Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေနှင့် ဆန္ဒပြသူတွေကြား ပဋိပက္ခပြင်းထန်ခဲ့တဲ့မြို့မှာ လုံခြုံရေးအင်အားတိုး

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေပြင်းထန်ခဲ့တဲ့ ဆန်ခရစ်တိုဘလ်မြို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဗင်နီဇွဲလားအစိုးရက လုံခြုံရေးတပ်အင်အားတွေ စေလွှတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလဆန်းက စတင်ခဲ့တဲ့ သမတ မာဒူရို နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲတွေမှာ ဆန်ခရစ်တိုဘလ်မြို့ကို စစ်ပွဲဇုံလို့ မြို့ခံတွေက သတ်မှတ်ခဲ့ကြပါတယ်။ ဆန္ဒပြကျောင်းသားတွေနဲ့ လုံခြုံရေးတွေအကြား အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်းတွေလည်း ဖရိုဖရဲဖြစ်ကုန်တယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်ကို စေလွှတ်ရတာဖြစ်တယ်လို့ ဆိုပေမယ့် ဆန်ခရစ်တိုဘလ်မြို့ဝန်က ဒယ်နီရယ် စီဘောလို့စ် ကတော့ အခုလို စစ်တပ်တွေ စေလွှတ်တာကို ပြစ်တင်ရှုတ်ချပါတယ်။

ယာဉ်နောက်ဆုတ်မောင်းနှင်စဉ် ကလေးငယ်အားကြိတ်မိ၍သေဆုံး

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊ အမှတ်(၁)စံပြရပ်ကွက် အတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စေတုတ္တရာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စေတုတ္တရာမြို့၊ အမှတ်(၁) စံပြရပ်ကွက်နေ သီဟစိုး(ခ)သားစိုး(၂၀)နှစ်သည် ၎င်းမောင်းနှင်သည့် ၁က/××××× အီဇူးဇူး အဝါရောင် (၆)ဘီးယာဉ်အား နောက်ဆုတ်မောင်းနှင်စဉ် လမ်းဖြတ်ကူးလာသည့် တစ်ရပ်ကွက်တည်းနေ မောင်ဇေယျာလွင် (၅)နှစ်အား ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် ကြိတ်မိ၍ မောင်ဇေယျာလွင်မှာ ဦးခေါင်းဝဲ/ ယာချိုစောင်း ပေါက်ပြဲကြေမွ၊ ဦးနှောက်ထွက် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် သီဟစိုး(ခ)သားစိုးအား စေတုတ္တရာမြို့မ ရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

သင်သေရင်တောင် page ကိုဆက်လက်ပြထားပေးဖို့ facebook စီစဉ်သတ်မှတ်

Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားတာနဲ့  ဘာဖြစ်သွားမယ်ဆိုတဲ့ ပေါ်လစီကို Facebookက ပြောင်းခဲ့ပါတယ်။ ဒီနေ့ကစပြီး သက်ရှိထင်ရှားဖြစ်စဉ်က ထားခဲ့တဲ့ settingတွေအတိုင်း ဆက်လက်ရရှိပါတော့မယ်။ အရင်ကဆို သေဆုံးသူအမှတ်တရ page တွေကို သေဆုံးသူရဲ့ friend တွေကပဲ မြင်ရပါတယ်။
ဒီအပြောင်းအလဲတွေကို အသုံးပြုသူတွေနဲ့ တိုင်ပင်ညှိုနှိုင်းပြီးမှ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ facebookကပြောပါတယ်။
‘သူငယ်ချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက်ရဲ့ သေဆုံးမှုဟာ ဆက်သွယ်လို့မရတဲ့ သူတချို့ကိုလည်း ၀မ်းနည်းကြေကွဲစေမှာ ဖြစ်ပြီး သူတို့ချစ်တဲ့သူရဲ့ Timelineကို အမှတ်တရအနေနဲ့ ထားရှိပေးဖို့ တောင်းဆိုလေ့ရှိကြတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက အဲ့ဒီ့အကြောင်း စဉ်းစားခဲ့ကြပြီး ချစ်တဲ့သူတွေကို အမှတ်ရနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖြစ်ခဲ့တယ်။

ဦးဝင်းတင် နဲ့ ဦးဝီရသူ တွေ့ဆုံခြင်း

မန္တလေးရောက်နေတဲ့  NLD  ဦးဝင်းတင်က မစိုးရိမ်တိုက်သစ်သွားပြီး  ဦးဝီရသူနဲ့ စနေနေ့က  တွေ့ဆုံပါတယ်။ဒီအကြောင်း  ဦးဝီရသူရဲ့ အွန်လိုင်းမှာ ရေးသားထားတာ တွေ့ရမှာပါ။
လေ့လာလိုသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

 -
“NLD ပါတီ နာယကကြီး ဦးဝင်းတင် ဦးဝီရသူထံသို့ လာရောက် ဂါရဝပြု”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မန္တလေးမြို့သို့ရောက်ရှိနေသော NLD ပါတီနာယကကြီး ဦးဝင်းတင်သည် ဆရာတော်သံဃာတော်များအား သွားရောက်ဂါရဝပြုပူဇော်လျက်ရှိရာ ယနေ့ 22.2.2014 မွန်းလွဲ 2:30 နာရီတွင် မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဦးဝီရသူထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားက သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်

ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။ 
မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး သာမန်ထက် ခုန်တာ မျိုးကို လည်း မနက်တိုင်း အနမ်းပေးတဲ့ အမျိုးသားတို့က မကြုံတွေ့ရ ပါဘူး။ Heart attack ဖြစ်နိုင်ချေ နည်းပြီး စိတ်ဖိစီးမှု၊ ပူပင်သောကတွေကိုလည်း

ကျဆင်း စေကြောင်း ဆိုပါတယ်။

Photoshop For Wedding Background Vol-16

 မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ပိုတိုရှော့အတွက်နောက်ခံပုံ (၁၆)ပုံကိုစုပြီးတင်ပေးလိုက်ပါတယ် သူငယ်ချင်းတို့ကြိုက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်လည်းဒီနေ့ဆိုဒ်လေးကိုပြန်ပြင်နေတော့ မင်္ဂလာဆောင်ပုံလေးတွေကိုတင်မဖြစ်သေးပါဘူး မနက်ဖြန်လောက်မှတင်ဖြစ်တော့မယ်နော် ကဲဒီပုံလေးကိုကြိုက်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူသွားနိုင်ပါတယ်
                                     DOWNLOAD HERE
                                      အဆင်ပြေကြပါစေ.......
                 အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော်

ပိုတိုရှော့အတွက်အသင့်လုပ်ပြီးမင်္ဂလာဆောင်ဝတ်စုံ (48.3MB)

မင်္ဂလာပါပိုတိုရှော့အတွက်အသင့်လုပ်ပြီးသားမင်္ဂလာဆောင်စုံတွဲ
ဝတ်စုံတစ်စုံကိုတင်ပေးလိုက်ပါတယ် လူတိုင်းလည်းကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒီမင်္ဂလာဆောင်စုံတွဲဝတ်စုံလေးကို ကြိုက်တယ်သဘောကျတယ်ဆိုရင်တော့အောက်မှာဒေါင်းယူသွားနိုင်ပါတယ်
                                                   အဆင်ပြေကြပါစေ.......

.                              အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော်

သိထားသင့်တဲ့ လိင်နှင့် ကျန်းမာရေး(+18)

1. Sex Relieves Stress စိတ်ဖိအားကျစေတယ်
လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။

2. Sex Boosts Immunity ခုခံအားတက်စေတယ်
Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။

အိပ်နေစဉ် အသက်ရှူရပ်ပြီး ဟောက်တတ်တဲ့သူတွေအတွက် အားကိုးရမဲ့ ကိရိယာလာပြီ

အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားခြင်းဟာ အ၀လွန်သူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒီပြဿနာကို OPA, obstructive sleep apnea လို့ ခေါ်ဆိုပါတယ်။ အိပ်နေတုန်းမှာ အသက်ရှူရပ် ရပ်သွားခြင်းကို လျှော့ချပေးနိုင်မယ့် Inspire Upper Stimulation (UAS) လို့ခေါ်တဲ့ စက်ကိရိယာတစ်မျိုးကိုသုတေသီတွေက တီထွင်ပေး နိုင်ခဲ့ပါတယ်။
တစ်နှစ်ကြာလေ့လာမှုတွေ ပြုလုပ်အပြီးမှာ ရောဂါလက္ခဏာကို ၇၀%အထိလျှော့ချပေးနိုင်တဲ့ ဒီစက်ကိရိယာကို တီထွင်နိုင်ခဲ့တဲ့အတွက် ဝေဒနာရှင်တွေရဲ့ အိပ်ရေးပျက်မှု၊ နေ့ပိုင်းအချိန် အိပ်ငိုက်မှုတွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဒီကိရိယာကို အမေရိကန်နဲ့ ဥရောပက ဆေးပညာစင်တာ၂၂ခုမှာ စမ်းသပ် လေ့လာခဲ့တာဖြစ်ပါတယ်။ လက်ရှိကတော့ ဒီရောဂါအတွက် ကုသမှုတွေဟာ ကိုယ်အလေးချိန် လျှော့ချခြင်း၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်း ခွဲစိတ်မှု၊ ခံတွင်းမှာ ကိရိယာငယ်ထည့်သွင်းခြင်းတွေနဲ့ ကုသနေပါတယ်။

ငါးဝယ်လျှင် ပိုက်ဆံမပေးဘဲ ၀ယ်သူအမျိုးသမီးက ရောင်းသူနဲ့ တစ်ညအိပ်ပြီး ငါးရတဲ့နိုင်ငံ

ကင်ညာနိုင်ငံမှာ လူပေါင်း ၁ သန်းခွဲလောက်ဟာ HIV/ AIDS ရောဂါ ကူးစက်ခံထားရပါတယ်။ ဒီလို
ကူးစက်တဲ့ အကြောင်းရင်းခံတစ်ခုကတော့ တံငါသည်တွေရဲ့ လိင်ဆက်ဆံမှုတွေလည်း ပါဝင်ပါတယ်။
ဖမ်းလို့ ရလာတဲ့ ငါးကို ရောင်းရာမှာ ငါးဖိုး မပေးချေနိုင်တဲ့ အမျိုးသမီးတွေနဲ့ အတူအိပ်ကြလို့ပါ။
အခုတော့ ဒေသတွင်း လူမှုရေးအဖွဲ့တွေက အဲဒီ အလေ့အကျင့်ကို ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။
 

By thithtoolwin

တောင်းရမ်းစားသောက်သူတွေ ပျောက်အောင်လုပ်ပေးကြပါ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ မြေပြင်စာရင်း ကောက်မှုအရ ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်သူ ဦးရေ ၂,၄၀၀ ကျော်ရှိပြီး သက်ကြီးရွယ်အို (၈) ရာခိုင်နှုန်း ပါဝင်နေသည်ဆို သော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။

အဆိုပါ တောင်းရမ်းစားသောက်သူ အများစုသည် အိမ်ရာမဲ့များဖြစ်ပြီး ညဘက်တွင် အများပိုင်နေရာများ ဖြစ်သည့် ကားဂိတ်၊ လူမနေသော အဆောက်အအုံအဟောင်းများတွင် နေထိုင်သူများ ဖြစ်သည်။ နံနက် မိုးလင်းကတည်းက လမ်းဆုံလမ်းခွ မီးပွိုင့်များတွင် ကိုယ်ဝန်ဆောင် များ၊ ကလေးငယ်များ ချီထားသော မိခင်များ၊ ဆယ်နှစ်အောက် ကလေးငယ်များ မော်တော်ယာဉ်များကြားတွင် ငွေကြေးတောင်းရမ်းနေသည် ကို နေ့စဉ်မြင်တွေ့ရမည် ဖြစ်သည်။ အချို့ဆိုလျှင် ယာဉ်နှစ်လမ်းသွား အလယ်ခေါင် မတ်တတ်ရပ်ပြီးနေသဖြင့် မီးပွိုင့်စိမ်းလျှင် မော်တော်ယာဉ်များက သတိထားပြီး ရှောင်ကွင်း မောင်းနှင်ကြရသည်။

သင့်ပတ်ဝန်းကျင်မှာ အရက်စွဲနေတဲ့ လူရှိရင် ဒါလေးဖတ်ပြီး ပြောပေးပါ

 
အရက်စွဲခြင်း နဲ့ ဓာတ်စာ

အရက် အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာကျ တတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည် ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလို လူတွေနဲ့ အဆီမပါတဲ့ တစ်သျှူး နည်းပါး သူတွေဟာ အရက်ကို ခံနိုင်ရည် မရှိဘူး။ အင်ဇိုင်း နည်းပါးတဲ့ အမျိုးသမီး နဲ့ ကလေးတွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်း နိုင်တယ်။

အရက်စွဲခြင်း

အရက်စွဲသူရဲ့ လက္ခဏာ တွေကတော့ ရေဓာတ် ခန်းခြောက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း ၊ ချာလည် မူးဝေခြင်း ၊ စိတ်ဓာတ် ကျခြင်း ၊ ဝေဒနာ ပြင်းထန်ရင် ကြွက်တတ်ခြင်း ၊ ထင်ယောင် ထင်မှား ဖြစ်ခြင်း ၊ ညအချိန်၌ အိပ်မပျော်ခြင်း ၊ အသည်း အဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း ၊ အသည်းရောင် အသားဝါ ဖြစ်ခြင်း ၊ နာတာရှည် အသည်း ရောင်ခြင်း ၊ အသည်း ကြွပ်ဆတ်နာ ၊ အသည်း ကင်ဆာ အထိ ဖြစ်ခြင်း နဲ့ စိတ်ကျ ရောဂါ ဖြစ်ခြင်းတို့ ဖြစ်တယ်။

သင့်မှာသွေးတိုးရောဂါရှိမရှိ ဒါကိုဖတ်ကြည့်ပါ

သွေးတိုး ရောဂါသည် အမျိုးသား များတွင် အဖြစ် များသော်လည်း ထိုအကြောင်းရင်း တစ်ခု တည်းကြောင့် မဟုတ်ပါ။ အောက်ပါ အချက်များ ကြောင့်လည်း ဖြစ်တတ် ပါသည်။ (၁) ကိုယ် အလေးချိန်များနေခြင်း (၂) အရက်အလွန် အကျွံသောက်ခြင်း (၃) စိတ်ဖိစီးမှုများသော လူနေမှု စရိုက်ရှိခြင်း (၄) ဆား၊ အငန်စား သုံးမှုများခြင်း (၅) ကိုယ်ကာယ လှုပ်ရှားမှု နည်းပါး ခြင်း (၆) ကျောက်ကပ် ရောဂါဖြစ်ခြင်း စသည်တို့ဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ တွင် ဖြစ်ပေါ်လာ လေ့ရှိသော သွေး ဖိအားမြင့် တက်မှုသည် အသက် အ္တရာယ်ဖြစ်စေနိုင်သည့် ကိုယ်ဝန် ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆိပ် မတက်မီ အကြိုအခြေ အနေ ခံစားရခြင်းတို့ ဖြစ်ရန် အလားအလာ များသည်။ ကလေးမွေးပြီး သောအခါ မြင့်တက်နေ သော သွေးဖိအား ပုံမှန်ပြန်ဖြစ်သွား လေ့ရှိသည်။ ဘာလုပ်သင့် သလဲ

မြုံနေတဲ့ ယောင်္ကျားလေးများ ကလေးရနည်း

စုံတွဲများ ၏ ခန့်မှန်းခြေ ၁၅ ရာခိုင်နှုန်း ခန့်ဟာ မြုံနေကြ ပါတယ်။ မြုံခြင်း (Infertility) ဆိုတာ ကတော့ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီးကြာ တဲ့အထိ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပုံမှန်ပြုလုပ်နေပါလျက်နှင့် ကလေးမရခြင်းကိုခေါ်ပါတယ်။ အမျိုး သားများ သန္ဓေမအောင်နိုင်ရခြင်း အ ကြောင်းရင်းတွေကတော့ သုက်ပိုး ထုတ်လုပ်မှု နည်းပါးခြင်း၊ သုက်ပိုး ရွေးလျားမှုမရှိခြင်း၊ သုက်ပိုးသွားသည့် လမ်းကြောင်း ပိတ်ဆို့ခြင်း၊ မကျန်း မာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နာတာ ရှည် ကျန်းမာရေးပြဿနာများ၊ လူနေမှုဘဝဟန်ပန်နှင့် အခြားအချက် အလက်များ ပါဝင်ပါတယ်။ သန္ဓေအောင်ဖို့ဆိုရင် အမျိုးသား များဟာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုး ကို ထုတ်လုပ်ရပါမယ်။ အဲဒီသုက်ပိုး ဟာ အမျိုးသမီးရဲ့ သားဥဆီကိုရောက် အောင် ရွေ့လျားနိုင်ရမှာဖြစ်ပြီး သားဥကို ထိုးဖောက်ကာ စွဲကပ်နိုင်ရ ပါမယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင်-

ဝိန်းရူနီ မန်ယူအသင်းနဲ့ တစ်ပါတ်ကို ပေါင် ၃သိန်းရရှိမယ့် ငါးနှစ်ခွဲသက်တမ်းစာချုပ်သစ်ချုပ်ဆိုလိုက်ပြီ

အသက် ၂၈ နှစ်အရွယ်၊ အင်္ဂလန်နဲ့ မန်ယူအသင်းတိုက်စစ်မှူး ၀ိန်းရူနီဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ခွဲကျန်ရှိနေချိန်မှာ နောက်ထပ် လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကိုချုပ်ဆိုလိုက်ပါတယ်။ အခုစာချုပ်အသစ်အရ ၀ိန်းရူနီဟာ တစ်ပါတ်ကို ပေါင် ၃သိန်းရရှိမှာ ဖြစ်ပါတယ်။
ရူနီဟာ ၂၀၀၄ ခုနှစ်မှာ အဲဗာတန်အသင်းကနေ  မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၄၃၀ ကစားခဲ့ကာ ဂိုးပေါင်း ၂၀၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂန္တ၀င်ကစားသမား ဆာဘော်ဘီချာလ်တန် ရဲ့ ၂၄၉ ဂိုးစံချိန်ကို ချိုးနိုင်ဖို့  ရူနီအတွက် သွင်းဂိုး ၄၂ ဂိုးသာလိုတော့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဒေးဗစ်မိုရက်စ်က မန်ယူအသင်းရဲ့ ၀က်ဘ်ဆိုဒ်မှာ အခုလိုရေးသား ခဲ့ပါတယ်။

ဂျပန်နိုင်ငံကနေ ဧည့်လမ်းညွှန်ဘဝအကြောင်း ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံရတဲ့ နန်းခင်ဇေယျာ

မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့် ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းခင် လက်ရှိရုပ်သံဇာတ်လမ်းတွဲနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးသွားဖို့တော့ရှိပါတယ်။ ပြီးတော့ နန်းခင်ရဲ့ဧည့်လမ်းညွှန်ဘဝအကြောင်းကို ရိုက်ကူးဖို့အတွက် ဂျပန်ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ အဲဒီ့အတွက် နန်းခင်တို့ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆောင်ရွက်မှုတွေ စီစဉ်နေပါပြီ။ ညီမ အားတဲ့အချိန်နဲ့ သူတို့ရိုက်ကူးရေးအချိန်တွေ ညှိုနှိုင်းပြီးပြီဆိုရင်တော့ ဒီနှစ်မတ်လကုန်လောက်မှာ ရိုက်ကူးဖြစ်မှာပါ။

ဒုတိယအခွေ လွင်ပြင်မှာ ပါမယ့် သီချင်းတွေက အရင်ထက်ပိုရင့်ကျက်သွားလိမ့်မယ်လို့ ဆိုတဲ့ အဆိုတော် Ar-T

R&B မြူးဇစ်၊ အီလက်ထရိုလို့ ဆိုလိုက်တာနဲ့ အဆိုတော် Ar-T ကို အားလုံတန်းမြင်မိကြမှာပါ။ သူနဲ့ တွေ့ဆုံခိုက် သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ကျွန်တော် လာမဲ့ ၂၈ရက်နေ့ကျရင် ပတ္တမြားFMရဲ့ Radio To Live ရဲ့ရှိုးခွေမှာ ကျွန်တော်ဆိုထားပါတယ်။ ညမွှေးပန်းဆိုတဲ့ သီချင်းကို ပြန်ပြီးတော့ ဆန်းသစ်ထားပါတယ်။ ကျွန်တော်Electroပုံစံလေး ပြန်လုပ်ထားပါတယ်။ ကျွန်တော့်ရဲ့ ချိုချဉ် အခွေဒီဗီဒီကိုလည်း ခုနှစ်လပိုင်း ထွက်ဖို့မျှော်လင့်ထားပါတယ်။ ဒုတိယအခွေကိုတော့ လွင်ပြင် ဆိုပြီးတော့ ယာယီနာမည်ပေးထားပါတယ်။ နောက်နှစ်သုံးလပိုင်း မဟုတ်ရင်တောင် ဆယ့်နှစ်လပိုင်း ထွက်နိုင် အောင်လုပ်ပမယ်။ ချိုချဉ်ဒီဗီဒီက ရိုက်ချက်တွေလန်းလို့ပဲ အခွေအပြည့်မရိုက်နိုင်ပါဘူး။ အားလုံးကိုတော့ အကောင်းဆုံး ဈေးအကြီးဆုံး လုပ်ထားပါတယ်။

အနုပညာကြေးတွေထဲက ရရှိတဲ့ငွေတွေကို လိုအပ်တဲ့ ပရဟိတဂေဟာတွေကို လှူဒါန်းသွားမယ်လို့ ဆိုတဲ့ သရုပ်ဆောင်ဂျူဂျူးကေ

ထာဝရမန္တလေးဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အားပေးမှုပိုမိုရရှိလာသော မော်ဒယ်လ်၊ သရုပ်ဆောင်ဂျူဂျူးကေကို လတ်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ သူမရဲ့ပရဟိတလုပ်ငန်းအကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ တယောပွဲတွေ ဖျော်ဖြေပေးဖို့ရှိပါတယ်။ ပြီးတော့ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပါတယ်။ Pure Donor အဖွဲ့ဖွဲ့ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ဖြစ်နေပါတယ်။ ညီမအနေနဲ့ ထာဝရမန္တလေးဇာတ်လမ်းတွဲအပြင် ကံကံဧ။် အကျိုးဆိုတဲ့ ပညာပေးဇာတ်လမ်းလေးလည်း ရိုက်ကူးထားပါတယ်။ ဒီပညာပေးဇာတ်လမ်းလေးကတော့ တစ်ပိုင်းချင်းစီ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလ ၂၆ရက်နေ့မှာ သရုပ်ဆောင်ထိုက်တန်နဲ့အတူ လားရှိုးမှာ စုံထောက်ဆန်ဆန် ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ကူးသွားဖို့ရှိပါတယ်။

တစ်ကိုယ်တော်တေးစီးရီးအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်နေခြည်လင်းလဲ့

ချစ်စဖွယ်ကောင်းတဲ့ မျက်နှာပေါက်ဟန်ပန်လေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်နေခြည်လင်းလဲ့ကို လတ်တလော သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘အခုလက်ရှိမှာ ညီမဟောက်စ်ဆင်းနေရတဲ့အတွက် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာ နည်းပါတယ်။ အလုပ်သင်ဆရာဝန်ကို ဇွန်လအထိ လုပ်ကိုင်သွားရမှာပါ။ ပညာရေးပြီးဆုံးသွားပြီဆိုရင်တော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်သွားမယ်။ ပြီးတော့ ညီမရဲ့တစ်ကိုယ်တော် တေးစီးရီးအတွက်လည်း အကောင်အထည်ဖော်ဖြစ်သွားမှာပါ။ ညီမအခု တေးရေးဆရာတွေ နဲ့သီချင်းတွေ အပ်ထားပါတယ်။ ရတဲ့သီချင်းတွေကိုလည်း အသံသွင်းဖြစ်နေပါတယ်။ တစ်ကိုယ်တော် တေးစီးရီးအတွက် ဆောင်ရွက်နေတယ် ဆိုပေမဲ့ အတွဲခွေတွေ ဆိုဖို့ရှိရင်လည်းဆိုဖြစ်သွားမှာပါ။

ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ

                       
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။

အရပ် နှစ်ပေရှစ်လက်မသာ ရှိသော ဗြိတိန်နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် မိန်းကလေး

အင်္ဂလန်နိုင်ငံ ချီရှိုင်းယားဒေသ တွင် နေထိုင်သော အသက် ၁၅ နှစ် အရွယ် ဂျော်ဂျီယာရီကန် ဆိုသူ ဆယ် ကျော်သက် အမျိုးသမီးငယ်လေး သည် အရပ်နှစ်ပေ ရှစ်လက်မ သာ ရှိပြီး ဗြိတိန် နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် ဖြစ်ကြောင်း သိရသည်။

”ကျွန်မကိုယ်ကျွန်မ သေးတယ် ဆိုတာကို မေ့သွားတယ်။ သူများတွေ နဲ့ တန်းတူလို့ပဲ ခံစားရတယ်။ ကျောင်းစ တက်ကတည်းက ကျွန်မမှာ ပြောင်းလဲ တာ မရှိဘူး။ အသက်တော့ နည်းနည်း ကြီးလာတယ်” ဟု 4င်းက ဆိုသည်။

အမှိုက်မှ စွမ်းအင်ထုတ်မည့်စက်ရုံ မတ်လစဆောက်မည်

တစ်ရက်လျှင် အမှိုက်တန်ချိန် ၈၀၀ ကျော် စွန့်ပစ်လျက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ရန် မီးစက် (Generator) အပါအဝင် စွမ်းအင်ထုတ် စက်ရုံကို မတ်လအတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ကိုရီးယားကုမ္ပဏီ Chasson International က စွန့်ပစ်အမှိုက်များမှတစ်ဆင့် ဂက်စ်ထုတ်ယူကာ Generator ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အခုတော့ သုတေသန လုပ်နေတယ်။ စီမံကိန်းကာလက သုံးနှစ်ပါ” ဟု ၎င်းကဆိုသည်။

အင်းစိန် မီးရထားစက်ခေါင်းစက်ရုံပိုင် မြေပေါ်မှ ကျူးကျော်များ ထပ်မံဖယ်ရှား

အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံနှင့် အင်းစိန်မီးရထား စက်ခေါင်း စက်ရုံဝင်းကြားရှိ ကျူးကျော် နေအိမ်များကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီခန့်က မီးရထား စက်ခေါင်းစက်ရုံ ဝန်ထမ်း ၁၀၀ ကျော်ဖြင့် ငါးကြိမ်မြောက် ထပ်မံဖယ်ရှားခဲ့ကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ဖျက်သိမ်းခြင်းဖြစ်ပြီး ကလေးများ စာမေးပွဲ ဖြေဆိုပြီးချိန်အထိ စောင့်ရန် ခွင့်တောင်းသော်လည်း မရကြောင်း ဒေါ်သီသီက ပြောဆိုသည်။
“နေစရာမရှိလို့ နေတာပါ။ အစိုးရ မြေဆိုတာ သိပြီးသား။ တစ်ချိန်ဖယ် ပေးရမယ်ဆိုတာ သိပါတယ်” ဟု ကြုံရာကျပန်း လုပ်ကိုင်သူ ၎င်းကဆိုသည်။

လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင့် အုတ်ဂူအနီးတွင် ခေတ်သုံးခေတ်မှ အုတ်ရိုး တွေ့ရှိ

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစွာ ထွန်းကားရာ မြို့တော် တစ်ခုဖြစ်သော မန္တလေးခရိုင် အမရပူရမြို့နယ် လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင့် အုတ်ဂူ မြေနေရာ အတွင်းနှင့် အပြင်တို့တွင် နှစ်ပေါင်း ၂၀၀ နီးပါးရှိသော ဘုရင်ခေတ် သုံးခေတ်မှ အုတ်ရိုးများ တွေ့ရှိခဲ့ကြောင်း အဆိုပါ ထိုင်းဘုရင့် အုတ်ဂူကို ပြုပြင် ထိန်းသိမ်း စောင့်ရှောက်နေသော ရေသဖန်းပွင့်၊ မြန်မာ- ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးနစ်ကီက ပြောကြားသည်။

ယင်းအုတ်ရိုးမှာ ဆင်ဖြူရှင်မင်း လက်ထက်၊ ဘိုးတော်ဘုရား လက်ထက်နှင့် ဘကြီးတော်ဘုရား လက်ထက် ကတည်းက တည်ရှိခဲ့ပြီး အုတ်ရိုး အရှည်မှာ ၇ မိုင်ကျော် ရှည်မည် ဖြစ်ကာ အမရပူရမြို့နှင့် ဆက်နွှယ်နေကြောင်း၊ အမရပူရမြို့ အနောက်ဘက် အလယ်တံခါးမှ တောင်သမန် အင်းကို ဖြတ်ပြီး တောင်ဘက်တွင် ရှိသော ဥယျာဉ်တော်သို့ သွားသည့် အုတ်ရိုးဖြစ်ကြောင်း မန္တလေးမြို့တော် ရှေးဟောင်း သုတေသနနှင့် ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ရှင်းလင်း ပြောကြားသည်။

လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။

"လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။

လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ လောင်းရှည်-စေတုတ္တရာနှင့် လောင်းရှည်-ကျင်ဒွေးလမ်း တို့၏ လမ်းဆုံ ဖောက်လုပ်ဆဲ မြေတူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ခံက ပြောကြားသည်။

ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား


လက်ရှိအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။
"လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်မှုနဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ အခြေခံကစပြီး ပြင်ဆင်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်၊

ဆိုမာလီ သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၁၁ ဦး သေဆုံး

                                       
ဆိုမာလီနိုင်ငံက စစ်သွေးကြွတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သမ္မတအိမ်တော်ကို ချိုးဖျက်ဝင်ရောက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

လုံခြုံရေး အဆီးအတားတွေ အထပ်ထပ်ချထားတဲ့ သမ္မတအိမ်တော်ကို ကားဗုံးခွဲဝင်ရောက်ခဲ့ပြီး သမ္မတ ၀တ်ပြုတဲ့ ဗလီနားအထိ ရောက်ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ သမတကထိခိုက်မှုမရှိပဲ လွတ်မြောက်ခဲ့ ပါတယ်။

ဆိုမာလီလုံခြုံရေးဝန်ကြီးရဲ့ အဆိုအရ စစ်သွေးကြွ ၉ ဦးလုံးကို နေရာမှာတင် အာဖရိကလုံခြုံရေး တပ် ဖွဲ့တွေ က ပစ်သတ်ခဲ့တယ်လို့ ဆိုပေမယ့် အမည်မဖော်လိုတဲ့ အာဏာပိုင်တဦးကတော့ ၀န်ကြီးချုပ်ရုံး ၀န်ကြီး နဲ့ ယခင်ထောက်လှမ်းရေးမှူးချုပ်လည်း စစ်သွေးကြွ ၆ ယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ ဆို ပါတယ်။

ကေတီဗီနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များကို အခွန်အဖွဲ့ စတင်စစ်ဆေး

အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ကေတီဗီနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များ၏ နေ့စဉ် ရောင်းချရသည့် အမြတ်ငွေများနှင့် သတ်မှတ်ထားသည့် အခွန်ဥပဒေများအတိုင်း အတိအကျ ပေးဆောင်ခြင်း ရှိ မရှိကို လိုက်လံ စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ကြီး ၇၀ ခန့်ကို လိုက်လံ ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှ စတင်စစ်ဆေးခြင်း ဖြစ်ပြီး စားသောက်ဆိုင်ငယ် များကိုမူ စစ်ဆေးမည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စားသောက်ဆိုင် လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည် ဆိုခြင်းကို အသိပေးထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ရန်ကုန်မြို့တွင် စင်တင်တေးဂီတ စားသောက်ဆိုင် ၁၄ ဆိုင်၊ ကေတီဗီ ၃၉ ဆိုင်နှင့် စားသောက်ဆိုင် ၄၂၀ ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

ကားချင်း မျက်နှာချင်း ဆိုင်တိုက်ရာမှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ

                          
မိတ္ထီလာမြို့နယ်၊ ကျောက်ပန်တောင်း ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၀၉း၃၀ နာရီက မိုင်တိုင်အမှတ် ၁၄/၂ အနီးတွင် မိတ္ထိလာ-ကျောက်ပန်းတောင်း ဦးတည် မောင်းနှင်လာသော Crown 9C/8068 နှင့် မျက်နှာချင်းဆိုင် မောင်းနှင်လာသော လိုက်ထရပ်ကား 8B/3628 တို့ တိုက်မိပြီး လိုက်တရပ်ကားပေါ်မှ ဗိုလ်ကြီး မျိုးဝေ (၂၄)နှစ် သံချပ်ကာတပ်ရင်း ဗန်းမော်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဗိုလ်ကြီးအောင်ဇော်ထက်(၂၅)နှစ်၊ ဗိုလ်ကြီးဖြိုးဇော်ဇော်(၂၆)နှစ်တို့မှာ ဒဏ်ရာအသီးသီးရရှိ၍ မိတ္ထိလာစစ်ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားရကြောင်း သိရသည်။

ညဖက် အရှိန်ပြင်းမောင်းတဲ့ ပြိုင်ကားတွေကို အရေးယူတော့မယ်

ရန်ကုန်မှာ ညအချိန် အရှိန်ပြင်း မောင်းနှင်တဲ့ ပြိုင်ကားတွေကို နေရာ ၁၂ နေရာမှာ စောင့်ပြီး ဖမ်းဆီး အရေးယူဖို့ ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားပါတော့မယ်။


ဒီကနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူ တဦးကို ကိုးကားပြီး ဖော်ပြထားတာမှာ ညဖက် ပြိုင်ကားမောင်းတဲ့သူတွေကြောင့် ယာဉ်မတော်တဆ
ဖြစ်တာတွေ၊ မလိုလား အပ်တဲ့ ရမ်းကားမှုတွေနဲ့ ပြစ်မှုတွေ ဖြစ်လာနိုင်တယ်အတွက် အခုလို စစ်ဆေး အရေးယူဖို့ လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့တွင်း ၀င်ရောက်သည့် မလေးရှား ၃ ဦးကို ပြန်ပို့

                                      ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

စစ်တွေမြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ၀င်ရောက်ခဲ့ သည့် မလေးရှား နိုင်ငံသား ၃ ဦးကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

“သူတို့ထဲက ၁ ဦးက ကုန်သည် လိုလို၊ အင်ဂျင်နီယာ လိုလိုနဲ့ဗျ၊ ကုန်သည်ဆိုလည်း ဘာလို့ ဓာတ်ပုံတွေ၊ ဘာတွေ သွားရိုက်ရတာ လဲ၊ အောင်မင်္ဂလာ ရပ်ကွက်က ၂ ဘက် လူမျိုးစုတွေ နီးနီးကပ်ကပ် ရှိနေတဲ့ နေရာဆိုတော့ အကဲဆတ်တဲ့ နေရာ၊ နိုင်ငံခြား သတင်း ဌာနတွေက ကျနော့်ဆီ နောက်ဆုံးလာတာ New York Time က လူတွေပါ”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ မလေးရှား နိုင်ငံသားများသည် သတင်းထောက်များ မဟုတ်ကြောင်း၊ သတင်းထောက်များ ဆိုလျှင် မိမိထံသို့ ၀င်ရောက် အကြောင်းကြားပြီးမှသာ ၀င်ထွက်သွားလာလေ့ ရှိသော်လည်း မိမိထံသို့ အကြောင်းကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ

မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
မောင်တောမြို့နယ် အတွင်း ဘင်္ဂလီ ကျေးရွာများရှိ ချမ်းသာသူ မိသားစုများအား ဘင်္ဂလီ ဓါးပြများက အချင်းချင်း ဓါးပြတိုက်မူများ ကျူးလွန်နေပြီး ထိုသို့ တိုက်ရာတွင် မြန်မာနိုင်ငံ လုံခြုံတပ်ဖွဲ့ဝင်များကို သိက္ခာကျစေရန် ရည်ရွယ်ကာ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကဲ့သို့ (အထူးသဖြင့်) ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဟန်ဆောင်ကာ ဓါးပြတိုက်လေ့ရှိကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ပြည်ပရှိ သူတို့အရေးကို လူပ်ရှားနေသော မီဒီယာများ၊ ဒေသအတွင်းက အိုင်အန်ဂျီအိုများမှ တဆင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို လုပ်ကြံ စွပ်စွဲလေ့ရှိကြောင်း သိရသည်။

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB