Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တပ်မတော်(ရေ)အပါအ၀င် လုံခြုံရေးအင်အားတိုးမြင့်ချထားမည်

မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက် ယူမည်ဖြစ်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် တွင် မတ်လ ၁၉ ရက်နေ့မှစ၍ တရားမ၀င် ခိုးဝင်လာမှုများအား တားဆီး ကာကွယ်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပါအ၀င် လုံခြုံရေးအင်အား တိုးမြှင့် ချထား မည်ဖြစ်ကြောင်း တပ်မတော်(ရေ)မှ အရာရှိတစ်ဦးထံမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂလီအရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ``ပင်လယ်ရေကြောင်း ကနေ စက်လှေတွေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ စက်လှေမှော က်ပြီးသေ တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပဲ၊ သန်းခေါင် စာရင်းကောက်တဲ့အချိန်မှာ ဘင်္ဂလီတွေ နည်းအမျိုးမျိုးနဲ့ဝင်ဖို့ ကြိုးစားမှာပဲ၊ ကျန်တဲ့အချိန်တွေမှာ ခိုးဝင်ဘင်္ဂလီ တွေကို ထိထိရောက်ေ ရာက် မတားဆီးနိုင်ပေမယ့် သန်းခေါင် စာရင်း ကောက်ယူချိန်မှာတော့ မဖြစ်မနေ တားဆီးရမှာ ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အ၀င်/အထွက်များတော့ အဓိကထားပြီး လုံခြုံရေးတွေကို တိုးမြှင့် လုပ်ဆောင်သင့်ပါတယ်´´ ဟု ပြောကြားသွားသည်။
မြန်မာ့တပ်မတော်(ရေ)က မတ်လ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ပြုလုပ်နေပြီး အဆိုလေ့ကျင့်ခန်းပြုလုပ်စဉ်ကာလအတွင်း သတ်မှတ်ဧရိယာမှ ၅ မိုင်ပတ်လည်တွင် ယာဉ်အမျိုးမျိုးဖြတ် သန်း သွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ် ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော်(ရေ)က သတိပေး ချက်ထုတ်ပြန်ထားကြောင်း တပ်မတော်(ရေ)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပင်လယ်ပြင်စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များကို မြန်မာ့ကမ်ရိုးတန်းတစ်လျှောက်တွင် တပ်မတော် (ရေ)မှ စစ်ရေ ယာဉ်များဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူချိန်မတိုင်မီကာလများနှင့် ကောက်ယူနေချိန်များတွင် ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်မှုများအပါအ၀င် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် လုံခြုံရေးအဆင့် ပိုမိုတိုးမြှင့်၍ ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်ကို အဓိကထား အင်အားတိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ခိုးဝင် ဘင်္ဂလီများ မ၀င်ရောက် နိုင်ရန် တပ်မတော်(ရေ)နည်းတူ တပ်မတော်(ကြည်း)မှလည်း နယ်စပ် တွင် လုံခြုံရေးစခန်း(၁၅)ခု တိုးချဲ့ ဆောက် လုပ်ကာ လုံခြုံရေးအင်အား တိုးမြှင့်ချထား မည်ဖြစ်ေ ကြာ င်း သိရှိရသည်။
အောင်ချေ
Online Update News

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB