ပြေတီဦးက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ကောင်းကင်က ကြွေကျခဲ့ပါ” ဇာတ်ကား မှာ ပြေတီဦးက မြန်မာပြည် ရဲ့ ထိပ်တန်း စီးပွား ရေးသမား တစ်ယောက် အဖြစ် သရုပ်ဆောင်ပြီး ချစ်သုဝေက ဂျာနယ် တစ်စောင်ရဲ့ လက်ထောက် အယ်ဒီတာ အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူဋ္ဌေးကြီး တစ်ဦးနဲ့ အမြဲတမ်း ပျာယာ ခတ်ပြီး ချစ်စရာကောင်းတဲ့ အယ်ဒီတာ မလေး တို့ရဲ့ အချစ်ဇာတ်လမ်း ပဲဖြစ်ပါ တယ်။
ရှေ့ဆက်ပြီးတော့ ဇာတ်လမ်းတွေ ကို
မျှတအောင် ရိုက်ကူးသွား မှာဖြစ် ကြောင်း ကို ပြေတီဦးက “အစုံ ဖြစ်အောင်
ရိုက်မှာပါ။ တစ်မျိုးတည်းပဲ သွားလို့မရ ဘူးလေ။ ရို့မန့်တွေ၊
ဟဲဗီးဒရမ်မာတွေ၊ ဟာသတွေ၊ ဒီလိုမျိုးပဲစုံအောင် ရိုက် သွားရမှာပဲ။
ကျွန်တော်တို့ ရိုက်နေတဲ့ ဇာတ်ကားတွေက ကျွန်တော့် အထင်က တော့ လောလော
ဆယ်မှာတော့ နောက် ထပ် တစ်နှစ်၊ နှစ်နှစ်ကတော့ ရိုက်နေကျ ဇာတ်လမ်း
ပုံစံတွေထဲက တအားကြီး ခွဲခြားပြီး ထွက်တဲ့ ပုံစံမျိုးတွေ ကတော့
မလွယ်ဘူးလို့ ထင်တယ်။ ဒီလို ပုံစံ မျိုးနဲ့ပဲ ဆက်သွားနေဦးမှာပဲ။ ဒီထဲမှာ
ပဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစား နေကြရဦးမှာပဲ။
ဇာတ်လမ်းပုံစံ ထူးခြား
ဆန်းပြားတာတော့ တတ်နိုင် သမျှ ရွေး ရ တာပေါ့။ အဓိကကတော့ ကိုယ် ဘယ်လောက်ပဲ
ကောင်း အောင်ရိုက်ချင် ရိုက်ချင်ရိုက်မယ့် ဇာတ်လမ်း ရှိမှလည်း
ရိုက်လို့ရတာ လေ။ အဲဒီဇာတ်လမ်း ရဖို့လည်း လို တယ်။ ဇာတ်လမ်းကို ရအောင် ရှာ
ဖို့က အဓိကပိုကျတယ်”လို့ ပြော ပါတယ်။ ပြေတီဦးက ရိုက်ကွင်းမှာ သရုပ်ဆောင်
အသစ်တွေကို သင်ပြ ပေးတာ တွေ့ရတာကြောင့် ဒါရိုက် တာ လုပ်ဖို့ ဝါသနာ
ပါလားလို့ မေး ကြည့်တော့ သရုပ်ဆောင်တာ တစ်ခုကိုပဲ ဝါသနာ ပါတာဖြစ်ပြီး
ဒါရိုက်တာ လုပ်ဖို့ အစီအစဉ်လည်း မရှိသလို ဝါသနာ လည်း မပါကြောင်း ပြောပါတယ်။
ပြေတီဦးက သင်္ကြန် ပြီးတာနဲ့ ပြင်ဦးလွင် မှာ ဇာတ်ကား သွားရိုက်
မှာဖြစ်ပြီး တစ်လ၊နှစ်လ လောက်ကြာ မှာဖြစ်ကြောင်း သိရပါ တယ်။ အလုပ်တွေ
တအားရှုပ်နေ တာကြောင့် သင်္ကြန် အစီအစဉ်ကို တော့ မစဉ်းစားရသေးကြောင်း
ပြေတီဦးက ပြောပါတယ်။
“သင်္ကြန် အတွက် ခံစားချက်ကတော့ ထူးထူး
ခြားခြားမရှိပါဘူး။ လူပျိုဘဝ ကတည်း ကကိုက သင်္ကြန်မှာ သိပ်ပြီး ပျော်
လေ့ပျော်ထ မရှိဘူး။ အပြင်ထွက်လေ့ ထွက်ထ လည်း မရှိဘူး။ သင်္ကြန်က သူ့ဟာနဲ့သူ
ကုန်ဆုံးသွားတာ များ တယ်။ အဓိကကတေ့ သူငယ်ချင်း အပေါင်းအသင်း သိပ်မရှိတာလေ။
အပြင်တွေ ထွက်လည် တာက သူငယ် ချင်းအပေါင်း အသင်းရှိမှ ပျော်ဖို့
ကောင်းတာ”လို့ ပြောပါတယ်။
ခိုင်ဝေလွင်/popularmyanmar
No comments:
Post a Comment