Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

အိမ်ဖော်ကို ရက်စက်စွာနှိပ်စက်သည့် အိမ်ရှင် ဖမ်းဆီးစစ်ဆေးခံရ

အိမ်ဖော်အမျိုးသမီးကို ရက်စက်စွာနှိပ်စက်တဲ့အိမ်ရှင်ကို ရဲစခန်းက ဖမ်းဆီးစစ်ဆေး နေပါတယ်။
အိမ်ဖော်အမျိုးသမီး မသီတာဝင်းကို ရေနွေးပူလောင်းတာအပြင် မီးပူနဲ့ထိုးပြီး ရိုက်နှက် နှိပ်စက်တဲ့ အိမ်ရှင်ဒေါ်စီစိလျ (ခ) ဒေါ်ခါးခါးကို ရန်ကုန်တိုင်း ကမာရွက်မြို့နယ်ရဲစခန်းက မတ်လ ၂၀ ရက် ညနေပိုင်းမှာ သွားရောက်ဖမ်းဆီးစစ်ဆေးနေပြီလို့ ကမာရွတ်ရဲစခန်းက အမှုစစ် အရာရှိ ဒုရဲအုပ် ဟန်ထွန်းအောင်က ပြောပါတယ်။

“မနေ့ညနေပိုင်းက ဖမ်းပါတယ်။ သူ့ကိုတော့ ကျနော်တို့ စစ်ဆေးတုန်းပါပဲ။ ဒါက ရမန်ပေးလို့မရတဲ့အတွက် ရဲစခန်းမှာ ချုပ်နောင်ပြီး စစ်ဆေးတုန်းပေါ့။”
ဒေါ်စီစိလျကို အိမ်ဖော် မသီတာဝင်းကနေပြီး ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်တဲ့အတွက် စတင်အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။ သူ့ကို အပြင်းအထန် နာကျင်စေမှု၊ တားဆီး ပိတ်ပင်မှုနဲ့ ဆဲဆိုမှုတို့နဲ့ စွဲဆိုပြီး စစ်ဆေးနေတာဖြစ်ပါတယ်။


ရန်ကုန် ဘုရင့်နောင်တာဝါ ၂ ရှိ လေးလွှာမှာနေတဲ့ ဒေါ်စီစိလျဟာ အိမ်ဖော်မ သီတာဝင်းကို ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့က မိမိညှပ်တဲ့ ဆံပင်ညှပ်ဆိုင်မှာ မညှပ်ဘဲ တခြား ဆံပင်ညှပ်ဆိုင်ကို သွားညှပ်တဲ့အတွက် ညှဉ်းပန်းနှိပ် စက်သလို ရေနွေးပူတွေနဲ့ လောင်းခဲ့တာလို့ ကာယကံရှင် မသီတာဝင်းက ပြောပါတယ်။
တရက်တည်းမှာပဲ အဲဒီညနေက အိမ်ရှင်က ပါတီပွဲသွားဖို့ဆိုပြီး မီးပူတိုက်ခိုင်းရာ မီးပူတိုက်တာ မပြန့်ဘူးဆိုပြီး မီးပူနဲ့ ထိုးခဲ့တယ်လို့လည်း ပြောပါတယ်။

နှိပ်စက်ပြီးနောက် အခန်းတွင်း သော့ပိတ်လှောင်ပိတ်ထားသလို အရောင်ပျောက်ဆေး ပေးပြီး မိမိဘာသာကုသခိုင်းပြီး မကုရင် မသင့်တော်တဲ့ နေရာတခုကို ပို့မယ်လို့ ခြိမ်းခြောက်ကြောင်း ပြောပါတယ်။
အနာသက်သာပြီးနောက် မတ်လ ၁၈ ရက်နေ့မှာတော့ အ၀တ်လျှော်ဖို့ ဆပ်ပြာသွား ၀ယ်ခိုင်းတဲ့အတွက် သမိုင်းမှာနေတဲ့ အစ်မ ၀မ်းကွဲတဦးဆီ ထွက်ပြေးခဲ့ပြီး ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

dvb /burmese


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB