ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို မြန်မာ့ရေပိုင်နက်မှာများ တွေ့မလားဆိုတာ ဘယ်သူမှ မပြော
နိုင်ပါဘူး။ အခု တော့ လေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ရှာဖွေဖို့ မြန်မာအာဏာပိုင်တွေက ခွင့်ပြု
ပေးလိုက်ပါပြီ။ ပျောက်ဆုံးနေသည့် MH 370 ဘိုးအင်းလေယာဉ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ချားဒီဂေါလ်လေဆိပ်တွင်
တွေ့ရစဉ် (ဓာတ်ပုံ – Wikipedia)
လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားတယ်ဆိုတဲ့ အချက်၊ လေယာဉ်သည်
အဆက်အသွယ်ပြတ် သွားပြီးနောက် ၄ နာရီလောက် ဆက်လက်
ပျံသန်းသွားဖွယ်ရှိတယ်ဆိုတဲ့ အချက်တွေကြောင့် အခု လို
မြန်မာ့ပင်လယ်ပြင်ထိပါ တိုးချဲ့ပြီး လေယာဉ်ပျောက်ကို ရှာဖွေကြတာဖြစ်ပါတယ်။
အခုလို မြန်မာ့ပင်လယ်ပြင်မှာပါ လေယာဉ်ပျောက်ကို ရှာဖွေဖို့ ၇ ရက်ကြာ
ရှာဖွေခွင့် ပေးဖို့ မလေးရှား အာဏာပိုင်တွေက ခွင့်တောင်ခဲ့တာဖြစ်တယ်လို့
လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ်
ဦးတင်နိုင်ထွန်းက ဆိုထားပါတယ်။
ရေနစ်သည့်နေရာကို ကနီမြို့မရဲစခန်းမှ ဒုရဲအုပ် တင်အောင်မိုးနှင့်အဖွဲ့က
သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသည့်ကျောင်းသားမှာ အသက် ၁၆ နှစ်ရွယ်
မောင်စိုင်းမင်းအောင် ဆိုသူဖြစ်သည်ဟု ရဲဌာနက ယူဆထားသည်။
ထိုသူသည် ကနီမြို့နယ်၊ မိုယ်းကောင်းကျေးရွာတွင် နေထိုင်သူ
တစ်ဦးဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် နတ်ကြီး စာစစ်ဌာနသို့
လာရောက်ခဲ့ခြင်း ဖြစ်သည်။
မသေဆုံးမီက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးနောက် ညနေ ၃ နာရီအချိန်တွင်
ဆရာအချို့နှင့် ကျောင်းသား အယောက်(၃၀)ခန့်သည် နတ်ကြီးဆိပ်ကမ်း၊
ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးခဲ့ရာမှ ရေနစ်ခဲ့ခြင်းဖြစ်ပြီး
ဝိုင်းဝန်းရှာဖွေ ဆယ်ယူခဲ့သည့်အတွက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင်
အလောင်းကို ပြန်လည်တွေ့ရရှိခဲ့သည်ဟု ရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါသေဆုံးမှုကို ကနီမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/ ၂၀၁၄ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။
ကိုတိုးကြီး/mizzimaburmese.