Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဆရာတော် အရှင်ဆေကိန္ဒနဲ့အတူ အနုပညာရှင်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို စိတ်ဓာတ်ခွန်အား ပေးခဲ့ကြ

ဝိတိုရိယဆေးရုံ (Victoria Hospital) နှင့် အမေရိကန်နိုင်ငံ Alliance For Smiles Organization တို့ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို မတ်လ ၁ဝ ရက်မှ ၂ဝ ရက်အထိ အခမဲ့ စစ်ဆေးခွဲစိတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ မတ်လ ၁ဝ ရက်တွင် အမေရိကန်မှ မေ့ဆေးဆရာဝန်ကြီးများ၊ Plastic Surgery ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဝိတိုရိယ ဆေးရုံကြီးမှ ဆရာဝန်များပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာဦး ရေ ၁၂ဝ ခန့်ကို မနက် ၈ နာရီမှ စ၍ စမ်းသပ်စစ်ဆေးခြင်းကို လုပ် ဆောင်ခဲ့ပါတယ်။ လာရောက်စမ်း သပ်စစ်ဆေးကြသော လူနာများမှာ ရန်ကုန်တိုင်းမှသာမက မြန်မာတစ် ပြည်လုံး သဲကုန်း၊ တောင်ကြီး၊ ဧရာ ဝတီတိုင်း၊ မကွေးတိုင်း၊ ပုသိမ်၊ ရခိုင် ပြည်နယ်၊ လွိုင်ကော်၊ တောင်ငူ၊ မုဒုံ၊ ပျော်ဘွယ်၊ ကျိုက်ထို၊ အင်္ဂပူ၊ မွန် ပြည်နယ်၊ မြစ်ကြီးနား၊ စစ်တွေ၊ မုံရွာ၊ အင်းတော်၊ ကသာ၊ ဗန်းမော်၊ ဝေါ၊ ညောင်ဦး၊ ကယား၊ ကျောက်ဆောက်၊ ပွင့်ဖြူ၊ ပင်းတယ၊ သန်လျင်၊ မှော်ဘီ၊ ဆီဆိုင် (ရှမ်းပြည်)၊ ဆားလင်းကြီး၊ ပငမြို့နယ်တို့မှ လာရောက်ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ လူနာများကို ဆရာတော် အရှင် ဆေကိန္ဒနှင့် သရုပ်ဆောင် ပြေတီဦး၊ အိâန္ဒာကျော်ဇင်တို့ဇနီးမောင်နှံ၊ အဆိုတော်လင်းလင်း၊ ချစ်သုဝေတို့ ဇနီးမောင်နှံတို့က မတ်လ ၁၃ ရက် နေ့ မနက် ၇ နာရီက ဝိတိုရိယဆေးရုံမှာ ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေး စကားပြောကြားခဲ့ပါတယ်။ လူနာများကို အားပေးခဲ့တဲ့ ပြေတီဦးက..
” ဒီကလေးလေးတွေကို အခုလိုမျိုးဆေးရုံတွေက အခမဲ့လှူဒါန်းပေး ပြီး ခွဲစိတ်ပေးတာမျိုးတွေက ပရဟိတလုပ်ငန်းပါပဲ။ တအားကောင်းပါ တယ်။ ကျွန်တော်က ဒီကလေးတွေနဲ့ လည်း တွေ့ချင်တယ်။ သူတို့တွေကို လည်း ကိုယ်တိုင်ကိုယ်ကျ အားပေး ချင်တယ်။ ကျွန်တော်တို့တွေလာပြီး အားပေးတော့ သူတို့မိသား စုတွေ ပျော် တာပေါ့။ ခုနက ခွဲစိတ်ခါနီး ကလေးတွေရဲ့ မိသားစုတွေဆိုရင် ခွဲခါနီးကို အတင်းပြေးလာပြီး ဓာတ်ပုံ တွေလာရိုက်ကြတယ်။ ခွဲခါနီးလေးမှာ စိတ်ပူနေတာ အခုတွေ့လိုက် ရတော့ စိတ်ချမ်းသာသွားတယ်။ ပျော်သွား တယ်ဆိုတာမျိုး။ သူတို့ရဲ့ စိတ်ပိုင်း ဆိုင်ရာလေးကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ပျော်ရွှင်စေရတာကိုပဲ တအားဝမ်းသာပါတယ်”  လို့ ပြောပါ တယ်။ အိန္ဒြာကျော်ဇင်ကလည်း..
” အူဝဲတို့လည်းလာပြီးအားပေးတာပါ။ ကလေးတွေမြင်တော့ စိတ်ထဲမကောင်းဘူး။ မိဘချင်းကိုယ်ချင်းစာတယ်။ အခုမြင်တွေ့ရတာ တအားကောင်းပါတယ်။ သူတို့အကုန်လုံး အကောင်းပကတိဖြစ်သွားတော့ စိတ်ထဲမှာဝမ်းသာပါတယ်”  လို့ ပြောပါတယ်။ အဆိုတော်လင်းလင်းကလည်း..
” ကျွန်တော်တို့ဘက်ကလည်းရတဲ့အခွင့်အရေးလေးမှာ တတ်နိုင်သမျှလာပြီးအားပေးတဲ့သဘောပါ။ ကျွန်တော်တို့ အားပေးစကားပြောတဲ့အပေါ်မှာ သူတို့ အားလေး တစ်ခု ဖြစ်မယ်၊ ဝမ်းသာပီတိဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ကုသိုလ်လည်းရတယ်။ အားပေးရကျိုးနပ်တာပေါ့”  လို့ ပြောပါတယ်။ ထို့အပြင် ချစ်သုဝေက..
” တအားစိတ်ကြည်နူးရပါတယ်။ ထရီဇာတို့မြန်မာပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှုကများသော အားဖြင့်မတတ်နိုင်ကြဘူး။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလေးတွေကလည်း ခွဲစိတ်စရိတ်ကြီးတော့ မတတ်နိုင်ကြဘူး။ ဝိတိုရိယကစီစဉ်ပြီး နိုင်ငံခြားကအဖွဲ့တွေနဲ့ မြန်မာနိုင်ငံကအဖွဲ့ တွေ ပူးပေါင်းပြီး ကလေးတွေကို ခွဲပေးတော့တအား စိတ်ချမ်း သာရ ပါတယ်။ သူတို့အတွက် စိတ်ဓာတ်ခွန်အားတွေရတဲ့အတွက်လည်း ပျော်ရပါတယ်”  လို့ ပြောပါတယ်။
ခိုင်ဝေလွင်/popularmyanmar
ဓာတ်ပုံ- မင်းမင်းထွန်း

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB