Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပုံတစ်ပုံကြောင့် ဘ၀ပြောင်းသွားတဲ့ အာကာကျော် နိုင်ငံတကာပွဲ သွားမည်

                                                                                              အာကာကျော်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

လွန်ခဲ့တဲ့ တစ်နှစ်ခွဲနီးပါးက လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ မြန်မာနိုင်ငံခရီး
ကို ပြည်သူအများ စိတ်ဝင်စား၊ စိတ်လှုပ်ရှားနေကြချိန်မှာ လူငယ်လေးတစ်ဦးဖြစ်တဲ့ အာကာကျော်
ကလည်း သူဝါသနာပါရာအနုပညာနဲ့ နံရံပေါ်မှာ ဂရပ်ဖစ်တီပုံဆွဲလို့ သမ္မတကြီးကို ကြိုဆိုခဲ့ပါတယ်။

ပုံလေးဆွဲပြီးတဲ့အခါ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး နောက်နေ့မှာ Like လေးတွေ တက်
နေမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုးရိုးလေး အိပ်ရာဝင်ခဲ့တဲ့အချိန်မှာ အာကာကျော်ဟာ နောက်တစ်နေ့မှာ
သူ့ ဘ၀အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ တွေးမနေခဲ့ပါဘူး။

"အဲဒီပုံလေးကနေ နောက်နေ့မှာ အဲဒီလောက် ပြောင်းလဲသွားမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့
ဘူး။ နောက်နေ့မှာတော့ ဖုန်းတွေ ၀င်လာတယ်၊ အင်တာဗျူးတွေ ချိတ်ကြတယ်"လို့ စာစောင်တွေ
ကနေ ရေးသားဖော်ပြကြတာကြောင့် နေ့ချင်းညချင်းဆိုသလို လူသိများသွားပုံကို အသက် ၂၁
အရွယ် အာကာကျော်က ပြောပြပါတယ်။

နိုင်ငံတကာ ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ်

                                                                                            Pentagon စစ်ဌာနချုပ်၊ ဝါရှင်တန်။

ပျောက်ဆုံးနေဆဲ မလေးရှားဂျက်လေယာဉ်ကို ရှာဖွေဖို့အတွက် ရေအောက် စုံစမ်းထောက်လှမ်းရေး ကိရိယာတွေ အကူအညီ ပေးဖို့ မလေးရှားနိုင်ငံက အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကို ပန်ကြားထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်ဆီ သောကြာနေ့က တယ်လီဖုန်းဆက်သွယ် ပြောဆိုချိန်အတွင်း မလေးရှား ကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က ပန်ကြားခဲ့တာဖြစ်တယ်လို့ ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါ တယ်။

ဘယ်လိုကိရိယာမျိုးကို အမေရိကန်က ကူညီမယ်ဆိုတာကိုတော့ ပြောခွင့်ရက အတိအကျ မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း ပန်ကြား ချက်အပေါ်မှာ နဲ့ လေယာဉ်ပျောက် ကို ရှာတဲ့နေရာမှာ အထောက်အကူဖြစ်မယ် မဖြစ်ဘူးဆိုတာ ၀န်ကြီးဟေဂဲလ်က စဉ်းစားနေပါ တယ်။

ရော့ခ်ဧကရဇ်ကြီး ဖြစ်ပေါ်လာပုံ ( အပိုင်း-၂ )

ပင်လယ်အော်သံဆိုတဲ့ခွေလေးထွက်လာတဲ့အခါမှာလေးဖြူဟာခိုင်မာသော ဘ၀ကို ရယူနိုင်သွားပါတယ်။
ဘာလို့ခို်င်မာတဲ့ဘ၀ကိုရယူနိုင်တယ်လို့ပြောရသလဲဆိုရင် တစ်ချို့သောအဆိုတော်များမှာ (ဥပမာ ဗဒင်)ပထမခွေရဲ့အောင်မြင်ပေမဲ့
နောက်ခွေမှာ ကျတော့ ခပ်အေးအေးဖြစ်သွားတတ်လို့ပါဘဲ။

လေးဖြူ နာမယ်ကြီးခဲ့တဲ့သီချင်းတွေကတော့
(အိပ်မက်ရထား။မုန်းလိုက်။နောက်ထပ်တို့မဝေးဘူး။မျှော်လင့်ခြင်းလေး။စုန်းမ။သေခြင်းရဲ့တံခါးများ။လွမ်းတဲ့စိတ်။အသုံးမကျတဲ့နှင်းဆီ။အလွမ်းများတစ်ကိုယ်ရေလွမ်းဆွတ်မူ့။လိပ်ပြာ။အဖေ။)သီချင်းတွေအပြင်လူကြိုက်များတဲ့သီချင်းတွေများပါတယ်။

ထူးဆန်းတယ်ပြောရမှာက ရော့က်သီချင်းဆို ဆူမှညံမှ ပွက်လောရိုက်မှလို့ထင်နေတဲ့သူများ ကို အလင်းရောင်လို လွမ်းတဲ့စိတ်လိုသီချင်းအေးအေးလေးများနဲ့ဖမ်းစားထားနိုင်တာပါဘဲ။
နောက်ပြီး မြန်မာပြည်မှ ပထမဆုံးလို့ပြောနိုင်တဲ့ နှစ်ပုဒ်ထဲပါတဲ့မဉ္ဇူရီဆိုတဲ့
သီချင်းခွေလေးကို ထုတ်ပြခဲ့တာပါဘဲ။ဒါပေမဲ့ ငွေကြေးအပိုင်းမှာမအောင်မြင်တော့ တစ်ခါထဲပါဖြစ်သွားပါတယ်။

ရော့ခ်ဧကရဇ်ကြီး ဖြစ်ပေါ်လာပုံ ( အပိုင်း-၁ )

ကျနော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာ သည်လောကနဲ့မသက်ဆိုင်တဲ့ လုပ်ငန်းထဲရောက်သွားပါတယ်။အဲဒါကတော့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းမှာအုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။
အဲဒီမှာရောက်တော့ အရင်ကလို သီချင်းတောထဲမှာတော့အချိန်ပြည့် ရှိမနေနိုင်တော့တဲ့အတွက်အစကတော့မနေတတ်သလိုပါ ။

ဒါပေမဲ့ ကျနော်နဲ့အတူနေတဲ့ကောင်လေးက သီချင်းထက်ဂစ်တာတီးတာကို ၀ါသနာပါပါ တယ် ။ဂစ်တာတီးတာကတော့ ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိ JVC စတီရီယိုကက်ဆက်ကလေး ရှိပါတယ်။
ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေကဂစ်တာလေ့ကျင့်ခန်းခွေတွေများပါတယ်။

သူနဲ့တွေ့မှ နိုင်ငံခြားက ရော့ဂစ်တာဘုရင်တွေဖြစ်တဲ့ ဂျင်မီဟင်းဒရစ်တို့၊စတီဗိုင်းတို့၊ဂျိုးဆက်သနီတို့ဆိုတဲ့
နာမယ်တွေရော သူတို့လက်သံဒေါင်ဒေါင်လန် တွေကိုပါကြားဘူးပါတော့တယ်။

အနုပညာအလုပ်မှာ ရေရှည် တည်တံ့နိုင်ဖို့ လိုအပ်ချက်တွေကို ပြောပြတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်ကားကို ပြေတီဦးနဲ့ ရိုက်ကူးနေပါတယ် ။ပြေတီဦးရဲ့ ဇနီးနေရာကို ပြေတီဦး အတိတ်မေ့နေတုန်း နေရာဝင်ယူ တဲ့သူ တစ်ယောက် အဖြစ် ဗီလိန်ဆန်ဆန် သရုပ်ဆောင် ရတာဖြစ်တာကြောင့် ဇာတ် ကား နဲ့ပတ်သက်ပြီး ခိုင်နှင်းဝေက “ဒီကားထဲမှာ အစ်မက ဗီလိန် တော့ဖြစ်ပေမယ့် ဇာတ်လေး ကလည်း ကောင်းတယ် ဆိုတော့ အရင်ဆုံး ဇာတ်ဖတ်ကြည့်ဖြစ်တာ ။အဓိကကတော့ အစ်မ ပါဝင်ရတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထား ပါတယ်။ လုပ် မယ်လို့ ဆုံးဖြတ်ပြီးရင် အကောင်းဆုံးပဲ လုပ်တယ်။ အလုပ်တစ်ခုက မလုပ် ခင်မှာဘဲ စဉ်းစားလို့ ရတယ်။ လုပ်ပြီးရင် အပီပြင်ဆုံးပဲ လုပ်ဖို့စဉ် စားပါတယ်။ ပရိသတ် ကလည်း ခေတ်မီနေပါပြီ။ ကိုရီယားကားတွေ မှာဆိုလည်း ဒီလိုပဲ ဗီလိန်တွေ ပါကြတယ်လေ။ သရုပ်ဆောင်တာ တော်ရင် နာမည်ထွက် မှာပဲ လေ။ ဗီလိန် ဆိုရင် မုန်းတယ် ဆိုတဲ့ ရှေး အယူအဆတွေ လည်း မရှိတော့ပါဘူး”လို့ ပြော ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဇာတ်ရုပ်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော်ရုပ်ရှင် မင်းသမိး မီရှဲလ်ယို ၏ မြန်မာပြည်ခရီးစဉ်နှင့် အမှတ်တမဲ့မှ အမှတ်တရဓာတ်ပုံ

ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး မီးရှဲလ်ယိုက ” စု” ဖောင်ဒေးရှင်း ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအနေဖြင့် မတ်လ ၉ရက်နေ့က ကျင်းပတဲ့ “စု” ဖောင်ဒေးရှင်းကပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ရင်း မတ်လ ၁ဝရက်နေ့မှာတော့ ရွှေတိဂုံစေတီတော်သို့ သာမန်လူတစ်ဦးလိုပင် တက်ရောက် ဖူးမြော်ခဲ့ကြောင်း သိရပါ တယ်။ ရွှေတိဂုံစေတီတော်သို့ ဖူးမြော်ဖို့လာတဲ့ ကမ္ဘာကျော်မင်းသမီးကို ဓာတ်ပုံဆရာ ကိုအေးဇော်မိုး (စက်မှု)က အမှတ်တမဲ့တွေ့ဆုံဖြစ်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ပေး ခဲ့ရကြောင်းကို ” အစ်ကိုက နေ့တိုင်း ဘုရားတက်ဖြစ်နေတာကြာပြီ။ အမေ၊ အဖေတို့နဲ့ပေါ့။ မီရှဲလ်ကလည်း သူ့ဘာသာဘုရားလာတာ။ သူ့အဖော်တွေက ၅ ယောက်ေ လာက်ပါတယ်။ သူက တနင်္လာ သမီးထင်တယ်။

အနုပညာရှင် နဲ့ စီးပွားရေး လုပ်ငန်းရှင် ကွာခြားမှုတွေ အကြောင်း ပြောပြတဲ့လွင်မိုး

အနုပညာ လောကမှာ အောင် မြင်မှု တစ်ခုကို ပိုင်ဆိုင်ထားပြီး စီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့ အခါ မှာလည်း ဒီအနုပညာကို သံယောဇဉ် ကြီးကြောင်း၊ အနုပညာနဲ့ ပတ်သက် ပြီး တစ်ခုခု လုပ်ပေးဖို့ ဆန္ဒရှိပြီး အခု ဆန္ဒပြည့်ဝပြီ ဖြစ်ကြောင်း ပြောပြလာ သူကတော့ အကယ်ဒမီ လွင်မိုးပဲ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီ (MMPD) ကို ကနဦး ထူထောင်သူ မှာပါဝင်ပြီး အနုပညာ လောက အ တွက် တစ် ထောင့် တစ်နေရာမှာ ပါဝင်ခွင့်ရတဲ့ အပေါ် ကျေနပ်ကြောင်း လွင်မိုးက ပြောပြခဲ့ပါတယ်။
စီးပွားရေးသမား ဖြစ်သွားရတဲ့ အကြောင်း
စီးပွားရေး သမား ဖြစ်သွားတာ၊ အနုပညာ လောကနဲ့ ကင်းကွာပြီး မလုပ်ဖြစ်တာ ငါးနှစ်လောက် ရှိပြီ။ ကျွန်တော်လည်း အနုပညာ လုပ်ငန်းကို အများ ကြီးအောင်မြင် အောင် လုပ်ခဲ့ပေမယ့်လည်း တကယ် တမ်းကျတော့ ကိုယ် လုပ်ချင်တဲ့ အနု ပညာတွေ၊ ကိုယ်ဖြစ်ချင်တဲ့ ပုံစံတွေ ကိုယ့်ဘဝ ရပ်တည်မှု မှာ ဒီအနုပညာ တစ်ခု တည်း မလုံလောက်ဘူး ဆိုတာ ဒီစီးပွားရေးကို လုပ်တဲ့အပိုင်းတွေ ပါ လာတယ်။ အခု တိုက်တိုက်ဆိုင်ဆိုင် ပဲ ဒီလို စိတ်ဓာတ်ကနေ အနု ပညာ လောက အတွက် စီးပွားဖြစ်မယ့် လုပ် ငန်း တစ်ခုမြင်လာတယ်။ အဲဒါက အများပိုင်ကုမ္ပဏီပါ။

နားလည်မှုတွေနဲ့ အိမ်ထောင်သည်ဘဝကို တည်ဆောက် သွားကြမယ့် ဖြိုးငွေစိုး နဲ့ ဇင်ဇင် တို့ရဲ့ ကြည်နူး ရင်ခုန် စကားသံများ

ပရိသတ် အားပေးမှု အတော် အသင့် ကိုယ်စီရရှိထား သူတွေဖြစ် ကြတဲ့ ဖြိုးငွေစိုးနဲ့ ဇင်ဇင်တို့ အနုပညာရှင် နှစ်ဦးဟာ နှစ်ယောက် တစ်ဘဝ ပေါင်းစပ်လို့ မိသားစု ကမ္ဘာ လေးတည်ဆောက် ပုံဖော်ကြတော့ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ ဖြိုးငွေစိုးနဲ့ ဇင်ဇင်တို့ရဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည် ဘဝ မည်သို့မည်ပုံ တည်ဆောက်ခဲ့ ပုံနဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအပြင် တစ် ဦးအပေါ် တစ်ဦး နားလည်မှုတွေ ထားပြီး ချစ်မေတ္တာပုံ အပ်ထားပုံ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ဖြိုးငွေစိုး
ချစ်သူသက်တမ်း ၆နှစ်ကြာ
ကျွန်တော် သူနဲ့ စတွေ့တာက တော့ ပွဲတွေ ဘာတွေ သွားရင်းလာ ရင်းနဲ့စ ပြီးတွေ့ဖြစ်ကြတယ်။ သူနဲ့ ကျွန်တော် နဲ့က သူငယ်ချင်းတွေလိုပဲ စနောက်နေတာက များ တယ်။ ချစ် သူတွေအဖြစ် ခြောက်နှစ် သက်တမ်း မှာလည်းနေ့တိုင်း ရန်ဖြစ်တယ်။ နေ့တိုင်း ပြန်တည့်တယ်။ နေ့တိုင်း စိတ်ကောက်၊ နေ့တိုင်း စကားများတယ်။ နေ့တိုင်း လည်း ပြန်ပြီး အဆင်ပြေတယ်။ နောက်တစ်ခုက ချစ်သူ သက်တမ်း ကလည်း ခြောက်နှစ် ကြာပြီဆိုတော့ ဒီထက်လည်း ပိုပြီးကြာလို့ မဖြစ် တော့ ဘူး။ နှစ်ယောက်စလုံး အကျင့် တူတာက စိတ်ကူးပေါက်ရင် ထပြီး လုပ်ဖြစ်တယ်။ အခုလည်း ဒီလိုပဲ ထပြီးတော့ ယူဖို့ကို ပြောပြီးတော့ ချက်ချင်း စီစဉ်ဖြစ်သွားတယ်။ စိတ် ချမ်းသာရတယ်။

ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ပတ်စ်ပို့အနီ ထုတ်ပေးနေ

မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတွေမှာ ပူးတွဲရုံးတွေ ဖွင့်လှစ်ထား

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တွေထဲက ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ သူတွေကို ပုံမှန် နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၁၇ သိန်းကျော်ရှိတဲ့ အထဲက အလုပ်လုပ်ခွင့် ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေကို လက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ နိုင်ငံကူးလက်မှတ် ခရမ်းရောင် အစား နိုင်ငံတကာကို သွားလာခွင့် ရှိတဲ့ ပုံမှန် နိုင်ငံကူး လက်မှတ် စာအုပ် အနီတွေကို စတင် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံက ၄ နှစ်ထက် မကျော်တဲ့ အလုပ်လုပ်ခွင့်ကိုသာ ပေးတာဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ မြန်မာ အလုပ်သမားတိုင်းဟာ မြန်မာဘက်ကို နေ့ချင်းပြန် ဖြစ်စေ တစ်ခေါက် ပြန်ကြရပြီး ထိုင်းက ထွက်သွားတဲ့ သူတွေကိုမှ ဗီဇာအသစ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်အသစ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ထိုင်းအလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ဘီဘီစီကိုပြောပါတယ်။

ဖရီးမောင့်မြန်မာတဦး ကလေးသူငယ်များ၏လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်စေသော ဓာတ်ပုံရုပ်သံများ တက်ဆက်သည့်အမှုဖြင့် ဖမ်းဆီးခံရ

          (Child Pornography – အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ
                                                   ကာယအိနြေ္ဒကို ထိခိုက်စေသော၊ ကျုးလွန်သော၊ စော်ကားသော ဓာတ်ပုံ၊ ရုပ်သံများ၊ မီဒီယာထုတ်လုပ်မှုများ)


ဆန်ဖရန် ဘေးဧရိယာ၊ ဖရီးမောင့်မြို့နေ မြန်မာတဦးဖြစ်သည့် မိုက်ကယ်ဂေါ၊ (အောင်ဂေါ) ၂၅ နှစ် နှင့်အတူ အခြား ၁၃ ဦးကို အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်ကျုးလွန်သော ရုပ်သံ၊ ဓာတ်ပုံများ တင်ဆက်သည့် ၀က်ဆိုက် လုပ်ဆောင်နေသည့် ရာဇ၀တ်မှုဖြင့် အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဌာနက တရားစွဲဆို၊ အရေးယူရန် ဖမ်းဆီးလိုက်သည်ဟု သတင်းများတွင် တွေ့ရသည်။

အမှုသွားမှာ ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၃ မေလ ၉ ရက်အတွင်း ကျုးလွန်သော ပြစ်မှုများဖြစ်သည်ဟု ဆိုသည်။ ထိုအမှုတွင် ထိခိုက်ခံရသည့် ကလေးသူငယ်များမှာ ပြည်တွင်းမှ ၂၂၈ ဦး ပြည်ပမှ ၂၃ ဦး ရှိသည်။ ထိုဝက်ဆိုက်ကို မြေအောက်တရားမ၀င် အင်တာနက်လမ်းများကနေ တင်ဆက်နေပြီး အဆိုပါ ရုပ်သံပေါင်း ၂ ထောင်နှင့် အသင်းဝင်ပေါင်း ၂ သောင်း ၇ ထောင် ရှိနေသည်ဟု ဆိုသည်။

NLD နဲ့ ကြံ့ခိုင်ရေး တိုင်းရင်းသား ဒေသ အားလုံးမှာ ယှဉ်ပြိုင်မည်

ဒီနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် အားစမ်းမှုတခု ဖြစ်နိုင်တယ်လို့ အများက သုံးသပ်ကြပေမယ့် တိုင်းရင်းသား ပါတီ တချို့ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပိုပြီး အားကောင်း စေတယ်လို့ သုံးသပ်ကြပါတယ်။ အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ NLD ကလည်း တိုင်းရင်းသား ဒေသတွေမှာပါ သူတို့အနေနဲ့ အနိုင်ရနိုင်ခြေရှိကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

၂၀၁၄ခုနှစ်နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ် တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့ကကြေညာ ပြီးတဲ့နောက်ပိုင်းမှာ လစ်လပ်တဲ့ ကိုယ်စားလှယ်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီတချို့က ကြေညာခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် (၃)နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကိုပြောပါတယ်။

ရိုဟင်ဂျာအမည် ထည့်သွင်းရေး ဗြိတိန်သံအမတ် တိုက်တွန်းချက်ကို ငြင်းဆို

မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မကြာခင်ကောက်ခံမယ့် သန်ခေါင်စာရင်း ကောက်ခံရေးစီမံချက်မှာ လူမျိုးအမည်နဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ထည့်ခွင့်ပြုထားတဲ့ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့အချက်ဖြစ်ကြောင်း သံအမတ်ကြီးဘက်က ထောက်ပြပြောဆိုမှုတွေရှိခဲ့ပေမဲ့ RNDP ပါတီဟောင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီအချက်ကို ငြင်းဆိုခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ရှိသူတွေက RFA ကို ပြောဆိုပါတယ်။

ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

အမျိုးသား ပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်လည်ထားရှိဖို့ အတွက် ထည့်သွင်း ရေးဆွဲပေးဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့် ခဲ့ပါတယ်။

ကျောင်းသား သမဂ္ဂနဲ့ ပတ်သက်ပြီး နေရာပေးရမယ့် အစား အထင်အမြင်မှားတွေ ရှိနေတယ်လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။

"ကျောင်းအုပ်ချုပ်ရေး အဖွဲ့တို့၊ ကျောင်းသား မိဘအသင်းအဖွဲ့တို့ တောင်ထည့်ပေးရင် ကျောင်းသားသမဂ္ဂကို ဘာလို့မထည့် ပေးရမှာလဲ၊ ကျောင်းသား သမဂ္ဂနဲ့ ပတ်သက်ပြီး စည်းမျဉ်းအရ နေရာပေးရမယ့် အစား အထင်အမြင်မှားတွေ ရှိတယ်"

တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော

                                                                    မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ့ဆုံ။            
                                                                                                                 (အောက်တိုဘာ ၁၀၊ ၂၀၁၃)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲဝင်တွေ ဟာ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း (Single Text) ရရှိရေး အတွက် အချောသတ်မှတ်နိုင်ဖို့ ချင်းမိုင်မြို့မှာ ၂ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ မူကြမ်းမှာအခန်း (၇) ခန်းမှာ ပါဝင်မယ့် အချက်အလက်တွေနဲ့ တပ်မတော်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးမူမှာ ပါဝင်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ရပ်သွားနိုင်တယ်လို့ NCCT က သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက်  မအေးအေးမာက ပေးပို့ထားပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေဟာ ၂ရက်တာဆွေးနွေးခဲ့ပြီးနောက် တိုင်းရင်းသားတွေနဲ့ အစိုးရ နှစ်ဖက် ညှိနှိုင်းမှုတွေအရ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ အခန်း (၇)ခန်းပဲ ထားဖို့ ဆုံးဖြတ်ပြီး မူကြမ်းမှာ တိုင်းရင်းသားတွေဘက်က လိုလားချက်တွေ ပါဝင်နိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဗိုလ်မူးကြီး ခွန်ဥက္ကာပြောပြတာက-

Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စုပါဝင်

ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်စာရင်း နံပတ်တစ် စာရင်းဝင် ပုပ်ရဟန်းမင်းကြီးနှင့်
 နံပတ်ခြောက် စာရင်းဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံကြစဉ်။

အမေရိကန်က နံမည်ကျော် စီးပွားရေး မဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် အယောက် ၅၀ စာရင်းကို မနေ့ကထုတ်ပြန် ခဲ့တာမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အများ အကျိုး ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပေးနိုင်သူတွေ၊ မဟာဗျူဟာတွေကို မှန်မှန်ကန်ကန် ချမှတ် အကောင်အထည် ဖော်နိုင်သူတွေ၊ လိုရာပန်းတိုင်ရောက်တဲ့ အထိ အလျော့မပေး ဦးဆောင်မှုပေးတဲ့သူတွေ၊ ကြိုတင်မမြင်နိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ကန် တုံ့ပြန် ဆောင်ရွက်နိုင်သူတွေလို့ ယူဆရသူတွေကို ဒီစာရင်းထဲမှာ ထည့်သွင်းထားတာပါ။

အခုထုတ်ပြန်လိုက်တဲ့ အယောက် ၅၀ စာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၆ နေရာမှာ ရှိနေတာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ် Fortune Magazine က ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး စာရေးဆရာ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင် အယ်ဒီတာ ဦးဖေမြင့်ကတော့ မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်
မှုတွေကြောင့် ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

ခြံမြေကိစ္စ အငြင်းပွားရာမှ ရာအိမ်မှူး ဓားထိုးခံရပြီး သေဆုံး

တိုက်ကြီးမြို့နယ်တွင် ခြံမြေကိစ္စအငြင်းပွားမှုကို ၀င်ရောက်ဖြေရှင်းပေးသည့်ရာအိမ်မှူးတစ်ဦး မတ်လ ၁၉ ရက်က ဓားထိုးခံရသဖြင့် သေဆုံးသွားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စဥ့်ကူးကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအေးကို (၄၃)နှစ်သည် တစ်ရွာတည်းနေ လယ်လုပ်ကိုင်သူများဖြစ် သည့် အေးသွင် (၄၃)နှစ်၊ ဘိုဘို(ခ)သိန်းစိုးဝင်း(၃၅)နှစ်တို့ နှင့်အတူ ခြံမြေကိစ္စ ရှင်းလင်းကြရာမှ စကား များရန်ဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဦးအေးကိုက ဆဲဆိုသည်ကို မကျေနပ်သဖြင့် ဘိုဘို(ခ)သိန်းစိုးဝင်းက အသင့်ပါလာသည့် ဓားဦး ချွန်ဖြင့် ထိုးရာယာဘက်လက်ပြင်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲလက်မောင်း ပြတ်ရှဒဏ်ရာ တစ် ချက်တို့ ရရှိကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက တွေ့ရှိထားသည်။

ထို့ကြောင့် ဘိုဘို(ခ)သိန်းစိုးဝင်းနှင့် အေးသွင်တို့အား အရေးယူပေးရန် သေဆုံးသူ၏ အစ်ကို ဦးမောင် မောင်လွင်က အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မဖမ်းဘဲ လွှတ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ကို သာပေါင်းမြို့နယ် ရဲစခန်းမှာ ရွာသားတွေက လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားပေမယ့် ဒီကနေ့အထိ ဖမ်းဆီးခြင်းမရှိဘဲ လွှတ်ပေးထားတယ်လို့ တောင်ကလေးကျေးရွာဒေသခံတွေက
Myanmar News Now ကို ပြောပါတယ်။

တောင်းကလေးကျေးရွာက လူငယ်တွေကို ထိုင်းနိုင်ငံကို တရားမ၀င်လမ်းကြောင်းကနေ ပို့ဆောင်၊ အကြွေးနဲ့ချည်နှောင်ပြီး အလုပ်ခိုင်းစေခဲ့တယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ၎င်းရဲ့ ညီဖြစ်သူ ဦးအောင်မြင့်နဲ့ ဦးအုန်းချစ်တို့ကို တောင်ကလေးဒေသခံ ကိုမောင်ဇော်က တရားလိုလုပ်ပြီး သာပေါင်းမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာလှည့် ခရီးသွား ပိုလန်နိုင်ငံသူထံမှ ပစ္စည်း လုယူသူများအား ဖမ်းဆီးရမိ


(၈.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ ပုလဲငွေဆောင်ဟိုတယ်သို့ ရောက်ရှိတည်းခိုနေထိုင်သည့် ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇)နှစ်သည် (၁၀.၃.၂၀၁၄)ရက်နေ၊ (၂၁း၀၀)နာရီ အချိန်ခန့်တွင် ရွှေဟင်္သာဟိုတယ်မှ ကမ်းခြေအတိုင်းတစ်ဦးတည်း လမ်းလျှောက်၍ ပြန်လာစဉ် Silver Coast ဟိုတယ်ရှေ့အရောက်တွင် ၄င်း၏ နောက်မှ လူ(၂) ဦးလိုက်ပါလာကာ မျက်နှာအားလက်သီးနှင့် ထိုးပြီး လက်ဆွဲအိတ်အပြာရောင်အား လုယူထွက်ပြေး သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ငွေဆောင် ရဲစခန်းမှ စခန်းမှူးဒုရဲမှူး တင်မိုးဦးက တရားလိုပြုလုပ်၍ မတ်လ(၁၁) ရက်နေ၊ ညနေ (၃) နာရီအချိန်တွင် ၁၄/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်း စစ်ရှောင်စခန်းတွင် မတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က လေပြင်း ကျရောက်စဉ် စစ်ရှောင်စခန်း အတွင်းရှိ ယာယီရွက်ဖျင်တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ရာ တဲအတွင်း အိပ်ပျော်လျက် ရှိသည့် စစ်ရှောင်မိသားစုသုံးဦးအနက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် မီးလောင် သေဆုံးခဲ့ကာ မိဘနှစ်ဦးမှာ မီးလောင်ဒဏ်ရာ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဂျာယန် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းကဆိုသည်။

အမျိုးသမီးငယ်တစ်ဦး ပိုးသတ်ဆေးသောက်၍ သေဆုံး

၂၀.၃.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန် မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့၊ မြောင်းတကာ ရဲကင်းစခန်းမှတပ်ဖွဲ့ဝင် များသည် မြောင်းတကာကျေးရွာ၌ အမျိုးသမီးငယ်တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မသီတာအေး၊ (၁၅)နှစ်၊ (၉)တန်းကျောင်းသူ ဖြစ်ပြီး နေအိမ်ဘေးရှိ ဟင်းရွက်စိုက်ခင်းအတွင်း ပါးစပ်မှအမြှုပ်များ ထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ၎င်းသည် ၂၂.၃.၂၀၁၄ရက်နေ့တွင်သူငယ်ချင်းများနှင့် အတူ ကျိုက်ထီးရိုးစေတေီတော်သို့ဘုရားဖူးသွားလိုကြောင်း မိခင်ဖြစ်သူအား ပြောဆိုရာ မိခင်မှ စီးပွားရေး အဆင်မပြေသဖြင့် မသွားရန် တားမြစ်သည်ကို စိတ်ဆိုးပြီး နေအိမ်စိုက်ခင်းအတွင်း စိုက်ပျိုးရေးသုံး ရွှေဆိုက်ဘာ

အမျိုးသမီးတစ်ဦး နွံအိုင်အတွင်း စောက်ထိုးကျ၍ နစ်မြုပ်သေဆုံး

၂၀.၃.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် သုံးခွမြို့ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ အနောက်ကျေးရွာ၌ အမျိုးသမီးတစ်ဦး ရေခန်းနေသည့် ရေကန်အတွင်း နွံနစ်သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်တင်စန်း၊ (၅၅)နှစ်ဖြစ်ပြီး ၎င်းသည် နေအိမ်မြောက်ဘက်ရှိ အကျယ်(၃၀)ပေခန့်ရှိ ရေခမ်းစ ပြုနေသောရေကန်အတွင်း၌ နွံအနက်(၄)ပေ ခန့်ရှိ နွံအိုင်အတွင်း စောက်ထိုးကျလျက် ခါးတစ်ဝက်ခန့်နစ်မြုပ်ကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ၏နေအိမ်တွင် အခြားမိသားစုမရှိဘဲ ခင်ပွန်းဖြစ်သူနှင့်(၂)ဦးတည်းသာ နေထိုင်ကြောင်း၊ ၎င်းသည် ယခင်ရက်များက နွံအိုင်အတွင်းရှိ ငါးများကို

ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့

စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက်လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပါတယ်။

စာမေးပွဲကပြန်လာသူ ကျောင်းသူတဦး ၆ဘီးယာဉ်နဲ့ ပွတ်တိုက်မိပြီး သေဆုံး

စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ တောင်ငူတက္ကသိုလ် တတိယနှစ် ရူပဗေဒ ကျောင်းသူ(၂)ဦးရဲ့ ဆိုင်ကယ်နဲ့ ၆ဘီးတပ်ယာဉ် နောက်ပိုင်းနဲ့ ပွတ်တိုက်မိပြီး ကျောင်းသူတဦး သေဆုံးမှုတစ်ခု မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မဒေလီယာ(၂၁)နှစ် မောင်းနှင်းလာတဲ့ ဆိုင်ကယ်ကို မကြည်ပြာဖြိုးအောင် (၂၀)နှစ် စီးနင်းလိုက်ပါလာရာ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူ-သံတောင်ကားလမ်း လမ်းဆုံမီးပွိုင်အနီး
NISSAN အမျိုးအစား (၆)ဘီးယာဉ်က ကျော်တတ်ခဲ့ရာ ယာဉ်နောက်ပိုင်းနဲ့ ဆိုင်ကယ်တို့ ပွတ်တိုက်မိပြီး ကျောင်းသူ၂ဦးလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဓားဖြင့် ရက်စက်စွာ ခုတ်ပိုင်းသတ်ဖြတ်ခံခဲ့ရသည့် ရန်ကင်းလူသတ်မှု တစ်ဘက်သတ် ခံရခြင်းဖြစ်ဟုသိရ

ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် မတ်လ ၁၅ ရက်နေ့ညကဓားဖြင့် ရက်စက်စွာ မသေမချင်း ခုတ်သတ်ခံခဲ့ရသည့် ကိုမင်းမင်းဦးမှာ ပြစ်မှုကျုးလွန်ခဲ့ သူတရားခံ နှင့်ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတရား ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားဖြင့် ခုတ်သတ်ခံခဲ့ရသူ ကိုမင်းမင်းဦးမှာအလုပ်မှ အပြန် ၀ါးတံတားလမ်းတွင် နေထိုင်သည့် အကိုဖြစ်သူအိမ်သို့ ထမင်းတောင်းစားရန် သွားရာ မရှိသဖြင့်ပြန်ထွက်လာစဉ် အရက်မူးယစ်သောက်စားထားသူကို ချစ်ပိုနှင့် ပခုံးချင်းတိုက်မိပြီး အချင်းများရာမှ ယခုကဲ့သို့ ဓားဖြင့်ခုတ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
''အဒေါ့်သားမက်ဆိုပေမယ့် သား တစ်ယောက်လိုပါပဲ။ သူကသစ်စက်မှာ လည်းလုပ်တယ်။

မောင်တောတွင် စက်လှေနှင့် အိမ်ပေါ်မှ သေနတ်နှင့် ကျည်ဆံများဖမ်းဆီးရမိ




နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန် ရခိုင်ပြည်နယ်၊ အမှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် နှာခေါင်းတိုရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော လှည့်ကင်းအဖွဲ့သည် သက်သေများနှင့်အတူ ပင်လယ်ကမ်းစပ်တစ်လျှောက် စက်လှေဝင်/ထွက်မှုများအား စစ်ဆေးနေစဉ် မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအ၀င် ချောင်းကမ်းစပ်၌ စက်လှေတစ်စီး ရပ်တန့်ထားသည်ကိုတွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ ဘင်္ဂလီလူမျိုး(၅)ဦး စက်လှေပေါ်မှ ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်။ 


အဆိုပါစက်လှေမှာ လေယာဉ်ကွင်းကျေးရွာနေ မော်ဂျူ၏စက်လှေဖြစ်ကြောင်းသိရှိရပြီး စက်လှေပေါ်ကျန်ရှိသည့် မော်ဂျူ၏အနွေးထည်အင်္ကျီအိတ်ကပ်အတွင်းမှ ငွေရောင်ကျည်(၉)တောင့်၊ ဓါးရှည်(၄)ချောင်း၊ ငါးဖမ်းဆွဲပိုက်(၆)ခု၊ လေးခွ(၃)လက်၊ ဓါတ်မီး (၂)လက်တို့အား သိမ်းဆည်း ရမိခဲ့သည်။ စက်လှေအစောင့်ဖြစ်သူ ကညင်တန်းကျေးရွာနေ မာမောက်ဆာဒီဒ်နှင့် စက်လှေအနီးဆိပ်ကမ်းတွင် မသင်္ကာဖွယ်တွေ့ရှိရသည့် နှာခေါင်းတိုကျေးရွာနေ အေရှားဒူလာ(၁၇)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

သောက်ရေထောက်ပံ့နေသော မြစ်အတွင်းသို့ ၀က်သေ အကောင် ၁၃၀ ကျော်ပုပ်ပွမျောပါလာ



ကျန်ရှီပြည်နယ်မြို့တော် သောက်သုံးရေပေးဝေမှုအတွက် အဓိက ထောက်ပံ့ပေးနေသော ယင်းပြည်နယ် အရှေ့ပိုင်းရှိ မြစ်တစ်ခုအတွင်း၌ ၀က်အသေကောင် ၁၃၁ ကောင် ပုပ်ပွမျောပါလာကြောင်း ဒေသခံအာဏာ ပိုင်များက ပြောကြားလိုက်ကြောင်း မတ်လ ၂၀ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယန်စီမြစ်၏ အဓိက မြစ်ခွဲတစ်ခုဖြစ်သော ၇၅၈ ကီလိုမီတာ ရှည်လျားသော ဂန်ကျန်း မြစ်၏ အစိတ်အပိုင်း တစ်နေရာ၌ ၀က်သေများကို နန်ချန်းမြို့တော် ရေအရင်းမြစ်ဌာနမှ ၀န်ထမ်းများက ပထမဆုံး တွေ့ရှိခဲ့ကြ သည်။

ဝက်သေကောင်များအား ၇၅၈ ကီလိုမီတာရှည်သည့် ဂန်ကျန်းမြစ်တစ်နေရာတွင် မတ်လ ၁၅ ရက်၌ နန် ချောင်မြို့ ရေအရင်းအမြစ်အာဏာပိုင်များမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းမြစ်မှာ ရန်ဇီမြစ်၏ အဓိက မြစ် လက်တက်တစ်ခု ဖြစ်သည်။

အိမ်သာတက်နေစဉ် လိင်အင်္ဂါကို မြွေကိုက်ခံရ


တကယ့်ကို ထူးခြားတဲ့ ဖြစ်ရပ်ပါပဲ။ နောက်ပြီး အလွန် ကံဆိုးတယ် လို့ ပြောရမှာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများသုံး အိမ်သာမှာ အိမ်သာ တက်နေစဉ် လိင်အင်္ဂါ ကို မြွေကိုက်ခြင်း ခံခဲ့ရတာ ကြောင့် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ဂါနာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တာ ဖြစ် ပြီး အသက် (၃၄)နှစ် အရွယ်ရှိ က၀ါတီနီ ဟာ အိမ်သာတက်ဖို့ ထိုင်နေစဉ် မြွေဟာ ရုတ်တရက် ပေါက် လိုက်ခြင်းဖြစ် ပါတယ်။

ကြောက်လန့် တကြား အော်ဟစ်မှု ပြုလုပ်ခဲ့ တာမို့ ပတ်ဝန်း ကျင်က လူတွေ အံ့အားသင့် သွားခဲ့ကြပါ တယ်။ ဒီနောက် က၀ါဘီနီ ကို ဆေးရုံကို အမြန် ပို့ဆောင် ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ က၀ါတီနီ ရဲ့ဒဏ်ရာဟာ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။ က၀ါတီနီက သူ့ကိုမြွေက အောက်က ထွက်ကိုက်တာ ဖြစ်ကြောင်း၊ မြွေ ကိုက်ခံရခြင်း ကြောင့် စိုးရိမ်စရာ မရှိသော် လည်း တစ်မျိုးကြီး ခံစား နေရကြောင်း၊ သူ့ကို ကိုက်ခဲ့ တဲ့မြွေဟာ အနက်ရောင် ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ 


The Messenger

တရုတ်တစ်ယောက်ရဲ့ ခေါင်းကို သံတူးရွင်းနဲ့ ရိုက်ခဲ့တဲ့ မြန်မာတစ်ဦးကို ထောင် ၄ လချ

မြန်မာလူမျိုး အလုပ်သမားခေါင်းဆောင်တစ်ဦးသည် လုပ်ဖော်ကိုင်ဖက် တရုတ်လူမျိုးတစ်ဦး၏ ဦးခေါင်းကို သံတူးရွင်းဖြင့် ရိုက်နှက်၍ ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ်လေးလ ချမှတ်ခံရသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ ၂၉ ရက်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသား ခိုင်စိုးဆိုသူသည် တရုတ်လူမျိုး ယူယီကွေး အသက် ၄၃နှစ်ကို ဦးခေါင်းနောက်ပိုင်းဒဏ်ရာရရှိစေရန် တူးရွင်းဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုက်နှက်မှုမှာ စင်ကာပူနိုင်ငံ၊ ကရန်ဂျီမြို့၊ ၎င်းတို့၏ အလုပ်ခွင် United Wooden Case and Packaging Enterprise တွင် ဖြစ်သည်။

ဘုရားပွဲ လာသော စိတ်ဝေဒနာရှင် ကောင်မလေးကို သရက်ခြံထဲ ခေါ်ပြီး မုဒိန်းကျင့်ရန် ကြံ

သာစည် မြို့နယ်၊ ရွှေယင်မျှော် ဘုရားပွဲ သို့ သာစည် မြို့နယ်၊-----------------ကျေးရွာနေ မ----------------------(၃၄) နှစ် သည် ညီမ များ ဖြစ် သော မ--------------------- နှင့် မ ------------------------ တို့နှင့်အတူ လာရောက်ပြီး၊ ဇရပ် တွင် တည်းခိုနေကြ သည် ဆို၏။ 

ဤကဲ့သို့ တည်းခိုနေရာ မတ်လ (၁၄) ရက်နေ့က ယခင် က သိကျွမ်းခဲ့သူ သာစည် မြို့၊ ------------------ ကျေးရွာမှ --------------- (၂၃) နှစ် သည် စိတ်ရောဂါ ဝေဒနာ ရှင် မ-------------------- (၂၀) နှစ်အား-------------------ကျေး ရွာ အနောက် ဘက် သရက်ခြံသို့ ခေါ်ဆောင် သွား ပြီး၊ သားမယားအဖြစ် ပြုကျင့်ရန် ကြံသဖြင့် အစ်မဖြစ်သူ မ-----------------------က တရားလို ပြုလုပ်၍ သာစည်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ မြို့မ ရဲစခန်းက ------------------------- (၂၃) နှစ်အား ရဲစခန်း (ပ) ၈၃/ ၂၀၁၄၊ ပုဒ်မ ၃၇၆/၅၀၁ ဖြင့် အမှုဖွင့် အရေးယူထား သည်။
 

The Messenger

အိမ်မှာ မူးပြီး ရမ်းကားနေလို့ ရဲစခန်းမှာ သွားအပ်ထားသည့် အချုပ်သား အသည်းကွဲသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ၉ ရက်က အချုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက မတ် ၁၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
သေဆုံးသွားသူ အချုပ်သား ဦးဖိုးဇော် (အသက် ၄၁ နှစ်)မှာ မတ် ၈ ရက် ညနေပိုင်း ၅း၃၀ အချိန်ခန့်က ၎င်း၏ နေအိမ်၌ အရက်မူးယစ်ကာ မိသားစုများအား ဆဲဆိုခဲ့သောကြောင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စံပယ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မင်းထိုက်အား ထိန်းသိမ်းပေးပါ ရန် အတွက် ညနေ ၆နာရီခန့်က သွားရောက် တိုင်ကြားခဲ့သည်။ ဦးဇော်မင်းထိုက်က ဦးဖိုးဇော်(သေဆုံးသူ)အား ညနေ ၆ နာရီ ကျော်ခန့်တွင် ခရမ်းမြို့နယ် မြို့မရဲစခန်းသို့ သွားရောက် အပ်နှံခဲ့သည်။

ယင်းသို့ အပ်နှံခဲ့ပြီး မတ် ၉ ရက် နံနက် ၉ နာရီကျော်ခန့်တွင် ကိုဖိုးဇော် သေဆုံး သွားပြီဖြစ်ကြောင်း ခရမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူများက မိမိထံ ဆက်သွယ်ခဲ့သည်ဟု ဦးဇော်မင်းထိုက်က ပြောသည်။

 

အိမ်ဖော်ကို ရက်စက်စွာနှိပ်စက်သည့် အိမ်ရှင် ဖမ်းဆီးစစ်ဆေးခံရ

အိမ်ဖော်အမျိုးသမီးကို ရက်စက်စွာနှိပ်စက်တဲ့အိမ်ရှင်ကို ရဲစခန်းက ဖမ်းဆီးစစ်ဆေး နေပါတယ်။
အိမ်ဖော်အမျိုးသမီး မသီတာဝင်းကို ရေနွေးပူလောင်းတာအပြင် မီးပူနဲ့ထိုးပြီး ရိုက်နှက် နှိပ်စက်တဲ့ အိမ်ရှင်ဒေါ်စီစိလျ (ခ) ဒေါ်ခါးခါးကို ရန်ကုန်တိုင်း ကမာရွက်မြို့နယ်ရဲစခန်းက မတ်လ ၂၀ ရက် ညနေပိုင်းမှာ သွားရောက်ဖမ်းဆီးစစ်ဆေးနေပြီလို့ ကမာရွတ်ရဲစခန်းက အမှုစစ် အရာရှိ ဒုရဲအုပ် ဟန်ထွန်းအောင်က ပြောပါတယ်။

“မနေ့ညနေပိုင်းက ဖမ်းပါတယ်။ သူ့ကိုတော့ ကျနော်တို့ စစ်ဆေးတုန်းပါပဲ။ ဒါက ရမန်ပေးလို့မရတဲ့အတွက် ရဲစခန်းမှာ ချုပ်နောင်ပြီး စစ်ဆေးတုန်းပေါ့။”
ဒေါ်စီစိလျကို အိမ်ဖော် မသီတာဝင်းကနေပြီး ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်တဲ့အတွက် စတင်အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။ သူ့ကို အပြင်းအထန် နာကျင်စေမှု၊ တားဆီး ပိတ်ပင်မှုနဲ့ ဆဲဆိုမှုတို့နဲ့ စွဲဆိုပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

ဟားခါးမြို့နယ် လေယာဉ်ပျက်ကျသတင်း အာဏာပိုင်များ စုံစမ်းဆဲ

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း လေယာဉ်တစီးပျက်ကျတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ပြည်နယ်တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းအတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဟားခါးမြို့နယ် ဟိုင်ဖိုင်ကျေးရွာအုပ်စု ကေဘောရွာအနီး မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီက လေယာဉ်တစီး ပျက်ကျတယ်လို့ သတင်းတွေထွက်နေပါတယ်။
ဒီအပေါ် ဟားခါးနဲ့ ဖလန်း ခရိုင် ရဲတပ်ဖွဲတွေ တောနင်းစုံစမ်းမှုလုပ်ပေမယ့် တစုံတရာ အတည်ပြုချက်မရသေးဘူးလို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့က ရဲအုပ်သက်မိုးအောင်က ပြောပါတယ်။
“အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဟားခါး၊ ဖလန်း နှစ်မြို့နယ်က ဦးစီးအဖွဲ့တွေ တောနင်းပြီးတော့ စုံစမ်းနေပါတယ်။ လက်ရှိအထိတော့ သတင်းအတည်ပြုလို့မရသေးပါဘူး။

ဧပြီ ၁ ရက်ကစပြီး ၀န်ထမ်းလစာ ကျပ် ၂ သောင်း တပြေးညီတိုးမည်

လာမယ့် ဧပြီလ ၁ ရက်ကစပြီး အစိုးရ၀န်ထမ်းလစာတွေ ကျပ် ၂ သောင်းစီ တပြေးညီ တိုးပေးမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်းတင်ပြရင်း လစာတိုးပေးမယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့တာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
“နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်မှု အခြေအနေ၊ စီးပွားရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာ၊ ငွေဖောင်းပွမှု အခြေအနေ၊ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ရရှိမှု သုံးစွဲမှု အခြေအနေ ပေါ်ပေါက်လာနိုင်သည့် အကျိုးသက်ရောက်မှုကို ချင့်ချိန်ပြီး နိုင်ငံတော်ရဲ့ တာဝန်များကို ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ခေတ်ကာလ

ဦးတေဇကို အမေရိကန် ၂ ဦးက တရားစွဲ

အဲပုဂံ၊ ထူးကုမ္ပဏီများနဲ့ ဦးတေဇကို အမေရိကန် ၂ ဦးက အမေရိကန်နိုင်ငံရဲ့ စူပါ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တရားရုံးတွေမှာ မမှန်ကန်တဲ့စွပ်စွဲချက်တွေနဲ့ တရားစွဲထားကြောင်း ဦးတေဇက သူ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။တရားစွဲတဲ့သူ ၂ ဦးက Mr. Allan Lokos နဲ့ Mrs.
Susanna Weiss တို့ဖြစ်ပြီး အဲပုဂံလေယာဉ် XY-AGC ရှမ်းပြည်နယ် ခရီးစဉ်အသွား ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့သူတွေလို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုမှာ ထိခိုက်နစ်နာခဲ့ရမှုတွေအတွက် နိုင်ငံတကာ စံညွှန်းများနဲ့အညီ အာမခံကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ခရီးသည်တွေကို ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ ဒါပေမယ့် အမေရိကန်နိုင်ငံသား ၂ ဦးက အကြိမ်ကြိမ် ခြိမ်းခြောက်မှုဆန်တဲ့ ငွေကြေးတောင်းခံမှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ “Super Power” ကို အသုံးချကာ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး တောင်းခံတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

                                    Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

ရန်ကုန်၊ မတ် ၂၀

သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက်လူမျိုး တိုင်းရင်းသားများ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ M3 စားသောက်ဆိုင်တွင် လက်မှတ်ရေးထိုး၍ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၉ ကို ဆန့်ကျင် ချိုးဖောက်ရာ ရောက်နေကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် ဥပဒေ၏ ပြတ်သားမှု မရှိသောကြောင့် ဖြစ်ကြောင်း ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခြင်းကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးသည့် ကမန်အမျိုးသား သာရေး၊ နာရေးအဖွဲ့ (ရန်ကုန်) က ဦးတင်ငွေက ဆိုသည်။

“အစိုးရရဲ့ ပြတ်သားမှု မရှိတဲ့အတွက် သန်းခေါင်စာရင်း ဥပဒေက ရှေ့နောက် မညီညွတ်ဘူး။ မညီညွတ်မှု အပေါ်မှာ ဖြစ်လာတဲ့ အကျိုးဆက်” ဟု ၎င်းက သုံးသပ်သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် မတ်လ ၁၆ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ကို ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ကြေညာထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်း ရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘော ထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက် လူမျိုး တိုင်းရင်းသားများ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ M3 စားသောက်ဆိုင် တွင် လက်မှတ်ရေးထိုး၍ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် လာနိုင် သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်း သည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၉ ကို ဆန့်ကျင် ချိုးဖောက် ရာ ရောက်နေကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တပ်မတော်(ရေ)အပါအ၀င် လုံခြုံရေးအင်အားတိုးမြင့်ချထားမည်

မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက် ယူမည်ဖြစ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် တွင် မတ်လ ၁၉ ရက်နေ့မှစ၍ တရားမ၀င် ခိုးဝင်လာမှုများအား တားဆီး ကာကွယ်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပါအ၀င် လုံခြုံရေးအင်အား တိုးမြှင့် ချထား မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အရာရှိတစ်ဦးထံမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂလီအရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ``ပင်လယ်ရေကြောင်း ကနေ စက်လှေတွေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ စက်လှေမှော က်ပြီးသေ တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပဲ၊ သန်းခေါင် စာရင်းကောက်တဲ့အချိန်မှာ ဘင်္ဂလီတွေ နည်းအမျိုးမျိုးနဲ့ဝင်ဖို့ ကြိုးစားမှာပဲ၊ ကျန်တဲ့အချိန်တွေမှာ ခိုးဝင်ဘင်္ဂလီ တွေကို ထိထိရောက်ေ ရာက် မတားဆီးနိုင်ပေမယ့် သန်းခေါင် စာရင်း ကောက်ယူချိန်မှာတော့ မဖြစ်မနေ တားဆီးရမှာ ဖြစ်ပါတယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB