Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

၈၈ အဖွဲ့ရဲ့ ဖောင်ဒေးရှင်းသစ် အတွက် အရှင်ဆန္ဒာဓိက ကျပ်သိန်း ၂၅၀ မတည်ပေး

                                                မေတ္တာအိုးဝေဖောင်ဒေးရှင်း တည်ထောင်ဖို့ မတည်ငွေ သိန်း ၂၅၀ ကို ဆရာတော် အရှင်ဆန္ဒာဓိကက မတ်လ ၁၈ ရက်နေ့မှာ ၈၈ 
                                                                                 မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ကို ပေးအပ်စဉ်


ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက မေတ္တာ အိုးဝေဖောင်ဒေးရှင်း တည်ထောင်ဖို့ မတည်ငွေ သိန်း ၂၅၀ ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ကို ဒီနေ့ပေးအပ်လိုက်ပါ တယ်။
မေတ္တာအိုးဝေဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်း သားဟောင်းတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီထောက်ပံပေးနိုင်ဖို့ ရွှေ ပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက မတည်ပေးခဲ့တာဖြစ်ပါတယ်။ အလှူငွေ မတည် လှူဒါန်းရတာနဲ့ ပတ်သက်ပြီး ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက RFA ကို အခုလို မိန့်ကြားပါတယ်။

လွှတ်တော် အမတ်အဖြစ်က ဘယ်လို ရုပ်သိမ်းနိုင် မလဲ

                                                                                  အမျိုးသား လွှတ်တော်က အတည်ပြုဖို့ လိုနေသေး

 လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က မတ်လ ၁၈ ရက် အင်္ဂါနေ့က အတည်ပြုလိုက် ပါတယ်။

အမျိုးသား လွှတ်တော်ရဲ့ သဘောထား ရယူဖို့တော့ လိုပါသေးတယ်။

လွှတ်တော် အမတ် တစ်ယောက်က နိုင်ငံတော် သစ္စာဖေါက်ဖျက်မှု၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဖေါက်ဖျက် ကျူးလွန်မှု၊ အကျင့်သိက္ခာ ပျက်ပြားမှု စတဲ့ ပြစ်ချက်တွေ ကျူးလွန်ရင် သူ့ရဲ့ မဲဆန္ဒ နယ်မြေက မူလ မဲပေး ပိုင်ခွင့်ရှိသူ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား နိုင်ပါတယ်။

တိုင်းကြားတဲ့ သူက မူက မဲပေး ပိုင်ခွင့် ရှိသူ ဟုတ်မဟုတ် ဆိုတာနဲ့ လက်မှတ် တွေကို မတရားတဲ့ နည်းလမ်း တခုခုနဲ့ ကောက်ခံတာ ဟုတ်မဟုတ် ဆိုတာ စိစစ်ပြီး တဲ့နောက် ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင် ၃ ယောက်နဲ့ သင့်တော်သူ ၂ ယောက်တို့ ပါဝင်တဲ့ ကော်မတီဖွဲ့ပြီး ဆက်လက် စိစစ် ရပါမယ်။

တပ်မတော်သား ကိုယ်စားလှယ် ရုပ်သိမ်းရေး ပြင်ဆင်ချက် ဥပဒေကြမ်း လွှတ်တော်အတည်ပြု

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး တာဝန်ကရုပ်သိမ်းချင်တယ်ဆိုရင် နိုင်ငံသားတစ်ဦးဦးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြတိုင်တန်းနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ ဖြည့်စွက်တင်သွင်းတာကို ဒီနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်ဆင်ချင်တာတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အရာရှိတွေအတွက် လက်ဆောင်တန်ဖိုး ကန့်သတ်ချက် ထုတ်ပြန်

မြန်မာနိုင်ငံ အစိုးရက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့အပြီး ၁၅ ရက် အကြာမှာ အစိုးရ အဆင့်မြင့် အရာရှိကြီးတွေ လက်ဆောင် အဖြစ် လက်ခံနိုင်တဲ့ အများဆုံးတန်ဖိုး ပမာဏကို ကန့်သတ်တဲ့ အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းက ရင်နှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကြရတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ တိုင်းဒေသ အစိုးရအဖွဲ့တွေရဲ့ ဝန်ကြီးချူပ်တွေနဲ့၊ ဝန်ကြီးဌာန အသီးသီးက ထိပ်သီး အရာရှိကြီးတွေဟာ ရွှေ၊ ငွေ ကဲ့သို့ တန်ဖိုးကြီး ပစ္စည်းတွေကို လုံးဝ လက်ခံခြင်း မပြုရဘဲ တန်ဖိုးငွေ ၃သိန်းထက် မပိုတဲ့ ပစ္စည်းတွေကိုသာ လက်ဆောင်အဖြစ် လက်ခံနိုင်တယ်လို့ ဒီအမိန့်အရ ထိန်းချူပ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ လူထုဆန္ဒခံယူပွဲ တက်ရောက်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်း ပြောကြားမှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက RFA ကို အခုလို ပြောပါတယ်။

ကချင်ပြည်နယ်အပါအဝင် လစ်လပ်မဲ ဆန္ဒနယ်များတွင် ယခုနှစ်အတွင်း ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည်

ကချင်ပြည်နယ် အပါအဝင် လစ်လပ်နေသော မဲ ဆန္ဒနယ်မြေများတွင် ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ ပြု လုပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် ညွှန်ကြားရေးမှူး ဦးသောင်း လှိုင်က ဖလားဝါးနယူးစ်သို့ အ တည်ပြု ပြောကြားခဲ့သည်။

''ကြားဖြတ်ရွေးကောက် ပွဲလုပ်ဖို့စီစဉ်ရတာက လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေတဲ့နေ ရာတွေရှိတယ်။ လွှတ်တော်ကိုယ် စားလှယ်တွေကလဲ ကိုယ်စားပြု လွှတ်တော်အမတ်တွေ လိုချင်နေ ကြတယ်။ အခြေအနေအရ လိုအပ် ချက်တွေရှိနေလို့ ကြားဖြတ်ရွေး ကောက်ပွဲ လုပ်မှာပါ'' ဟု ဖလား ဝါးနယူးစ်၏ မေးမြန်းမှုကို ဦးသောင်း လှိုင်က ပြန်လည်ဖြေသည်။

ကြားဖြတ်ရွေးကောက် ပွဲများကို ယခုနှစ်အတွင်းပြုလုပ် မည်ဖြစ်သော်လည်း ပြုလုပ်မည့် အချိန်နှင့် ပြုလုပ်မည့် နေရာများ ကိုမူ အတိအကျမပြောနိုင်သေး ကြောင်း ဦးသောင်းလှိုင်က ''ကြား ဖြတ်ရွေးကောက်ပွဲတွေကို ဘယ် ဒေသတွေမှာ လုပ်မယ်၊ ဘယ်အ ချိန်လုပ်မယ်ဆိုတာကို ကျွန်တော် တို့လွှတ်တော်မှာ တရားဝင်ပြော ပါမယ်။ လွှတ်တော်မှာ တရားဝင် မဆွေးနွေးသေးဘဲ ကျော်ပြီးပြော လို့မရလို့ပါ။ လစ်လပ်မဲဆန္ဒနယ် တိုင်းမှာ လုပ်နိုင်မလုပ်နိုင်ဆိုတာ ကလဲရှိသေးတယ်''ဟုပြောသည်။

Dancer ပုံလေးတွေ ယူကြမယ်ဆိုရင်..

မိမိတို့ဘလော့ပေါ်မှာ အလှဆင်ခြင်သူများအတွက်  Dancer ပုံလေးတွေကို
ရယူပြီးအလှဆင် နိုင်ပါတယ်နော်... မိမိတို့ လိုခြင်တဲ့ပုံလေးကို ရယူနည်းကတော့
ပုံလေးပေါ် မောက်တင်  ညာကလစ်ပေး   Copy  Image  Location ဆိုတာကိုကလစ်ပါ။
အဲမှာ ပုံရဲ့လင့်ကို မိမိတို့ မောက်မှာ ရရှိနေပြီးဖြစ်ပါလိမ့်မယ်...
အဆင်ပြေပါစေ...

ဓါတ်ပုံတွေကို ခဲခြစ်ပန်းချီအဖြစ်ဖန်တီးပေးမယ့် - XnSketch Pro v1.25 Apk Update(March - 15)

Cover art

အခုတင်ပေးလိုက်တဲ့ Android Application လေးကတော့ ဓါတ်ပုံတွေကို ခဲခြစ်ပန်းချီအဖြစ်ဖန်တီးပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ အရင် Version အဟောင်းတွေမှာလည်းတင်ပေးခဲ့ဖူးပါတယ်။ အခု Version အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ။ ဓါတ်ပုံတွေကို ပန်းချီးအဖြစ်ဖန်တီးတဲ့နေရာမှာတော့ Feature တွေ အများကြီးပေးထားပါတယ်။ မိမိဖန်တီးချင်တဲ့ ပန်းချီးအနေအထားမျိုးဖြစ်အောင် စိတ်ကြိုက်ဖန်တီးယူနိုင်ပါ တယ်ဗျာ။ မိမိ ဖန်တီးမှုကလက်ယာမြောက်မယ်ဆိုရင်တော့ တကယ့် ပန်ချီအစစ်နဲ့တူမှာပါ။ ဖန်တီးရတာ လည်းလွယ်ကူပါတယ်။ အောက်မှာ နမူတာလုပ်ထားတဲ့ ခဲခြစ်ပန်းချီလေးတွေပြပေးထားပါတယ်ဗျာ။ Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

ဘလော့မှာ ကောင်တာအလန်းလေး ထည့်ကြမယ်

မင်္ဂလာပါ ကျွန်တော် သည်နေ့ရေးဖြစ်တဲ့ နည်းပညာလေးကတော့ လူသိများမယ်လို့ထင်ပါတယ်
လွယ်ကူတာလေးမို့ လုပ်လိုက်ကြပါနော်..သူကတော့ ဘလော့မှာ လာလည်သမျှ ဧည့်သည်တော်မှတ်တမ်း လေးကို ကြိုက်နှစ်သက်ရာ နံပါတ် စတိုင်အမျိုးမျိုးနဲ့ စိတ်ကြိုက် လုပ်ယူတဲ့နည်းလေးပါဘဲ... လက်ရှိဝင်နေသူစာရင်းကိုတော့ပြသမှာ မဟုတ်ပါဘူးဗျာ... ဘလော့စတင်တဲ့ချိန်မှ စလို့ ပေါ့ ပြောရရင် Total Visitor လို့ပြောရမယ်...ကဲစမ်းကြမယ်
ပထမဆုံး   သည်နေရာကို    ကလစ်ပြီးတော့ ၀င်လိုက်ပါ။

Android ဖုန်းများမှ မြန်မာပြည် TV လိုင်းတွေကို ဖမ်းယူကြည့်ချင်သူများ အတွက်

Android ဖုန်းများမှ မြန်မာပြည် TV လိုင်းတွေကို ဖမ်းယူကြည့်ချင်သူများ
အတွက် အလွန်ပဲအသုံးဝင်တဲ့ Apk လေးဖြစ်ပါတယ်။
ဖမ်းယူကြည့်ရူ့နိုင်တဲ့  TV လိုင်းများ ၆ ခုရှိပါတယ်။
ပုံမှာပြထားတဲ့ အတိုင်းပဲ SKY NET , Channel 7, MRTV 4, MRTV, Chai TV ,
Myanmar Football News  တို့ဖြစ်ပါတယ်။
မြန်မာပြည်ကပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားရောက်နေတဲ့သူပဲ ဖြစ်ဖြစ် မြန်မာ TV လိုင်းများကို
ကြည့်ချင်တဲ့သူများရှိရင် အောက်မှာဒေါင်းယူနိုင်ပါတယ်။

 

အိုင်တီိအိမ်မက်

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အကျယ်ချုပ် ချထားခြင်း မရှိဟုဆို


KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို KIO အဖွဲ့က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG အဖွဲ့ဝင် ဦးခွန်အောင်က The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်ကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လက မတ်လ ၆ ရက်နေ့မှ စတင်ကာ အကျယ်ချုပ် သဘောဖြင့် စောင့်ကြည့်နေကြောင်း ပြည်တွင်းအွန်လိုင်း မီဒီယာအချို့တွင် ရေးသား ဖော်ပြမှုများနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်အဖြစ် လုပ်ဆောင်လျက် ရှိပြီး KIA စစ်ဦးစီးချုပ်က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ဦးခွန်အောင်က ပြောကြားသည်။

တရားမ၀င်သစ်ဖမ်းရာတွင် ကူညီသူများကို ကျပ် သန်း ၁၁၀ ကျော်ပေးခဲ့



တရားမ၀င်သစ် ဖမ်းဆီးရမိနိုင်ရေးမှာ ပါဝင်ကူညီခဲ့သူ သတင်းပေး၊ သစ်တောဝန်ထမ်း၊ အရာရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုကြေး ကျပ်ငွေ သန်း ၁၁၀ လောက် ပေးခဲ့ပြီး ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောပါတယ်။

မတ် ၁၇ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်တော ထိန်းသိမ်းရေး၊ သစ်မှောင်ခိုနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အ မတ်တွေက မေးမြန်း တာကို ဖြေကြားရင်း ခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒိုက်ဦးမြို့နယ် မဂ်လွန်းကျေးရွာအနီးတွင် ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

၂၀၁၄ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့ ဒိုက်ဦးမြို့နယ် ၊ မြို့မရဲစခန်း အရှေ့တောင်ဘက် (၁၂) မိုင်အကွာ ညောင်ခါးရှည် ရထားလမ်း မိုင်တိုင်အမှတ်(၁၂/၁)၊ မဂ်လွန်းကျေးရွာအနီးတွင် အမည်မသိ လူတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း MOI Webportal Myanmar သတင်းအရသိရပါသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို မဂ်လွန်းကျေးရွာ အုပ်ချုပ်ရေးမှူးက သတင်းပေးချက်အရ ဒိုက်ဦးမြို့မရဲစခန်းမှူး ဒုရဲအုပ်တင်ထွန်း၊ သုံးခွရဲကင်းရဲစခန်းမှူး ဒုရဲအုပ် ဦးထွန်းထွန်းလေး ၊ မဂ်လွန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

 ဒိုက်ဦး-ညောင်ခါးရှည် မီးရထားလမ်း အရှေ့ဘက်(၁၀)ပေခန့်အကွာရှိ (၁၀)ပေခန့် မြင့်သော ကုက်ကိုပင်သစ်ကိုင်းတွင် အမည်စုံစမ်းဆဲ (၄၀)နှစ် (ဘ)မည် နေရပ်စုံစမ်းဆဲ အမျိုးသားတစ်ဦးမှာ ဂျင်းဘောင်းဘီအရှည် နက်ပြာရောင်အား အသုံးပြု၍ ဂျင်းဘောင်းဘီတစ်စအား သစ်ကိုင်းတွင် ချီနှောင်ပြီး ကျန်တစ်ဘက်အား ၄င်း၏လည်ပင်းတွင် ချည်နှောင်လျက် မျက်စိဖွင့်၊ ပါးစပ်ဟ၊ ခြေချောင်း လက်ချောင်းကုပ်၊ လည်ပင်းညိုမဲစွဲ ဒဏ်ရာများဖြင့် ကြိုးဆွဲ ချသေဆုံးနေသည်ကို စစ်ဆေးရေး အဖွဲ့ က တွေ့ရှိခဲ့ရသည်။

ဆွာတိုးဂိတ်အနီး ပြည့်တန်ဆာများ ပေါများနေ၍ ဒေသခံများ မကျေနပ်

ရေတာရှည်မြို့နယ် ဆွာမြို့တောင်ဘက် မှန်စီကျေးရွာအနီး ရန်ကုန်- မန္တလေးကားလမ်းရှိ တိုးဂိတ်တွင် ညစဉ် ပြည့်တန်ဆာ မိန်းကလေးများ ပေါများလျှက်ရှိရာ အနီးအနားတွင် ကောင်ရောင်း ကောင်းဝယ် လုပ်ကိုင်သူများကို များပါလူမှုရေးအရ ထိခိုက်မှုများရှိလာ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ပေးရန် လိုလားလျှက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့က ဒီနားမှာဈေးရောင်း နေတာ အခုအလုပ်သမားတောင် ငှားလို့မရဘူးဖြစ်နေတယ် ညတိုင်းလိုလို ဖြစ်ချင်တိုင်း ဖြစ်နေတော့ ဒီနားမှာရှိတဲ့ ဈေးဆိုင်တွေကိုတောင် တစ်မျိုးထင်ကြတယ်ဗျာ မိန်းကလေးရလားဆိုပြီး လာမေးတာ အတော့်ကို စိတ်အနှောက်အယှက် ဖြစ်ပါတယ်ဟု" ကိုယ်တိုင်ကြုံတွေနေရသူ ကိုနန်းဝေ ကပြောပြသည်။

နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ

photo-internet
အမ်းမရိတ်နှစ်ပေါင်း ၅၀ ကျော်မျှ တောင်းရမ်းစားသောက်ခဲ့သော အသက် ၁၀၀ အရွယ် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်းသေဆုံးချိန်၌ ငွေကြေးအများအပြားနှင့် အဆောက်အအုံ လေးခုချန်ထားခဲ့ကြောင်း အမ်းမရိတ် သတင်း တစ်ရပ်တွင် မတ်လ ၁၆ ရက်က ဖော်ပြထားသည်။
အိုင်ရှာဟု အမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဆွေးမျိုးသားချင်း မရှိသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်များသို့ပေးအပ်ရန် အိမ်နီးနားချင်း တစ်ဦးသို့ ပြောဆိုခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ သိရှိခဲ့ရခြင်း ဖြစ်သည်။
အနှစ် ၅၀ကျော် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုခဲ့သည့် ပင်လယ်နီဆိပ်ကမ်း မြို့ ဂျက်ဒါရှိ အဆောက်အအုံလေးလုံးနှင့် ငွေကြေးတို့၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၃သန်း ရှိသည်ဟု အာရဗျသတင်းစာ Okaz မှ ခန့်မှန်းထားသည်။

တရုတ်တွေဆိုတာ အဘိုးအဘွားသင်္ချိုင်း အလွန်တန်ဖိုးထားတယ်၊ ကျွန်မတို့သင်္ချိုင်းမြေကျတော့---


မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ သံလွင်ရေလယ်ခေါင်းဆေးကျွန်း ပေါ်၌ ၂၀၁၄ မတ်လ ၁၄ ရက် နံနက် ၁၀ နာရီအချိန်တွင်သံလွင် မြစ်တည်တံ့ခိုင်မြဲရေး ဆုတောင်း ပွဲတစ်ခုကို တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ် လူငယ်များနှင့် မြန်မာမြစ်ချောင်းများကွန်ရက် အဖွဲ့က ဦးဆောင်ကျင်းပပြုလုပ် ခဲ့ကြသည်။

မတ်လ၁၄ရက်သည်အပြည် ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်း သိမ်းရေးနှင့်ရေကာတာဆန့်ကျင် ရေးနေ့ဖြစ်သည့်အတွက် သံလွင် ရေလယ်ကျွန်းပေါ်၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားလူငယ် များနှင့်အတူ ဘာသာကြီး ၄ ခုမှ ကိုယ်စားလှယ်ကြီးများကပါတက် ရောက်ဆုတောင်းပေးကြကြောင်း သိရသည်။

‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေးဗျူရိုတွင် တရုတ်နိုင်ငံသားတစ်ဦးအား အဆင့်မြင့်ရာထူး ခန့်အပ်ထားဟုဆို

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီလက်အောက်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ တပ်သားအချို့ စစ်ရေးပြအခမ်းအနားတွင်တွေ့ရစဉ် UNITED WA STATE ARMY
‘၀’ ပြည်သွေးစည်းညီညွှတ်ရေးပါတီ(UWSP/UWSA)၏ နိုင်ငံရေးဗျူရိုတွင် တရုတ်လူမျိုးတစ်ဦးအား အဆင့်မြင့်ရာထူး တာဝန်ပေးအပ်ကာ ခန့်အပ်ထားကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာကပြောသည်။

မတ်လ ၁၇ရက်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍ ဟောပြောပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
            ‘‘တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ပြောနေပေမယ့် တရုတ်နိုင်ငံကြီးတစ်ခုလုံးဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တော်တော်လေးအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်တယ်ဆိုတာ သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ‘၀’တပ်မတော်ရဲ့ နိုင်ငံရေးဘက်ခြမ်းမှာဆို နောက်ဆုံးကြားရတဲ့ သတင်းအရ ယူနီယံ Level နှစ်ဦးကို ပေါ်လစ်ဗျူရိုထဲမှာထည့်ပြီး ခန့်လိုက်ပါတယ်။

ဘင်္ဂလီ၂ ဦးကို ခြောက်လုံးပူးတစ်လက်၊ ၎င်းကျည် ၁၁တောင့်နှင့် အတူ မောင်တောတွင်ဖမ်းမိ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်၊ အလယ်သံကျော်တွင် ဘင်္ဂလီ နှစ်ဦးကို အမေရိကန်လုပ် ခြောက်လုံးပူး တစ်လက်၊ ၎င်းကျည် ၁၁ တောင့်၊ ဓါးရှည် ခုနှစ်လက်၊ လေးဂွများနှင့် အတူ ဖမ်းမိကြောင်း ယနေ့ထုတ် Daily Eleven တွင် ဖေါ်ပြသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ ကညင်တန်း ကျေးရွာ အုပ်စု၊ နှခေါင်းတို ကျေးရွာ အနီးရှိ နတ်မြစ်ထဲသို့ စီးဝင်သည့် ချောင်းအတွင်းမှ ရပ်နားထားသော စက်လှေအား မသင်္ကာသဖြင့် တက်ရောက်စစ်ဆေးစဉ် ၎င်းလက်နက်ခဲယမ်းမီးကျောက်များအား ဘင်္ဂလီ တစ်ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် မလေးရှားလေယာဉ် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်


အိုင်ဘီတီဆိုက်ဘာ အကြမ်းဖက်သမားများက “ကုတ်နံပါတ်” အမျိုးမျိုးအား အသုံးပြုကာ မလေးရှား ပျောက်ဆုံးလေ ယာဉ် MH 370 ၏ လေယာဉ်တွင်းဖျော်ဖြေမှုနှင့် လုံခြုံရေး ဆော့ဖ်ဝဲကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဗြိတိန်မှအကြမ်းဖက် ဆန့်ကျင်ရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်ဟု အိုင်ဘီတီ သတင်း တစ်ရပ်၌ မတ်လ ၁၇ ရက်တွင် ဖော်ပြထားသည်။
ဘိုးရင်း ၇၇၇ ၏ မြန်နှုန်း၊ ဦးတည်ရာနှင့် ပင်လယ်ရေပြင်အမြင့် ပျံသန်းမှု အနေအထားတို့အား သေးငယ် သော ရေဒီယို အချက်ပြကိရိယာကို အသုံးပြုကာ ပြောင်းလဲနိုင်သည်ဟု ယူကေပြည်ထဲရေးရုံး၏ အကြံ ပေးဟောင်းတစ်ဦးဖြစ်သူ ဆယ်လီလီဗက်စလီက ပြောကြားလိုက်သည်။
ဘိုရင်း ၇၇၇ ၏ လည်ပတ်ပုံစနစ်ကို ကောင်းမွန်စွာ သိရှိသူတစ်ဦးမှ လေယာဉ်ပျံသန်းမှုကို ရည်ရွယ်ချက် ရှိရှိဖြင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများမှ စဉ်းစားခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြော ကြားလိုက်ခြင်း ဖြစ်သည်။

အယ်ကိုင်ဒါအဖွဲ့နှင့်ပူးပေါင်းမည့် အမေရိကန်ကျောင်းသား ဖမ်းဆီးခံရ

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ကောလိပ်ကျောင်းသားတဦးဟာ အယ်ကိုင်ဒါ တပ်ဖွဲ့တဖွဲ့ကို ပူးပေါင်းဖို့ ထွက်လာစဉ် အမေရိကန်-ကနေဒါနယ်စပ်မှာ မတ် ၁၇ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ မွေးဖွားပြီး အစ္စလာမ်ဘာသာပြောင်းထားသူ အသက် ၂၀ အရွယ် Nicholas Teausant ဟာ ကနေဒါနိုင်ငံကတဆင့် ဆီးရီးယားနိုင်ငံကို သွားရောက်ဖို့ ဖြစ်ပါတယ်။

သူဟာ တပ်မှူးတဦးအဖြစ်နဲ့ အီရတ်-ဆီးရီးယား အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေး တပ်ဖွဲ့မှာ ပါဝင်ဖို့ စီစဉ်ထားပြီး နိုင်ငံတကာသတင်းကြီးတွေမှာ ပါဝင်ချင်တယ်လို့ ဆိုပါတယ်။

အီရတ်-ဆီးရီးယားအစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးတပ်ဖွဲ့ဟာ အရွယ်အစား သေးငယ်ပေမယ့် အစွမ်းထက်ပြီး နိုင်ငံခြားသားတိုက်ခိုက်ရေးတပ်သား အများအပြားကို ဆွဲဆောင်နေတဲ့ အယ်ကိုင်ဒါတပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ဆူးလေဘုရားအနီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူ ၃၀ ကျော်ကို ဖမ်းဆီး



ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရား အနီးတစ်ဝိုက်တွင် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသူ ၃၀ ကျော်ကို ကျောက်တံတား မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်ရှိ ရဲစခန်းတို့တွင် ဖမ်းဆီး အရေးယူထားကြောင်း အဆိုပါ ရဲစခန်းများထံမှ သိရှိရသည်။
နိုင်ငံခြားငွေများကို တရားဝင် ခွင့်ပြုထားသော ငွေလဲကောင်တာများတွင် လဲလှယ်နိုင်ရန် ဆောင်ရွက်ထားသော်လည်း ကျောက်တံတား မြို့နယ်ရှိ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မဟာဗန္ဓုလပန်းခြံ၊ ဧမာနွေလ ဘုရားကျောင်း အနီးတစ်ဝိုက်တို့တွင် ကမ္ဘာလှည့် ခရီးသည်များထံမှ နိုင်ငံခြားငွေများကို တရားမဝင် ရောင်းဝယ် နေမှုများ ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာမှ နိုင်ငံခြားငွေ တရားမဝင် လဲလှယ်သူ ၃၃ ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများကို ကျောက်တံတား မြို့မ ရဲစခန်းတွင် ၃၀ ဦးနှင့် ပန်းဘဲတန်း မြို့မ ရဲစခန်းတွင် သုံးဦး ဖမ်းဆီးခဲ့ပြီး ခြေချုပ်နှင့် ခံဝန်အက် ဥပဒေဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သက်ဆိုင်ရာမြို့မ ရဲစခန်းများထံမှ စုံစမ်း သိရှိရသည်။
“နိုင်ငံခြားငွေ လဲလှယ်သူ အချို့က ဧည့်လမ်းညွှန်လည်း လုပ်တာ ရှိတယ်။ နိုင်ငံခြားသားတွေကို ပြည်တွင်းခရီးစဉ် ကားလက်မှတ်တွေ ဈေးပိုတင်ရောင်းတာ၊ မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်ရာကနေ ငွေအလိမ်ခံရတယ်တို့ ရဲစခန်းကို ခဏခဏ လာတိုင်တာတွေ ရှိတယ်။ နေ့တိုင်း တစ်ပတ်ကို သုံးလေးယောက် မိနေကျ။ အခု တစ်ပတ်တည်း ၃၃ ဦး ဖမ်းမိတာက ဖမ်းဆီးရမိမှု အများဆုံးပဲ” ဟု ကျောက်တံတား မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်သယ်ဆောင်သူ နှစ်ဦးကို ဖမ်းဆီး

အဖွဲ့အစည်းတခုကို အမည်ခံပြီး မူယစ်ဆေးဝါးနဲ့ လက်နက်သယ်ဆောင်သူ ၂ ဦးကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အမည်ခံပြီး လက်နက်နဲ့ မူးယစ်ဆေးဝါး သယ် ဆောင်သူ နှစ်ဦးကို ဘားအံမြို့နယ် သံလွင်တံတားမှာ မတ်လ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကနေပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေကို ရှာဖွေစစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

“ပြောရရင်တော့ ဘယ်အဖွဲ့ကမှမဟုတ်ဘူး ယောင်ဝါးတွေပေါ့။ သာမန်အရပ်သားတွေပါ။ မူးယစ်ဆေးဝါးကတော့ စိတ်ကြွဆေးအပြား ၅၀ နဲ့ လက်နက်မျိုးစုံ ၄ လက် အသေးတလက်နဲ့ အကြီး ၃ လက်ပေါ့။ သယ်တာကတော့ စောဇင်ဘိုနဲ့ စောလာဒင်(ခေါ်) စောမျိုးအောင်။”

မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား မောင်းနှင်သူများကို စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူမည်

မန္တလေးခရိုင်အတွင်း ညအချိန်မတော် မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင်သူများ ရှိလာသဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့်အယှက် ကင်းစေရန်တို့အတွက် အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

"ဘယ်သူ့သားသမီး ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူမယ်။ တရားသူကြီးချုပ်နဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်း တပ်ဖွဲ့ တို့ကို ညွန်ကြားပြီးပြီ" ဟု ဝန်ကြီးဦးကျော်ဆန်း က ဆိုသည်။

နိုင်ဂရု(ပ်) ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာ ကလပ်တွင် ရိုက်နှက်ခံရဟုဆို

မရမ်းကုန်းမြို့နယ်ရှိ ကလပ်တစ်ခုတွင် အရက်သောက်နေစဉ် ကားဖြင့်ရောက်လာသည့် လူငါးဦးက ၀င် ရောက်ရိုက်နှက်ခဲ့သည်ဆိုကာ နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာ၏ အမှုဖွင့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မတ်လ ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာဖြစ်သူ ဦးမျိုးဇော်သောင်းနှင့် ကုမ္ပဏီမှဝန်ထမ်းဖြစ်သူ အောင်မျိုးထွန်းတို့သည် နံနက် ၃နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ကန်ရိပ်သာလမ်းရှိ Brave Bar ကလပ်တွင် ဘီယာသောက် ခဲ့ကြသည်ဟု ဆိုထားသည်။

Mister & Miss University 2014 ပြိုင်ပွဲဝင် ကျောင်းသား တစ်ဦးဖြစ် သူ မောင်ကျော်ဇောဟိန်း၏ နောက်ဆုံး စစ်ဆေးချက်ထွက်ရှိလာ

မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်နေစဉ် သေဆုံးခဲ့သော ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှု အမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက်များ ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ၄င်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူမောင်ကျော်ဇောဟိန်း၏ အစ်ကိုရင်းဖြစ်သူ ကိုအောင်ကိုကိုအား ဆက်သွယ်မေးမြန်းကြည့်ရာ..

" ပြောချင်တိုင်းတော့ပြောလို့မရဘူး။ အခုလက်ရှိ ရုံးမှာတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်းသွားနေတယ်ဆိုတော့ တချို့စကားတွေပြောလိုက်ရင်ရုံးတော်ကို မထီမဲ့ မြင်ဖြစ်သွားမှာလည်း ဆိုးတယ်။ အစ်ကိုပြောချင်တာလေးတွေလည်း ရှိတယ်။ မနေ့ကဆိုရင် အစ်ကို့မိဘတွေကအစတရားရုံးမှာ ဆေးစာကိုလျှောက်လာခဲ့တယ်။ ရလည်း
ရလာခဲ့တယ်။ ဆေးစာမှာလည်း ပြင်ပဒဏ်ရာလေးတွေ အများကြီးတွေ့ရတယ်။ အနှေးနဲ့ အမြန်ကတော့ တရားခံကိုမိမှာပါ။

အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသဖြင့် ဒဏ်ရာရ

၁၈.၃.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ခရေ(၃)လမ်း၊ တိုက်အမှတ်-- နေ မ----- သည် ၎င်း၏မိဘများ နေထိုင်ရာ တောင်ငူမြို့သို့ပြန်လိုကြောင်း ပြောသည်ကို ယောက္ခမ ဖြစ်သူတို့မှ မပြန်ရန်တားမြစ်ခဲ့သဖြင့် စိတ်ဆိုးကာ နေအိမ်တိုက်ခန်း (၆)လွှာ၊ ၀ဲဘက်ဘေးပြူတင်းပေါက်မှ အောက်သို့ခုန်ချခဲ့ရာ (၃)လွှာရှိ ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေညီထပ်ရှိ ကားဂိုဒေါင်သွပ်မိုးပေါ်သို့ကျပြီး သွပ်မိုးပေါက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ပါသည်။

ထိုသို့ခုန်ချခဲ့သည့်အတွက် မ---- တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခါးနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သူ မ--- အား ပိတောက်ချောင်း နယ်မြေရဲစခန်း (ပ)၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကချင်ပြည်နယ်မှ လူသတ် တရားခံပြေး မန္တလေးတွင် သေနတ်တစ်လက်နှင့် ဖမ်းမိ

ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့် ဒေသတို့တွင် ကျောက်တူးရာမှ ခွဲတမ်း မျှတစွာ မရသဖြင့် လူသတ်ပြီး ထွက်ပြေးလာသူ လေးဦးအနက် တစ်ဦးကို ပစ္စတို သေနတ် တစ်လက်ဖြင့် မန္တလေးမြို့တော်တွင် မတ်လ ၁၇ ရက်နေ့ နံနက်၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး စိန်ထွန်းက ပြောကြားသည်။

ယင်းသို့ လူသတ်ပြီး ပစ္စတိုသေနတ် တစ်လက်ဖြင့် မန္တလေး မြို့တော်သို့ ထွက်ပြေးလာသူမှာ ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်တို့တွင် ဦးဘရန်အောင် အဖွဲ့နှင့်အတူ ကျောက်တူးသမား ငါးဦးဖြင့် ကျောက်တူးစဉ် မတ်လ ၁၂ ရက်နေ့က အလေးချိန် ၇၀ ပိဿာရှိ ကျောက်စိမ်းတုံး တစ်တုံးကို ရရှိခဲ့ရာ ဦးဘရန်အောင်က ဝေစု မျှမျှတတ မပေးခဲ့သဖြင့် မတ်လ ၁၃ ရက်နေ့ ည ၉ နာရီတွင် ကျောက်တူးသူ သုံးဦးနှင့်အတူ ဦးဘရန်အောင်ကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့

                                                       ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ် fb.com/MOiWebportalMyanmar
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
           
‘‘အိမ်ကို မီးရှို့တာက အိမ်ပိုင်ရှင်ရဲ့သမီးပါ။ သူက အရက်စွဲနေတာ။ သူ့အမေကို အရက်ဖိုးတောင်းတာမရလို့ အိမ်ကိုမီးရှို့ခဲ့တာပါ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအကြောင်းရင်းကို အတည်ပြု ပြောကြားသည်။

သူ့ဘဝနဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ရေးဖို့ ဆန္ဒရှိနေတဲ့ ကြက်ဖ

ခေတ်ရဲ့ပြောင်းလဲလာမှုတွေနဲ့ အတူ သူကိုယ်တိုင်လည်း ပြောင်းလဲမှုတွေရှိလာခဲ့ပြီလို့ပြောလာတဲ့ အနု ပညာရှင်ကတော့ ကြက်ဖပဲဖြစ်ပါတယ်။ ” ကျွန်တော့်အနေနဲ့ အသက် အပိုင်းအခြားအရလည်း ဘဝကတစ်ဝက်ကျိုးသွားပြီလေ။ အဲဒီတော့ ရှေ့ဆက်ပြီးတော့လမ်းမှန်ကို လျှောက်ဖြစ်တော့မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ နမော်နမဲ့ တအား နိုင်ခဲ့တယ်။ သင်ခန်းစာတွေလည်း အများကြီးရှိခဲ့ပြီဆိုတော့ ဒါကိုအကျိုးရှိရှိအသုံးချဖြစ်မယ်လို့ ထင်ပါတယ်” လို့ ယခုလက်ရှိအရွယ်မှာ ဘဝနဲ့ပတ် သက်ပြီး သိလာခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ကြက်ဖက ပြောပြပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့တစ်စိတ်တစ်ဒေသကို ဖော်ကျူးနိုင်မယ့်သီချင်း မျိုးတွေ လည်းရေးဖို့အစီအစဉ်ရှိ ကြောင်းပထမဆုံးအနေနဲ့ဘဝနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကိုရေးဖို့ စီစဉ်ထားခဲ့ပြီးပြီဖြစ်ပေမယ့် အတီးပိုင်းနဲ့ပတ် သက်ပြီးခေါင်း စားနေရ ခြင်း ပဲ ဖြစ်ကြောင်းကြက်ဖကပြောပါတယ်။

မေလ ၁ရက်နေ့မှာ တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်မယ့် သားစိုး

တေးသံရှင်သားစိုးက သူ့ရဲ့ အာလူးသာကူးနှာဘူးဂန်ဒူး အခွေ သစ်ကို ဧပြီလ ၁ရက်နေ့မှာ ထွက်ရှိ မှာဖြစ်ပြီး မေလထဲမှာတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ ကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သားစိုးက ” မြန်မာ့ဂီတကို dance မြူးဇစ်နဲ့ ပေါင်းပြီး ချပြချင်တာပါ။ အဲဒါကြောင့် လုပ် တာ ပါ။ ဆိုင်းဝိုင်းပါမယ်။ Orchestra တွေပါမယ်။ ဒီဂျေတွေလည်းပါမယ်။ သီအိုရီတုန်းက သီချင်းတွေရော၊ ရောသမမွှေက သီချင်းတွေရော၊ အားလုံးဆိုမှာပါ။ ပြီးတော့
အခွေသစ်ကလည်း ဧပြီမှာထွက်မှာဆိုတော့ အဲဒီထဲကသီချင်းတွေပါဆိုမယ်။ Featuring ဆိုမယ့်လူတွေလည်း ပါမှာပါ။ DJ ကတော့ DJ wine, Music arrange လုပ် မှာက ကိုဓီရာမိုရ်၊ ပြီးတောကိုမိုးနိုင် (ဂီတ မိတ်) လည်းပါမယ်။

အမျိုးသမီး အဆိုတော် ခုနစ် ယောက်နဲ့ Lလွန်းဝါ ရဲ့ ကိုရီးယား ဖျော်ဖြေရေးခရီး

Lလွန်းဝါ က သူလက်ရှိ လုပ်နေတဲ့ ဓမ္မတေးအခွေ ကိုတော့ သင်္ကြန်အပြီး မှာထွက်ဖို့ စီစဉ်ထားပြီး ထွက်ဖို့ကြာ နေရခြင်းကလည်း အခွေ က Live Show ရိုက်ကူးဖို့ စီစဉ်နေတာကြောင့် ပဲဖြစ်ကြောင်း၊ Live Show ကိုတော့ နောက်ခံဘုရား ကျောင်းပုံရိပ်တွေ ထည့်ပြီး ရိုက်ကူး သွားမှာဖြစ်ကြောင်း သီချင်း ၁၄ ပုဒ် ပါမှာ ဖြစ်ပြီး ၁၁ ပုဒ် က တီးပြီး သွားပြီးဖြစ် တယ်လို့ပြောပြပါ တယ်။ ဒီနှစ်သင်္ကြန် မှာတော့ ချောင်းသာ (သို့ မဟုတ်) နေပြည်တော်မှာ ရှိဖို့ များတယ်လို့ Lလွန်းဝါ ကပြောပြခဲ့ ပါတယ်။
Lလွန်းဝါ က ဟဲလေးနဲ့ အမျိုး သမီး အဆိုတော် ၇ ယောက် နဲ့ အတူ မတ်လ ၁၃ ရက်နေ့က ကိုရီးယား ဖျော် ဖြေရေးကို ထွက်ခွာ သွားပြီဖြစ်ပါတယ်။ ကိုရီးယား ဖျော်ဖြေရေး က တစ်ပတ် ကြာမှာ ဖြစ်ပြီး ဖျော်ဖြေပွဲ ရက်ကတော့ တစ်ရက် ပဲဖြစ်ကြောင်း၊ ပွဲမှာစုံတွဲ သီချင်းတွေနဲ့လည်း သီဆိုမှာ ဖြစ်ကြောင်း ကိုရီးယား ဖျော်ဖြေ ပွဲက သူ့ အတွက် ၄ ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း၊ ဖျော်ဖြေပွဲ အနေ နဲ့ သွား ရောက်တဲ့ ခရီးဖြစ်ပေမယ့် လည်း တစ်ခေါက် နဲ့ တစ်ခေါက် အတွေ့ အကြုံ ကတော့ မတူကြောင်း Lလွန်းဝါက ပြောပါတယ်။ြ

ကိုယ်ပိုင်တီးဝိုင်းသစ်နဲ့ သီချင်းတွေဆက်လုပ်သွားမယ့် မီးမီးခဲ

တေးသံရှင်မီးမီးခဲက ဧပြီလ ၄ ရက်နေ့နဲ့၅ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သူမရဲ့ကိုယ်ပိုင်တီးဝိုင်း MMK နဲ့ ပထမဆုံးစတင်ပွဲထွက်တီးခတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မီးမီးခဲရဲ့အတိုကောက် MMK လို့ ပေးထားတဲ့ သူမရဲ့တီးဝိုင်းသစ်အကြောင်းနဲ့ ပတ်သက်ပြီး မီးမီးခဲက ” မီးခဲတို့ ခရစ်ယာန်လူငယ်လေးတွေနဲ့ ဖွဲ့ထားတာပါ။ မီးခဲတို့လောကထဲက လူငယ်လေးတွေပေါ့။ အပြင်က လူငယ်လေးတွေပါပဲ။ ၁၉၊ ၂ဝ ဝန်းကျင်လူငယ်တွေနဲ့ ဖွဲ့ထားတာပါ။
သူတို့က မီးခဲတို့ခရစ်ယာန်ဂီတပြိုင်ပွဲတွေမှာ ဆုတွေရထားတဲ့သူတွေ၊ အားလုံးတော်ကြပါတယ်။ လက်ရွေးစင်ရွေးပြီးစုထားတာပါ” လို့ ပြောတဲ့ မီးမီးခဲရဲ့ တီးဝိုင်းအသစ် ကိုတော့ ဧပြီလ ၄ ရက်နေ့နဲ့ ၅ရက်နေ့ MCC ခန်းမမှာ ပထမဆုံးစတင်မြင်တွေ့ရမှာဖြစ်ပါတယ်။ မီးမီးခဲရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Miss Call စီးရီးကတော့ သီ ချင်းကောင်းတွေလည်း တော်တော်များများ ပါဝင်တဲ့စီးရီးဖြစ်ပါတယ်။

ဒါရိုက်တာဆိုတာ ရိုက်ကွင်း ဘုရင်ပဲလို့ ဆိုတဲ့ ဦးကျော်သူနဲ့ စပ်မိစပ်ရာ အနုပညာခဲခြစ်


ရုပ်ရှင် မင်းသား ဘဝမှာ အောင်မြင် ကျော်ကြား ခဲ့သလို ၊ပရဟိတ လူသားဘဝ မှာလည်း အောင်မြင် ကျော်ကြားနေသူ နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူ က သူတို့ ဖြတ်သန်းခဲ့ ရတဲ့ ခေတ်ကာလ ရုပ်ရှင် ဒါရိုက်တာ တစ် ယောက် အပေါ် ထားရှိတဲ့ ရိုသေ ကိုင်းရှိုင်းစွာ ရှိမှု အကြောင်းနဲ့ အနုပညာ ရေးရာ အကြောင်းတွေ မေးမြန်းဖြစ် ခဲ့ပါတယ်။
“ကျွန်တော် တို့ခေတ်က ဒါရိုက်တာ ဆိုတာ ရိုက်ကွင်းဘုရင်ပဲ။ သူပြီးရင် အကုန်လုံး ပြီးတယ်။ ခင်မောင်ဦး စိုးသိမ်း ထွဋ်နဲ့လည်း အများကြီး ရိုက်ဖူးတယ်။ အခြား ဒါရိုက်တာတွေ နဲ့လည်း အများကြီး ရိုက်ဖူးတယ်။ ပြန်ပြောတာ တို့ မလုပ်ရဲဘူး။ အခုက မင်းသား၊ မင်းသမီးတွေက ရိုက်ကွင်း ဘုရင် ဖြစ်နေတယ်။ ဒီခေတ်မင်းသား၊ မင်းသမီး အငယ်တွေ က သမ္ဘာတွေ၊ ဝါတွေဆိုတာကို မသိကြဘူး။ ဦးညွန့်ဝင်း ဘယ်သူ လဲမေးရင် အားလုံး သိချင် မှသိမယ်။ မင်းသားဦးဇော်ခင် ဆိုတာ ခေတ် တစ်ခေတ် ထူထောင်တဲ့ မင်း သားကြီး ဖြစ်တယ်။ မင်းသမီး ဒေါ်ခင်ယုမေ ဆိုလည်း မော်ဒယ်တစ်ခေတ်၊ ဖက်ရှင် တစ်ခေတ် ထူထောင်ခဲ့ တယ်။ အင်မတန် တော်တဲ့ အနု ပညာ ဝါရင့်တွေဖြစ်တယ်။

ဇာတ်လမ်း၊ ဇာတ် ညွှန်း၊ ဒါရိုက်တာလိုင်း ဘက်ကို အချိန်ပေး ဖြစ်နေတာကြောင့် ဝတ္ထုရေးတဲ့ ဘက်မှာ အားနည်းသွားတယ် ဆိုတဲ့ သည်ခေတ်နေ

လူငယ် စာရေးဆရာ သည် ခေတ်နေက ဇာတ်လမ်း၊ ဇာတ် ညွှန်း၊ ဒါရိုက်တာ အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကို ရိုက်ကူး လာတာ တွေ့ရပါတယ်။ စာရေးဆရာ တစ်ဦး အနေနဲ့ စာတွေစရေး ကတည်းက ဒါရိုက်တာ ဖြစ်ချင်ခဲ့တဲ့ အကြောင်းကို သည်ခေတ်နေက “ကျွန်တော်က Creation တအား လုပ်ချင်တာ။ စာရေးတယ် ဆိုတာက လည်း ဝတ္ထုပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်း ပဲဖြစ်ဖြစ် အရုပ်တွေမြင် ပြီးပဲ ရေးရတာပဲလေ။ စာရေး ကတည်းကိုက ဒါရိုက်တာ လုပ်ဖို့ ဝါသနာပါခဲ့တာပါ။ ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒက ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာပါပဲ။ ကျွန်တော်ရေးတဲ့ စာအုပ်ကို သိပ်တော့ ပြန်မရိုက်ဖြစ်ဘူး။ အဓိကကတော့ ဗီဒီယို ရိုက်ဖို့ အတွက်ကိုပဲ ဇာတ်လမ်းရေး ပါတယ်။ ကိုယ့် စိတ်ကူးထဲက အတိုင်းလေးတွေကို ပရိသတ်ကို ချပြချင်တယ်။ ဒီလောက်ထိ ပဲ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။ သည်ခေတ်နေက စိတ်ကူး ယဉ်ဆန် တဲ့ဇာတ်လမ်းမျိုး၊ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးတွေကို အများဆုံး ရိုက်ကူး တင်ဆက်သွား မှာဖြစ်ကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်မှာ စာသင်ကျောင်းဆောက် ပေးမယ့် ဂုဏ်ရည် အေးကျော်

Miss International 2013 အလှမယ် ဂုဏ်ရည်အေးကျော် က လိုအပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေ ကို လုပ်ဆောင်နေပြီး ကချင်ပြည်နယ် မှာလည်း စာသင်ကျောင်းဆောက် ဖို့ အတွက် ကချင်ပြည်နယ် ကို သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။ ကချင်ပြည်နယ် မှာ စာသင် ကျောင်းဆောက်ဖြစ်ပုံ ကို ဂုဏ် ရည် အေးကျော် က “ဂုဏ်ရည်နိုင်ငံတကာ မှာ သွားပြိုင် ကတည်းက ဂုဏ်ရည် ရွေးချယ်လိုက်တဲ့ ရိုးရာ ဝတ်စုံက ကချင်ဝတ်စုံ ဖြစ်ခဲ့ တယ်။ ကချင် ဝတ်စုံကို ဘာကြောင့် ရွေးချယ်သလဲ ဆိုတော့ တစ်ကမ္ဘာလုံး က မြန်မာ နိုင်ငံကို ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးမှာ ပိုမို ဖွံ့ဖြိုး တိုးတက်လာတဲ့ အတွက် မြန်မာကို အာရုံစိုက် လာကြ တယ်။ မြန်မာနိုင်ငံ အကြောင်းကို ပြောရတော့မယ် ဆိုတော့ Wikipedia တို့လို ဝက်ဘ်ဆိုက်တွေမှာ ဝင်ဖတ်တော့ သူတို့ နောက်ထပ် highlight လုပ်ထားတာ က မြန် မာနိုင်ငံက မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်ကို အရှည်ကြာဆုံး ဆင်နွှဲနေတဲ့ နိုင်ငံအဖြစ်နဲ့ ကချင်ပြည်နယ် ဖြစ်ပွားနေတာ ကို မီးမောင်းထိုးပြ ထားတယ်။

ပြည်ပပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုတဲ့ မော်ဒယ်လ်နှင်းယမုံဦး

Miss Crown ၂၀၁၃ ဆု၊  Miss Now How ၂၀၁၃ဆု တွေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် နှင်းယမုံဦးကို Miss ဆုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်လို့ တစ်ခြား မော်ဒယ်တွေထက် အနုပညာ အခွင့်အလမ်းတွေ ပိုမိုရရှိစေသလား ဆိုတာကို မေးမြန်းကြည့်လိုက်တော့ ‘ညီမအတွက် Miss ဆုတွေ ရရှိပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှု အခွင့်အလမ်းတွေ ပိုမိုရရှိစေလာခဲ့တယ်။ ကိုယ်လုပ်ရမယ့် အနုပညာ လမ်းကြောင်းပေါ်ကို လမ်းဖောက်ပေးလိုက်သလိုပါပဲ။ တစ်ဖက်ကလည်း ကိုယ်ကိုတိုင် ကြိုးစားဖို့တော့ လိုအပ်တာပေါ့နော်။’လို့ သူမက ပြောပြခဲ့သလို ဗီဒီယိုဇာတ်ကား တစ်ကားရိုက်ကူးပြီး နောက်ထပ်မရိုက်ဖြစ်တော့တာကိုလည်း သူမက ‘ညီမက မော်ဒယ် အလုပ်မှ မဟုတ်ဘူး။ အနုပညာအလုပ်တွေကို အစကတည်းက ဝါသနာပါတဲ့အတွက် လုပ်ခဲ့တာပါ။

ထောင်ပေါင်းများစွာသော လူရိုးတွေနဲ့ လုပ်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း

ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့မှာ ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူးလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်းလိုက်ပြီဆိုတာနဲ့ ကြောချမ်းအောင် ခံစားရပါလိမ့်မယ်။ စစ် နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့ အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။
ဒီ Chapel (ခရစ်ယာန် ဘုရားရှိခိုးကျောင်းအသေး)ကို ပိုလန်၊ Czermnaရွာ ခရစ်ယာန်ဘုန်းကြီးက တည်ဆောက်ခဲ့တာပါ။ Silesia စစ်ပွဲတွေ၊ နှစ် ၃၀ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားတွေ၊ ပြည်သူတွေနဲ့ ပလိပ်ရောဂါ၊ ကာလ၀မ်းရောဂါတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ အရိုးတွေနဲ့ တည်ဆောက်ထားတာပါ။
ကယ်တင်ခြင်းတပ်နဲ့ သေခြင်းကို မမေ့ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ရိုးရှင်းတည်ငြိမ်တဲ့ ဖက်ရှင်တွေကို ပိုကြိုက်တယ်လို့ ဆိုတဲ့ မင်းသွေး

အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀မှာ အသားကျအောင်ကြိုးစားနေထိုင်ရင်း ဇာတ်ကားရိုက်ကူးမှုတွေအပြင် ဖက်ရှင်ပိုင်းမှာလည်း အထာကျအောင် ၀တ်ဆင်လာတဲ့ မင်းသွေးနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ဖက်ရှင် အကြောင်း နည်းနည်း မေးမြန်းကြည့်တဲ့အခါ ‘အခုက နွေရာသီဆိုတော့ ပူတဲ့ ရာသီဥတုဖြစ်တဲ့အခါကျတော့ စွပ်ကျယ်ဘောင်းဘီတို၊ တီရှပ်ဆိုလည်း  အေးတဲ့ အသားလေးတွေနဲ့ဘောင်းဘီတိုလေးတွေတော့ အများဆုံး ၀တ်ဖြစ်တာပေါ့နော်။ ဘောင်းဘီရှည်ကျတော့ ပူတဲ့အခါ တော်ရုံသိပ်မစွပ်ဖြစ်ဘူး။ အပေါ်ပိုင်းဆိုရင်လဲ အေးတဲ့ချည်သား ရှပ်အကျီင်္လက်ရှည်လေးတွေ ၀တ်ဖြစ်တယ်။ ရှပ်အကျီင်္ကတော့ ပူပူအေးအေး အမြဲဝတ်ဖြစ်တာပေါ့။ ဆိုင်တွေကတော့ အစုံဝယ်တယ်။ မျိုးစုံလဲဝတ်တယ်။ ချုပ်ဝတ်တာမျိုးလဲရှိတယ်။ ကျွန်တော်က သိပ်ပြီး တောက်ပြောင်တာတွေ မ၀တ်တတ်ဘူး။

မန္တလေးမှာ မီးကုန်ယမ်းကုန် ဖျော်ဖြေပေးသွားဦးမယ့် စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးလက်ခံချစ်ခင်ကြတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဟာ လာမဲ့၂၉ရက်နေ့မှာ Mandalay Hill Resort မှာ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပြီး အချိန်ကတော့ ညနေ၄နာရီခွဲမှာ စတင်ဖျော်ဖြေပါမယ်တဲ့။ အဆိုပါပွဲနဲ့ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဒီနေ့မနက် စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာကြောင့် ပွဲအတွက် စိုင်းစိုင်းရဲ့ စိတ်ခံစားချက်တွေ မေးမြန်းကြည့်တဲ့အခါ ‘ခုမန္တလေးမှာ လုပ်မဲ့ပွဲလေးကို လက်ခံဖြစ်တာက အမှန်က ကျွန်တော့်မွေးနေ့ပါတီကို သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်တဲ့အခါ ရန်ကုန်မှာပဲ ၁၀နှစ်ပြည့်အမှတ်တရအနေနဲ့လုပ်မယ်။ အဲဒီအချိန်မှာ မန္တလေးကပွဲ စီစဉ်သူတွေကနေ မန္တလေးမှာ စိုင်းစိုင်းရှိုးမလုပ်တာကြာပြီဆိုတော့ ၀မ်းမြောက်ဝမ်းသာနဲ့ကျွန်တော်လက်ခံဖြစ်ခဲ့ပါတယ်။ အဲ့တော့မွေးနေ့ရှိုးကို ရန်ကုန်မှာလုပ်ဖြစ်ပေမဲ့ မန္တလေးပရိသတ်အတွက်လဲ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အကောင်းဆုံးဖျော်ဖြေသွားပါမယ်။ ဒီပွဲမှာကျွန်တော့်ရဲ့ ရဲဖော်ရဲဖက်တွေ ဖြစ်တဲ့ သူငယ်ချင်းတွေ အများကြီးပါဝင်ပါမယ်။ သီချင်းအပုဒ်၄၀လောက် အနည်းဆုံးဖျော်ဖြေမယ်လို့မှန်းထားပါတယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB