Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

နှစ်သစ်မင်္ဂလာ(၁)


No Title Singer Listen/Download Size
1 နှစ်သစ်မင်္ဂလာ ရင်ဂို Click Here !! 2.00 MB
2 ဖိုးညိုမြ စည်သူလွင် Click Here !! 2.00 MB
3 ချမ်းပါတယ် ဂရေဟမ် Click Here !! 2.00 MB
4 သင်္ကြန်မိုးပြေးတန်ခူးလေ ရင်ဂို Click Here !! 2.00 MB
5 ရှာပုံတော်မင်းသားကြီး စည်သူလွင် Click Here !! 2.00 MB
6 ပိတောက်တမျက်နှာ ဂရေဟမ် Click Here !! 2.00 MB
7 သင်္ကြန်မိုး ဂရေဟမ် Click Here !! 2.00 MB
8 ရေတွေစိုကုန်ပြီ စည်သူလွင် Click Here !! 2.00 MB
9 နွေအလှ ဂရေဟမ် Click Here !! 2.00 MB
10 ပိတောက်လက်ဆောင် စည်သူလွင် Click Here !! 2.00 MB
11 ဒဂုံမောင် ဂရေဟမ် Click Here !! 2.00 MB
လိုင်းပေါ်မှာနားဆင်ချင်တယ်ဆိုရင် play iconလေးကိုနှိပ်ပါ၊ ဒေါင်းယူချင်တယ်ဆိုရင်တော့ Click Here !!ဆိုတဲ့အပေါ်မှာ right click>>save link as နှိပ်ပြီးဒေါင်းယူပါ၊

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်.. ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ..

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်..
ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ..
ကောင်းလိုက်တဲ့ မေးခွန်း..
ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်..
"အစိုးရကို အပြစ်မပုံချဘဲ လူတွေရဲ့ စိတ်ဓာတ်ကိုပဲ ဝေဖန်ရမယ်ဆိုရင်ပေါ့....
မြန်မာအများစုက TEAM WORK အားနည်းတယ်..
မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ်..
မနာလိုစိတ်များတယ်.. အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..
မုဒိတာ မပွားနိုင်ဘူး..
ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ်..
ပိုက်ဆံရရင် အဖြုန်းများတယ်..

စီးပွားရေးလုပ်ရမှာ ကြောက်တယ်..သေချာပုံမှန်ရတဲ့ ငွေကို ပိုမက်တယ်..ဝန်ထမ်းပိုလုပ်ချင်တယ်..
အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး..
ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအားနည်းတယ်..
ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ်..

အအေးဒဏ်ကို ကာကွယ်ပေးမယ့် ဘတ်စ်ကား မှတ်တိုင် (ရုပ်သံ)

ကနေဒါ နိုင်ငံ၊ မွန်ရီရယ် မြို့မှာရှိတဲ့ ဘတ်စ်ကား မှတ်တိုင် တစ်ခုဟာ နောက်ဆုံး ပေါ် နည်းပညာ တွေ နဲ့ ပြုလုပ် ထားလို့ စိတ်ဝင် စားစရာ ဖြစ် ခဲ့ပါတယ်။ ဒီဘတ်စ်ကား မှတ်တိုင် ကို စွမ်းအင် ပစ္စည်း တွေ ထုတ်လုပ် တဲ့ Duracell ကုမ္ပဏီက ကြော်ငြာသဘောနဲ့ ပြုလုပ်ပေး ထားခြင်းဖြစ်ပါတယ်။ ရာသီဥတု အေးလွန်း တဲ့ အခါ မျိုးမှာ ဒီဘတ်စ်ကားမှတ်တိုင်ထဲဝင် ရပ်ရုံနဲ့ နွေးထွေးတဲ့ ခံစားမှုကို ရရှိအောင် ပြု လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘတ်စ် ကားမှတ်တိုင် မျက်နှာကြက်မှာ တပ်ဆင်တဲ့ အပူလွှင့် ကိရိယာ အလုပ်လုပ်ဖို့ အနည်းဆုံး လူနှစ် ဦး ရှိဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ ဘတ်စ် ကားမှတ်တိုင်အောက်မှာ ရပ်နေတဲ့ လူနှစ်ဦး ဟာ တစ်ယောက်လက်ကို တစ်ယောက်ကိုင် ရင်း ဘေးနံရံမှာ ကပ်ထားတဲ့ အမှတ်အသား ကို လက်ဖ၀ါး နဲ့ အုပ်လိုက်ရင် မျက်နှာကျပ်က နေ အပူငွေ့တွေထွက်လာမှာ ဖြစ်ပြီး နွေးထွေး မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ Duracell ဟာ သူ့ရဲ့ ထူးခြားလှတဲ့ ဘတ်စ်ကားမှတ်တိုင် အကြောင်းကို You Tube ၀က်ဘ်ဆိုက်မှာ ထုတ်လွှင့်ပြသခဲ့ရာ လူ ကြိုက်များခဲ့တယ်လို့ သိရပါတယ်။ ဒီဘတ်စ် ကားမှတ်တိုင်ဟာ အေးချမ်းတဲ့ ရာသီဥတုမှာ နွေးထွေးမှုရရှိရုံ သာမက လူအချင်းချင်း ရင်းနှီးမှုကိုပါ ရရှိစေ တယ်လို့ သိရပါတယ်။

 Messenger News Journal

တရုတ်နိုင်ငံ ချန်ရှားမြို့ တွင် ဈေးသည်များ ရန်ဖြစ်ရာ မှ ဓားခုတ်မှုကြောင့် (၆)ဦး သေဆုံး

တရုတ်နိုင်ငံ တောင်ပိုင်း ချန်ရှားမြို့ ဈေးအတွင်း သောကြာနေ့က ဈေးသည် ချင်း ရန်ဖြစ်ကြ ရာမှ ဓား များ ဖြင့် အပြန်အလှန် ခုတ်မှု ဖြစ်ပွား ကာ ခြောက်ဦး သေဆုံး သွား ကြောင်း သိရသည်။

ဈေးသည်ချင်း စကား များရာမှ စတင် ကာ ဓားခုတ်မှု ဖြစ် ပွားခဲ့ကာ ဈေးသည် တစ်ဦး နှင့် ဈေးလာသူ လေးဦး သေဆုံးသွားသည်။ အထက်ပါ ငါးဦးကို ဓားဖြင့်ခုတ်သတ်သော ဈေးသည်ကို ရဲက အသေပစ် ခတ် ဖမ်း ဆီးခဲ့ရ သည်။ ချန်ရှားသည် ဟူနန်ပြည်နယ်မြို့တော် ဖြစ် သည်။ မတ်လ ၁ ရက်နေ့က လည်း ယူနန် ပြည် နယ် ကူ မင်းမြို့ ဘူတာရုံတွင် အကြမ်းဖက် သူ များက ဓားများဖြင့် ၀င်ခုတ်မှုဖြစ်ပွားပြီး ၂၉ဦးသေဆုံးကာ ၁၄၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့ မီးလောင်မှုဖြစ်ပွား

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အင်းတော်ကြီး ရွှေမဉ္ဖူရေလယ်ဘုရားပွဲတွင် ဘုရားပွဲတော် နောက်ဆုံးနေ့ဖြစ်သော ၂၀၁၄ ၊ မတ်လ ၁၅ ရက်နေ့ (၁၂း၅၀) မိနစ်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့တွင် မီးလောင်မှုကြောင့် ဘုရားပွဲကာလအတွင်း ယာယီဆောက်လုပ်ထားသည့် တည်းခိုဆောင် ၉ ဆောင်နှင့် ဈေးဆိုင်ခန်း နှစ်ခန်းတွဲ ၂ တွဲ၊ ကာလခန့်မှန်းတန်ကြေး ငွေကျပ်သိန်း (၁၅၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ အင်းတော်ကြီးဘုရားပွဲတော်သို့ ရောက်ရှိနေတဲ့ မိုးညှင်းမြို့မှ မောင်အောင်ပြေငြိမ်းဦးက ပြောဆိုသည်။

ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရပ်တည်တော့မယ့် နန်းခင်ဇေယျာ



 Coko Dmoe
Options for this story
ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရပ်တည်တော့မယ့် နန်းခင်ဇေယျာ
အလှမယ်အဖြစ် သီးသန့်ရပ်တည်ဖို့ အခက်အခဲရှိနေတာကြောင့် သရုပ် ဆောင်အဖြစ် ရပ်တည်တော့မယ်လို့ နန်းခင်ဇေယျာက သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့မှာ ပြောလိုက်ပါပြီ။ မြန်မာပြည်မှာ အလှမယ် သီးသန့်အဖြစ် ရပ်တည် ရတာ ဘာတွေခက်ခဲနေပါသလဲ။

Miss International 2012 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင် ၁၅ ယောက်ထဲ ရွေးချယ်ခံခဲ့ရတဲ့ နန်းခင်ဇေယျာက အပျိုစင်ပညာပေး ဇာတ်ကား နဲ့ ဧပြီညွှန်းစာဆိုတဲ့ ဗီဒီယို ဇာတ်ကားတွေနဲ့အတူ သရုပ်ဆောင် အနုပညာ လောကထဲ ခြေချတော့မယ်လို့ မတ်လ ၁၂ ရက်နေ့မှာ ဆိုပါတယ်။

ဘ၀ဟန်ပြောင်းပြီး သင်ယူပါ

photo-internet
လက်ရှိအနေအထားထက်မြင့်မားတဲ့ ဘ၀တစ်ခုကို ပြောင်းလဲရရှိလို သူတွေဟာ ဘ၀ဟန်
(Life Style) တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲရလေ့ ရှိပါတယ်။ တိုးတက်ဖို့အတွက်
ဘ၀ဟန်ကိုပြောင်းလဲတဲ့အခါ တစ်နေ့ တာအချိန်အတွင်း ကိုယ်အတွက် အကျိုးမရှိတာတွေ
ကို လုပ်တဲ့အချိန်တွေ ထဲက တိုးတက်မှုအတွက် လိုအပ်တဲ့ သင်ယူမှုတွေအတွက် နည်း
နည်းစီ ဖဲ့ပြီး အစားထိုး ပေးရလေ့ရှိပါတယ်။

သင်ယူတယ်ဆိုတာ စာသင်ခန်းမှာဘဲလုပ်လို့ရတဲ့အရာမျိုး မဟုတ်သလို သင်ကြားပေးမယ့်
ဆရာတစ်ဦးအနားမှာရှိမှလဲ လုပ်လို့ရတာ မျိုးမဟုတ်ပါဘူး။ သင်ယူလိုစိတ်သာရှိရင်
နေ့စဉ်ဘ၀ဟာ စာသင်ခန်း လိုပါဘဲ။ သင်ယူလိုစိတ်သာရှိနေမယ်ဆိုရင် မိမိတိုးတက်ဖြစ်ထွန်းချင် တဲ့နယ်ပယ်မှာ တွေ့နေမြင်နေရတဲ့ ပြောင်းလဲမှုအရပ်ရပ်ဟာလည်း ဆရာကောင်းများသဖွယ်
ဖြစ်လာမှာ ပါ။ပြောင်းလဲမှုအရပ်ရပ်ဟာ ကြည့်ရုံ သက်သက်ကြည့်တဲ့သူတွေအတွက်
မြင်ကွင်းတွေသာဖြစ်ပြီး ဆင်ခြင်သုံးသပ်တတ်သူတွေ အတွက်ကတော့ သင်ခန်းစာတွေဖြစ်ပါ
တယ်။

အန်အယ်လ်ဒီ ပညာဒါနကျောင်းများ ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေလိုအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပညာရေးကွန်ရက်ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းတွေ ရေရှည်ဆက်လက်ဖွင့်လှစ်နိုင်ဖို့နဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေလို အပ်နေတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပညာရေးကွန်ရက်အနေနဲ့ နိုင်ငံတ၀န်း ပညာဒါနစာသင်ကျောင်းပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းသား ၁ သောင်းခွဲကျော်ကို အခမဲ့ပညာသင်ကြားပေးနေတာပါ။

အခုတော့ စာသင်ကျောင်းတွေ အရေအတွက် ပိုမိုတိုးချဲ့ဖွင့်လှစ်နေသလို ကျောင်းသားဦးရေလည်း များလာတာကြောင့် ရန်ပုံငွေတွေလိုအပ်နေတာလို့ အန်အယ်လ်ဒီ ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေးက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်း လုံခြုံရေးစခန်း၃၅ခု တည်ဆောက်

မောင်တော၊ မတ် ၁၄- မြန်မာ- ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံနယ်စပ် များ တွင် ဆောင်ရွက်နေသည့် နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် အတူ နယ်စပ်တစ်လျှောက် လုံခြုံရေး စခန်း ၃၅ခုကိုလည်း တည်ဆောက်နေ ကြောင်း သက်ဆိုင် ရာမှ သိရသည်။

အဆိုပါနယ်စပ်လုံခြုံရေးကင်း စခန်းများကို ချောင်းဝင်ပေါက် တစ် နေရာတွင် တစ်ခုစီ တည်ဆောက် ထား ခြင်းဖြစ်ပြီး ချောင်း ၀င်ပေါက်မရှိသော် လည်း လူဝင်/လူထွက်များသည့် နေရာ များတွင်လည်း တည်ဆောက်ထား ကြောင်း သိရသည်။

““ပထမအဆင့်မှာ လုံခြုံရေးစခန်း ၂၅ခု၊ ဒုတိယအဆင့်မှာ ၁၀ခု တည် ဆောက် ထားပါတယ်။ မောင်တော မြို့နယ် Boundary Point ၅၄ အထိ တည်ဆောက်ထားပါတယ်။ မိုင်တိုင် အမှတ် ၅၀အနီး မှာဆိုရင် လူဝင်/လူ ထွက် အများဆုံးပြုလုပ်တဲ့အတွက် လုံခြုံရေး စခန်းတစ်ခုကို တည်ဆောက် နေပါတယ်””ဟု တာဝန်ရှိသူတစ်ဦး က ပြော သည်။

ကော်မရှင် နှင့် ဥပဒေများ မပြင်ပါက ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော်လည်း တရား မျှတမှု မရှိနိုင် ဟု ဆို

ရွေးကောက်ပွဲ ကော်မရှင် တွင် ခန့်ထား သူများနှင့် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သော ဥပဒေ များကို မ ပြင်ဆင် ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော် လည်း တရား မျှတ မှုမရှိ နိုင်ကြောင်း NLD ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉဏ်ဝင်း က The Messenger သတင်းစာ သို့ ပြောသည်။

တရားမျှတဖို့ဆိုရင် ကော်မရှင်ကို လည်းပြောင်းလဲ သင့်တယ်။ ဥပဒေ တွေကို လည်း ပြင်ရမယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တွေလည်း ပြင်ရမယ်။ ဒါတွေ မပြင်ဘဲနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ် လပ်ချင် လွတ် လပ် မယ်။ တရားမျှတမှု မရှိနိုင်တော့ ဘူးလို့ ထင်တယ်”” ဟု ဦးဉာဏ်ဝင်း က ပြော သည်။ ရွေးကောက် ပွဲ တွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် လူမှုအဩအစည်းများ ၏ အကူအညီယူမည်ဆိုပါကလည်း လွတ် လပ် သောအကူအညီဖြစ်၊ မဖြစ် စောင့်ကြည့်မည် ဖြစ်ကြောင်း၊ NLD ပါတီ အနေ ဖြင့် ဥပဒေ အရ တရားဝင်

ထိုင်းနိုင်ငံက မြန်မာ လိင်အလုပ် သမားများရဲ့ သနားစဖွယ် ခက်ခဲကြမ်း တမ်းသည့် ဘဝ

မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေး လုပ်ငန်းသည် မလုပ်သင့် မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သား များ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်းရွှေ့ ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများတွင် လိင်ကိစ္စအတွက် ရောင်းချ ခဲ့ကြသည်။ ဘားများသည် တရားဝင် ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူများ ဘားတွင် မလုပ်လုပ်ခွင့် မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင်လုပ်သားအများစုသည် ၎င်းတို့၏ ၀င်ငွေရရှိရာ အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြသည့်အတွက် လိင်ဆက်ဆံမှုကြောင့် ကူးစက် တတ်သည့် ရောဂါများ ခံစားရသည့် အခါတွင် ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိကြပေ။

ကမ္ဘောဒီးယား သစ်ခုတ်သမား ၁၅ ဦးကို ထိုင်းစစ်တပ် ပစ်သတ်

ထိုင်းနယ်မြေတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အဖိုးတန်သစ်များ ခုတ်ယူရန် ကြံစည်သည့် ကမ္ဘောဒီးယား ရွာသား ၁၅ ဦးကို ထိုင်းစစ်သားများက သောကြာနေ့တွင် ပစ်သတ်ခဲ့သည်ဟု ကမ္ဘောဒီးယား တပ်မတော်က စွပ်စွဲ ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သစ်ခုတ်သမားများကို ထိုင်းတပ်မတော်က ပစ်သတ်သည်ဟု ကမ္ဘောဒီးယားက စွပ်စွဲ ပြောကြားခဲ့သော်လည်း ထိုင်းအရာရှိများက ၎င်းသတင်းကို ငြင်းဆိုထားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ထိုင်းနယ်မြေတွင်းသို့ ကျူးကျော် သစ်ခုတ်သည့် ကမ္ဘောဒီးယား သစ်ခုတ်သမား ၁၂ ဦး ပစ်သတ်ခံခဲ့ရပြီး ယင်းမတိုင်ခင် ရက်သတ္တတစ်ပတ် အတွင်းကလည်း သုံးဦး ပစ်သတ် ခံခဲ့ရကြောင်း ကမ္ဘောဒီးယား ထောက်လှမ်းရေး အရာရှိ ပရတ်က ပြောကြားသည်။
“နယ်စပ်ဖြတ်ကျော်ပြီး သစ်မခုတ်ဖို့ အာဏာပိုင်တွေက ပြည်သူတွေကို ပညာပေး ပြောကြားတာပဲ။ ဒါပေမဲ့ သစ်မာက အရမ်းကို တန်ဖိုးကြီးတယ်” ဟု ၎င်းကပြောကြားသည်။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ ဆက်သွယ်ရေး စနစ်တွေကို ခြေရာခံလို့မရအောင် လေယာဉ်ပေါ်က တစ်စုံတစ်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။

ထပ်မံသိရှိရတဲ့ ဂြိုဟ်တုနဲ့ ရေဒါ အချက်အလက်တွေ အရ လေယာဉ်ဟာ ခြေရာပျောက်သွားပြီးနောက်မှာ လမ်းကြောင်းပြောင်းလိုက်ပြီး နောက်ထပ် ၇ နာရီလောက် ဆက်လက် ပျံသန်းနေခဲ့တယ်လို့ သူက ပြောပါတယ်။

လေယာဉ်ဟာ ထွက်ခွာပြီး တစ်နာရီလောက်အထိ အရှေ့ဘက် တောင်တရုတ်ပင်လယ်ကို ဦးတည် ပျံသန်းနေခဲ့ပြီးမှ ဗီယက်နမ် လေပိုင်နက်နဲ့ မလေးရှား လေပိုင်နက် စပ်ကြား အရောက်မှာ လေယာဉ်ကို ခြေရာခံနိုင်တဲ့ transponder ကို တစ်စုံတစ်ယောက်က ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်သုံး ရေဒါက တွေ့ရှိချက်အရ အဲဒီနောက်မှာ မလေးရှားဘက် ပြန်လှည့်ခဲ့ပြီး တစ်ခါ အနောက်မြောက်ဘက်ကို ဦးတည် ပျံသန်းနေခဲ့ရာမှာ ၇ နာရီလောက် အကြာမှာတော့ ဂြိုဟ်တုတစ်လုံးက လေယာဉ်ဆီက အချက်ပြမှုကို တစ်ကြိမ် ဖမ်းယူရရှိခဲ့ပါတယ်။

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ


ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

မတ်လ ၈ ရက်နေ့က မလေးရှားစစ်ဘက်သုံး ရေဒါတစ်ခုမှ ဖမ်းယူရရှိခဲ့သော အတည်မပြုနိုင်သည့် လေယဉ်တစ်စင်းသည် မလေးရှားကျွန်းဆွယ်အနောက်ဘက်ပိုင်းမှတစ်ဆင့် ပျံသန်းခဲ့သည်ဟု ဆိုသည်။

နတ်ဆရာများ အားကိုး ကာ လေယာဉ်ရှာ နေသည် ဟူသော စွပ်စွဲချက် ကို မလေးရှား အာဏာပိုင် များ ငြင်းဆို

ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်း ကတည်းက ပျောက်ဆုံး နေခဲ့ပြီး ယခု ထိတိုင် သဲလွန်စ ပင် မရသေးသော မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ် MH370 ပြန်တွေ့ရေး အတွက် မလေးရှား အာဏာပိုင် များသည် နတ်ဆရာ များ ကိုပါ အားကိုး နေသည် ဟူသော စွပ်စွဲချက် ကို သောကြာနေ့ တွင် မလေးရှား အာဏာပိုင် များ က ငြင်းဆို လိုက်သည်။

ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ် (KLIA) တွင် မူဆလင် နတ်ဆရာ များ ဘာသာရေး အစီအမံ များ ပြုလုပ်ကာ လေယာဉ် ပျောက် တွေ့ရှိ ရေး ဆုတောင်းမှု များ ပြုလုပ် နေခြင်း ကို လည်း ရပ်ဆိုင်း ခိုင်း မည် ဖြစ်ကြောင်း အစိုးရ က ထုတ်ပြန် ပြော ကြား သည်။

မလေးလေယာဉ်ပျောက်ဆုံးမှု ၁ ပတ်ကြာ မတွေ့သေး

မလေးရှားလေကြောင်းပိုင် ဘိုးရင်း ၇၇၇ ခရီးသည်လေယာဉ်ပျောက်ဆုံးနေခဲ့တာ မတ်လ ၁၅ ရက်နေ့မှာ ၁ ပတ်ကြာလာပြီဖြစ်ပေမယ့် မလေးရှားပြည်သူတွေကတော့ ခရီးသည်တွေအားလုံးနဲ့ လေယာဉ်ဝန်ထမ်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပြန်ရောက်လာကြလိမ့်မယ်
လို့ နေိုင်ငံစုံလေယာဉ်ရှာဖွေရေးလုပ်ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြတာလည်း ၁ ပတ်ရှိလာပြီဖြစ်ပေမယ့် အာဏာပိုင်တွေကို တိကျသေချာတဲ့ သတင်းအချက်အလက် အစအနတောင် မရတာလည်းဖြစ်ပါတယ်။
အခွင့်အရေးက နည်းပါးလာပြီးဖြစ်ပေမယ့် မျှော်လင့်ချက်တော့ မလျော့သေးဘူးလို့ ကွာလာလမ်ပူမြို့သားတဦးဖြစ်တဲ့ စတီဗင်က ပြောကြားပါတယ်။ တဖြေးဖြေးနဲ့ အခွင့်အရေးက နည်းလာပြီဖြစ်ပေမယ့် မျှော်လင့်ချက်ကတော့ ရှိနေတုံးပါပဲ။

အိန္ဒိယနိုင်ငံမှာ ၇ ထပ်တိုက်ပြို လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မွန်ဘိုင်မြို့အနောက်ပိုင်းမှာ ၇ ထပ်ရှိ တိုက်အိုတိုက်ဟောင်းတခု မတ် ၁၄ ရက်နေ့ မနက်က ပြိုကျခဲ့လို့ အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ အိန္ဒိယရဲတွေက ဆိုပါတယ်။ ပြိုကျခဲ့တဲ့တိုက်မှာ လူနေထိုင်ခွင့်ကို အစိုးရက ၂၀၀၇ ခုနှစ်ကတည်းက တားမြစ်ထားတာ ဖြစ်ပါတယ်။ မိမိဆန္ဒအလျောက်နေထိုင်သူ မိသားစုနှစ်စုပဲ အဲ့ဒီတိုက်မှာ နေထိုင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်နီးနားချင်းတဦးဖြစ်တဲ့ စူနီတာရဲ့ ပြောပြချက်အရ တိုက်ဟာ အနှစ် ၅၀၊ ၆၀ လောက်ရှိပြီဖြစ်ပြီး အစအနတွေကို အိမ်နီးချင်းတွေရဲ့ ခေါင်းမိုးပေါ်ကို အမြဲတမ်းကျနေတာကြောင့် အိမ်နီးချင်းတွေကို အနှောင့်အယှက်ဖြစ်နေခဲ့တယ်လို့ ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ အဆောက်အဦပြိုကျမှုတွေ ဖြစ်လေ့ဖြစ်ထရှိပြီး ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း မွန်ဘိုင်မြို့မှာပဲ လူနေအဆောက်အဦပြိုကျခဲ့မှုကြောင့် လူ ၇၄ ဦးသေဆုံးခဲ့ပါတယ်။

 By /burmese

လေယာဉ်ပြန်ပေးဆွဲခံရမှုလို့ ယတိပြတ် ကောက်ချက်မဆွဲနိုင်သေးကြောင်း မလေးဝန်ကြီးချုပ်ပြော

တပတ်ကြာပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်တွေကို လေယာဉ်ပေါ်မှာ ပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်ခဲ့တာ ဖြစ်ဖို့ သေချာသလောက်ပဲလို့ မလေးရှား ၀န်ကြီးချုပ်က မတ် ၁၄ ရက်နေ့မှာ ပြောပါတယ်။
ဂြိုလ်တု ဆက်သွယ်ရေးစနစ်နဲ့ ရေဒါ အချက်အလက်တွေကို ခြေရာခံပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောလိုက်တာပါ။ လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို တယောက်ယောက်က ရည်ရွယ်ချက် ရှိရှိ ဖြတ်တောက်ပစ်ခဲ့ပြီး နောက်ထပ် ၇ နာရီကြာအောင် ပျံသန်းခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ကွာလာလမ်ပူကနေ-ဘေဂျင်းကို ပျံသန်းမယ့် လေယာဉ်ဟာ ကွာလာလမ်ပူကနေ စထွက်ပြီး တနာရီအကြာမှာ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ရေဒါနဲ့ နောက်ဆုံး ဖမ်းမိတဲ့နေရာဟာ မလေးရှားနိုင်ငံ အရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်ပေါ် ဖြစ်ပါတယ်။

မသင်္ကာသူကို စစ်ဆေးရာမှ ဆိုင်ကယ် (၁၅)စီးခိုးမှုပေါ်


ရန်ကုန်၊ မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၃၅၉/၂၀၁၃၊
ပုဒ်မ ၃၈၀အမှုဖြင့် မသင်္ကာစစ်ဆေးလျက်ရှိသော မိုးဇက်၊ (ဘ)ဦးအောင်ကျော်မိုး၊ လှိုင်သာယာမြို့နယ်နေသူကို ခိုးမှုများကျူးလွန်
ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ ၎င်းသည်၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ညအချိန်
များတွင် လှိုင်သာယာမြို့နယ်၊ (၉)ရပ်ကွက်မှ KENBO 125အနက်ရောင်
ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်
ရပ်ကွက်မှ TATABO 110အနက်ရောင်ဆိုင်ကယ် (၁)စီးအားလည်းကောင်း ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ကားကြိတ်မိသဖြင့် ဦးခေါင်းပြား သေဆုံး

၁၄.၃.၂၀၁၄ရက်နေ့၁၇၀၀အချိန် လှည်းကူးမြို့နယ်၊ငါးဆူတောင်ကျေးရွာ
အ၀င်ကားလမ်းဘေး ငမိုးရိပ်ချောင်းတံတားထိပ်တွင် ယာဉ်မောင်း ဦးရဲနိုင်
မောင်းနှင်သည့် 3B---UD(၁၀)ဘီးယာဉ်ပေါ်မှ ကျောက်မီးသွေးများကို အလုပ်သမားများဖြစ်ကြသောဒဂုံမြို့သစ်(အရှေ့ပိုင်း)မြိုကနယ်နေနိုင်မင်း၊ မျိုးမြင့်တို့မှ ယာဉ်မောင်းနေလင်းထွန်း မောင်းနှင်သည့် 2G--- Faw အမျိုးအစား ယာဉ်ပေါ်သို့ ပြောင်းကာ တင်ဆောင်ခဲ့ပြီး နာရီဝက်ခန်အကြာတွင် အလုပ်သမား နိုင်မင်းမှာ အပေါ့သွားမည်ဟုပြောကာ ယာဉ်ပေါ်မှ ဆင်းသွားခဲ့ပြီး2G---့ယာဉ်၏နောက်ဘက်(၁၀)ပေခန့်အကွာ၌သွားရောက်အိပ်ပျော်နေသည်ကို ယာဉ်မောင်း ဖြစ်သူ နေလင်းထွန်းမှ မသိသဖြင့်ယာဉ်ကိုနောက်ဆုတ်မောင်းနှင်စဉ် အိပ်ပျော်နေသည့်
နိုင်မင်းအား နောက်ယာဘက်ဘီးဖြင့် ကြိတ်မိခဲ့၍ နိုင်မင်းမှာဦးခေါင်းပြား၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းနေလင်းထွန်း(ဘ)ဦးအုန်းမောင်၊
လှည်းကူးမြို့နယ်အား ငါးဆူတောင်နယ်မြေရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊
ပုဒ်မ ၃၀၄-ကဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



နေအိမ်တံခါးများမပျက်စီးဘဲ ငွေကျပ်သိန်း(၆၀၀)ပျောက်ဆုံးခဲ့သည့်အမှုမှ တရားခံအားဖေါ်ထုတ်

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်နေ ဒေါ်စန္ဒာသည် စီးပွားရေးအတူ
လုပ်ကိုင်သူ ဗြူတီးဆလွန်းဆိုင်ပိုင်ရှင် အငယ်လေး(ခ)မခင်သန္တာစောမှ ၆.၃.၂၀၁၄ရက်က အကြွေးဆပ်ထားသော ငွေကျပ် သိန်း(၆၀၀)အား
နေအိမ်အိပ်ခန်းကုတင်ပေါ်တွင် ကြွပ်ကြွပ်အိတ်များဖြင့်ထည့်၍ စုပုံထားပြီး ၁၃.၃.၂၀၁၄ရက်နေ့ နံနက်တွင် နေအိမ်အားသော့ခတ်ကာ မိသားစုနှင့်
အတူ တာမွေကမ္ဘောဇဘဏ်ခွဲသို့ အငယ်လေး(ခ)မခင်သန္တာစော
ပေးထားသည့် ချက်လက်မှတ်ဖြင့် ငွေများသွားရောက်ထုတ်ယူရာ အငယ်လေး(ခ)မခင်သန္တာစော၏ ဘဏ်အကောင့်၌ ငွေကုန်နေသဖြင့် ထုတ်မရခဲ့၍ နေအိမ်သို့ ပြန်လာရောက်ရှိသည့်အခါ နေအိမ်တံခါးသော့များ
မှာပျက်စီးမှုမရှိဘဲ အိပ်ခန်းကုတင်ပေါ်တွင်ထားခဲ့သည့် ငွေကျပ်
သိန်း(၆၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူ
ပေးပါရန်တိုင်တန်းခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၁၃၄/၂၀၁၄၊ ပုဒ်မ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသမီးတစ်ဦး တိုက်ခန်းဝရန်တာမှ ပြုတ်ကျသေဆုံး

၁၅.၃.၂၀၁၄ရက်နေ့၁၁၀၀အချိန်ခန့်တွင်မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းရှိ တိုက်အမှတ်(--)၊ (၅)လွှာမှ အမျိုးသမီး (၁)ဦးပြုတ်ကျ သေဆုံးကြောင်းသတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာမတင်တင်ရီ (၃၉)နှစ်၊ ချောက်မြို့နယ်နေသူဖြစ်ပြီးဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နားနှင့်ပါးစပ်တို့သွေးထွက်ဒဏ်ရာ၊ ယာလက်ပွန်းပဲ့ ဒဏ်ရာများရရှိကာ
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အဆိုပါတိုက်ခန်းသို့ ချောက်မြို့နယ်မှ
လာရောက်၍ လည်ပတ်နေထိုင်သူဖြစ်ပြီး ၁၀၄၅အချိန်ခန့်ကတိုက်ခန်းရှေ့
ဝရန်တာတွင် အ၀တ်လှန်းရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသေမှု
သေခင်းအမှတ်စဉ်(၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police


သမီးအရင်းကို ဓါးနှင့်ထောက်ပြီး သားမယားပြုကျင့်သူ ဖခင်အား အရေးယူထား

၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၊ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့မရဲစခန်းသို့ ဆင်ပေါင်ဝဲမြို့နယ်၊ xxxxxxxရွာနေ မxxxxx(၁၆)နှစ်ရောက်ရှိလာပြီး လွန်ခဲ့သော(၅)လခန့်၊ ရက်မမှတ်မိနေ့ ည(၆)နာရီအချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် အရက်မူးနေသည့် ဖခင်အရင်းဖြစ်သူ ဦးကုလား(ခ)တင်ငွေ(၅၂)နှစ်မှ ““သမီးရေ လာအုံး””ဟုခေါ်ကာ ဓါးနှင့်ထောက်ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ နောက်နေ့များတွင်လည်း အရက်မူးယစ်ပြီး ဆူပူ ကြိမ်းမောင်းကာ ဓါးနှင့်ထောက်၍ မကြာခဏ အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ယောင်းမတော်စပ်သူအားပြောပြပြီး ကျေးရွာကျန်းမာရေးဆရာမထံ သွားရောက်ပြသခဲ့ရာမှ ကိုယ်ဝန် (၅)လခန့်ရှိကြောင်း ပြောပြသိရှိခဲ့ရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကုလား(ခ)တင်ငွေအား ဆင်ပေါင်ဝဲမြို့မရဲစခန်း(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အငှားယာဉ်မောင်းထံမှ ငွေ နှင့် ဖုန်းဟန်းဆက်လုယက်ခံရ

၁၃.၃.၂၀၁၄ရက်နေ့၂၁၀၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
အငှားယာဉ်မောင်း ဦးနိုင်ဦးသည် ၎င်း၏အငှားယာဉ်ဖြင့် ယုဇနဥယျာဉ် မြို့တော်သို့ခရီးသည်ပို့ပြီး သာကေတမြို့နယ်၊ ရှုခင်းသာလမ်း အတိုင်း
မောင်းနှင်လာစဉ် (၅)ကွေ့မှတ်တိုင်အနီးအရောက် အမည်မသိအမျိုးသား (၂)ဦးမှ နောက်ဘက် (၂)မှတ်တိုင်ခန့်သို့ငှားသဖြင့် တင်ဆောင်ကာ ယာဉ်အားပြန်ကွေ့ပြီးမောင်းနှင်လာခဲ့ကြောင်း၊ ၁၀/တောင်(၁၃)ရပ်ကွက် အရောက်တွင် ၎င်းအမျိုးသားများမှ ခရေပင်လမ်းထဲသို့ ကွေ့ဝင်ကာ ရပ်တန့်ခိုင်းပြီး ဦးနိုင်ဦး၏မျက်နှာကို ပုဆိုးဖြင့်အုပ်ကာငွေတောင်းသဖြင့်
ငွေကျပ်(၂၆၀၀၀)ကိုပေးလိုက်ပြီးနောက် ကားတံခါးဖွင့်ကာ အနီးရှိ လက်ဖက်ရည်ဆိုင်သို့ဆင်းပြေးခဲ့ရကြောင်း၊

ကိုယ်ရွေးချယ်လိုက်တဲ့အရာမို့ အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ့် နိုဘယ်လ်ကျော်ကျော်

သွေးမေတ္တာပရဟိတအဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေကို ပါဝင်လှုပ်ရှားဖြစ်နေတဲ့ နိုဘယ်ကျော်ကျော် ကို လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ ‘အခုလတ်တလောမှာတော့ မင်းသား ထူးခန့်ကျော် နဲ့ မေမေပြုံးစမ်းပါ ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ရိုက်နေပါတယ်။ အဲဒီ့ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ရိုက်ကူးနေပါတယ်။ နောက်ပြီး ညီမအခုပညာရေးပိုင်းအရ အင်္ဂလိပ်နဲ့ပတ်သက်တဲ့ MA ဘွဲ့အပြင် Business Management နဲ့သက်ဆိုင်တဲ့ ဒီဂရီဘွဲ့ တစ်ခုရအောင် ရန်ကုန်ဒါမှမဟုတ် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့အတွက် အစီအစဉ် ဆွဲနေပါတယ်။ ညီမက ပညာရေးနဲ့ အနုပညာကို နှစ်ဖက်မျှအောင် ကြိုးစားချင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျောင်းတက်ဖို့အချိန်ရတုန်းမှာ MA ဘွဲ့နဲ့ဒီဂရီဘွဲ့နှစ်ခုလုံးကို တစ်ပြိုင်တည်းရအောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ ဘွဲ့လွန်သင်တန်းရော၊ အနုပညာရော နှစ်ဖက်အလုပ်လုပ်တဲ့ အခါ စိတ်ဖိစီးမှုတွေ ရလာမယ်ဆိုရင်လည်း ကိုယ်ရွေးချယ်လိုက်တဲ့အရာမို့ အရာရာတိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။

 စန္ဒီ/Trend Myanmar
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB