Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

နှစ်စဉ် မွေးကင်းစ ကလေးသေဆုံးမှု တသန်းရှိ

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း မွေးမွေးချင်း သေဆုံးတဲ့ ကလေးအရေအတွက် တသန်းရှိတယ်လို့ Save the Children လူမှုကယ်ဆယ်ရေး အဖွဲ့ကြီးက ပြောပါတယ်။

အမျိုးသမီးတွေ အားလုံးကို ကျန်းမာရေး ဝန်ထမ်းတွေက ကာကွယ်စောင့်ရှောက်မှု ပေးနိုင်တယ် ဆိုရင် ဒီအရေအတွက်ရဲ့ ထက်ဝက်ဟာ အသက်ဘေးကနေ အကာကွယ် ပေးနိုင်မှာ ဖြစ်တယ်လို့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လမစေ့ဘဲ မွေးတာတို့ ၊ မီးဖွားစဉ် ကြုံတွေ့ရတဲ့ ကျန်းမာရေး ပြဿနာတွေဟာ အဓိက အန္တရယ်ဘဲလို့ ဆိုပါတယ်။

လေ့ကျင့်သင့်ကြားထားခြင်း မရှိတဲ့ အရပ်လက်သည်တွေနဲ့ နှစ်စဉ် မီးဖွားနေရတဲ့ အမျိုးသမီး အရေအတွက် သန်းလေးဆယ်လောက် ရှိနေတဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ နိုင်ငံအသီးသီးက အစိုးရတွေ ကို Save the Children အဖွဲ့ကြီးက ပန်ကြားထားပါတယ်။

တရုတ်တက်ကြွလှုပ်ရှားသူ ၃၀ ခန့် ထိန်းသိမ်းခံရ

 နာမကျန်းဖြစ်နေတဲ့ အစိုးရ အတိုက်အခံ Cao Shunli ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ တရုတ် တက်ကြွလှုပ်ရှားသူတချို့ ဘေဂျင်းဆေးရုံကို သွားရောက်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ကြရပါတယ်။

Cao Shunli ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဘေဂျင်းဆေးရုံကို သွားခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၃၀ လောက် အဖမ်းခံခဲ့ရတာပါ။ လှုပ်ရှားသူအားလုံးကို ရဲက နာရီအတော်ကြာ မေးမြန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် အများစုကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့အထဲက သုံးယောက်ကိုတော့ ရပ်ရွာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် နှောင့်ယှက်မှုနဲ့ ထိန်းသိမ်းခဲ့ပါတယ်

မောင်တောမြို့နယ်တွင် ရဲစခန်း (၄)ခု ထပ်မံတိုးချဲ့မည်

 ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် နယ်မြေ ရဲစခန်း (၄) ခု ထပ်မံတိုးချဲ့မည်ဟု သိရသည်။

ရဲစခန်းများ တည်ဆောက်မည့် ကျေးရွာများသို့ တာဝန်ရှိသူများ ယမန်နေ့က သွားရောက်လေ့လာခဲ့ကြောင်း မောင်တောခရိုင်ရဲမှူးကြီး ဦးရွှေသန်းက နိရဉ္စရာသို့ ပြောသည်။

“ ရဲစခန်းတွေကို မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်ဘောင်ကျေးရွာနဲ့  မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင်ကျေးရွာတွေမှာ တိုးချဲ့ ချသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ချုပ်နှောင်ခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားရဲတပ်ဖွဲ့မှ ကယ်ဆယ်

မလေးရှားနိုင်ငံတွင် ပင်လယ် ငါးဖမ်းစက်လှေများ အများဆုံး ဝင်ထွက်သွားလာနေသော ငါးဖမ်း လုပ်ကိုင်ကြသော နေရာဒေသတစ်ခု ဖြစ်သည့် Kedah ပြည်နယ် ဆွန်ငိုင် ပတနီတွင် ပြီးခဲ့သောကိုးရက်ခန့်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထိုင်းနိုင်ငံ မှတစ်ဆင့်ဝင်ရောက်ကာ ကျေးကျွန် သဖွယ် ချုပ်နှောင်ခြင်းခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ကယ်တင် လိုက်နိုင်ပြီကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မလေးရှားနိုင်ငံနေ့စဉ်ထုတ် China Press သတင်းဌာနမှ ဖော်ပြ ထားကြောင်း သိရသည်။
အဆိုပါ အမျိုးသားလေးဦး၏ အမည်ကို ဖော်ပြထားခြင်းမရှိဘဲ ၎င်းတို့သည် လုပ်ကိုင်စားသောက် အသက်မွေးဝမ်းကျောင်း ပြုရန် အတွက် ရောက်လာခြင်းဖြစ်သော် လည်း ပွဲစား၏တောင်းခံသည့် ငွေကြေးပမာဏကို ပေးဆောင်နိုင် ခြင်းမရှိသောကြောင့် သုံးရက်အစာ ရေစာကျွေးမွေးခြင်းမရှိဘဲ အခန်း အတွင်း လှောင်ပိတ်ထားခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းရုပ်/သံက ဖော်ထုတ်တင်ပြသွားတဲ့ မြန်မာ့လျှို့ဝှက်အလှတရားတွေ

ထိုင်းနိုင်ငံက အထင်ကရ သတင်းဌာနတခုဖြစ်တဲ့ PBS ရုပ်မြင်သံကြားက အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံက စိတ်ဝင်စားဖွယ် ဒေသတချို့ကို သွားရောက်ပြီး မှတ်တမ်း ဗီဒီယို ရိုက်ကူးကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်လွှင့်ပြသသွားတဲ့ Spiit of Asia ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လွှင့်မှုပါ။

ထိုင်း PBS က ထုတ်လွှင့်ပြသမှုမှာ မြန်မာ့အလှ၊ မြန်မာ့ဓလေ့တွေကိုလည်း ကွက်ကွက်ကွင်း ကွင်းမြင်
အောင် ရိုက်ကူးတင်ဆက်သွားခဲ့ပြီး ကရင်ပြည်နယ်က ဆဒ္ဒန်ဂူအကြောင်းအပါအဝင် ကရင်တိုင်းရင်းသား
တွေရဲ့ ထူးခြားတဲ့ ဓလေ့၊ ရှေးခေတ် ပရပိုက်တွေ အကြောင်းလည်း မေးမြန်း တင်ဆက်သွားပါတယ်။


အိမ့်သံစဉ် ~ The Irrawaddy အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် http://gyizaw.blogspot.com/

မရီးဖြစ်သူကို ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့လူသတ်မှု ကျူးလွန်ခဲ့သည့် တရားခံအား ဟင်္သာတခရိုင်တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့လူ သတ်မှုကျုးလွန်ခဲ့သည့် တရားခံအား ဟင်္သာတခရိုင် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂(၂)အရ ပြစ်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမှုကို ခရိုင်တရားသူကြီး ဒေါ်မြင့်မြင့်စိန်က နှစ်လခန့်ကြာ စစ်ဆေးခဲ့ပြီး နောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုသို့အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ်အကျဉ်းနှင့် ပတ်သက်၍ ယင်းအမှုတွင် နိုင်ငံတော်စရိတ်ဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်ဧရာလင်းထွန်း၏ ပြောကြားချက်အရ အင်္ဂပူမြို့နယ် လိပ်ကန်ကြီးရွာဟောင်းတွင် နေထိုင်သည့် မရီးဖြစ်သူ မသူဇာဝင်း အသက် ၂၈ နှစ်က တရားခံ ဖိုးကျော်(ခ)ကျော်လင်း ထိုက် (အသက် ၃၈) နှစ်အား ကောက်ရိတ်ခ တောင်းရမ်းခိုင်းရာ မရရှိခဲ့ကြောင်း၊

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ် မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး


မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့ မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ် ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှငရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင် ခဲ့သည်။

ငါမင်းကို | လူမင်း ပြေတီဦး ကျော်ကျော်ဗို အိန္ဒြာကျော်ဇင် မိုးဟေကို

ရုပ်ရှင်ကြည့်ရန်

            အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို
                      လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                         http://gyizaw.blogspot.com/

Monsters University

 ရုပ်ရှင်ကြည့်ရန်
         အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို 
                    လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                         http://gyizaw.blogspot.com/

Turbo

ရုပ်ရှင်ကြည့်ရန်
           အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို
                     လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                            http://gyizaw.blogspot.com/

The Butler

ရုပ်ရှင်ကြည့်ရန်

            အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို
                          လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                               http://gyizaw.blogspot.com/

အမှတ်(၉၆)ယာဉ်လိုင်းပေါ်တွင် ကျက်စားနေကြသည့် ခါးပိုက်နှိုက်(၂)ဦးအား ဖမ်းဆီးရမိ

 ၁၉.၂.၂၀၁၄ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ ရုံးရှေ့မှတ်တိုင်တွင် ခါးပိုက်နှိုက်များ ဖမ်းဆီးရမိရေးသတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့ဆိုက်ရောက်လာသော အမှတ်(၉၆)ယာဉ်လိုင်းပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်း ရှိကြသော လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်နေသူများဖြစ်သည့် ကုလားလေး(ခ)စည်သူ (ဘ)ဦးရွှေအေးနှင့် ဂွက်(ခ)ကိုကိုဦး
(ဘ)ဦးစိုင်းအေးတို့(၂)ဦးအား မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးခဲ့ပါသည်။

လင်မယားစကားများစဉ် ခင်ပွန်းမှ ဓါးဖြင့်ထိုး၍ ဇနီးသေဆုံး

 ၂၄.၂.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်ကျောက်တန်းမြို့နယ်၊တံတားမြို့နယ်ခွဲ
နေ သိန်းဝင်း(ခ)သူဟန်(၂၆)နှစ်၊လယ်စားရင်းငှား (ဘ)ဦးသန်းလွင်နှင့် ဇနီးဖြစ်သူမနွယ်နီ(၁၈)နှစ် တို့သည် သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာရှိ ဦးဇော်ဝင်း၏လယ်ကွင်းအတွင်း ပဲများခူးဆွတ်သည့် အလုပ်လုပ်ကိုင်နေကြစဉ် ခင်ပွန်းဖြစ်သူ သိန်းဝင်းသည် ပဲမခူးဘဲနေသဖြင့် ဇနီးဖြစ်သူမနွယ်နီကပြောဆိုရာမှ စကားများကြပြီး သိန်းဝင်း(ခ)သူဟန်မှ မနွယ်နီအား အရိုးအသွား(၆)လက်မခန့်ရှိ မီးဖိုချောင်သုံးဓါးဖြင့်ထိုးခဲ့၍ မနွယ်နီတွင် ရင်ညွန့်၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာနံကြား၌ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲလက်မောင်း၊တံတောင်တို့တွင် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ၀ဲလက်ဖျံ၌ပြတ်ရှဒဏ်ရာ(၇)ချက်၊ ယာခြေသလုံး၌ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

အသံမျိုးစုံ apk for android

         ဒီတစ်ခါတော့ ကျွန်တော် မြန်မာမှု့ ပြုထားတဲ့ apk လေး တစ်ခုကို လိုအပ်တယ့် 
                သူငယ်ချင်းများအတွက် ပေးချင်ပါတယ်… ကျွန်တော်တို့တွေ ဖုန်းမှာ
                        ringtone လေးတွေသုံးကြတဲ့အခါ..နည်းနည်းကြာလာရင် 
                  ရိုးလာတာမျိုးလေးတွေ ဖြစ်တက်ကြပါတယ်…မိမိဖုန်းရဲ့ ringtone
   လေးတွေကိုလည်း သူများတွေထက် ဆန်းပြားချင်ကြပါတယ်… မိမိကြိုက်တဲ့ သီချင်းလေးတွေကို
   ringtone လေးတွေလုပ်ထားသူတွေလည်းရှိကြပါတယ်…ဒါပေမယ့်တစ်ခါတစ်လေကြ..ကြိုက်တာတွေက  
များတဲ့အခါ ဘယ် ringtone ကို ထားရမလဲ အရွေးရခက်လှပါတယ်… ခုပေးမယ့် apk လေးကတော့ အဲဒီပြဿနာတွေကို ဖြေရှင်းပေးမှာပါ…သူ့ရဲ့
လုပ်ဆောင်ချက်တွေကတော့ မိမိစိတ်ကြိုက်တည်းဖြတ်ထားတဲ့ ringtone လေးတွေကို ရွေးပေးထားယုံနဲ့… အလှည့်ကျမြည်ပေးမှာဖြစ်ပါတယ်…

StickIt! ဒီ app လေးကတော့ photo cutting tool တစ်ခု ဖြစ်ပါတယ်

               ဒီ app လေးကတော့ photo cutting tool တစ်ခု ဖြစ်ပါတယ်။ ဓါတ်ပုံများ ..
 နောက်ခံ ပြောင်းလဲခြင်း၊ လိုချင်သော အရာများ ဖြတ်ယူခြင်း၊ Stock အလန်းများ ထည့်သွင်းခြင်းတွေကို လွယ်ကူလျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ PC မှာ Photoshop နဲ့ ဖြတ် ညှပ် ကပ် လုပ်နေရတာ ကြာပါတယ်။ StickIt! နဲ့လုပ်လိုက်ပါ ခဏလေးအတွင်းပြီးတယ်။ အသုံးပြုပုံ Tutorial Video ပါရှိတယ်။ Video ကို အရင်ဆုံးကြည့်လိုက်ပါ။ ဒါမှ အသုံးပြုပုံကို နားလည်သွားမှာပါ။ တကယ်ကို လွယ်လွယ်ကူကူနဲ့
ဖြတ် ညှပ် ကပ် လုပ်ပေးသွားတာ လန်းတယ်။ filters , stickers , backgrounds , Text များလဲ ပါရှိတာမို့ ကလိလို့ကောင်းတယ်။မသိရင် Photoshop နဲ့ ပညာသားပါပါ ဖြတ်ညှပ်ကပ် လုပ်ထားတယ်လို့တောင် ထင်ရတဲ့အထိ ကောင်းမွန်တဲ့ app လေးဖြစ်ပါတယ်။ ပုံမှာပါတဲ့ အွန်စောပုံက ကျွန်တော်
ဖြတ်ညှပ်ကပ်လုပ်ပြီး ကလိထားတာပါ။ Android 2.3 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

ကွန်ပြူတာမှာ ဖိုက်တင်ချဖို့ TEKKEN 3


         တိုက်မယ် ခိုက်မယ် ဖိုက်တင် play တာ ဝါသနာပါရင်တော့ဒီဂိမ်းလေးကို ကစားကြည့်ပါ
      ဒီကောင်လေးကတော့ portable လေးပါ ။ပေါ့ပေါ့ပါးပါးနဲ့သယ်ဆောင်သွားပြီး ကစားလို့ရပါတယ်
                                  ဖိုင်ဆိုဒ်ကလည်း 50 Mb ကျော်ကျော် ပဲရှိပါတယ်။

လေယာဉ်မောင်းပြီး စစ်တိုက်သလို ခံစားမှုမျိုးပေးစွမ်းနိုင်မယ့် PC Game

              Ace Combat Assault Horizon: Enhanced Edition PC Game ( 7 GB )
မိမိကိုယ်တိုင် တစ်ကယ့်တိုက်လေယာဉ်မောင်းပြီး စစ်တိုက်သလို ခံစားမှုမျိုးပေးစွမ်းနိုင်မယ့် PC Game ဖြစ် ပါတယ်.. ရုပ်ထွက်လည်း အင်မတန်ကောင်းပါတယ်..ကြည်လဲကြည်ပြီး Memory 2 GB , Graphic 1 GB ( Build In ) , တို့မှာကောင်းကောင်းကစားနိုင်ပါတယ်... မြို့တွင်းသို့ကျူးကျော်ဝင်လာတဲ့ ရန်သူ့တိုက်လေ

ယာဉ်များကို မိမိကိုယ်တိုင် တိုက်လေယာဉ်မောင်းပြီး လိုက်လံပစ်ချရမှာဖြစ်ပါတယ်.. မိမိအနောက်မှာ ရန်သူ

မနက်ဖြန်ရောက်မှ ပြန်လာပါ

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ သူဟာ အစောပိုင်းအင်တာဗျုးကို အောင်မြင်သွားခဲ့ပြီး ယခုအခါ နောက်ဆုံးအင်တာဗျုးအတွက် ဒါရိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။
ဒါရိုက်တာဟာ လူငယ်ရဲ့အလုပ်လျှောက်လွှာကိုကြည့်လိုက်တဲ့အခါမှာ ပညာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုဟာ ထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။
ဒါရိုက်တာကမေးပါတယ်။

“မင်းကျောင်းမှာ စကောလာရှစ်တစ်ခုခုရခဲ့သလား?

“မရခဲ့ပါဘူး” ဟုလူငယ်ကဖြေသည်။

“ ဒါဆိုကျောင်းစရိတ်ကို မင်းရဲ့ဖခင်က ပေးတာပေါ့ ဟုတ်လား?”

“ကျွန်တော့်အဖေဟာ ကျွန်တော်တစ်နှစ်သားမှာပဲ ဆုံးသွားပါတယ်။ ကျောင်းစားရိတ်ကို အမေကပေးတာပါ” ဟုသူပြန်ဖြေ၏။

တောင်ငူ က ကျား သောင်းကျန်း

တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ သိပ်မကြာခင်ကမှ ဖြစ်သွားတာပါ။ တောင်ငူအနားတစ်ဝှိုက်က ရိုးမတောင်ခြေရွာလေးတစ်ရွာဟာ အလွန်အေးချမ်းပြီး သာယာပါတယ်။ တောကိုအမှီပြုနေကြတော့ တောထဲက ထွက်ကုန်တွေကို ရောင်းချရင်းနဲ့ အသက်မွေးတဲ့လူတွေရှိသလို တောင်ပေါ်မှာ ယာလုပ်တဲ့လူတွေရှိကြပါတယ်။
တစ်နေ့ကျတော့ အဲဒီတောင်ပေါ်က ကျားဟိန်းသံကြီးကျားရသတဲ့။ အဲဒီအခါမှာ ကျားဟိန်းသံမကြားစဖူးမို့ တစ်ရွာလုံးက တုန်လှုပ်သွားကြတယ်။ ရွာလူကြီးကတော့ ဒီလိုပဲ ဖြတ်သန်းသွားလာတဲ့ ကျားတစ်ကောင်ပါ သိပ်စိတ်မပူဖို့ပြောတယ်။ နောက်နေ့ရောက်တော့ ရွာသားတွေ တောမတိုးရဲကြတော့ဘူး။ အိမ်မှာပဲ နေကြတော့တယ်။ကျားကိုကြောက်လို့ပေါ့။ အဲဒီနေ့ ညနေလောက်မှာပဲ ကျားဟိန်းသံကို ထပ်ကြားရသတဲ့။ ညဘက်တွေရော။ အတော်ကြာကြာ ဟိန်းသတဲ့။ အကုန်လုံးကလဲ ကြောက်ကုန်တာပေါ့။

နမ့်ဆမ် တွင် အမျိုး သမီး တစ်ယောက် ကို ယွမ်နှစ် သောင်း ပေးဝယ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။
“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

အိပ်နေစဉ် တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ရသည့် အသက် ၆၀ ကျော်အဘိုးအို၏ ၀မ်းနည်းဖွယ်ဖြစ်ရပ်

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၃ နာရီအချိန်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောရွာ၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၉၂/၂-၃)ကြား၊ ကားလမ်းဘေးငှက်ပျောခြံနေ ဦးဖိုးစိန်(၆၆)နှစ်သည် ငှက်ပျောခြံတွင်အိပ်နေစဉ် တောဆင်ရိုင်းတစ်ကောင်မှ နင်းသတ်ခဲ့သဖြင့် ခန္ဓာကိုယ်ပိပြား၍ သေဆုံးသွားသည်ကို အဆိုပါခြံနှင့် ကိုက်(၅၀)ခန့် အကွာရှိ တဲနီးချင်းနေ ကျော်ဦး(၃၅)နှစ်မှ တွေ့မြင်၍ ချိန်းဆောစက်အားနှိုးပြီး ခြောက်လှန့်မောင်းထုတ်ခဲ့ရာ တောဆင်ရိုင်းမှာ ထွက်ပြေးသွားခဲ့သည်။ ၎င်းနောက် ကျော်ဦးမှ ရဲစခန်းသို့ အကြောင်းကြားသဖြင့် အုတ်တွင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ဦးဖိုးစိန် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးရန် အုတ်တွင်းမြို့မရဲစခန်း သေမှုသေခင်း(၁/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
By ရဲဇာနည်

                 အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို 
                                   လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                                           http://gyizaw.blogspot.com/

ညီအစ်ကိုတွေ အိမ်ထောင်ကျပြီး မိမိက လူပျိုကြီးဖြစ်နေလို့ ညီအစ်ကိုတွေကမွေးလာတဲ့ တူမ ၃ ဦးကို မီးရှို့သတ်ပစ်

 ညီအစ်ကိုတွေ အိမ်ထောင်ကျပြီး မိမိက လူပျိုကြီးဖြစ်နေလို့ ညီအစ်ကိုတွေကမွေးလာတဲ့ တူမ ၃ ဦးကို သတ်ပစ်လိုက်တဲ့ ကြေကွဲဖွယ် ဖြစ်ရပ်လေးပါ။
ပြည်မြန်မာ
           
                အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို
                                လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
                                        http://gyizaw.blogspot.com/

မင်းသမီးနှစ်လက် အားပြိုင်မှုများကို တွေ့ရမည့် “မာယာပရောဂျက်” ရုပ်ရှင်ဇာတ်ကား

ရန်ကုန်၊ မဇ္ဈိမ ။           ။ ရုပ်ရှင်ရုံများတွင် ယနေ့အချိန်ထိ ပြသနေသည့် မြန်မာရုပ်ရှင်ဇာတ်ကားများသည် ဟာသကားများကို သာ တွေ့ရသည်က များသည်။ ယင်းပြသနေသည့် ဟာသဇာတ်ကားများထဲတွင် မေတ္တာဘွဲ့ဇာတ်လမ်းပြသမှု များ နှင့် လူငယ်ချင်း အချစ်ဇာတ်လမ်း အားပြိုင်မှုများ သည် နည်းပါးလျက်ရှိသည်ကို တွေ့လာရသည်။
ယခုအခါတွင် အဆိုပါဟာသ ဇာတ်ကားများထဲမှ ခွဲထွက်ပြီး ပရိသတ်များ၏ ခံစားမှုရသအမြင်များ ပြောင်း လဲစေရန်အတွက် ဒါရိုက်တာတစ်ဦးက ဖန်တီးလာသည်ကို တွေ့ရသည်။
လူငယ်အချင်းချင်း အားပြိုင်မှုများနှင့် စိန်ခေါ်မှုဇာတ်လမ်းများကို အများအပြား ရိုက်ကူးတင်ပြသူသည် ဒါရိုက်တာဝိုင်းဖြစ်ပြီး ယင်းသည် အကယ်ဒမီမင်းသမီးနှစ်လက် နှင့် အကယ်ဒမီမင်းသားတစ်လက်တို့၏ သရုပ်ဆောင်အားပြိုင်မှုများကို “မာယာ ပရောဂျက်” ရုပ်ရှင်ဇာတ်ကားတွင် ဆန်းသစ်စွာ ပြသထားခြင်းဖြစ် သည်။ ယင်းဇာတ်ကားကို မတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့တွင်း ရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ် သည်။

ဆိုချီ အိုလံပစ် ပိတ်ပွဲနေ့ ရုရှားတွင် ပေါက်ကွဲမှုဖြစ်

ရုရှား နိုင်ငံတွင် ဆိုချီ အိုလံပစ် ပွဲတော်ကြောင့် လုံခြုံရေး အထူး တင်းကျပ်ထားစဉ် တောင်ပိုင်း ဝေးလံ သီခေါင်သည့် ဒေသဖြစ်သော ဆာဘာရီးယားရှိ အယ်တိုင်မြို့တွင် ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ လူ သုံးဦးထက် မနည်း သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု အာဏာပိုင် များက သံသယဖြစ်လျက် ရှိကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

ပေါက်ကွဲမှု ပေါ်ပေါက်စဉ်က ဗုံးခွဲ တိုက်ခိုက်ခြင်း ဖြစ်သည် ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း နောက်ပိုင်းတွင် မှန်ကန်ခြင်း မရှိကြောင်း ရုရှား သတင်း ဌာနများက ဖော်ပြသည်။

ပေါက်ကွဲမှု ဖြစ်ပေါ်သည့် တနင်္ဂနွေနေ့သည် ဆိုချီ အပန်းဖြေ မြို့၌ ကျင်းပလျက် ရှိသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော် ပိတ်ပွဲ အခမ်းအနား ကျင်းပမည့် နေ့ရက်ဖြစ်ရာ အာဏာပိုင်တို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အထူးပင် စိုးရိမ်ခဲ့ကြသည်။

ဗင်နီဇွဲလား အငြိမ်းစားဗိုလ်ချုပ်ကို ဖမ်းဆီးရန် သမ္မတ အမိန့်ပေး

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဗိုလ်ချုပ် အန်ဂယ် ဗီဗက်ကို ဖမ်းဆီးဖို့ သမ္မတက အမိန့်ပေးထားပြီး ဆန္ဒပြသမား ၂၀၀ လောက်ဟာ ဗိုလ်ချုပ်ရဲ့ အိမ်နားမှာ ၀ိုင်းရံ စောင့်ကြပ်ပေးနေကြရပါတယ်။

သမ္မတ နီကိုလတ် မာဒူရိုက ဗိုလ်ချုပ်ဗီဗက်ဟာ ဆန္ဒပြသမားတွေကို နိုင်ငံရေး အန်တုနည်းတွေ၊ လမ်းတွေကို ကြိုးတွေနဲ့ ပိတ်နည်းတွေကို လူမှုကွန်ရက်တွေကနေတဆင့် သင်တန်းတွေ ပေးခဲ့တယ်လို့ ပြော ပြီး နောက်မှာ အမှုတခုနဲ့ သူ့ကို ဖမ်းဖို့ အမိန့်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ စူပါမားကက်မှာ အလုပ်လုပ်တဲ့ လူငယ် တယောက် လမ်းမှာ တားထားတဲ့ ကြိုးနဲ့ ညှိပြီး ဆိုင်ကယ်မှောက်မှုအတွင်း သေဆုံးခဲ့တဲ့အမှုနဲ့ ဆက်စပ်လို့ သူ့ကို ဖမ်းဆီဖို့ သမ္မတက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရင်လတ် ဘန်ကောက်နဲ့ဝေးရာသွားပြီ

                                                  တနင်္ဂနွေနေ့ ဘန်ကောက်မြို့ ဗုံးပေါက်ပွဲမှုအပြီး တွေ့ရတဲ့ မြင်ကွင်းတခု (ဓာတ်ပုံ- Reuters)

ရက်ပေါင်းများစွာ ဆန္ဒပြတာတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ရင်လတ်  ဘန်ကောက်မြို့တော်ကနေ မိုင် ၉ဝ ဝေးတဲ့နေရာမှာ ရုံးသွားထိုင်နေပါတယ်လို့ သူ့ရုံးကနေ ဒီကနေ့ သိရပါတယ်။
ဘယ်နေရာလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
ဘန်ကောက်ရဲ့ အစိတ်အပိုင်း အတော်များများကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားတာပါ။ ဝန်ကြီးချုပ် ဘန်ကောက်ကို ဘယ်တော့ ပြန်လာမယ် ဆိုတာကိုတော့ သူ့ရုံးက ပြောဆိုခြင်း မရှိပါဘူး။

သူ့ကို ဘန်ကောက်မှာ နောက်ဆုံး တွေ့ရတာကတော့ ပြီးခဲ့တဲ့အပတ်ကပါ။ လာမယ့် ကြာသပတေးဆိုရင်  ဘန်ကောက်မှာ လုပ်မယ့် အဂတိလိုက်စားမှုကိစ္စကြားနာပွဲတခုကို သူ တက်ဖို့ရှိပါတယ်။

မနက်ဖြန် ဆိုရင် အစိုးရအဖွဲ့အစည်းအဝေး လုပ်ရမယ်၊ ဘန်ကောက်အပြင်ဘက်မှာ လုပ်ဖို့ များတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နွားတွေကို လိင်အလွဲသုံးစားပြုလုပ်ခဲ့မှုအတွက် အမေရိကန်လူမျိုးနှစ်ဦး ဖမ်းဆီးခံရ

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ်၊ Utica မြို့ အနီး Herkimer ရွာက လူနှစ်ယောက်ဟာ နွားတွေကို လိင်အလွဲသုံးစားလုပ်မှုမှာ အပြစ်ရှိကြောင်း စွဲချက်တင်ခံထားရပါတယ်။

Reid Fontaine ဆိုတဲ့သူဟာ တိရိစ္ဆာန်မျိုးစုံနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး၊ အဲလိုကြိုးစားနေပုံကို Michael Jones ဆိုသူ နောက်တစ်ယောက်က ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။

Herkimer ရွာက လယ်သမားတစ်ယောက်ဟာ သူ့ ရဲ့နွားတွေ ဂနာမငြိမ်ဖြစ်နေပြီး၊ နို့ တွေမထွက်တော့တဲ့ အတွက် CCTV တစ်ခုတပ်ဆင်ပြီး အကြောင်းရင်းစုံစမ်းရင်းနဲ့ အခုလို လိင်အလွဲသုံးစားလုပ်မှုကို ဖမ်းမိခဲ့တာပါ။ လယ်သမားဟာ ဒီအဖြစ်အပျက်ကို CCTV တိပ်ခွေကတဆင့် သိသိချင်းရဲတွေကို အကြောင်းကြားခဲ့တာပါ။

အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်း တိုင်တန်းမှု လေးခုရှိ

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသဖြင့် တိုင်တန်းမှုများ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေးမှု ရှိနေရာတွင် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံရမှု သုံးမှုနှင့် သီလရှင်တစ်ပါး အဓမ္မပြုကျင့်ခံရမှုတို့ဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုအဖြစ် တိုင်တန်းမှုများတွင် ဒဂုံတောင်မြို့နယ် ၁၀၆ ရပ်ကွက်၌ ဖေဖော် ၀ါရီ ၂၀ ရက်က (၁၂) အရွယ် ဒုတိယတန်းကျောင်းသူကို အသက် (၃၁) နှစ်ရှိ အိမ်နီးချင်း ယာဉ်နောက် လိုက်တစ်ဦးက သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု တိုင်းတန်းမှု၊ လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်က အိမ်သို့အလည်လာသည့် (၇) နှစ်အရွယ် မိန်းကလေးကို အသက် (၄၀) နှစ်အရွယ် ခဲအိုက သားမယားပြုကျင့်ရန် ကြံစည်သဖြင့် တိုင်တန်းထားသည့်အမှုနှင့် အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် က အသက် (၆) နှစ်ရှိ ကလေးငယ်ကို အသက် ၃၇ နှစ်ရှိ ပန်းရံလုပ်သားတစ်ဦးက နှစ်ကြိမ်တိုင်တိုင် သား မယားပြုကျင့်ခဲ့သည်ဟု တိုင်တန်းမှုများပါဝင်သည်။

မြိတ်မြို့၌ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက် ညကရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြိတ်တောင်ရပ်ကွက်ရှိ မြို့သစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံမီးစက်ကြီး လမ်းဘေးလျှပ်စစ်မီးတိုင်မှ မီးကြိုးပြတ်ကျခဲ့ရာ အလကအုန်းတောကျောင်းမှ ဆဋ္ဌမတန်းကျောင်းသား မောင်ရဲလင်းဦး (၁၄နှစ်) အောင်မင်္ဂလာရပ်ကွက် မြိတ်တောင်ကျေးရွာနေသူသည် မြိတ်တောင်ရပ်ကွက် အောင်ဆန်းလမ်းနှင့် အောင်ချမ်းသာလမ်းထောင့်တွင် လမ်းလျှောက်ပြီး နေအိမ်သို့ပြန်လာစဉ် အဆိုပါ လျှပ်စစ်မီးကြိုး ရုတ်တရက်ပြတ်ကာ လက်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင်နှာစေးပျောက်ဆေးပြား ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၂ နာရီခွဲအချိန် အမှတ်(၁၇)မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ကျော်ဇေဦး(၃၄)နှစ် နေထိုင်သည့် တိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နောက်ဖေးမီးဖိုဆောင်ရှိ စားပွဲခုံအောက်မှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင်အအေးမိနှာစေးပျောက်ဆေးပြား(၂၄၃၀၀)ပြား၊ တိုက်ခန်းရှေ့တွင် ရပ်ထားသော ၎င်းပိုင်ယာဉ်နောက်ခန်းမှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါ အဖြူရောင် နှာဆေး ပျောက်ဆေးပြား (၄၆)ပြား၊ စုစုပေါင်းဆေးပြား(၂၄၃၄၆)ပြား၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၉.၂၁၅၂) သိန်း၊

မိန်းကလေးတစ်ဦး ဓမ္မတာနှင့်ဆန့်ကျင် အဓမ္မပြုကျင့်ခံခဲ့ရဟုဆို

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေးတစ်ဦး ဓမ္မတာနှင့်
ဆန့်ကျင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ အရေးယူပေးရန်တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၁
ရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီအချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်နေ အသက် ၄၈ နှစ်အရွယ်အမျိုး
သမီးတစ်ဦးက ၎င်း၏အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ခေါင်းရင်းအိမ်နေ ကျော်မျိုးအောင်
(ခ)ဆံရှည် (၃၁ နှစ်)မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်က စက်ဘီး ဖြင့်တင်၍
မြ၀တီမင်းကြီးလမ်း ဟိန္ဒူဘုရားကျောင်းအနီး ခေါ်ဆောင် သွားကြောင်း၊ ထို့နောက် ကျော်မျိုး
အောင်(ခ)ဆံရှည်က ဓမ္မတာနှင့်ဆန့်ကျင် အဓမ္မပြုကျင့်ခဲ့ကြော
င်း သက်ဆိုင်ရာသို့ တိုင်ကြား
ခဲ့သည်။

ပါတီ ရပ်ကျေးဥက္ကဌမှ စက်ရုံအလုပ်သမတစ်ဦးအား လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန် မ---၊(၁၇)နှစ်၊ အထည်ချုပ်စက်ရုံ အလုပ်သမ၊ လှိုင်သာယာမြို့နယ်နေသူသည် မိဘများထံသို့ပြန်ရန် ကားဂိတ်သို့တစ်ဦးတည်းထွက်လာစဉ် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးမှ မိတ်ဆက်စကားပြောပြီး ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရန်၊ ကယ်ရီခပေးစရာမလိုကြောင်း ပြောသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းဆုံသို့အရောက်တွင် ၎င်းအမျိုးသား
မှ ပိုက်ဆံအိတ်ကျန်ခဲ့ကြောင်းပြောကာ ဆိုင်ကယ်အားပြန်လှည့်၍ လှိုင်သာယာမြို့နယ်၊ ၅ရပ်ကွက်ရှိ၊ --- တည်းခိုခန်းသို့ရောက်ရှိဝင်ရောက် သွားခဲ့ကြောင်း၊ ခဏအကြာ မ---အားပြစရာရှိသည်ဟုပြောဆိုခေါ်ကာ အခန်းထဲသို့အရောက်တွင် တံခါးဂျက်ထိုးပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ပြီးနောက် မ--- အားဆိုင်ကယ်ဖြင့် တင်ဆောင်

ချောင်းအတွင်း ကလေးငယ်နှစ်ဦး ရေနစ်သေဆုံး

ရေစီးသန်သည့်ချောင်းတွင် သူငယ်ချင်းသုံးယောက် ခရုစမ်းရာမှ ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုများ ပဲခူးတိုင်းပြည် ပြည်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ပြည်မြို့ အမှတ်(၃) ရဲစခန်းမှူး ရဲအုပ်စိုးလှိုင်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဖယောင်းစက်လမ်း၊ သစ်တောရုံးအနီး နေထိုင်သူများဖြစ်သည့် မောင်ဖိုးခွား အသက်(၁၅)နှစ်နှင့် မောင်ဖြိုးကိုကို အသက်(၁၄)နှစ်တို့သည် မူယာပင်ရပ်ကွက်နေ မောင်ပြည့်စုံ အောင် အသက်(၂၁)နှစ်နှင့်အတူ ငါးရွာကျေးရွာအုပ်စု၊ ရှမ်းစုရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေစီးသန်သည့် န၀င်းချောင်းသို့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သွားရောက် ခရုစမ်းခဲ့ကြ ဟု ရဲမှတ်တမ်းတွင်ပါရှိသည်။

ဆိုင်ကယ် ကယ်ရီမောင်းသူထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

အင်းစိန်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ တစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြားများကို ဖေဖော်ဝါရီ ၂၂ ရက်က ဖမ်းဆီးရမိလိုက်သည်။
ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်း၊ ဆေးဝါး စက်ရုံ သက်သာဆိုင်ရှေ့တွင် စောင့်ဆိုင်းခဲ့ကြသည်။
ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် လှိုင်သာယာ၊ (၇)ရပ်ကွက်၊ မင်္ဂလာသိဒိ္ဓလမ်းနေ ခင်စိုး(ခ) အငယ်လေး (၃၃)နှစ် (ဆိုင်ကယ်ကယ်ရီမောင်း) မှာ ဆိုင်ကယ်စီး၍ ရောက်ရှိလာသဖြင့် ရပ်တန့်ရှာဖွေခဲ့ သည်။

သုံးဘီးဆိုင်ကယ်ကို တိုက်ပြီးမောင်းပြေးသည့် ပြိုင်ကား ဖမ်းမမိသေး

ပြိုင်ကားတစ်စီးက သုံးဘီးဆိုင်းကယ်တစ်စီးကို ၀င်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသည့် မုံရွာမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သုံးဘီးဆိုင်ကယ်ပေါ်မှ ခရီးသည်လေးဦးဒဏ်ရာရရှိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ပြိုင်ကားကိုလည်း ဖမ်းဆီးရရှိခြင်းမရှိသေးဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ (မုံရွာ) တပ်ဖွဲ့ ခွဲရုံးရှိ ဒု-ရဲအုပ် မိုးဝင်းထက်က မဇ္ဈိမကို ပြောသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၉ နာရီခန့်က မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အောင်သစ္စာလမ်းရှိ ငြိမ်း ချမ်းရေး ကြာဆံစက်ရုံဝင်းအနီးတွင် ကိုဝင်းဟန်ဦးဆိုသူမှ အောင်သစ္စာလမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ သုံးဘီးယာဉ်ကို မောင်းနှင်လာစဉ် ထိုလမ်းမကြီး၏ မြောက်ဘက်ခြမ်းရှိ သမစိတ္တလမ်းသွယ် ထဲမှ မောင်းထွက်လာသည့် အနက်ရောင်ပြိုင်ကားတစ်စီးသည် သုံးဘီးဆိုင်ကားကို ရုတ်တရက် ၀င်ရောက် တိုက်မိကာ သုံးဘီးဆိုင်ကယ်မှာ တိမ်းမှောက်သွားပြီး ပြိုင်ကားသည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ စစ်ဆေးချက်များတွင် ဖော်ပြ ထားသည်။

ကိုယ်ဝန်ဆောင်ထားရလို့ မိခင်အပေါ် ကိုယ်ချင်းစာစိတ်ဖြစ် မိကြောင်း ချောရတနာ ပြော

မိခင်ရဲ့မေတ္တာတရားနဲ့ မိခင် တစ်ယောက်ဖြစ်လာတော့မှာဖြစ်တဲ့ အတွက် မိမိရဲ့ မိခင်အပေါ် ကိုယ်ချင်း စာစိတ်တွေလည်း ဖြစ်မိကြောင်းကို “ချောက အိမ်တောင်မပြုခင် ကတည်းက မိဘကိုစိတ်ချမ်းသာ အောင်အတတ်နိုင်ဆုံး ထားတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့မိဘကို ကိုယ်ချင်းစာမိ တယ်။ ချောတို့ အမေတုန်းကဆိုရင် ရိုးရိုးပဲမွေးရ တယ်။ ပစ္စည်းကိရိယာတွေ ကလည်း မစုံလင်ဘူး။ ဘာမှခေတ်မမီတဲ့အခါ ကျတော့ အခက်အခဲလေးတွေ ရှိတယ်။ အဲဒီတော့ အမေတွေကိုပိုပြီး တော့ သနားတယ်။ ချောတို့ ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာတယ်။ အခုတော့ အစစ အရာရာဂရုစိုက်ဖြစ်တယ်။ ကိုယ်ဝန်ကလည်း ရှစ်လပြည့်ပြီဆိုတော့ တအားကို ဂရုစိုက်ပြီးနေနေရ တယ်။ အထိုင်အထကအစ တအားဂရုစိုက် ပြီးနေတယ်။ ပဋ္ဌာန်းကတော့ နေ့တိုင်း ရွတ်ဖြစ်တယ်။ တစ်ရက်မှ မပျက်ဘူး။ သူ့ကိုပဲ နေ့တိုင်းဘုရားရှိခိုးတိုင်း ဆုတောင်းေ ပးဖြစ်ပါတယ်” လို့ ချောရတနာက ဆိုပါတယ်။

ဖူးပွင့်သခင်နဲ့ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု

ချိုသာတဲ့အပြုံးပိုင်ရှင်၊ လှပတဲ့ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ပြီး အရင်ကထက် ပိုမိုအနုပညာခြေလှမ်းစိပ်လာတဲ့ ဖူးပွင့်သခင်ဆိုတဲ့ ကောင်မလေးကို လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းမေးကြည့်တဲ့အခါ ‘ဇမ္ဗူထွန်းဗီဒီယိုထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကိုနန္ဒရိုက်ကူးတဲ့ ယုံကြည်တယ် မဝေးဘူးဆိုတဲ့ ကားလေးကို ကိုဇူးမြတ်ထက်နဲ့ ရိုက်နေပါတယ်။ အဲကားလေးက ကျောင်းကားလေးပါပဲ။ အဲကားလေးထဲမှာ ညီမက ခပ်သွက်သွက်ကောင်မလေး တစ်ယောက်ပေါ့။ ကိုဇူးမြတ်ထက်ကို အသည်းအသန် လိုက်ကြိုက်တယ်။ ကျောင်းသားဘ၀မှာ ကိုဇူးမြတ်ထက်က မာနအရမ်းကြီးတယ်။ နောက်ပိုင်းကျမှ သမီးကို သူကပြန်ကြိုက်တဲ့ အခါကျတော့ ကိုယ်ကသူ့ကို စိတ်မ၀င်စားတော့ဘူး။ အဲလိုပုံစံလေးပေါ့။ အဲ့ကားပြီးရင် ကိုဟိန်းဝေယံနဲ့ ဗီဒီယိုကားလေးတစ်ကား ရိုက်ဖို့ရှိတယ်။ အဲ့ကားလေးက မင်းသမီးသုံးလက်နဲ့ပေါ့။

အဆုံး= အစဟာ သူ့အတွက် ပထမဆုံး ဟာသကားပါလို့ ဆိုလိုက်တဲ့ ထွန်းကိုကို

မော်ဒယ်လ်သရုပ်ဆောင် တက်သစ်စမင်းသားလေး ထွန်းကိုကိုတစ်ယောက် ဒရာမာဇာတ်ကားတွေပဲ ရိုက်နေရာက ခုပထမဆုံးဖန်စီဟာသဇာတ်ကားလေးကို စတင်ရိုက်ကူးနေပြီလို့ကြားသိရတာကြောင့် သူ့ရှုတင်ရှိရာသို့ သွားရောက်မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက အဆုံး=အစလို့ပေးထားတယ်။ ဒီကားထဲမှာ ကိုယ်က အစပိုင်း ကိုယ်က ကောင်မလေးကို အရမ်းနိုင်တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ တကယ်က ကိုယ်နိုင်တာမဟုတ်ဘူး။ အိပ်မက်မက်နေတာ။ တကယ်အပြင်မှာက ကိုယ်ကသူ့ကိုကြောက်ရတဲ့ ပုံစံလေးပါတဲ့။ ရှေ့မှာရိုက်ထားတာတွေက ဒရာမာတွေကြီးပဲ။ ခုက ပထမဆုံးဟာသရိုက်တာပေါ့။ ကြည့်တဲ့ပရိသတ်တွေ ရယ်ရမယ်လို့လဲထင်ပါတယ်။ ဒရာမာကတော့ ရှေ့မှာရိုက်ထားတာတွေက ၃ကားလောက်ရှိတယ်ဆိုတော့ သိပ်မခက်တော့ဘူးပေါ့။ ဟာသကတော့ ပထမဆုံးပါပဲ’လို့ သူကပြောပါတယ်။

ခင်ဆွေသက်/ Trend Myanmar

ဘောင်းဘီတိုတွေနဲ့ အေးအေးလူလူဖြစ်စေမယ့် ဖက်ရှင်မျိုးကို သဘောကျတဲ့ လဲ့ယမင်း

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် တွေ့လာရတဲ့ ဖိုတိုမော်ဒယ်တွေထဲက ခုတလောပေါ်ပြူလာဖြစ်လာတဲ့ လဲ့ယမင်း ဆိုတဲ့ ကောင်မလေးကို ဖေ့စ်ဘွတ်ခ်နဲ့ အကျွမ်းတ၀င်ရှိနေပြီသား လူငယ်တွေ သိထားပြီး ဖြစ်မှာပါ။ ဆံပင်ပုံစံကြောင့်ရော၊ သူမရဲ့အကြည့်တွေကြောင့်ပါ အားလုံးကို ငေးသွားစေမယ့် လဲ့ယမင်းရဲ့ ဖက်ရှင်အကြောင်း နည်းနည်းမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နွေရာသီက ပူတော့ ပေါ့ပေါ့ ပါးပါးနဲ့ ဘော်ဒီဖစ် လေးတွေတော့ ၀တ်ဖြစ်မယ် ထင်ပါတယ်။ ဘောင်းဘီတိုလေးတွေနဲ့ ၀တ်ရတာ ပေါ့ပါးပြီး အေးအေး လူလူရှိမယ့် ဖက်ရှင်တွေကို ရွေးချယ်ဖြစ်မှာပါ။ ကာလာတွေကတော့ မော်ဒယ်လ်စိမ်းရောင်၊ ပန်းရောင်တောက်တောက်တွေ သဘောကျနေတယ်။

မွေးနေ့အလှူအဖြစ် ကြေးဆင်းတုတော် တစ်ဆူနဲ့ ပလ္လင်လှူခဲ့တဲ့ မြတ်ကေသီအောင်

မြတ်ကေသီအောင်က ဖေဖော်ဝါရီလ ၁၈ရက်နေ့ မှာကျရောက်တဲ့မွေးနေ့ကိုပုလဲမြို့သစ် မြရတနာ ကျောင်းတိုက်  မှာသံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ ၄၂ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး မွေးနေ့မနက်မှာ အဖေနဲ့အမေကို အရင်ဆုံး သတိရမိတယ်လို့ ပြောပြပါတယ်။ မွေးနေ့ အမှတ်တရနဲ့ပတ် သက်ပြီး မြတ်ကေသီအောင်က  “မွေးနေ့ကို အစ်မတို့ကိုး ကွယ်တဲ့ ဘုန်းကြီးကျောင်းက သံဃာတော်တွေကိုနေ့ဆွမ်း ကပ်တယ်။နောက်အလှူအနေနဲ့ ကြေးဆင်းတုတော်တစ်ဆူ နဲ့ပလ္လင်တစ်ခုကို လှူခဲ့ တယ်။ဆင်းတုတော်နဲ့ပလ္လင်က အစ်မ အစကတည်းက လှူဖို့ရည် ရွယ်ထားတာ။မွေးနေ့မှာအမှတ်တရဖြစ်အောင်အဖေနဲ့အမေနာမည်ကို ကမ္ပည်းထိုးပြီးလှူခဲ့တယ်။မွေးနေ့ အတွက်ဒီလိုလှူနိုင်တာကလည်း ပရိသတ်တွေကြောင့်ပါပဲ။အစ်မကိုအခုချိန်ထိလက်ခံအားပေးတဲ့အတွက်ကြောင့်ပေါ့။

အနုပညာ အလုပ်တွေ လုပ်ဆောင်ဖို့ အမေရိကက ပြန်ရောက်လာပြီဖြစ်တဲ့ နိုင်းနိုင်း

စတုတ္ထရင်သွေးလေးကို အမေရိကမှာ အောင်မြင်စွာမွေးဖွားခဲ့ပြီးတဲ့ နောက် မှာတော့ နိုင်းနိုင်းကဇနီးနဲ့ သားသမီးများကို ခေတ္တခွဲခွာပြီး ဖေ ဖော်ဝါရီ၁၉ရက်နေ့ က မြန် မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါ တယ်။စတုတ္ထမြောက်သမီးလေးEmereece Cho Latt ကိုမွေးဖွားခဲ့တုန်းက ပီတိဖြစ်ခဲ့ရပုံကို နိုင်းနိုင်းက “ပျော်ပါ တယ်။
ဘာပဲဖြစ်ဖြစ်ကျန်းမာရေးကောင်း ဖို့ကအဓိကပဲ လေ။ မွေးခါနီးတုန်းက စန္ဒီ့အနားမှာကျွန်တော်ရော၊ ဆရာ ဝန်မတွေရော ရှိနေတာပေါ့။သူ့ကို တောင်ပြော လိုက်သေး တယ်။ငိုပြီးမမွေးနဲ့ရယ်ပြီးမွေးလို့နောက်နေသေးတယ်။ သူများတွေ ဆိုရင်ငိုကြတယ်လေ။ အဲဒါကြောင့် ရယ်ပြီးမွေးရ အောင် ဆိုပြီးနောက်နေကြတာ။မွေးခါနီးမှာ ပထမေ တာ့ ဘေးနားမှာ ပရိတ်တရားလေး ဖွင့်ပေးထားတယ်။နောက်တော့ စိတ်ပျော်ပြီး မနူထေဖြစ်အောင်လို့ သီချင်းဖွင့်ပေးလိုက် တယ်။ပထမဆုံးကလေး မွေးတုန်း ကလောက်   တော့သူ တအား မခံစားရဘူး။

ကိုယ်ရောက်နေတဲ့ နေရာကို ရောင့်ရဲကျေနပ်ပါတယ်ဆိုသူ စိုးပြည့်သဇင်

စိုးပြည့်သဇင်က ‘ဒေါနကို ပြော ပြချင်တယ်’ ဆိုတဲ့ ဇာတ်ကားကို မြဝတီမှာ သွားရောက်ရိုက်ကူးနေပါတယ်။ နယ် တွေမှာရှိုးပွဲတွေလည်းဆိုနေရင်း ဒုတိယ စီးရီးခွေအတွက် လည်း စီစဉ်နေတာ ကြောင့် ဂီတ ဘက်ပိုလုပ်ဖြစ်နေတယ် လို့လည်း ပြောပြပါတယ်။ကားရိုက် တွေ စီစဉ်ရိုက်ကူးမှုကိုတော့ “စိုးပြည့် ဇာတ်ကားတွေဘက် ရော၊ အဆို ဘက်ရော နှစ်ခုလုံး ကို အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်မှာပါ။ ဇာတ်ကား တွေဘက်မှာ အခုဒုတိယ စီးရီးခွေအတွက် စီစဉ် နေရတော့ကားရိုက်ဘက်ထက် သီချင်းကို နည်း
နည်းပိုအားစိုက်ဖြစ်နေတာပါ။ ကားရိုက်တွေ ဆက်တိုက်လုပ်သွားမှာပါ။ ဇာတ်ကားများများ များသောအားဖြင့် ဒရာမာနဲ့ ဟာသနှစ်မျိုး ရှိ တာ။ စိုးပြည့်က ဒရာမာကို ပိုအား သန်ပေမယ့် ဟာသကားလေးတွေလည်း ရိုက်ဖြစ်ပါတယ်။ တစ်မျိုးတည်းတော့ မရိုက်ဖြစ်ပါဘူး။ ပရိသတ်က ဒရာမာနဲ့ ပို လိုက်တယ်လို့ ပြောပေမယ့် ဇာတ်ရုပ်မျိုးစုံကို လုပ်နိုင်တဲ့ သရုပ်ဆောင် တစ် ယောက်ဖြစ်ချင်ပါတယ်” လို့ ပြောပြပါတယ်။

ဖန်စီပုံစံဇာတ်ရုပ်က ငယ်တဲ့အချိန်ပဲ ရိုက်လို့ရတာဆိုတဲ့ ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်က ‘အသက်သွင်း လိပ်ပြာ လေးရဲ့ရာဇဝင်’ ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကား တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံ ရွှေ ရည်က ဇာတ်တွေများလာတာနဲ့ အမျှ ကိုယ် ရိုက်တဲ့ဇာတ်ကိုအမြဲပြန်ကြည့်ပြီး ချိန်ရ တယ်လို့ပြောပြတာကြောင့်..
“ဇာတ်ကားတွေက ကိုယ့်ကား လေး တွေကို ကိုယ်ပြန်ချိန်ရတာပေါ့။ ရှေ့မှာ စရိုက်တုန်းကပုံစံတစ်မျိုး၊ နည်းနည်း ကြာလာတဲ့အခါ တစ်မျိုး ပေါ့။ အခု နောက်ပိုင်းထွက်လာ မယ့် ကားလေး တွေဆို ဇာတ်လမ်းရော၊ ဇာတ်ရုပ်ရော ချိန်ထားတာပေါ့။ အဓိကက ဇာတ်ရုပ်ပဲလေ။ ကစ်ကို ဒရာမာပိုင်းဆို လူ ငယ်ပရိသတ်က မကြိုက်ကြဘူး။ လူ လတ် ပိုင်း၊ လူကြီး ပိုင်းကတော့ ကြိုက် ကြတယ်။ တချို့ ဒရာမာကားတွေဆို ကိုယ်က စိတ် နှစ်ပြီးလုပ်ထားပေမယ့် တစ်ခါ တလေ ပရိသတ်က သိပ်သဘော မကျတာတွေရှိတယ်။ ဖန်စီကိုပိုပြီးအားပေးကြတယ်။ အဲဒီကြားထဲမှာ ကိုယ်က အတတ်နိုင်ဆုံးရွေးပြီး ရိုက် ရတာပေါ့။အတွေ့အကြုံတွေကအစ အရင် ကထက်ကွာသွားတာပေါ့” လို့ ပြောပြ ပါတယ်။

ကားအက်ဆီးဒင့်ဖြစ် ရင်း ကွယ်လွန်ခဲ့တဲ့ မအေးအေးသင်းအတွက် အလှူလုပ်ပေးခဲ့တဲ့ လင်းဇာနည်ဇော်

လင်းဇာနည်ဇော်က သူနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်တုန်းက ဆုံး သွားတဲ့ ညီမလေးမအေးအေးသင်း တစ်လပြည့်အလှူကို ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၁ဝ နာရီက နေအိမ် မှာ သံဃာတော်များကို သင်္ကန်းနဲ့ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ရေစက်ချလှူဒါန်းခဲ့ပါတယ်။ အခုလို မျိုး ကောင်းမှုကုသိုလ်ပြုလုပ်ဖြစ်ပုံ နဲ့ပတ်သက်ပြီး လင်းဇာနည်ဇော် က
“အက်ဆီးဒင့်ဖြစ်တုန်းက ဆုံး သွားတာ အစ်မရဲ့ညီမလေးလိုပါပဲ။ သူ့ရဲ့ တစ်လပြည့်ကိုရည်စူးပြီးတော့ လှူပေးဖြစ်တယ်။ အမှန်တကယ် သူ နေတာက မန္တလေးမှာနေ တာပါ။ မန္တလေးကသူ့မိသားစုကလည်း မန္တလေးမှာလုပ်သလို အစ်မကလည်း ဒီမှာသူ့ရဲ့အစ်မတစ်ယောက်အနေ နဲ့ လုပ်ပေးတာပါ။ သူရောက်တဲ့နေရာ က သာဓုခေါ်နို င်အောင်လို့ပါ။ အစ်မက ရွှေပြည်ဟိန်းကျောင်းတိုက် က ရွှေပြည်ဟိန်းဆရာတော်ကိုပင့် ပြီးတော့ သင်္ကန်းနဲ့ လှူဖွယ်စ္စည်း ဝတ္ထုတွေကို ကပ်လှူပေးဖြစ်တယ်။ ဆွမ်းကပ်ဖြစ် တယ်။
Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB