို့၌ ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်နေ


ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးခြောက်မြို့တွင် ခရမ်း လွန်ရောင်ခြည် မြင့်တက်မှုအခြေအနေ လွန်ကဲအဆင့်သို့ ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

မတ် ၁၉ ရက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများအရ ကော့သောင်းမြို့ တွင် ၁၃ ဒသမ ၈၊ ထားဝယ်မြို့တွင် ၁၂ ဒသမ ၈၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၄၊ ရန်ကုန်မြို့တွင် ၁၂ ဒသမ ၆၊ နေပြည် တော်မြို့တွင် ၁၂ ဒသမ ၃နှင့် မန္တလေး မြို့တွင် ၁၁ ဒသမ ၅ အထိ UV Index များရှိနေပြီး NOAA အဖွဲ့၏ သတ်မှတ် ချက်များအရ UV Index ၁၁ အထိရှိ သောအဆင့်ကို လွန်ကဲအဆင့်ဟု သတ် မှတ်ထားသည်။

ဘင်္ဂလာဒေခ်ျ့ ထောင်သား ၂၆ ဦးကို မြန်မာက လွဲပြောင်း

                            ပြန်လည် လွဲပြောင်းခံရသူ ဘင်္ဂလာဒေခ်ျ့ ၂၆ ဦးကို တွေ့ရစဉ်။ (ဓါတ်ပုံ- ဘင်္ဂလာနယူး ၂၄)

(နိရဉ္စရာ- ၂၀ မတ်လ ၂၀၁၄)/ မောင်အေး

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းကျခံနေရသည့် ဘင်္ဂလီ ၂၆ ဦးကို မြန်မာအာဏာ ပိုင်များက ဘင်္ဂလီအာဏာပိုင်များကို တရားဝင်လွဲပြောင်းပေးလိုက်သည်။

ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့နယ် အမှတ် (၁) နယ်မြေအတွင်း နှစ်ဘက် တာဝန်ရှိသူများ ပုံမှန်ပြုလုပ်နေသည့် အလံတင်အစည်း အဝေးအပြီးတွင် လွဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူ တစ်ဦးက မီဒီယာများသို့ ပြောသည်။

ယခု လွဲပြောင်းခံရသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၆ ဦးသည်  မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ပြည့်ကျခံခဲ့ပြီးနောက် မိခင်နိုင်ငံသို့ လွဲပြောင်း ခံရသူများဖြစ်ကြသည်။ သူတို့အား မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော  တက်ကနက်ရဲစခန်းမှ တဆင့် နေရပ်အသီးသီးသို့ ပြန်ပို့မည်ဟု ၎င်းတ၀န်ရှိသူက ဆိုသည်။

လွန်းတင်ရန်ဆွဲလာသော ငါးဖမ်းစက်လှေနှင့် မီးပြကျောက်တိုင်ငြိပြီး တိမ်းစောင်းနစ်မြုပ်

၂၀.၃.၂၀၁၄ ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ်၊  ပုဇွန်တောင်ချောင်း၊ ဟိုင်လုံဆိပ်ကမ်းရှိ အဏ္ဏ၀ါအောင်ဆိပ်ခံတံတားမှ ပဲ့နင်း သန်းထိုက်အောင်၊ (၂၇)နှစ်၊ (ဘ)ဦးသန်းတင် မောင်းနှင်သော အလျား(၉၅)ပေ၊ အနံ(၂၃)ပေ၊ ရေစူး(၁၃)ပေခန့်ရှိ “ထူးမြတ်အဏ္ဏ၀ါ” ငါးဖမ်းစက်လှေဖြင့် အရွယ်အစားတူ “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေကို တွံတေးတူးမြောင်းဝရှိ“ထွန်းသော်တာ”လွန်းကျင်းသို့ ဒေါက်တင်ရန်ဆွဲလာစဉ် တွံတေးတူးမြောင်းဝအရောက် နှင်းများထူတပ်စွာ ကျနေသဖြင့် မီးပြကျောက်တိုင်နှင့်ငြိမိပြီး “ထာဝရမြတ်အောင်-၇” ငါးဖမ်းစက်လှေမှာ ရွက်တိုင်ကျိုး၍ ၀ဲဘက်သို့တိမ်းစောင်းကာ ရေယာဉ် ၀ဲဘက်ခြမ်း ရေ၀င်နစ်မြုပ်လျက်ရှိသဖြင့် ပြန်လည်ဆယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

တိုက်ကြီး လူသတ်တရားခံတွေ တွေ့ ရင် သတင်းပေးဖို့ ရဲတပ်ဖွဲ မေတ္တာရပ်ခံ

၁၉.၃.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်ကူးကျေးရွာနေ ဦးအေးကိုနှင့်တစ်ရွာတည်းနေ အေးသွင်တို့ ခြံမြေကိစ္စဖြင့် စကားများရန်ဖြစ်နေစဉ် အေးသွင်နှင့်အတူပါလာသူ ဘိုဘို(ခ)သိန်းစိုးဝင်း(စုံစမ်းဆဲ)မှ အသင့်ပါလာသောဓါးဖြင့် ဦးအေးကိုအားထိုးခဲ့၍ ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ၀ဲလက်မောင်းပြတ်ရှ ဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးသွင်နှင့် ဘိုဘို(ခ)သိန်းစိုးဝင်းတို့အား အရေးယူပေးရန် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်မှ တိုင်တန်းခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း(ပ)၉၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ဖားကန့်မြေပြို ၆ ဦးသေ၊ ၄ ဦး ဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် နတ်မော်ကျေးရွာအုပ်စုမှာ မတ် ၁၈ ရက်နေ့က ရေမဆေး ကျောက်ရှာနေတဲ့ တနိုင်တပိုင်သမားတွေ မြေဇာပုံ ပြိုကျတဲ့အတွက် ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖြစ်ပွားပုံက နတ်မော်ကျေးရွာအနီးမှာ တည်ရှိတဲ့ မှော်တခုမှာ တနိုင်တပိုင်ကျောက် တူးသမားတွေ ကျောက်တူးနေစဉ် ကမ်းပါး ပြိုကျတဲ့အတွက် ထိခိုက်သေဆုံးသွားရတာလို့ ဖားကန့်မြို့ခံ ဦးဂျာနော်က ပြောပါတယ်။

“၆ ယောက်သေတာက ၃ ရက်လောက်ရှိပြီ။ ကျောက်ကြောခေါက်တဲ့အချိန်မှာ ကမ်းပါးပြိုကျတဲ့ သဘောပါ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို မြေပြိုပြီး လူသေဆုံးတာဟာ မကြာခဏ ဖြစ်ပွားနေပြီး အဓိကအားဖြင့် လုပ်ငန်းခွင်အတွင်း သေချာသပ်ရပ်အောင် မလုပ်ကြတဲ့အတွက် ဖြစ်ရတာလို့ မြို့ခံ ဦးတာရှီလာဆိုင်းကလည်း ပြောပါတယ်။

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း

ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ထိုးနှက်မှုကို မကျေနပ်၍ ဝန်ကြီးချုပ်ထံ တိုင်စာပို့


ရေး၊ မဇ္ဈိမ။                 ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲ အခြေချ ခလရ (၃၁)က တပ်ရေး ဗိုလ်ကြီးတစ်ဦးက ရွာသားတစ်ဦးအား ထိုးနှက်မှုကို မကျေနပ်သည့်အတွက် ထိုးနှက်ခံရသူ၏ သားဖြစ်သူက အရေးယူ ဆောင်ရွက်ပေးပါရန် မတ်လ ၁၈ ရက်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားထားသည်ဟု သားဖြစ်သူ ကိုမိုးမင်းဇော် ကပြောသည်။

“ ကျွန်တော်တို့ အဖေက ဘယ်မှမသွားတတ်၊ မလာတတ်လို့ ကျွန်တော်ကိုယ်တိုင် ဒီအကြောင်းကို ဝန်ကြီးချုပ်ဆီ တင်လိုက်တာ” ဟု ဦးဝင်းအောင်၏ သားဖြစ်သူ အသက် ၂၆ နှစ်ရှိ ကိုမိုးမင်းဇော်က ပြောသည်။

မိတ္ထီလာပဋိပက္ခ ၁ နှစ်ပြည့်ချိန် လူ ၈၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရ


မိတ္ထီလာပဋိပက္ခ ၁ နှစ်ပြည့်ချိန်မှာ မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ခိုလှုံနေရသူပေါင်း ၈ ထောင်လောက် ရှိနေသေးတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးဝင်းက “အခုက ကယ်ဆယ်ရေး စခန်း ၅ ခုမှာ လူဦးရည် ၈ ထောင် ကျော်လောက် ရှိပါသေးတယ်။ ကျနော်တို့က ချမ်းအေးသာယာရပ်ကွပ်ထဲမှာက အလုံး ၂၀၀ ကျော်လောက်တော့ လောလောဆယ်မှာ အချောသတ်ဖို့ ရှိတော့တာပေါ့။ အချောသတ်ပြီးရင် ထားနိုင်တဲ့အနေအထားကို အပိုင်းပိုင်းပြီး ထားဖို့ စီစဉ်ထားပါတယ်။”

လုံးချင်းအိမ် ၂၀၀ ကျော်မှာ မိုးမကျမီ ပြန်လည်နေရာချထားပေးဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။

မိတ္ထီလာမြို့နယ် ချမ်းအေးသာယာရပ်ကွက်မှာ ရန်ကုန် ရောင်နတ်ဗလီရဲ့ အလှူငွေနဲ့ လုံးချင်းအိမ်ရာ ၄၀၀ ကျော် ဆောက်လုပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပြီး အလှူငွေအခက်အခဲ ရှိနေတယ်လို့ အိမ်ရာဆောက်လုပ်ရေးကြီးကြပ်မှု ကော်မတီဝင် ဦးခင်နန်းက ပြောပါတယ်။

လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြော


လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကပြောသည်။
“တိုင်းပြည်မှာ ၀န်တွေပိနေတယ် ဘာလဲဆိုတော့ အာဆီယံအားကစားပြိုင်ပွဲတွေရှိတယ် အာဆီယံဥက္ကဌဖြစ်နေတော့ ၀န်ကြီးဌာနအသီးသီးနဲ့ကိုယ်တို့ကြီးပဲ လုပ်ပေးရမဲ့အခြေအနေရှိပါတယ် ဒါတွေအကုန်လုံးပိနေတော့ လုပ်ပေးနေရတော့ဒါကတစ်ချက်ပါ”ဟုဦးတင်အေးကဆိုသည်။

ဆက်လက်ပြီး ၄င်းက မကြာမီတွင် မိုးတွင်းရောက်လာပြီ ဖြစ်သောကြောင့် ရာသီဥတုကောင်းသည့်အချိန် နှင့် အာဆီယံဥက္ကဌတာဝန်ပြီးသည့် ရာသီဥတုကောင်းလောက်သည့်အချိန်ဖြစ်သော နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိင်မည်ဟု

ဝနဲ့ အစိုးရ အပစ်ရပ်ရေး ဆွေးနွေးမယ်

                               
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် uwsa၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် NDAA ခေါ် မိုင်းလားတပ်ဖွဲတို့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ဖို့ အတွက်

ဉီးသိန်းဇော် ဉီးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဒီနေ့ သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းဆွေးနွေးခဲ့ကြတဲ့ လိုင်ဇာဆွေးနွေးပွဲ၊ လော်ခီးလာဆွေးနွေးပွဲတွေမှာ ဝနဲ့ သူ့မဟာမိတ် မိုင်းလား အဖွဲ့တို့ မပါဝင်ခဲ့တဲ့ အတွက် အခုလို သီးခြား ဆွေးနွေးကြရတာဖြစ်ပါတယ်။

၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ


တလောက အသက် ၄၁ နှစ်အရွယ်တက္ကသိုလ် ဆရာမနဲ့ အသက် ၁၆
နှစ်အရွယ် ဆယ်တန်းကျောင်းသားခိုးပြေးကြတဲ့ သတင်းထက် အခုကိစ္စက

ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်ပါတယ်။

အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့် စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံးက ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

ထိုင်းတွင် တရားမ၀င် ၀င်ရောက်သည့် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် ၃၈ ဦး ဖမ်းမိ

                                                                                 ဓာတ်ပုံ – မန်နေဂျာ အွန်လိုင်း ထိုင်းသတင်း

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလုန်ခရိုင်ထဲမှာ မတ် ၁၉ ရက် သန်းခေါင်ယံအချိန်က မြန်မာနိုင်ငံဘက်ကနေ ခိုးဝင်လာတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးရမိတယ်လို့ နယ်စပ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်စပ်ရနောင်းခရိုင်ဘက်ကနေ တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာမယ်လို့ ကြိုတင်သတင်းရထားချက်အရ အမှတ် ၄ ခရိုင် နယ်ခြားစောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ အာရှလမ်းမကြီးပေါ်ကနေ စောင့်ကြပ်စစ်ဆေးရေးလုပ်ရာမှာ ဟိုင်းလပ်စ်ကား ၂ စီးပေါ်ကနေ သူတို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ပထမကားတစီးပေါ်မှာ အမျိုးသမီးနဲ့ အမျိုးသားပါ ပါဝင်တဲ့ ရိုဟင်ဂျာလူမျိုး ၂၀ ဦး ပါဝင်ပြီး ဒုတိယကားပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၈ ဦးပါဝင်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်တဲ့ ထိုင်းနိုင်ငံသား နိုင်းဝမ်းချိုင်းနဲ့ နိုင်းဗညားတို့ကိုပါ လိုအပ်သလို စစ်ဆေး အရေးယူဖို့ ထိန်းသိမ်းထားကြောင်း အမှတ် ၄ ခရိုင်ရဲမှူးး နိုင်းဖတ်ခဖုန်း ခုမ့်ဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ကရိုင်းမီးယားရှိ ယူကရိန်းတပ်သားတွေကို ခေါ်ယူ

ခရိုင်းမီးယား ရေတပ် အခြေစိုက်စခန်း

ယူကရိန်း တပ်ဖွဲ့တွေနဲ့ သူတို့မိသားစုတွေကို ခရိုင်း မီးယားကနေ ပြန်လည် ရုပ်သိမ်းဖို့ အစီ အစဉ် လုပ်နေ ပြီဖြစ် ကြောင်း ယူကရိန်း အစိုးရ ကိုယ်စား ယူကရိန်း လုံခြုံရေး အကြီးအကဲ အန်ဒရီ ပါရိုဘီး က ထုတ်ဖော် ပြောလိုက် ပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယား ပူးပေါင်းကြောင်း ကြေညာ ပြီးနောက် အခုလို ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

တပ်သားတွေနဲ့ မိသားစုတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ရွှေ့ပြောင်းနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီအချိန်မှာပဲ ခရိုင်းမီးယားက ထိန်းသိမ်းဖမ်းဆီးထားတဲ့ ယူကရိန်း ရေတပ်အကြီးအကဲကို ပြန်လွှတ်ပေးဖို့ ရုရှားက ခရိုင်းမီးယား အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ ထောင်းဝင် ဦးရေ အများဆုံးထဲက အမေရိကန်


အမေရိကန်ရဲ့ လူဦးရေဟာ ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ရှိပါတယ်။ အတိအကျ အားဖြင့် ၃၁၈ သန်း ရှိပါတယ်။ သို့ပေမယ့် ထောင်ထဲမှာ ရှိနေတဲ့ ထောင်သား အရေအတွက် ကျတော့ ကမ္ဘာ့ ထောင်သား လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ (လေးပုံပုံ တစ်ပုံ) က အမေရိကန်မှာ ရှိနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ အမေရိကန်ဟာ ပြစ်မှု ဆိုင်ရာ အရေးခြင်းနဲ့ ပက်သက်ပြီး တရားဥပဒေ တင်းကြပ်တဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ်လည်း စံချိန်တင်ထား ပါတယ်။ ဒါကြောင့်မို့ အမေရိကန် ပြည်သူများ အနေနဲ့ ထောင်ချခြင်း နဲ့ ပက်သက်လို့ တရားဥပဒေများ ပြန်လည်ပြင်ဆင်မှုကိုလိုလား ကြ ပါတယ်။ ဆေးခြောက် ရောင်း ဝယ် မှု နဲ့ ပက်သက်လို့ ထောင်ကျခံရတဲ့ ရာဇဝတ်သား တွေမှာ မတူညီတဲ့ ပြစ်ဒဏ် အမျိုးမျိုး ကျခံနေရခြင်းကို စတင် ဖြေရှင်းပေးလျက် ရှိပါတယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB