ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်၏အရှေ့
ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်း စခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့်
အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင်
လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း
ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် အဆိုပါ မီးသွေးဖုတ်သည့် တောတွင်းစခန်း၌
အလုပ်သမားလေးဦးမှ ၎င်းတို့အား ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်
ဦး.....အား တူးမီးသေနတ်ဖြင့် ပစ်သတ်ကာ ဓားဖြင့်ဗိုက်အားခွဲပြီး
ကလီစာများအားနှုတ်ယူ၍ အရက်ဖြင့်ချက်ပြုတ်ကာ စားသောက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဦး......နှင့်အတူ ရှိနေသည့် အမျိုးသားတစ်ဦးကိုလည်း
ဓားဖြင့်လည်ပင်းအား ခုတ်သတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်ညတွင်လည်း
နတ်တလင်းမြို့နယ်နှင့် အရှေ့ဘက် ၃၇ မိုင်ခန့်ဝေးသော ရိုးမတောင်ပေါ် ရှိ
အိုးဂင်းမြောင်စခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးအား ဓားဖြင့် ၁၁
ချက်ခုတ်၍ ထပ်မံသတ်ဖြတ် ခဲ့ကြောင်း သိရသည်။