Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

နားလည်မှုတွေနဲ့ အိမ်ထောင်သည်ဘဝကို တည်ဆောက် သွားကြမယ့် ဖြိုးငွေစိုး နဲ့ ဇင်ဇင် တို့ရဲ့ ကြည်နူး ရင်ခုန် စကားသံများ

ပရိသတ် အားပေးမှု အတော် အသင့် ကိုယ်စီရရှိထား သူတွေဖြစ် ကြတဲ့ ဖြိုးငွေစိုးနဲ့ ဇင်ဇင်တို့ အနုပညာရှင် နှစ်ဦးဟာ နှစ်ယောက် တစ်ဘဝ ပေါင်းစပ်လို့ မိသားစု ကမ္ဘာ လေးတည်ဆောက် ပုံဖော်ကြတော့ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ ဖြိုးငွေစိုးနဲ့ ဇင်ဇင်တို့ရဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည် ဘဝ မည်သို့မည်ပုံ တည်ဆောက်ခဲ့ ပုံနဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအပြင် တစ် ဦးအပေါ် တစ်ဦး နားလည်မှုတွေ ထားပြီး ချစ်မေတ္တာပုံ အပ်ထားပုံ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ဖြိုးငွေစိုး
ချစ်သူသက်တမ်း ၆နှစ်ကြာ
ကျွန်တော် သူနဲ့ စတွေ့တာက တော့ ပွဲတွေ ဘာတွေ သွားရင်းလာ ရင်းနဲ့စ ပြီးတွေ့ဖြစ်ကြတယ်။ သူနဲ့ ကျွန်တော် နဲ့က သူငယ်ချင်းတွေလိုပဲ စနောက်နေတာက များ တယ်။ ချစ် သူတွေအဖြစ် ခြောက်နှစ် သက်တမ်း မှာလည်းနေ့တိုင်း ရန်ဖြစ်တယ်။ နေ့တိုင်း ပြန်တည့်တယ်။ နေ့တိုင်း စိတ်ကောက်၊ နေ့တိုင်း စကားများတယ်။ နေ့တိုင်း လည်း ပြန်ပြီး အဆင်ပြေတယ်။ နောက်တစ်ခုက ချစ်သူ သက်တမ်း ကလည်း ခြောက်နှစ် ကြာပြီဆိုတော့ ဒီထက်လည်း ပိုပြီးကြာလို့ မဖြစ် တော့ ဘူး။ နှစ်ယောက်စလုံး အကျင့် တူတာက စိတ်ကူးပေါက်ရင် ထပြီး လုပ်ဖြစ်တယ်။ အခုလည်း ဒီလိုပဲ ထပြီးတော့ ယူဖို့ကို ပြောပြီးတော့ ချက်ချင်း စီစဉ်ဖြစ်သွားတယ်။ စိတ် ချမ်းသာရတယ်။

နှစ်ဦးကြားနားလည်မှုရှိပြီးသား
ကျွန်တော်တို့ နှစ်ယောက် နားလည်မှု သိပ်ပြီး မယူရဘူး။ တစ် ခုကောင်းတာက ပါးစပ်က ပြောစ ရာမလိုဘူး။ သူ့ဘာသာသူ အလိုလို သိတယ်။ သဘောပေါက်တယ်။ ကျွန် တော် လုပ်ချင်တာရှိလို့ တစ်ခုလုပ် ပြီ ဆိုရင်လည်း သူမတားဘူး။ ကြည့် နေတယ်။ ဒါပေမဲ့ ဘေး ကနေပြီး ထိန်းပေးတယ်။ ဟိုမသွားနဲ့ ဒီမသွား နဲ့ဆိုပြီးလည်း သူပြောလို့ မရဘူး။ သူမပြောဘူး။ ဒါပေမဲ့ ဘယ်အချိန် ပြန်ရောက်အောင် ပြန်လို့တော့ မှာ တယ်။ ကျွန်တော် လုပ်မယ့် အလုပ် တွေကိုလည်း သူနားလည် တယ်။ ဘေး ကနေ သူဘာလုပ်ပေး ရမလဲဆို တာ သူသိ တယ်။
တာဝန်ယူနိုင်မှုနှင့် အိမ်ထောင်ပြု
ကျွန်တော်တို့ ယူဖို့ စဉ်စား ထားတာတော့ ကြာပါပြီ။ ကျွန်တော်  အရင်တုန်း ကလည်း ပြောဖူးပါ တယ်။ ကျွန်တော် တာဝန်ယူနိုင်ပြီလို့ ထင်တဲ့ အချိန်မှာပဲ ဒီဝန်ကို ထမ်း ချင် တယ်။ အဲဒါကြောင့် အခုလည်း ဒီ ဝန်ကို ထမ်းနိုင်ပြီ ထင်လို့ ယူဖို့ ဆုံး ဖြတ်လိုက်တာပါ။ ကျွန်တော် အိမ် ထောင်သည်ဘဝ ရောက်သွားပြီ ဆို ရင်လည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ အရင် ထက်တော့ ပိုပြီး သပ်သပ်ရပ် ရပ်လေးနေမယ်။ အရင် လိုတော့ မဟုတ်တော့ဘူး။
သင်္ကြန်တွင်းရက်များ ဟန်းနီးမွန်းခရီး စီစဉ်ထား
ကျွန်တော်တို့ ပထမ ကတော့ ဟန်းနီးမွန်း ကို အင်္ဂလန်သွားဖို့ စီစဉ် ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အင်္ဂလန် မသွားဖြစ်တော့ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ အချိန်က တစ် လခွဲတောင် ဆိုတော့ ဒီမင်္ဂလာဆောင် မတိုင်ခင် တချို့ အလုပ်လေးတွေ ရပ် လိုက်ရတာလည်း ရှိတယ်။ အဲဒါ တွေ ပြန်လုပ်ရ မှာရော တချို့ဟာလေး တွေလည်း ကျွန်တော် လက်မလွတ်ချင် တဲ့ ဇာတ်ကားလေးတွေ လည်း ရှိ တယ်။ အဲဒါကြောင့် အင်္ဂလန်က နောက်မှ သွားလည်းရတယ်။ ဒီတော့ သင်္ကြန်နီး မှပဲ တစ်နေရာရာ သွား မယ်။ နီးနီးနားနား သွားမယ်။ သူက တော့ ဘာလီကျွန်း ကိုသွားချင်တယ်။ ကျွန်တော်တို့ နှစ်ယောက် အဆင်ပြေ မယ့်နေရာ တစ်နေရာရာတော့ သွား ဖြစ်မှာပါ။ သင်္ကြန် တွင်းသွားမှာပါ။
အနုပညာအလုပ်ပဲ ရှေ့ဆက်လုပ်မှာ
အနုပညာ အလုပ်တွေကိုလည်း ကျွန်တော် ရှေ့ဆက်ပြီး လုပ်ဆောင် သွားမယ်။ ကျွန်တော့် အသိတွေ ပြောတာကတော့ အိမ်ထောင်သည် ဖြစ်ပြီးရင် အလုပ်လုပ် ရတာ ပိုပြီး သပ်ရပ် သွားတယ်လို့ ပြော ကြတယ်။ ပိုပြီးတော့ လည်း ငြိမ်တယ်။ အရင် က လိုတော့ နေလို့မရဘူး။ ကိုယ်တိုင် လည်း စဉ်းစားမိတယ်။ ပရိသတ်က လည်း ယူဖို့ ကျွန်တော့် ကို မြှောက်ပေး တယ်။ ယူမယ် ဆိုတော့လည်း သူတို့ ပျော်ကြတယ်။ အဲဒီတော့ ပရိသတ် ကို ပြောချင်တာက သူတို့မြှောက်ပေး တဲ့ဇာတ် ဆိုတော့ ကျွန်တော် လည်း ဆက်ပြီးသာ အားပေးကြ ပါလို့ ပြော ချင်ပါတယ်။
ဇင်ဇင်
နားလည်မှုတွေနဲ့တည်ဆောက်ခဲ့တဲ့ ချစ်သူဘဝ
သူနဲ့ စတွေ့တာ ကတော့ သူ ငယ်ချင်းတွေနဲ့ လွန်ခဲ့တဲ့ ငါးနှစ် ကျော်၊ ခြောက်နှစ်လောက် ကစပြီး တွေ့ဖြစ်တယ်။ အဓိက ကတော့ ချစ် သူသက်တမ်း ၆ နှစ် အတွင်းမှာ နား လည် မှုတွေ နဲ့ နေဖြစ်တယ်။ ကိုယ် ကလည်း သူ့ အပေါ်မှာ ခွင့်လွှတ်ပေး နိုင်တဲ့ အရာမျိုးတွေ၊ သူကလည်း ကြီးကြီးမားမား ပြဿနာတွေ မလုပ် တတ်ဘူး။ တစ်ယောက် နဲ့တစ် ယောက် ညှိနှိုင်းပြီးတော့ နေဖြစ်တယ်။
တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းတူကြတယ်
အလုပ်နဲ့ ပတ်သက်ပြီးတော့ အစ်မကတော့ သူ့ကို အကြံပေးဖြစ် တယ်။ နှစ်ယောက် စလုံးက အကျင့် စရိုက် တူတယ်။ နှစ်ယောက် စလုံးက စိတ်မြန်တယ်။ သူက အမြဲ တမ်း စိတ်တို လွယ်တယ်။ ဒေါသထွက်လွယ် တယ်။ စိတ်တော့ တအားတို တတ် တယ်။ ပြီးတော့လည်း ပြီးသွားတာပဲ။ ဘာမှ မဟုတ်ဘူး။ သူ့ရဲ့အားသာ ချက် ကတော်တော်ကို သဘော ကောင်း တယ်။ အပေါင်း အသင်းပေါ် မှာ ရော၊ တခြားအရာတွေ မှာပါ တအား ကူညီချင်တဲ့စိတ်ရှိတယ်။
အိမ်ထောင်သည်ဘဝကိုလည်း နားလည်မှု နဲ့တည်ဆောက်မယ်
အဓိကကတော့ အိမ်ထောင် သည်ဘဝရောက် သွားရင် လည်း တစ် ယောက်ကိုတစ် ယောက် ပိုပြီးတော့ နား လည်ရမယ်။ တစ်ယောက် စိတ်ကို တစ်ယောက် သိနေ ကြတာ ဆိုတော့ နားလည်မှု တအားကြီးတော့ ယူစရာ မလိုပါဘူး။ တိုင်တိုင် ပင်ပင်လေးနဲ့ နေသွားမယ်။ သူ့အလုပ် ကိစ္စတွေကို လည်း တတ်နိုင်တဲ့ ဘက်ကနေပြီး အကြံပေးမယ်။ ကူညီပံ့ပိုးပေးသွား မှာပါ။ လက်တွဲဖော် အနေနဲ့ အစစ အရာရာ ဒီထက်မက ကူညီပံ့ပိုးပေး သွားမယ်။ အစ်မတို့က စိတ်ဆိုး ရန်ဖြစ်လည်း ခဏပဲ။ ကြီးကြီး မား မား ပြဿနာမျိုး မရှိဘူး။ အမှတ် တရနေ့တွေ မှာလည်း အမှတ်တရ ပစ္စည်းတွေ ကတော့ အများကြီးပဲ။ တန်ဖိုး ရှိတာတွေရော၊ မရှိတာတွေ ရော အများကြီး ပါပဲ။ နောက်ပိုင်းမှာ လည်း ကိုဖြိုးကို အားပေးကြပါလို့။ တစ်ယောက် နဲ့ တစ်ယောက်က လည်း နားလည်မှုတွေ နဲ့နေသွားမယ်။ သူ့ကို ကူညီ ပံ့ပိုးပေး သွားမယ်။ အတတ်နိုင် ဆုံးတော့ ကူညီပေး သွားမှာပါ။

popularmyanmar

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB