ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ည ၈ နာရီခွဲက သာကေတမြို့နယ် ဦးစီးရုံးမှ
ရဲအုပ် စိုးဝဏ္ဏအောင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သာကေတမြို့နယ်၊
ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမကြီး၊ ရှုခင်း သာဟိုတယ်ရှေ့တွင်
ပြိုင်ကားဖမ်းဆီးရေးတာဝန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၉ နာရီ ၄၅ မိနစ်တွင် ဒေါပုံဘက်မှ သန်လျင်ဘက်သို့
မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမပြုဘဲ
အော်ဟစ်စီးနင်းသွားသည်ဟုလည်း ထည့်သွင်းပြောပြတိုင် တန်းထားသည်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ
Feb192014
Feb192014
Feb192014
ဆိုတေး မင်္ဂလာပါ 2014
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မင်္ဂလာပါ | ဆိုတေး | Click Here !! | 2.00 MB |
2 | အဖြူရောင်အချစ် | ဆိုတေး | Click Here !! | 2.00 MB |
3 | ပြန်လာခဲ့ပါ | ဆိုတေး | Click Here !! | 2.00 MB |
4 | I Love You | ဆိုတေး | Click Here !! | 2.00 MB |
5 | အသစ်ကပြန်စချင်တယ် | ဆိုတေး | Click Here !! | 2.00 MB |
6 | မင်းတစ်ယောက်သာ | ဆိုတေး | Click Here !! | 2.00 MB |
7 | ပျော်သလိုနေတတ်တဲ့သူ | ဆိုတေး | Click Here !! | 2.00 MB |
8 | ရင်ခုန်လိုက်တိုင်း | ဆိုတေး | Click Here !! | 2.00 MB |
9 | ရေမြေခြား (feat. ဖြိုးAက) | ဆိုတေး | Click Here !! | 2.00 MB |
10 | ယုံပါချစ်သူ့ | ဆိုတေး | Click Here !! | 2.00 MB |
11 | သွားခေါလေး | ဆိုတေး | Click Here !! | 2.00 MB |
12 | ရည်းစား | ဆိုတေး | Click Here !! | 2.00 MB |
13 | အသစ်တွေ့ခဲ့ရင် | ဆိုတေး | Click Here !! | 2.00 MB |
Feb192014
ကမ္ဘာကျော် ဦးပိန်တံတားကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မည်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ
ကမ္ဘာကျော်သစ်သားတံတား ကြီးဖြစ်သည့် ဦးပိန်တံတားကြီးအား ရှေးမူမပျက်
ပြန်လည်ပြုပြင်မွမ်းမံမှု လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။
အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်၍ အမရ ပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားပြီးနှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိသည့် ဦးပိန်တံတားကြီးမှာ ယခုအခါကြံ့ခိုင်မှု အားနည်းနေသောကြောင့် ရှေးဟောင်းသုတေသနနှင့် အလှူရှင်များ၊ အသင်းအဖွဲ့များ စုပေါင်းပြုပြင်ထိန်းသိမ်းရန် စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှား ယာဉ် အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ
၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄
အငှားယာဉ်အား ပြိုင် ကား များမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ
ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက် ထိုးကြိတ်ပြီး
အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ
၄၄၀/၄၂၇/ ၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့်
ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady
အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ ရက်နေ့ ၀၂၅၀အချိန်တွင်
မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်း ဆည်း ရမိပြီး
ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း
သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ် ဆက်ပြီး တရားခံ
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Yangon Police
Feb192014
ဆယ်တန်းမြန်မာစာ Hip Hop သီချင်းဆိုရင်း ကျက်မယ်
Hip Hop သီချင်း ရွတ်ဆိုနိုင်သော လူငယ်များအတွက် ယခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးထွက်မည့် အနေအထားတစ်ခု ရှိနေသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ဆိုင်ရာ စကားပြေမေးခွန်းရှည်တို့ကို အခက်အခဲမရှိ ဖြေဆိုနိုင်မည်ဟုဆိုသော Hip Hop သီချင်း စီဒီ နှင့် စာအုပ်က ဈေးကွက်အတွင်းသို့ မကြာသေးခင်က ဖြန့်ချိလိုက်သောကြောင့် ဖြစ်သည်။
မြန်မာစာ အထူးထုတ် Hip Hop သီချင်းများကို ရေးသားပြုစုထားသည့် ဆရာမျိုးက သူ၏ ဖန်တီးချက်နှင့် ပတ်သက်ပြီး ယုံကြည်ချက်အပြည့် ရှိနေသည်။

Photo effects Photo frames Face effects Trim photos
သူငယ်ချင်းတို့ ဓာတ်ပုံတွေ ပြင်ချင်ရင် ဒီလင့်မှာ သွားပြင်လိုက်နော်
download လဲလုပ်စရာမလိုဘူး online မှာစိတ်ကြိုက်ပြင်လို့ ရပါတယ် ။
ပြင်ရတာလဲ လွယ်တယ် သူငယ်ချင်းတို့ ကြိုက်တဲ့ ပုံကိုရွေး ပြီးရင် Browse ကိုနှိပ်
စိတ်ကြိုက်ဖြစ်ပြီဆိုရင် SAVE IMAGE ကိုနှိပ်လိုက်ရုံပါပဲ။
By http://gyizaw.blogspot.com/
download လဲလုပ်စရာမလိုဘူး online မှာစိတ်ကြိုက်ပြင်လို့ ရပါတယ် ။
ပြင်ရတာလဲ လွယ်တယ် သူငယ်ချင်းတို့ ကြိုက်တဲ့ ပုံကိုရွေး ပြီးရင် Browse ကိုနှိပ်
စိတ်ကြိုက်ဖြစ်ပြီဆိုရင် SAVE IMAGE ကိုနှိပ်လိုက်ရုံပါပဲ။
Feb192014
ချစ်သူတွေ လမ်းခွဲဖို့အထိ ဖြစ်သွားတတ်တဲ့ အမှား ၅ မျိုး
ကိုယ့်ချစ်သူနဲ့ လမ်းခွဲရတယ်ဆိုတာမျိုးဟာ အင်မတန်နာကျင်စရာ
ကောင်းလွန်းတာပါ။ ကိုယ့်ကို မချစ်တော့လို့၊ နောက်တစ်ယောက် အသစ်ရသွားလို့
ဆိုတဲ့ခေါင်းစဉ်အောက်မှာ လမ်းခွဲပေးလိုက်ရတာမျိုး မဟုတ်ဘဲ ဘာမှ
အခြေအမြစ်မရှိတဲ့ အကြောင်းအရာတစ်ချို့ကြောင့် ချစ်သူနှစ်ဦး လမ်းခွဲရတဲ့အထိ
ဖြစ်သွားရတာမျိုးတွေ အများကြီးရှိနေပါတယ်။ ခုလို မီဒီယာစနစ်တွေ
တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေကြောင့် လမ်းခွဲရတဲ့
အတွဲတွေ ပိုတောင်များလာပါတယ်။ ဒီလို ပြတ်သွားပြီးဖြစ်တဲ့ အတွဲအများစုကို
ဘာ့ကြောင့် ဒီလိုဖြစ်သွားရသလဲဆိုတဲ့ မေးခွန်းတွေအပေါ်
Feb192014
အိမ်ထောင်ရေး ကောင်းစေချင်လျှင်
ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား???
အိမ်ထောင်ရေးအဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား”
ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။
မိမိတို့ ဗုဒ္ဓဘာသာတွေက တော်တော်ဆိုးသည်။ လောကီမင်္ဂလာတွေ၊ ဗေဒင်တွေကို တော်တော်အားကို ကြသည်။ အိမ်ဝယ်မည်ဆိုလဲ ဗေဒင်မေးသည်၊ အိမ်ထောင်ပြုမည်ဆိုလဲ ဗေဒင်မေးသည်။ ယောကျာ်း အလုပ်ရှုပ်၍ အိမ်ပြန်နောက်ကျလဲ တောထင်တောင်ထင် ဗေဒင်မေးသည်၊ နောက်ဆုံး ကိုယ်ချစ်သူ ကိုယ့်နဲ့ စကားများရင်တောင် ဗေဒင်မေးသည်။

အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton
ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး
Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့်
မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန်
ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။
သူမရဲ့ မွေးနေ့ ပါတီကို West Hollywood ရဲ့ Greystone Manor ကလပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပန်းရောင်တောက်တောက်ဝတ်စုံနဲ မွေးနေ့ ပါတီကို တက်ရောက်လာခဲ့တာပါ။ အစ္စရေးလူမျိုး ဒီဇိုင်နာ Alon Livne ရဲ့ ၀တ်စုံဟာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို လှပပေါ်လွင်စေခဲ့ပါတယ်။
အနီရောင်ကော်ဇော်လျှောက်လမ်း မှာ ဓာတ်ပုံဆရာတွေက တဖျပ်ဖျပ်ရိုက်ကျတဲ့အခါမှာ Paris Hilton ဟာ သူမရဲ့ စကတ်ကို ခဏခဏ ဖြန့် ပြီး ရှည်သွယ်တဲ့ ခြေထောက်အလှနဲ့ နေလောင်ခံထားတဲ့ ဘီကီနီဝတ်စုံအရာ လေးကိုပါ လှစ်ဟပြနေခဲ့တာပါ။

နွေရာသီမှာ ချည်ထည်လက်ရှည်အင်္ကျံလေးတွေ ၀တ်သင့်တယ်လို့ ဖက်ရှင်နဲ့ပတ်သက်ပြီး အကြံပေးသွားတဲ့ ထွန်းကိုကို
မော်ဒယ်လ်ထွန်းကိုကိုလို့ ပြောလိုက်တာနဲ့ အရပ်မြင့်မြင့်၊
ဘော်ဒီအမိုက်စားနဲ့ ကောင်လေးတစ်ယောက်ကို တန်းမြင်ကြမှာပါ။
ကိုရီးယားထိသွားပြီး မြန်မာ့ဂုဏ်ဆောင်ပေးခဲ့တဲ့ ထွန်းကိုကိုဟာ ခုဆိုရင်
ကားရိုက်တွေနဲ့ ပြည့်နေသူမို့ အနုပညာခြေလှမ်းတွေလည်း စိပ်လာတယ်လို့
ပြောရမှာပါ။ သူနဲ့တွေ့ဆုံခိုက် ရာသီအပြောင်းအလဲမှာ ဘယ်လိုဖက်ရှင်မျိုးတွေ
ဝတ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောဖြစ်တဲ့အခါ ‘နွေရာသီမှာတော့ အရောင်နုနု
ဖျော့ဖျော့လေးတွေ ၀တ်ဖြစ်ပါလိမ့်မယ်။ စွပ်ကျယ်နဲ့တော့ အပြင်မသွားသင့်ဘူး။
ချည်ထည်လက်ရှည်လေးတွေနဲ့သွားသင့်တယ်။ ဘာလို့လဲဆိုတော့ နေရောင်တအားထိမှာ
စိုးလို့လေ။ ပြီးရင် ဦးထုပ် ဆောင်းသင့်တယ်။ အောက်က ဘောင်းဘီတိုလေးကိုမှ
ဂျင်းအထူကြီးတွေမ၀တ်ပဲနဲ့ နဲနဲပေါ့ပါးတဲ့ဟာလေးတွေ ၀တ်သင့်ပါတယ်။ နွေရာသီမှာ
အပြင်သွားရင် မပါမဖြစ်က ဦးထုပ်၊ထီးပေါ့နော်။
Feb192014
ဒုတိယအခွေက ပရိသတ်ကို ဦးစားပေးထားတဲ့အခွေပါလို့ ဆိုတဲ့ အဆိုတော်ဇေရဲ
အနားနားဘေးမှာ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ဇေရဲနဲ့
တွေ့ဆုံခိုက် သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေအကြောင်း
မေးကြည့်ဖြစ်တဲ့အခါ ‘ဒီအခွေလေးမှာ ပထမအခွေနဲ့ မတူပဲ ထူးခြားတဲ့
ပုံစံဖြစ်အောင် လုပ်ချင်တဲ့အတွက် ထူးခြားတဲ့ပုံစံလေးတွေ စုနေတယ်။ အဲဒီတော့
အချိန် နည်းနည်းယူရဦးမယ်။ ပြီးတော့ ပရိသတ်တွေကို Surprise
လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့် အချိန်အတိအကျပြောလို့ မရသေးဘူးပေါ့။
သီချင်းနာမည်ကအစ ပရိသတ်ပေးတဲ့ နာမည်ပေးမယ်။ ဒုတိယအခွေက
ပရိသတ်ကိုဦးစားပေးထားတဲ့ အခွေလေးပါ။ အခွေကိုတော့ ဒီနှစ်အတွင်းမှာ
ထွက်နိုင်အောင်လို့ ကြိုးစားနေပါတယ်။ ပထမအခွေမှာတည်းက Owntune သီချင်းတွေ
အများကြီးပါတဲ့အတွက် ဒီဒုတိယအခွေမှာလည်း Owntune များမှာပါ။ ဒါပေမဲ့
Referenceပုံစံမျိုးလေးတော့ အနည်းငယ်ပါလိမ့်မယ်။’လို့ သူက ဖွင့်ဟပါတယ်။
Feb192014
အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်
ရဲရင့်ပွင့်လင်းပြီး
ကိုယ်စိတ်ထဲက ပုံစံအတိုင်း နေထိုင်ပြုမူတတ်သူလေးကတော့ သင်ဇာဝင့်ကျော်ပါပဲ။
အားလုံးနဲ့ မတူတဲ့ ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ
ဝင်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့
အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။
ဖန်စီဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက
ခပ်စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော်
သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။
နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့
ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။
Feb192014
တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးအား သရုပ်ဆောင် အဆိုတော်တစ်ဦး ရိုက်နှက်ခဲ့မှု မှန်ကန်တိကျစွာ အရေးယူသွားမည်
သရုပ်ဆောင် အဆိုတော်တစ်ဦး က ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအား ရိုက်
နှက်ခဲ့မှုအပေါ် နှစ်ဖက်စလုံးအား ပစ္စည်း သက်သေ၊ လူသက်သေနှင့် စစ် ဆေးနေပြီး
အမှုကို တည်ဆောက်၍ မှန် ကန်တိကျစွာ ဆုံးဖြတ်ပေး မည်ဟု ယာဉ် ထိန်း
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးကျော် ထွေးက ပေါ်ပြူလာ နယူးစ်သို့ ပြော သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် သိမ် ဖြူလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံမီး ပွိုင့်၌ သတ်မှတ်စည်းကမ်း ဖောက်ဖျက် ပြီး မောင်းနှင်လာသော သရုပ်ဆောင်၊ အဆိုတော် နေသူ ရိန်၏ ကားကို တား ဆီးရင်း ဖြစ်ပွားခဲ့သည့် ရိုက်နှက်ခံရမှု အပေါ် ရဲမှူးကြီးက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး လက်ရှိတွင် ယာဉ်ထိန်းရဲနှင့် ကိုနေသူရိန်နှစ်ဖက်စလုံးတို့က အပြန် အလှန် အမှုဖွင့်ထားသည်။
ရဲမှူးကြီး ဦးကျော်ထွေးက ”ကျွန် တော် နှစ်ဖက်စလုံးနဲ့ တွေ့ဆုံပြီး စစ် ဆေးတာတွေ လုပ်နေပါတယ်” ဟု ပြော သည်။

လင်မယားစကားများစဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး
၁၈.၂.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် တိုက်ကြီးဆေးရုံ၌ အမျိုးသားတစ်ဦး ဓါးထိုးခံရသဖြင့် သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်ဝင်း(၄၂)နှစ်၊ ရှမ်းစုရပ်ကွက်၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ယာဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို တွေ့ရှိရ
ပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူမမြ၀င်း(၄၇)နှစ်နှင့် နေအိမ်၌
စကားများရန်ဖြစ်ကြစဉ် ဇနီး ဖြစ်သူမှ အရိုးအသွား(၉)လက်မခန့်ရှိ မီးဖိုချောင်သုံးစတီးဓါးဦးချွန်ဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ
စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀
ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို
အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက
ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ
စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ဗေဒင်ကိစ္စ ငြင်းခုံစဉ် စည်ပင် အသားထုတ်ဌာနခွဲ (ဝက်) နေ့စား
စည်ပင်ဝန်ထမ်း အသက် ၃၀ အရွယ် ကိုအရှည်ကြီးက ယူလာသော အရှည်တစ်ပေခန့်ရှိ
ဝါးရိုးတပ်ဓားဖြင့် ဗေဒင်ဆရာ ကိုထိုးခဲ့ပြီး သီဟဆိုသူက ကိုအရှည်ကြီးထံမှ
ဓားကိုလုကာ ဗေဒင်ဆရာကို ထပ်မံထိုးခဲ့သဖြင့် ဘယ်လက်ချောင်း များတွင်
ပြတ်ရှဒဏ်ရာများနှင့် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း
ဗေဒင်ဆရာ၏ တူဖြစ်သူ တိုင်တန်းချက်အရ သိရှိရသည်။
Feb192014
စစ်ကိုင်းတိုင်းအတွင်း ကြိုးဆွဲချ၍ အဆုံးစီရင်မှု တစ်လအတွင်း လေးခုထိဖြစ်ပွား
မုံရွာ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီအတွင်း မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီးရင်သည့် သေမှုသေခင်း
လေးခုရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၁၈ တစ်ရက်တည်း၌ပင် မိမိကိုယ်ကိုကြိုးဆွဲချ၍ အဆုံးစီးရင်သူ
လူနှစ်ဦးရှိနေသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းအတွင်း
ထူးခြားဖြစ်စဉ် နေ့စဉ်မှတ်တမ်းများတွင် ဖော်ပြထားသည်။လေးခုရှိသည်ဟု တိုင်းဒေသကြီး မှုခင်းဆေးပညာရှင် ဆရာဝန်တစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဖြစ်စဉ်များမှာ ဖေဖော်ဝါရီ ၁၈ ရက်က တမူးမြို့၊ မြို့ မ(၁၂/ခ)ရပ်ကွက်၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လူမနေသည့်
တောတွင်းရှိ ကောက်ရိုးစင်တွင် ၄၅ နှစ်အရွယ်ရှိ ကိုဂျဲနာရမ်း ဆိုသူသည် ဝါယာကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ သည်။ ထို့ကြောင့် တမူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/ ၂ဝ၁၄ အရ အမှုရေးဖွင့်ခဲ့သည်။
Feb192014
ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်
ပြိုင်ကားဖမ်းဆီးရေးအဖွဲ့ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး
မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့်
သာကေတရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။
Feb192014
ရေသန့်ဘူးအတွင်းရှိ အက်စစ်သောက်မိသူသေဆုံး
အသက် ၂၃ နှစ် အရွယ် အမျိုးသားတစ်ဦး အက်စစ်သောက်မိသဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က
သေဆုံးသွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူသည် တွံတေးမြို့နယ် ခလုတ်ကျေးရွာတွင် နေထိုင်သည့် ကျော်စိုး (၂၃)နှစ်ဖြစ်ပြီး၊ စိတ်ပေါ့သွပ်နေ သူတစ်ဦး ဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁နာရီက နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဘက်ထရီအိုးသုံးရန် အတွက် ရေသန့်ဘူးဖြင့် ထည့်ထားသော အက်စစ်များကို သောက်သုံးမိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ ကုသနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးမေးမြန်းချက်အရ သိရှိထားသည်။

Subscribe to:
Posts (Atom)
No | Title | Singer | Listen/Download | Size |
---|---|---|---|---|
1 | မောင့်ချစ်သူ | သားသား | Click Here !! | 2.00 MB |
2 | အဝေးရောက်ချစ်သူ | ဆိုတေး | Click Here !! | 2.00 MB |
3 | တောင်းပန်တယ် | အောင်လ | Click Here !! | 2.00 MB |
4 | အချစ်ကိုသိချိန် | မီးမီးခဲ | Click Here !! | 2.00 MB |
5 | ဒွိဟ | Bobby Soxer | Click Here !! | 2.00 MB |
6 | နာရီတွေ ရပ်ထားမယ် | ကောင်းကောင်း | Click Here !! | 2.00 MB |
7 | သနပ်ခါးချစ်သူ | Rဇာနည် | Click Here !! | 2.00 MB |
8 | လိုက်ဖက်တဲ့ဘဝ | Rဇာနည် ဝိုင်းစုခိုင်သိန်း | Click Here !! | 2.00 MB |
9 | နင်မရှိရင် | Bunny Phyo | Click Here !! | 2.00 MB |
10 | အပိုဆု | ဆောင်းဦးလှိုင် | Click Here !! | 2.00 MB |
11 | သုည | လင်းလင်း | Click Here !! | 2.00 MB |
12 | နှလုံးသား အရင်းအနှီး | အိုင်းရင်းဇင်မာမြင့် | Click Here !! | 2.00 MB |