Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရော့ခ်ဧကရဇ်ကြီး ဖြစ်ပေါ်လာပုံ ( အပိုင်း-၂ )

ပင်လယ်အော်သံဆိုတဲ့ခွေလေးထွက်လာတဲ့အခါမှာလေးဖြူဟာခိုင်မာသော ဘ၀ကို ရယူနိုင်သွားပါတယ်။
ဘာလို့ခို်င်မာတဲ့ဘ၀ကိုရယူနိုင်တယ်လို့ပြောရသလဲဆိုရင် တစ်ချို့သောအဆိုတော်များမှာ (ဥပမာ ဗဒင်)ပထမခွေရဲ့အောင်မြင်ပေမဲ့
နောက်ခွေမှာ ကျတော့ ခပ်အေးအေးဖြစ်သွားတတ်လို့ပါဘဲ။

လေးဖြူ နာမယ်ကြီးခဲ့တဲ့သီချင်းတွေကတော့
(အိပ်မက်ရထား။မုန်းလိုက်။နောက်ထပ်တို့မဝေးဘူး။မျှော်လင့်ခြင်းလေး။စုန်းမ။သေခြင်းရဲ့တံခါးများ။လွမ်းတဲ့စိတ်။အသုံးမကျတဲ့နှင်းဆီ။အလွမ်းများတစ်ကိုယ်ရေလွမ်းဆွတ်မူ့။လိပ်ပြာ။အဖေ။)သီချင်းတွေအပြင်လူကြိုက်များတဲ့သီချင်းတွေများပါတယ်။

ထူးဆန်းတယ်ပြောရမှာက ရော့က်သီချင်းဆို ဆူမှညံမှ ပွက်လောရိုက်မှလို့ထင်နေတဲ့သူများ ကို အလင်းရောင်လို လွမ်းတဲ့စိတ်လိုသီချင်းအေးအေးလေးများနဲ့ဖမ်းစားထားနိုင်တာပါဘဲ။
နောက်ပြီး မြန်မာပြည်မှ ပထမဆုံးလို့ပြောနိုင်တဲ့ နှစ်ပုဒ်ထဲပါတဲ့မဉ္ဇူရီဆိုတဲ့
သီချင်းခွေလေးကို ထုတ်ပြခဲ့တာပါဘဲ။ဒါပေမဲ့ ငွေကြေးအပိုင်းမှာမအောင်မြင်တော့ တစ်ခါထဲပါဖြစ်သွားပါတယ်။


နောက် သူ့ညီအငဲနဲ့ သူ့တူလိုဖြစ်နေတဲ့ မျိုးကြီးနဲ့တွဲလို့ စောဘွဲ့မှူးအမှတ်တရခွေပြီးတဲ့နောက်မှာ စင်ပေါ်မတက်တော့ဘူး အသက်ကြီးပြီဆိုပြီးနားလိုက်ပါတယ်။ဒါပေမဲ့ နာဂစ်ရန်ပုံငွေပွဲအတွက်ဆိုပြီးအလှူပေးဘို့အတွက်စင်ပေါ်ပြန်တက်လာတဲ့အခါမှာချစ်သောပရိသတ်များက

အားပေးလိုက်ကြတာ ဘယ်သူမှလိုက်မမှီအောင် ၀က်ဝက်ကွဲပါဘဲ။
(လူကိုရူးမတတ်ဖြစ်စေတဲ့ …….သံယောဇဉ် …….ဒီသံယောဇဉ်………………….)တို့

(အပေါ်ယံရှပ်ထိသောဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်……..ဘယ်ဆီကိုမင်းရောက်နေတယ်……….ဘယ်သူနဲ့မင်းရှိနေတယ်)

ဆိုတဲ့ ထူးခြားစွာ ပင်လယ်ကမ်းစပ်မှာအမှတ်တရသွားတီးထားတဲ့ B0B စီးရီးတို့ဖြစ်ပါတယ်။

သူနဲဇော်ဝင်းထွဋ်ကို နိုင်းယှဉ်ကြည့်မယ်ဆိုရင် ဇော်ဝင်းထွဋ်ကတော့ ၀တ်တားစားတာ လုံးဝအမြင့်တွေပါ။
လေးဖြူကတော့ ဂျင်းဘောင်းဘီ အနွမ်းလေး အကျီအကွက်ကလေး တီရှပ်ကလေးနဲ့ရိုးရိုးလေးဆိုတော့လူငယ်
တွေနဲ့ပိုနီးသလိုခံစားရပါတယ်။

လေးဖြူနဲ့အတူ မြန်မာပြည်က အိုင်စီလို့ခေါ်တဲ့တီးဝိုင်းရယ် (စောဘွဲ့မှူးကတော့ ဂစ်တာဘုရားပေါ့) ဂစ်တာသမားအသစ်ကလေး
ချစ်စမ်းမောင်(အတော်တော်တဲ့ပါရမီရှင်ပြောရင်မမှားပါ)ရယ် ကေအေတီဆိုတဲ့ သီချင်းရေးဆရာ အသစ်ရယ်မွေးဖွားလာပါတယ်။
နောက် လေးဖြူနဲ့ အသံဆင်တူတဲ့အဆိုတော်တစ်ယောက်ထွက်လာပါတယ်။
သူနာမယ်ကြီးလာတဲ့သီချင်းကလဲ မန်းလေး တက္ကသိုလ်ကညများကို လွမ်းတဲ့သီချင်းလေးတွေနဲ့ပါ။
လေးဖြူနဲ့တူဆိုနောက်မှသိလာရတာက လေးဖြူရဲ့ညီ နာမည်ရိုးပေမဲ့ အကြားဆန်းနေတဲ့ (အငဲ)ပါ။

လေးဖြူနဲ့တူသလိုထင်ရပေမဲ့ သူကလဲသူ့စတိုင်နဲ့သူရပ်တည်သူပါ။
သူနဲ့သူ့အကိုတို့အိုင်စီ ရှိုးပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အတည်ပေါက်ဟာသတွေထုတ်သွားကြတဲ့
(ဒီသီချင်းကို သူဒီညမဆိုရရင်သူသေသွားနိုင်တယ်…………….)တို့
(အမျိုးအရင်းတွေက မယုံရဘူးတို့ ဟောကြည့် ……လူကြီးရှက်တော့ စပ်ဖြီးဖြီးကြီး)လို့တစ်ယောက်နဲ့တစ်ယောက်
နောက်ကျတာလေးက အတော်ကိုကြည်နူးစရာကောင်းပါတယ်။
အငဲရဲ့နာမယ်ကြီးသီချင်းများကတော့ (85 မန္တလေးညများ။နူးညံ့တဲ့အမိန့်တော်အတိုင်း။မျှော်လင့်ခြင်းကွင်းပြင်။အကြည့်။
ကိုယ်ရေးရာဇ၀င်။လမ်းပြပါဦး။ဘေဘီ။)
နောက်ထူးထူးခြားခြား ခင်မောင်ထူးသီချင်းကို ပုံစံသစ်နဲ့ပြန်ဆိုလိုက်တာကိုလူတွေခိုက်သွားတဲ့
(ဒွေးမယ်နော်ငွေတောင်ပြည်ပြန်သွား…………………..ဇာတ်ထဲမှာတော့ မင်းသားလေးလို သည်ဇာတ်ဟာအလွမ်းဆုံးဟေ……………………)

...................................................................................................

လေးဖြူ ၏ ပထမဆုံးခွေ ထွက်ပြီးသောအခါ လေးဖြူ ၏ Vocal Power သည် အမည်း ကောင် တွေ ကို ယှဉ်နိုင်သော Vocal Power ဖြစ်ကြောင်း တစ်ချို့က ချီးကြူးကြသည်။ လူငယ်အများစုကတော့ အရူးအမူး စွဲလမ်းစွာဖြင့် လေးဖြူ ၏ အလံတော် အောက် ခိုလှုံလိုက်ကြတော့သည်။ လေးဖြူ စတိတ်ရိုးမှာ အလင်းရောင် သီချင်းကိုဆိုလျှင် ဖယောင်း တိုင်ကလေး ကလေးတွေမီးညှိကာ၊ ဂက်စ်မီးခြစ်ကလေးတွေ မီးညှိကာ လက်တွေ ဝေ့၀ဲ ကာ လိုက်ဆိုကြသည်မှာ အားရစရာ။....

အပိုင်း (၃) ကိုမကြာခင် တင်ဆက်ပါမည်။

မှတ်ချက်။ ။ ဤ ဆောင်းပါးပါအကြောင်းအရာများသည် အခြားအခြားသော website နှင့် blog များ group များမှ ရယူဖော်ပြခြင်းသာဖြစ်ပါသည်။ We Love Music ၏ မူပိုင်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ လေးဖြူချစ်သူများအားလည်း လွတ်လပ်စွာ ပြန်လည် မျှဝေခွင့်ပြုပါသည်။

အပိုင်း (၁) မဖတ်ရသေးသူများအတွက် >>>
https://www.facebook.com/474304119324056/photos/a.474315445989590.1073741828.474304119324056/605207746233692/?type=1&theater တွင် သွားရောက် ဖတ်ရှုအားပေးနိုင်ပါသည်။


We Love Music

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB