Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်း စစ်ရှောင်စခန်းတွင် မတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က လေပြင်း ကျရောက်စဉ် စစ်ရှောင်စခန်း အတွင်းရှိ ယာယီရွက်ဖျင်တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ရာ တဲအတွင်း အိပ်ပျော်လျက် ရှိသည့် စစ်ရှောင်မိသားစုသုံးဦးအနက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် မီးလောင် သေဆုံးခဲ့ကာ မိဘနှစ်ဦးမှာ မီးလောင်ဒဏ်ရာ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဂျာယန် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းကဆိုသည်။


“ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲပါ။ ဒုက္ခသည်တွေ နေထိုင်နေတဲ့တဲက မီးလောင်လွယ်လို့ မီးသတိထားဖို့အတွက် သတိပေးထားတယ်။ ရှိနေတဲ့တွေက မီးဘေး အန္တရာယ်အတွက် လုံးဝစိတ်မချရဘူး။ အခြား လုံခြုံစိတ်ချရတဲ့ နေအိမ်တွေနဲ့ အစားထိုးပေးဖို့ အရေးပေါ် လိုအပ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

မီးလောင်မှုကြောင့် မိုင်ဂျာယန် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသော စစ်ရှောင် မိသားစု နှစ်ဦးအတွက် ကရုဏာ (ဗန်းမော်) ရုံးက ဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်နှင့် ကေအိုင်အေတပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နမ်လင်းပါ စစ်ရှောင်စခန်းမှ ပြောင်းရွှေ့ခဲ့ရသည့် စစ်ရှောင် မိသားစုဝင်ဦးရေ ၁၂၀၀ ကျော် နေထိုင်လျက်ရှိသည့် နယ်စပ် စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။

The
Voice Weekly

No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB